25/06/2026
နိုင်ငံခြားတက္ကသိုလ်တွေဆီ အမြန်ဆုံးလှမ်းနိုင်ဖို့ GED ဖြေဖို့ စဉ်းစားတဲ့အခါ သင်တန်းကျောင်းရဲ့ အနီးကပ်ဂရုစိုက်မှုနဲ့ စေတနာက အဓိက သော့ချက်ပါပဲ။
SULC မှာဆိုရင် စာသင်ခန်းထဲမှာ စာသင်ေပးရံုနဲ့တင်မဟုတ်ဘဲ ကျောင်းသားတစ်ယောက်ချင်းစီ အမှတ်ကောင်းကောင်းရပြီး အောင်မြင်တဲ့အထိ အစအဆုံး စိတ်အချရဆုံး ဖြစ်အောင် အနီးကပ် ပံ့ပိုးကူညီပေးနေပါတယ်ရှင်။
SULC ရဲ့ အဓိက အားသာချက်က ကျောင်းသားတွေကို တစ်ဦးချင်းစီအလိုက် သေချာ ပျိုးထောင်ပေးတာပါပဲ။
ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို ဆရာတွေက သေချာစောင့်ကြည့်ပေးပါတယ်။
အတန်းတွင်း လေ့ကျင့်ခန်းတွေနဲ့ Mock Test တွေကိုလည်း ဆရာတွေကိုယ်တိုင် အနီးကပ် စစ်ဆေးပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးပါတယ်။
အင်္ဂလိပ်စာ ဒါမှမဟုတ် ဘာသာရပ်ပိုင်း အခြေခံအားနည်းလို့ စိုးရိမ်နေစရာ လုံးဝမလိုပါဘူး။ SULC မှာ GED ဘာသာရပ်တွေကို တန်းပြီး မသင်ခင် အခြေခံခိုင်မာသွားအောင် Pre-GED အတန်းတွေနဲ့ စနစ်တကျ အရင် ပျိုးထောင်ပေးပါတယ်ရှင်။
၂၀၂၇ ခုနှစ်ရဲ့ တက္ကသိုလ်ကျောင်းဝင်ခွင့် Intake တွေကို အချိန်မီ စမတ်ကျကျ လျှောက်ထားနိုင်ဖို့ SULC က အကောင်းဆုံး အဖော်မွန်အဖြစ် အဆင်သင့် ရှိနေပါတယ်။ ကိုယ့်ရဲ့ GED ခရီးလမ်းကို SULC နဲ့အတူ ယုံကြည်မှုရှိရှိ စတင်လိုက်ရအောင်နော်။
နိုင်ငံခြားမှာ တက္ကသိုလ်တက်ဖို့ပဲဖြစ်ဖြစ် 𝐆𝐄𝐃 အတန်းတွေစုံစမ်းချင်တာပဲဖြစ်ဖြစ် SULC ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟬𝟗 - 𝟳𝟴𝟱 𝟭𝟭𝟭 𝟭𝟵𝟲
☎️ 𝟬𝟗 - 𝟮𝟱𝟱 𝟱𝟲𝟰 𝟮𝟵𝟰
သင်တန်းကို လူကိုယ်တိုင်လာပြီးတော့လည်း မေးမြန်းနိုင်ပါတယ်ရှင်။
🏫 ကျောင်းလိပ်စာ
အမှတ် (၇) ၊ ကျောင်းလမ်း ၊ ( ၁၄ ) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
အမှတ် ( 3/B ) ၊ အောင်ဇေယျလမ်း ၊ ကျောက်ကုန်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
23/06/2026
ဂျပန်နိုင်ငံမှာ တက္ကသိုလ် တိုက်ရိုက်တက်ဖို့ Language School တွေမှာ အချိန်တွေအကြာကြီး မပေးချင်တဲ့ GED ကျောင်းသား၊ ကျောင်းသူများအတွက်။
ဂျပန်မှာ ကျောင်းတက်မှာမို့ ဂျပန်လို ပြောနိုင်ဆိုနိုင် တက်မြောက်ထားတာက အကောင်းဆုံးပါ။ ဒါမှသာ ကျောင်းတက်ရောက်တဲ့ကာလမှာ နေရေး၊ထိုင်ရေးအတွက်က ပိုပြီး အဆင်ပြေမှာပါ။
ဂျပန်စာကို ကြိုးစားပြီး သင်ယူနေပေမယ့် E Track နဲ့ပဲ University တက်ချင်တဲ့ ကျောင်းသားတွေအတွက်က
ဂျပန်စာ လုံးဝ (လုံးဝ) မတတ်ထားရင်တောင် အင်္ဂလိပ်လိုသင်ကြားမယ့် English-Taught Programs တွေကတစ်ဆင့် ဂျပန်နိုင်ငံက ပုဂ္ဂလိကတက္ကသိုလ်ကြီးတွေဆီ တိုက်ရိုက် ဝင်ရောက်နိုင်မယ့် လမ်းကြောင်းကို မျှဝေပေးလိုက်ပါတယ်ရှင်။
🎓 ၁။ ဂျပန်တက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့်
ဂျပန်နိုင်ငံမှာရှိတဲ့ နာမည်ကြီး နိုင်ငံတကာတက္ကသိုလ်အများစုက English-Medium နဲ့ သင်ကြားတဲ့ Business, IT, Engineering အပါအဝင် နိုင်ငံတကာဆက်ဆံရေး (IR) မေဂျာများစွာ ရှိပြီး မြန်မာကျောင်းသားတွေရဲ့ GED အောင်လက်မှတ်ကို လက်ခံပေးကြပါတယ်။
အားသာချက်က Language School တွေမှာ ၁ နှစ်ခွဲလောက် အချိန်ကုန်ခံ တက်ရောက်ရန်မလိုဘဲ October Intake ဒါမှမဟုတ် April Intake တွေမှာ တက္ကသိုလ်ပထမနှစ်ကို တိုက်ရိုက် လျှောက်ထားလို့ရပါတယ်။
📝 ၂။ GED သမားတွေ သတိထားရမယ့် ဝင်ခွင့်လိုအပ်ချက်တွေအနေနဲ့က ဒီတိုက်ရိုက်လမ်းကြောင်းဟာ အပြိုင်အဆိုင်များလို့ GED အပြင် အောက်ကအချက်တွေကိုပါ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်ရှင်။
High School ၃ နှစ်စာမှတ်တမ်းေတွ ပြင်ဆင်ထားဖို့လိုပါတယ်။ ပုံမှန်အားဖြင့် Grade 10, 11, 12 ကျောင်းတွင်း အမှတ်စာရင်း (Transcripts) ပြနိုင်ရပါမယ်။ ပြီးရင် ထိပ်တန်းကျောင်းကြီးအချို့က GED ရမှတ်အပြင် SAT ရမှတ် ပါ တောင်းတတ်လို့ ကြိုဖြေထားရင် ပိုစိတ်ချရပါတယ်။
