Home Education

Home Education

Share

Email: [email protected] သင်တန်းတွေကဈေးကြီးလို့စိတ်ညစ်နေပြီလား..?

Home Education ကိုလှမ်းလာခဲ့ပါနော် ဈေးနှုန်းသင့်တင့်စွာနဲ့ အရည်အချင်းပြည့်မှီတဲ့ဆရာ‌မတွေသင်ကြညးနေတာဖြစ်လို့ အိုကေမှစိုပြေနေပြီနော်.. 🥳
ဒါ့အပြင် international books တွေလဲ ၀ယ်ယူနိုင်ပြီး Test Service တွေလဲ ၀န်ဆောင်မှုပေးနေပြီဖြစ်ပါတယ်ဗျာ💯🎊

07/06/2026

ကိုယ့်ရဲ့ပညာရေးလမ်းကြောင်းကို ဖိအားမျိုးစုံကြောင့် လက်လွှတ်ဆုံးရှုံး ခံလိုက်တော့မှာလား❓

ကြိုးစားပမ်းစားနဲ့ စာတွေကုန်းရုန်းလုပ်နေပေမဲ့လည်း လေ့လာသမျှစာတစ်လုံးမှ ဦးနှောက်ထဲမဝင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ဖူးကြတယ်မလား။ ကိုယ့်ရဲ့တစ်နေ့တာလုပ်ဆောင်ရမယ့်အလုပ်တာဝန်တွေကို အကြောင်းအမျိုးမျိုးကြောင့် အချိန်ပြောင်းလုပ်ကိုင်ရတာတွေပါ ရှိကြတယ်မလား?

အခုလို ရက်ရွှေ့လုပ်ဆောင်ရခြင်းရဲ့ရလဒ်‌ကတော့ တစ်နေ့တာအလုပ်တွေပုံလာပြီး အချိန်လုံလောက်မှုနည်းပါးလာတာပါ။ အဲ့လို အခြေအနေတွေမှာ ကိုယ့်ကိုယ်ကိုယ် စိတ်မကျေနပ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

ဒီနေ့ခေတ်လူငယ်အများစုက အဲ့ဒီစိတ်အနှောက်အယှက်ဖြစ်မှုတွေ၊ ပညာရေးဆိုင်ရာဖိအားတွေကြားကနေ လေ့လာသင်ယူမှုခရီးကို ဆက်လက်လျှောက်လှမ်းဖို့ တွန့်ဆုတ်လာကြပေမဲ့ ဒီဖိအားတွေက ပညာရေးလမ်းကြောင်းရဲ့အဆုံးသတ်မျဉ်းတစ်‌ကြောင်းမဟုတ်ဘဲ ဘယ်လိုမျိုးကိုင်တွယ်ထိန်းချုပ်ရမလဲဆိုတဲ့ စိန်ခေါ်မှုတစ်ခုသာဖြစ်ပါတယ် 🪬

စိတ်ဖိစီးမှုဆိုတာ အချိန်မရွေးဖြစ်လာနိုင်တဲ့အရာမျိုးပါ။ ကိုယ်က စာလုပ်နေရင်းနဲ့ စိတ်မပါတော့တာ၊ အာရုံမစူးစိုက်နိုင်‌တော့တာ၊ ဘယ်‌လောက်လုပ်လုပ် လုံလောက်မှုမရှိဘူးလို့ တွေးမိလာရင် စိတ်ဖိစီးမှုရဲ့ သဘာဝတုံ့ပြန်မှုတစ်ခုလို့ မှတ်သားထားလိုက်တော့နော် 🦥

ပညာရေးဆိုင်ရာဖိအားတွေထဲမှာ ရလဒ်ကောင်းတွေထွက်ရှိလာဖို့၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့၊ တခြားသူတွေနဲ့ ပြိုင်ပြီး နှိုင်းယှဉ်မိတာတွေ ပါဝင်ပေမဲ့လည်း တိုးတက်အောင်မြင်မှုကို ရမှတ်တစ်ခုတည်းနဲ့ပဲ တိုင်းတာ‌ဆုံးဖြတ်မိရင် ကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားပြီးလုပ်‌ဆောင်ခဲ့တာတွေကို မျက်ကွယ်ပြုသလို ဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ တိုးတက်မှုဆိုတာ ရမှတ်တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်အချိန်ကို စီမံနိုင်တာ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လာနိုင်တာ၊ မနေ့ကထက် ဒီနေ့ ပိုကောင်းလာတွေကလည်း တိုးတက်မှုပါပဲ။

Stress နဲ့ Academic Pressure ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အရေးကြီးဆုံး အချက်က အချိန်ကို စနစ်တကျစီမံနိုင်ဖို့ပါ။ အလုပ်တွေအကုန်လုံးကို တစ်ပြိုင်နက်တည်း နားချိန်မရှိ ပြီးမြောက်အောင်လုပ်မဲ့အစား တစ်ခုချင်းစီ ဖြည်းဖြည်းချင်းလုပ်ဆောင်သွားတာကလည်း စိတ်ဖိစီးမှုတွေ၊ မောပန်းမှုတွေကို လျော့နည်းစေပါတယ်။ အဲဒါကြောင့် လူတစ်ယောက်ရဲ့လန်းဆန်းတက်ကြွမှုတွေက အနားယူချိန်တွေနဲ့ အိပ်ရေးဝမှုတွေကနေ ဖြစ်လာတယ်ဆိုတာ မမေ့လိုက်နဲ့နော်…

လူအများစုက အကူအညီတောင်းတာကို အားနည်းချက်တစ်ခုလို့ ထင်မြင်ကြပေမဲ့ တချို့စိတ်ဖိစီးမှုတွေက စိတ်ထွက်ပေါက်တစ်ခုအ‌နေနဲ့ ရင်ဖွင့်ပြောဆိုမှသာ စိတ်သက်သာရာရစေတာပါ။ အဲဒါကြောင့် အရာရာတိုင်းကို မျိုသိပ်ခံစားနေတာမျိုးမဟုတ်ဘဲ တချို့အရာတွေဆို ရင်ဖွင့်ပြောဆိုတာက အကောင်းဆုံးပါပဲ ✨

ပညာရေးဆိုတာ ပြိုင်ပွဲမဟုတ်ပါဘူးနော်… လူတိုင်းမှာ ကိုယ်ပိုင်အရှိန်နှုန်းနဲ့ ကိုယ်ပိုင်ခရီးအသီးသီး ရှိကြပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ အရှိန်နှေးသွားတာ၊ ခဏတာရပ်နားလိုက်ရတာတွေ ရှိနေလို့လည်း ကိုယ့်ကိုယ်ကိုယ် အားမလျှော့လိုက်ပါနဲ့။ ယာယီရပ်တန့်မှုဆိုတာ လက်လျှော့လိုက်တာကြောင့်မဟုတ်ဘဲ ပညာရေးခရီးလမ်းကြောင်းပေါ် ပြန်လည်‌ရပ်တည်နိုင်ဖို့ အားယူနေတဲ့ အချိန်ကာလမို့ပါ⚡️

လူငယ်ဘဝမှာ စိတ်ဖိစီးမှုတွေနဲ့ ပညာရေးဆိုင်ရာဖိအားတွေက ရှောင်လွှဲလို့မရတဲ့အခိုက်အတန့်တွေဖြစ်တာကြောင့် ရင်ဆိုင်ဖြေရှင်းမှသာ ရုန်းထွက်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်နဲ့ အချိန်ကိုပါ စနစ်တကျစီမံတတ်ပြီဆိုရင် ပညာရေးခရီးလမ်း‌ကြောင်းပေါ်မှာ ဆက်လက်ရပ်တည်နိုင်တဲ့အတွက် ဖိအားအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ပညာရေးပန်းတိုင်ဆီအရောက်လှမ်းနိုင်မယ့်ခရီးကို မပိတ်ဆို့လိုက်ကြပါနဲ့နော် 🍀

ဘယ်လိုဖိအားမျိုးပဲဖြစ်နေပါစေ မိမိသာလျှင် အဓိကပါ။ ကိုယ်က လက်မ‌လျှော့သရွှေ့တော့ မဖြစ်နိုင်တဲ့အရာမျိုးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာဘဲရှိတာပါ။ အဲဒါကြောင့် လေ့လာသင်ယူမှုအကောင်းဆုံးဖြစ်တဲ့လူငယ်ဘဝမှာ စိတ်ဖိစီးမှုတွေ၊ ပညာရေးဆိုင်ရာဖိအားတွေကြောင့် ကိုယ့်ရဲ့ပညာရေးကို မရပ်တန့်လိုက်ကြပါနဲ့ 🙇🏼‍♀

Educational Content တွေဖတ်ရင်း အသိပညာဗဟုသုတတွေ တိုးပွားဖို့ Home Education Page ကို Like & Follow လုပ်ကြစို့🤘

https://t.me/homeeducationorg






06/06/2026

"စာလုပ်ချင်စိတ်က အပြည့်… ဒါပေမဲ့ စာအုပ်ဖွင့်တာနဲ့ မျက်စိမှိတ်ချင်လာတာ ဘယ်သူတွေလဲ 😴💭"

"စာလေ့လာချင်စိတ်တော့ အပြည့်ပဲ... ဒါပေမဲ့ စာအုပ်ဖွင့်လိုက်တာနဲ့ အိပ်ငိုက်လာရော" ဒီနေ့တော့ အပြတ်အသတ်လေ့လာမယ်လို့ အရှိန်တင်ထားပြီး နောက်ရက်ကျ လျော့သွားပြန်ရော....ဒါမျိုးတွေ ဖြစ်ဖူးကြလား??

