Japanese Construction Academy - JCA

Japanese Construction Academy - JCA

Share

Japanese-Construction-Work-Ready and Japanese language training classes for Myanmar Engineers

17/06/2026

အလုပ်ခွင်မှာ first impression ကောင်းအောင်ဘာ တွေပြင်ဆင်သင့်လဲ?🤷🏻

ဂျပန်မှာ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အလုပ်စဝင်တော့မယ်ဆိုရင် ပထမဆုံးရက်မှာတင် "ဒီလူကတော့ အလုပ်လုပ်နိုင်မယ့်သူပဲ" ဆိုပြီး First Impression ကောင်းကောင်းရသွားအောင် ပြင်ဆင်ထားဖို့က တကယ် အရေးကြီးပါတယ်။😉 ဂျပန်လူမျိုးတွေရဲ့အလုပ်ခွင်ယဉ်ကျေးမှုက နည်းပညာတော်တာထက် အဖွဲ့အစည်းနဲ့ ဘယ်လောက် လိုက်လျောညီထွေရှိလဲ၊ စည်းကမ်းဘယ်လောက်ရှိလဲဆိုတာကို ပိုကြည့်တတ်ကြပါတယ်။ ဒါကြောင့် အလုပ်မစခင်ကတည်းက စိတ်ပိုင်းဆိုင်ရာရော၊ အဝတ်အစားပိုင်းဆိုင်ရာပါ သေချာလေး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။💁🏻

ပထမဆုံးအနေနဲ့ အဝတ်အစားနဲ့ ရုပ်ပိုင်းဆိုင်ရာသန့်ရှင်းသပ်ရပ်မှုက အရေးကြီးပါတယ်။🤗 ဂျပန်တွေက အဝတ်အစား တွန့်ကြေနေတာမျိုး၊ ဖိနပ်ညစ်ပတ်နေတာမျိုးတွေက အလုပ်အပေါ် စိတ်မပါဘူး၊ အလုပ်အပေါ် မလေးစားဘူးလို့ မြင်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အဝတ်စားတွေကို မီးပူသေချာတိုက်ထားဖို့ လိုသလို၊ ဆံပင်ပုံစံကအစ သပ်သပ်ရပ်ရပ် ရှိနေဖို့ လိုပါတယ်။💁🏻 ပြီးတော့ အလုပ်ခွင်မှာ အရေးကြီးဆုံးက အချိန်တိကျမှုပါ။ ⏰"အချိန်မှန်တယ်" ဆိုတာထက် ဂျပန်မှာက အနည်းဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ကြိုရောက်နေတာကမှ ပုံမှန်လို့ သတ်မှတ်ကြပါတယ်။ အစောကြီး ရောက်နေခြင်းအားဖြင့် ကိုယ်က အလုပ်လုပ်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ စိတ်အားထက်သန်မှုကို ပြသရာ ရောက်ပါတယ်။

အလုပ်ထဲ ရောက်သွားပြီဆိုရင် နှုတ်ဆက်တာကလဲ ကိုယ့်အပေါ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ impression ကိုပြောင်းလဲပစ်နိုင်ပါတယ်။🤗 အသံတိုးတိုးလေးနဲ့ မဟုတ်ဘဲ ကြားရသူ အားလုံး စိတ်ရွှင်လန်းသွားစေမယ့် လေသံမျိုးနဲ့ တက်တက်ကြွကြွ နှုတ်ဆက်တတ်ဖို့လဲ လိုအပ်ပါတယ်။💁🏻 အလုပ်ခွင်အကြောင်း သင်ယူတဲ့အခါမှာလည်း နားမလည်တာရှိရင် လုံးဝ အားမနာဘဲ သေချာ မေးမြန်းမှတ်သားရပါမယ်။ ဂျပန်အလုပ်ခွင်မှာ "မသိတာကို သိသလိုလုပ်တာ" က အဆိုးဆုံးပါပဲ။ အဲဒီအစား မှတ်စုစာအုပ်အမြဲကိုင်ပြီး ပြောသမျှကို သေချာ လိုက်မှတ်နေတဲ့ ပုံစံမျိုးက အထက်လူကြီးတွေမျက်စိထဲမှာ အရမ်း အမှတ်ရစေပြီး ယုံကြည်စိတ်ချရတဲ့အင်ဂျင်နီယာတစ်ယောက်အဖြစ် မြင်လာစေမှာ သေချာပါပဲ။💁🏻




13/06/2026

JCA-TeK Course (建築の専門用語 & 技術クラス) Batch-36

July လအတွက် 専門用語クラス(日本建設業の技術) အတန်းသစ်ကို ထပ်မံ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ် 👩‍🎓

