19/06/2026
ပြင်သစ်စာ စလေ့လာတော့မယ်ဆိုရင် ဒါတွေကို သတိထားနော်! 🇫🇷✨
ပြင်သစ်စာက လှပပေမဲ့ စသင်တဲ့အခါမှာ မသိလို့ပဲဖြစ်ဖြစ်၊ အလေ့အကျင့်မှားလို့ပဲဖြစ်ဖြစ် အမှားလေးတွေ လုပ်မိတတ်ကြပါတယ်။ အချိန်ကုန်သက်သာပြီး မြန်မြန်တိုးတက်ဖို့အတွက် ဒီအချက် (၅) ချက်ကို ရှောင်ကြဉ်ရအောင် -
၁။ စာလုံးပေါင်းအတိုင်း လိုက်ဖတ်ခြင်း (အသံထွက်က စာလုံးပေါင်းနဲ့ မတူတာမို့ နှာသံနဲ့ R အသံကို သေချာလေ့ကျင့်ပါ)
၂။ Gender (အဖို/အမ) ကို ခွဲမကျက်ခြင်း (နာမ်တွေကိုကျက်ရင် le/la ဒါမှမဟုတ် un/une နဲ့ တစ်ခါတည်း တွဲကျက်ပါ)
၃။ တိုက်ရိုက်ဘာသာပြန်ခြင်း (အင်္ဂလိပ် သို့မဟုတ် မြန်မာစာအတိုင်း တိုက်ရိုက်ပြန်ရင် အဓိပ္ပာယ်လွဲတတ်လို့ Phrase အလိုက်မှတ်ပါ)
၄။ အခြေခံ Verb တွေကို ကျော်သွားခြင်း (Être နဲ့ Avoir ကို ပိုင်နိုင်အောင် အရင်လုပ်ပါ) ၅။ နားထောင်ဖို့ ပျင်းခြင်း (စာပဲဖတ်နေလို့ မရပါဘူး၊ ပြင်သစ် Podcast နဲ့ သီချင်းတွေ အမြဲနားထောင်ပေးပါ)
အမှားနည်းလေလေ၊ စကားပြော ပိုပီသလေလေပါပဲ။ အားလုံးပဲ Bon courage! 💪
#ပြင်သစ်စာ
18/06/2026
🇫🇷ပြင်သစ်ဘာသာစကား သင်ယူချင်တဲ့သူလေးတွေအတွက် 𝐘𝐨𝐮𝐫 𝐅𝐫𝐞𝐧𝐜𝐡 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬 မှဖွင့်တဲ့ New Batch မှာ အတန်းလေးတွေအမြန်ဆုံးလာအပ်လိုက်တော့နော် 🥳
သင်တန်းပြီးဆုံးရင် Attendance နဲ့ Exam result အပေါ်မူတည်ပြီး Certificate ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။ Attendanceမပြည့်တာမျိုး Examမအောင်တာမျိုးဆိုရင်တော့ Certificate ရမှာမဟုတ်လို့ အတန်းပုံမှန်တက်ပြီး စာသေချာလုပ်ဖို့တော့လိုမယ်နော် 💁🏼♀️
ဓာတ်ပုံတစ်ပုံချင်းစီရဲ့အောက်မှာလည်း အတန်းနှင့်ပတ်သက်တဲ့အချက်အလက်များ အသေးစိတ်ရေးထားပေးတာကြောင့် ကိုယ်စိတ်ဝင်စားတဲ့အတန်းကို စိတ်ကြိုက်ရွေးချယ်ပြီး သင်တန်းအပ်လို့ရပါပြီနော် 🫶🏻
အတန်းလေးအပ်မယ်ဆိုရင်တော့ Page Chatbox မှာ လာရောက် အပ်နိုင်သလို KBZ Pay App ထဲက Quick Pay ထဲဝင်ပြီး တစ်ခါတည်း သင်တန်းအပ်ပြီး Page Chatbox မှာ လာရောက်အကြောင်းကြားလို့ရပါတယ်ရှင် 🥰
‼️ K Pay ဖြင့်သင်တန်းကြေးလွှဲမည်ဆိုပါက Kpay App ထဲက Quick Pay ထဲမှာ Your French Teachers လို့ရိုက်ရှာပြီး အောက်ပါအတိုင်းသင်တန်းကြေးလွှဲနိုင်ပါတယ်ရှင်‼️
✅ အတန်းအပ်သည့်ကျောင်းသားနာမည်
✅ အတန်းအပ်မည့် ကျောင်းသားအရေအတွက် (သင်တန်းကြေးနှစ်ယောက်စာလွဲပါက “2” ဟုထည့်ပါ)
✅ တက်ရောက်မည့် တန်းခွဲနံပါတ်အား ထည့်ပါ (ဥပမာ - B10YFT Batch 41, A1YFT Batch 22 etc.)
