Vision Creative Academy

Vision Creative Academy

Share

The fundamental platform of Filmmaking, Screenwriting, Art & Creativity.

Photos from Vision Creative Academy's post 17/06/2026

“ရုပ်ရှင်ဇာတ်ကားရှည် Feature Film Project အတွက် Students On-The-Job Training နောက်ကွယ်မှ ပုံရိပ်များ” 🎬🎥
====
VCA ကျောင်းသား၊ ကျောင်းသူများရဲ့ On-The-Job Training မှာ ရိုက်ကူးထားသော Behind The Scenes ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်ရှင်။ ✨

Feature Film Project တွင် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေကို စာတွေ့သင်ယူရုံတင်မကဘဲ တကယ့်လုပ်ငန်းခွင်အတွေ့အကြုံတွေကိုပါ ကိုယ်တိုင်လေ့လာခွင့်ရခဲ့ကြပါတယ်။

ရိုက်ကူးရေးတွင်ပါရှိမည့် Script Team, Production Team, Costume Team, Editing Team နဲ့ Production Design Team စတဲ့ ဌာနအသီးသီးတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ရင်း Teamwork Skill, Communication Skill နဲ့ Professional Working Environment ကို အနီးကပ်လေ့လာသင်ယူခွင့် ရခဲ့ကြပါတယ်။

Production တစ်ခု အောင်မြင်စွာပြီးမြောက်ရန် လိုအပ်သော စည်းကမ်း၊ တာဝန်ယူမှုနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကိုလည်း လက်တွေ့ကျကျ လေ့ကျင့်သင်ယူခဲ့ကြပါတယ်။

VCA တွင် ရုပ်ရှင်အနုပညာဆိုင်ရာ အရေးပါသော ပညာရပ်တွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အခြေခံကနေ စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

ရုပ်ရှင်အနုပညာရပ်တွေနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ချင်တယ်ဆိုရင် VCA ကိုအရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

"စိတ်ကူးအိပ်မက်မှသည် လက်တွေ့ပုံဖော်ဖန်တီးရာ"✨

သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို
Page Messenger (သို့မဟုတ်)
📞 09 444080889
📞 09 978691727
သို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ



16/06/2026

"ကျောင်းသားတစ်ယောက်အနေနဲ့ လာတက်ရတဲ့ခံစားချက်ထက် ကိုယ့်ကိုယ်ကို ဖန်တီးသူတစ်ယောက်အနေနဲ့ သင်ယူနေရသလို ခံစားရပါတယ်။ အရင်က Idea တွေ၊ အတွေးတွေ ကျယ်ပြန့်ပြီး အတွေးတွေက Scope တွေကျယ်နေခဲ့ပေမယ့် သင်တန်းတက်ပြီးနောက် အတွေးတွေကနေ လက်တွေ့အကောင်အထည်ဖော်နိုင်လာပါတယ်။ ပုံမှန်သင်ကြားမှုပုံစံတွေနဲ့ မတူတဲ့ သင်ယူရတဲ့အတွေ့အကြုံကြောင့် အရမ်းစိတ်ကျေနပ်မိပါတယ်။"လို့ Vision Creative Academy မှာသင်ကြားရခြင်း အတွေ့အကြုံကို မျှဝေပြောပြခဲ့တဲ့ Script Writing and Filmmaking အတန်းများမှ Mai May La Woon 🎬🎥✨
............................................
ရုပ်ရှင်နှင့်အနုပညာဖန်တီးမှုများကို ဖန်တီးလိုသူတစ်ယောက် အနေနဲ့ ဘယ်ကစလေ့လာရမလဲမသိဖြစ်နေသူတွေ၊ ရုပ်ရှင်အနုပညာကို အခြေခံကနေစပြီး စာတွေ့ သာမက လက်တွေ့ပါ စနစ်တကျနဲ့သင်ကြားတက်မြောက်ချင်သူတွေ ၊ရုပ်ရှင်အနုပညာဝါသနာနှင့် အသက်မွေးဝမ်းကြောင်းရပ်တည်မယ်လို့စဉ်းစားထားသူတွေအတွက်

✅VCA မှဖွင့်လှစ်ထားသော June Batch သင်တန်းများနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အောက်ပါ Link မှာလေ့လာနိုင်ပါတယ်။
https://www.facebook.com/share/p/18uXwhX9qA/

