27/05/2026
ခေါင်းဆောင်မှုဆိုတာ ရာထူးနေရာတစ်ခုထက်... ကိုယ်တိုင်က စံပြဖြစ်အောင် နေထိုင်လုပ်ဆောင်ပြခြင်း ဖြစ်ပါတယ်။ ✨
ကျောင်းသား၊ကျောင်းသူတွေအတွက် ပိုမိုကောင်းမွန်ပြီး အဓိပ္ပာယ်ရှိတဲ့ အနာဂတ်တွေကို ပုံဖော်ပေးနိုင်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ ဆရာ၊ဆရာမတွေနဲ့ ဝန်ထမ်းတွေကိုယ်တိုင်ကလည်း ခေါင်းဆောင်မှုစိတ်ဓာတ် (Leadership Mindset) အပြည့် ရှိနေဖို့ လိုအပ်ပါတယ်။
သင်ကြားရေးပိုင်းတင်မကဘဲ တစ်ဦးချင်းစီရဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေ၊ အပြုသဘောဆောင်တဲ့ စဉ်းစားတွေးခေါ်မှုပုံစံတွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး "Leadership Mindset For Educators & Staff" Workshop ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Workshop အတွင်း အမြင်ချင်းဖလှယ်၊ အတူတကွ ပူးပေါင်းဆောင်ရွက်ရင်း ပိုမိုခိုင်မာတဲ့ Teamwork ကို တည်ဆောက်နိုင်ခဲ့ကြတဲ့ သင်တန်းသားများရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ရပါတယ်။
23/05/2026
မေလ ၂၅ရက်နေ့ မော်လမြိုင် campus မှာ တီချယ်ကြီး ဒေါက်တာဒေါ်မြင့်မြင့်ဦးကိုယ်တိုင် သင်ကြားပို့ချပေးသွားမယ့် Workshop ဖြစ်ပါတယ်။ စာရင်းမသွင်းရသေးသော တီချယ်များနှင့် workshop တက်ရောက်လိုတဲ့ လူငယ်များ ၊ ဝန်ထမ်းများ page messenger မှာ လာရောက်ပေးသွင်းနိုင်ပြီရှင်။ 📣
စာသင်ခန်းထဲမှာတင်မကဘဲ လုပ်ငန်းခွင်တစ်ခုလုံးမှာ တောက်ပတဲ့ Great Leader တစ်ဦး ဖြစ်ချင်ပါသလား❓
Educator တစ်ယောက်၊ Staff တစ်ယောက်အတွက် ခေါင်းဆောင်မှုစိတ်ဓာတ် (Leadership Mindset) ရှိခြင်းဟာ အဖွဲ့အစည်းတစ်ခုလုံးကို ပိုမိုတိုးတက်စေရုံတင်မကဘဲ မိမိကိုယ်ကိုယ်လည်း အများက လေးစားအားကျရတဲ့ ပညာရှင်တစ်ယောက် ဖြစ်လာစေပါတယ်။
Trainer ဖြစ်သူ Dr. Daw Myint Myint Oo ကိုယ်တိုင် လက်တွေ့နယ်ပယ်က အတွေ့အကြုံတွေကို အခြေခံပြီး "Leadership Mindset for Educators and Staff" ခေါင်းစဉ်ဖြင့် အသေးစိတ် သင်ကြားပြသပေးသွားမယ့် Exclusive Workshop တစ်ခုကို မော်လမြိုင် Campus မှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအတွက် မိတ်ဆက်ပေးချင်ပါတယ်။
ဒီ Workshop မှာ မိမိတို့ရဲ့ Professional Life ကို အဆင့်မြှင့်တင်ပေးမယ့် အောက်ပါ Training Outline တွေကို လက်တွေ့ကျကျ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ 👇
📚 Training Outline
🔸Professional Mindset and Attitude (ပရော်ဖက်ရှင်နယ် ဆန်သော အတွေးအခေါ်နှင့် စိတ်နေသဘောထား)
🔸Leadership and Teamwork (ခေါင်းဆောင်မှုစွမ်းရည်နှင့် အဖွဲ့အစည်းတွင်း ပူးပေါင်းဆောင်ရွက်မှု)
🔸Communication and Workplace Culture (ထိရောက်သော ဆက်သွယ်ပြောဆိုမှုနှင့် ကောင်းမွန်သော လုပ်ငန်းခွင်ယဉ်ကျေးမှု)
🔸Personal Growth and Development (တစ်ကိုယ်ရည် တိုးတက်မှုနှင့် စွမ်းရည်မြှင့်တင်ခြင်း)