🤝 JCAမှ 専門用語クラス အတန်းကို
JCA Member များအနေနဲ့ တက်ရောက်နိုင်မှာ
ဖြစ်ပါတယ် 🤝

JCA ရဲ့ Member Program နဲ့ ပတ်သက်ပြီး သိရှိလိုပါက 👇🏻

https://www.facebook.com/share/p/1NEoAX9DPd/

Wed~Fri အတန်းတက်ရောက်ချင်သူများအတွက် သင်တန်းအချိန်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

🚨JCA TeK-Course (Batch - 36)
✔️Starting date - 01.07.2026 (Wed~Fri)
✔️Time - 1:00 PM to 3:00 PM

✔️ Duration - 4.5 months
✔️ Fees- (Member Fee ~ 500,000 MMK + Documents fees ~ 100,000 MMK)

📓 သင်ကြားမည့်အကြောင်းအရာများကတော့ 📓

🎌👷Japan နိုင်ငံရဲ့ ဆောက်လုပ်ရေးနည်းပညာများ/Management ပိုင်းများ/Safety ပိုင်းများ/ဆောက်လုပ်ရေးဥပဒေများ စသည်တို့အပြင် ဂျပန်လုပ်ငန်းခွင်တွင် အလုပ်လုပ်ဖို့လိုအပ်သည်များကို Japan Construction Company များ၏ လမ်းညွှန်ချက်အတိုင်း 🇯🇵 ဂျပန်
ဘာသာရပ်🇯🇵ဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 👷🎌

📚သင်ကြားရေးစာအုပ်များ 📚

(1) Building Construction Drawing
(建築施工図)

(2) Wooden construction。Steel construction。 RC construction detail collection(木造。S造。RC造 ディテール集)

(3)Site/Workplace Management
(作業所管理)

(4)Basic knowledge of construction sites
(建築現場の基礎知識)

စသည်တို့ဖြစ်ပါတယ်။

JCA ရဲ့ 専門用語 အတန်းကို တက်ရောက်ချင်သူများဟာ အောက်ပါအချက်များနဲ့ ပြည့်စုံစေဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။

(၁) ဂျပန်နိုင်ငံရှိ သက်ဆိုင်ရာလုပ်ငန်းခွင်တွင် အင်ဂျင်နီယာအလုပ်ဖြင့်သွားရောက်လုပ်ကိုင်လိုပြီး နယ်ပယ်ကဏ္ဍအသီးသီးအလိုက် မိမိတို့၏လုပ်နိုင်စွမ်းရည်၊ တတ်ကျွမ်းနားလည်မှုတို့ဖြင့် တိုးတက်သောဘဝကို လျှောက်လှမ်းကာ ရိုးသားမှုအရင်းခံဖြင့် ကြိုးစားအားထုတ်လုပ်ဆောင်လိုသော စိတ်ရင်းအခံရှိသူ ဖြစ်ရမည်။

(၂) အရင်တန်းခွဲများတွင် ဂျပန်ဘာသာစကား N3 နှင့်အထက် ပြီးပြီးသားသူများကို ဦးစားပေးလက်ခံခဲ့သော်လည်း ယခုဖွင့်လှစ်မည့် တန်းခွဲအသစ်များတွင် N4 အောင်ထားပြီး ဂျပန်စာလိုက်နိုင်သူများကိုလည်း လက်ခံသင်ကြားပေးပါမည်။

(၃) JCA မှ အခါအားလျော်စွာပြုလုပ်ပေးနေသော JCA-Mini Talk ရဲ့ session တစ်ခုခုသို့ တက်ရောက်ပြီးသူဖြစ်ရပါမည်။ (နောက်ထပ်ကျင်းပမည့် Mini-Talk တက်ရောက်ရန်အတွက် cb မှတစ်ဆင့် နာမည်၊ ဖုန်းနံပါတ်ပို့ပေးပြီး ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်။)

(၄) JCA မှ အတန်းစဉ်အတွက်ချမှတ်ထားသော ကျောင်းစည်းမျဉ်းစည်းကမ်းများကို နားလည်လိုက်နာနိုင်သောသူဖြစ်ရမည်။

***JCA ကျောင်းတွင် လာ၍တက်ရောက်ရမည့်အတန်းဖြစ်ပါသည်။ online class မဟုတ်ပါ။***

🏢 သင်တန်းတက်ရောက်ရမည့်နေရာ 🏢

JCA
No. 190, Bo Myat Tun street (middle block), Pazundaung Tsp, Yangon

📌 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန်

📞 Phone: 09 408 600 868
📩 Messenger: JCA Page Messenger

Japanese Construction Academy (JCA)
“A Move that Change Your Life”

JCA-TeK intro post link:

https://www.facebook.com/permalink.php?story_fbid=519910839757439&id=113926097022584

JCA နှင့်လက်တွဲမည့်အင်ဂျင်နီယာများ သိထားသင့်သည့် အကြောင်းအချက်များ
JCA-PYRAMID (JCA's Stages of Training Process for Myanmar Engineers to be Employed in Japan)

https://www.facebook.com/permalink.php?story_fbid=527940575621132&id=113926097022584

