Brahmaso Siddhi Healing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brahmaso Siddhi Healing, Happy Street, Yangon.
Certified Holistic Healer
Reiki Master,
Certified Advanced Pranic Healer
Crystal Healer
Certified Psychology & Psychotherapy
IAC ( International Certified Professional Coach , Level -II)
Mindfulness Based Divine Living
25/06/2026
Crystal လေးတွေကို ယနေ့ခတ်မှာ လူတော်တော်များများ စိတ်ဝင်စားစွာဖြင့် တန်ဖိုးထားဝတ်ဆင်လာကြပါတယ်…
ကျောက်တစ်လုံးကို ကြည့်မိတဲ့အခါ လှတယ်လို့သာ ခံစားမိတတ်ပါတယ်။
ဒါပေမယ့်…
ကျောက်တစ်လုံးရဲ့ အတွင်းမှာ သဘာဝက ပေးအပ်ထားတဲ့ သိုဝှက်ထားတဲ့ အံ့ဩဖွယ် ဇာတ်လမ်းတွေ ရှိနေတတ်ပါတယ်။
ဒီနေ့ Telegram Channel မှာတော့…
🔹 Crystal Healing အကြောင်း
🔹 ဆရာမကြီး မဝင်းမြင့် ရေးသားထားတဲ့ “ရေပြာအိုင်မှ ဇာတ်လမ်းများ” စာအုပ်ထဲက “ကျောက်အမြူတေ” အကြောင်း
တို့ကို ကျွန်မရဲ့ အမြင်နဲ့အတူ အေးအေးဆေးဆေး မျှဝေထားပါတယ်။
အသံဖိုင်လေးကို နားထောင်ရင်း…
ကျောက်တွေကို အရင်ကထက် မတူတဲ့ ရှုထောင့်တစ်ခုကနေ မြင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
💚 Telegram Channel မှာ လာရောက်နားဆင်နိုင်ပါတယ်။
https://t.me/leikhaingmoe
🍃 ချစ်မေတ္တာဖြင့်
#ဗြဟ္မစိုရ်သိဒ္ဓိ Healing
24/06/2026
🌸 Trust Yourself Through the Unknown
ကျွန်မတို့ လူသားတွေဟာ…
သေချာမှုကို နှစ်သက်ကြတယ်။
မသေချာ မရေရာတာတွေဆို မလုပ်ချင်ကြသလို ၊ မစွန့်စားရဲကြပြန်ဘူး။
ဘယ်လမ်းကို သွားရမယ်ဆိုတာ သိချင်တယ်။
ဘာဖြစ်လိမ့်မယ်ဆိုတာ ကြိုသိချင်တယ်။
ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်က မှန်မမှန် အတည်ပြုချက် လိုချင်တယ်။
ဒါပေမယ့်
🍂 ဘဝဆိုတာ အစကတည်းက သိပြီးသား အရာတစ်ခု မဟုတ်ခဲ့ပါဘူး။
ကျွန်မတို့ မွေးဖွားလာတဲ့နေ့ကလည်း
ရှေ့မှာ ဘာတွေ စောင့်ကြိုနေမယ်ဆိုတာ မသိခဲ့ကြပါဘူး။
ပထမဆုံး ကျောင်းတက်တဲ့နေ့မှာလည်း မသိခဲ့ပါဘူး။
ပထမဆုံး ချစ်မိတဲ့နေ့မှာလည်း မသိခဲ့ပါဘူး။
ဘဝကို ပြောင်းလဲသွားစေမယ့် လူတစ်ယောက်နဲ့ တွေ့ခဲ့တဲ့နေ့မှာလည်း မသိခဲ့ပါဘူး။
ဒါပေမယ့်…
မသိခြင်းတွေကြားထဲမှာပဲ
ကျွန်မတို့ ရှင်သန်ခဲ့ကြတယ်။
ကြီးပြင်းခဲ့ကြတယ်။
သင်ယူခဲ့ကြတယ်။
တစ်ခါတစ်ရံ
ဘဝက ကျွန်မတို့ကို လက်ဆောင်မပေးခင်
ယုံကြည်မှုကို အရင်တောင်းတတ်ပါတယ်။
ရှေ့မှာ ဘာရှိတယ်ဆိုတာ မမြင်ရသေးပေမယ့်
ခြေတစ်လှမ်းကို ရဲရဲလှမ်းကြည့်ဖို့။
အရာအားလုံး သေချာမသိနေပေမယ့်
ရင်ထဲက အသံလေးကို နားထောင်ကြည့်ဖို့။
မသိခြင်းဟာ
