23/06/2026
ရင်သွေးငယ်လေးများရဲ့ ပထမဆုံး ပညာရေးခရီးစဥ်ကို 𝐓𝐫𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬 နှင့် စတင်လိုက်ပါ ☺
သင့်ရင်သွေးရဲ့ အနာဂတ်အတွက် အကောင်းဆုံးသော ပညာရေးကို ငယ်စဥ်ကတည်းက ပေးစွမ်းချင်တဲ့ ဖေဖေ၊ မေမေတို့ရေ ကလေးငယ်တို့အတွက်
✅ စာသင်ကြားမှုများအား ကြိုတင်လေ့လာနိုင်စေရန်
✅ အတန်းတွင်း ကလေးငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအား လေ့လာနိုင်စေရန်
✅ 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐤𝐢𝐥𝐥 သင်ကြားမှုများအား လေ့လာနိုင်စေရန်
✅ ဆရာ၊ ဆရာမများရဲ့ နွေးထွေးစွာသင်ကြားမှုများအား လေ့လာနိုင်စေရန်နှင့်
✅ ကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်မှာ 𝐂𝐚𝐦𝐩𝐮𝐬 တည်ဆောက်ထားခြင်းကို လေ့လာနိုင်စေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ 𝐊𝐁𝐓𝐂 မှ ဖွင့်လှစ်သင်ကြားပေးသွားမယ့် 𝐓𝐫𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬 အကြောင်းလေး မိတ်ဆက်ပေးပါရစေ။
နှစ်ပတ်သာ ဖွင့်လှစ်သင်ကြားပေးသွားမယ့် 𝐓𝐫𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬 ကိုတော့...
🏫 𝐊𝐁𝐓𝐂 𝐍𝐨𝐫𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐂𝐚𝐦𝐩𝐮𝐬 မှာ တက်ရောက်နိုင်မှာဖြစ်ပြီး နှစ်ပတ်သာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ပညာသင်နှစ်တစ်ခု မစတင်မီ မိမိတို့ သား၊ သမီးတွေကို အပ်နှံမယ့် ကျောင်းနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာနိုင်စေရန်အတွက် 𝐊𝐁𝐓𝐂 မှ ဖွင့်လှစ်သင်ကြားပေးသွားမယ့် 𝐓𝐫𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬 မှာ အခုပဲ လာရောက်အပ်နှံလိုက်ကြတော့နော် 🤗
20/06/2026
✨ချစ်စရာသားသား၊မီးမီးတို့ရဲ့ စိတ်ဝင်စားစရာ Activity Times ✨
သားသား၊မီးမီးလေးတို့ရဲ့ ပျော်ရွှင်ဖွယ် Activities လေးတွေကို မျှဝေပေးချိန်ကိုရောက်ရှိလာပြီ ဖြစ်တဲ့အတွက် 𝐊𝐁𝐓𝐂 𝐄𝐚𝐫𝐥𝐲 𝐘𝐞𝐚𝐫𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ ချစ်စရာကောင်းတဲ့ သားသား၊မီးမီးလေးများရဲ့ ပျော်ပျော်ရွင်ရွင် တက်တက်ကြွကြွလေ့လာသင်ယူနေကြတဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ဝင်ရောက်ကြည့်ရှုပေးသွားကြပါဦးနော်။
ဖေဖေ၊မေမေတို့ရဲ့ အဖိုးတန် ချစ်စရာသားသား၊မီးမီးလေးတွေကို အခုလို နိုင်ငံတကာအဆင့်မှီ သင်ကြားမှုပုံစံများနှင့် ပျော်ရွင်စွာ သင်ယူစေလိုတယ်ဆိုရင် 𝐊𝐁𝐓𝐂 𝐄𝐚𝐫𝐥𝐲 𝐘𝐞𝐚𝐫𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့်လက်တွဲနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။
19/06/2026
ဝဿန်ကာလရဲ့ မိုးစက်များနှင့် 𝐊𝐁𝐓𝐂 𝐍𝐨𝐫𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 (𝐄𝐩𝐢𝐬𝐨𝐝𝐞 2)
နိုင်ငံတကာအဆင့်မီ ပညာရပ်တွေကို ခေတ်မီသင်ကြားရေးနည်းစနစ်များဖြင့် သင်ကြားလိုတဲ့ မြောက်ဥက္ကလာပမြို့နယ်တစ်ဝိုက်က ကျောင်းသား၊ ကျောင်းသူများအတွက် အတန်ဆုံးသော 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭𝐬 အစီအစဥ်များနှင့် (၅) ရက်တိုင်တိုင် ကျင်းပပေးသွားမယ့် 𝐊𝐁𝐓𝐂 𝐍𝐨𝐫𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐂𝐚𝐦𝐩𝐮𝐬 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 ပွဲကြီးဟာဆိုရင် အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်ပါတယ် ☺