📍JCA Telegram Link:
https://t.me/JapaneseConstructionAcademy

📍JCA YouTube Link: https://youtube.com/?si=--X5u3uzoOOiCBFR



#専門用語





Photos from Japanese Construction Academy - JCA's post 10/06/2026

ကလေးငိုနေတာကို မိဘတွေက ဝမ်းသာပြီး အားပေးတဲ့ ပွဲတော်တစ်ခု ရှိတယ်ဆိုရင် ယုံနိုင်မလား? 🤔🇯🇵

တချို့နိုင်ငံတွေမှာ ကလေးငိုတာကို စိတ်ပူစရာလို့ မြင်ကြပေမယ့်...
ဂျပန်နိုင်ငံမှာတော့ ကလေးတစ်ယောက်ရဲ့ ငိုသံကို "ကောင်းချီး" တစ်ခုလို့ ယုံကြည်တဲ့ ရိုးရာပွဲတော်တစ်ခု ရှိပါတယ်။

အဲ့ဒီထူးခြားတဲ့ ပွဲတော်ကတော့...

"Naki Sumo" (泣き相撲) ပါ။ 👶🥋

"Naki" ဆိုတာ "ငိုခြင်း" လို့ အဓိပ္ပာယ်ရပြီး၊ "Sumo" ဆိုတာ ဂျပန်ရဲ့ ရိုးရာနပန်းအားကစားကို ဆိုလိုတာပါ။

ဒီပွဲတော်ဟာ နှစ်ပေါင်း ၄၀၀ ကျော် သမိုင်းရှိတယ်လို့ ဆိုကြပြီး၊ ဂျပန်နိုင်ငံရဲ့ ဘုရားကျောင်းအချို့မှာ ယနေ့အထိ ကျင်းပနေဆဲ ဖြစ်ပါတယ်။

ပွဲတော်ကျင်းပတဲ့နေ့မှာတော့...
Sumo နပန်းသမားကြီးတွေက ကလေးငယ်တွေကို လက်ထဲမှာ ချီပွေ့ထားပြီး...
"ဘယ်ကလေးက အရင်ငိုမလဲ?"
ဆိုတာကို ယှဉ်ပြိုင်ကြပါတယ်။

တချို့နေရာတွေမှာတော့...
"ပိုကျယ်ကျယ် ငိုတဲ့ကလေးက အနိုင်ရတယ်"
လို့တောင် သတ်မှတ်ထားပါတယ်။

အချို့ Sumo သမားတွေက ကလေးတွေ ငိုအောင် မျက်နှာပြောင်ပြတာ၊ အသံကျယ်ကျယ်ထုတ်တာတွေ လုပ်ကြသလို...
တချို့နေရာတွေမှာတော့ မျက်နှာဖုံးကြီးတွေ ဝတ်ဆင်ထားတဲ့ ဘုန်းတော်ကြီးတွေက ကလေးတွေကို လန့်အောင်လုပ်ပြီး ငိုစေတတ်ကြပါတယ်။

ဒီလိုကြားရတော့...
"ကလေးကို ငိုအောင်လုပ်တာက ရက်စက်တာ မဟုတ်ဘူးလား?" လို့ တွေးမိနိုင်ပါတယ်။
ဒါပေမယ့် ဒီပွဲတော်ရဲ့ နောက်ကွယ်မှာတော့ အဓိပ္ပာယ်လေးတစ်ခု ရှိနေပါတယ်။

ဂျပန်ရိုးရာယုံကြည်ချက်အရ...
"Naku ko wa sodatsu"
ဆိုတဲ့ စကားပုံတစ်ခု ရှိပါတယ်။

အဓိပ္ပာယ်ကတော့...
"ငိုတတ်တဲ့ ကလေးတွေက ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာတတ်တယ်" ဆိုတာပါ။

ဒါ့အပြင်...
ကလေးတွေရဲ့ ငိုသံဟာ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ပေးနိုင်ပြီး ကံကောင်းခြင်းတွေကို ခေါ်ဆောင်လာပေးတယ်လို့လည်း ယုံကြည်ကြပါတယ်။

ဒါကြောင့် မိဘတွေဟာ ကလေးငိုတာကို မရှက်ကြသလို...
ကလေးရဲ့ ကျန်းမာရေး၊ အသက်ရှည်မှုနဲ့ အနာဂတ်ကောင်းမွန်ဖို့ ဆုတောင်းတဲ့ အဓိပ္ပာယ်နဲ့ ဒီပွဲတော်ကို ကိုယ်တိုင်လာရောက် ပါဝင်ကြတာ ဖြစ်ပါတယ်။

တချို့ယဉ်ကျေးမှုတွေမှာ...
ကလေးငိုတာကို စိတ်ပူစရာ၊ မကောင်းတဲ့အရာတစ်ခုအဖြစ် မြင်ကြပေမယ့်...
ဂျပန်မှာတော့...
ကလေးတစ်ယောက်ရဲ့ ငိုသံကတောင် ကောင်းချီးတစ်ခု ဖြစ်နိုင်တယ်။

