13/06/2026
"ငါ့သားလေး၊ ငါ့သမီးလေး စာမေးပွဲမှာ အမှတ်ကောင်းဖို့၊ ဘက်စုံတော်ဖို့ လူတော်လေးဖြစ်ဖို့ တစ်နေ့ကို ၄-၅ နာရီလောက် ဇွဲရှိရှိ စာကျက်မှဖြစ်မယ်" ဆိုပြီး ကလေးတွေကို နားချိန် မရှိအောင် သင်တန်းတွေ အစုံတက်ခိုင်း
ဖိအားပေးပြီး စာတွေ အရမ်းကျက် ခိုင်းမိနေပြီလား။ အိမ်စာတွေ ဖိလုပ် ခိုင်း မိနေပြီလား
တကယ်ရော ကျက်သမျှ စာတွေ ကို ကလေးက
အမှန်တကယ် အလုံးစုံ မှတ်နိုင်တယ်လို့ ထင်ပါသလား
မိဘတို့ရဲ့ စေတနာကို နားလည်ပေမဲ့ ဒီလို နာရီပေါင်းများစွာ မနားတမ်း စာကျက်ခိုင်းတာဟာ ကလေးရဲ့ ဦးနှောက်ကို အကြီးအကျယ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ "Cognitive Load ကိုပဲ ဖြစ်ပေါ်စေပါတယ်။
လူ့ဦးနှောက်ရဲ့ သဘာဝအရ ရေတိုမှတ်ဉာဏ်ဟာ တစ်ကြိမ်မှာ လက်ခံနိုင်တဲ့ အချက်အလက် ပမာဏ အကန့်အသတ်ပဲ ရှိတာမို့လို့ စာတွေကို တစ်ပြိုင်နက်တည်း အများကြီး ပုံအောပြီး နာရီနဲ့ချီ ဇာတ်တိုက်ကျက်ခိုင်းရင် ဦးနှောက်က လုံးဝလက်မခံတော့ဘဲ ရပ်တန့်သွားတတ်ပါတယ်။ စာအုပ်ရှေ့မှာ အကြာကြီး ထိုင်နေပေမဲ့လည်း ဘာမှခေါင်းထဲမဝင်ဘဲ ကလေး ပင်ပန်းရုံပဲ အဖတ်တင်ကျန်ခဲ့တာမျိုးပေါ့ရှင်။
အဲ့ဒီ အစား ကစား ဦးနှောက်ကို အနားပေးရင်း ကစား နည်းနဲါ နည်းနည်းစီ သင်ကြား တဲ့ နည်းလမ်း က ကလေးကို ကျန်းမာ ချမ်းသာစွာ ပညာ သင်ကြားနိင်မှာပေါ့ရှင်
30/04/2026
07/04/2026