✅ သင်တန်းကြေးလွှဲသည့်ကျောင်းသား၏ ဖုန်းနံပါတ်အားထည့်ပါ
✅ မှတ်ချက် မထည့်ပေးလို့လည်း ရပါတယ်ရှင်
Quick Pay အသေးစိတ်ကြည့်ရန် -
https://www.facebook.com/share/p/1CMoFuWyz7/?mibextid=oFDknk
သင်တန်းကျောင်းအကြောင်းသိလိုပါက အောက်က Link လေးမှာ ဝင်ကြည့်ပေးနော်
https://fb.watch/hVZ1lAX9JB/?mibextid=cr9u03
👩🏫🇫🇷 Your French Teachers
📧 [email protected]
📞09-401013010
17/06/2026
ပြင်သစ်စာသင်နေရင်း "ဘာလို့ အီဒီယမ်တွေ၊ အသုံးအနှုန်း (Expressions) တွေ ဒီလောက်တောင် များနေရတာလဲ" ဆိုပြီး ခေါင်းကိုက်ဖူးလား။ 🤯🇫🇷
ပြင်သစ်ဘာသာစကားမှာ စာလုံးပေါင်း တည့်တည့်ပြန်ရင် အဓိပ္ပာယ်မရှိပေမဲ့ သူတို့အချင်းချင်း ပြောရင် ကွက်တိဖြစ်နေတဲ့ Idiomatic Expressions တွေ ထောင်ချီရှိပါတယ်။
ဥပမာ— ဗိုက်ဆာရင် "ငါ့မှာ ဝံပုလွေတစ်ကောင်ရဲ့ ဆာလောင်မှုမျိုး ရှိတယ်" (Avoir une faim de loup) လို့ ပြောတာမျိုးပေါ့။
ဘာကြောင့် ပြင်သစ်စာမှာ ဒီလိုအသုံးအနှုန်းတွေ ဒီလောက်တောင် ပေါများနေရလဲဆိုတဲ့ လျှို့ဝှက်ချက် ၄ ခု ကို ကြည့်လိုက်ရအောင်။
၁။ သမိုင်းနဲ့ ယဉ်ကျေးမှု ရေသောက်မြစ် (History & Culture)
ပြင်သစ်လူမျိုးတွေဟာ သူတို့ရဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ သမိုင်း၊ စိုက်ပျိုးရေး၊ ဘုရင်စနစ်နဲ့ စစ်ပွဲတွေကနေ အသုံးအနှုန်းတွေကို မွေးစားခဲ့ကြပါတယ်။
ဥပမာ- "Tomber dans le panneau" (ထောင်ချောက်ထဲ မိသွားတယ်) ဆိုတဲ့ အသုံးအနှုန်းဟာ အရင်ခေတ်က အမဲလိုက်ရာမှာ သုံးတဲ့ ပိုက်ကွန် (Panneau) ကနေ ဆင်းသက်လာတာပါ။
၂။ အစားအသောက်ကို ရူးသွပ်ကြသူများ (The Gastronomy Effect)
ပြင်သစ်လို့ ပြောရင် အစားအသောက်ကို ချန်ထားလို့ မရပါဘူး။ သူတို့ရဲ့ နေ့စဉ်ဘဝဟာ အစားအသောက်ပေါ်မှာ အများကြီး အခြေခံနေလို့ အသုံးအနှုန်း အများစုမှာ ဒိန်ခဲ၊ ပေါင်မုန့်၊ ကြက်သွန်နီ၊ ထောပတ် တွေ ပါနေတတ်ပါတယ်။
"Mêle-toi de tes oignons" = မင်း ကြက်သွန်နီတွေပဲ မင်းဂရုစိုက်ပါ (နင့်ကိစ္စ နင်ပဲလုပ်ပါ)
"Mettons les voiles" အစား "Finissons-en" လို့ ပြောမယ့်အစား အစားအသောက်နဲ့ ပတ်သက်တာတွေပဲ သုံးပြီး တင်စားတတ်ကြပါတယ်။
၃။ စိတ်ကူးယဉ်ဆန်ပြီး ပုံဖော်ရတာ ကြိုက်ခြင်း (Poetic & Visual Mindset)
ပြင်သစ်လူမျိုးတွေဟာ စကားလုံးတွေကို ရိုးရိုးရှင်းရှင်း ပြောရတာထက် ပုံရိပ်တစ်ခု မျက်စိထဲ မြင်ယောင်လာအောင် (Metaphor) သုံးပြီး ပြောရတာကို ပိုသဘောကျကြပါတယ်။ ရိုးရိုးစကားလုံးတွေထက် အသုံးအနှုန်းတွေက ပိုပြီး အသက်ဝင်တယ်၊ ပိုပြီး ခံစားချက်ပါဝင်တယ်လို့ သူတို့ ယူဆကြပါတယ်။
၄။ ဘာသာစကား ဆင့်ကဲပြောင်းလဲမှု (Evolution of Argot)
ပြင်သစ်မှာ တရားဝင်သုံးတဲ့ စာပေအသုံးအနှုန်းအပြင် လမ်းဘေးစကား (Argot) နဲ့ စကားလုံးတွေကို နောက်ပြန်လှန်ပြောတဲ့ (Verlan) ဆိုတဲ့ ယဉ်ကျေးမှုတွေ ရှိပါတယ်။ ခေတ်အဆက်ဆက် လူငယ်တွေက စကားလုံးအသစ်တွေ၊ အသုံးအနှုန်းအသစ်တွေကို အမြဲ တီထွင်နေကြလို့ expressions တွေက တစ်နေ့ထက်တစ်နေ့ ပိုများလာရတာပါ။