တကယ်တော့ နေ့စဉ်စာလေ့လာတဲ့ အလေ့အထ (Daily Learning Habit) ဆိုတာ အတင်းအကျပ် စာအုပ်ကြီးကိုင်ပြီး ထိုင်ကျက်နေရတာ မဟုတ်ပါဘူး။ နေ့စဉ် Consistency ရှိရှိနဲ့ စိတ်ပါပါ မပါပါ ကိုယ်လုပ်ရမယ့်စာကို သေသေချာချာလုပ်တဲ့ သဘောပါ။

Homie လေးတို့ စာပုံမှန်လုပ်ဖြစ်တဲ့ အကျင့်ကောင်းလေးကို မွေးမြူနိုင်ဖို့ကိုယ်တိုင် လိုက်လုပ်နိုင်တဲ့ အလေ့အကျင့် (၅) ခုကိုပြောပြပေးမယ်နော်....

📌 "ဘာကြောင့်" စာလုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်ကိုရှာပါ

စာမလုပ်ခင် "ငါဒါကို ဘာကြောင့်တတ်ချင်တာလဲ" ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ရှင်းရှင်းလင်းလင်း သိရပါမယ် ဒါမှသာ စာလုပ်ဖို့တွန်းအားရမှာပါ

📌"၂ မိနစ် စည်းမျဉ်း" နဲ့အရင်လေ့ကျင့်ပါ

အစပိုင်းမှာ တစ်နေ့ကို နာရီပေါင်းများစွာ လေ့လာမယ် မလုပ်ပါနဲ့ "ဒီနေ့ စာတစ်မျက်နှာပဲဖတ်မယ်" ဆိုပြီးစတင်ပါ ဒီလို သေးငယ်တဲ့အစကနေ ရေရှည်မှာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာမှာပါ။

📌"Golden Time" ကို ရှာဖွေပါ

လူတိုင်းမှာ အာရုံစူးစိုက်မှု အကောင်းဆုံး ရွှေရောင်အချိန် (Golden Time) ရှိပါတယ် တချို့က မနက်ခင်း တချို့ကတော့ ညဉ့်နက်ပိုင်းမှ ဖြစ်တတ်ကြပြီး အဲ့လိုအချိန်မှာစာလုပ်ရင် စာမြန်မြန်ရလွယ်ပါတယ်။

📌Habit Stacking

အလေ့အထသစ်ကို သီးသန့်ကြီးမလုပ်ဘဲ နေ့တိုင်းလုပ်နေကျ အလုပ်တစ်ခုခုနဲ့ တွဲလုပ်ကြည့်ပါ ဥပမာ- "မနက်ခင်း ကော်ဖီသောက်ပြီးတာနဲ့ စာအုပ် ၅ မိနစ် ဖတ်မယ်" ဒါဆိုရင် တကူးတက အားစိုက်စရာ မလိုဘဲ စာလုပ်ဖြစ်မှာပါ။

📌"ပြီးပြည့်စုံခြင်း" ထက် ပုံမှန်ဖြစ်ဖို့ကို ပိုအာရုံစိုက်ပါ"

ပုံမှန်လုပ်ဖြစ်ဖို့က ပိုအရေးကြီးတာကြောင့် တစ်နေ့ကို ၃ နာရီလောက် အပြင်းအထန် လေ့လာပြီး နောက်ရက်တွေမှာ လုံးဝမလုပ်တော့တာထက်၊ တစ်နေ့ကို ၁၅ မိနစ်ပဲဖြစ်ဖြစ် နေ့တိုင်းပုံမှန်လုပ်တာက အများကြီးပိုကောင်းပါတယ်။

"The Best Investment is Yourself" 💡 ဆိုတဲ့စကားအတိုင်း ဒီနေ့ကစပြီး တခြားဘယ်အရာကိုမှ စဉ်းစားမနေဘဲ ကိုယ့်အပေါ်ကိုသာ အာရုံအပြည့်စိုက်ကာ အလေ့အကျင့်ကောင်းတွေကို တစ်ရက်ချင်းသာ ပုံဖော်သွားလိုက်တော့နော် Homie တို့ရေ....

ဒီ Content လေးက Homie လေးတို့အတွက် အကျိုးရှိရင် Home Education Page ကို Like and Follow လုပ်သွားဦးနော်

https://t.me/homeeducationorg






05/06/2026

ထူးချွန်မှု နောက်ကွယ်က အောင်မြင်မှု လျှို့ဝှက်ချက်ဆိုရင် ဘာလို့ထင်လဲ….💭

“စည်းကမ်း” ဆိုတဲ့ စကားလုံးကြားတာနဲ့ ကျောင်းသားအများစုက ကန့်သတ်ချက်တွေကိုပဲ ပြေးမြင်တတ်ကြတယ် တကယ်တမ်း Self-Discipline ဆိုတာ ချုပ်နှောင်မှု မဟုတ်ဘဲ အောင်မြင်မှုကို လမ်းပြပေးနေတဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ 🌱

ဒါကြောင့် Self-Discipline ဟာ ကန့်သတ်ချက်တစ်ခုဆိုတာထက် ပိုပြီး ပန်းတိုင်ဆီ တွန်းပို့ပေးတဲ့ “လျှို့ဝှက်လက်နက်တစ်ခု” လို့ဆိုရမှာပါ။

ဒါဆိုရင် စည်းကမ်းရှိတဲ့ကျောင်းသားတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုအလေ့အကျင့်ကောင်းတွေ မွေးမြူသင့်လဲဆိုတာ အတူလေ့လာကြည့်လိုက်ရအောင်နော်🧐

🌟Build Self-Trust Through Discipline

ကျောင်းသားအများစုက Self-Discipline ဆိုတာနဲ့ ရှုပ်ယှက်ခတ်နေတဲ့ အချိန်ဇယားကိုပဲ တွေးမိတတ်ကြပေမဲ့ အရေးကြီးဆုံးအပိုင်းက ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ပါပဲ။

ဥပမာ- “ဒီနေ့တော့ စာကို (၂) နာရီကျက်မယ်” လို့ ဆုံးဖြတ်ချက်ချထားပြီး လုပ်နိုင်သွားတဲ့အခါ “ငါကဆုံးဖြတ်ထားတဲ့အတိုင်း လုပ်နိုင်တာပဲ” ဆိုတဲ့ အတွေးက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုတိုးလာစေပါတယ်

🌳 Discipline Grows Like a Tree

Self-Discipline ဆိုတာ သစ်ပင်စိုက်ရတာမျိုးနဲ့ တူပါတယ် ချက်ချင်းတော့ အရိပ်မရပေမဲ့ နေ့တိုင်း ပြုစုပျိုးထောင်ပေးရင် အရိပ်ရတဲ့ သစ်ပင်ကြီးဖြစ်လာနိုင်သလို နေ့စဉ် စည်းကမ်းရှိတဲ့လုပ်ရပ် အသေးလေးတွေကနေပဲ အနာဂတ်မှာ ကြီးမားတဲ့ ရလဒ်တွေကို ဖန်တီးပေးပါလိမ့်မယ်။

ဥပမာ- ကျောင်းသားတစ်ယောက်က နေ့တိုင်း စာဖတ်မယ်ဆိုရင် ခဏအတွင်း စာတော်မလာနိုင်ပေမဲ့ လအနည်းငယ်အကြာမှာတော့ အရင်ကထက် ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်လာနိုင်ပါတယ်

🎯 Doing What Needs To Be Done

တစ်ခါတစ်လေမှာ လွယ်တာကိုရွေးရမလား၊ အရေးကြီးတာကိုလုပ်ရမလားဆိုပြီး ကျောင်းသားတိုင်း ခေါင်းစားတတ်ကြတယ် ဒီလိုအချိန်မှာ ခဏတာလွယ်ကူမှုတွေကိုပဲ ရွေးနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ စာမပြီးတာ၊ စိတ်ဖိစီးတာတွေ ကြုံလာရနိုင်ပါတယ်။

အပြန်အလှန်အနေနဲ့ ခဏတာပျော်ရွှင်မှုကို ဘေးဖယ်ထားပြီး အရေးကြီးတာကို ရွေးချယ်တတ်ဖို့လိုပါတယ် ဒါမှလည်း အချိန်ကို ကောင်းကောင်းအသုံးချလာနိုင်မှာဖြစ်ပြီး စည်းကမ်းရှိတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ပြောင်းလဲလာနိုင်မှာပါ✨