ဒီပွဲတော်လေးက ကျွန်တော်တို့ကို ပြောပြသွားတာကတော့...
ကမ္ဘာပေါ်က လူမျိုးတိုင်းဟာ ကိုယ်ပိုင်ယုံကြည်မှု၊ ယဉ်ကျေးမှုနဲ့ အဓိပ္ပာယ်ဖွင့်ဆိုပုံတွေ ရှိကြတယ်ဆိုတာပါပဲ။

ကျွန်တော်တို့အတွက် ထူးဆန်းနေတာဟာ... တစ်ခြားသူတွေအတွက်တော့ မေတ္တာနဲ့ ဆုတောင်းခြင်းကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။






Photos from Japanese Construction Academy - JCA's post 08/06/2026

📢 December JLPT N2 အောင်မြင်ရန် ရည်ရွယ်ထားသူများအတွက် N2 အတန်းသစ်‌လေးများ ဖွင့်လှစ်ထားပါပြီရှင့်✨

皆さん、こんにちは❣️

皆さんတို့ရော 2026 ခုနှစ်ရဲ့ အဆုံးမှာ ဘယ်လိုအောင်မြင်မှုလေးတွေ၊ ဘယ်လိုရလဒ်လေးတွေ ပိုင်ဆိုင်ထားချင်ကြလဲ? 🤔✨

私 ကတော့ ဒီနှစ်အစမှာ သတ်မှတ်ထားတဲ့ Goal လေးတွေကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်ရင်း 2026 ခုနှစ်ကို အဓိပ္ပာယ်ရှိရှိ အဆုံးသတ်ချင်ပါတယ်🥰

皆さんတို့ရော...?

အခုဆို 2026 ခုနှစ်ကုန်ဆုံးဖို့ 6 လလောက်ပဲ ကျန်တော့တယ်နော်🥹

ဒါပေမယ့် December JLPT N2 ကို ရည်မှန်းထားတဲ့သူတွေအတွက်တော့ ဒီအချိန်လေးက စပြီးကြိုးစားဖို့၊ သေချာပြင်ဆင်ဖို့ လုံလောက်တဲ့ အချိန်ကောင်းတစ်ခု ဖြစ်နေပါသေးတယ်ရှင့်💪✨

ဒါကြောင့် December JLPT N2 ကို ရည်ရွယ်ပြီး

📚 Weekend Offline N2 Class

📚 Weekdays Offline N2 Class

ဆိုပြီး ရွေးချယ်တက်ရောက်နိုင်မယ့် Class လေး 2 ခုကို ဖွင့်လှစ်ထားပါတယ်ရှင့်🥰

📚 သင်ကြားပေးမည့် အကြောင်းအရာများ

✅ N2 Grammar

✅ Vocabulary & Kanji

✅ Reading (読解)

✅ Listening (聴解)

✅ Old Questions Practice

⏰ အတန်းချိန်များ

━━━━━━━━━━━━━━━

📚 Weekend Offline Class

📅 Start Date - 13.6.2026 (Sat)

🕐 Time - 1:00 PM ~ 4:00 PM

━━━━━━━━━━━━━━━

📚 Weekdays Offline Class

📅 Start Date - 13.7.2026 (Mon)

(တနင်္လာနေ့ မှ ဗုဒ္ဓဟူးနေ့ အထိ)

🕐 Time - 1:00 PM~4:00P.M

━━━━━━━━━━━━━━━

Offline Class ဖြစ်တဲ့အတွက် သင်ခန်းစာနားမလည်တာတွေကို ချက်ချင်းမေးမြန်းနိုင်ပြီး Reading, Listening နဲ့ Speaking Practice တွေကိုလည်း ပိုမိုထိရောက်စွာ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်🥰

ဒါ့အပြင် စာလေ့လာဖို့ Motivation ရစေတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ အတူတူကြိုးစားနေတဲ့သူတွေနဲ့ သင်ယူနိုင်မှာဖြစ်ပါတယ်✨

🏫 Japanese Construction Academy (JCA)

📍 အမှတ် (190), ဗိုလ်မြတ်ထွန်းလမ်း အလယ်ဘလောက်
(KBZ Bank မျက်နှာချင်းဆိုင်)
ပုစွန်တောင်မြို့နယ်၊ ရန်ကုန်။

📞 09-408 600 868

📩 အသေးစိတ်အချက်အလက်များကို Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်❤️

🎯 2026 ကို JLPT N2 အောင်လက်မှတ်လေးနဲ့ အဆုံးသတ်ချင်တယ်ဆိုရင် အတူတူကြိုးစားကြရအောင်🥰🙏❤️