🔸Mind Mapping and Reflection Activity (အတွေးအခေါ်များ စနစ်တကျချိတ်ဆက်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း လက်တွေ့လှုပ်ရှားမှု)
🔸Professional Commitment and Closing Session (လုပ်ငန်းခွင် ကတိကဝတ်ပြုခြင်းနှင့် သင်တန်းပိတ်ပွဲ အခမ်းအနား)
👤 Trainer Profile
Dr. Daw Myint Myint Oo
Principal of Victoria Academy International School
Freelance Professional Trainer
🔷 Victoria Academy International School မှ တီချယ်များအနေနဲ့ အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး ပြင်ပတီချယ်များအနေဖြင့် Registration fee (15,000) ကျပ်ပေးသွင်းပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Certificate ထုတ်ယူမည်ဆိုပါက Certificate fee - 15,000 ကျပ် ပေးသွင်းကာ ထုတ်ယူရမည် ဖြစ်ပါတယ်ရှင်။
🗓 သင်တန်းအသေးစိတ် (Training Details)
📅 Date: 25.5.2026 (Monday)
⏰ Time: 9:00 AM - 3:00 PM
🏡 လိပ်စာ: No. 90၊ ကျိုက္ခမီလမ်း၊ ဈေးကြို၊ မော်လမြိုင်မြို့။
🔷 ဒီ 𝗙𝗥𝗘𝗘 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 လေးကို တက်ရောက်ဖို့အတွက်
1️⃣ ယခု ပို့စ်ကို Public ဖြင့် share ထားရပါမည်။
2️⃣ ပိုစ့် ကောမန့်မှာ "ဘာကြောင့် ဒီ workshop ကိုတက်ရောက်လိုကြောင်း” အကြောင်းပြချက် တစ်ခုမျှဝေပေးရပါမည်။
လုပ်ဆောင်ပြီးစီးပါက Page Messenger တွင်
▪️မိမိအမည်-
▪️နေရပ်လိပ်စာ-
▪️အလုပ်အကိုင်-
▪️ပညာအရည်အချင်း-
▪️ဆက်သွယ်ရမည့် ဖုန်းနံပါတ်-
စတဲ့ အချက်တွေကို Page messenger ကနေ ပေးပို့စာရင်းသွင်းကာတက်ရောက်နိုင်ပါတယ်။
☎️ 𝟬𝟵 𝟳𝟲𝟮 𝟰𝟱𝟯 𝟲𝟬𝟬
☎️ 𝟬𝟵 𝟵𝟰𝟰 𝟴𝟬𝟱 𝟬𝟬𝟬
📢 Professional ဆန်တဲ့ Educator & Staff တစ်ဦးအဖြစ် မိမိကိုယ်ကို ပုံဖော်ဖို့နဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို အရောင်တင်ဖို့ အခုပဲ စာရင်းပေးသွင်း တက်ရောက်လိုက်ပါ။
21/05/2026

01/05/2026
မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့၌ လုပ်ငန်းခွင်အသီးသီးတွင် စွမ်းစွမ်းတမံ ကြိုးစားနေကြသည့် လုပ်အားရှင်များအားလုံးကို Victoria Academy မှ လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
#အလုပ်သမားနေ့
30/04/2026
ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲ) သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ပင် ကြည်ညိုမြတ်နိုးဖွယ်ကောင်းသော နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပါသည်။
ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ကဆုန်လပြည့်နေ့ အခါသမယတွင်...မြန်မာပြည်သူ၊ ပြည်သားအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းအေး ကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာခြင်းနှင့် ပြည့်စုံကြပြီး မြတ်စွာဘုရားရှင်၏ မေတ္တာရိပ်တွင် အေးချမ်းသာယာစွာ ရှင်သန်နိုင်ကြပါစေ။
Victoria Academy မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏🙏
28/04/2026
ကလေးတွေက အငြိမ်မနေတာလား? တီချယ်က အာရုံမဖမ်းစားနိုင်တာလား?
