19/06/2026
🎁 InnoEd ရဲ့ (၄) နှစ်ပြည့်မှာ ဆုကြေးငွေတွေလည်း ရ၊ Scholarship လျှောက်ဖို့အတွက်ပါ Support ဖြစ်စေမယ့် အခွင့်အရေးကြီးတစ်ခု လာပြီနော်! 🎉
Hello InnoEddies လေးတို့ရေ 👋
InnoEd တည်ထောင်ခဲ့တာ လေးနှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ InnoEddies လေးတို့အတွက် competition လေး တစ်ခု စီစဉ်ထားပါတယ်။ အဲ့တာကတော့ InnoEd ရဲ့ (၄) နှစ်ပြည့် အထိန်းအမှတ်အဖြစ် ကျောင်းသူ၊ ကျောင်းသားဟောင်းများနှင့် လက်ရှိတက်ရောက်နေသူများအားလုံး မိမိတို့ရဲ့ စိတ်လှုပ်ရှားစရာ၊ အတုယူစရာ Inspiring Story / Learning Journey တွေကို အများအတွက် ပြန်လည်မျှဝေရင်း ဆုကြေးငွေများ ဆွတ်ခူးနိုင်မယ့် ပြိုင်ပွဲကြီးတစ်ခုကို ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။🎉
ဒီအစီအစဉ်ဟာ သူငယ်ချင်းအချင်းချင်း ကြိုးစားချင်စိတ်တွေ ကူးစက်သွားစေဖို့ (Peer-to-Peer Motivation) မိမိရဲ့ ဖြတ်သန်းမှုပုံရိပ်ကို Poster နှင့် Video Presentation ပေါင်းစပ်ပြီး ဝေမျှယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။✨
ဒါ့အပြင် မိမိရဲ့ ပတ်ဝန်းကျင်အပေါ် ကူညီလိုစိတ် (Community Spirit) ကို ပြသနိုင်မည့်အပြင်၊ InnoEd က တန်ဖိုးထားရတဲ့ Reflection အလေ့အထနှင့် နောင်တစ်ချိန် တက္ကသိုလ်ကျောင်းလျှောက်/ Scholarship လျှောက်ထားဖို့ စဉ်းစားနေသူများအတွက်ပါ မိမိကိုယ်ကို ထုတ်ဖော်ပြသရမည့် အပိုင်းများကို တစ်ခါတည်း အဆင်သင့် ပြင်ဆင်ပြီးသားဖြစ်အောင် ရည်ရွယ်ပြီး ကျင်းပပေးခြင်း ဖြစ်ပါတယ်။🤍
ပြိုင်ပွဲဝင်ရန်အတွက် လိုအပ်သည်များကို အောက်ပါ registration link တွင် အသေးစိတ် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။👀
https://docs.google.com/forms/d/e/1FAIpQLScGvgdoFGQZQSXrZneWg6U0Qs_2GwVveW8JCvk36vmomR-KQA/viewform?usp=sharing&ouid=107503952088177579673
Registration link မှာ ဖြည့်ပီးသွားပြီဆိုရင်တော့ competition အတွက် poster နဲ့ videoလေးတွေစတင်ဖန်တီးလို့ ရပါပီနော်။✌️
18/06/2026
✨✨နိုင်ငံတကာပညာရေးအိမ်မက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ - InnoEd ရဲ့ July လအတန်းသစ်များ
July မှာ ဖွင့်သွားမယ့် အတန်းသစ်များကတော့ -
🔹 GED Foundation B (18) နေ့လည် သင်တန်း
🔹 GED Preparation B (20) နေ့လည် သင်တန်း
🔹 SAT Preparation B (15) နေ့လည်သင်တန်း
🔹 IELTS Foundation B (7) ညဖက်အတန်း
🔹 General English (4) skills - A2 level ညဖက်အတန်းတို့ပဲ ဖြစ်ပါတယ်။
👉အထက်ပါအတန်းအားလုံးက zoom (online live) class ဖြစ်ပြီး အတန်းအကြောင်းအသေးစိတ်ကို တစ်ပုံချင်းစီမှာ ကြည့်နိုင်ပါတယ်။
✨ဒါ့အပြင် InnoEd (4) နှစ်ပြည့်အထူးအစီအစဥ်အတန်းများလဲ ရှိပါသေးတယ်။ InnoEd (4) နှစ်ပြည့်အထူးအစီအစဥ်အတန်းများကို comment မှာ ကြည့်ပေးပါရှင်။
InnoEd zoom (online) အတန်းတွေက အခြား ဘာတွေထူးခြားသလဲ?