ဒါနဲ့...皆さんတို့ရော 2026 ခုနှစ်ရဲ့ အဆုံးမှာ ဘာလေးတွေ ပိုင်ဆိုင်ထားချင်ကြလဲ? 🥰✨

Comment မှာ မျှဝေပေးခဲ့ကြပါဦးနော်❤️

皆さんတို့ရဲ့ ရည်မှန်းချက်လေးတွေ အကောင်အထည်ဖော်နိုင်ပြီး လိုချင်တဲ့ ရလဒ်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်🙏❤️





#日本語能力試験

#日本語学習

08/06/2026

🚨 JLPT မေးခွန်းဟောင်းတွေပဲ အလွတ်ကျက်ပြီးဖြေရင် ဘာလို့ ကျတတ်သလဲ?🚨

မေးခွန်းဟောင်း (Old Questions) တွေကို အခါ ၁၀၀ လောက် ပြန်လုပ်ထားတာပဲ၊ စာမေးပွဲကျတော့မှ အမှတ်တွေက ဘာလို့ အောက်ခြေ ရောက်သွားရတာလဲ?❗

JLPT ဖြေပြီးတိုင်း ဒီလိုမျိုး စိတ်ပျက်လက်ပျက် ဖြစ်ကျန်ခဲ့တဲ့သူတွေကို ခဏခဏ တွေ့ဖူးမှာပါ။ စာလည်း တကယ်ကျက်ရဲ့သားနဲ့ ဘာလို့ ဒီထောင်ချောက်ထဲ မိသွားကြတာလဲဆိုတဲ့ အချက်လေးတွေကိုသတိထားမိအောင် ဒီနေ့မှာပြောပြပးသွားမှာပဲဖြစ်ပါတယ်။🤗

❌ပထမဆုံးတစ်ချက်အနေနဲ့ "အဖြေ" ကို ကျက်မိနေခြင်း (Pattern Trap) ပဲဖြစ်ပါတယ်။

မေးခွန်းဟောင်းတွေကို ကြိမ်ဖန်များစွာလေ့ကျင့်တာ ကောင်းပါတယ်။ ဒါပေမဲ့ အများစုက မေးခွန်းရဲ့ သဘောတရားကို နားလည်အောင် လုပ်တာထက်မေးခွန်းပုံစံတွေရဲ့အဖြေတွေကို ပုံသေမှတ်တာ၊ သို့မဟုတ် စာကြောင်းအလိုက် အလွတ်ကျက်ပစ်တာမျိုး လုပ်မိတတ်ကြပါတယ်။ တကယ့် စာမေးပွဲမှာကျတော့ စကားလုံးလေးတစ်လုံး (သို့မဟုတ်) အနောက်က Grammar အသုံးအနှုန်းလေး တစ်ချက်ပြောင်းလိုက်တာနဲ့ အဖြေက လုံးဝ တခြားစီ ဖြစ်သွားတတ်ပါတယ်။

❌ ဒုတိယတစ်ချက်အနေနဲ့ choukai ကို စာအုပ်ကြီးအတိုင်းပဲ မျှော်လင့်နေခြင်းပဲ ဖြစ်ပါတယ်။

Choukai မှာ အမှတ်သိပ်မရကြတဲ့ အဓိကအကြောင်းရင်းက စာအုပ်ထဲက စီဒီဖိုင်တွေအတိုင်း တရားသေ မျှော်လင့်ထားလို့ပဲဖြစ်ပါတယ်။ လက်တွေ့မှာ ဂျပန်လူမျိုးတွေရဲ့ သဘာဝစကားပြောအရှိန်၊ လေသံနဲ့ ဖြတ်ပြောတတ်တဲ့ အလေ့အကျင့် (Kaiwa) တွေနဲ့ မရင်းနှီးထားဘူးဆိုရင် စာမေးပွဲခန်းထဲမှာအသံလွှင့်လိုက်တာနဲ့ ဘာပြောသွားမှန်းမသိဘဲ ယောင်ချာချာ ဖြစ်ကျန်ရစ်နေခဲ့ရတတ်ပါတယ်။

💡 ဒါဆိုရင်... ဒီထောင်ချောက်ထဲကနေ ဘယ်လိုရုန်းထွက်မလဲ?🤷🏻

၁။ "ဘာလို့" ဒီအဖြေ ဖြစ်ရတာလဲဆိုတာကို အမြဲမေးပါ။

မေးခွန်းဟောင်းတစ်ခုကို ဖြေလို့ မှန်သွားရင်တောင် ဝမ်းမသာလိုက်ပါနဲ့ဦး။ ကျန်တဲ့ Option ၃ ခုက ဘာလို့ မှားနေတာလဲ၊ ဒီ Grammar က ဘယ်လို အခြေအနေမျိုးမှာ သုံးတာလဲဆိုတာကို သေချာနားလည်အောင် ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အလေ့အကျင့် လုပ်ထားပါ။