အမြဲတမ်း အန္တရာယ် မဟုတ်ပေမယ့်
မသိခြင်းဟာ အန္တရာယ်တစ်ခုလို့ ကျွန်မတို့ ထင်နေမိကြတာ ဖြစ်နိုင်တယ်။
တကယ်တော့…
မသိခြင်းဟာ ဖြစ်နိုင်ခြေတွေရဲ့ အစသာဖြစ်တယ်။
🌸 ပန်းတစ်ပွင့်ဟာ
မနက်ဖြန် သူ ဘယ်လောက် လှပစွာ ပွင့်မယ်ဆိုတာ မသိဘူး။
🌳သစ်ပင်တစ်ပင်ဟာ
သူ့ရဲ့ အရိပ်အောက်မှာ ဘယ်နှစ်ယောက် နားခိုမယ်ဆိုတာ မသိဘူး။
ဒါပေမယ့်…
သူတို့က ကိုယ့်ဖြစ်တည်မှုကို သစ္စာရှိကြတယ်။
လူတစ်ယောက်ရဲ့ ဘဝမှာလည်း
အရေးကြီးဆုံးအရာက
အနာဂတ်ကို သိဖို့ မဟုတ်ဘူး ။
ယုံကြည်မှုနဲ့ လျှောက်ရဲဖို့သာဖြစ်တယ်။
❤️Faith ဆိုတာ…
အရာအားလုံး သေချာနေမှ ဖြစ်ပေါ်လာတာ မဟုတ်ဘူး။
အရာအားလုံး မသေချာသေးတဲ့အချိန်မှာတောင်
“ငါ ဒီလမ်းကို ဆက်လျှောက်မယ်”
“ငါ ဒီအခက်အခဲကို ဖြတ်ကျော်မယ်”
“ငါ မသိသေးပေမယ့် ရအောင် လုပ်မယ်”
လို့ ကိုယ့်ကိုယ်ကို ပြောနိုင်တဲ့ သတ္တိ မျိုးဖြစ်တယ်။
ဘဝက ကျွန်မတို့ကို
လမ်းတစ်ခု မပြသေးခင်
ကိုယ့်ကိုယ်ကို ယုံကြည်တတ်ဖို့ အရင် သင်ပေးတတ်တယ်။
ပြီးတော့…
လမ်းဟာ
ယုံကြည်မှု ရှိတဲ့သူရဲ့ ခြေလှမ်းအောက်မှာပဲ
တဖြည်းဖြည်း ပေါ်လာတတ်ပါတယ်။
🍃 ချစ်မေတ္တာဖြင့်
#ဗြဟ္မစိုရ်သိဒ္ဓိ Healing
18/06/2026
စိုစွတ်နေသော မြက်ခင်းပြင်ပေါ် ခြေဗလာဖြင့် လမ်းလျှောက်လျှင် သတိပြုရမည့် သန်ကောင် အန္တရာယ်
ကျွန်မတို့အနေနဲ့ အခုလို မိုးရာသီကာလမှာ မိခင်ကမ္ဘာဆမြကြီးဆီမှ Ground Prana အသက်ဓာတ်စွမ်းအင်များနှင့် Tree Prana စွမ်းအင်များယူချိန်မှာ ခြေဗလာဖြင့် ယူကြရပါတယ်။
သဘာဝမြေပြင်ပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေတယ်ဆိုပေမဲ့ 🤔၊ ကိုယ်ဘယ်နေရာမှာ လမ်းလျှောက်နေလဲဆိုတာကိုတော့ အမြဲသတိထားဖို့ လိုပါတယ်နော်။💡
🦶 🦶
ပုံထဲကလို ခြေဖနောင့်မှာ အနီကွက်တွေ၊ အက်ကွဲကြောင်းတွေ တွေ့ဖူးပါသလား? 🔎 ဒါဟာ ခြောက်သွေ့တာသက်သက်ထက် ပိုနိုင်ပါတယ်။🐛
ကျန်းမာရေးသတိပေးချက်အနေနဲ့ ပုံထဲကလို စိုစွတ်သော မြက်ခင်းပြင်ပေါ်ခြေဗလာဖြင့် လမ်းလျှောက်လျှင်
⚠️🚫 ၆- လ တစ်ကြိမ် သန်ချဆေး သောက်ဖို့ မမေ့ပါနဲ့။🚫⚠️
မသန့်ရှင်းတဲ့မြေဆီလွှာနဲ့ မြက်ခင်းပြင်တွေ၊ အထူးသဖြင့် တိရစ္ဆာန်အညစ်အကြေးတွေရှိတဲ့နေရာတွေမှာ မြင်ရခက်တဲ့ ကပ်ပါးသန်ကောင်လေးတွေ (ချိတ်သန်ကောင်၊ အခြားသော သန်ကောင် ၊ သန်ဥ စသဖြင့်) က ပုန်းအောင်းနေတတ်ပါတယ်။
👀 သူတို့က ခြေဖနောင့်မှာရှိတဲ့ အက်ကွဲကြောင်းလေးတွေ ဒါမှမဟုတ် အရေပြားကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။😰🐛
စစ်မှန်တဲ့ ကျန်းမာရေးနဲ့ ကုသခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာရော နာမ်ပိုင်းဆိုင်ရာကိုပါ စောင့်ရှောက်ဖို့ လိုပါတယ်။ 💪🛡️