Preschool (မူကြို) ကလေးတွေကို စာသင်ရတာဟာ တခါတလေမှာ လေတိုက်နေတဲ့ အရွက်လေးတွေကို လိုက်ဖမ်းနေရသလိုပါပဲ။ တစ်ယောက်ကို ကြည့်လိုက်ရင် နောက်တစ်ယောက်က ထပြေး၊ အကုန်လုံးကို အာရုံစိုက်ခိုင်းပြန်တော့လည်း ၅ မိနစ်ထက်ပိုပြီး ငြိမ်ငြိမ်မနေနိုင်ကြတာ ဆရာ/ဆရာမတို့ ကြုံဖူးမှာပါ။
တကယ်တော့ Preschool ကလေးတွေရဲ့ အာရုံစူးစိုက်မှု (Attention Span) ဆိုတာ သဘာဝအရ တိုတောင်းလွန်းပါတယ်။ ဒါကို အပြစ်တင် ဆူပူနေမယ့်အစား ဆရာ/မတို့ဘက်က "စမတ်ကျတဲ့ နည်းဗျူဟာ" လေးတွေ သုံးပြီး သူတို့ရဲ့ အာရုံကို ဖမ်းစားထားဖို့ လိုအပ်ပါတယ်။
ဘယ်လိုနည်းလမ်းတွေက ထိရောက်မလဲဆိုတာ ကြည့်လိုက်ရအောင်။ 👇
🎯"Minute Rule" ကို မမေ့ပါနဲ့။
ကလေးပညာရှင်တွေရဲ့ အဆိုအရ ကလေးတစ်ယောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းဟာ "သူ့အသက် + ၁ မိနစ်" သာ ရှိပါတယ်။ (၃) နှစ်အရွယ်ကလေးကို (၁၅) မိနစ်လောက် ငြိမ်ငြိမ်လေး စာနားထောင်ခိုင်းတာဟာ သူတို့အတွက်တော့ မဖြစ်နိုင်တဲ့ အလုပ်တစ်ခုပါ။
ဒါကြောင့် သင်ခန်းစာတွေကို အပိုင်းတိုလေးတွေ ခွဲသင်ပါ။ (၅) မိနစ်စာ သင်ပြီးရင် (၁) မိနစ်လောက် လှုပ်လှုပ်ရှားရှား တစ်ခုခု လုပ်ခိုင်းတာမျိုးက ပိုထိရောက်ပါတယ်။
🎯"Brain Breaks" နဲ့ ဦးနှောက်ကို Reset ချပေးပါ။
ကလေးတွေ အာရုံလွင့်နေပြီလို့ ခံစားရတာနဲ့ သင်ကြားရေးကို ခဏရပ်လိုက်ပါ။ ပြီးရင် လက်ခုပ်တီးတာ၊ သီချင်းတိုလေးအတူဆိုတာ ဒါမှမဟုတ် "Simons Says" လိုမျိုး ကစားနည်းလေးတွေ (၁) မိနစ်လောက် လုပ်ပေးပါ။ ဒါဟာ ကလေးရဲ့ဦးနှောက်ကို "Refresh" ဖြစ်စေပြီး နောက်ထပ် သင်ခန်းစာကို ပြန်အာရုံစိုက်ဖို့ အဆင်သင့် ဖြစ်သွားစေပါတယ်။