၂။ နားထောင်ခြင်း (Choukai) ကို နေ့စဉ်ဘဝထဲ မျှားခေါ်ပါ။

စာမေးပွဲနားနီးမှ Audio အတင်းနားထောင်တာထက် နေ့စဉ်ဘဝမှာ ဂျပန် Drama တွေ၊ Podcast တွေ သို့မဟုတ် ဂျပန် YouTube ဗီဒီယိုတွေကို ပေါ့ပေါ့ပါးပါး နားထောင်ပေးပါ။ သူတို့ရဲ့ တကယ့်လက်တွေ့ စကားပြောအသုံးအနှုန်း (Kaiwa) နဲ့ နားရည်ဝနေမှ စာမေးပွဲက Audio က ကိုယ့်အတွက် နှေးကွေးပြီး နားလည်ရ လွယ်ကူလာပါလိမ့်မယ်။

၃။ စာမေးပွဲအတွက်တင်မကဘဲ လက်တွေ့သုံးဖို့ပါ ရည်ရွယ်ပြီး ကျက်ပါ။

"ဒါကတော့ ဘယ် N Level အဆင့်မို့လို့ ကျက်ရမယ်" ဆိုတာထက် "ဒီစကားလုံး၊ ဒီ Grammar ကို အလုပ်ခွင်ထဲရောက်ရင် သို့မဟုတ် ဂျပန်လူမျိုးတွေနဲ့ စကားပြောရင် ဘယ်လိုသုံးမလဲ" ဆိုတဲ့ Mindset မျိုး ပြောင်းပြီး ကျက်ကြည့်ပါ။ ဦးနှောက်က ပိုမှတ်မိလွယ်တဲ့အပြင် စာမေးပွဲမေးခွန်းတွေ လှည့်မေးလာရင်တောင် သွေးပျက်မသွားတော့ပါဘူး။

အနှစ်ချုပ်ရရင်တော့ -
JLPT ဆိုတာ "အလွတ်ကျက်နိုင်စွမ်း" ကို စစ်တာမဟုတ်ဘဲ "ဂျပန်စာကို တကယ်နားလည်ပြီး အသုံးချနိုင်စွမ်း" ကို စစ်တာပါ။ မေးခွန်းဟောင်းတွေကို နည်းဗျူဟာသိရုံပဲ သုံးပြီး၊ တကယ့်လက်တွေ့ အသုံးအနှုန်းတွေနဲ့ပါ တွဲဖက်လေ့ကျင့်မှသာ အောင်မှတ်တင်မကဘဲ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကိုပါ စိတ်ချလက်ချ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

အားလုံးပဲ ထောင်ချောက်တွေကို ကျော်လွှားပြီး JLPT ကို တစ်ခါတည်းနဲ့ အောင်မြင်ကြပါစေလို့ဆု တောင်းပေးလိုက်ပါတယ်။💪


08/06/2026

📢 Japanese Construction Academy မှ ဂျပန်နိုင်ငံတွင် 建築施工管理 အနေဖြင့်လုပ်ကိုင်လိုသောသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ခေါ်ယူမိတ်ဆက်ပေးသွားပါမည်။
  
Job Position : 建築施工管理  (5 posts)

📌လိုအပ်သောအရည်အချင်းများ 📌
(1) BE Civil ပိုင်းဖြင့်ဘွဲ့ရရှိထားသူ
(2) ဂျပန်စာ N3 အောင်မြင်ထားသူ (Communicate လုပ်နိုင်သူ)
(3) Site ပိုင်းဖြင့် အတွေ့အကြုံရှိသူ

အလုပ်တည်နေရာ : ဂျပန်နိုင်ငံအနှံ့
အခြေခံလစာ - 220,000円
 
※ပိတ်ရက်: တစ်ပတ် ၂ ရက် (Sat,Sun & Public Holiday)
※အကျိုးခံစားခွင့်များအနေဖြင့် 家賃 တစ်ဝက်ထောက်ပံ့ပေးခြင်း၊ 交通費 ထောက်ပံ့ပေးခြင်းများရှိပါသည်။
※ N2 အောင်လက်မှတ်ရှိသူများ အတွက် 手当ထောက်ပံ့ပေးခြင်းများရှိပါသည်။
--------------------------------------------
📌လျှောက်ထားလိုသူများသည် သေသပ်စွာပြင်ဆင်ရေးသားထားသော 履歴書 နှင့် 職務経歴書 များကို (20.6.2026) နောက်ဆုံးထားကာ [email protected] သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
📌 Subject တွင် မိမိလျှောက်ထားလိုသော Positionကိုရေးပို့ကာ လျှောက်ထားပေးပါရန်📌
အချက်အလက်များကိုစိစစ်ပြီး ကိုက်ညီသူများကို ပြန်လည်ဆက်သွယ်ပေးသွားပါမည်။