☀️Brahmaso Siddhi Space telegram ☀️ တွင်
https://t.me/leikhaingmoe
အပြည့်အစုံ နားဆင်နိုင်ပါတယ်။
လူတိုင်း ကျန်းမာရေးအသိနဲ့ ဂရုစိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ လမ်းလျှောက်တဲ့အခါ နေရာကောင်းကောင်းရွေးချယ်ပါ၊ ခြေထောက်သန့်ရှင်းရေးကို ဂရုစိုက်ပါ၊ ပြီးတော့ သတိရှိရှိနဲ့ လျှောက်လှမ်းပါ။🌸🧘♀️
ဒီအရေးကြီးတဲ့ ကျန်းမာရေးသတိပေးချက်ကို သင့်မိသားစုနဲ့ သူငယ်ချင်းတွေကိုပါ မျှဝေပေးလိုက်ပါဦး! 📣❤️
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ!
❤️ Live your life fully.
✨🍃
ချစ်မေတ္တာဖြင့်
Healing
#ဗြဟ္မစိုရ်သိဒ္ဓိ Healing
13/06/2026
📝
“ မိမိစိတ်ထဲက အတွေးတွေကို စာရွက်ပေါ်/ စာအုပ်ထဲမှာ ချရေးလိုက်တဲ့ အခိုက်အတန့်ဟာ... ကိုယ့်ဘဝကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်ဖို့
“ စတင်ခြင်းပါပဲ။
Brahmaso Saddhi Space ဆိုတဲ့ telegram channel လေးမှာ https://t.me/leikhaingmoe မှာ အခု Journal စတင်ရေးမည့်သူများအတွက် အသံဖိုင်လေးနားဆင်နိုင်ပါတယ်။
❤️ Live your life fully.
✨🍃
ချစ်မေတ္တာဖြင့်
Healing
#ဗြဟ္မစိုရ်သိဒ္ဓိ Healing
11/06/2026
🧠 Mental Decluttering
ပြီးခဲ့တဲ့ရက်တွေက ကျွန်မ Brahmaso Saddhi Space ဆိုတဲ့ telegram channel လေးမှာ
https://t.me/leikhaingmoe
ကိုယ်ခန္ဓာကို အာဟာရဖြည့်တင်းခြင်း (Nourish the Body) နဲ့ အိပ်ချိန်ပြည့်အောင် ဖြည့်တင်းခြင်း (Sleep Recovery) အကြောင်းတွေကို မျှဝေပေးထားပါတယ်။
ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ ဒုတိယမဏ္ဍိုင်ဖြစ်တဲ့ စိတ် (Mind) ထဲမှာ အတွေးအမှိုက်တွေ ပိတ်ဆို့နေရင် လူက လေးလံနေတတ်တာမို့ ဘယ်လိုမျိုး ရှင်းလင်းသန့်စင်ရမလဲဆိုတာလေးကို မိမိကိုယ်တိုင်လုပ်လို့ရတဲ့ ရိုးရှင်းလွယ်ကူသော နည်းလမ်းလေးကို ပြောပြပေးထားပါတယ်။
လာရောက်နားဆင်ပြီး လက်တွေ့လုပ်ကြည့်ဖို့ နွေးထွေးစွာဖိတ်ခေါ်ပါတယ်ရှင်။
အတွင်းစိတ် ရှင်းလင်းမှုမရှိရင် ဘဝအောင်မြင်မှုအတွက် စွမ်းအင်အသစ်တွေ၊ ဖန်တီးမှုအသစ်တွေ ဝင်လာဖို့ နေရာ (Space) လုံးဝ ရှိမှာမဟုတ်ပါဘူး။
ကျန်းမာတဲ့ ကိုယ်ခန္ဓာရှိဖို့ လိုသလို၊ ရှင်းလင်းတဲ့ စိတ်အာရုံရှိဖို့ကလည်း ဘဝအောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်ရှင်။ ကိုယ့်ကိုယ်ကို ပြန်လည်သိမြင်ခြင်း (Self-awareness) နဲ့ စိတ်အမှိုက်တွေကို ရှင်းထုတ်ပြီး ပေါ့ပါးအေးချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေ။
❤️ Live your life fully.