🎯မျက်စိရော၊ နားပါ အလုပ်လုပ်ပါစေ (Multisensory)
စကားနဲ့ပဲ ရှင်းပြနေမယ့်အစား ရုပ်ပုံကားချပ်တွေ၊ ရောင်စုံရုပ်လုံးတွေနဲ့ Props (ပစ္စည်းအစစ်အမှန်) တွေကို သုံးပါ။ ကလေးတွေဟာ သူတို့မျက်စိနဲ့ မြင်ရ၊ လက်နဲ့ ကိုင်ကြည့်ရတဲ့အရာတွေကို ပိုပြီး အာရုံစိုက်တတ်ကြပါတယ်။
🎯လျှို့ဝှက်ချက်တစ်ခုလို စတင်ပါ။
"ကဲ... ဒီနေ့ စာသင်မယ်" လို့ ပြောမယ့်အစား "ဒီနေ့ ဆရာမရဲ့ အိတ်ထဲမှာ အရမ်းထူးဆန်းတဲ့ အရာတစ်ခု ပါလာတယ်၊ ဘာဖြစ်မလဲ ခန့်မှန်းကြည့်ရအောင်" ဆိုတဲ့ အဖွင့်မျိုးက ကလေးတွေကို ဆရာမဆီက မျက်တောင်မခတ်တမ်း ကြည့်နေအောင် ဆွဲဆောင်နိုင်ပါတယ်။
🎯ညွှန်ကြားချက်ကို "တိုတိုနဲ့ ရှင်းရှင်း" ပေးပါ။
"စာအုပ်ထုတ်၊ စာမျက်နှာ ၂ ကိုလှန်ပြီး ခဲတံနဲ့ ဝိုင်းပြပါ" ဆိုတဲ့ ညွှန်ကြားချက်မျိုးက ကလေးတွေအတွက် ရှုပ်ထွေးပါတယ်။ တစ်ကြိမ်မှာ တစ်ခုပဲ ခိုင်းပါ။
"သားတို့ စာအုပ်လေးတွေ ထုတ်ရအောင်" (အကုန်လုံး ထုတ်ပြီးမှ)
"ကဲ... စာမျက်နှာ (၂) ကို လှန်လိုက်ကြမယ်နော်"
👩🏻🏫စာသင်ခန်းဆိုတာ ဆူပူကြိမ်းမောင်းသံတွေထက် ကလေးတွေရဲ့ စိတ်ဝင်တစား ရှိနေတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ပဲ ပြည့်နှက်နေသင့်တာပါ။ Classroom Management နည်းဗျူဟာတွေကို ကျွမ်းကျင်တဲ့ ဆရာ/ဆရာမတစ်ယောက်ဟာ ဘယ်လိုအတန်းမျိုးကိုမဆို အေးအေးဆေးဆေးနဲ့ ပျော်ပျော်ရွှင်ရွှင် ကိုင်တွယ်နိုင်မှာ သေချာပါတယ်။
ဆရာ/ဆရာမတို့ရော အတန်းထဲမှာ ကလေးတွေ အာရုံမလာတဲ့အခါ ဘယ်လိုနည်းလမ်းလေးတွေ သုံးလေ့ရှိလဲ?
ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို မန့်ခဲ့ပေးပါဦး ဆရာ/ဆရာမတို့ရေ။
21/04/2026
ကစားတာက ကလေးတွေအတွက် အလုပ်လုပ်တာနဲ့ အတူတူပါပဲ လို့ ပညာရှင်တွေက ဆိုကြပါတယ်။
Play-based Learning (ကစားရင်းသင်ယူခြင်း) ဟာ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာကို ဆရာ/ဆရာမတို့နဲ့ မိဘတွေ သိထားသင့်တဲ့ အချက် (5) ချက်နဲ့ ရှင်းပြပေးလိုက်ပါတယ်ခင်ဗျာ။
🔶 ဦးနှောက်ဆဲလ်များ ချိတ်ဆက်မှုကို အားကောင်းစေခြင်း (Neural Connections)
ကလေးတွေ ကစားတဲ့အခါ သူတို့ရဲ့ ဦးနှောက်ထဲမှာ Neural Pathways လို့ခေါ်တဲ့ ဆဲလ်အချင်းချင်း ချိတ်ဆက်မှုတွေ သန်းပေါင်းများစွာ ဖြစ်ပေါ်ပါတယ်။ အထူးသဖြင့် ကာယပိုင်းဆိုင်ရာ ကစားနည်းတွေ (ခုန်တာ၊ ပြေးတာ) ဟာ ဦးနှောက်ရဲ့ အချက်အလက် စီမံခန့်ခွဲမှုနှုန်းကို ပိုမိုမြန်ဆန်စေပါတယ်။
🔶 ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးခြင်း (Executive Function)
ဥပမာ - Lego ရုပ်ပုံတွေ ဆောက်တာ ဒါမှမဟုတ် ပဟေဠိ (Puzzle) ဆက်တာမျိုးဟာ ကလေးကို "ဒါမရရင် နောက်တစ်နည်း ဘယ်လိုလုပ်မလဲ" ဆိုတဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ် (Critical Thinking) ကို အလိုလို လေ့ကျင့်ပေးပြီးသား ဖြစ်စေပါတယ်။
🔶 ဘာသာစကားနဲ့ ဆက်သွယ်ရေးစွမ်းရည် (Language Development)
သူငယ်ချင်းတွေနဲ့အတူ "အိမ်ဆောက်တမ်းကစားခြင်း" သို့မဟုတ် "ဈေးရောင်းတမ်းကစားခြင်း" (Role-play) လုပ်တဲ့အခါ ကလေးတွေဟာ စကားလုံးအသစ်တွေကို သုံးရပါတယ်။ ဒါဟာ သူတို့ရဲ့ ဝေါဟာရကြွယ်ဝမှုနဲ့ တစ်ဖက်လူနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတဲ့ Social Skills ကို အကောင်းဆုံး ပျိုးထောင်ပေးတာပါ။
🔶 စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ခြင်း (Emotional Regulation)
ကစားပွဲတစ်ခုမှာ ရှုံးတာ၊ နိုင်တာ၊ အလှည့်ကျစောင့်ရတာတွေဟာ ကလေးတစ်ယောက်အတွက် "သည်းခံခြင်း" နဲ့ "စိတ်ခံစားမှုကို ထိန်းချုပ်ခြင်း" အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေပါ။ ဒါဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု (Emotional Intelligence) အတွက် အခြေခံအုတ်မြစ်ပါပဲ။
🔶 ဖန်တီးနိုင်စွမ်း (Creativity) ကို နှိုးဆော်ပေးခြင်း
