09/06/2026
FYI
【NAT-TEST】マークシートのぬりかた How to fill in the mark sheet for Japanese Language NAT-TEST マークシートのぬりかたの説明(せつめい)をしています。きれいにぬって、テストに合格(ごうかく)しましょう。 ...
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rachel Japanese Online School, Language school, Yangon.
ဂျပန်စာကိုအခြေခံမှစ၍လွယ်ကူရိုးရှင်းစွာဖြင့်သင်ကြားပေးသွားပါမည်။ Since 2020.
𝖡𝖺𝗌𝗂𝖼+ 𝖭5 , 𝖭4 ,𝖭3 𝖮𝗇𝗅𝗂𝗇𝖾 𝖢𝗅𝖺𝗌𝗌 အပ်လိုပါက 𝖬𝖾𝗌𝗌𝖾𝗇𝗀𝖾𝗋 မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ 𝖳𝖾𝗅𝖾𝗀𝗋𝖺𝗆 𝖭𝗈. - 09760171765
09/06/2026
FYI
【NAT-TEST】マークシートのぬりかた How to fill in the mark sheet for Japanese Language NAT-TEST マークシートのぬりかたの説明(せつめい)をしています。きれいにぬって、テストに合格(ごうかく)しましょう。 ...
09/06/2026
တစ်ယောက်တည်း ကြိုးစားနေရတဲ့ Relationship ထက် နှစ်ယောက်လုံး ကြိုးစားတည်ဆောက်နေတဲ့ Relationship က ပိုပြီး ကျန်းမာပျော်ရွှင်စေပါတယ်။ 🌿
လူတိုင်းက ချစ်ခြင်းမေတ္တာကို လိုချင်ကြပါတယ်။ ဒါပေမယ့် Relationship တစ်ခုကို ကြာရှည်ခိုင်မာစေဖို့ဆိုတာ ချစ်တာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
နားလည်ပေးနိုင်မှု၊ ယုံကြည်မှု၊ လေးစားမှုနဲ့ နှစ်ဦးနှစ်ဖက် ကြိုးစားလိုစိတ်တွေပါ ရှိဖို့လိုပါတယ်။
Healthy Relationship တစ်ခုမှာ
🌿အပြန်အလှန် ဂရုစိုက်ပေးနိုင်ရမယ်။
တစ်ဖက်ကပဲ အမြဲပေးနေရတာမျိုးမဟုတ်ဘဲ နှစ်ယောက်စလုံးက ချစ်ခြင်း၊ ဂရုစိုက်မှုနဲ့ စိတ်ဝင်စားမှုတွေကို ဖော်ပြပေးနိုင်ရပါတယ်။
🌿 ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ရမယ်။
ဝမ်းနည်းတာ၊ စိတ်ဆိုးတာ၊ စိတ်ပျက်တာတွေကို သိမ်းမထားဘဲ နူးညံ့တဲ့နည်းလမ်းနဲ့ ပြောပြနိုင်ဖို့ လိုပါတယ်။ ပွင့်လင်းတဲ့ ဆက်သွယ်မှုက နားလည်မှုကို ပိုမိုတည်ဆောက်ပေးနိုင်ပါတယ်။
🌿 ယုံကြည်မှုနဲ့ သစ္စာရှိမှု ရှိရမယ်။
ယုံကြည်မှုဆိုတာ တစ်ရက်တည်းနဲ့ မတည်ဆောက်နိုင်ပေမယ့် သစ္စာရှိတဲ့ လုပ်ရပ်သေးသေးလေးတွေကနေ တဖြည်းဖြည်း တည်ဆောက်လာရတာပါ။
🌿 အချင်းချင်း လေးစားတန်ဖိုးထားရမယ်။
သူ့ရဲ့ အလုပ်အကိုင်၊ ရည်မှန်းချက်၊ သူငယ်ချင်းမိတ်ဆွေတွေ၊ ကိုယ်ပိုင်ရွေးချယ်မှုတွေကို လေးစားပေးနိုင်ဖို့ လိုပါတယ်။
🌿 အတူတူ တိုးတက်နိုင်ရမယ်။