✨🍃
ချစ်မေတ္တာဖြင့်
Healing
#ဗြဟ္မစိုရ်သိဒ္ဓိ Healing
08/06/2026
Energy Cleansing with Salt
မင်္ဂလာ
Universe ရဲ့ Test
ခပ်ကြမ်းကြမ်း ခက်ခက်ခဲခဲ စစ်ဆေးခံနေရသူတွေ များလှတာကြောင့် မိမိတို့ရဲ့ စိတ်အတွင်းပိုင်းကို Breath Work , Yoga, အသက်ရှူလေ့ကျင့်ခန်းတွေ ၊ တရားထိုင်ခြင်းတွေ၊ Chakra Meditation တွေ ပြုလုပ်ပြီး စိတ်အတွင်းပိုင်းကို ကြည်လင်အောင် လုပ်နိုင်ပါတယ်။
အပြင်ပိုင်းဖြစ်တဲ့ မိမိရဲ့အိမ်ကို မကောင်းသောအညစ်အကြေးတွေ၊ အငွေ့အသက်တွေ၊ စိတ်ညစ်ညူးစရာတွေ၊ အမှိုက်တွေ ၊ မလိုအပ်ပဲ သိမ်းဆည်းထားတဲ့ ဗူးတွေ၊ ကြွပ်ကြွပ်အိတ်တွေ၊ စသဖြင့် အိမ်တွင်းရှုပ်နေတာတွေကိုလည်း လွှင့်ပစ်ပြီး အိမ်သုံးဆား ၊ ပန်းရောင် ဟိမဝန္တာကျောက်ဆား Himalayan Salt တို့ကို အသုံးပြုပြီး အိမ်တွင်းမှ Negative Energy များကို စုပ်ယူ ဖယ်ရှားနိုင်ပါတယ်။
🧂သောကြာနေ့လေးမှာ ဆားဝယ်ပြီး
သုံးနေကြဘူးထဲအရင်ထည့်/ဖြည့်ပါ။
🧂ပန်းကန်၊ ခွက် ၊ ဘူးသေး/ပုလင်းသေး ၄ ခုထဲထည့်ပြီး အိမ်ဝင်ပေါက်တံခါးမကြီး အတွင်းဘက်နား၊ အိမ်ရဲ့ ထောင့်၄- ခု နေရာ၊ အိပ်ခန်းထောင့်တွေမှာ အနည်းဆုံး ၃- ရက်ထားပေးပါ။( မိမိအဆင်ပြေရာ ခွက်၊ဗူး သုံးပါ)
🧂ဆားများ၏ လုပ်ဆောင်ချက်မှာ မကောင်းသော Negative Energy စွမ်းအင်များကို ဖယ်ရှားပေးရုံသာမက ၊ ကောင်းသော စွမ်းအင် Positive Energyများကိုပါ ဆွဲဆောင်ပေးပါတယ်။
🧂ပလတ်စတစ်အိတ်သေးသေးလေးထဲသို့ ဆားအနည်းငယ်ထည့်ပြီး လုံအောင်ပိတ်ပါ။ မိမိ အသုံးပြုနေကျ ပိုက်ဆံအိတ်ထဲတွင် ငွေများနှင့် အတူတူထည့်ထားပေးပါ။
ငွေကြေးအဝင်အထွက် သိသိသာသာချောင်လည်ပြီး ပေါများပြည့်စုံလာပါလိမ့်မယ်။
( ၁၀ ရက် တစ်ကြိမ် ဆားအသစ်ပြန်လဲပေးပါ။)
🧂နေ့တွေ အချိန်တွေ သတ်မှတ်ချက်မထားပဲ မိမိလုပ်နိုင်သော နေ့၊ အချိန်သည်သာ အကောင်းဆုံးဖြစ်ပါတယ်။
ဆရာကြီး မင်းသိင်္ခ။ ကတော့ သောကြာနေ့ နံနက် ၉:၀၀ နာရီ မှ ၁၀- အတွင်းလို့ ပြောထားပါတယ်။