English Requirement ကတော့ အင်္ဂလိပ်လို သင်ယူတက်ေရာက်ကြရမှာမို့လို့ IELTS Academic (Overall 5.5 - 6.0) ဒါမှမဟုတ် TOEFL ရမှတ် လိုပါမယ်။
ဂျပန်ပညာရေးလမ်းကြောင်းက စနစ်တကျပြင်ဆင်ရင် အချိန်အသက်သာဆုံးနဲ့ နိုင်ငံတကာဘွဲ့ ရနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခုပါပဲ။
ဂျပန်မြေပေါ်မှာ တက္ကသိုလ်တိုက်ရိုက်တက်နိုင်ဖို့ အဓိကသော့ချက်ကတော့ GED ရမှတ်ကောင်းကောင်း နဲ့ အင်္ဂလိပ်စာ အရည်အချင်းပါပဲ။ အခုပဲ SULC မှာ စမတ်ကျကျ ကြိုတင်ပြင်ဆင်လိုက်ရအောင်နော်။ အသေးစိတ်အတွက် SULC Pre-GED & GED အတန်းတွေက အမြဲတမ်း အသင့်ရှိနေပါတယ်ရှင်။
အပေါ်မှာ ပြောခဲ့သလို အိပ်မက်က ဂျပန်မှာ ကျောင်းတက်ချင်တာဆိုရင် ဂျပန်စာ အရည်ချင်းလေးပါ ဖြည့်ထားတာက ပိုပြီး အဆင်ပြေစေမှာပါရှင်။
နိုင်ငံခြားမှာ တက္ကသိုလ်တက်ဖို့ပဲဖြစ်ဖြစ် 𝐆𝐄𝐃 အတန်းတွေစုံစမ်းချင်တာပဲဖြစ်ဖြစ် SULC ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟬𝟗 - 𝟳𝟴𝟱 𝟭𝟭𝟭 𝟭𝟵𝟲
☎️ 𝟬𝟗 - 𝟮𝟱𝟱 𝟱𝟲𝟰 𝟮𝟵𝟰
သင်တန်းကို လူကိုယ်တိုင်လာပြီးတော့လည်း မေးမြန်းနိုင်ပါတယ်ရှင်။
🏫 ကျောင်းလိပ်စာ
အမှတ် (၇) ၊ ကျောင်းလမ်း ၊ ( ၁၄ ) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
အမှတ် ( 3/B ) ၊ အောင်ဇေယျလမ်း ၊ ကျောက်ကုန်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
21/06/2026
QS World University Rankings အရ ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Top 10 Universities ကြီးများ 🇹🇭🏆✨
ကိုယ့်ရဲ့ သားသမီးတွေကို ထိုင်းနိုင်ငံမှာ ကျောင်းထားဖို့ စဉ်းစားတဲ့အခါ ကမ္ဘာ့အဆင့်မီ Reputation ကောင်းတဲ့ ကျောင်းကြီးတွေကိုမှ ရွေးချယ်ချင်တဲ့ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် QS ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်ဝင် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီး (၁၀) ခုကို စုစည်းဖော်ပြပေးလိုက်ပါတယ်ရှင်။
ကျောင်းလခ သင့်တင့်ပြီး ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်ကို ရရှိမယ့် Top Universities ကြီးတွေနဲ့ သူတို့ရဲ့ ကမ္ဘာ့ Ranking တွေကတော့ . . .
၁။ Chulalongkorn University [World Rank: 212]
ထိုင်းနိုင်ငံရဲ့ သမိုင်းအကျဆုံး၊ နံပါတ် (၁) အဆင့်အမြင့်ဆုံး တက္ကသိုလ်ကြီးဖြစ်ပြီး Admission အောင်မြင်ဖို့ အပြိုင်အဆိုင် အရှိဆုံးကျောင်း ဖြစ်ပါတယ်။
၂။ Mahidol University [World Rank: 345]
အထူးသဖြင့် ဆေးဘက်ဆိုင်ရာ၊ သိပ္ပံနှင့် ကျန်းမာရေးမေဂျာပိုင်းတွေမှာ အာရှတင်မက ကမ္ဘာ့အဆင့်မီ ထိပ်တန်းကျောင်းကြီး ဖြစ်ပါတယ်။
၃။ Chiang Mai University (CMU) [World Rank: 555]
ချင်းမိုင်မြို့မှာရှိပြီး သဘာဝပတ်ဝန်းကျင် အရမ်းလှပတဲ့အပြင် မြန်မာကျောင်းသားအများစု ရွေးချယ်ကြတဲ့ ထိပ်တန်းအစိုးရတက္ကသိုလ်ကြီး ဖြစ်ပါတယ်။
၄။ Thammasat University [World Rank: 555]
စီးပွားရေး (Business)၊ ဥပဒေ (Law) နဲ့ နိုင်ငံတကာဆက်ဆံရေး (IR) မေဂျာတွေမှာ ထိုင်းနိုင်ငံရဲ့ အထက်တန်းကျဆုံး ကျောင်းတော်ကြီး ဖြစ်ပါတယ်။
၅။ Kasetsart University [World Rank: 721-730]
၆။ Prince of Songkla University [World Rank: 851-900]
၇။ Khon Kaen University [World Rank: 901-950]
၈။ King Mongkut’s University of Technology Thonburi (KMUTT) [World Rank: 1001-1200]
နည်းပညာ၊ Engineering နဲ့ IT ပိုင်းကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံး နည်းပညာတက္ကသိုလ်ကြီး ဖြစ်ပါတယ်။
၉။ King Mongkut’s Institute of Technology Ladkrabang (KMITL) [World Rank: 1201-1400]
🏛️ ၁၀။ King Mongkut’s University of Technology North Bangkok [World Rank: 1401+]