💡 Quick Tip for French Learners:
ပြင်သစ်စာ တိုးတက်ချင်ရင် စကားလုံးတွေကို တစ်လုံးချင်း လိုက်ကျက်မနေပါနဲ့။ Expressions တွေကို တစ်စုတစ်စည်းတည်း Context (အခြေအနေ) လိုက်ပြီး မှတ်သားတာက ပိုထိရောက်ပြီး ပြင်သစ်လူမျိုးတွေလို သဘာဝကျကျ ပြောဆိုနိုင်လာမှာပါ။
C'est la vie! (ဒါကတော့ ဘဝပဲပေါ့!) 🤷♂️
17/06/2026
🇫🇷 𝐅𝐫𝐞𝐧𝐜𝐡/ 𝐄𝐧𝐠𝐥𝐢𝐬𝐡 🇬🇧 𝐎𝐧𝐥𝐢𝐧𝐞 𝐍𝐨𝐭𝐚𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 🤩
Your French Teachers မှာ နိုင်ငံခြားသွားဖို့ပြင်နေတဲ့သူတွေအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပြင်သစ်ဘာသာ 🇫🇷 နဲ့ အင်္ဂလိပ်ဘာသာ 🇬🇧 သို့ နိုတြီပြန်ပေးတဲ့ ဝန်ဆောင်မှုလေး ရနေပြီနော် 📣
ရနိုင်သော ဘာသာပြန်ဆိုမှုများ …
🇬🇧 အင်္ဂလိပ်
🇫🇷 ပြင်သစ် ဘာသာစကား
များသို့ တိကျသော ဘာသာပြန်ဆိုမှုများဖြင့် နိုတြီပြန်ဆိုပေးပါတယ်ရှင်
ဘယ်လို ဝန်ဆောင်မှုတွေ ရနိုင်မလဲ ? 🕊️
✔︎ Online Service ဖြစ်တာကြောင့် လူကိုယ်တိုင်လာစရာမလိုခြင်း
✔︎ နိုတြီအပ်ပြီး 24 hours အတွင်း ရနိုင်ခြင်း
✔︎ လူကိုယ်တိုင်လာရောက် မယူနိုင်ပါက ရန်ကုန်တွင်း နှင့် နယ်မြို့ပါ မကျန် Delivery အပ်ပေးခြင်း
✔︎ အချိန်ကုန် လူပင်ပန်းသက်သာစေသည့် အပြင် အမည်ပျက် Blacklist လုံးဝ မရှိသော Notary Public ဆရာကြီးများဖြင့် လက်မှတ်ရေးထိုးပေးခြင်း
စသဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်ရှင်
Notary ပြန်ဆိုနိုင်သော စာရွက်စာတမ်းများ
📝 မှတ်ပုံတင်
📝 အိမ်ထောင်စုစာရင်း
📝 ဘွဲ့လက်မှတ်အမျိုးမျိုး
📝 အောင်လက်မှတ်များ
📝 မွေးစာရင်း
📝 အမှတ်စာရင်း
📝 ကုမ္ပဏီလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ
📝 ထောက်ခံစာအမျိုးမျိုး
📝 ကျန်းမာရေးဆိုင်ရာ မှတ်တမ်းကဒ် အမျိုးမျိုး
📝 ပိုင်ဆိုင်မှု အထောက်အထားများ
📝 လက်ထပ်စာချုပ်
📝 ကျမ်းကျိန်လွှာ အမျိုးမျိုး
📝 Certify True Copy အမျိုးမျိုး
📝 ဂုဏ်ပြုမှတ်တမ်းလွှာများ
📝 ဘာသာပြန်ဆိုမှုအမျိုးမျိုး
ဘာသာပြန်ဆိုမှုအမျိုးမျိုးအတွက် မှန်ကန်တိကျသော ဝန်ဆောင်မှု နှင့် စိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်သော Customer Service၊ ချိုသာသောစျေးနှုန်းများဖြင့် နိုတြီပြန်ဆိုပေးနေပြီ ဖြစ်လို့ အမြန်ဆုံးလာအပ်လိုက်တော့နော် 🤩
𝐌𝐎𝐅𝐀 𝐒𝐞𝐫𝐯𝐢𝐜𝐞 နဲ့ (ကျမ်းကျိန်လွှာ) 𝐀𝐟𝐟𝐢𝐝𝐚𝐯𝐢𝐭 𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေအတွက်ပါ စုံစမ်းလိုပါက Page Chat box (သို့) ဖုန်းမှ တဆင့်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင် 🥰
For more information :
📧[email protected]
🌐www.yourfrenchteachers.com
☎️09401013010, 09401013080
15/06/2026
Guadeloupe
ပြင်သစ်လို့ ပြောလိုက်ရင် အားလုံးက ပါရီနဲ့ အီဖယ်မျှော်စင်ကိုပဲ ပြေးမြင်ကြမှာပါ
ဒါပေမဲ့ ကာရစ်ဘီယံပင်လယ်ထဲမှာ ပြင်သစ်ရဲ့ တရားဝင်နယ်မြေဖြစ်တဲ့ Guadeloupe (ဂွါဒီလုပ်ပ်) ဆိုတဲ့ ကျွန်းစုလေး ရှိနေတာကို သိကြလား?