🔹အတန်းချိန်တိုင်းကို recording ပြန်ပေးပါတယ်။
🔹ဆရာ/ဆရာမများနဲ့ အမြဲတမ်း ဆက်သွယ်လို့ရမယ့် Telegram group များထားရှိပေးပါတယ်။
🔹ဒါ့အပြင် InnoEd က ကျောင်းသူ/သားတွေကို စာတင်မကဘဲ၊ အဖက်ဖက်မှာထူးချွန်စေချင်တာကြောင့်
- Study group နဲ့ အခြား Extracurricular activities များစွာကိုလဲ join လို့အောင် စီစဥ်ပေးထားပါတယ်။
🔹လုပ်ငန်းခွင်အတွေ့အကြုံကိုရစေဖို့ အတန်းတွေပြီးသွားရင်လဲ Internship (Protege Program) နဲ့ volunteer လုပ်လို့ရမယ့် အခွင့်အရေးများလဲ ရှိပါတယ်။
🔹အတန်းတွေက စာမေးပွဲဖြေပြီးသည်ထိ လိုအပ်တာတွေ လိုက်လုပ်ပေးတဲ့အပြင်
🔹ကျောင်းသူ/သားများကို ပိုအဆင်ပြေချင်သော စေတနာဖြင့် အတန်းတက်နေစဥ်ရော၊ အတန်းပြီးသွားရင်ရော university education consultation များ၊ scholarship coaching များကိုလဲ ဆောင်ရွက်ပေးပါတယ်။
📌အတန်းတိုင်းကို လက်ခံမယ့်လူဦးရေကန့်သတ်ထားတာကြောင့် ဦးရာလူစနစ်နဲ့ အတန်းသစ်များ လက်ခံပေးနေပါပြီရှင်။✨
📩စုံစမ်းအပ်နှံရန် - messenger (သို့မဟုတ်) ဖုန်း 09880032336 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ဖုန်းဖြေချိန်ကတော့ - Monday to Friday 9.30am to 5pm ဖြစ်ပါတယ်ရှင်။
InnoEd - A bridge to your brighter future!
Much Love,💙
Tr. Mary
17/06/2026
🎉🎊ဒီ June လက ကျမတို့ InnoEd အတွက် ထူးခြားတဲ့လပါ။
🎉🎊ဒီ June 2026 မှာတော့ InnoEd ဟာ (4) နှစ်တိတိပြည့်ခဲ့ပါပြီ။
ဒီ (၄) နှစ်တာကာလအတွင်းမှာ - ပျော်ရွှင်ကြည်နူးပီတိဖြစ်ရခြင်းပေါင်းများစွာနဲ့ ကိုယ့်သားသမီးတပည့်တွေ အောင်မြင်သွားကြတာကို တွေ့ခဲ့ရပြီးပါပြီ။ တွေ့ကြုံနေရဆဲလဲ ဖြစ်ပါတယ်။
မမျှော်လင့်ထားတဲ့ အခက်အခဲတစ်ချို့ကြုံတွေ့ခဲ့ရပေမယ့် - အဲ့ဒါက ကျမတို့ကို ပိုမိုသန်မာလာစေဖို့နဲ့ ကိုယ့်ဘေးနားမှာ စေတနာသန့်သန့်နဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ InnoEd ခရီးစဥ်တစ်လျှောက်ရှိနေပေးခဲ့ကြတဲ့သူတွေအားလုံးကို ပိုပြီး ကျေးဇူးတင်တတ်စေဖို့ ဖြစ်လာခဲ့ပါတယ်။
ဒါ့ကြောင့်မလို့ အခုလို (၄)နှစ်တာကာလလုံး ဒီခရီးကို တူတူဖြတ်သန်းပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ 💙
✨👉ထပ်ပြီးတော့လဲ - InnoEd ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ - ကျောင်းသူကျောင်းသားတွေ ပိုတောက်ပတဲ့ အနာဂတ်တစ်ခုဆီကို ရောက်နိုင်စေဖို့အတွက် ပေါင်းကူးတံတားအဖြစ် တစ်စိုက်မတ်မတ်လုပ်သွားပါမယ်။
✨👉 ဒီ (၄) နှစ်ပြည့်မှာ - မနေ့က ကြေငြာခဲ့တဲ့ InnoEd ရဲ့ ကိုယ်ပိုင် website အပြင်၊ အထူးအစီအစဥ် (၃) ခုကိုလဲ စီစဥ်ထားပါတယ်။
🔹 ပထမတစ်ခုက - ကျမတို့လို ကျောင်းသူ/သားတွေအတွက် အခက်အခဲတွေကို ဖြေရှင်းပေးပြီး ပိုကောင်းတဲ့အနာဂတ်ဆီကို ဘယ်လို ဦးဆောင်ခေါ်သွားကြမလဲဆိုတာကို တူတူစဥ်းစားကြမယ့် Education Leadership Workshop
🔹 ဒုတိယတစ်ခုက - အလုပ်မအားတဲ့ကျောင်းသူ/သားတွေအတွက် self-paced GED, SAT, IELTS recorded classes တွေ