JCA မှ မြန်မာနိုင်ငံက အင်ဂျင်နီယာများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဆက်လက်ဖော်ဆောင် ပေးသွားမှာဖြစ်လို့ 皆さん တို့ Fb Page ကိုလည်း Like & Follow လုပ်ထားဖို့မမေ့ကြပါနဲ့နော် 🥰






07/06/2026

Engineering Kaiwa Program စတင်ဖွင့်လှစ်ခြင်း

皆さん、こんにちは!🥰

Japanese Construction Technical School (JCTS) မှ ProTrack Batch 1 နှင့် Batch 2 သင်တန်းသားများအတွက် ဂျပန်နိုင်ငံရှိ Construction Industry တွင် အောင်မြင်စွာ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ပြီး Engineering Kaiwa Program ကို စတင်ပို့ချသွားမည် ဖြစ်ပါသည်။

ယခု Program ကို ဂျပန်နိုင်ငံတွင် Steel Structure ပိုင်း၌ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံ (၄) နှစ်ကျော် ရှိသည့် မြန်မာ Senior Engineer ဖြစ်သူ Arkar Sensei မှ တိုက်ရိုက်သင်ကြားပေးသွားမည် ဖြစ်ပါသည်။

📌 Engineering Kaiwa Program တွင်

✅ Construction Site တွင် နေ့စဉ်အသုံးပြုသော Engineering Conversation များ

✅ Japanese Construction Industry တွင် အသုံးများသော 専門用語 (Technical Terms)

✅ 朝礼 (Morning Meeting) နှင့် KYK (Safety Discussion)

✅ Ho-Ren-So (報告・連絡・相談)

✅ Japanese Engineers များနှင့် Communication Skills

✅ Site Coordination နှင့် Professional Workplace Communication

တို့ကို Role-play နှင့် Practical Discussion များဖြင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အင်ဂျင်နီယာများအတွက် စာသင်ခန်းထဲမှ ဂျပန်စာကိုသာမက လုပ်ငန်းခွင်တွင် တကယ်အသုံးချနိုင်မည့် Communication Skills များ ရရှိစေရန် ရည်ရွယ်ထားသော Program တစ်ခု ဖြစ်ပါသည်။

📅 Starting date : 13.06.2026 (Zoom Class)

⏰ Time : 9:00 AM to 11:00 AM (MMT)
(Every Saturday)

🕰️ Duration : 4 Months

💵 Fees : 200,000 MMK

📞 Contact : 09 880177980

🏛️ Address : No.(89), 51st Street ( middle block), Pazundaung Township, Yangon.

👨‍🏫 Instructor : Arkar Sensei (Japan)

🏫 Exclusive Program for JCTS ProTrack Batch 1 & Batch 2 🏫

JCTS "For a Stronger Tomorrow"






Photos from Japanese Construction Technical School - JCTS's post 05/06/2026

ဆောက်လုပ်ရေးနဲ့ပက်သတ်တဲ့လုပ်ငန်းခွင် ဝေါဟာရ (語彙) လေးတွေလေ့လာကြရအောင်




04/06/2026

BIMကို လေ့လာသင်ယူချင်တဲ့ အင်ဂျင်နီယာများအတွက်👨‍🎓 JCA ကနေ BIM ပိုင်းဆိုင်ရာတတ်ကျွမ်းပြီး ဂျပန်နိုင်ငံမှာ လုပ်ငန်းခွင်ဝင်ရောက်လိုတဲ့ အင်ဂျင်နီယာများအတွက် အထူးအခွင့်အရေးတစ်ရပ်ကို နောက်တစ်ကြိမ်ထပ်မံ သယ်ဆောင်လာပြီဖြစ်ပါတယ် 👩‍🎓

🤝 JCAမှ BIM Modelling အတန်းကို
JCA Member များအနေနဲ့ တက်ရောက်နိုင်မှာ
ဖြစ်ပါတယ် 🤝

JCA ရဲ့ Member Program နဲ့ ပတ်သက်ပြီး သိရှိလိုပါက 👇🏻

https://www.facebook.com/share/p/1NEoAX9DPd/

သင်တန်းအချိန်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

🔹𝐁𝐢𝐦 𝟎𝟏 - 𝐁𝐚𝐭𝐜𝐡 22(𝐌𝐨𝐝𝐞𝐥𝐥𝐢𝐧𝐠)

Start date : 15.06.2026
Time : 10:30AM ~ 12:00PM
( Monday ~ Thursday )
Duration : 2 Months

(***JCA Member Only***)

Requirement : REVIT 2021 Version

(*** ဂျပန်စာသင်ယူထားခြင်းမရှိသူများလည်းတက်ရောက်နိုင်ပါသည်***)