ဒီကျွန်းအကြောင်း စိတ်ဝင်စားစရာ ၃ ချက်ကို ပြောပြမယ်နော်
၁။ ငွေကြေးနဲ့ ဥပဒေ: သူက ကာရစ်ဘီယံမှာ ရှိပေမယ့် ပြင်သစ်ပိုင်နက်ဖြစ်လို့ Euro (€) ငွေကြေးကို သုံးပြီး ပြင်သစ်ဥပဒေအတိုင်း သွားတာပါ။ (ဥရောပသမဂ္ဂထဲမှာလည်း ပါဝင်ပါတယ်!)
၂။ လိပ်ပြာကျွန်း: ကျွန်းမကြီးနှစ်ခုရဲ့ ပုံသဏ္ဌာန်က လိပ်ပြာအတောင်ပံနှစ်ဖက်လို ဖြစ်နေလို့ "The Butterfly Island" လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။
၃။ ယဉ်ကျေးမှု ကော့တေး: ပြင်သစ်၊ အာဖရိကနဲ့ ကာရစ်ဘီယံ ယဉ်ကျေးမှုတွေ ပေါင်းစပ်နေလို့ သူတို့ရဲ့ ဂီတ (Zouk Music)၊ အစားအသောက်နဲ့ စကားပြောပုံတွေက တကယ့်ကို ထူးခြားဆန်းသစ်ပါတယ်။
ကမ္ဘာကြီးက တကယ်ကို ကျယ်ပြောပြီး စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတာပဲနော်။
အခုလို စိတ်ဝင်စားစရာ နေရာသစ်တွေအကြောင်း အမြဲဖတ်ချင်ရင် Page လေးကို Like & Follow လုပ်ထားဦးနော်! 💙
14/06/2026
𝐅𝐫𝐞𝐧𝐜𝐡 𝐀𝟏 𝐋𝐞𝐯𝐞𝐥 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐨𝐮𝐫𝐬𝐞
{𝐀𝟏𝐘𝐅𝐓 𝐁𝐚𝐭𝐜𝐡- 35} 🇫🇷
ပြင်သစ်စာအမြန်တက်ချင်သူတွေနဲ့ France, Canada, Switzerland နိုင်ငံတွေမှာ ကျောင်းသွားတက်ဖို့ ပြင်နေကြတဲ့သူလေးတွေအတွက် ကျောင်းသားအရေအတွက် နည်းနည်းနဲ့ 𝐅𝐫𝐞𝐧𝐜𝐡 𝐀𝟏 𝐋𝐞𝐯𝐞𝐥 တစ်ခုလုံးကို 3လခွဲ ဝန်းကျင်ခန့်သာ ကြာမြင့်မဲ့ 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐨𝐮𝐫𝐬𝐞 လေးကို Your French Teachers မှဖွင့်လှစ်ပေးလိုက်ပါပြီ 🤩
ဒီသင်တန်းလေးကတော့ ပြင်သစ်စာနဲ့စိမ်းပြီး လုံးဝမရင်းနှီးတဲ့သူတွေအတွက် အခြေခံကနေစပြီးသင်ကြားပေးတဲ့အတန်းလေးပဲဖြစ်ပါတယ်။❤️
သင်တန်းတွင် Telegram Group Chat နှင့် Zoom ကို အသုံးပြု၍ သင်ကြားပေးသွားမှာဖြစ်ပြီး သတ်မှတ်ထားသော သင်တန်းချိန်တွင် Zoom မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးသွားမည့်အပြင် မအား၍ လွတ်သွားသော ရက်များအတွက်ကိုလည်း သင်တန်း Zoom Record Video files များကို Telegram group ထဲတွင်ပြန်လည်ပေးပို့ပေးသွားမှာဖြစ်လို့ သင်တန်းပြီးသွားလည်း အချိန်မရွေးပြန်ကြည့်နိုင်ပါတယ်ရှင့်။🥰
သင်တန်းတွင် Vocabulary, Listening & Speaking ကို အသားပေးလေ့ကျင့်သော ပြင်သစ်စာ Textbook with audios တို့အပြင် ကိုယ်ပိုင် Grammar စာအုပ်အား အသုံးပြုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
သင်တန်းမှာအသုံးပြုမဲ့ Textbookလေးကိုလဲ Delivery အပ်ပေးပြီး အိမ်အရောက်ပို့ဆောင်ပေးသွားမှာပါရှင့်။Textbookကြေးလေးကတော့ 15,000ကျပ် သီးသန့်ကျသင့်ပါမယ်ရှင့် 💌
သင်တန်းပြီးဆုံးရင် Attendance နဲ့ Exam result အပေါ်မူတည်ပြီး Certificate ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။ Attendance မပြည့်တာမျိုး Exam မအောင်တာမျိုးဆိုရင်တော့ Certificate ရမှာမဟုတ်လို့ အတန်းပုံမှန်တက်ပြီး စာသေချာလုပ်ဖို့တော့လိုမယ်နော် 💁🏼♀️
𝐅𝐫𝐞𝐧𝐜𝐡 𝐀𝟏 𝐋𝐞𝐯𝐞𝐥 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐨𝐮𝐫𝐬𝐞🇫🇷{ 𝐀𝟏𝐘𝐅𝐓 𝐁𝐚𝐭𝐜𝐡- 35 }
သင်တန်းစမည့်ရက် - June လ 28 ရက် (တနင်္ဂနွေနေ့)
သင်တန်းကြေး − 200,000 ကျပ် + 15000 ကျပ် (Textbookကြေး)
သင်တန်းချိန် - Sunday / Monday (ည 7နာရီ မှ 9 နာရီအထိ)
သင်တန်းကာလ − 3လခွဲ
သင်တန်းသားဦးရေ − ၁၀ ဦးသာလက်ခံပါမည်
အတန်းလေးအပ်မယ်ဆိုရင်တော့ Page Chatbox မှာ လာရောက် အပ်နိုင်သလို KBZ Pay App ထဲက Quick Pay ထဲဝင်ပြီး တစ်ခါတည်း သင်တန်းအပ်ပြီး Page Chatbox မှာ လာရောက်အကြောင်းကြားလို့ရပါတယ်ရှင် 🥰
‼️ K Pay ဖြင့်သင်တန်းကြေးလွှဲမည်ဆိုပါက Kpay App ထဲက Quick Pay ထဲမှာ Your French Teachers လို့ရိုက်ရှာပြီး အောက်ပါအတိုင်းသင်တန်းကြေးလွှဲနိုင်ပါတယ်ရှင်‼️
✅ အတန်းအပ်သည့်ကျောင်းသားနာမည်
✅ အတန်းအပ်မည့် ကျောင်းသားအရေအတွက် (သင်တန်းကြေးနှစ်ယောက်စာလွဲပါက “2” ဟုထည့်ပါ)
✅ တက်ရောက်မည့် တန်းခွဲနံပါတ်အား ထည့်ပါ (ဥပမာ - B10YFT Batch 41, A1YFT Batch 22 etc.)