🔹 နောက်ဆုံးတစ်ခုကတော့ - InnoEd ကျောင်းသူ/သားတွေအနေနဲ့ ကိုယ့်ရဲ့ inspiring story ကို အများအတွက် မျှဝေနိုင်မယ့် အခွင့်အရေး (ဒီအစီစဥ်က - ကိုယ့်ရဲ့ community စိတ်ဓါတ်ရှိတာကို ပြသပြီးသားဖြစ်သလို၊ ကျမတို့ InnoEd ရဲ့ တန်ဖိုးထားရတဲ့ reflection လုပ်ဖြစ်တဲ့အကျင့်နဲ့ ကျောင်းလျှောက်/ Scholarship လျှောက်ဖို့ စဥ်းစားနေသူတွေအတွက်ပါ တစ်ခါထဲ ပြင်ဆင်ပြီးသားဖြစ်အောင်ပါ ရည်ရွယ်ပါတယ်)
ဒါတွေအားလုံးရဲ့ အသေးစိတ်ကိုတော့ ထပ်မံကြေငြာပေးပါ့မယ်ရှင်။
Stay tuned!
And, thank you all for being with us throughout this journey, and we look forward to many more years together!
InnoEd - A bridge to your brighter future!
Much Love 💙
Tr. Mary
16/06/2026
ဒီနေ့က InnoEd ရဲ့ ၄ နှစ်ပြည့် မွေးနေ့ပါ 💐
၄ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့
special campaign နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ campaign ရဲ့ ပထမဆုံး တခုက
InnoEd ရဲ့ website launch party ပါ။
InnoEd ရဲ့အကြောင်းတွေကို
www.innoedschool.com မှာ ဖတ်နိုင်ပါပြီ။
သိပ်မကြာခင်မှာ ဒီ website မှာပဲ
InnoEd ရဲ့ Digital Learning အစီစဥ်
စပါမယ်။
ပညာသင်ကြားရာမှာ ပိုမိုထိရောက်ဖို့
အဆင်ပြေလွယ်ကူစေဖို့ အဓိကရည်ရွယ်ပြီး
ဖန်တီးထားတဲ့ digital tools တွေ၊
self-learning လုပ်ဖို့အတွက် ထိရောက်မယ့်
learning materials တွေ ကိုလည်း တင်ပေးသွားမှာပါ။
ထူးခြားတဲ့ program အသစ်တွေ၊
promotion တွေလာမှာမို့
stay tuned!
Winston Phyo & Dr. Mary
16/06/2026
InnoEd ၄ နှစ်ပြည့် အထူးအစီစဉ်တွေ ဒီရက်ပိုင်းမှာ ကြော်ငြာပေးပါမယ်။
ပထမဆုံး အစီစဉ် အနေနဲ့ ဒီနေ့ညနေ InnoEd website စပြီး launch လုပ်ပါမယ်။
Education Innovation projects တွေလည်း ဆက်တိုက်ကြော်ငြာသွားပါမယ်။
Happy Happy 💐
Winston Phyo & Dr. Mary
15/06/2026
Hello. ဒီ GED Preparation အတန်းလေး ဒီနေ့ည စတင်ပါတော့မယ်ရှင်။
အတန်းလေးကတော့ လူပြည့်သွားပါပြီရှင်။
အတန်းအပ်ထားသူများအားလုံး Telegram group ကို မ join ရသေးရင် join ပေးကြပါရှင်။
Happy learning everyone! 💙
✨GED Preparation အတွက် ညနေအတန်းရှာနေတယ်ဆိုရင် ဒီအတန်းကိုတက်ပါ။
ဒီအတန်းရဲ့ ထူးခြားချက်က -
📌 သင်တန်းကာလ (၅)လအတွင်းမှာ - GED မေးခွန်းပုံစံအစုံကို ဖြေပုံဖြေနည်းကို စနစ်တကျလေ့ကျင့်ပေးမယ့်အပြင်
📌 Kaplan, McGraw Hill, Princeton, Flashcards, Dummies တို့ကနေထုတ်နှုတ်ပြီး practice အများကြီးကို သင်တန်းကာလအတွင်း တစ်ခါထဲလုပ်ခိုင်းမှာပါ
📌 Term 1, Term 2, Final term ဆိုပြီး စာမေးပွဲလဲ (၃)ခါစစ်ပြီး
📌 Report card ဖြင့်အမှတ်များနဲ့ feedback များပါ တစ်ခါထဲပေးသွားမှာပါ။
📌 ဘာသာရပ်ကျွမ်းကျင် ဆရာ ဆရာမများကိုယ်တိုင် တစ်ဘာသာကို Teacher တစ်ယောက်နှုန်းနဲ့ သင်ပေးသွားမှာဖြစ်ပြီး
📌 အတန်းချိန်တိုင်းကို recording ပြန်ပေးသွားမှာပါ။