ပုံသေနည်းတွေထဲမှာ ပိတ်လှောင်မထားဘဲ လွတ်လပ်စွာ ကစားခွင့်ရတဲ့ကလေးဟာ စိတ်ကူးစိတ်သန်း ပိုမိုကြွယ်ဝလာပါတယ်။ ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ ဦးနှောက်ဟာ နောင်တစ်ချိန်မှာ ဘယ်လိုအခက်အခဲမျိုးကိုမဆို ဆန်းသစ်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်တဲ့ Expert တွေ ဖြစ်လာစေမှာပါ။
🌐အောင်မြင်မှုတိုင်းမှာ အရေးပါတဲ့ သင်ကြားရေးလျှို့ဝှက်ချက်တွေကို VATDC ကနေ အမြဲတမ်း ဖော်ထုတ်ဝေမျှပေးနေပါတယ်။ တီချယ်တို့နဲ့ မိဘတို့အတွက် တကယ်လက်တွေ့အသုံးဝင်မယ့် နည်းလမ်းကောင်းတွေကို VATDC နဲ့အတူ အမြဲတမ်း လေ့လာလိုက်ကြရအောင်လားရှင်။
01/04/2026
တီချယ်တို့ သင်ပေးနေတာတွေက ကလေးတွေဆီ တကယ်ရော ရောက်ရဲ့လား❓
ဆရာတစ်ယောက်အနေနဲ့ ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတဲ့ အခိုက်အတန့်တိုင်းဟာ ပိုကောင်းတဲ့ သင်ကြားရေးလမ်းစဉ်ကို စတင်ဖို့ ခြေလှမ်းတစ်ခုပါပဲ။ သင်ကြားမှုမှာ ကလေးတွေရဲ့ စိတ်ပါဝင်စားမှု လျော့နည်းလာပြီဆိုရင် ဒါဟာ "Connection" (ချိတ်ဆက်မှု) အားနည်းသွားတာကြောင့် ဖြစ်နိုင်ပါတယ်။
သင်ကြားရေးမှာ ထိရောက်မှုမရှိတော့ဘူးလို့ ခံစားနေရရင်... ဒီအချက်ကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုနေပါပြီ။
🔸 "ဘာကြောင့် သင်ယူရလဲ" ဆိုတာကို ရှင်းပြဖို့ မေ့နေသလား?
ကလေးတွေက သူတို့အတွက် အသုံးမဝင်ဘူးလို့ ထင်တဲ့အရာကို အာရုံမစိုက်တတ်ကြပါဘူး။ သင်ခန်းစာတစ်ခုကို မစခင် "ဒါကို သိထားရင် မင်းတို့အတွက် ဘာတွေ အကျိုးရှိမလဲ" ဆိုတာကို အရင်ဆုံး ချပြပေးပါ။
🔸 Two-Way Communication (နှစ်ဖက်သွား ဆက်သွယ်ရေး) ရှိရဲ့လား?
ဆရာကပဲ တစ်ဖက်သတ် ပြောနေတဲ့အခါ ကလေးတွေဟာ "Passive Learner" (ငြိမ်သက်နေတဲ့ သင်ယူသူ) တွေ ဖြစ်သွားတတ်ပါတယ်။ သူတို့ကို မေးခွန်းတွေ မေးခွင့်ပြုပါ၊ သူတို့ရဲ့ အမြင်တွေကို ထည့်သွင်းစဉ်းစားပေးပါ။ သင်ခန်းစာထဲမှာ သူတို့ကိုယ်တိုင် ပါဝင်နေတယ်လို့ ခံစားရပါစေ။
🔸 ကွဲပြားခြားနားတဲ့ သင်ယူမှုပုံစံတွေကို လျစ်လျူရှုမိသလား?
ကလေးတိုင်းဟာ စာဖတ်ရုံနဲ့ မတတ်နိုင်ပါဘူး။ တချို့က ရုပ်ပုံကြည့်မှ၊ တချို့က လက်တွေ့လုပ်ကြည့်မှ၊ တချို့က နားထောင်မှ တတ်ကြတာပါ။ သင်ကြားမှုမှာ ပုံပြင်၊ ဗီဒီယို၊ ဂိမ်း နဲ့ လက်တွေ့စမ်းသပ်မှုတွေကို ရောနှောအသုံးပြုဖို့ လိုပါတယ်။
🔷 ကလေးတစ်ယောက်ရဲ့ စူးစမ်းချင်စိတ်ကို မွေးဖွားပေးနိုင်ခြင်းကသာ အစစ်မှန်ဆုံးနဲ့ အထိရောက်ဆုံး သင်ကြားခြင်းပါပဲ။ တီချယ်တို့ရဲ့ သင်ကြားပုံမှာ အပြောင်းအလဲလေးတစ်ခု စလုပ်ကြည့်လိုက်ပါ။ ကလေးရဲ့ မျက်လုံးတွေ ပြန်လည်တောက်ပလာတာကို တွေ့ရပါလိမ့်မယ်။