✅ သင်တန်းကြေးလွှဲသည့်ကျောင်းသား၏ ဖုန်းနံပါတ်အားထည့်ပါ
✅ မှတ်ချက် မထည့်ပေးလို့လည်း ရပါတယ်ရှင်
Quick Pay အသေးစိတ်ကြည့်ရန် -
https://www.facebook.com/share/p/1CMoFuWyz7/?mibextid=oFDknk
သင်တန်းကျောင်းအကြောင်းသိလိုပါက အောက်က Link လေးမှာ ဝင်ကြည့်ပေးနော်
https://fb.watch/hVZ1lAX9JB/?mibextid=cr9u03
👩🏫🇫🇷 Your French Teachers
For more information :
📧 [email protected]
🌐 www.yourfrenchteachers.com
☎️ 09401013010, 09401013080
12/06/2026
ကျောင်းသားအရေအတွက် လူနည်းနည်းနဲ့ပြင်
သစ်စာအခြေခံအတန်း [𝗕𝟭𝟬𝗬𝗙𝗧 𝗕𝗮𝘁𝗰𝗵- 54
𝗟𝗲𝘃𝗲𝗹-𝗔𝟭.𝟭]🇫🇷
ဒီသင်တန်းလေးကတော့ ပြင်သစ်စာနဲ့စိမ်းပြီး လုံးဝမရင်းနှီးတဲ့သူတွေအတွက် အခြေခံကနေစပြီးသေချာသင်ပေးတဲ့အတန်းလေးဖြစ်ပါတယ်။❤️
ဖိဖိစီးစီးသင်ကြားပေးတာဖြစ်လို့ကျောင်းသားဘက်က စာသေချာလိုက်လုပ်ပေးဖို့ပဲလိုအပ်ပါတယ်။
စာတကယ်တတ်ဖို့ကတီချယ်တို့ တာဝန်ယူပါတယ်ရှင့်။
သင်တန်းတွင် Telegram Group Chat နှင့် Zoom ကို အသုံးပြု၍ သင်ကြားပေးသွားမည်ဖြစ်ပြီး သတ်မှတ်ထားသော သင်တန်းချိန်တွင် Zoom မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးသွားမည့်အပြင် အချိန်မအား၍ လွတ်သွားသော ရက်များအတွက်ကိုလည်း သင်တန်း Zoom Record Video files များကို Telegram group ထဲတွင်ပြန်လည်ပေးပို့ပေးသွားမှာဖြစ်လို့ သင်တန်းပြီးသွားလည်း အချိန်မရွေးပြန်ကြည့်နိုင်ပါတယ်။
သင်တန်းတွင် Review ကောင်းကောင်းရထားသော ပြင်သစ်စာ Textbook with audios နှင့် Exercise တို့အပြင် ကိုယ်ပိုင် Grammar စာအုပ်အား အသုံးပြုသင်ကြားပေးသွားမည်ဖြစ်သည်။သင်တန်းတွင်အသုံးပြုသင်ကြားမည့် Textbookကိုလည်း အိမ်အရောက် ပို့ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။Textbookကြေးလေးကတော့ 10,000ကျပ် သီးသန့်ကျသင့်ပါမယ်ရှင့်။
သင်တန်းတွင် သင်ကြားပေးသွားမည့် Curriculum ကို အောက်ပါ Link တွင် ဝင်ကြည့်နိုင်ပါတယ်။
https://bit.ly/yft-beginnercurriculum
[𝗕𝟭𝟬𝗬𝗙𝗧 𝗕𝗮𝘁𝗰𝗵 - 54 𝗟𝗲𝘃𝗲𝗹-𝗔𝟭.𝟭]🇫🇷
သင်တန်းစမည့်ရက် - June လ 25 ရက် (ကြာသပတေးနေ့)
သင်တန်းကြေး − 110,000 ကျပ် + 10000 ကျပ် (Textbookကြေး)
သင်တန်းချိန် - Thursday /Friday (ည 7 နာရီမှ 8 နာရီခွဲအထိ)
သင်တန်းကာလ − ၂ လ
သင်တန်းသားဦးရေ − ၁၀ ဦးသာလက်ခံပါမည်
သင်တန်းပြီးဆုံးသွားရင်လည်း 4skills level test စစ်ပေးမှာပါ။ Test အောင်တဲ့သူတွေကိုCertificate လေး ပို့ပေးသွားမှာပါရှင့်🫶
အတန်းလေးအပ်မယ်ဆိုရင်တော့ Page Chatbox မှာ လာရောက် အပ်နိုင်သလို KBZ Pay App ထဲက Quick Pay ထဲဝင်ပြီး တစ်ခါတည်း သင်တန်းအပ်ပြီး Page Chatbox မှာ လာရောက်အကြောင်းကြားလို့ရပါတယ်ရှင် 🥰