အသစ်ထပ်မံ ဖွင့်လှစ်တော့မည့် သင်တန်းများကို အခုတည်းကစပြီး ကြိုတင်စာရင်းသွင်း အပ်နှံနိုင်ပါပြီ။
............................................
VCA မှ ဖွင့်လှစ်ထားသောပညာရပ်များ
✳️ Fundamental of Filmmaking
✳️ Fundamental of Script Writing
✳️ Fundamental of Cinematography
✳️ Fundamental of Directing
✳️ Fundamental of Acting
✳️ Fundamental of Videography
✳️ Commercial Video Production
✳️ Creative Editing
✳️ The Art of Color Correction& Grading
✳️ The Art of Producing
✳️ The Art of Photography
✳️ The Art of Production Design
✳️ Creative Writing
✳️ Storyboarding

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေကို
Page Messenger (သို့မဟုတ်)
Phone No - 09444080889, 09978691727 သို့ အားမနာတမ်းဆက်သွယ်မေးမြန်းဖို့ဖိတ်ခေါ်ပါ ရစေ။

#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ

Photos from Vision Creative Academy's post 16/06/2026

VCA တွင် တက်ရောက်ခဲ့သော ကျောင်းသား/ကျောင်းသူများရဲ့ စကားသံများ🎬✨
==========
စိတ်ကူးအိပ်မက်တွေကို လက်တွေ့ပုံဖော်ဖို့အတွက် Vision Creative Academy မှာ ပညာသင်ယူခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါတယ်ရှင်။ ✨
အနုပညာလမ်းကြောင်းပေါ်မှာ ပထမဆုံးခြေလှမ်းကို စလှမ်းဖို့ တွန့်ဆုတ်နေပါသလား?

အခုဖော်ပြပေးထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာလည်း တစ်ချိန်က သင့်လိုပဲ ဝါသနာတစ်ခုတည်းနဲ့ စတင်ခဲ့ကြသူတွေပါ။

VCA ရဲ့ သင်တန်းသားတွေဟာ သီအိုရီသက်သက်တင်မဟုတ်ဘဲ လက်တွေ့နယ်ပယ်ထဲမှာပါ အမှန်တကယ် အလုပ်ဖြစ်စေမယ့် ရုပ်ရှင်အနုပညာရပ်တွေကို စနစ်တကျ လေ့လာသင်ယူခဲ့ကြတာ ဖြစ်ပါတယ်။ သင်ဟာ ဝါသနာပါရုံတင်မကဘဲ ကိုယ်တိုင်ဖန်တီးသူတစ်ယောက် ဖြစ်လာဖို့ဆိုရင်တော့ VCA က အမြဲတမ်း ကြိုဆိုနေမှာပါ။ 🤝

Vision Creative Academy မှာ ပညာသင်ယူခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း VCA မှသတိရလျက်ပါ။
ကျောင်းသား၊ ကျောင်းသူများအားလုံး မိသားစုနှင့်အတူတကွ ကိုယ်ကျန်းမာ၊စိတ်ချမ်းသာပြီး ကိုယ်ဖြစ်လိုတဲ့ဆန္ဒများပြည့်ဝပါစေ။
စစ်မှန်တဲ့အနုပညာများကိုလည်း ဖန်တီးနိုင်သူများဖြစ်ကြပါစေလို့ VCA မှဆုတောင်းပေးလိုက်ပါတယ်ရှင်။🙏✨

VCA ရဲ့ "ရုပ်ရှင်အနုပညာသင်တန်းများ"ကို စိတ်ဝင်စားလေ့လာချင်သူများအတွက်သင်တန်းများအကြောင်း အပြည့်အစုံကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုလို့ရနေပါပြီ။
🔗 https://www.facebook.com/share/p/18uXwhX9qA/

သင်တန်းများနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေကို
Page Messenger (သို့မဟုတ်)
Phone No - 09444080889, 09978691727 သို့ အားမနာတမ်းဆက်သွယ်​မေးမြန်းဖို့ ဖိတ်ခေါ်ပါရစေ။