အခုဖော်ပြပေးခဲ့တဲ့ တက္ကသိုလ်ကြီးအများစုဟာ မြန်မာကျောင်းသားတွေရဲ့ GED အောင်လက်မှတ်ကို လက်ခံပြီး International Programs တွေ ဖွင့်လှစ်ပေးထားပါတယ်ရှင်။
ဒါကြောင့် ကမ္ဘာ့ Ranking မြင့်တဲ့ ဒီလိုကျောင်းကြီးတွေဆီ အချိန်မီ ခြေလှမ်းလှမ်းနိုင်ဖို့ အဓိက သော့ချက်ကတော့ GED ကို ရမှတ်များများနဲ့ အမြန်ဆုံး အောင်မြင်ထားဖို့ပါပဲ။ ၂၀၂၆ Intake တွေအတွက် အချိန်မီ စနစ်တကျ ပြင်ဆင်နိုင်ဖို့ SULC Pre-GED & GED အတန်းများဖြင့် အမြဲတမ်း အသင့်ရှိနေပါတယ်ရှင်။
နိုင်ငံခြားမှာ တက္ကသိုလ်တက်ရောက်ဖို့အတွက်ပဲဖြစ်ဖြစ် 𝐆𝐄𝐃 အတန်းတွေစုံစမ်းချင်တာပဲဖြစ်ဖြစ် SULC ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟬𝟗 - 𝟳𝟴𝟱 𝟭𝟭𝟭 𝟭𝟵𝟲
☎️ 𝟬𝟗 - 𝟮𝟱𝟱 𝟱𝟲𝟰 𝟮𝟵𝟰
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
သင်တန်းသို့ လူကိုယ်တိုင်လာရောက်၍လည်း မေးမြန်းနိုင်ပါတယ်ရှင့် ။
🏫 🏫 လိပ်စာ
အမှတ် (၇) ၊ ကျောင်းလမ်း ၊ ( ၁၄ ) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
အမှတ် ( 3/B ) ၊ အောင်ဇေယျလမ်း ၊ ကျောက်ကုန်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
20/06/2026
ဘတ်ဂျက်အလိုက် ရွေးချယ်နိုင်မယ့် ထိုင်းနိုင်ငံက Top Universities များနှင့် ကျောင်းလခများ 🏫📊✨
ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံတကာတက္ကသိုလ် (International Programs) တွေဆီက်ုိ ပညာသင်စေလွှတ်ဖို့ ပြင်ဆင်နေတဲ့ မိဘများအတွက် ဘတ်ဂျက် ဘယ်လောက်လျာထားရမလဲဆိုတာက အဓိကကျတဲ့ အရေးကြီးဆုံး မေးခွန်းတစ်ခု ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ကျောင်းလခတွေဟာ တက္ကသိုလ်အမျိုးအစားနဲ့ ရွေးချယ်မယ့် မေဂျာပေါ်မူတည်ပြီး ကွာခြားတတ်တာမို့ မိဘများ ဘတ်ဂျက်တွက်ချက်ရ လွယ်ကူစေဖို့ အုပ်စု (၂) စု ခွဲပြီး လိုရင်းတိုရှင်း မျှဝေပေးလိုက်ပါတယ်ရှင်။
၁။ Budget-Friendly Option : Semester တစ်ခုလျှင် ဘတ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင်။
ဘတ်ဂျက်အသက်သာဆုံးနဲ့ အစိုးရဘွဲ့ ဒါမှမဟုတ် Reputation ကောင်းတဲ့ ကျောင်းကြီးတွေမှာ တက်ရောက်ချင်သူေတွအတွက် အထူးသင့်တော်ပါတယ်။
🔹 Mae Fah Luang University (MFU)
ချင်းရိုင်မြို့ရှိ 100% English-Medium အစိုးရကျောင်းဖြစ်ပြီး ကျောင်းလခ အလွန်သက်သာပါတယ်။
🔹 Chiang Mai Rajabhat University (CMRU)
ချင်းမိုင်မြို့ရှိ Affordable ဖြစ်ပြီး မြန်မာကျောင်းသားများ တက်ရောက်ရ အဆင်ပြေတဲ့ ကျောင်းတစ်ခုပါ။
🔹 Kasem Bundit University
ဘန်ကောက်မြို့ပေါ်မှာ စရိတ်သက်သာပြီး မေဂျာစုံလင်တဲ့ ပုဂ္ဂလိကကျောင်းတစ်ခုပါ။
၂။ Premium & Top-Tier Option : Semester တစ်ခုလျှင် ဘတ် ၆၀,၀၀၀ မှ ၉၀,၀၀၀+ ဝန်းကျင်။
ထိုင်းနိုင်ငံရဲ့ Ranking မြင့် ထိပ်တန်းအစိုးရကျောင်းကြီးများနဲ့ အချက်အချာကျတဲ့ နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်ကြီးများ ဖြစ်ပါတယ်။
🇹🇭 Top Public Universities (ထိပ်တန်းအစိုးရကျောင်းများ)
Chulalongkorn, Mahidol, Chiang Mai University (CMU), KMUTT, KMITL (အင်ဂျင်နီယာနှင့် နည်းပညာပိုင်းဆိုင်ရာ ထိပ်တန်းကျောင်းများ)။
🇹🇭 Top Private Universities (ထိပ်တန်းပုဂ္ဂလိကကျောင်းများ)
Bangkok University (BU), Assumption University (AU - ABAC), Rangsit University, Payap, UTCC (ကုန်သည်ကြီးများအသင်းတက္ကသိုလ်)။
⚠️ ကျောင်းလခအပြင် ကြိုတင်တွက်ချက်ရမယ့် အအထွေထွေစရိတ်များအနေနဲ့က
▪️နေထိုင်စရိတ် (ကျောင်းတွင်း/ကျောင်းပြင်အဆောင်ခ)
▪️စားသောက်စရိတ်နှင့် သွားလာစရိတ်
▪️ကျန်းမာရေးအာမခံနှင့် ဗီဇာသက်တမ်းတိုးစရိတ်များ
ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်အသီးသီးမှာ မိမိတို့မေဂျာအလိုက် အရည်အချင်းပြည့်မီရင် ရရှိနိုင်မယ့် Scholarship (ပညာသင်ဆု) အခွင့်အလမ်းတွေလည်း ရှိနေပါတယ်ရှင်။