‼️ K Pay ဖြင့်သင်တန်းကြေးလွှဲမည်ဆိုပါက Kpay App ထဲက Quick Pay ထဲမှာ Your French Teachers လို့ရိုက်ရှာပြီး အောက်ပါအတိုင်းသင်တန်းကြေးလွှဲနိုင်ပါတယ်ရှင်‼️
✅ အတန်းအပ်သည့်ကျောင်းသားနာမည်
✅ အတန်းအပ်မည့် ကျောင်းသားအရေအတွက် (သင်တန်းကြေးနှစ်ယောက်စာလွဲပါက “2” ဟုထည့်ပါ)
✅ တက်ရောက်မည့် တန်းခွဲနံပါတ်အား ထည့်ပါ (ဥပမာ - B10YFT Batch 21, A1YFT Batch 19 etc.)
✅ သင်တန်းကြေးလွှဲသည့်ကျောင်းသား၏ ဖုန်းနံပါတ်အားထည့်ပါ
✅ မှတ်ချက် မထည့်ပေးလို့လည်း ရပါတယ်ရှင်
Quick Pay အသေးစိတ်ကြည့်ရန် -
https://www.facebook.com/share/p/1CMoFuWyz7/?mibextid=oFDknk
သင်တန်းကျောင်းအကြောင်းသိလိုပါက အောက်က Link လေးမှာ ဝင်ကြည့်ပေးနော်
https://fb.watch/hVZ1lAX9JB/?mibextid=cr9u03
👩🏫🇫🇷 Your French Teachers
For more information :
📧 [email protected]
🌐 www.yourfrenchteachers.com
☎️ 09401013010, 09401013080
11/06/2026
Foie Gras ဆိုတာ ပြင်သစ်အစားအစာလောကရဲ့ အဆင့်မြင့်ဆုံး၊ ဇိမ်ခံဆုံးနဲ့ အနုပညာဆန်ဆုံး Fine Dining ဟင်းလျာတွေထဲက တစ်ခုပါ။
ပြင်သစ်လို "Foie" က အသည်း၊ "Gras" က အဆီလို့ အဓိပ္ပာယ်ရတာမို့ စကားလုံးအတိုင်းဆို "အဆီများတဲ့ အသည်း" (Fatty Liver) လို့ အဓိပ္ပာယ်ရပါတယ်။
သူ့ရဲ့ အရသာ၊ သမိုင်းကြောင်းနဲ့ အငြင်းပွားဖွယ်ရာ အချက်တွေကို စိတ်ဝင်စားစရာ စုစည်းပေးလိုက်ပါတယ် -
၁။ ဘယ်လိုအရသာမျိုးလဲ?
Foie Gras ကို ဘဲ (Duck) ဒါမှမဟုတ် ငန်း (Goose) ရဲ့ အသည်းကနေ ပြုလုပ်ပါတယ်။ ပုံမှန်အသည်းတွေလို ညှီနံ့မရှိဘဲ -
* အလွန်နူးညံ့ပြီး ပါးစပ်ထဲထည့်လိုက်တာနဲ့ ထောပတ်လို အရည်ပျော်သွားတဲ့ texture (Rich, buttery, and creamy) ရှိပါတယ်။
* နက်ရှိုင်းပြီး ချိုမြိန်တဲ့ အရသာမျိုးရှိလို့ ပြင်သစ် Naturel Wine (ဝိုင်ဖြူချိုချို) တွေနဲ့ အလွန်လိုက်ဖက်ပါတယ်။
၂။ ဘယ်လိုချက်ပြုတ်စားသောက်ကြလဲ?
* Foie Gras Poêlé (Pan-seared): အသည်းကို အတုံးထူထူလှီးပြီး ဒယ်အိုးပူပူပေါ်မှာ စက္ကန့်ပိုင်းရုံပဲ နှစ်ဖက်လုံးကို အရောင်တက်အောင် ကြော်တာပါ။ အပြင်ဘက်က ကြွပ်ပြီး အတွင်းက အရည်ပျော်နေတဲ့ ပုံစံမျိုးဖြစ်ပြီး အသီးအနှံဆော့စ် (ဥပမာ - သဖန်းသီး၊ ရက်စ်ဘယ်ရီ ဆော့စ်) တွေနဲ့ တွဲဖက်စားသုံးကြပါတယ်။
* Pâté / Terrine: အသည်းကို အနှစ်လုပ်၊ အမွှေးအကြိုင်တွေနဲ့ ပေါင်းပြီး အအေးခံထားတာပါ။ ပေါင်မုန့်ကင် (Toasted Brioche) ပေါ်မှာ ထောပတ်လို သုတ်ပြီး စားကြပါတယ်။
၃။ သမိုင်းကြောင်း (သူက ပြင်သစ်စစ်စစ် မဟုတ်ဘူး?)