💨 Train Your Mind, Not Just Your Time

ကျောင်းသားအများစုက အချိန်ကိုအသုံးချတတ်ရင် အဆင်ပြေပြီလို့ ထင်ကြပေမဲ့ အချိန်ထက် စိတ်ကိုထိန်းချုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ် အချိန်ဇယားတစ်ခုရှိနေရင်တောင် စိတ်မထိန်းနိုင်တာက အကြီးမားဆုံးအားနည်းချက် ဖြစ်စေနိုင်ပါတယ် 🫯

ဥပမာ- စာမပြီးသေးဘဲ စိတ်ထဲ “ခဏနားလိုက်မယ်” လို့တွေးမိရင်တောင် စိတ်ကိုအလိုမလိုက်ဘဲ လုပ်နေတဲ့စာကို ပြီးအောင်လုပ်နိုင်တာကသာကိုယ်ပိုင်စည်းကမ်းရှိတဲ့ ကျောင်းသားတစ်ယောက်ပါ✨

🔋Forgive yourself,Then Restart

ကျောင်းသားဘဝမှာ အမြဲတမ်းထူးချွန်ထက်မြက်နေဖို့က မလွယ်ကူပါဘူး တစ်ခါတစ်လေ စာမပြီးတာ၊ Deadline နောက်ကျတာလည်း ဖြစ်တတ်ကြပါတယ် ဒါအပြင် ဘဝမှာ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင် ကိုယ့်ကိုကိုယ် အပြစ်တင်မယ့်အစား နားလည်ပြီးခွင့်လွှတ်ပေးနိုင်ဖို့က ပိုအရေးကြီးပါတယ် ✨

ဒါကြောင့် ကိုယ့်ကိုကိုယ် အရမ်းဖိအားမပေးဘဲ အလေ့အကျင့်ကောင်းတွေကို ဖြည်းဖြည်းချင်း သင်ယူပြီး တစ်လှမ်းချင်းစီ တိုးတက်အောင် ကြိုးစားကြည့်ကြရအောင်နော်💪🏻

💭Homie လေးတို့အတွက် အခုပြောပြသွားတဲ့ အလေ့အကျင့်တွေထဲကနေ လိုက်နာဖို့ခက်ခဲတဲ့ Self-Discipline တစ်ခုဆိုရင် ဘယ်အချက်ဖြစ်မယ်လို့ထင်လဲ?

ဒီလိုမျိုး Students’ Lifestyle နဲ့ပတ်သတ်တဲ့ Knowledge Sharing Content တွေကို ဖတ်ရှုချင်တယ်ဆိုရင် Home Education ရဲ့ page ကို Like & Follow လုပ်ထားကြဦးနော် ✨

https://t.me/homeeducationorg






04/06/2026

စာလုပ်ဖို့ အချိန်ဆွဲ ပျင်းရိနေတာတွေကို ရပ်တန့်ပစ်မယ့် SMART Goals Method 🏆

Homie လေးတို့ရေ… စာသင်နှစ်အသစ်တစ်ခု စတင်တိုင်း...ဒါမှမဟုတ် သင်တန်းအသစ်တစ်ခု တက်ရတိုင်း... “ဒီတစ်ခါတော့ စာ တကယ်ကြိုးစားတော့မယ်” လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးဖူးကြမှာပါ။ ဒါပေမဲ့ ရက်အနည်းငယ်ကြာတဲ့အခါ အဲဒီစိတ်ကူးတွေဟာ ပျောက်ဆုံးသွားတာမျိုးဖြစ်ဖူးကြလား... 🧐

အဲဒါက ကိုယ့်မှာ ကြိုးစားချင်စိတ် မရှိလို့ မဟုတ်ဘဲ ကိုယ်ချမှတ်လိုက်တဲ့ ရည်မှန်းချက်က ဝေဝါးပြီး လက်တွေ့မကျလို့ ဖြစ်ပါတယ်။ “စာကြိုးစားမယ်” ဆိုတာစိတ်ကူးသက်သက်ပဲ ရှိသေးပြီး ရည်မှန်းချက် (Goal) မဟုတ်သေးပါဘူး။

ဒါကြောင့် ပညာရေးမှာ တကယ်အောင်မြင်မှုရစေမယ့်အပြင် လက်တွေ့လည်း အကောင်အထည်ဖော်လို့ရမယ့် SMART Goals Method ကိုသုံးပြီး ဘယ်လိုမျိုးကြိုးစားလို့ရလဲဆိုတာကိုမျှဝေပေးသွားပါမယ်

အရင်ဦးဆုံး ဒီ SMART ဆိုတဲ့စာလုံးက...
S - Specific (တိကျသော)
M - Measurable (တိုင်းတာ၍ရသော)
A - Achievable (အောင်မြင်နိုင်ခြေရှိသော)
R - Relevant (ဆက်စပ်မှုရှိသော)
T - Timely or Time-bound (အချိန်သတ်မှတ်ချက်ရှိသော)
ဆိုတဲ့စာလုံးတွေရဲ့အရှေ့စာလုံးကိုယူပြီး ရေးထားတဲ့အတိုကောက်စာလုံး (Acronym) တစ်ခု ပဲဖြစ်ပါတယ်။ ဒါဆို ဒီစာလုံးတစ်လုံးချင်းစီကနေ ဘယ်လိုမျိုး “SMART Academic Goals”ကို ချမှတ်လို့ရမလဲဆိုတာ... အတူတူ လေ့လာကြည့်ရအောင်👇

• Specific - တိတိကျကျ ရှိပါစေ 🔍

ရည်မှန်းချက်ဆိုတာ ဝေဝါးမနေဘဲ ကွက်ကွက်ကွင်းကွင်း မြင်သာဖို့ လိုပါတယ်။ ဥပမာ..
ဝေဝါးတဲ့ ပန်းတိုင် - "ငါ ဒီလထဲမှာ သင်္ချာအများကြီးတွက်မယ်"ဆိုတဲ့အစား
တိကျသော ပန်းတိုင် - "ငါ ဒီလထဲမှာ Maths Chapter (1) ကို အပြီးလေ့ကျင့်မယ်" ဆိုတဲ့ပုံစံမျိုးသတ်မှတ်တာက ကိုယ့်အတွက် ပိုတိကျတဲ့ပန်းတိုင်ဖြစ်သလို ဦးနှောက်ကိုပါ "ဘာလုပ်ရမလဲ"ဆိုတာ သေချာစေတာကြောင့် ကောင်းစွာအကောင်အထည်ဖော်နိုင်မှာ အမှန်ပါပဲ။

• Measurable - တိုင်းတာလို့ ရပါစေ 📊

ကိုယ့်ရဲ့ တိုးတက်မှုကို ကိုယ်တိုင် ပြန်လည်ဆန်းစစ်နိုင်ဖို့ ဂဏန်းအချက်အလက် သို့မဟုတ် ပမာဏ တစ်ခုခု ရှိနေရပါမယ်။
တိုင်းတာ၍မရသော ပန်းတိုင် - "ဒီနေ့ Essay တွေရေးနိုင်သလောက်ရေးမယ်"
တိုင်းတာ၍ရသော ပန်းတိုင် - "ဒီနေ့ ညနေမှာ Essay (၁) ပုဒ်ကို သေသေချာချာရေးမယ်"

• Achievable - လက်တွေ့ ဖြစ်နိုင်ခြေ ရှိပါစေ 🧗‍♂️

ရည်မှန်းချက်ကြီးတာ ကောင်းပေမဲ့ ကိုယ့်ရဲ့ လက်ရှိလုပ်နိုင်စွမ်းထက် ကျော်လွန်ပြီး မဖြစ်နိုင်သေးတဲ့သတ်မှတ်ချက်တွေထားတာက ကိုယ့်အတွက် ပိုပြီးဖိအားများသလို စိတ်ပင်ပန်းပြီး stress တွေလည်းပိုပိနိုင်ပါတယ်။
မဖြစ်နိုင်သော ပန်းတိုင် - "မနက်ဖြန် စာမေးပွဲအတွက် ဒီညတစ်ညတည်းနဲ့ စာအုပ်တစ်အုပ်လုံး အလွတ်ရအောင် ကျက်မယ်"
ဖြစ်နိုင်သော ပန်းတိုင် - "စာမေးပွဲမတိုင်ခင် တစ်ပတ်အလိုကတည်းက နေ့တိုင်း စာမျက်နှာ (၁၀) မျက်နှာစီကို နားလည်အောင် ပုံမှန်ဖတ်သွားမယ်"

