16/06/2026
📢 N3 Level ကို တစ်ခါတည်းနဲ့ ပိုင်ပိုင်နိုင်နိုင် အောင်မြင်ချင်ပါသလား? 📢
ဂျပန်စာလေ့လာရာမှာ အရေးအကြီးဆုံးဖြစ်တဲ့ Intermediate Level (N3) ကို အခြေခံအုတ်မြစ် သေချာအောင် ဘယ်သူနဲ့ သင်မလဲဆိုတာ အရမ်းအရေးကြီးပါတယ်။
✨ ထူးခြားချက်က ဘာလဲ?
ဒီအတန်းကို JLPT ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ N1 ကို ထူးချွန်စွာ အောင်မြင်ထားတဲ့ ဆရာမကိုယ်တိုင် Face-to-Face (လူကိုယ်တိုင်) တိုက်ရိုက် သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။
💡 ဘာကြောင့် ဒီအတန်းကို ရွေးချယ်သင့်တာလဲ?
N1 အောင် ဆရာမကိုယ်တိုင် သင်ကြားခြင်းအဆင့်မြင့် ဂျပန်စာ အသုံးအနှုန်းတွေအထိ ကျွမ်းကျင်တဲ့ ဆရာမရဲ့ နည်းစနစ်ကောင်းတွေကို တိုက်ရိုက် လေ့လာခွင့်ရမယ်။
Face-to-Face Class ဖြစ်ခြင်း: Online အတန်းတွေလို ပျင်းစရာမကောင်းဘဲ ဆရာမနဲ့ ကျောင်းသားကြား မရှင်းတာတွေကို ချက်ချင်းမေး၊ ချက်ချင်းပြင်နိုင်လို့ ထိရောက်မှု အပြည့်အဝရှိမယ်။
သေချာစနစ်တကျ ပြင်ဆင်ပေးခြင်း: Grammar, Kanji, Vocabulary နဲ့ Listening အပိုင်းတွေကို Exam-focused (စာမေးပွဲဖြေဆိုနိုင်မယ့် နည်းဗျူဟာတွေ) နဲ့အညီ အသေးစိတ် သင်ကြားပေးမှာပါ။
📅 အတန်းအသေးစိတ် အချက်အလက်များ
အတန်းစတင်မည့်ရက်: [15.6.2026 ကနေ 12-9-2026]
သင်တန်းချိန်: [တနင်္လာ နေ့ကနေ စနေထိ(3:00 PM - 5:00 PM)]
သင်တန်းကြေး: [ 240000 ကျပ်]
သင်တန်းလိပ်စာ:အမှတ် ၈၊ ဘုရင့်နောင်လမ်း၊ လှိုင်မြို့နယ်။
(ဘုရင့်နောင်လမ်း ဘူတာရုံမှတ်တိုင်)
⚠️ မှတ်ချက်: Face-to-Face အတန်းဖြစ်တာကြောင့် ကျောင်းသားတစ်ဦးချင်းစီကို သေချာဂရုစိုက်နိုင်ဖို့ လူဦးရေ ကန့်သတ်ချက် ရှိပါတယ်။
📩 အပ်နှံရန်နှင့် စုံစမ်းရန်
လူဦးရေ မပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ တိုက်တွန်းပါရစေ။
အသေးစိတ်ကို Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် [09400990411 / 09400990422] သို့ ဆက်သွယ်စုံစမ်း အပ်နှံနိုင်ပါပြီ။
Bayint Naung Japanese Language School
Smooth Life Overseas Employment Agency
18/05/2026
💢 N5+N4 package လေးကိုတက်ရောက်မယ်ဆို Level နှစ်ခုစာ သင်တန်းကြေး (480000)မှ အထူး promotion အနေဖြင့် (400000)ကျပ်ပဲကျသင့်မှာဖြစ်ပြီး( 80000) ကျပ်သက်သာနိုင်မဲ့အခွင့်အရေးမို့ လက်လွှတ်မခံသင့်ပါဘူးနော်
💢 N4 သီးသန့်အတန်းလေးကိုတက်မယ်ဆိုရင်လည်း သင်တန်းကြေးအနေနဲ့ (240000)ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ်
💢 N3 အတန်းလေးတွေမေးနေကြတဲ့ သူများအတွက်လည်း တနင်္လာကနေ စနေနေ့ထိဖွင့်တဲ့ အတန်းလေးရှိပါမယ်နော် သင်တန်းကြေးလေးကလည်း (240000)ကျပ်ပဲကျသင့်မှာဖြစ်ပြီး စာအုပ်အတွက်လည်းတစ်ခါထဲပါတာမို့ အမြန်လာ Join ဖို့ဖိတ်ခေါ်ပါတယ်နော်
📩page messenger မှာစုံစမ်းနိုင်သလို
📦အမှတ် ၈၊ ဘုရင့်နောင်လမ်း၊ လှိုင်မြို့နယ်။
☎️☎️09400990411, 09400990422 မှာလည်းအသေးစိတ်စုံစမ်းနိုင်ပါတယ်။
14/03/2026
ကတိသစ္စာ..