လူတော်တော်များများက ဖွာဂရာကို ပြင်သစ်ရိုးရာလို့ ထင်ကြပေမယ့် တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၀၀၀ ကျော် ရှေးဟောင်းအီဂျစ်ခေတ် ကတည်းက စတင်ခဲ့တာပါ။ နိုင်းမြစ်ဝှမ်းကို ဖြတ်သန်းပျံသန်းတဲ့ ငန်းတွေဟာ ခရီးဝေးမပျံသန်းခင် အစားအသောက်တွေကို အများကြီးစားပြီး အသည်းမှာ အဆီစုဆောင်းလေ့ရှိတာကို အီဂျစ်လူမျိုးတွေ သတိပြုမိရာကနေ စတင်မွေးမြူခဲ့ကြပါတယ်။ နောက်ပိုင်းမှ ရောမလူမျိုးတွေကတစ်ဆင့် ပြင်သစ်ကို ရောက်ရှိပြီး ပြင်သစ်ဘုရင်တွေရဲ့ နန်းတွင်းစားသောက်ဖွယ်ရာ ဖြစ်လာခဲ့တာပါ။
၄။ ကမ္ဘာကျော် အငြင်းပွားဖွယ်ရာအချက် (Cruelty Content)
ဖွာဂရာဟာ အရသာရှိလှသလောက် ကမ္ဘာပေါ်မှာ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု အရှိဆုံး အစားအစာတစ်ခုအဖြစ် ဝေဖန်ခံရပါတယ်။
* Gavage နည်းလမ်း: အသည်းကို ပုံမှန်ထက် ၁၀ ဆလောက် ကြီးထွားလာပြီး အဆီဖုံးသွားအောင် ဘဲ/ငန်းတွေကို ပြွန်ချောင်းနဲ့ အစာ အတင်းအဓမ္မ ထိုးကျွေးတဲ့ (Force-feeding) စနစ်ကို သုံးပါတယ်။
ဒီအချက်ကြောင့်ပဲ ကမ္ဘာ့နိုင်ငံအတော်များများ (ဥပမာ - အိန္ဒိယ၊ ဗြိတိန်၊ ဂျာမနီ၊ သြစတြေးလျနဲ့ အမေရိကန်က ကယ်လီဖိုးနီးယားပြည်နယ်) တွေမှာ ဖွာဂရာ ထုတ်လုပ်မှုကို ပိတ်ပင်ထားကြပါတယ်။
အခုနောက်ပိုင်းမှာ တိရစ္ဆာန်တွေကို အတင်းအစာမကျွေးဘဲ သဘာဝအတိုင်း အစာအများကြီးစားမယ့် ရာသီဥတုကို ဖန်တီးပြီး မွေးမြူတဲ့ Ethical Foie Gras (ညှဉ်းပန်းမှုမရှိသော ဖွားဂရာ) ထုတ်လုပ်မှုကို စပိန်နဲ့ ပြင်သစ်က တောင်သူအချို့ စမ်းသပ်လုပ်ကိုင်လာကြပြီဖြစ်ပါတယ်
09/06/2026
𝐒𝐚𝐲 𝐢𝐭 𝐋𝐢𝐤𝐞 𝐚 𝐅𝐫𝐞𝐧𝐜𝐡 🇫🇷🗣️[ Episode 3 ]
Bonjour ! 🇫🇷
ဒီနေ့မှာတော့ ပြင်သစ်စကားမှာ အသုံးများတဲ့ idioms ကမ္ဘာထဲအလည်သွားကြရအောင်။ ပြင်သစ်စကားကိုစိတ်ဝင်စားတဲ့သူတွေအတွက်၊ ကျောင်းသားတွေအတွက်၊ ဒါမှမဟုတ် ပြင်သစ်ယဉ်ကျေးမှုကို စိတ်ဝင်စားသူတွေအတွက် ဒီ workshop လေးက တစ်ဖက်တစ်လမ်းက အကျိုးပြုမယ်လို့မျှော်လင့်ပါတယ် ⬇️
Idioms ဆိုတာဘာလဲ???? Idioms ဆိုတာ တိုက်ရိုက်ဘာသာပြန်လို့၊ ခန့်မှန်းလို့မရတဲ့ ဝါကျအမျိုးအစားတွေဖြစ်ပါတယ်။ တစ်နည်းပြောရရင် တစ်လုံးချင်းစီတိုင်းရဲ့ အဓိပ္ပါယ်ကိုကြည့်ရင် နားမလည်နိုင်စရာဖြစ်နေပေမဲ့ အားလုံးစုပေါင်းလိုက်မှ အဓိပ္ပါယ်ပေါ်တဲ့စကားတွေ ဖြစ်ပါတယ်။
ဥပမာ၊ အင်္ဂလိပ်စကားမှာ "it's raining cats and dogs" ဆိုတာက “ခွေးတွေကြောင်တွေ ရွာချနေတယ်” လို့ဆိုလိုတာ မဟုတ်ဘဲ “သည်းကြီးမည်းကြီး မိုးရွာနေတယ်”လို့ အဓိပါယ်ရတာ ဖြစ်ပါတယ်။ ပြင်သစ်စကားမှာလည်း ဒီလိုထူးခြားတဲ့ idioms တွေရှိပြီး ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ idioms တွေကိုအသုံးပြုခြင်းဟာ ကိုယ့်ရဲ့ဘာသာစကားစွမ်းရည်ကို တိုးတက်စေမှာပါ ❤️