တစ်ယောက်ကို တစ်ယောက် ဆွဲချတာမဟုတ်ဘဲ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာအောင် အားပေးပံ့ပိုးပေးနိုင်ရပါမယ်။
🌿ပြဿနာတွေကို အတူတူ ဖြေရှင်းနိုင်ရမယ်။
ရန်ဖြစ်တဲ့အခါ ဘယ်သူနိုင်လဲဆိုတာထက် Relationship က ဘယ်လို ပိုကောင်းလာမလဲဆိုတာကို ဦးစားပေးစဉ်းစားနိုင်ဖို့ လိုပါတယ်။
🌿 ကိုယ်ပိုင်အချိန်တွေကို လေးစားပေးရမယ်။
ချစ်တယ်ဆိုတာ အမြဲတမ်း တွယ်ကပ်နေရတာ မဟုတ်ပါဘူး။ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်ဘဝကိုလည်း နားလည်လေးစားပေးဖို့ လိုပါတယ်။
🌿 အမှတ်တရအသစ်တွေ အတူဖန်တီးပါ။
ခရီးထွက်တာ၊ အတူတူသင်ယူတာ၊ အတွေ့အကြုံအသစ်တွေ စမ်းကြည့်တာတွေက Relationship ကို ပိုမိုနွေးထွေးစေပါတယ်။
Healthy Relationship ဆိုတာ Perfect Relationship မဟုတ်ပါဘူး။
နားလည်မှုလွဲတာတွေ ရှိနိုင်တယ်။
စိတ်ဆိုးတာတွေ ရှိနိုင်တယ်။
အငြင်းပွားမှုတွေ ရှိနိုင်တယ်။
ဒါပေမယ့် ပြဿနာတွေကြားကနေ တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ ကြိုးစားနေသရွေ့ Relationship က ရေရှည် အဆင်ပြေနိုင်ပါတယ်။
အရေးကြီးဆုံးကတော့...
တစ်ယောက်တည်း ကြိုးစားနေရတဲ့ Relationship ထက် နှစ်ယောက်လုံး ကြိုးစားတည်ဆောက်နေတဲ့ Relationship က ပိုပြီး ကျန်းမာပျော်ရွှင်စေပါတယ်။ 🌿
💚 Your Healing Journey Starts Here
📩 One-on-One Session များအတွက် Page Chat Box မှာ စာပို့ဆက်သွယ်နိုင်ပါတယ်။
Rachel Moe Myint
Inner Glow Circle
09/06/2026
( 14.06.2026 ) 𝐍𝐀𝐓-𝐓𝐄𝐒𝐓 စာမေးပွဲဖြေဆိုမည့်နေ့တွင် စာမေးပွဲအား အဆင်ပြေချောမွှေ့စွာ ဖြေဆိုနိုင်ရန်အတွက် အောက်ပါစည်းကမ်းချက်များကို သေချာဖတ်ပြီး ၊ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးလိုက်ပါသည်။
------------------------------------------
မှတ်ချက်။ ။ စာမေးပွဲဖြေဆိုရမည့်နေရာသို့ ဖြေဆိုမည့်ကျောင်းသား/သူ မှလွဲ၍ အခြားမည်သူမှ ဝင်ရောက်ခွင့် ရှိမည်မဟုတ်ပါ။
စာမေးပွဲဖြေဆိုရမည့်နေရာ - ရန်ကုန်တက္ကသိုလ် University of Yangon (Main)
📌 N-3 / N-5 Level များသည် စာမေးပွဲဖြေဆိုရမည့်နေရာသို့ မနက် (8:00) အရောက်လာရပါမည်။
📌 N-1/ N-2 / N-4 Level များသည် စာမေးပွဲဖြေဆိုရမည့်နေရာသို့ နေ့လည် (12:00) အရောက်လာရပါမည်။
အသေးစိတ်သိရှိလိုပါက >>>