• Relevant - ကိုယ့်အတွက် တကယ်အရေးကြီးပါစေ 🎯

ကိုယ်ချမှတ်လိုက်တဲ့ ပန်းတိုင်ဟာ ကိုယ်သွားချင်တဲ့ ပညာရေးလမ်းကြောင်း ဒါမှမဟုတ် အနာဂတ် ရည်မှန်းချက်တွေနဲ့ တကယ်ရော ကိုက်ညီမှုရှိရဲ့လားဆိုတာ ဆန်းစစ်ရပါမယ်။
ဥပမာ - ကိုယ်က အနာဂတ်မှာ Software Engineer တစ်ယောက် ဖြစ်ချင်တာဆိုရင် အခုလက်ရှိ Advanced Mathematics အခန်းတွေကို သေချာနားလည်အောင် လုပ်ဖို့ ပန်းတိုင်ချမှတ်ခြင်းက ကိုယ့်ရဲ့ အနာဂတ်ပန်းတိုင်နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။

• Time-bound - အချိန်ကာလ သတ်မှတ်ချက် ရှိပါစေ ⏳

သတ်မှတ်ထားတဲ့ အချိန် (Deadline) မရှိရင် လူတွေက လုပ်ရမယ့်အလုပ်ကို ရွှေ့ဆိုင်းတတ်ကြပါတယ်။ ဒါကြောင့် စာလုပ်တဲ့အခါ အချိန်ကန့်သတ်ချက် ထားရှိခြင်းက ပိုပြီး အာရုံစူးစိုက်မှု ကောင်းစေသလို အချိန်ဆွဲပျင်းရိနေတာမျိုးကိုလည်း လျော့စေနိုင်ပါတယ်နော် 🤗
အချိန်မပါသော ပန်းတိုင် - "IELTS အတွက် စာလုံးအသစ်တွေ ကျက်မယ်"
အချိန်ပါသော ပန်းတိုင် - "လာမယ့် သောကြာနေ့ ညနေ ၅ နာရီမတိုင်ခင် IELTS Academic စာလုံးအသစ် ၅၀ ကို အဓိပ္ပာယ်ရော ဝါကျတည်ဆောက်ပုံပါ ရအောင် လေ့လာမယ်"

ကဲ Homie တို့ရေ...တိကျသေချာတဲ့ပန်းတိုင်မရှိတဲ့ ကြိုးစားမှုဟာ ဘယ်လောက်ပဲကြိုးစားပါ‌စေ လိပ်စာမပါတဲ့ စာတစ်စောင်ကို ပို့နေရသလိုမျိုး လမ်းပျောက်ပြီး ရောက်သင့်တဲ့နေရာကို ရောက်မှာ မဟုတ်ပါဘူး 🙅‍♀️

ဒါကြောင့် SMART Goals တွေကို ချမှတ်ပြီး အထာကျကျနဲ့ ကြိုးစားနိုင်ဖို့အတွက် အပေါ်က အချက်လေးတွေကို အသုံးချကြည့်ကြဖို့ Homie တို့ကို တိုက်တွန်းချင်ပါတယ် ✨

ကိုယ့်ရဲ့ ပညာရေးလမ်းကြောင်းမှာ အထောက်အကူပြုမယ့် ဒီလို ဗဟုသုတရစရာအကြောင်းအရာတွေကို အမြဲဖတ်ရှုနိုင်ဖို့အတွက် Home Education ရဲ့ Social Media တွေကိုလည်း Like and Follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးနော် 🎯💁‍♀️”






03/06/2026

😞 ကျရှုံးရမှာကို ကြောက်နေလို့ အခွင့်အရေးတွေ ဘယ်နှစ်ခါ ဆုံးရှုံးလိုက်ရလဲ?

တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ကျရှုံးမှုကြောင့် မနာကျင်ရသေးခင်ကတည်းက ကြောက်ရွံ့မှုကြောင့် အခွင့်အရေးတွေကို လက်လွှတ်လိုက်ကြပါတယ်။

Scholarship တစ်ခု လျှောက်ချင်ပေမဲ့ မရွေးချယ်ခံရမှာ ကြောက်လို့ မလျှောက်ဖြစ်ဘူး…

အိပ်မက်မက်နေတဲ့ အလုပ်တစ်ခုကို ဝင်လျှောက်ချင်ပေမဲ့ Rejected ဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး မကြိုးစားဖြစ်ဘူး…

ကိုယ်တကယ် စိတ်ဝင်စားတဲ့ Project တစ်ခုရှိပေမဲ့ မအောင်မြင်ရင် ရှက်ရမှာစိုးလို့ မစတင်ဖြစ်ဘူး…
👇နောက်ဆုံးမှာတော့ ကျရှုံးမှုကို မကြုံရပေမဲ့ အခွင့်အရေးတွေကိုတော့ ဆုံးရှုံးသွားကြပါတယ်။

“Failure is the first step to success” ဆိုတဲ့ စကားကို လူတိုင်းလိုလို ကြားဖူးကြမှာပါ။

ဒါပေမယ့် လူတော်တော်များများက Success ကို လိုချင်ကြပေမယ့် Failure ကိုတော့ မလိုချင်ကြပါဘူး...
အမှန်တော့ အောင်မြင်မှုက ရလဒ်တစ်ခုကို ပေးနိုင်ပေမဲ့ ကျရှုံးမှုကတော့ သင်ခန်းစာတွေကို ပေးပါတယ်။

➡️အောင်မြင်သွားတဲ့အချိန်မှာ “ဘာကြောင့် အောင်မြင်သွားတာလဲ” ဆိုတာကို အမြဲမစဉ်းစားမိတတ်ပေမယ့်…

ကျရှုံးသွားတဲ့အချိန်မှာတော့ “ဘယ်နေရာမှာ မှားသွားတာလဲ”၊ “ဘာတွေလိုနေသေးတာလဲ” ဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာတတ်ပါတယ်။

ဒါကြောင့် Failure ဆိုတာ အဆုံးသတ်မဟုတ်ပါဘူး။
Growth အတွက် လိုအပ်တဲ့ သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ် 🌱

🌿 Resilience ဆိုတာ ဘာလဲ?

Resilience ဆိုတာ ဘယ်တော့မှ မလဲကျတဲ့သူကို ခေါ်တာ မဟုတ်ပါဘူး။
လဲကျသွားတဲ့အခါ ပြန်ထနိုင်တဲ့သူ၊ အခက်အခဲတွေကြားထဲမှာတောင် ရှေ့ဆက်နိုင်တဲ့သူကို Resilient Person လို့ ခေါ်ပါတယ်..ဘဝမှာ လူတိုင်း ကျရှုံးဖူးကြပါတယ်။

ဒါပေမယ့် တချို့လူတွေက ကျရှုံးမှုမှာ ရပ်တန့်သွားကြပြီး…

တချို့လူတွေကတော့ ကျရှုံးမှုကို သင်ခန်းစာအဖြစ် အသုံးချပြီး ပိုကောင်းတဲ့ Version တစ်ခု ဖြစ်လာအောင် ကြိုးစားကြပါတယ်။
တကယ်တမ်း ကွာခြားချက်က ကျရှုံးဖူးလား၊ မဖူးလား ဆိုတာ မဟုတ်ပါဘူး။
ကျရှုံးမှုကို ဘယ်လိုမြင်လဲ ဆိုတာပါပဲ...✊

🤔 ဒါဆို Failure ကို ဘယ်လိုရင်ဆိုင်ကြမလဲ?

🍀 1. Radical Acceptance

ကျရှုံးမှုတစ်ခု ကြုံလာတဲ့အခါ လူအများစုက ဖြစ်ခဲ့တဲ့အရာကို ငြင်းဆန်နေတတ်ကြပါတယ်။
“ဒီလို မဖြစ်သင့်ဘူး…”
“ဘာလို့ ငါ့မှ ဖြစ်ရတာလဲ…”
“ငါသာ အဲ့လိုလုပ်ခဲ့ရင်…”
ဆိုတဲ့ အတွေးတွေထဲမှာ ပိတ်မိနေတတ်ကြပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့အရာကို ပြန်ပြောင်းလို့ မရပါဘူး။

Resilience ရဲ့ ပထမဆုံးခြေလှမ်းက လက်ခံခြင်း (Acceptance) ဖြစ်ပါတယ်။
“ဒီအရာက ဖြစ်ခဲ့ပြီးပြီ…”
“အခု ငါ ဘာဆက်လုပ်နိုင်လဲ…”
ဆိုတဲ့ Mindset ကို ရွေးချယ်လိုက်တဲ့အချိန်မှာပဲ ရှေ့ဆက်ဖို့ အားတွေ ပြန်ရလာပါတယ်👐

🍀 2. Curiosity > Judgement

ကျရှုံးမှုကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့က အရမ်းလွယ်ပါတယ်။

“ငါ မတော်လို့ပဲ…”
“ငါနဲ့ မကိုက်ဘူး…”
“ငါ အောင်မြင်နိုင်မှာ မဟုတ်ဘူး…”
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် Judge လုပ်တတ်ကြပါတယ်...

ဒါပေမယ့် တိုးတက်မှုကို ဖန်တီးပေးတာက Judgement မဟုတ်ပါဘူး.. Curiosity ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမဲ့အစား ဒီလိုမေးခွန်းတွေ မေးကြည့်ပါ။

🔍 ဒီအခြေအနေကို ဘာတွေက ဖြစ်စေတာလဲ?