📚 JCA တွက် BIM 01 တက်ရောက်ရန်အတွက် လိုအပ်သော အရည်အချင်းများ 📚

(၁) ဂျပန်စာလေ့လာနေပြီး ဂျပန်မှာ လုပ်ငန်းခွင်၀င်ရောက်ရန် ပြင်ဆင်ကြိုးစားနေကြတဲ့ အင်ဂျင်နီယာဘွဲ့ရများ
(၂) JCA မှ ပြုလုပ်ပေးသော Mini-Talk (Session) တခုခုကို တက်ရောက်ပြီးသူဖြစ်ရမည်။
(၃) ရိုးသားကြိုးစားပြီး BIM ကို အမှန်တကယ်နားလည် တတ်ကျွမ်းလိုသူ
(၄) သတ်မှတ်ထားသော သင်တန်းစည်းကမ်းများအတိုင်း လိုက်နာတက်ရောက်နိုင်ပြီး ကြိုးစားအားထုတ်နိုင်သူ။

သင်တန်းတက်ရောက်မည့်သူများအနေဖြင့်
🚨🚨 Revit 2021 Version ထက်မနိမ့်သော Software ကို သင်တန်းမတက်ရောက်မီ ကြိုတင်သွင်းလာရန် လိုအပ်ပါသည်။

***မှတ်ချက်***

အတန်းများကို စာရင်းပေးသွင်းထားသူများမှာ သတ်မှတ်လူဦးရေထက်ကျော်လွန်နေပါက

တက်ရောက်ခွင့်ရှိသူများကို ရုံးမှဖုန်းဖြင့် ပြန်လည် ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပြီး

ကျန်သူများကို နောက်ဖွင့်မည့် တန်းခွဲများအတွက် စာရင်းသွင်းပေးထားမည် ဖြစ်ပါသည်။

📌 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန်

📞 Phone: 09 408 600 868
📩 Messenger: JCA Page Messenger

Japanese Construction Academy (JCA)
“A Move that Change Your Life”




Photos from Japanese Construction Academy - JCA's post 03/06/2026

“Japan Engineers တွေက Building တစ်လုံး မဆောက်ခင်... ဘာကြောင့် အတုလုပ်ပြီး ဖျက်ဆီးကြတာလဲ?”

Building တစ်လုံး ဆောက်ဖို့ဆိုရင်

Design ဆွဲမယ်။

တွက်ချက်မယ်။

ပြီးရင် ဆောက်မယ်။

ဒါက လူအများ ထင်ထားတဲ့ အဆင့်တွေပါ။

ဒါပေမယ့် Japan မှာတော့

တချို့ Building တွေကို မဆောက်ခင်

အရင်ဆုံး ဖျက်ဆီးကြတယ်။

---

ကြားရတာ ထူးဆန်းပေမယ့်

တကယ်တော့ Engineers တွေဟာ

Building Prototype (အဆောက်အဦးပုံစံ)​ တွေကို တည်ဆောက်ပြီး

Earthquake Simulation စမ်းသပ်မှုတွေ လုပ်ကြတာပါ။

---

Giant Shake Table လို့ခေါ်တဲ့

စက်ကြီးတွေပေါ်မှာ

Building Model တွေကို တင်ထားပြီး

Earthquake အတု ဖန်တီးပေးတယ်။

---

ပြီးတော့

Magnitude မြင့်မြင့် Earthquake တွေ ဖြစ်သလို

ထပ်ခါထပ်ခါ လှုပ်ခိုင်းတယ်။

ဘယ်နေရာမှာ Crack စဖြစ်လဲ?

ဘယ် Column က အရင်ပျက်လဲ?

ဘယ် Joint က အားနည်းလဲ?

ဆိုတာကို အသေးစိတ် လေ့လာကြတယ်။

---

အဲ့ဒီ စမ်းသပ်မှုမှာ

Model ပြိုကျသွားရင်တောင်

သူတို့အတွက် ရှုံးနိမ့်မှု မဟုတ်ဘူး။

အောင်မြင်မှုတစ်ခုပဲ။

ဘာကြောင့်လဲဆိုတော့

အမှားကို လူတွေ နေထိုင်မယ့် Building မှာ မတွေ့ခင်

Lab ထဲမှာ အရင်တွေ့သွားလို့ပဲ။

---

Japan Engineering ရဲ့ ထူးခြားချက်က

"ငါတို့ Design က မှန်တယ်"

လို့ ယုံကြည်တာ မဟုတ်ဘူး။

"ငါတို့ Design မှားနိုင်တယ်"

ဆိုတာကို လက်ခံပြီး

အရင်ဆုံး စမ်းသပ်ကြတာ ဖြစ်တယ်။

---

တစ်ခါတစ်ရံ

အကောင်းဆုံး Engineer ဆိုတာ

တစ်ခါမှ မမှားတဲ့သူ မဟုတ်ဘူး။

သူများတွေ မထိခိုက်ခင်

အမှားကို အရင်ရှာတွေ့တဲ့သူပဲ ဖြစ်တယ်။





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 190, Bo Myat Tun Street (middle Block), Pazundaung Tsp
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00