အမှတ် - B(11) မြေညီထပ် ၊ အနော်ရထာအိမ်ရာ ၊ လှည်းတန်း (အင်းစိန်လမ်း-လှည်းတန်းမှတ်တိုင်အနီး) ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။
09-789 885 510, 09-409 640 033, 09-409 644 404, 01-7514418, 01-7535626 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
#𝐍𝐚𝐭𝐓𝐞𝐬𝐭𝐂𝐞𝐧𝐭𝐞𝐫𝐘𝐚𝐧𝐠𝐨𝐧
08/06/2026
📌 JLPT N4 Vocabulary အဓိပ္ပာယ်တူ ဝေါဟာရများ
N4 စာမေးပွဲအတွက်သာမက လက်တွေ့မှာပါ အသုံးအများဆုံး "အဓိပ္ပာယ်တူ စကားလုံးတွဲ (၃၀)" ကို တစ်နေရာတည်းမှာ အပြီးလေ့လာနိုင်အောင် စုစည်းပေးလိုက်ပါတယ်။
💗 ဒီသင်ခန်းစာလေးက ကိုယ့်အတွက် အသုံးဝင်တယ်ဆိုရင် လေ့လာနေတဲ့ သူငယ်ချင်းတွေပါ မြင်ရအောင် Share သွားလို့ရပါတယ်ရှင်။
🎓 တခြား Level အလိုက် သင်တန်းအသေးစိတ်ကို စုံစမ်းလိုပါက -
အခုပဲ Page Messenger မှာ လူကိုယ်တိုင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 🌟
✅Part (1)&(2)👇
https://www.facebook.com/share/p/1J4zZJX15d/
~ Rachel Japanese Online School ~
08/06/2026
08/06/2026
🇯🇵 N5 Japanese Speaking Booster Course
ဂျပန်စာ သင်နေတာကြာပြီ...
Grammar တွေလည်း သိတယ်...
ဒါပေမယ့် ဂျပန်လို စကားမပြောနိုင်သေးဘူးလား?
တကယ်တော့ ကျောင်းသားအများစုရဲ့ ပြဿနာက မသိတာ မဟုတ်ပါဘူး။
"သိထားတာကို အသုံးမချနိုင်သေးတာ" ဖြစ်ပါတယ်။
📌 N5 Lesson (15) ခန်းအထိ သင်ဖူးထားရုံနဲ့ တက်ရောက်နိုင်ပါတယ်။
ဒီ Course မှာ Grammar အသစ်တွေထက်
✅ စကားပြောလေ့ကျင့်မှု (Speaking Practice)
✅ နေ့စဉ်စကားပြောခြင်း (Daily Conversation)
✅ ကိုယ်ကိုမိတ်ဆက်ခြင်း (Self Introduction)
✅ အလုပ်ခွင်စကားပြောခြင်း (Workplace Conversation)
✅ အလုပ်အင်တာဗျူးအခြေခံမေးခွန်းများ (Job Interview Basic Questions)
တွေကို အဓိက လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
🔁 Learning System
📚 Mon / Tue / Thu / Sat
Teacher Teaching + Video Lesson
🗣 Wed / Fri / Sun (ကျောင်းသားတွေ လေ့ကျင့်ခန်းလုပ်၊အိမ်စာထပ်ရမှာပါ)
Speaking Practice + Voice Note Submission + Feedback
📅 Course Information
📍 Start Date - June 29
📍 Duration - 2 Months
📍 Time - 6:00 PM - 8:00 PM
📍 Platform - Telegram Paid Group
📍 Fee - 30,000 MMK
🎯 ဒီ Course က ဘယ်သူတွေအတွက်လဲ?