ပျက်သောခါဝယ်..
လူ့ရွာမျက်မွဲ..
အရှက်ကွဲ၍..
လက်တွဲခေါ်သူ..
မဲ့လိမ့်မည် တဲ့
ကတိဆိုတာ
- ခနတာကိုယ်အဆင်ပြေရင်ပြီးရောဆိုပြီး ပေးရတာမျိုးမဟုတ်
- စောင့်ထိန်းရတဲ့အရာသာဖြစ်တယ်
ကတိပျက်ရင် ယုံကြည်မှုပျက်ပီ
ယုံကြည်မှုမရှိရင် ဘဝလှဖို့ခက်လိမ့်မယ်
အင်္ဂလိပ်လို Trust ၊ ဂျပန်လို 信用(しんよう) ၊ မြန်မာလို ကတိသစ္စာဟူသည် ...
“ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏”
မြန်မာစာပေမှာအထင်အရှား ဆိုရိုးရှိနေဆဲဖြစ်သည်။ လူအများစုသည် မိမိတို့ဆန္ဒအတွက်အချိန်မရွေး ကတိများပေးတတ်ကြသည်။ သို့သော် ပေးခဲ့သည့် ကတိများတည်စေရန် မည်သို့မည်ပုံ ထိန်းသိမ်းရမည်ကိုကား မသိကြ။
အဘိဓာန်အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကတိဟူသည် တစ်စုံတစ်ဦးအနေဖြင့် သတ်မှတ်ထားသည့် တစ်စုံတစ်ရာကို ပြုလုပ်ပါမည် သို့မဟုတ် ရှောင်ကြဉ်ပါမည်ဟူသော ကြေညာချက်ဖြစ်သည်။ လူတစ်ဦးကို သတ်မှတ်ထားသော လုပ်ရပ်တစ်ခုအား ပြုလုပ်ခြင်းကို မျှော်လင့်ရန် သို့မဟုတ် အာမခံချက်ပေးရန် အခွင့်အရေးပေးမည်ဟူသည့် စည်းမျဉ်းသဘော ကြေညာချက် ဖြစ်သည်။
လူတစ်ဦးက အခြားသူတစ်ဦးအပေါ် ကတိမတည်သည့်အခါ ထိုသူသည် အဆိုပါအခြားသူကို တန်ဖိုးမထားဟူသည့် ဆက်ဆံရေးသဘောကို ဆောင်သည်။
မိမိ ကတိပေးထားသည့် အရာအစား အခြားတစ်ခုကို ရွေးချယ်လိုက်ခြင်းသည် မိမိသည် အားကိုးအားထားပြုရန် မသင့်ကြောင်း၊ ယုံကြည်လို့မရကြောင်း ဖော်ပြသကဲ့သို့ဖြစ်သည်။
ဆက်ဆံရေး၌ သေးငယ်သော အက်ကြောင်းကလေးများ ဖြစ်ပေါ်လာခြင်းသည်ပင်လျှင် ကတိချိုးဖောက်မှု၏ အမှတ်အသားဖြစ်သည်။ ကတိချိုးဖောက်ခြင်းသည် အခြားသူများနှင့် ဆက်ဆံရေးကို တန်ဖိုးမထားရုံသာမက မိမိကိုယ်တိုင်၏ စကားကိုပင် မိမိအနေဖြင့် တန်ဖိုးမထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မိမိကိုယ်တိုင်ကိုပင် တန်ဖိုးမထားခြင်းဖြစ်သည်။ မိမိကိုယ်တိုင်ကို တန်ဖိုးမထားသူအား အခြားသူများကတန်ဖိုးထားသင့် ယုံကြည်သင့်ပါမည်လား။ ထို့ကြောင့် ကတိများ ချိုးဖောက်ခြင်းသည် မိမိကိုယ်တိုင်၏ ပုံရိပ်၊ မိမိကိုယ်မိမိ ယုံကြည်မှုနှင့် မိမိ၏ ဘဝတစ်ခုလုံးကို ထိခိုက်စေနိုင်သည်။
အချို့သောသူတို့သည် တစ်စုံတစ်ဦးက မိမိအား နှစ်သက်စေရေး သေချာစေရန်အတွက်လည်းကောင်း၊ မိမိလိုလားသောအရာ ရရှိစေရန်အတွက်လည်းကောင်း တကိုယ်ကောင်းဆန်စွာကတိတစ်လုံးကို လွယ်လွယ်ပေးလိုက်တတ်ကြသည်။ အခြားသူများ ကြားချင်သည့်စကားကို ပြောလိုက်ခြင်း ဖြစ်သည့်အတွက် ထိုသူများ ပျော်ရွှင်သွားကြသည်။ သို့သော် မိမိအနေဖြင့် ကတိပေးလိုက်သော အရာနှင့် ပတ်သက်၍ မိမိကိုယ်မိမိ ရိုးသားကြောင်း လိပ်ပြာသန့်ရန်လိုပေသည်။