🧂ဆား သည် ကလေးများ နှင့် အိမ်မွေး သတ္တဝါလေးများ မတော်တဆ ကိုင်မိလျှင်သော်လည်းကောင်း ၊ ဖိတ်ကျမိလျှင်သော်လည်းကောင်း အန္တရယ် မဖြစ်စေနိုင်ပဲ စျေးသက်သာပြီး အကောင်းဆုံးနှင့် အသန့်စင်ဆုံး ဖယ်ရှားပေးနိုင်သော Cleansing Product တစ်ခုဖြစ်ပါတယ်။
အိမ်တွင်ထားပြီး ၃- ရက်ကြာပြီးနောက် ဆားများကို အသစ်လဲလှယ် ပေးရပါမည်။
အနည်းဆုံး ၁- လ အတွင်း ၃- ကြိမ် လုပ်ပေးခြင်းအားဖြင့် Energy များသန့်စင်လာပြီး သင့်ထံသို့ ကံကောင်းခြင်း ၊ ပြည့်စုံ ကြွယ်ဝခြင်းများပါ Happy Flow In / Happy Flow Out များ သိသာစွာ ပြောင်းလဲမှု မြန်ဆန်လာပါလိမ့်မယ်။
🛑 အသုံးပြုပြီးသား ဆားများကို မြေကြီးပေါ်သို့ တိုက်ရိုက် မသွန်ချပဲ ရေဇလုံထဲသို့ သွန်ချပါ။ ရေထည့်ပြီးမှ ဆားရေအဖြစ် သွန်ချ ဖယ်ရှားရပါမည်။
Photo credit
ကောင်းမွန်သော ပြောင်းလဲမှုများ ပိုင်ဆိုင်နိုင်ပါစေ။
Brahmaso Saddhi Space ဆိုတဲ့ Telegram https://t.me/leikhaingmoe
လေးကနေကြိုဆိုလိုက်ပါတယ်။
ချစ်မေတ္တာများစွာဖြင့်—
❤️ Live your life fully.
& Prana Energy Healer
07/06/2026
🌿 Nourish the Body, Heal the Soul
ကျွန်မတို့ဘဝမှာ စစ်မှန်တဲ့ ဘဝအောင်မြင်မှု True Success ကို ရေရှည်တည်ဆောက်ချင်တယ်ဆိုရင် ခိုင်မာတဲ့ ကျန်းမာရေး Vibrant Health ဆိုတဲ့ အခြေခံအုတ်မြစ် ရှိနေဖို့ အရေးကြီးဆုံးပါပဲ။
ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာ (Body) ဟာ စိတ် (Mind) နဲ့ ဝိညာဉ် (Soul) တို့ ခိုလှုံရာ အိမ် Home တစ်ခုအပြင်၊ ဘဝရဲ့ အောင်မြင်မှုတွေကို သယ်ဆောင်ပေးမယ့် Energy Center စွမ်းအင်ဗဟိုချက်လည်း ဖြစ်ပါတယ်။ ဒီခန္ဓာကိုယ်ကြီး အာဟာရပြည့်ဝပြီး ကျန်းမာကြံ့ခိုင်နေမှသာ၊ စိတ်က တည်ငြိမ်ချမ်းမြေ့ပြီး
“ စိတ်၏ စေရာ “ အတိုင်း “ စိတ်သွားတိုင်း ကိုယ်ပါ “ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
🌿 Nourish the Body & Health: ကိုယ့်ကိုယ်ကို Nourish လုပ်တယ်ဆိုတာ သန့်ရှင်းလတ်ဆတ်တဲ့ အာဟာရကို စားသုံးခြင်း၊ ကိုယ်ခန္ဓာကို စည်းကမ်းရှိရှိ ကြံ့ခိုင်အောင် တည်ဆောက်ခြင်း၊ Quality Sleep ရအောင် အိပ်စက်ခြင်းတို့ကနေ စတင်ပါတယ်။