ဒီလမ်းကြောင်းတွေကို အချိန်မီ လျှောက်လှမ်းနိုင်ဖို့အတွက် အဓိကတံခါးပေါက်ဖြစ်တဲ့ GED အောင်လက်မှတ်ကို ရမှတ်များများ (High Scores) နဲ့ အမြန်ဆုံး ဖြတ်ကျော်ထားဖို့ လိုအပ်ပါတယ်။ ၂၀၂၆ ခုနှစ်ရဲ့ ကျောင်းဝင်ခွင့် Intake တွေကို အချိန်မီ စမတ်ကျကျ လျှောက်ထားနိုင်ဖို့ SULC Pre-GED & GED အတန်းများက အမြဲတမ်း အသင့်ရှိနေပါတယ်ရှင်။
နိုင်ငံခြားမှာ တက္ကသိုလ်တက်ရောက်ဖို့အတွက်ပဲဖြစ်ဖြစ် 𝐆𝐄𝐃 အတန်းတွေစုံစမ်းချင်တာပဲဖြစ်ဖြစ် SULC ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟬𝟗 - 𝟳𝟴𝟱 𝟭𝟭𝟭 𝟭𝟵𝟲
☎️ 𝟬𝟗 - 𝟮𝟱𝟱 𝟱𝟲𝟰 𝟮𝟵𝟰
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
သင်တန်းသို့ လူကိုယ်တိုင်လာရောက်၍လည်း မေးမြန်းနိုင်ပါတယ်ရှင့် ။
🏫 🏫 လိပ်စာ
အမှတ် (၇) ၊ ကျောင်းလမ်း ၊ ( ၁၄ ) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
အမှတ် ( 3/B ) ၊ အောင်ဇေယျလမ်း ၊ ကျောက်ကုန်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
18/06/2026
GED ကျောင်းသား အများစု ရွေးချယ်ကြတဲ့ စရိတ်သက်သာတဲ့ ထိုင်းမြောက်ပိုင်းက University MFU 🇹🇭🎓
ကုန်ကျစရိတ် သင့်တင့်မျှတပြီး အရည်အသွေးမြင့်မားတဲ့ နိုင်ငံတကာပညာရေး လမ်းကြောင်းကို ရှာဖွေနေတဲ့ GED ကျောင်းသား၊ ကျောင်းသူတွေအတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာရှိတဲ့ Mae Fah Luang University (MFU) - မဲ့ဖာလုံတက္ကသိုလ် ဟာ လက်ရှိမှာ ရေပန်းအစားဆုံး ဖြစ်နေပါတယ်ရှင်။
ထိုင်းနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အလှပဆုံး "Green University" အဖြစ် သတ်မှတ်ခံထားရတဲ့အပြင် မိဘများနှင့် ကျောင်းသားများ မဖြစ်မနေ သိထားသင့်တဲ့ အဓိက အားသာချက်တွေကို စုစည်းမျှဝေပေးလိုက်ပါတယ်ရှင်။
🌟 ဘာကြောင့် မဲ့ဖာလုံတက္ကသိုလ် (MFU) ကို ရွေးချယ်သင့်တာလဲ?
အစိုးရတက္ကသိုလ် Public University ကြီး ဖြစ်သော်လည်း နိုင်ငံတကာပရိုဂရမ် ဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာစကားတစ်ခုတည်းဖြင့်သာ ရာနှုန်းပြည့် သင်ကြားပေးတာကြောင့် ထိုင်းစာ အခြေခံမရှိလဲ အဆင်ပြေပါတယ်။
အခြားနာမည်ကြီး ပုဂ္ဂလိကကျောင်းများနှင့် နှိုင်းယှဉ်ရင် ကျောင်းလခ အလွန်သက်သာပြီး Semester တစ်ခု (၆ လ) လျှင် မေဂျာအလိုက် ပျမ်းမျှ မြန်မာငွေ သိန်း ၈၅ ဝန်းကျင်မှစပြီး ကုန်ကျတာမို့ဘတ်ဂျက်အတွက် အဆင်ပြေဆုံး ဖြစ်ပါတယ်။
ကျောင်းဝင်းကြီးမှာ လုံခြုံရေး ၂၄ နာရီ ရှိပြီး၊ ပထမနှစ်ကျောင်းသားတိုင်းကို ကျောင်းတွင်းအဆောင်မှာ မဖြစ်မနေ နေထိုင်ခွင့် စီစဉ်ပေးထားခြင်းကြောင့် ရပ်ဝေးက မိဘများ လုံးဝ စိတ်အေးရမယ့်အချက် ဖြစ်ပါတယ်။
📚 ရွေးချယ်တက်ရောက်နိုင်မယ့် စိတ်ဝင်စားစရာ Major ကြီးများ
💻 Applied Digital Technology
Software Engineering, Computer Engineering, Multimedia Technology & Animation
💼 Management
Business Administration, Accounting, Economics (အဓိကအားဖြင့် Tourism, Hospitality, Logistics, Aviation မေဂျာများ)
🔬 Science & Cosmetic Science
Cosmetic Science, Beauty Technology, Biosciences, Applied Chemistry
🩺 Health Science & Integrative Medicine
Public Health, Physical Therapy, Traditional Chinese Medicine
⚖️ Law / Social Innovation / Sinology
Bachelor of Laws, International Development, Business Chinese
နိုင်ငံတကာတက္ကသိုလ်တွေရဲ့ ဝင်ခွင့်တွေကို ရမှတ်ကောင်းကောင်းနဲ့ အချိန်မီ လျှောက်ထားနိုင်ဖို့အတွက် GED ကို ရမှတ်များများနဲ့ အမြန်ဆုံး ဖြတ်ကျော်နိုင်အောင် SULC Pre-GED & GED အတန်းများက အမြဲတမ်း အသင့်ရှိနေပါတယ်ရှင်။
နိုင်ငံခြားမှာ တက္ကသိုလ်တက်ရောက်ဖို့အတွက်ပဲဖြစ်ဖြစ် 𝐆𝐄𝐃 အတန်းတွေစုံစမ်းချင်တာပဲဖြစ်ဖြစ် SULC ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟬𝟗 - 𝟳𝟴𝟱 𝟭𝟭𝟭 𝟭𝟵𝟲