#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ

15/06/2026

Film Production တစ်ခု အောင်မြင်ဖို့ ဘာတွေသိထားရမလဲ?🎬
( Part 1 )
========
ရုပ်ရှင်ဇာတ်ကားတစ်ကား ကြည့်ပြီးသွားတဲ့အခါ ကျွန်တော်တို့ မှတ်မိနေတာက ဇာတ်လမ်း၊ ဇာတ်ကောင် ဒါမှမဟုတ် စိတ်ထဲကျန်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုခု ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် အဲ့ဒီရုပ်ရှင်တစ်ကားဖြစ်လာဖို့အတွက် စိတ်ကူးတွေ၊အချိန်တွေ၊ လူတွေ၊ ငွေကြေးတွေ၊နည်းပညာတွေ၊စီမံခန့်ခွဲမှုတွေမြောက်များစွာနဲ့ ဘယ်လိုဖန်တီးခဲ့ရလဲဆိုတာကိုတော့ ပရိသတ်အများစု သတိမထားမိကြပါဘူး။

ကျွန်တော်တို့ကို ရယ်စေတဲ့၊ ငိုစေတဲ့၊ တစ်ခါတလေ ရက်ပေါင်းများစွာ စိတ်ထဲကျန်နေစေတဲ့ ရုပ်ရှင်တွေဟာ နောက်ကွယ်မှာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာတဲ့ ကြိုးစားမှုတွေနဲ့ တည်ဆောက်ထားကြတာပါ။

ရုပ်ရှင်ဆိုတာ တစ်ခါတလေ "တကယ်လို့သာ..." ဆိုတဲ့ စိတ်ကူးသေးသေးလေးတစ်ခုကနေ စတယ်။ တစ်ခါတလေ ကိုယ်ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုကနေ စတယ်။ အဲ့ဒီစိတ်ကူးလေးတွေကနေ တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် အသက်ဝင်လာတာပါ။

လူတစ်ယောက်ရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ မေးခွန်းလေးတစ်ခု၊ အမှတ်တရတစ်ခု၊ စိတ်ကူးတစ်ခု၊ အိပ်မက်တစ်ခု ဒါမှမဟုတ် အတွေးတစ်ခုကို ပရိသတ်ရှေ့ရောက်အောင် ပုံဖော်တဲ့ ခရီးစဉ်ရှည်ကြီးကို "Film Production" လို့ ခေါ်ကြပါတယ်။ ဖန်တီးမှု (Creativity) အနုပညာတစ်ဖက်၊ စီမံခန့်ခွဲမှုတစ်ဖက်၊ လူတွေ အများကြီးရဲ့ ပူးပေါင်းဖန်တီးမှုတစ်ဖက်နဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ တဖြည်းဖြည်း ပုံစံပေါ်လာရတာပါ။

စိတ်ကူးတစ်ခုကနေ ပရိသတ်ရှေ့ရောက်တဲ့အထိ ဘယ်လိုအဆင့်တွေကို ဖြတ်သန်းရသလဲ၊ ဘာတွေကို ကြိုတင်စဉ်းစားရသလဲဆိုတာ သိထားရင် ရုပ်ရှင်ကို ကြည့်တဲ့အမြင်တောင် ပြောင်းသွားနိုင်ပါတယ်။

သင်က Producer တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားသူတစ်ယောက် ဒါမှမဟုတ် ရုပ်ရှင်အနုပညာကို စိတ်ဝင်စားသူတစ်ယောက်ဆိုရင်တော့ Film Production တစ်ခုရဲ့ အဆင့်တစ်ခုချင်းစီတိုင်းကို သေချာနားလည်တတ်မြောက်ထားဖို့က လိုကိုလိုအပ်လာပါပြီ။