📌 လေ့ကျင့်ဖို့အတွက်လဲ InnoEd ရဲ့ ကိုယ်ပိုင် website နဲ့ပါ computerized test နဲ့ ရင်းနှီးအောင် တစ်ခါထဲ လေ့ကျင့်ပေးသွားမှာဖြစ်ပြီး
📌 notes ထုတ်နည်း၊ anxiety management စတဲ့ အကျင့်ကောင်းတွေကို ရအောင်ပါ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
ယခု Preparation အတန်းကိုတက်ရောက်နိုင်သူများကတော့ -
📌စနစ်သစ် (10/ 11) တန်းအောင်မြင်ထားသူများ,
📌 PreGED
📌 PreIGCSE
📌 IGCSE အောင်မြင်ထားသူများနဲ့
📌 English Intermediate level (B1) နှင့် အထက်ရှိသူများ တက်ရောက်နိုင်ပါတယ်။
👉👉သင်တန်းအသေးစိတ်များကိုတော့ - ပုံထဲမှာ ရေးထားပေးပါတယ်ရှင်။
InnoEd အတန်းတွေက အခြား ဘာတွေထူးခြားသလဲ?
🔹အတန်းချိန်တိုင်းကို recording ပြန်ပေးပါတယ်။
🔹ဆရာ/ဆရာမများနဲ့ အမြဲတမ်း ဆက်သွယ်လို့ရမယ့် Telegram group များထားရှိပေးပါတယ်။
🔹ဒါ့အပြင် InnoEd က ကျောင်းသူ/သားတွေကို စာတင်မကဘဲ၊ အဖက်ဖက်မှာထူးချွန်စေချင်တာကြောင့်
- Study group နဲ့ အခြား Extracurricular activities များစွာကိုလဲ join လို့အောင် စီစဥ်ပေးထားပါတယ်။
🔹လုပ်ငန်းခွင်အတွေ့အကြုံကိုရစေဖို့ အတန်းတွေပြီးသွားရင်လဲ Internship (Protege Program) နဲ့ volunteer လုပ်လို့ရမယ့် အခွင့်အရေးများလဲ ရှိပါတယ်။
🔹အတန်းတွေက စာမေးပွဲဖြေပြီးသည်ထိ လိုအပ်တာတွေ လိုက်လုပ်ပေးတဲ့အပြင်
🔹ကျောင်းသူ/သားများကို ပိုအဆင်ပြေချင်သော စေတနာဖြင့် အတန်းတက်နေစဥ်ရော၊ အတန်းပြီးသွားရင်ရော university education consultation များ၊ scholarship coaching များကိုလဲ ဆောင်ရွက်ပေးပါတယ်။
📌အတန်းတိုင်းကို လက်ခံမယ့်လူဦးရေကန့်သတ်ထားတာကြောင့် ဦးရာလူစနစ်နဲ့ အတန်းသစ်များ လက်ခံပေးနေပါပြီရှင်။✨
📩စုံစမ်းအပ်နှံရန် - ဖုန်း/ viber 09880032336 (သို့မဟုတ်) messenger ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Much Love,💙
Tr. Mary
12/06/2026
ဒီရက်ပိုင်း
သတင်းကောင်းတွေ
ဆက်တိုက်လာပါမယ် 💐
Stay tuned ပါ ✌️😎
10/06/2026
Khon Kaen University ( KKU )
ထိုင်းနိုင်ငံမှာ Undergraduate တက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေအတွက် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Isan ဒေသရဲ့ အကြီးဆုံးနဲ့ ထိပ်တန်း အစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ Khon Kaen University ( KKU ) အကြောင်းကို မျှဝေပေးချင်ပါတယ်။✨
KKU ဟာ ၁၉၆၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ Top Ranking Public University တစ်ခုဖြစ်ရုံတင်မကဘဲ နိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်ကြီးတွေစာရင်းမှာလည်း နှစ်စဉ်မပြတ် ပါဝင်နေတဲ့ ကျောင်းတစ်ခုပဲဖြစ်ပါတယ်။ KKU ရဲ့ Main Campus ကတော့ Khon Kaen မြို့မှာ တည်ရှိပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုနဲ့အတူ ကျောင်းဝင်းအကျယ်ကြီးထဲမှာ Facility အပြည့်အစုံနဲ့ တက်ရောက်ရမှာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံတကာကျောင်းသားတွေအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ Khon Kaen University International College (KKUIC) ဟာဆိုရင် ပညာရေးပတ်ဝန်းကျင် ကောင်းမွန်ရုံတင်မကဘဲ Career Opportunities အခွင့်အလမ်းတွေလည်း အများကြီး ရှိနေမှာပါ။