Idioms တွေကို သင်ယူရခြင်းက ဘာကြောင့် အရေးကြီးတာလဲ????? 1️⃣ ယဉ်ကျေးမှု အမြင်: idioms တွေဟာ ဘာသာစကားတစ်ခုရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ဖော်ပြနေပါတယ်။ ဒါကြောင့် idioms တွေကို နားလည်ခြင်းက ဘာသာစကားရဲ့ cultural window တစ်ခုကို သိရှိသွားခြင်းပါပဲ။ 2️⃣ နားလည်မှု တိုးတက်ခြင်း: idioms တွေ နားလည်ရင် ပိုပြီးပွင့်လင်းလာပြီး သဘာဝကျကျ ပြင်သစ်ဆန်ဆန် စကားပြောတတ်လာတာကို တွေ့ရမှာပါ။
ဒီ workshop လေးကို join ဖြစ်မယ်ဆိုရင်တော့ 🇫🇷 ပြင်သစ်စကားရဲ့ idioms တွေကို ရင်းနှီးလာမယ်။ 🇫🇷 Idioms တွေရဲ့ အဓိပ္ပါယ်တွေနဲ့ ဆင်းသက်လာပုံတွေကို သဘောပေါက်လာမယ်။
🇫🇷 Idioms တွေကို ဘယ်လိုပြန်အသုံးချရမယ်ဆိုတာ သိလာမယ် 🇫🇷 ပျော်စရာ activities လေးတွေနဲ့ သင်ယူသူအချင်းချင်း ရင်းနှီးလာမယ်။
ကဲဒါဆိုရင်တော့ တစ်ရက်တာ ၁ နာရီအတွင်းမှာ ပြင်သစ်ဘာသာစကားရဲ့ အသုံးများတဲ့ Idiomsတွေကို Your French Teachers နဲ့အတူတူပျော်ရွှင်စွာ လေ့လာနိုင်ဖို့အတွက် စိတ်ဝင်စားသူများ အနေနဲ့ အောက်ပါ Registered Form လေးထဲဝင်ပြီး နာမည်စာရင်းသွင်းပေးပါနော်⬇️
Link - https://forms.gle/jUFz3kFKKbBcTMJ3A
‼️ နာမည်စာရင်းသွင်းထားသူများအား သင်တန်း Zoom Link ကို သင်တန်းရက်မတိုင်ခင် Email မှ တစ်ဆင့် ပြန်လည်ပေးပို့သွားမှာဖြစ်လို့ Email မှန်အောင်ထည့်ဖို့နဲ့ Email လေးစစ်ပေးဖို့လိုပါတယ်နော်
📆 သင်တန်းရက် - 23rd June 2026
⏰ သင်တန်းချိန် - 8:30 PM - 10:00 PM
Event လေးကိုအခြားသူများလဲမြင်ပြီး Join နိုင်ဖို့အတွက် Event post လေးကို Share လေးလုပ်ပြီး မျှဝေပေးကြပါဦးနော်🇫🇷
🇫🇷Your French Teachers 🇫🇷
For more information :
📧 [email protected]
🌐 www.yourfrenchteachers.com
☎️ 09401013010, 09401013080
07/06/2026
🇫🇷French B1 Adjectives -Part 3
➡️ DELF B1 စာမေးပွဲအတွက် ပြင်ဆင်နေပါသလား၊ ဒါမှမဟုတ် သင့်ရဲ့ ပြင်သစ်ဝေါဟာရကို ပိုမိုတိုးချဲ့ချင်ပါသလား။
➡️ သင့်ရဲ့ အကျင့်စရိုက်နဲ့ အရည်အချင်းတွေကို ဖော်ပြရာမှာ အသုံးဝင်တဲ့ နာမဝိသေသန (၁၀) လုံးကို လေ့လာကြရအောင်။
✅ utile → အသုံးဝင်သော
✅ honnête → ရိုးသားသော
✅ responsable → တာဝန်ယူတတ်သော
✅ disponible → အဆင်သင့်ရှိသော / အချိန်ပေးနိုင်သော
✅ motivé(e) → စိတ်အားထက်သန်သော
✅ créatif(ve) → ဖန်တီးနိုင်စွမ်းရှိသော
✅ indépendant(e) → ကိုယ်ပိုင်ရပ်တည်နိုင်သော
✅ ambitieux(se) → ရည်မှန်းချက်ကြီးသော
✅ attentif(ve) → ဂရုစိုက်တတ်သော
✅ fiable → ယုံကြည်စိတ်ချရသော
💬 Exemple :
Je suis une personne honnête, responsable et motivée.
➡️ ကျွန်ုပ်သည် ရိုးသားပြီး တာဝန်ယူတတ်ကာ စိတ်အားထက်သန်သော လူတစ်ယောက် ဖြစ်ပါသည်။