Film Production တစ်ခု အကောင်အထည်ဖော်ဖို့ရာ အဓိကသိထားသင့်တဲ့ အဆင့်တွေကတော့ -

🎥 The Idea (စိတ်ကူးစိတ်သန်း)
🎥 Development (လုပ်ငန်းအစီအစဉ် ဖော်ဆောင်ခြင်း)
🎥 Financing (ဘဏ္ဍာရေး ရှာဖွေခြင်း)
🎥 Script Development (ဇာတ်ညွှန်းဖန်တီးရေးသားခြင်း)
🎥 Pre-Production (ရိုက်ကူးရေးမတိုင်မီ ပြင်ဆင်ခြင်း)
🎥 Production (ရိုက်ကူးခြင်း)
🎥 Post-Production (တည်းဖြတ်ခြင်း)
🎥 Marketing (စျေးကွက်မြှင့်တင်ခြင်း)
🎥 Sales (ရောင်းချခြင်း)
🎥 Screening (ရုပ်ရှင်ပွဲတော်များ၊ရုပ်ရှင်ရောင်းချသောစျေးကွက်နေရာများ၊ရုပ်ရှင်ရုံများတွင် ပြသခြင်း)
🎥 Distribution (ဖြန့်ချီခြင်း)
🎥 Other Windows (အခြားပြသခွင့်လမ်းကြောင်းများ)
စတဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်ပါတယ်။

The Foundation of Every Great Film: The Idea

ကောင်းမွန်တဲ့ရုပ်ရှင်တိုင်းရဲ့ အဓိကအခြေခံအုတ်မြစ်တွေဟာ "Idea" ကနေပဲစတင်ခဲ့ကြတာဖြစ်ပါတယ်။

ကြီးမားတဲ့ Budget တွေ၊ နာမည်ကြီး Cast တွေ မရှိသေးခင်မှာတောင် လူတွေကို ထိမိစေမယ့် စိတ်ကူးကောင်းတစ်ခုရှိဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်တစ်ကားရဲ့ အောင်မြင်မှုဟာ အုတ်မြစ်ဖြစ်တဲ့ Idea ပေါ်မှာပဲ တည်ဆောက်ထားလို့ ဖြစ်ပါတယ်။

Fiction Film တစ်ခု ဖန်တီးမယ်ဆိုရင် ဒီအချက်တွေကိုမဖြစ်မနေ စဉ်းစားသင့်ပါတယ်။

✨ Theme – ပရိသတ်ဆီ အဓိကပေးပို့ချင်တဲ့ အကြောင်းအရာ၊အဓိကပေးချင်တဲ့ခံစားမှု
✨ Characters – ယုံကြည်နိုင်ဖွယ်ရာကောင်းပြီးသက်ဝင်လှုပ်ရှားမှုရှိတဲ့ဇာတ်ကောင်များ
✨ Setting – နေရာ၊ ဒေသ၊အချိန်၊ ကာလ
✨ Plot – ဇာတ်အိမ်၊ဇာတ်ကြောင်း၊ဇာတ်ကိုဖြစ်စေတဲ့အကြောင်းတရား
✨ Point of View – ဘယ်သူ့ရှုထောင့်ကနေ ဇာတ်လမ်းကို ပြောမလဲ
✨ Presentation - တင်ဆက်မှုပုံစံ
✨ Style – ရုပ်ရှင်ရဲ့ ထူးခြားတဲ့ တင်ဆက်မှုဟန်တွေကို သေချာပေါင်းစပ်ဖန်တီးသင့်ပါတယ်။

Idea ကောင်းတစ်ခုကို ရှာဖွေဖို့အတွက်တော့
• ကိုယ်တိုင် ကြည့်ချင်တဲ့၊ ဖတ်ချင်တဲ့ ဇာတ်လမ်းမျိုးကို အရင်စဉ်းစားပါ။
• ကိုယ်တွေ့ အတွေ့အကြုံတွေကို ဇာတ်လမ်းအဖြစ် ပြောင်းလဲကြည့်ပါ။
• ဖြစ်ရပ်မှန်များ၊ ဒဏ္ဍာရီများ၊ ရိုးရာပုံပြင်များမှ Inspiration ယူပါ။
• ကိုယ်သိတဲ့ လူတစ်ယောက်ကို အခြေခံပြီး ဇာတ်ကောင်အသစ် ဖန်တီးကြည့်ပါ။
• "တကယ်လို့သာ..." ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို မကြာခဏ မေးကြည့်ပါ။

တစ်ခါတရံ အကောင်းဆုံး ရုပ်ရှင်တွေဟာ အရိုးရှင်းဆုံး မေးခွန်းတစ်ခုကနေ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