ဒါဟာ သင့်ကျန်းမာရေးကို စောင့်ရှောက်ရာရောက်သလို၊ လူ့ဘဝရောက်လာရခြင်းကို အကျိုးရှိရှိနေထိုင်ရှင်သန်ဖို့လည်း ဖြစ်ပါတယ်။
❤️Heal the Soul & Success: ကိုယ်ခန္ဓာက အာဟာရပြည့်ဝပြီး ကျန်းမာအေးချမ်းတဲ့အခါ၊ မိမတို့နေ့စဉ် လုပ်ဆောင်နေရတဲ့ တာဝန်တွေမှာ စိတ်ဖိစီးမှုမရှိတော့ပဲ Universe ထဲက ဗြဟ္မစိုရ်တရားတွေရဲ့ မေတ္တာ၊ ကရုဏာ လှိုင်းတွေနဲ့ အပြည့်အဝ ချိတ်ဆက်မိသွားပါတယ်။
အဲဒီအခါမှာ မိမိကိုယ်မိမိ သိမြင်ခြင်း (Self-awareness) ပိုမိုမြင့်မားလာပြီး ဘဝရဲ့ အမြင့်ဆုံး အောင်မြင်မှု ပန်းတိုင်တွေဆီကို လမ်းကြောင်းမှန်မှန်နဲ့ အရှိန်အဟုန်ပြည့် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဥပမာ- အိပ်ရေးဝပြီး ဗိုက်ပြည့်နေချိန်တွေမှာ ဘာအလုပ်ပဲ လုပ်လုပ် သွက်လက်မြန်ဆန်နေမှာပဲ ဖြစ်ပါတယ်။
ဒီနေရာလေးမှာ ဆာလောင်ခြင်းအတွက် အစားစားခြင်းကို မြတ်စွာဘုရားဟာ “ အတိုင်းအရှည် ကိုသိဖို့ ၊ ချင့်ချိန်စားသုံးဖို့ မိန့်ကြားခဲ့ဖူးတဲ့အတိုင်း ကျွန်မတို့ဟာ ကိုယ့်ဗိုက်ဝ ရုံလေးမျှသာ စားသုံးတတ်ဖို့ “ အသိ သတိ Awareness “ ထားဖို့အင်မတန်လိုအပ်ပါတယ်။
ကျန်းမာရေး ပျက်ပြားနေတဲ့ ကိုယ်ခန္ဓာကြီးမှာ အောင်မြင်မှုဟာ ဘယ်တော့မှ မပြည့်စုံနိုင်သလို၊ အတွင်းစိတ်ပိုင်း ပိတ်ဆို့နေရင်လည်း စစ်မှန်တဲ့ ကျန်းမာခြင်းကို မရနိုင်ပါဘူး။
ဒါကြောင့် မိမိအတွက် ကျန်းမာရေးရော၊ ဘဝအောင်မြင်မှုပါ ဘက်စုံ ပွင့်လန်းရှင်သန်လာဖို့ ဒီနေ့ပဲ သင့်ကိုယ်ခန္ဓာကို ကောင်းမွန်တဲ့ စွမ်းအင်တွေ၊ အာဟာရတွေနဲ့ စတင်နှုတ်ဆက်လိုက်ပါ။
ကျွန်မရဲ့ Telegram Channel လေးဖြစ်နဲ့ Brahmaso Saddhi Space မှာ... မိတ်ဆွေတို့ရဲ့ Health, Success, Body, Mind, Soul အားလုံး ဟန်ချက်ညီညီနဲ့ Awakening ဖြစ်ဖြစ်နဲ့ ထိပ်ဆုံးကို ရောက်ရှိလာစေဖို့ ကျွန်မက အမြဲတမ်း ပံ့ပိုးလမ်းပြပေးဖို့ အဆင်သင့် ရှိနေပါတယ်ရှင်။
Brahmaso Saddhi Space ဆိုတဲ့ Telegram Channel
https://t.me/leikhaingmoe
လေးကနေကြိုဆိုလိုက်ပါတယ်။
ချစ်မေတ္တာများစွာဖြင့်—
❤️ Live your life fully.