✔ N5 Lesson (15) ခန်းအထိ သင်ဖူးထားသူများ
✔ စာဖတ်နိုင်ပေမယ့် စကားမပြောနိုင်သေးသူများ
✔ Japan သွားအလုပ်လုပ်ဖို့ ပြင်ဆင်နေသူများ
✔ Job Interview အတွက် Japanese Speaking လေ့ကျင့်လိုသူများ
🚀 Course ပြီးဆုံးတဲ့အခါ
✅ Basic Japanese Speaking ပြောနိုင်လာမယ်
✅ Daily Conversation နားလည်ပြီး ပြန်ပြောနိုင်လာမယ်
✅ Job Interview Basic Questions ဖြေနိုင်လာမယ်
✅ Speaking Confidence တိုးလာမယ်
⚠️Limited Seats Only
Personal Feedback ပေးမှာဖြစ်လို့ လူဦးရေ အကန့်အသတ်နဲ့သာ လက်ခံပါမယ်။
📩 Register Now
DM 👉 "SPEAK JAPAN" လို့ ပို့ပြီး စာရင်းသွင်းနိုင်ပါပြီ။
Rachel Japanese Online School
Rachel Japanese Online School 2
်းသစ်လေးတွေရှိပါမယ်နော်
08/06/2026
FYI
✨ (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုထားသူများ လျှောက်ထားနိုင်မည့် EJU သင်တန်းကြေး စကော်လားရှစ်အစီအစဉ် [MEXT Scholarship ဖြေဆိုဖို့ အထောက်အပံ့ကောင်း] ✨
၁၂ တန်း အောင်စာရင်းများ မထွက်ရှိခင် ၁၂ တန်း ဖြေဆိုထားသူ ကျောင်းသား/ကျောင်းသူများအတွက်ရည်ရွယ်ကာ၊
ဂျပန်နိုင်ငံရဲ့ ထိပ်တန်းပညာသင်ဆု၊ အစိုးရပညာသင်ဆုတစ်ခုဖြစ်တဲ့ MEXT Scholarship နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဂျပန်အစိုးရပညာသင်ဆုဆိုတာ -
👉 ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ်အတွက် ထောက်ပံ့ကြေးများရရှိသည့်အပြင်၊
👉 ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်နှင့် ကောလိပ်များတွင် ပညာသင်ခွင့် ရရှိသည့်အတွက်
👉 ထူးချွန်သည့် လူငယ်များအတွက် ကြီးမားသည့် အခွင့်အရေးဖြစ်ပါတယ်။ အဆိုပါ ပညာသင်ဆုအား ဖြေဆိုအောင်မြင်နိုင်ရန်
အထောက်အပံ့ကောင်းဖြစ်သည့် EJU သင်တန်းကိုလည်း MAJA တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
【EJU အကြောင်း မိတ်ဆက်】
Examination for Japanese University Admission for International Students (EJU) ဆိုတာက နိုင်ငံခြားကျောင်းသား၊ ကျောင်းသူများ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူနိုင်ရန်အတွက် ဖြေဆိုရသည့် ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်ပါသည်။
EJU Website: https://www.jasso.go.jp/en/ryugaku/eju/index.html
EJU စာမေးပွဲကျင်းပချိန်
• နှစ်စဉ် ဇွန်လနှင့် နိုဝင်ဘာလ
• မြန်မာနိုင်ငံတွင် ဖြေဆိုနိုင်ပါသည်။
ဖြေဆိုရမည့် ဘာသာရပ်များ
(၁) ဝိဇ္ဇာတွဲ
• Japanese as a Foreign Language (JFL)
• Japan and the World
• Mathematics I
(၂) သိပ္ပံတွဲ
• Japanese as a Foreign Language (JFL)
• Physics / Chemistry / Biology (နှစ်ဘာသာရွေးချယ်)
• Mathematics II
【EJU နှင့် MEXT ပညာသင်ဆု အခွင့်အလမ်း】
EJU သင်တန်းများအား စနစ်တကျ တက်ရောက်ထားခြင်းဖြင့် ဂျပန်အစိုးရ၏ ၁၀၀% ပညာသင်ဆုဖြစ်သော MEXT Scholarship လျှောက်ထားရာတွင် များစွာအထောက်အကူပြုနိုင်ပြီး၊ ဂျပန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များတွင် ပညာဆည်းပူးနိုင်ရန် အခွင့်အလမ်းများ ပိုမိုရရှိစေပါသည်။