Film Production တစ်ခု အောင်မြင်ဖို့ဆိုတာ ကောင်းမွန်တဲ့ အနုပညာစိတ်ကူးကောင်းတစ်ခု ရှိရုံနဲ့ မလုံလောက်ပါဘူး။ စနစ်ကျခိုင်မာတဲ့ ဇာတ်ညွှန်းတည်ဆောက်ပုံတွေ၊ တိကျတဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ထိရောက်တဲ့ စျေးကွက်မြှင့်တင်ရေးနဲ့ ပရိသတ်ဆီ အရောက်ပို့နိုင်မယ့် ဖြန့်ချီရေးနည်းဗျူဟာတွေကိုပါ ကြိုတင်စဉ်းစားထားမှသာ ရေရှည်အောင်မြင်တဲ့ Film Production တစ်ခု ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

Film Production ရဲ့ နောက်ထပ်အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ Development အပိုင်းကို ဆက်လက်လေ့လာချင်တယ်ဆိုရင်တော့ Part II မှာစောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Film Production, Screenwriting, Directing, Producing နဲ့ Creative Industry အတွင်းက လက်တွေ့အသုံးချနိုင်တဲ့ ပညာရပ်တွေကို စနစ်တကျနဲ့၊ သေချာနားလည်သင်ယူလိုသူတွေအတွက် Vision Creative Academy မှာ နိုင်ငံတကာဆုရ Professional Mentors တွေရဲ့ လက်တွေ့ Experience တွေနဲ့အတူ လေ့လာသင်ယူနိုင်ပါတယ်။

စာသင်ခန်းထဲက Theory တွေတင်မဟုတ်ဘဲ တကယ့်လက်တွေ့အတွေ့အကြုံတွေကနေ သင်ယူရင်း ကိုယ့်ရဲ့ ဖန်တီးမှုခရီးလမ်းကို စတင်နိုင်ဖို့ VCA က အတူရှိနေပါတယ်။ 🎬

"စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ"✨



#ရုပ်ရှင်ထုတ်လုပ်ရေး

14/06/2026

Filmmaker တစ်ဦးအနေနဲ့ကိုယ့်ရဲ့ Career ကို Professional ကျကျလျှောက်လှမ်းချင်သူတွေအတွက် 🎥🎬
======
ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးဖို့ အစကနေ အဆုံးထိ Workflow တစ်ခုချင်းစီရဲ့ အလုပ်လုပ်ပုံတွေ၊ Filmmaker တစ်ယောက်ရဲ့ အဓိက Role တွေနဲ့ Film Analysis/Management ပိုင်းတွေကို စနစ်တကျ လေ့လာသင်ယူနေကြတဲ့ VCA ကျောင်းသား၊ကျောင်းသူတွေရဲ့ Behind The Scenes လေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်။ 📸

VCA ရဲ့ Filmmaking Class မှာဆိုရင် Concept တွေကို ပိုင်နိုင်စေရုံသာမက Technical အပိုင်းတွေနဲ့ Post Production အပိုင်းအထိပါ သေချာနားလည် တတ်မြောက်အောင် သင်ကြားပေးနေပါတယ်။
သင့်ရဲ့ Filmmaker တစ်ဦးဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ VCA ကို လှမ်းလာခဲ့ပါ။ 🤝

June လတွင်ဖွင့်လှစ်မည့် Filmmaking သင်တန်းအကြောင်း အသေးစိတ်ကို အောက်ပါ Link ထဲတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။
https://www.facebook.com/share/p/1Cd6SrMAR2/

"စိတ်ကူးအိပ်မက်မှသည် လက်တွေ့ပုံဖော်ဖန်တီးရာ" ✨

သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက
Page Messenger (သို့မဟုတ်)
📞 09444080889 / 09978691727 သို့ အားမနာတမ်းဆက်သွယ်​မေးမြန်းဖို့ဖိတ်ခေါ်ပါ ရစေ။

Photos from Vision Creative Academy's post 10/06/2026

VCA ၏‌ကျောင်းသား၊ကျောင်းသူများမှ Sound Exercise လေ့ကျင့်သင်ယူနေသောပုံရိပ်များ🎬 📸
=======
Filmmaking အတန်းရှိ ကျောင်းသား၊ကျောင်းသူများမှ ရုပ်ရှင်တစ်ခုရဲ့နောက်ကွယ်က Sound System အပိုင်းနဲ့ပက်သက်ပြီး လက်တွေ့လေ့ကျင့်နေကြတဲ့ နေ့လေးတစ်ရက်ကို ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်။ ✨