ဘဝသည် အလင်း၏သွားနှုန်းဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားနေပြီး လူသားတို့အနေဖြင့် မိမိ၏ အချိန်များကို မည်သို့မည်ပုံ ကုန်ဆုံးစေမည်နည်းဟု ရွေးချယ်မှုများ ပြုလုပ်နေရတတ်သည်။ ထို့ကြောင့်ဘဝ၏ အစီအစဉ်များကို စဉ်းစားသတ်မှတ်ထားရန် လိုအပ်သကဲ့သို့ပင် ကတိမပေးမီ မိမိတည်နိုင်မည့်ကတိ ဟုတ်မဟုတ် မိမိကိုယ်မိမိ အသေအချာ မေးရန် လိုအပ်သည်။
မည်သို့ပင်ဖြစ်စေ ပေးပြီးသားကတိများကို တည်အောင်ထိန်းသိမ်းခြင်းသည် အခြားသူများအတွက် ကောင်းကျိုးပြုခြင်းသာမက မိမိကိုယ်တိုင်အတွက်ပါ ကောင်းကျိုးပြုခြင်းဖြစ်ပါကြောင်း…
ကျွန်တော်အရမ်းကြိုက်သည့် ဂျပန်စကားစုလေးရှိပါသည်။
“信用は無形の財産 (しんようはむけいのざいさん)”
目には見えないが、信用こそが金銭以上の価値を持つ財産であるということ
မျက်စိဖြင့်မမြင်နိုင်သော်လဲ ယုံကြည်မှုကသာလျှင်ငွေကြေးထက်ပိုတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုဖြစ်တယ် လို့ဆိုလိုပါတယ်
SMOOTH LIFE မိသားစု
10/03/2026
We are Hiring 👏🏻💢💢
Smooth Life - Overseas Employment Agency & Training Center နှင့် Bayint Naung Japanese Language School မှ ကျွန်တော်တို့နှင့်အတူတကွ လက်တွဲလုပ်ဆောင်ရန် ဝန်ထမ်းအသစ်များ ခေါ်ယူလျက်ရှိပါတယ်။
---
၁။ ခေါ်ယူမည့် Position
💢ဆရာ၊ ဆရာမ (၂ ဦး)
---
၂။ လိုအပ်သည့် အရည်အချင်း
N3 Passed, N2 Passed (JLPT or Nat Test)
📌အတွေ့အကြုံရှိသူ၊ အဖွဲ့အစည်းနဲ့ ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်သူ ဦးစားပေးမည်
---
၃။ လစာနှင့် အကျိုးခံစားခွင့်
📍လစာ = ညှိနှိုင်း
(CV form တွင် ခန့်မှန်းလစာ ထည့်သွင်းရေးသားဖော်ပြရန်)
📍အကျိုးခံစားခွင့် = အရည်အချင်းနှင့်လုပ်သက်ပေါ်မူတည်၍ လစာတိုးရှိခြင်း၊ ဘောနပ်စ်များရှိခြင်းနှင့် ဂျပန်လူမျိုးများနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရခြင်း ။
---
၄။ လျှောက်ထားရန်လိုအပ်သောစာရွက်စာတမ်းများ
ကိုယ်ရေးအကျဉ်း (CV)
JLPT or Nat Test အောင်လက်မှတ်
လျှောက်လွာဖောင်အား (၂၁.၀၃.၂၀၂၆)စနေနေ့ တွင်ပိတ်ပါမည်🙇🏻♀️
📍 လိပ်စာ
အမှတ် ၈ ဘုရင့်နောင်လမ်းမကြီး လှိုင်မြို့နယ် (ဘူတာရုံလမ်းမှတ်တိုင်အနီး)
📞 Ph – 09400990411 ,09400990422