🔍 ငါ ဘာတွေ သင်ယူနိုင်လဲ?

🔍 နောက်တစ်ခါ ပိုကောင်းအောင် ဘာလုပ်နိုင်လဲ?

🔍 ဘယ်နေရာမှာ တိုးတက်ဖို့ လိုသေးလဲ?

ဒီမေးခွန်းတွေက ကျရှုံးမှုကို နာကျင်စရာ အတွေ့အကြုံတစ်ခုအဖြစ် မဟုတ်ဘဲ သင်ခန်းစာတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

🍀 3. Facts > Feelings

Failure ကြုံလာတဲ့အခါ စိတ်ခံစားချက်တွေက အရမ်းပြင်းထန်တတ်ပါတယ်။

“ငါ အကုန်ဆုံးရှုံးသွားပြီ…”
“ငါ မတော်ဘူး…”
“ငါ ဘယ်တော့မှ မအောင်မြင်နိုင်တော့ဘူး…”
ဆိုတဲ့ အတွေးတွေ ဝင်လာနိုင်ပါတယ်...

ဒါပေမယ့် Feeling နဲ့ Fact က မတူပါဘူး။

📍 Feeling ➜ “ငါ ကျရှုံးသူပဲ”
✅ Fact ➜ “ဒီတစ်ခေါက် မအောင်မြင်ခဲ့ဘူး”

📍 Feeling ➜ “ငါ မလုပ်နိုင်ဘူး”
✅ Fact ➜ “ငါ ထပ်လေ့လာဖို့ လိုသေးတယ်”

📍 Feeling ➜ “အားလုံးပြီးသွားပြီ”
✅ Fact ➜ “နောက်ထပ် အခွင့်အရေးတွေ ရှိသေးတယ်”

ခံစားချက်တွေက ခဏတာဖြစ်ပေမဲ့ အမှန်တရားကတော့ ပိုတည်ငြိမ်စေပါတယ်..
Fact ကို အခြေခံပြီး စဉ်းစားတတ်လာတဲ့အခါ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာမှာပါ

✨ နောက်ဆုံးအနေနဲ့…

Failure ဆိုတာ လမ်းဆုံးမဟုတ်ပါဘူး။
Success ဆီကို သွားတဲ့ လမ်းပေါ်က သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ်နော်

အရေးကြီးတာက ဘယ်နှစ်ခါ လဲကျခဲ့လဲ ဆိုတာမဟုတ်ပါဘူး...
လဲကျတိုင်း ဘာတွေ သင်ယူခဲ့လဲ၊ ဘယ်လို ပြန်ထခဲ့လဲ ဆိုတာပါပဲ။

ဒါကြောင့် Homies လေးတို့ရေ…
Fail ရမှာကို ကြောက်ပြီး အခွင့်အရေးတွေကို လက်မလွှတ်လိုက်ပါနဲ့။
ကျရှုံးမှုတွေကို ရှောင်ပြေးမဲ့အစား ရင်ဆိုင်လိုက်ပါ ... အမှားတွေထဲက သင်ခန်းစာယူလိုက်ပါ ... နှေးနေရင်တောင် ရပ်မနေလိုက်ပါနဲ့။

ဘာလို့လဲဆိုတော့ ဒီနေ့ရဲ့ Failure တစ်ခုက မနက်ဖြန်ရဲ့ Success Story တစ်ခု ဖြစ်လာနိုင်လို့ပါပဲနော် 🌱✨

💬 Homies လေးတို့ရော…
ဘဝမှာ ကျရှုံးမှုတစ်ခုကနေ အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ရခဲ့ဖူးလား?

comment မှာ မျှဝေခဲ့ပါဦးနော် 👇

ဒီလိုမျိုး အကျိုးရှိတဲ့ Content တွေကို ဆက်တင်ပေးသွားမှာဖြစ်တဲ့အတွက် Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော် 💕

https://t.me/homeeducationorg






02/06/2026

Long-Term learning ကို စိတ်ဓာတ်မကျဘဲ ဘယ်လို ဆက်လျှောက်မလဲ? 🛣️

အသစ်အဆန်းတစ်ခုကို စတင်လေ့လာတဲ့အခါ အစပိုင်းမှာ စိတ်အားထက်သန်မှု (Motivation) အရမ်းကောင်းတတ်ကြပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ်တွေ၊ လတွေကြာလာတဲ့အခါမှာတော့ ပင်ပန်းလာတတ်တာ သဘာဝပါပဲ။ ဒီလိုအချိန်မျိုးမှာ ရပ်တန့်မသွားဘဲ ဆက်လျှောက်နိုင်ဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

▫️ ရည်မှန်းချက်ကြီးကြီးကို အပိုင်းငယ်လေးတွေအဖြစ် ခွဲပါ

ကြီးမားတဲ့ ပန်းတိုင် (ဥပမာ - လစာကောင်းတဲ့ IT သမားဖြစ်ဖို့) ကိုပဲ ကြည့်ပြီး စိတ်ဖိစီးမနေပါနဲ့။ ဒီနေ့ဘာလုပ်မလဲဆိုတဲ့ "Micro-goals" လေးတွေကိုပဲ အာရုံစိုက်ပါ။ Code တစ်ကြောင်းပြင်နိုင်ရင်၊ စာတစ်မျက်နှာဖတ်နိုင်ရင် ဒါဟာ အောင်မြင်မှုပါပဲ။

▫️ "အကျိုးရလဒ်" ထက် "လုပ်ဆောင်မှု" ကို ပိုချစ်ပါ 🤍

ရလဒ်ကိုပဲ မျှော်လင့်နေရင် လမ်းတစ်ဝက်မှာ ပင်ပန်းလာတတ်ပါတယ်။ သင်ယူရတဲ့ လုပ်ငန်းစဉ် (Process) မှာ စီး‌‌မျှော်ကြည့်ပါ။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်‌တွေ တိုးတက်လာတာကို ခံစားမိတဲ့အခါ အဲဒီပျော်ရွှင်မှုကပဲ သင့်ကို ဆက်သွားဖို့ တွန်းအားပေးပါလိမ့်မယ်။

▫️ ပင်ပန်းလာရင် နားပါ၊ ရပ်တော့ မရပ်လိုက်ပါနဲ့ 🏃

Brain Fog ဖြစ်တဲ့အခါ နားဖို့ လိုပါတယ်။ နားလိုက်တာဟာ အရှုံးပေးတာ မဟုတ်ပါဘူး။ နောက်တစ်နေ့မှာ ပိုကောင်းပြီး အားအင်အပြည့်နဲ့ ပြန်လာဖို့အတွက် "Charging" လုပ်တာပါ။

▫️ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တာ ရပ်ပါ 🙅

Social Media ပေါ်က တခြားသူတွေရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး စိတ်မပျက်ပါနဲ့။ လူတိုင်းမှာ ကိုယ်ပိုင်အရှိန်နှုန်း (Own Pace) ရှိပါတယ်။ မနေ့ကထက် ဒီနေ့ပိုတော်လာရင် အဲဒါ အောင်မြင်မှုပါပဲ။

▫️ အဖော်ရှာပါ (Create your community) 💁

တစ်ယောက်တည်း လေ့လာတာထက် ဝါသနာတူသူတွေနဲ့ ချိတ်ဆက်ပြီး‌ လေ့လာတာက ပိုပြီး effective ဖြစ်ပါတယ်။ အခက်အခဲဖြစ်တဲ့အခါ တိုင်ပင်လို့ရမယ့်သူတွေရှိရင် လမ်းခရီးက ပိုပြီး ပျော်စရာကောင်းလာပါလိမ့်မယ်။
အဆုံးသတ်မှာတော့ ရေရှည်မှာ အနိုင်ရတဲ့သူဟာ အများကြီးလုပ်နိုင်တဲ့သူ မဟုတ်ဘဲ "မရပ်မနား ဆက်လုပ်နေတဲ့သူ" သာ ဖြစ်ပါတယ်။

Homies လေးတို့လည်း အခု လေ့လာနေတဲ့အရာက ဘာပဲဖြစ်ဖြစ် တစ်နေ့ကို နည်းနည်းစီပဲဖြစ်ဖြစ် အချိန်ပေးကာ ဆက်ပြီး လေ့လာပေးပါ ကြိုးစားမှုတွေက တစ်နေ့မှာတော့ အသီးအပွင့်တွေ ဖြစ်လာမှာပါနော် 💕

Homies လေးတို့ရော ဒီနေ့ ဘာတွေ သင်ယူဖြစ်လဲ?
(ဥပမာ - Code ရေးတာ၊ စာဖတ်တာ၊ သို့မဟုတ် ဘာသာစကားလေ့လာတာ) Comment မှာ ဝေမျှပေးသွားပါဦး 🥳

အခုလိုမျိုး Self-improvement နဲ့ ပတ်သက်တဲ့ Content လေးတွေ ထပ်ဖတ်ချင်တယ်ဆိုရင်တော့ HE ကို Like & Share လေးလုပ်ထားလိုက်တော့နော်!

https://t.me/homeeducationorg






01/06/2026

🔥 စာကျက်တာကြာပေမဲ့ မမှတ်မိဘူးဆိုရင် ဒီအမှားတွေကြောင့်ပါ.....