MAJA Education Centre မှ EJU သင်တန်းတက်ရောက်ခဲ့ပြီး MEXT Scholarship ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမှာ -
• ၂၀၂၃ ခုနှစ် - (၅) ဦး
• ၂၀၂၄ ခုနှစ် - (၇) ဦး
• ၂၀၂၅ ခုနှစ် - (၃) ဦး
• ၂၀၂၆ ခုနှစ် - (၆) ဦး
ဖြစ်ပါသည်။ ထို့အပြင် ဂျပန်အစိုးရ ထိပ်တန်းတက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့သူများစွာကိုလည်း မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
【EJU သင်တန်းနှင့် ပညာသင်ဆု အစီအစဉ်】
MAJA Education Centre မှ EJU စာမေးပွဲအတွက် ပြင်ဆင်သင်ကြားပေးသည့် သင်တန်းများအား ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် စတင်မည့် EJU အတန်းအတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုဖြင့် အခမဲ့ တက်ရောက်ခွင့်အား ပေးအပ်သွားမည်ဖြစ်ပါသည်။
မှတ်ချက် - ယခုနှစ်တွင် သင်တန်းစတင်တက်ရောက်သူများသည် "MEXT Scholarship 2028" အတွက် ပြင်ဆင်ရန် ဖြစ်ပါသည်။
👍 ၄ ဘာသာ ဂုဏ်ထူး (သို့) အမှတ်ပေါင်း ၄၅၀ မှတ်နှင့် အထက် ကျောင်းသားများကိုသာ ပေးအပ်မည် ဖြစ်ပါသဖြင့် စာမေးပွဲအောင်စာရင်းထွက်သည့် အခါတွင် အထောက်အထား ပြသပေးရပါမည်။
👍 ယခင် ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အား ထူးချွန်စွာ အောင်မြင်ထားသူများလည်း လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ လျှောက်ထားသူဦးရေများပြားပါက စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။
📌 EJU သင်တန်း ပညာသင်ဆု လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Google Form မှတဆင့် ကြိုတင်ကာ ဦးစားပေးစာရင်းပေးသွင်းနိုင်ပါသည်။
Google Form Link : https://forms.gle/MLJPqU82p8UfPQrcA
📲 Phone Number >> 09 428 613 848
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)
🏫 လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်မြို။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)
🟢 Telegram Channel : https://t.me/majaeducentre
🟢 Tiktok : https://www.tiktok.com/?_r=1&_t=ZS-93CHQRo9TwG
08/06/2026
FYI
08/06/2026
❤️
08/06/2026
ဒီနေ့ကစပြီး အရာရာကို ကျေးဇူးတင်တဲ့စိတ်နဲ့ ကြည့်ကြရအောင်
အသက်ရှင်နေသေးတဲ့ ကိုယ့်ကိုယ်ကိုယ်" ကို ကျေးဇူးတင်ဖို့ မမေ့ပါနဲ့နော်။ 🍀
✅ Self Gratitude (ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ခြင်း)
ဒီနေ့မနက် ကော်ဖီသောက်ရင်း စဉ်းစားမိတဲ့ အကြောင်းအရာလေးတစ်ခု မျှဝေချင်ပါတယ်။
ကျွန်မတို့တွေက နေ့စဉ်ဘဝမှာ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားကို မကြာခဏ ပြောဖြစ်ကြပါတယ်။
ကိုယ့်ကို ကူညီပေးတဲ့သူတွေကို ကျေးဇူးတင်တယ်။
ကိုယ့်ကို ချစ်ပေးတဲ့သူတွေကို ကျေးဇူးတင်တယ်။
ကိုယ့်အတွက် အချိန်ပေးတဲ့သူတွေကို ကျေးဇူးတင်တယ်။
ဒါပေမဲ့...