☎️ 𝟬𝟗 - 𝟮𝟱𝟱 𝟱𝟲𝟰 𝟮𝟵𝟰
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
သင်တန်းသို့ လူကိုယ်တိုင်လာရောက်၍လည်း မေးမြန်းနိုင်ပါတယ်ရှင့် ။
🏫 🏫 လိပ်စာ
အမှတ် (၇) ၊ ကျောင်းလမ်း ၊ ( ၁၄ ) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
အမှတ် ( 3/B ) ၊ အောင်ဇေယျလမ်း ၊ ကျောက်ကုန်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
16/06/2026
နိုင်ငံတကာတက္ကသိုလ် အများစုရဲ့ ၂၀၂၆ ခုနှစ် July , August နဲ့ September Intake တွေဟာ အခုဆိုရင် လျှောက်လွှာတင်ရမယ့် ရက်နီးကပ်လာပြီဖြစ်လို့ စာရွက်စာတမ်းတွေကို အချိန်မီ အဆင်သင့်ဖြစ်အောင် ကြိုတင်စုဆောင်းထားဖို့ လိုအပ်နေပါပြီ။
ကျောင်းလျှောက်တဲ့အခါ အချိန်ကြန့်ကြာမှုမရှိဘဲ စမတ်ကျကျနဲ့ အမြန်ဆုံး လျှောက်ထားနိုင်အောင် GED ကျောင်းသား၊ ကျောင်းသူများအတွက် မရှိမဖြစ်လိုအပ်မယ့် Document Checklist လေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
၁။ GED Official Documents (အဓိက အောင်လက်မှတ်များ)
GED Diploma (အထက်တန်းအောင်လက်မှတ် မူရင်း)
GED Official Transcript (ဘာသာရပ်အလိုက် ရမှတ်စာရင်း မူရင်း)
၂။ High School Background (အခြေခံပညာရေး အထောက်အထား)
Grades 9, 10 or 11 Transcripts (မိမိတို့ ယခင်တက်ရောက်ခဲ့ဖူးသည့် အထက်တန်းကျောင်း သို့မဟုတ် နိုင်ငံတကာကျောင်းမှ စာမေးပွဲအောင်မှတ်စာရင်းများ)
Recommendation Letters (လိုအပ်ပါက မိမိကို သင်ကြားခဲ့ဖူးသည့် ဆရာ/ဆရာမများထံမှ ထောက်ခံစာ ၁ စောင် သို့မဟုတ် ၂ စောင်)
၃။ English Proficiency Test Scores (အင်္ဂလိပ်စာ အရည်အချင်းစစ်ချက်)
IELTS Academic / TOEFL / PTE / Duolingo ရမှတ်စာရင်း မူရင်း။
(မိမိတက်ရောက်မည့် နိုင်ငံနှင့် တက္ကသိုလ်၏ သတ်မှတ်ချက်အတိုင်း သက်တမ်းမကုန်သေးသည့် သက်ဆိုင်ရာ အင်္ဂလိပ်စာရလဒ် အဆင်သင့်ရှိနေရပါမယ်)
၄။ Personal Identification (ကိုယ်ရေးကိုယ်တာ အထောက်အထား)
Passport (အနည်းဆုံး သက်တမ်း ၆ လထက်မနည်း ကျန်ရှိသော နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ)
National ID / NRC (နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အင်္ဂလိပ်ဘာသာပြန် တရားဝင်မိတ္တူ)
Passport Size Photos (နောက်ခံအဖြူရောင် လိုင်စင်ဓာတ်ပုံများ)
ကျောင်းဝင်ခွင့်ရက်တွေက နီးကပ်လာပြီဖြစ်တာကြောင့် အချို့သော စာရွက်စာတမ်းတွေကို ကြိုတင်စုဆောင်းပြင်ဆင်ထားမှသာ စိတ်အေးရမှာပါ။
ဒါကြောင့် ၂၀၂၆ Intake အမီ နိုင်ငံတကာလမ်းကြောင်းပေါ်ကို အချိန်မီ လှမ်းနိုင်ဖို့အတွက် GED ကို ရမှတ်များများ (High Scores) နဲ့ အမြန်ဆုံး အောင်မြင်ထားဖို့နဲ့ လိုအပ်တဲ့ အင်္ဂလိပ်စာ Skills တွေကိုပါ တစ်ခါတည်း အမိအရ တွဲဖက်ပြင်ဆင်ထားဖို့ တိုက်တွန်းချင်ပါတယ်ရှင်။
ပညာရေးလမ်းကြောင်းအတွက် စနစ်တကျနဲ့ အချိန်တိုအတွင်း ယုံကြည်မှုရှိရှိ ပြင်ဆင်နိုင်ဖို့ SULC Pre-GED & GED အတန်းများဖြင့် အမြဲတမ်း အသင့်ရှိနေပါတယ်ရှင်။
နိုင်ငံခြားမှာ တက္ကသိုလ်တက်ရောက်ဖို့အတွက်ပဲဖြစ်ဖြစ် 𝐆𝐄𝐃 အတန်းတွေစုံစမ်းချင်တာပဲဖြစ်ဖြစ် SULC ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟬𝟗 - 𝟳𝟴𝟱 𝟭𝟭𝟭 𝟭𝟵𝟲
☎️ 𝟬𝟗 - 𝟮𝟱𝟱 𝟱𝟲𝟰 𝟮𝟵𝟰
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
သင်တန်းသို့ လူကိုယ်တိုင်လာရောက်၍လည်း မေးမြန်းနိုင်ပါတယ်ရှင့် ။
🏫 🏫 လိပ်စာ
အမှတ် (၇) ၊ ကျောင်းလမ်း ၊ ( ၁၄ ) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ။
အမှတ် ( 3/B ) ၊ အောင်ဇေယျလမ်း ၊ ကျောက်ကုန်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ။
12/06/2026
ထိုင်းနိုင်ငံက နာမည်ကြီး အစိုးရတက္ကသိုလ်ကြီးတွေကို GED လက်မှတ်တစ်ခုတည်းနဲ့ တက်လို့ရပါသလား? ဆိုတာ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူအများစု သိချင်ကြတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။