ကျင်းပပြီးစီးခဲ့တဲ့ (၅) ရက်တာကာလအတွင်း လာရောက်အပ်နှံခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ အမှတ်တရပုံရိပ်လေးများကို ဝေမျှပေးလိုက်ရပါတယ် 🥰
17/06/2026
𝐂𝐫𝐚𝐟𝐭𝐢𝐧𝐠 𝐒𝐮𝐜𝐜𝐞𝐬𝐬 : 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐀𝐫𝐭 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 🎨🖌
ဒီနေ့မှာတော့ 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 (𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐂𝐚𝐦𝐩𝐮𝐬) မှ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐀𝐫𝐭 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 လေးကို ချစ်စဖွယ်သင်ကြားနေသည့် ပုံရိပ်လေးများကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ် 🤗
𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐀𝐫𝐭 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 လေးမှာဆိုရင်တော့ ကျောင်းသား၊ ကျောင်းသူများမှ ရုပ်ပုံများဆွဲခြင်း၊ အရောင်ခြယ်ခြင်း စသည်တို့ကို သင်ကြားပေးတဲ့ ဆရာနှင့်အတူ စိတ်ဝင်စားဖွယ် ပျော်ပျော်ရွှင်ရွှင် အတူတကွလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပန်းချီဆွဲခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ အနေနှင့်
✨ မိမိတို့ရဲ့ စိတ်ခံစားချက်များကို အနုပညာဖြင့်ဖော်ပြနိုင်ခြင်း
✨ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်များ ပိုမိုကောင်းမွန်လာခြင်း
✨ 𝐏𝐫𝐨𝐛𝐥𝐞𝐦 𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥 တိုးတက်လာခြင်း
✨ မိမိ ကိုယ်ကိုယုံကြည်မှုပိုမိုရှိလာခြင်း တို့အပြင်
✨ အတန်းဖော်များ၊ ဆရာ/ မများနှင့်ပါ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ် 🤩
𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ၏ 𝐂𝐚𝐦𝐩𝐮𝐬 တိုင်းမှာ ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာနှင့် ဗဟုသုတရဖွယ် 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 လေးများအပြင်၊ ယခုလို မိမိတို့ရဲ့ ဝါသနာကို အကောင်ထည်ဖော်နိုင်မည့် 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 လေးများကိုလည်း မကြာခဏ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါကြောင့်မို့ 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐀𝐫𝐭 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 လေးကို သင်ကြားပေးတဲ့ ဆရာ/ မများနှင့် အတူလုပ်ဆောင်နေကြသည့် ချစ်စဖွယ် ကျောင်းသား၊ ကျောင်းသူလေးများ၏ အတန်းတွင်းပုံရိပ်လေးများကို ဂုဏ်ယူဖွယ်မျှဝေပေးလိုက်ပါတယ် 🥰
16/06/2026
𝐓𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐨𝐟 𝐚 𝐧𝐞𝐰 𝐜𝐡𝐚𝐩𝐭𝐞𝐫 🤩
ပြည့်စုံကောင်းမွန်လှတဲ့ ပညာရေးဖြင့် မြင့်မားသော အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်လိုသူ ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၆ - ၂၇ ပညာသင်နှစ် အတန်းများကို 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 (𝐍𝐨𝐫𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐂𝐚𝐦𝐩𝐮𝐬) မှာ စတင်ဖွင့်လှစ်သင်ကြားပေးနေပြီပဲ ဖြစ်ပါတယ် ☺