လူအများစုက "ပိုကြာကြာလေ့လာရင် ပိုတတ်လာမယ်" လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ Learning မှာ အရေးကြီးဆုံးက “ဘယ်လောက်ကြာကြာ လေ့လာလဲ” မဟုတ်ဘဲ “ဘယ်လို လေ့လာလဲ” ဆိုတာပါပဲ။

စာကျက်ပြီး စာမရတာက ဉာဏ်မကောင်းလို့ဆိုတာထက် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့ လိုနေလို့ပါ။ ဒါကြောင့် ဦးနှောက်က လေ့လာမှုတွေကို Process လုပ်ပုံက ဘယ်လိုရှိလဲဆိုတာ ကြည့်ကြရအောင် 🤔

🧠 Learning ဆိုတာ အချက်အလက်တွေကို ချိတ်ဆက်ခြင်းပါ
Learning ဆိုတာ အလွတ်ကျက်တာ မဟုတ်ဘဲ ဦးနှောက်ထဲက Neurons (အာရုံကြောဆဲလ်) တွေကြားမှာ လမ်းကြောင်းအသစ် (Synaptic Connections) တွေ ဖန်တီးတာပါ။ စာကို တစ်ခါပဲ ဖတ်ထားရင် အဲဒီ လမ်းကြောင်းက ပျောက်သွားတတ်တာကြောင့် ခဏခဏ ပြန်နွှေးပေးမှသာ လမ်းကြောင်း ပိုခိုင်မာလာမှာဖြစ်လို့ "Repetition" က မရှိမဖြစ်လိုအပ်ပါတယ်။

📖 စာအုပ်ကို ၅ ခေါက်ဖတ်တာနဲ့ ၁ ခေါက် Active Recall လုပ်တာ တန်ဖိုးမတူပါဘူး
စာအုပ်ကို Highlighters နဲ့ အရောင်စုံခြယ်၊ အထပ်ထပ် ပြန်ဖတ်ပြီး "ရပြီ" လို့ ထင်ပေမဲ့ စာမေးပွဲခန်းထဲကျမှ မေ့သွားတာ ကြုံဖူးကြမှာပါ။ ဒါဟာ ဉာဏ်မကောင်းလို့မဟုတ်ဘဲ နည်းလမ်းမှားနေလို့ပါ။
📍 Passive Reading (မျက်စိနဲ့ လျှောက်ဖတ်တာ) နဲ့ Highlight လုပ်ရုံက Learning မဟုတ်ပါဘူး
📍 Effective Learning ဖြစ်ဖို့ဆိုရင် စာဖတ်ပြီးတိုင်း တစ်ယောက်ယောက်ကို ပြန်ရှင်းပြနေသလိုမျိုး ကိုယ့်ဘာသာ အသံထွက်ပြီးပြန်ပြောကြည့်ဖို့ လိုပါတယ်

🧩 လွယ်လွယ်နဲ့ ရတာထက် ရုန်းကန်ရတဲ့အရာက ပိုစွဲကျန်ရစ်တယ်
လွယ်လွယ်နဲ့ နားလည်သွားတဲ့အရာက ကြာရှည်မခံပါဘူး။ ဦးနှောက်က နည်းနည်းခက်ခဲမှုရှိပြီး အတင်းစဉ်းစားရတဲ့အခါမျိုးမှာမှ ပိုပြီး Strong Memory ဖြစ်စေပါတယ် ဒါကို “Desirable difficulty” လို့ ခေါ်ပါတယ်။ ဒါကြောင့် အမှားလုပ်မိရင် စိတ်မပျက်ပါနဲ့ အဲဒါ ဦးနှောက်က ပိုမှတ်မိဖို့ ကြိုးစားနေတာကြောင့်ပါ။

⏳ တစ်ညလုံး အိပ်ရေးပျက်ခံကျက်တာထက် အချိန်ခွဲကျက်တာက ပိုအစွမ်းထက်တယ်
စာမေးပွဲမတိုင်ခင် တစ်ညလုံး မအိပ်ဘဲ စာအတင်းကျက်တာကလည်း အလကားပါပဲ ဘာလို့လဲဆိုတော့
📍 ဦးနှောက်က "အိပ်စက်ခြင်း" ထဲမှာပဲ Short-term memory ကို Long-term memory အဖြစ် ပြောင်းလဲပေးတာဖြစ်လို့ မအိပ်ရင် ကျက်သမျှ အလွယ်တကူ မေ့သွားတတ်ပါတယ်။
📍 ဦးနှောက် Focus က မိနစ် ၃၀ ကျော်ရင် ကျတတ်လို့ Pomodoro Technique (၂၅ မိနစ်စာဖတ်၊ ၅ မိနစ်နား) နည်းလမ်းကိုသုံးကာ အချိန်ခြားပြီး ပြန်လေ့လာတာက ပိုပြီး ထိရောက်မှုရှိပါတယ်။

🔑 အမှတ်ကောင်းဖို့အတွက် အကောင်းဆုံးသော လျှို့ဝှက်ချက်
အကောင်းဆုံးနည်းလမ်းကတော့ Blurting Method ပါ။ စာမျက်နှာတစ်ခု ဖတ်ပြီးတိုင်း၊ ဒါမှမဟုတ် Vocabulary တွေလေ့လာပြီးတိုင်း
👉 စာအုပ်ကိုပိတ်၊ စာရွက်အလွတ်ပေါ်မှာ မှတ်မိသမျှ အကုန်ချရေးကြည့်ပါ
👉 ​ဒီနည်းလမ်းက ဦးနှောက်ကို အချက်အလက်တွေ ပြန်စဉ်းစားအောင် တွန်းအားပေးတာကြောင့် မှတ်ဉာဏ်လမ်းကြောင်းကို အမြန်ဆုံး ခိုင်မာစေပါတယ်။

စာကျက်ရတာ၊ အသစ်တစ်ခုလေ့လာရတာက ပင်ပန်းပြီး ခေါင်းစားတယ်လို့ ခံစားရရင် မစိုးရိမ်ပါနဲ့။ ဒါဟာ သင့်ဦးနှောက်က လမ်းကြောင်းအသစ်တွေ ဆောက်ဖို့အတွက် ကြိုးစားအလုပ်လုပ်နေလို့ပဲ ဖြစ်ပါတယ်🛠️

ဒါကြောင့် Homie လေးတို့လည်း စာကျက်ရတာ ခက်ခဲနေလို့ ကိုယ့်ကိုယ်ကို မတော်ဘူးလို့ မထင်လိုက်ပါနဲ့ 🙅
တကယ်လိုအပ်တာက ပိုကြိုးစားဖို့မဟုတ်ဘဲ ပိုထိရောက်တဲ့ နည်းလမ်းကို ရွေးချယ်ဖို့ပါ နည်းလမ်းမှန်မှန်နဲ့ လေ့လာနိုင်ရင် ကျောင်းစာတင်မကဘဲ ကိုယ်ပြင်ဆင်နေတဲ့ ဘယ်လို စာမေးပွဲအတွက်မဆို တိုးတက်မှုပိုမို မြန်‌‌ဆန်လာမှာဖြစ်ပြီး မထင်ထားလောက်တဲ့ Result တွေကိုပါရရှိစေမှာအသေအချာပါပဲ။

လက်ရှိမှာ စာကျက်ရင် ဘယ်လိုနည်းလမ်းတွေကို သုံးဖြစ်နေလဲဆိုတာ Comment မှာ မျှဝေခဲ့ပါဦးနော် 👇

ဒီလိုမျိုး အကျိုးရှိတဲ့ Educational Content တွေကို ဆက်တင်ပေးသွားမှာဖြစ်တဲ့အတွက် Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော် 💕

https://t.me/homeeducationorg






31/05/2026

"ခြေတစ်လှမ်း ကုဋေတစ်သန်း" ဆိုသလို....ခြေလှမ်းတိုင်းကအရေးပါတယ်နော်....👣✨️

Homies တို့ရေ ပန်းတိုင်ကိုပဲ အာရုံရောက်ပြီး လမ်းခရီးက ခြေလှမ်းတစ်လှမ်းချင်းကို မေ့ထားလိုက်ကြပြီလား....?