အဖြေကတော့... လျှောက်ထားလို့ ရပါတယ်ရှင်။
ဒါပေမဲ့ Bangkok University သို့မဟုတ် အခြား ပုဂ္ဂလိကတက္ကသိုလ်တွေလို GED တစ်ခုတည်းနဲ့ တိုက်ရိုက်ဝင်ခွင့်ရတာမျိုး မဟုတ်ဘဲ ထိုင်းရဲ့ ထိပ်တန်း Public Universities ကြီးတွေဖြစ်တဲ့ Chulalongkorn, Mahidol, Thammasat တို့ရဲ့ နိုင်ငံတကာမေဂျာအများစု (ဥပမာ - BBA, EBA, BE, COMMARTS) တွေအတွက်တော့ GED အပြင် SAT/ACT ရမှတ်တွေကိုပါ အဓိက စံသတ်မှတ်ချက်တစ်ခုအနေနဲ့ ပူးတွဲ တောင်းခံလေ့ရှိပါတယ်။
ဒါကြောင့် အဆိုပါ ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ အထွေထွေ သတ်မှတ်ချက် matrix ကို ကြိုတင်ပြင်ဆင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်ရှင်။
၁။ GED Score က ဘာသာရပ်တစ်ခုစီမှာ အနည်းဆုံး ၁၄၅ မှတ် ရရှိရုံနဲ့ လျှောက်ထားခွင့် အဆင့်မီနိုင်ပေမယ့်၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မေဂျာတွေအတွက်တော့ ၁၆၅ မှတ်နှင့်အထက် (College Ready Score) ရှိထားမှသာ ဝင်ခွင့်ရဖို့ ပိုမိုအခွင့်အလမ်းများစေမှာပါ။
၂။ SAT Score (Standardized Test)အနေနဲ့ဆိုရင်လည်း Business & Economics ကဲ့သို့သော လိုင်းများအတွက် SAT ရမှတ် အနည်းဆုံး 1200 to 1300+ ဝန်းကျင်အထိ (အထူးသဖြင့် Math ပိုင်း ရမှတ်မြင့်မြင့်မားမား) လိုအပ်ပြီး၊ Arts & Social Science မေဂျာတွေအတွက်တော့ အနည်းဆုံး 1100+ ဝန်းကျင် ရှိထားဖို့ လိုအပ်လေ့ရှိပါတယ်။
၃။ English Test ကတော့ မိမိတို့ရဲ့ အင်္ဂလိပ်စာစွမ်းရည်အတွက် IELTS Academic (Overall 6.0 - 6.5) သို့မဟုတ် တက္ကသိုလ်အလိုက် သတ်မှတ်ထားတဲ့ ညီမျှတဲ့ TOEFL iBT / PTE ရမှတ်တစ်ခုခုကို ပူးတွဲတင်ပြပေးဖို့လိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ထိပ်တန်း အစိုးရတက္ကသိုလ်ကြီးတွေဟာ ပြည်တွင်းမှာတင်မကဘဲ ကမ္ဘာ့ Ranking မှာပါ ထိပ်တန်းက ရှိနေတာကြောင့် ကျောင်းဝင်ခွင့် ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။
ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ၂၀၂၆ ခုနှစ်ရဲ့ Intake အမီ အချိန်အကြာကြီး ပေးမနေဘဲ GED ကို ရမှတ်များများ (High Scores) ရအောင် အမြန်ဆုံး ဖြတ်ကျော်ပြီး၊ ဒုတိယအဆင့်ဖြစ်တဲ့ SAT နဲ့ IELTS စာမေးပွဲတွေကိုပါ Strategy ရှိရှိ အချိန်ယူ မွမ်းမံပြင်ဆင်ထားဖို့ လိုအပ်ပါတယ်ရှင်။
နိုင်ငံတကာပညာရေး လမ်းကြောင်းပေါ်ကို ရမှတ်ကောင်းကောင်း၊ အခြေခံခိုင်ခိုင်နဲ့ အချိန်တိုအတွင်း ယုံကြည်မှုရှိရှိ တက်လှမ်းနိုင်ဖို့ SULC Pre-GED & GED အတန်းများဖြင့် အမြဲတမ်း အသင့်ရှိနေပါတယ်ရှင်။
နိုင်ငံခြားမှာ တက္ကသိုလ်တက်ရောက်ဖို့အတွက်ပဲဖြစ်ဖြစ် 𝐆𝐄𝐃 အတန်းတွေစုံစမ်းချင်တာပဲဖြစ်ဖြစ် 𝐒𝐔𝐋𝐂 ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟬𝟗 - 𝟳𝟴𝟱 𝟭𝟭𝟭 𝟭𝟵𝟲
☎️ 𝟬𝟗 - 𝟮𝟱𝟱 𝟱𝟲𝟰 𝟮𝟵𝟰
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
သင်တန်းသို့ လူကိုယ်တိုင်လာရောက်၍လည်း မေးမြန်းနိုင်ပါတယ်ရှင့် ။
🏫 🏫 လိပ်စာ
အမှတ် (၇) ၊ ကျောင်းလမ်း ၊ ( ၁၄ ) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ။
အမှတ် ( 3/B ) ၊ အောင်ဇေယျလမ်း ၊ ကျောက်ကုန်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ။
11/06/2026
GED အောင်ပြီးတာနဲ့ နိုင်ငံတကာတက္ကသိုလ်တွေဆီ လျှောက်လှမ်းဖို့အတွက် ဒုတိယအဆင့်ဖြစ်တဲ့ English Proficiency Test ကို မဖြစ်မနေ စတင်ပြင်ဆင်ရတော့မှာပါ။ ဒီနေရာမှာ ကျောင်းသား၊ ကျောင်းသူအများစု အမေးများဆုံးက "ကိုယ့်အတွက် ဘယ်စာမေးပွဲက ပိုကိုက်ညီမလဲ" ဆိုတာပါပဲ။
တကယ်တော့ ဒီစာမေးပွဲနှစ်ခုလုံးက တစ်ခုနဲ့တစ်ခု အားသာချက်ချင်း မတူညီကြပါဘူး။
🎯 မိမိက UK သို့မဟုတ် ဩစတြေးလျ ဘက်ကို ဦးတည်ထားတယ်ဆိုရင်တော့...