03/06/2026
Behind the Scenes: Where Wisdom Meets Self-Love
ဒီရက်ပိုင်းတွေမှာ ကျွန်မ Video Recording လေးတွေ လုပ်ဖြစ်နေပြီး
လူအများရှေ့ချပြဖို့တော့ မဝံ့မရဲ ဖြစ်နေမိတယ်။
မျက်လုံးက ဘယ်လို ၊ ဘယ်ပုံ၊ စကားပြောနေပုံ က ဘယ်လို ၊ စသဖြင့် Camera ရှေ့ ကျွန်မ ပုံ၊ လူအများရှေ့ ပြသချင်တဲ့ ပုံတွေကိုသာ လိုက်လံ ပြုပြင်နေမိတယ်။
တစ်ချိန်တည်းမှာပဲ ဟိုတစ်ချိန်က Practice လုပ်ခဲ့ဖူးတဲ့ ဆရာမကြီး Louise Hay ရဲ့အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ “You Can Heal Your Life” ထဲမှာ မှန်ကြည့်ပြီး ကုသခြင်း Mirror Work လေးကို ပြန်သုံးသပ်မိလိုက်တယ်။
“ မှန်” ဟာ ကျွန်မတို့ရဲ့ အတွင်းစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထင်မြင်ယူဆနေလဲ ဆိုတာကို အရှိကိုအရှိအတိုင်း ပြန်ပြတဲ့ Reflection လုပ်ပေးသော အရာတစ်ခုပါပဲ။
နေ့စဉ် ဘဝ ဖြတ်သန်းမှုတွေမှာလူအများရှေ့မှာ အကောင်းဆုံးပုံရိပ်တွေ (On-Camera) ပေါ်ထွက်လာဖို့ အမြဲတမ်း အားစိုက်ထုတ်လေ့ရှိကြပါတယ်။
ဒါပေမဲ့... အဲဒီပြင်ပပုံရိပ်တွေကို အသက်သွင်းပေးနေတာကတော့ ကင်မရာရဲ့ နောက်ကွယ် "Behind the Scenes" မှာရှိတဲ့ ကျွန်မတို့ရဲ့ အတွင်းစိတ်အခြေအနေနဲ့ Energy Vibration တွေပဲ ဖြစ်ပါတယ်။
မိမိဘဝကို စစ်မှန်စွာ ပြောင်းလဲချင်တယ် (Transformation) ဆိုရင် ပြင်ပအခြေအနေတွေကို လိုက်ပြင်နေမယ့်အစား ကင်မရာနောက်ကွယ်က သင့်ရဲ့ "နှလုံးသားမှန်ချပ်" ကို အရင်ဆုံး သန့်စင်ဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ... အရှေ့တိုင်းရဲ့ အမြင့်မြတ်ဆုံးဉာဏ်ပညာနဲ့ အနောက်တိုင်းရဲ့ ကုသခြင်းမေတ္တာတို့ အံ့ဩစရာကောင်းလောက်အောင် တူညီနေတာလေးလည်း သွားတွေ့ရပါတယ်။
🍀 The Mirror of Wisdom
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက... မြတ်စွာဘုရားရှင်ဟာ သားတော်ရာဟုလာကို " ကြေးမုံပြင်/ မှန် “ ကို ဘာအတွက်ကြည့်သလဲလို့ မေးပြီး ပြန်လည်ဆန်းစစ်စေခဲ့ပါတယ်။
“ မှန် “ ဆိုတာ မိမိမျက်နှာက အညစ်အကြေးကို ပြန်လည်ဆန်းစစ်ဖို့ သုံးသလိုပဲ... ကျွန်မတို့ဟာလည်း တစ်ခုခုကို မပြုလုပ်မီ၊ ပြုလုပ်ဆဲနဲ့ ပြုလုပ်ပြီးတိုင်းမှာ မိမိရဲ့ ကိုယ် (ကာယကံ)၊ နှုတ် (ဝစီကံ)၊ စိတ် (မနောကံ) သုံးပါးလုံးကို အမြဲတမ်း "ပြန်လည်ဆန်းစစ်ရမယ် (Self-Reflection)" လို့ သွန်သင်ခဲ့ပါတယ်။