ဇာတ်လမ်းတစ်ပုဒ်ကို ပိုမိုအသက်ဝင်ပြီး ကြည့်ရှုသူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်မယ့် ရုပ်ရှင်အသံဖန်တီးမှု (Sound Design) အတတ်ပညာ၊ ဇာတ်ဝင်ခန်းအလိုက် ခံစားချက်ကို ပိုမိုအသက်ဝင်စေမယ့် အသံဖမ်းယူမှု (Sound Recording) စနစ်တွေနဲ့ အသုံးပြုပုံတွေကို စိတ်အားထက်သန်စွာနဲ့ စာတွေ့ရောလက်တွေ့ပါ လေ့လာမှတ်သားခဲ့ကြပါတယ်ရှင်။

VCA မှာဆိုရင် ရုပ်ရှင်ပညာ၏ အရေးကြီးဆုံးပညာရပ်တစ်ခုဖြစ်တဲ့ Filmmaking ပညာရပ်ကို နိုင်ငံတကာတွင်ကျင့်သုံးနေသောနည်းစနစ်များအတိုင်း အခြေခံကနေ စနစ်တကျလေ့လာတက်မြောက်စေရန် သင်ကြားပေးနေတာဖြစ်ပါတယ်။
သင့်ရဲ့ Filmmaker တစ်ဦးဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ VCA ကိုသာအရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

" စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ "✨

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေကို
Page Messenger (သို့မဟုတ်)
Phone No - 09444080889, 09978691727 သို့ အားမနာတမ်းဆက်သွယ်​မေးမြန်းဖို့ဖိတ်ခေါ်ပါ ရစေ။

09/06/2026

“ အရင်တုန်းက ကိုယ့်မှာရှိတဲ့ Idea ကို ဘယ်လိုမျိုး Development လုပ်ရမလဲဆိုတာ မသိခဲ့ဘူး။ VCA မှာ တက်ပြီးတဲ့နောက်မှာ Assignment တွေကို မကြာခဏလုပ်ရင်း တဖြည်းဖြည်းနဲ့ Idea တွေကို အကောင်အထည်ဖော်ဖို့အတွက် အဆင့်ဆင့် လုပ်ဆောင်ရမယ့်ပုံစံကို မြင်လာတယ်။ Character တွေရဲ့ Nature တွေ၊ Human Psychology ပိုင်းတွေကိုလည်း ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့တယ်။” လို့ Vision Creative Academy မှာသင်ကြားရခြင်း အတွေ့အကြုံကို မျှဝေပြောပြခဲ့တဲ့ Cinematography and Filmmaking အတန်းများမှ Thaw D Nine 🎬🎥✨
............................................
ရုပ်ရှင်နှင့်အနုပညာဖန်တီးမှုများကို ဖန်တီးလိုသူတစ်ယောက် အနေနဲ့ ဘယ်ကစလေ့လာရမလဲမသိဖြစ်နေသူတွေ၊ ရုပ်ရှင်အနုပညာကို အခြေခံကနေစပြီး စာတွေ့ သာမက လက်တွေ့ပါ စနစ်တကျနဲ့သင်ကြားတက်မြောက်ချင်သူတွေ ၊ရုပ်ရှင်အနုပညာဝါသနာနှင့် အသက်မွေးဝမ်းကြောင်းရပ်တည်မယ်လို့စဉ်းစားထားသူတွေအတွက်

✅VCA မှဖွင့်လှစ်ထားသော June Batch သင်တန်းများနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အောက်ပါ Link မှာလေ့လာနိုင်ပါတယ်။
https://www.facebook.com/share/p/18uXwhX9qA/

အသစ်ထပ်မံ ဖွင့်လှစ်တော့မည့် သင်တန်းများကို အခုတည်းကစပြီး ကြိုတင်စာရင်းသွင်း အပ်နှံနိုင်ပါပြီ။
............................................
VCA မှ ဖွင့်လှစ်ထားသောပညာရပ်များ
✳️ Fundamental of Filmmaking
✳️ Fundamental of Script Writing
✳️ Fundamental of Cinematography
✳️ Fundamental of Directing
✳️ Fundamental of Acting
✳️ Fundamental of Videography
✳️ Commercial Video Production
✳️ Creative Editing
✳️ The Art of Color Correction& Grading
✳️ The Art of Producing
✳️ The Art of Photography
✳️ The Art of Production Design
✳️ Creative Writing
✳️ Storyboarding

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေကို
Page Messenger (သို့မဟုတ်)
Phone No - 09444080889, 09978691727 သို့ အားမနာတမ်းဆက်သွယ်မေးမြန်းဖို့ဖိတ်ခေါ်ပါ ရစေ။

#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ

09/06/2026

"An artist’s job is to captivate. If we stumble into truth, we got lucky. And decisions are made by those who show up."
— Aaron Sorkin 🎬

အနုပညာဆိုတာ သင်ခန်းစာပေးဖို့ထက် အရင်ဆုံး လူတစ်ယောက်ကို မျက်လုံးမလွှဲနိုင်လောက်အောင်အထိဆွဲခေါ်နိုင်ဖို့ပဲ။

ရုပ်ရှင်တစ်ကား၊ ဇာတ်လမ်းတစ်ပုဒ်ဟာ လူတွေကို စိတ်ဝင်စားအောင် မဖမ်းစားနိုင်ဘူးဆိုရင် အဲ့ဒီထဲမှာ ဘယ်လောက်နက်ရှိုင်းတဲ့ အမှန်တရားတွေ၊ ဘယ်လောက်ကောင်းတဲ့ message တွေရှိနေပါစေ အဲဒါတွေက Screen အောက်မှာပဲ ပျောက်သွားတတ်တယ်။

တစ်ခါတလေရုပ်ရှင်ထဲက “အမှန်တရား” ဆိုတာ ရည်ရွယ်ပြီး ရှာဖွေတူးဖော်တာထက်၊ ဇာတ်လမ်းထဲကို လှည့်ဝင်သွားရင်း မတော်တဆ ပေါ်လာတဲ့ အရာမျိုး ဖြစ်တတ်တယ်။ ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို ကြည့်ပြီးတဲ့အခါ ပရိသတ်ရဲ့ စိတ်ထဲမှာ ကျန်ခဲ့တာက အဖြေတစ်ခုထက် မေးခွန်းတစ်ခု ဖြစ်နေတတ်ပါတယ်။

Aaron Sorkin ရဲ့ လက်ရာတွေဖြစ်တဲ့ The Social Network, Moneyball, A Few Good Men, Steve Jobs တို့ကို ကြည့်ရင်လည်း အဲ့ဒီအရာကို မကြာခဏ တွေ့ရမှာပါ။

သူက အမှန်တရားကို သင်ပေးဖို့ ကြိုးစားတာထက် ကြည့်ရှုတဲ့သူတွေကို စိတ်ဝင်စားအောင် ဆွဲခေါ်သွားဖို့ ပိုအရေးကြီးတယ်လို့ ယုံကြည်တဲ့သူတစ်ယောက်ပါ။ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Dialogue တွေ၊ ဇာတ်ကောင်တွေရဲ့ထက်မြက်တဲ့ အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်တစ်ခုရဲ့ နောက်ကွယ်က ဖိအားတွေနဲ့ လူသားဆန်တဲ့ အားနည်းချက်တွေကို သူ့ဇာတ်လမ်းတွေထဲမှာ အမြဲတွေ့ရတတ်ပါတယ်။

တစ်ခါတလေ ဇာတ်ကားတွေက အမှန်တရားကို တိုက်ရိုက်ပြောပြလို့ မရဘူး။ ဒါပေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ကတော့ လူတွေကို တွေးစေတယ်၊ ခံစားစေတယ်၊ ကိုယ့်ဘာသာ အဖြေရှာစေတယ်။

အဲ့ဒါကြောင့်ပဲ Aaron Sorkin ရဲ့ လက်ရာတွေဟာ ဇာတ်လမ်းတစ်ခုကစကားပြောနိုင်ခြင်းရဲ့ စွမ်းအားကို သက်သေပြနေသလိုပါပဲ။
Happy Birthday, Aaron Sorkin! 🎉