Ranking မြင့်တဲ့ကျောင်းကြီးတွေရဲ့ Scholarship တွေကို Target ထားတာပဲဖြစ်ဖြစ်၊ ဗီဇာလျှောက်ထားတဲ့အဆင့်မှာ အခိုင်မာဆုံးအထောက်အထားအဖြစ် ပြသချင်တာပဲဖြစ်ဖြစ် IELTS က အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်ပါတယ်။ စာမေးပွဲကြေး ပိုများသလို ဘာသာရပ်တစ်ခုချင်းစီကို အချိန်ပေးပြီး စနစ်တကျ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
အဲ့လိုမဟုတ်ဘဲ....အချိန်နဲ့ ကုန်ကျစရိတ်ကို ပိုပြီး ချွေတာချင်တယ်ဆိုရင်
US၊ Canada အပါအဝင် Duolingo လက်ခံတဲ့ နိုင်ငံတကာ တက္ကသိုလ်တွေကို အဓိက လျှောက်ထားမှာဆိုရင်တော့ Duolingo (DET) က ပိုအဆင်ပြေပါတယ်။ စာမေးပွဲကြေး သက်သာတဲ့အပြင် စာမေးပွဲရလဒ်ကိုလည်း (၂) ရက်အတွင်း အမြန်ဆုံးသိရှိနိုင်လို့ ကျောင်းဝင်ခွင့်ရက် နီးကပ်နေသူတွေအတွက် အထူးကိုက်ညီပါတယ်။
အဓိက သတိပြုစေချင်တာတစ်ခုက ဘယ်စာမေးပွဲကိုပဲ ရွေးချယ် ရွေးချယ်၊ မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ ဝင်ခွင့်သတ်မှတ်ချက် (Admission Requirements) ပေါ်မှာပဲ မူတည်တာကြောင့် အရင်ဆုံး စနစ်တကျ စစ်ဆေးပြီးမှ ရွေးချယ်ပြင်ဆင်ဖို့ အကြံပြုချင်ပါတယ်ရှင်။
၂၀၂၆ ခုနှစ် မကုန်ခင်မှာ GED အောင်လက်မှတ်ကို ရမှတ်များများနဲ့ ရယူပြီး နိုင်ငံတကာပညာရေးလမ်းကြောင်းပေါ်ကို အရှိန်အဟုန်နဲ့ တက်လှမ်းနိုင်ဖို့ SULC Pre-GED & GED အတန်းများမှာ စတင်ပြင်ဆင်နိုင်ပါပြီ။
နိုင်ငံခြားမှာ တက္ကသိုလ်တက်ရောက်ဖို့အတွက်ပဲဖြစ်ဖြစ် 𝐆𝐄𝐃 အတန်းတွေစုံစမ်းချင်တာပဲဖြစ်ဖြစ် 𝐒𝐔𝐋𝐂 ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟬𝟗 - 𝟳𝟴𝟱 𝟭𝟭𝟭 𝟭𝟵𝟲
☎️ 𝟬𝟗 - 𝟮𝟱𝟱 𝟱𝟲𝟰 𝟮𝟵𝟰
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
သင်တန်းသို့ လူကိုယ်တိုင်လာရောက်၍လည်း မေးမြန်းနိုင်ပါတယ်ရှင့် ။
🏫 🏫 လိပ်စာ
အမှတ် (၇) ၊ ကျောင်းလမ်း ၊ ( ၁၄ ) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ။
အမှတ် ( 3/B ) ၊ အောင်ဇေယျလမ်း ၊ ကျောက်ကုန်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ။
08/06/2026
GED အောင်ပြီး ပြည်ပမသွားဖြစ်ရင်... ပြည်တွင်းမှာ ဘာတွေဆက်လုပ်လို့ရလဲ? 🇲🇲✨
ကလေးက GED တော့ အောင်သွားပြီ၊ ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ပြည်ပကို ချက်ချင်းမလွှတ်ဖြစ်သေးရင် အချိန်ပုပ်သွားမလား? ပြည်တွင်းမှာရော ဘာတွေ ဆက်လုပ်လို့ရလဲ? ဆိုပြီး စိုးရိမ်နေကြတဲ့ မိဘများနဲ့ ကျောင်းသား/သူများအတွက် စိတ်ပူစရာမလိုတဲ့ လက်တွေ့ကျတဲ့ လမ်းကြောင်းကောင်းတွေ အများကြီး ရှိပါသေးတယ်ရှင်။
GED အောင်လက်မှတ်ဟာ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအဆင့် US High School Equivalency ဖြစ်တဲ့အတွက် ပြည်တွင်းမှာပဲ ဆက်တက်တက်၊ လုပ်ငန်းခွင်ပဲ တိုက်ရိုက်ဝင်ဝင် အခွင့်အလမ်းတွေက ပွင့်လင်းနေပြီးသားပါ။
အဓိက လျှောက်လှမ်းနိုင်မယ့် လမ်းကြောင်း (၅) ခုကို မျှဝေပေးလိုက်ပါတယ်ရှင်။
၁။ ပြည်တွင်းရှိ Private Universities များတွင် တက်ခြင်း။
နိုင်ငံခြားကို ပညာသင် တိုက်ရိုက်မသွားသေးဘဲ ပြည်တွင်းမှာတင် ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေမှာ UK , US , Australian ဘွဲ့တွေကို တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ ဒီလမ်းကြောင်းက Business, IT, Engineering နဲ့ Creative Arts မေဂျာတွေကို ပြည်တွင်းမှာတင် တက်ရောက်ပြီး နိုင်ငံခြားက ပေးအပ်တဲ့ ဘွဲ့ဒီဂရီေတွကို ရယူနိုင်မယ့် လမ်းကြောင်း ဖြစ်ပါတယ်။
၂။ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်ခြင်း။