ဒါဟာ ကင်မရာနောက်ကွယ်မှာ ကိုယ့်ရဲ့ ရည်ရွယ်ချက် (Intention) ကော စစ်မှန်ရဲ့လား၊ ငါ့ရဲ့ နှုတ်ထွက်စကားတွေက လူတစ်ဖက်သားအပေါ် နစ်နာသွားစေသလား၊ ပြုမူလိုက်တဲ့ အမူအရာတွေဟာလည်း တစ်ဖက်လူအပေါ် ဘယ်လို အဓိပ္ပါယ်သက်ရောက်သွားစေသလဲဆိုတာကို
ဉာဏ်ပညာမှန်ချပ်နဲ့ အညစ်အကြေးကို ရှာဖွေတာ ဖြစ်ပါတယ်။
❤️ဆရာမကြီး Louise Hayကလည်း The Mirror of Self-Love
“ မှန် “ ထဲမှာ မိမိ မျက်လုံးကို အသေအချာ ပြည်လည်စိုက်ကြည့်ခြင်းကနေ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ နာကျင်မှုတွေ ၊ ကြောက်ရွံ့စိုးထိတ်မှုတွေ၊ စွမ်းအင်အပိတ်အဆို့တွေကို တွေ့မြင်အောင် ကြည့်ခိုင်းခဲ့ပါတယ်။
မှန်ထဲက ကိုယ့်မျက်လုံးကို စိုက်ကြည့်ပြီး အပြစ်တင်မယ့်အစား ညင်သာစွာ ပွေ့ဖက်ပေးရပါမယ်။ “ငါ အတိတ်က အားနည်းချက်တွေကို မြင်ပြီ။ ဒါပေမဲ့ ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်၊ ငါ ဖြစ်တည်နေတဲ့ ပုံစံအတိုင်း အပြည့်အဝ ချစ်ပြီး လက်ခံတယ်” ဆိုတဲ့ ကရုဏာစွမစိတ်နဲ့ အတူ မိမိကိုယ်ကိုယ် ကုစား ပြောင်းလဲ စေခဲ့ပါတယ်။
🔑ဒါကြောင့်
ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုခု မချခင် Behind the Scenes မှာ
မိမိတို့ မပြုလုပ်ခင် သတိဖြင့် ဆန်းစစ်ပါ ။
မိမိရဲ့ အတွေးနဲ့ စွမ်းအင်ဟာ အကောင်းမြင်စိတ်၊ စစ်မှန်မှု (Authenticity) ပေါ်မှာ အခြေခံထားရဲ့လားလို့ အရင်ဆုံး စဉ်စားပါ။
မေတ္တာဖြင့် နေထိုင်ပြောဆိုပါ။
မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်စွာဖြင့်ခွန်အားပြန်ပေးပါ။
"Wisdom (ဉာဏ်ပညာ) က ကျွန်မတို့ကို အတွင်းစိတ်အညစ်အကြေးကို ရိုးသားစွာ သတိပြုမိစေပြီး၊ Self-Love (မိမိကိုယ်ကိုချစ်ခြင်း) က အဲဒီစိတ်အညစ်အကြေးတွေအောက်မှာ နာကျင်နေတဲ့ စိတ်ဝိဉာဉ်ကို မေတ္တာနဲ့ ပြန်လည်သန့်စင်ပေးပါတယ်။"
Behind the Scenes မှာ သီလ၊ သတိ၊ မေတ္တာ၊ ဉာဏ်ပညာ တို့ဖြင့်ကိုယ့်ကိုယ်ကိုယ် အချိုးကျကျ ချိန်ညှိထားနိုင်တဲ့အခါ သင့်ရဲ့ ပုံရိပ်ဟာလည်း သန့်စင်ကြည်လင်ပြီး ရှေ့ဆက်ဖို့ ခွန်အားအပြည့်ဖြစ်နေပါလိမ့်မယ်။
✨🍃
ချစ်မေတ္တာဖြင့်
#ဗြဟ္မစိုရ်သိဒ္ဓိ Healing
Click here to claim your Sponsored Listing.
Location
Contact the school
Telephone
Website
Address
Happy Street
Yangon
11111