#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ

Photos from Vision Creative Academy's post 07/06/2026

Vision Creative Academy ရဲ့ Videography အတန်း သင်ကြားမှုနောက်ကွယ်မှ ပုံရိပ်များ ✨🎬
========
ကင်မရာတစ်လုံးရဲ့နောက်ကွယ်မှာ ရှိနေတဲ့ ဖန်တီးမှုတွေကို လေ့လာနေကြတဲ့ Vision Creative Academy ရဲ့ Videography Class မှ ကျောင်းသား၊ ကျောင်းသူများရဲ့ ကြိုးစားသင်ယူနေကြတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 📸

Camera Movements, Lighting Techniques, Composition နဲ့ Cinematic Shot Creation တို့ကို လက်တွေ့ကျကျ လေ့ကျင့်သင်ကြားခဲ့ပြီး Storytelling ကို ပိုမိုအသက်ဝင်စေမယ့် Video Production Concepts များကို နားလည်တတ်ကျွမ်းအောင် စနစ်တကျ လေ့လာခဲ့ကြပါတယ်။ ✨

Vision Creative Academy မှာ Videography ပညာရပ်ကို နိုင်ငံတကာအဆင့်မီ သင်ကြားရေးနည်းစနစ်များဖြင့် အခြေခံမှစတင်ကာ Professional Level အထိ စနစ်တကျ သင်ကြားပေးလျက်ရှိပါတယ်။

Professional Videographer တစ်ယောက်အဖြစ် ရပ်တည်ချင်သူများ၊
Content Creator အဖြစ် အရည်အချင်းမြှင့်တင်ချင်သူများ၊
Visual Storytelling ကို ကျွမ်းကျင်စွာ ဖန်တီးချင်သူများအတွက်
VCA က သင့်ရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။

"စိတ်ကူးအိပ်မက်မှသည် လက်တွေ့ပုံဖော်ဖန်တီးရာ" ✨

📩 သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက
Page Messenger (သို့မဟုတ်)
📞 09 4440 80889
📞 09 9786 91727
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။





#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ

Photos from Vision Creative Academy's post 06/06/2026

"I have never made a film to praise or to criticize something. That kind of filmmaking is nothing but propaganda."

— Hirokazu Kore-eda 🎬

ရုပ်ရှင်ကားကောင်းတစ်ကားကို ကြည့်ပြီးတဲ့အခါ "ဒီရုပ်ရှင်က ဘာပြောချင်တာလဲ" ဆိုတာထက် "ဒီရုပ်ရှင်က ဘာတွေ ခံစားစေခဲ့လဲ" ဆိုတာက ပိုပြီး စိတ်ထဲကျန်နေတတ်ပါတယ်။

Hirokazu Kore-eda ရဲ့ ရုပ်ရှင်တွေကို ကြည့်ရင်လည်း အဲ့ဒီခံစားချက်ကို မကြာခဏ တွေ့ရမှာပါ။

သူ့ရုပ်ရှင်တွေက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်လို့ ဆုံးဖြတ်မပေးဘူး။ ဘယ်သူ့ဘက်က ရပ်တည်ရမယ်ဆိုတာလည်း မပြောဘူး။ အဲ့ဒီအစား လူတွေရဲ့ ဘဝထဲကို တိတ်တိတ်လေး ခေါ်သွားတယ်။

မိသားစုတစ်ခုရဲ့ အက်ကြောင်းတွေ၊ မပြောဖြစ်ခဲ့တဲ့ စကားတွေ၊ သံယောဇဉ်တွေ၊ နောင်တတွေ၊ ခွင့်လွှတ်မှုတွေကို ပကတိအတိုင်း မြင်ခွင့်ပေးတယ်။

ရုပ်ရှင်ဆိုတာ တစ်ယောက်ယောက်ရဲ့ အမြင်ကို အတင်းအကျပ် လက်ခံခိုင်းဖို့ မဟုတ်ဘဲ လူသားဘဝကို ပကတိအတိုင်း မြင်တွေ့ခံစားစေချင်တာကို Kore-eda ရဲ့ အနုပညာက သတိပေးနေသလိုပါပဲ။

Happy Birthday, Hirokazu Kore-eda! 🎉

#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 318, Wireless (3) Street, Kaba Aye, Mayangone Township
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00