"ငါဘယ်တော့မှ လိုချင်တဲ့နေရာ ရောက်မှာလဲ" ဆိုတဲ့အတွေးက လမ်းခုလတ်မှာတင် တို့တွေကို အမောဆို့ပြီး လက်လျှော့ချင်စိတ်တွေ ဝင်လာစေတယ်ဆိုတာရော မေ့နေကြပြန်ပြီလား....👀

ဒီလိုအတွေးမျိုးတွေက ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် မရောက်စေတဲ့ အပြင် နောက်ပြန်ဆွဲထားသလိုတောင် ဖြစ်နေပါလိမ့်မယ် ✅️ ဒါကြောင့် စတင်မှုမှာမျှော်လင့်ချက်ဆိုတဲ့ ခွန်အားရှိသလို အဆုံးထိလျှောက်လှမ်းဖို့ ကိုယ့်ရဲ့ နေ့စဉ် တိုးတက်မှုလေးတွေကနေ အားပြန်ယူဖို့လိုအပ်ပါတယ်။

အဝေးက ပန်းတိုင်ကိုပဲ ထိုင်ကြည့်မနေဘဲ အနီးက ကိုယ့်ရဲ့ တိုးတက်မှုတွေကို နေ့စဉ်ဘယ်လို Track လုပ်နိုင်မလဲ ဆိုတာကို ပြောပြပေးသွားမှာမို့ ထိုင်ကြည့်နေတာတွေရပ်ပြီး လက်တွေ့ကူပေးနိုင်တဲ့ နည်းလမ်းတွေကို ဆုံးအောင်ဖတ်သွားကြနော်...❗️

📊 𝐕𝐢𝐬𝐮𝐚𝐥 𝐓𝐫𝐚𝐜𝐤𝐢𝐧𝐠
ကိုယ့်ရဲ့ နေ့စဉ် Progress တွေကို မြင်သာအောင် Track လုပ်ထားတာက ဦးနှောက်က ထုတ်တဲ့ ပျော်ရွှင်မှုနဲ့ တွန်းအားပေးတဲ့ ဟော်မုန်း (Dopamine) ကိုပိုဖြစ်စေတာကြောင့် ဂိမ်းကစားရာမှာ အမှတ်တက်လာတာကို မြင်ရသလိုမျိုး ရှေ့ဆက်ဖို့ခွန်အားကို ဖြစ်စေမှာ အမှန်ပါ။

➡️ Progress Bar တွေ၊ Tracker Sheets တွေ၊ ပြက္ခဒိန်တွေကို သုံးပြီး မျက်စိနဲ့မြင်သာအောင် ရေးဆွဲမှတ်သားကြည့်ပါ

📸 𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬 𝐒𝐧𝐚𝐩𝐬𝐡𝐨𝐭
တစ်ခါတလေမှာ ကိုယ်တိုးတက်နေတယ်ဆိုတာကို ကိုယ်တိုင်တောင် သတိမထားမိတတ်တာကြောင့် ကိုယ်သင်ယူထားတဲ့ Note တွေ၊ Project တွေ၊ Certificate တွေကို Screenshot (သို့) Photo ရိုက်ပြီး သိမ်းထားပါ။

➡️ အပတ်စဉ် ပြန်ကြည့်တဲ့အခါ “ငါ ဒီလောက်တောင် ရောက်လာပြီပဲ” ဆိုတဲ့ Motivation ရစေပြီး ရှေ့ဆက်ဖို့ ခွန်အားပိုဖြစ်စေပါတယ်။

📝 𝐓𝐢𝐦𝐞 𝐁𝐥𝐨𝐜𝐤𝐢𝐧𝐠 & 𝐋𝐨𝐠 𝐖𝐫𝐢𝐭𝐢𝐧𝐠
ကိုယ့်ရဲ့ Improvement တွေကို စိတ်ထဲမှာပဲ မှတ်ထားတာထက် ချရေးပြီး Track လုပ်တတ်တာက ရည်မှန်းချက်တွေကို ပိုပြီး လက်တွေ့အကောင်အထည်ဖော်နိုင်စေပါတယ်။

➡️ နေ့စဉ်လုပ်ရမဲ့ အလုပ်တွေကို အချိန်အပိုင်းအခြားအလိုက်သတ်မှတ်ပြီး လုပ်ပြီးသွားတာတွေကို Daily Journal (သို့) Digital Note မှာချရေးထားလိုက်ပါ

🏆 𝐅𝐨𝐜𝐮𝐬 𝐨𝐧 𝐒𝐦𝐚𝐥𝐥 𝐖𝐢𝐧𝐬
ကြီးမားတဲ့အောင်မြင်မှု၊ အနိုင်ရမှုတွေထက် နေ့စဉ် နည်းနည်းချင်းစီတိုးတက်နေတာကို မြင်နိုင်ပြီး အသိအမှတ်ပြုပေးတာက လူတစ်ယောက် ရှေ့ဆက်နိုင်စွမ်းရှိဖို့ ခွန်အားကိုပေးတာပါ ဒါဟာ သင်ယူမှုခရီးစဉ်မှာ ရှေ့ပိုရောက်စေတဲ့ တွန်းအားဆိုလည်း မမှားပါဘူး....

➡️ Module တစ်ခုပြီးတာ၊ Quiz တစ်ခုအောင်တာ၊ Chapter တစ်ခုကို ပိုင်နိုင်သွားတာ....ဒါမျိုး သေးငယ်တဲ့ အောင်မြင်မှုတိုင်းကို ချီးကျူးဂုဏ်ယူပေးပါ။

✅️ 𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐯𝐞 𝐑𝐞𝐯𝐢𝐞𝐰𝐬
ကိုယ့်ရဲ့ တိုးတက်မှုတွေကို Track လုပ်နေရုံ၊ ချီးကျူးနေရုံအပြင် ပြန်ပြီး Reflect လုပ်တတ်ဖို့လည်းလိုပါသေးတယ်....ဒါမှ ကိုယ်လုပ်နေတဲ့ နည်းလမ်းက အဆင်မပြေတာ လမ်းချော်နေတာတွေရှိရင် နည်းလမ်းအသစ်နဲ့ အချိန်မီပြန်တည့်မတ်နိုင်မှာပါ။

➡️ အပတ်စဥ် (သို့) လစဉ် အချိန်တစ်ခု သီးသန့်ပေးပြီး "ငါဘယ်အပိုင်းမှာ အားကောင်းနေပြီလဲ....ဘယ်အရာကတော့ အချိန်ပိုပေးရဦးမယ်" ဆိုတာတွေကို ပြန်သုံးသပ်ကြည့်ပါ။

သေးငယ်တဲ့ တိုးတက်မှုမို့လို့ အဓိပ္ပာယ်မရှိဘူးလို့ မတွေးလိုက်ပါနဲ့ ဘယ်လောက်ပဲသေးငယ်ပါစေ နောက်ဆုံးမှာ ကိုယ်အောင်မြင်ဖို့ကို အကူအညီပေးနေတာကြောင့် ပန်းတိုင်ရောက်ဖို့ သွားနေတဲ့ ခြေလှမ်းတစ်လှမ်းချင်းကို Track လုပ်ပြီး Appreciate လုပ်တတ်ဖို့လိုတယ်နော်

လက်လျော့ချင်စိတ်တွေဖြစ်လာပြီးဆိုရင် ကိုယ်မတော်လို့မဟုတ်ဘဲ အရေးကြီးတဲ့ သေးငယ်တဲ့ ခြေလှမ်းလေးတွေကိုမေ့နေလို့ဆိုတာ သတိရပေးပါ...ဒါကြောင့် ပန်းတိုင်ရောက်ဖို့အရေးပါတဲ့ ခြေလှမ်းလေးတွေ ခွန်အားအပြည့်နဲ့ ပေါ့ပါးနေဖို့ ဒီနေ့ကစပြီး ကိုယ့်ရဲ့ Progress ကို Track လုပ်ထားလိုက်ကြတော့ Homies တို့ရေ....✨️

အခုလိုမျိုး ကိုယ့်အတွက်အကျိုးပြုတဲ့ Content တွေကို နေ့စဉ်မပြတ် ဖတ်ရှု့လေ့လာချင်တယ်ဆိုရင်တော့ Home Education ရဲ့ Social Media တွေကို Like & Follow လုပ်ထားဖို့လိုတယ်နော်....🫶

https://t.me/homeeducationorg






30/05/2026

လမ်းပျောက်နေတာလား....အဝေးကြီးကိုတွေးပြီး အတွေးလွန်သွားတာလား...⁉️

လူငယ်တော်တော်များများက “နောက် 2-3 နှစ်ကြာရင် ဘယ်နေရာရောက်နေမလဲ” ဆိုပြီး အနာဂတ်အတွက်တွေးပူတတ်သလို အောင်မြင်ချင်ပေမဲ့ “ဘယ်ကစရမလဲ” ဆိုတဲ့ မေးခွန်းတွေကြောင့်ပါ စိတ်ရှုပ်ပြီး ပူပန်နေတတ်တာ သဘာဝပါပဲ....ဒါကလမ်းပျောက်နေတယ် ဆိုတာထက် အဝေးကြီးကိုတွေးပြီး အတွေးလွန်သွားတာပါ။

အနာဂတ်ကို ကြိုမမြင်နိုင်ပေမဲ့ ကြိုပြင်ဆင်ထားလို့ရတာမို့ စနစ်တကျ ပြင်ဆင်ပြီး အဝေးကြီးကိုတွေးနေမဲ့အစား အနီးစပ်ဆုံး (1) နှစ်တာအတွင်း ကိုယ့်ရဲ့ Career ကိုလုံးဝပြောင်းလဲသွားနိုင်စေမဲ့ Goals တွေကို ဘယ်လိုချပြီး "1 Year Roadmap" ဘယ်လိုဆွဲလို့ရလဲဆိုတာ ကြည့်လိုက်ရအောင် 👉