ကိုယ့်ကိုယ်ကိုယ်ရော ကျေးဇူးတင်ဖူးကြလား။
တစ်ခါတလေ ကျွန်မတို့က သူများကို ကျေးဇူးတင်ဖို့ သတိရနေကြပေမဲ့ ကိုယ့်ဘဝကို နေ့စဉ် တည်ဆောက်ပေးနေတဲ့ "ကိုယ့်ကိုယ်ကိုယ်" ကိုတော့ မေ့နေတတ်ကြပါတယ်။
ကျေးဇူးတင်ခြင်းဆိုတာ စာအုပ်ထဲမှာ ချရေးထားတာမျိုး၊ ပါးစပ်က ပြောလိုက်တာမျိုးနဲ့ မပြီးသေးပါဘူး။
နှလုံးသားထဲက အမှန်တကယ် ကျေးဇူးတင်တဲ့စိတ် ပါနေဖို့လိုပါတယ်။
ဒီနေ့အထိ ရှင်သန်လာနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်...
အခက်အခဲတွေကြားထဲမှာ မလဲကျသွားတဲ့ ကိုယ့်ကိုယ်ကိုယ်...
စိတ်ပင်ပန်းတဲ့နေ့တွေမှာတောင် ဆက်လျှောက်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်...ကျေးဇူးတင်ထိုက်ပါတယ်။
ကျွန်မကတော့ နေ့စဉ် Gratitude Journal ရေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တဲ့ အချက်လေးတွေပါ ထည့်ရေးဖြစ်ပါတယ်။
ပြီးရင် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး တစ်ချက်ချင်း ပြန်ဖတ်ကြည့်ပါတယ်။
အဲ့ဒီအချိန်မှာ စိတ်ထဲမှာ နွေးထွေးမှုလေးတစ်ခု ခံစားရတယ်။
ဒီနေ့ စာဖတ်သူတွေလည်း စမ်းကြည့်ပါနော်။
ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်စရာ (၁၀) ချက်လောက် ချရေးကြည့်ပါ။
ကျန်းမာနေတဲ့ ခန္ဓာကိုယ်အတွက် ကျေးဇူးတင်ပါ။
မြင်နိုင်တဲ့ မျက်စိတွေအတွက် ကျေးဇူးတင်ပါ။
လမ်းလျှောက်နိုင်တဲ့ ခြေထောက်တွေအတွက် ကျေးဇူးတင်ပါ။
အလုပ်လုပ်ပေးနေတဲ့ လက်တွေအတွက် ကျေးဇူးတင်ပါ။
ကော်ဖီတစ်ခွက်သောက်နိုင်တာကိုလည်း ကျေးဇူးတင်ပါ။
ထမင်းတစ်နပ် စားနိုင်တာကိုလည်း ကျေးဇူးတင်ပါ။
တစ်ချိန်က ကိုယ့်ကို နာကျင်စေခဲ့တဲ့ အတွေ့အကြုံတွေကိုတောင် ကျေးဇူးတင်ပါ။
ဘာလို့လဲဆိုတော့ အဲ့ဒီအရာတွေကပဲ ဒီနေ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖြစ်လာစေခဲ့လို့ပါ။
ဒီနေ့ကစပြီး အရာရာကို ကျေးဇူးတင်တဲ့စိတ်နဲ့ ကြည့်ကြရအောင်။
အထူးသဖြင့်...
"အသက်ရှင်နေသေးတဲ့ ကိုယ့်ကိုယ်ကိုယ်" ကို ကျေးဇူးတင်ဖို့ မမေ့ပါနဲ့နော်။ 🍀
💚 Your Healing Journey Starts Here
📩 One-on-One Session များအတွက် Page Chat Box မှာ စာပို့ဆက်သွယ်နိုင်ပါတယ်။
-Rachel Moe Myint
Inner Glow Circle
Photo By Pinterest