(Viber မှ CV Form များ ပေးပို့နိုင်ပါတယ်)
💬 Page Messenger မှလည်း အသေးစိတ် စုံစမ်းနိုင်ပါတယ်
18/02/2026
ဂျပန်ဆန်က စေးတော့ မြန်မာဟင်းလျာတွေနဲ့ သိပ်မလိုက်ဖက်သလို စားပြီးရင်အစာကျေဖို့ခက်ပြီး ရင်ပြည့်ရင်ကယ် ဝမ်းချုပ်တက်တဲ့သူတွေအတွက်ကတော့ ဒီဆန်လေးတွေဟာ စားနေကျလိုဖြစ်လို့ အဆင်ပြေကြမှာပါ
🤗🤗🤗
14/02/2026
Smooth Life မိသားစုရဲ့ နောက်ထပ်ခြေလှမ်း တစ်လှမ်း💪
12/02/2026
Smooth Life လေးတွေအားလုံး အဆင်ပြေကြပါစေ🙏
01/12/2025
၆ - ၁၂ - ၂၀၂၅ (စနေနေ့ )
အင်တာဗျူးရှိသည်🎉
25/11/2025
🇯🇵 Tokutei ကုန်ထုတ်အလုပ်ခေါ်စာ🇯🇵
✅အလုပ်နေရာ - KAGOSHIMA
✅ခေါ်ယူမည့်ဦးရေ- ( 9 ) ဦး
✅လိုအပ်သောအရည်အချင်း-JLPT N4 Passed,JFT A2
Tokutei ကုန်ထုတ် passed
Smooth Life Overseas Employment Agency
အမှတ် ၈၊ ဘုရင့်နောင်လမ်း၊ လှိုင်မြို့နယ်။
09400990411, 09400990422
16/11/2025
ဂျပန်စာသင်ပြီး သင့် အနာဂတ်ခရီးလမ်းပျော်ရွှင်စွာလျှောက်လှမ်းပါ🇯🇵🌸
🌸ကောင်းမွန်တဲ့ဝင်ငွေနဲ့အလုပ်အကိုင်တွေရရှိဖို့ ဒီခေတ်ကြီးထဲမှာဂျပန်စာလည်းတတ်မြောက်ထားသင့်တယ်နော်။ ဂျပန်နိုင်ငံသွားရောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေရှာဖွေနိုင်သလို မြန်မာနိုင်ငံထဲမှာလဲ အခွင့်အလမ်းအသစ်တွေရရှိနိုင်ပါတယ်။🇯🇵
🏫ဘုရင့်နောင်ဂျပန်စာသင်တန်းကျောင်းမှာဆိုရင်တော့ ဂျပန်စာကိုလွယ်ကူစွာတတ်မြောက်နိုင်စေမယ့် သင်ရိုးညွှန်းတမ်းများဖြင့်သင်ကြားပေးပါတယ်။🏫
🥇ဘုရင့်နောင်ဂျပန်စာသင်တန်းကျောင်းရဲ့အားသာချက်များ:
☘️အတွေ့အကြုံရင့် ဆရာ/ဆရာမ များ
☘️လွယ်ကူထိရောက်စေမည့်သင်ရိုးညွှန်းတန်း
☘️ကိုယ်ပိုင်ဂျပန်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရှိခြင်း
🐚အတန်းအသစ်များမကြာမီဖွင့်လှစ်သွားဖို့ရှိတာမို့ အမြန်ဆုံးသင်တန်းအပ်ဖို့စုံစမ်းနိုင်ပါတယ်။
(လူဦးရေးအကန့်အသတ်ဖြင့်သာလက်ခံသည်)
📩page messenger မှာစုံစမ်းနိုင်သလို
📦အမှတ် ၈၊ ဘုရင့်နောင်လမ်း၊ လှိုင်မြို့နယ်။
☎️☎️09400990411, 09400990422 မှာလည်းအသေးစိတ်စုံစမ်းနိုင်ပါတယ်။
🌸🇯🇵အခုပဲဂျပန်စာသင်ပြီး သင့်ဘဝခရီးလမ်းကိုမြှင့်တင်လိုက်ပါ။🇯🇵🌸
💢N5+N4 package လေးကိုတက်ရောက်မယ်ဆို Level နှစ်ခုစာ သင်တန်းကြေး (480000)မှ အထူး promotion အနေဖြင့် (400000)ကျပ်ပဲကျသင့်မှာဖြစ်ပြီး( 80000) ကျပ်သက်သာနိုင်မဲ့အခွင့်အရေးမို့ လက်လွှတ်မခံသင့်ပါဘူးနော်