📍 𝐀𝐮𝐝𝐢𝐭 𝐘𝐨𝐮𝐫 𝐏𝐫𝐞𝐬𝐞𝐧𝐭
Roadmap တစ်ခုဆွဲဖို့ဆိုရင် ဘယ်ကစဆွဲရမလဲ ဆိုတာသိဖို့လိုတာကြောင့် ကိုယ်အခုဘယ်လိုအခြေအနေရှိလဲ ဆိုတာအရင်ဆုံးပြန်ဆန်းစစ်ကြည့်ပါ ✅️ လက်ရှိမှာဘယ်လို Hard Skill/ Soft Skill တွေရှိလဲ၊ Language Skill ဘယ်လောက်ရှိလဲ....စတဲ့မေးခွန်းတွေကိုပြန်မေးပါ

ဒါမှ ပန်းတိုင်နဲ့ လက်ရှိအခြေအနေကြားက ကွာဟချက်ကိုသိနိုင်မှာဖြစ်သလို လိုအပ်တဲ့ Skill တိုးတက်မှုကို အာရုံစိုက်နိုင်မှာဖြစ်ပြီး တိကျတဲ့ Goal ကိုပါချမှတ်စေနိုင်မှာပါ။

🎯 𝐒𝐞𝐭 "𝐒𝐌𝐀𝐑𝐓" 1-𝐘𝐞𝐚𝐫 𝐆𝐨𝐚𝐥𝐬
ယေဘုယျဆန်တဲ့ Goals တွေကဦးနှောက်ကို တွန်းအားမပေးတဲ့အတွက် ပန်းတိုင်ကို သတ်မှတ်တဲ့နေရာမှာ တိကျပြတ်သားဖို့လိုပါတယ် ဒီအတွက် SMART Framework ကိုသုံးကြည့်ပါ
🔸️Specific– တိကျရမယ်
🔸️Measurable– တိုင်းတာလို့ရရမယ်
🔸️Achievable– ဖြစ်နိုင်ခြေရှိရမယ်
🔸️Relevant– ကိုယ်ရဲ့ Career နဲ့ ကိုက်ညီမှုရှိရမယ်
🔸️Time-bound– အချိန်ကာလ သတ်မှတ်ချက်ပါရမယ်

➡️ ဥပမာ– နောက်နှစ်မှာ အလုပ်ရချင်တယ်ဆိုတာထက်....နောက်နှစ် ဘယ်အချိန်မှာတော့ Graphic Designer အနေနဲ့ Freelancer လုပ်မယ်ဆိုပြီး တိတိကျကျ သတ်မှတ်ကြည့်ပါ။

🗓 𝐓𝐡𝐞 𝐐𝐮𝐚𝐫𝐭𝐞𝐫 𝐒𝐲𝐬𝐭𝐞𝐦
(1) နှစ်ဆိုတာဟာ လူတစ်ယောက်ကို ပျင်းရိပြီး Goals တွေကို မေ့လျော့သွားစေဖို့ လုံလောက်တဲ့အချိန်ကာလဖြစ်တာကြောင့် ကိုယ့်ရဲ့ Goals ကို ပန်းတိုင်အသေးလေးတွေအဖြစ် (4) ပိုင်းခွဲပြီး တစ်ပိုင်းစီအာရုံစိုက်ပါ
👉 Quarter 1: အခြေခိုင်ဖို့လိုတာကြောင့် မရှိမဖြစ်လိုအပ်တဲ့ Skill တွေကို သေသေချာချာ လေ့လာပါ

👉 Quarter 2: လက်တွေ့လုပ်ရတဲ့ Project တွေကနေတဆင့် လုပ်ငန်းအတွေ့အကြုံယူပြီး Portfolio တည်ဆောက်ပါ

👉 Quarter 3: လိုအပ်ချက် အားနည်းချက်တွေကိုပြင်ပြီး ပို Advanced ကျအောင်ဖြည့်စွက်ပါ

👉 Quarter 4: သင်ယူထားတဲ့ Skill Set ကိုသုံးပြီး Career upgrade လုပ်တာ၊ Freelancer လုပ်တာ အလုပ်သစ်ရှာတာတွေလုပ်ပါ

အခုလိုခွဲလိုက်တော့ မနိုင်ဝန်ထမ်းရသလိုမဖြစ်တော့ဘဲ တစ်ပိုင်းချင်းစီကို သေချာအာရုံစိုက်နိုင်တာကြောင့် ခြေလှမ်းတွေက ပိုပြီးလက်တွေ့ကျလာမှာအမှန်ပါပဲ 👍

🕰 𝐃𝐚𝐢𝐥𝐲 𝐑𝐨𝐮𝐭𝐢𝐧𝐞 & 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐨𝐧
Roadmap တစ်ခုရှိနေပေမဲ့ လက်တွေ့လိုက်မလုပ်ရင် အလကားမို့လို့ တစ်နေ့တာမှာ ကိုယ့်ရဲ့ Peak Energy Hour ကိုရှာပြီး 1-2 နာရီလောက်အချိန်ပေးကာ Career တိုးတက်ဖို့ကိုပဲ အာရုံစိုက်ပါ....
(1) နှစ်အတွင်း အံ့ဩရလောက်တဲ့ တိုးတက်မှုတွေနဲ့ Result တွေရလာမယ်ဆိုတာ ယုံကြည်ထားလိုက်ကြနော်

✅️ ဥပမာ– 7am - 9am အထိ Content Writing နဲ့ပတ်သက်တာလေ့လာမယ်/ လေ့ကျင့်မယ်ဆိုပြီး သေသေချာချာ သတ်မှတ်ထားပါ

📌 Goals တွေ သတ်မှတ်ပြီး Roadmap ဆွဲနည်းပြောပြီးသွားပြီဆိုတော့ အဓိကသတိထားရမဲ့ အချက်လေးတွေကိုဆက်ကြည့်ရအောင်–

❌️ 𝐌𝐮𝐥𝐭𝐢𝐭𝐚𝐬𝐤𝐢𝐧𝐠 ကို ရှောင်ကြဉ်ပါ
Skill တွေမလိုအပ်ဘဲ အများကြီး တပြိုင်တည်း လိုက်မသင်ပါနဲ့ 👉 ဥပမာ– Graphic Design ရော၊ Coding ရော၊ Language ပါ တစ်ပြိုင်တည်းလေ့လာတာမျိုးပေါ့....ဒါကအာရုံထွေပြားစေပြီး အချိန်ပိုကုန်တာမို့ "One Skill At A Time" ကိုပဲအာရုံစိုက်ပေးပါ။

❌️ 𝐃𝐨𝐧'𝐭 𝐅𝐨𝐫𝐠𝐞𝐭 𝐭𝐨 𝐑𝐞𝐟𝐥𝐞𝐜𝐭 & 𝐑𝐞𝐯𝐢𝐞𝐰
လစဉ်လတိုင်း ငါဒီလတော့ဘယ်လောက်လုပ်နိုင်ခဲ့တယ်၊ ဘာတွေလိုအပ်သေးတယ် ဆိုတာအပြင် Roadmap အတိုင်းသွားနေသေးလား၊ ဘာတွေနှောင့်နှေးနေသေးလဲ...ဆိုတာတွေကိုပါ ပြန်ဆန်းစစ်ဖို့မမေ့ပါနဲ့

ကဲ! ဒီလောက်ဆိုရင် Career Goals ချပြီး Roadmap ဆွဲဖို့ ဆောင်ရန်ရှောင်ရန်တွေ သိလောက်ပြီဆိုတော့ အတွေးလွန်တာတွေရပ်ပြီး အခုပဲလက်တွေ့ရေးဆွဲကြည့်လိုက်တော့နော် 😉 ရေးဆွဲလိုက်တဲ့ မြေပုံလေးနဲ့အတူ ကိုယ့်ရဲ့ Career ကို Glow up ဖြစ်လာအောင် တစ်ဆင့်ချင်း ခြယ်သလိုက်ကြတော့ Homie တို့ရေ....နောက် (1) နှစ်ကြာရင် အားလုံးကို တောက်ပနေတဲ့ ကြယ်လေးတွေအဖြစ်ပြန်တွေ့ချင်ပါတယ်နော် ✨️

ဒါနဲ့ လာမဲ့ (1) နှစ်အတွင်းမှာ ဘယ်လိုမျိုး Career Glow up လုပ်ဖို့စီစဉ်ထားလဲဆိုတာပြောခဲ့ပါဦး... 💬

အခုလိုမျိုး Career အတွက် အကျိုးရှိစေမဲ့နည်းလမ်းတွေကိုမျှဝေပေးနေတာမို့လို့ Home Education ရဲ့ Social Media တွေကို Like & Follow လုပ်ခဲ့ကြဦးနော်❗️

https://t.me/homeeducationorg







Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30