KKUIC မှာ International Undergraduate Programs အနေနဲ့ ရွေးချယ်လို့ရတဲ့ Major များကို ဖော်ပြပေးလိုက်ပါတယ်။
👉 လျှောက်ထားနိုင်တဲ့ International Programs တွေကတော့
🔹Global Business Management
🔹International Marketing
🔹International Entrepreneurship
🔹Tourism Management
🔹Creative Media Technology
🔹Creative Content and Communication
🔹International Relations and Diplomacy 🔹International Development
🔹Bio Innovation Management
🔹Digital Innovation Management တို့ပဲ ဖြစ်ပါတယ်။
👉 လျှောက်ထားဖို့အတွက် လိုအပ်တဲ့ Requirements များ
▶️ပညာအရည်အချင်း - High School Equivalence Certificate / US Grade 12 / GED (Minimum Total Score 600 points ရှိရပါမယ်)
▶️English Test Requirements
🔹IELTS - 5.0+
🔹TOEFL(iBT) - 61
🔹TOEFL(ITP) - 500
🔹SAT Reading and Writing - 450
(Test result အားလုံးသည် သက်တမ်း ၂ နှစ်ထက် မကျော်လွန်ရပါ)
▶️ International Entrepreneurship, Global Business, International Marketing, နဲ့ Tourism Management မေဂျာများအတွက်က SAT Math - 450 ရရှိထားဖို့ လိုအပ်ပါတယ်။
👉 ပြင်ဆင်ရမယ့် ကျန်ရှိသော Documents များ
🔹ဓာတ်ပုံ - Size 3×4 cm
(ဦးထုပ်၊ မျက်မှန်မပါဘဲ လွန်ခဲ့တဲ့ ၆ လအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်ရပါမယ်)
🔹Passport မိတ္တူ (သို့မဟုတ်) ID Card
🔹Academic Transcripts (GPAX)
🔹English Score and SAT Math Test Score
🔹Recommendation Letter
🔹နာမည်ပြောင်းထားလျှင် နာမည်ပြောင်းစာရွက် မိတ္တူ
📌 KKUIC Admission စနစ်မှာ Statement of Purpose (SOP) နဲ့ Portfolio တွေကို Standard အနေနဲ့ မဖြစ်မနေ တောင်းလေ့မရှိပေမဲ့ စာရွက်စာတမ်းတင်ပြီးရင် Online Interview ဖြေရလေ့ရှိလို့ Interview အတွက် သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
🚨 Admission Timeline & Application
KKUIC ရဲ့ ဝင်ခွင့်ကို တစ်နှစ်ပတ်လုံးအတွက် KKUIC Round 1, 2, 3, 4 ဆိုပြီး အဆင့်ဆင့် ခေါ်ယူလေ့ရှိပြီး ဒီနှစ်အတွက် ခေါ်ဆိုမှုကတော့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။နောက်နှစ်အတွက် ကြိုတင်ပြင်ဆင်လိုသူများ အနေဖြင့် လိုအပ်ချက်များကို အခုကတည်းက သေချာပြင်ဆင်ထားနိုင်ရန် မျှဝေပေးခြင်း ဖြစ်ပါတယ်။
👉 ကျောင်းလျှောက်ဖို့နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အောက်ပါ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Application Link- admissions.kku.ac.th
Share the best,
Create with love, ❤️
Humans of InnoEd