စတင်ဖွင့်လှစ်ခဲ့တဲ့ ဇွန်လ (၁၁) ရက်နေ့က ပြုံးပန်းကိုယ်စီနဲ့ ကျောင်းတော်ကြီးကို တက်ရောက်ခဲ့ကြတဲ့ မြောက်ဥက္ကလာပမြို့နယ်တစ်ဝိုက်က ကျောင်းသား၊ ကျောင်းသူလေးများရဲ့ အမှတ်တရပုံရိပ်လေးများကို တင်ဆက်ပေးရင်း ရည်ရွယ်ထားသော အိပ်မက်များကို အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🥰
16/06/2026
ကျန်းမာပျော်ရွှင် ပညာသင် 𝐊𝐁𝐓𝐂 ကျောင်းတော်တွင် 🏫
ဒီနေ့မှာတော့ 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 (𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐂𝐚𝐦𝐩𝐮𝐬) တွင် တက်ရောက်ပညာသင်ကြားနေသော သားသားမီးမီးလေးတို့ရဲ့ 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 (𝐏𝐄) ချိန်အတွင်း သွက်လက်တက်ကြွစွာ လှုပ်ရှားမှုပုံရိပ်လေးများကို ဖေဖေ၊ မေမေတို့ကြည့်ရှုပြီး ပီတိဖြစ်စေဖို့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော် 👦👧🥰
👦👧 သားသားမီးမီးတို့အတွက် မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းကြောင့်
⭐️တစ်နေ့တာအတွက် စိတ်အာရုံများနိုးကြားတက်ကြွစေခြင်း၊
⭐️ဉာဏ်ရည်ထက်မြက်စေခြင်း၊
⭐️အရပ်ရှည်ခြင်း၊
⭐️အမြင်အာရုံကောင်းမွန်စေခြင်း၊
⭐️အစားစားချင်စိတ်ဖြစ်ပေါ်စေခြင်း၊
⭐️အရိုးများသန်မာခြင်းနှင့်အရပ်ရှည်ခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေမှာပဲဖြစ်ပါတယ်။ ☺️☺️
🏫 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 မှာဆိုရင် ကျောင်းစာသင်ခန်းအတွင်း စာလေ့လာသင်ကြားမှုသာမက ကိုယ်ကာယလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ပြီး 𝐏𝐄 ချိန်များကို 𝐄𝐱𝐭𝐫𝐚𝐜𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫 𝐒𝐮𝐛𝐣𝐞𝐜𝐭 အနေဖြင့် ထည့်သွင်းသင်ကြားပေးလျက်ရှိတာလည်း ဖြစ်ပါတယ် 🥰
11/06/2026
𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐁𝐚𝐜𝐤 𝐭𝐨 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 (𝐊𝐚𝐧𝐝𝐚𝐰𝐠𝐲𝐢 𝐂𝐚𝐦𝐩𝐮𝐬) 🤩
စာသင်ခန်းအသစ်ထဲမှ အိပ်မက်အသစ်တွေဆီသို့... 🌟🌟
ဒီနေ့ဟာဆိုရင် 𝐊𝐁𝐓𝐂𝐞𝐫𝐬 လေးတို့အားလုံးရဲ့ 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 (𝐊𝐚𝐧𝐝𝐚𝐰𝐠𝐲𝐢 𝐂𝐚𝐦𝐩𝐮𝐬) မှာ ပညာသင်နှစ်အသစ်တစ်ခုကို စတင်ကြရတဲ့ ပထမဆုံးနေ့ရက်လေးပဲ ဖြစ်ပါတယ်။
စိတ်သစ်၊ လူသစ်ဖြင့် ရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည်ဖော်ကြဖို့အတွက် ကျောင်းသား၊ ကျောင်းသူလေးများဟာ 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 (𝐊𝐚𝐧𝐝𝐚𝐰𝐠𝐲𝐢 𝐂𝐚𝐦𝐩𝐮𝐬) သို့ ကျောင်းယူနီဖောင်းအသစ်လေးများကို ဝတ်ဆင်ကာ အဆင့်မြင့်တဲ့ ပညာရပ်များကို လာရောက်ပညာသင်ကြားနေကြပြီပဲ ဖြစ်ပါတယ် 🤗
အခုလို ပထမဆုံးကျောင်းတက်ရက်မှာ ဆရာ၊ ဆရာမတွေအပြင် သူငယ်ချင်းဟောင်းတွေရော သူငယ်ချင်းအသစ်တွေနဲ့ပါ တွေ့ဆုံကြရမှာကြောင့် စိတ်လှုပ်ရှားနေကြတဲ့ 𝐊𝐁𝐓𝐂𝐞𝐫𝐬 လေးတို့ရဲ့ ပထမဆုံးကျောင်းတက်ရက် အမှတ်တရ ပုံရိပ်လေးများကို တင်ဆက်ပေးလိုက်ရပါတယ် 🥰