တက္ကသိုလ် ဆက်မတက်ဘဲ အလုပ်တိုက်ရိုက် လုပ်ချင်တဲ့ ကလေးတွေအတွက်လည်း GED အောင်မြင်ထားခြင်းက အထက်တန်းအောင်မြင်ပြီးမြောက်ကြောင်း ခိုင်မာတဲ့ သက်သေဖြစ်လို့ ပြည်တွင်း/ပြည်ပ ကုမ္ပဏီအများစုက ဝန်ထမ်းအဖြစ် အသိအမှတ်ပြု ခန့်အပ်ေနကြတာကိုလည်း တွေ့လာရပါတယ်။ ကိုယ့်ဘက်က ကွန်ပျူတာနဲ့ ရုံးလုပ်ငန်းကျွမ်းကျင်မှု Office Skills အနည်းငယ် ဖြည့်စွက်ထားရုံနဲ့ လုပ်ငန်းခွင် ဝင်နိုင်ပါတယ်။
၃။ နိုင်ငံတကာလေကြောင်းလိုင်းများတွင် လေယာဉ်မောင်/မယ် လုပ်ခြင်း။
အသက်မပြည့်သေးလို့ သော်လည်းကောင်း၊ ဝါသနာပါလို့သော်လည်းကောင်း လေယာဉ်မောင်/မယ် Cabin Crew ဖြစ်ချင်တဲ့ ကျောင်းသား/သူတွေအတွက် International Airlines အများစုဟာ GED အောင်လက်မှတ်ရှိရုံနဲ့တင် လျှောက်ထားခွင့် ပေးထားတာကိုလည်း တွေ့လာရပါတယ်။ ကိုယ့်ဘက်ကတော့ Cabin Crew သင်တန်းဆင်းလက်မှတ်တို့၊ Customer Services သင်တန်းနဲ့ အင်္ဂလိပ်စာ Skills ကို ကောင်းမွန်အောင် ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်ပါတယ်ရှင်။
၄။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း။
နောက်ထပ် ရေပန်းစားပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါများတဲ့ ကဏ္ဍကတော့ ဟိုတယ်ပိုင်း ဖြစ်ပါတယ်။ GED အောင်ပြီးနောက် ပြည်တွင်းမှာရှိတဲ့ ဟိုတယ်သင်တန်းတွေ တက်ရောက်ပြီး နိုင်ငံတကာ Hospitality လုပ်ငန်းခွင်တွေမှာ အလုပ်အကိုင်ကောင်းတွေ ရရှိနေကြတာလည်း ရှိပါတယ်။
၅။ Credit Transfer စနစ်ဖြင့် ပြည်တွင်းတွင် အရင်တက်ခြင်း။
ဒီလမ်းကြောင်းက ငွေကြေးကုန်ကျစရိတ် သက်သာဖို့နဲ့ အသက်အရွယ်လည်း ငယ်သေးတယ်ဆိုရင် ပြည်တွင်းမှာ ပထမနှစ် ဒါမှမဟုတ် ဒုတိယနှစ်အထိ အရင်တက်ပြီးမှ နိုင်ငံခြားကို လွှဲပြောင်းတက်ရတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ ပြည်တွင်းရှိ ကျောင်းအချို့မှာ (1+2) ဒါမှမဟုတ် (2+1) စနစ်နဲ့ Diploma အရင်တက်ပြီး၊ နောက်ဆုံးနှစ်မှ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ UK Transfer လုပ်ပြီး ဘွဲ့ယူလို့ ရတဲ့နည်းပါ။
GED အောင်ပြီးသွားခြင်းဟာ လမ်းဆုံးမဟုတ်ဘဲ အနာဂတ်အတွက် ရွေးချယ်စရာ လမ်းမကြီးတွေ အများကြီး ပွင့်သွားတာပဲ ဖြစ်ပါတယ်။ ပြည်ပကို ချက်ချင်းမသွားဖြစ်ခဲ့ရင်တောင် ပြည်တွင်းမှာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ပညာရေး Matrix နဲ့ လုပ်ငန်းခွင်အတွေ့အကြုံကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်ရှင်။
ကျောင်းသား/သူများ၏ အခြေအနေနှင့် ဝါသနာအလိုက် အကောင်းဆုံး ပြည်တွင်း/ပြည်ပ ပညာရေးလမ်းကြောင်း (Educational Pathways) များကို စနစ်တကျ အကြံဉာဏ်ပေးရန် SULC မှ Pre-GED & GED အတန်းများဖြင့် အမြဲတမ်း အသင့်ရှိနေပါတယ်ဗျာ။
📥 ပညာရေးလမ်းကြောင်းနှင့် သင်တန်းများအကြောင်း အသေးစိတ်ကို Page Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
နိုင်ငံခြားမှာ တက္ကသိုလ်တက်ရောက်ဖို့အတွက်ပဲဖြစ်ဖြစ် 𝐆𝐄𝐃 အတန်းတွေစုံစမ်းချင်တာပဲဖြစ်ဖြစ် 𝐒𝐔𝐋𝐂 ကို ဆက်သွယ်နိုင်ပါတယ်။
☎️ 𝟬𝟵 - 𝟳𝟴𝟱 𝟭𝟭𝟭 𝟭𝟵𝟲
☎️ 𝟬𝟵 - 𝟮𝟱𝟱 𝟱𝟲𝟰 𝟮𝟵𝟰
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
သင်တန်းသို့ လူကိုယ်တိုင်လာရောက်၍လည်း မေးမြန်းနိုင်ပါတယ်ရှင့် ။
🏫 🏫 လိပ်စာ
အမှတ် (၇) ၊ ကျောင်းလမ်း ၊ ( ၁၄ ) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ။
အမှတ် ( 3/B ) ၊ အောင်ဇေယျလမ်း ၊ ကျောက်ကုန်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ။