Dream Education

Dream Education

Share

Empowering Minds, Mastering Math Excellence.

21/05/2026

Just sharing

#အသိပေးကြေညာချက်များ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ အခြေခံပညာမူလတန်း(Grade 2 မှ Grade 5)နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9)ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်အရ သတ်မှတ် ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test ကို ၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ ရက်နေ့အတွင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အဆိုပါ Placement Test(အထူးအစီအစဉ်)ကို အောက်ပါလုပ်ငန်းစဉ်များအတိုင်း စာမေးပွဲ ကြီးကြပ်မှုကော်မတီများဖွဲ့စည်း၍ စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် ဖြစ်ပါသည်-

(က) မြို့နယ်ပညာရေးမှူးများက သတ်မှတ်ချက်နှင့်ကိုက်ညီပြီး အထောက်အထား ပြည့်စုံမှုရှိသော လျှောက်လွှာများကို စိစစ်လက်ခံရန် (၂၂-၅-၂၀၂၆ မှ ၅-၆-၂၀၂၆ ရက်နေ့အထိ)၊

(ခ) တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများက မေးခွန်းပြုစု၍ (၂၆-၅-၂၀၂၆ မှ ၅-၆-၂ဝ၂၆ ရက်နေ့ထိ)၊

(ဂ) ခရိုင်ပညာရေးမှူးရုံးများက မေးခွန်းလှိမ့်ပွား ဖြန့်ဝေရန် (၆-၆-၂၀၂၆ မှ ၁၂-၆-၂၀၂၆ ရက်နေ့ထိ)၊

(ဃ) မြို့နယ်အလိုက် ဖြေဆိုသူစာရင်း ပြုစုရန်၊ ခုံအမှတ် ထုတ်ပြန်ကြေညာရန်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးနှင့် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)သို့ စာဖြေသူစာရင်း တင်ပြရန် (၆-၆-၂၀၂၆ မှ ၁၁-၆-၂၀၂၆ ရက်နေ့ထိ)၊

(င) မြို့နယ်ပညာရေးမှူးရုံးစိုက်ရာ မြို့များတွင် စာစစ်ဌာနသတ်မှတ်၍ စာမေးပွဲ ကျင်းပရန် (၁၅-၆-၂၀၂၆ မှ ၂၀-၆-၂၀၂၆ ရက်နေ့ထိ)၊

(စ) ခရိုင်ပညာရေးမှူးရုံးများတွင် အဖြေလွှာများစစ်ဆေးရန်၊ အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း(မူကြမ်း)ပြုစုရန် (၂၂-၆-၂၀၂၆ မှ ၂၈-၆-၂၀၂၆ ရက်နေ့ထိ)၊

(ဆ) အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း(မူကြမ်း)ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများသို့ တင်ပြ၍ အတည်ပြုချက်ရယူရန် (၂၉-၆-၂ဝ၂၆ မှ ၃၀-၆-၂၀၂၆ ရက်နေ့အထိ)

(ဇ) မြို့နယ်ပညာရေးမှူးရုံးများက အတန်းတက်ရောက်ခွင့်ရရှိသူများစာရင်းကို ၁-၇-၂၀၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာရန်နှင့် အတန်း တက်ရောက်ခွင့်ရရှိသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာ ကျောင်းများတွင်သာ တက်ရောက်ပညာသင်ယူစေရန်။
၄။ သို့ဖြစ်ပါ၍ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများက မိမိခရိုင်၊ မြို့နယ်အတွင်းရှိကျောင်းများအထိ ဆက်လက်အသိပေး ဆောင်ရွက်ပြီး အထက်ပါ ညွှန်ကြားချက်များအား သိရှိလိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားပါသည်။

✍✍ M-Nawkey✍✍✍

30/04/2026

"လူသားတို့၏ လုပ်အားသည်သာ ကမ္ဘာကြီးကို ပုံဖော်ထုဆစ်နေခြင်း ဖြစ်သည်။"

​နယ်ပယ်အသီးသီးမှ အလုပ်သမားထုတစ်ရပ်လုံး ကျန်းမာရွှင်လန်းကြပါစေ။

​လေးစားစွာဖြင့်
Dream Education

29/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် ညောင်ရေသွန်းပွဲတော်
+++++++++++++
ယနေ့မှာကျရောက်တဲ့ “ကဆုန်လပြည့်နေ့” ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားရာ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။ “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” ဟုဆိုသည့်အတိုင်း သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏

🙏🏻ဗျာဒိတ်တော်ခံယူတော်မူတဲ့နေ့၊

🙏🏻ဖွားမြင်တော်မူတဲ့နေ့၊

🙏🏻ဘုရားဖြစ်တော်မူတဲ့နေ့၊

🙏🏻ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့ ထူးကဲတဲ့အဖြစ်တော်များဖြစ်တော်မူခဲ့ခြင်းကြောင့် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အမြတ်ဆုံးနေ့လို့မှတ်ယူကြပါတယ်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အချိန်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ​​အေးမြ ကြပါစေကြောင်း Dream Education မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
🙏🏻🙏🏻🙏🏻
#ကဆုန်လပြည့်

29/04/2026

2026
May လအတွက် အပ်နှံနိုင်သည့် တန်းခွဲသစ်များ

P 3
Fri & Sat (5.00 to 6.00 PM)
1.5.2026 (Fri) အတန်းစမည်။

P 4
Thurs & Fri (6.30 to 7.45 PM)
14.5.2026 (Thur) အတန်းစမည်။

S 1
Sat & Sun (8.00 to 9.30 AM)
3.5.2026 (Sun) အတန်းစမည်။

❌️ကျန်အတန်းများ ​မေလတွင်မရှိ​သေးပါ။

တက်​ရောက်လိုသူများ page cb တွင်
၁. က​​လေးအမည်
၂. က​လေး​ဖြေဆိုထားသည့်အတန်း
၃. အပ်နှံလိုသည့်အတန်း
၄. အစိုးရသင်ရိုး/ IS
၅.Viber number
တို့ကို ပေးပို့၍ အပ်နှံနိုင်ပါသည်။


18/04/2026

သင်တန်းဖွင့်ရက်အ​ကြောင်းကြားခြင်း

17/04/2026

နှစ်သစ်ဆု​တောင်း 🙏🙏🙏

11/04/2026

သင်တန်းပိတ်ရက်​အ​ကြောင်းကြားခြင်း

၁၃.၄.၂၀၂၆ မှ ၁၈.၄.၂၀၂၆ အထိ Dream Education ၏ ONLINE အတန်းများအားလုံးကို ပိတ်ထားမည်ဖြစ်ပါသည်။
၁၉.၄.၂၀၂၆ တွင် ပုံမှန်အတန်းချိန်များအတိုင်းပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

27/03/2026

Primary 4 (April class) ​ကျောင်းသားသစ်များ vb gp ထဲကို march 31 ရက်​နေ့ည ​ရောက်ပါမယ်
Primary 5 (April class) ​ကျောင်းသားသစ်များ vb hp ထဲကို march 31 ရက်နေ့ည ​ရောက်ပါမယ်

တန်းခွဲ​ဟောင်း​လေး​တွေ 31 ရက်​နေ့မှ final exam ​ဖြေရမှာမလို့ပါရှင့် 🙏🙏🙏

Photos from Dream Education's post 20/03/2026

April လ အတွက် အပ်နှံနိုင်မည့် တန်းခွဲသစ်များ

Primary 3
Primary 4
Primary 5

April လအတွက် P 4/P 5 အပ်နှံပြီးသည့်​ကျောင်းသား/သူများကို textbook ဝယ်ယူရန် message များပို့ပြီးဖြစ်ပါသည်။

Message မ​ရောက်ပါက အ​ကြောင်းကြား​ပေးပါရန် ​မေတ္တာရပ်ခံအပ်ပါသည်ရှင်။

ကျန်အတန်းများမရှိ​သေးပါ။

သင်တန်းအပ်နှံလိုပါက Page cb တွင်
၁. က​လေးအမည်
၂. သင်ယူပြီး​မြောက်ပြီးအတန်း
၃. အစိုးရသင်ရိုး (သို့မဟုတ်) IS
၄. Viber number ပ်ု့​ပေးထားရမည်။

28/02/2026

Word Problem တန်း​လေးဒီနှစ် မစဖြစ်ပါဘူးရှင့် 😩

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00