06/06/2026
Onxy ရဲ့ Challange တစ်ခုဖြစ်တဲ့ UK Fintech Digital Transactions dataset လေး ကို ဝင်ပြိုင်ခဲ့ပါတယ်။
ပြိုင်ပွဲတွေဆိုတော့ ရှိတဲ့ Limited Data နဲ့ Insights ရဖို့ ခြစ်ကုတ် စဉ်းစားရသလို သူများတွေနဲ့ မတူတဲ့ အမြင်ရဖို့ Out of the Box လည်း တွေးရတာတွေ ရှိပါတယ်။
အခုမှ Data Analysis ကို လျှောက်လှမ်းတဲ့သူတွေအတွက်ကတော့ အခုလို ပြိုင်ပွဲလေးတွေ ဝင်ပြိုင်တာ အရမ်းကို အချိန်ကုန်ရကျိုး နပ်ပါတယ်။
Data Analysis Career က Theory + Practical ပေါင်းစပ်မှ ရတာပါ။ Theory တွေချည်းပဲ လေ့လာနေလို့လည်း ရှေ့မရောက်တာတွေ ရှိပါတယ်။
ဒီတော့ Data Analysis Career အတွက် Challenge အဖြစ်ဆုံးက လက်တွေ့အသုံးချနိုင်ခြင်း ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ အားလုံးလည်း ဝင်ပြိုင်ဖြစ်အောင် ဒီတစ်ခေါက် Challenge ကို ဖိတ်ခေါ်လိုက်ရတာ ဖြစ်ပါတယ်။
Report လေးကို Live Interaction ကြည့်ဖို့ Link လေး ချပေးထားပါတယ်ဗျာ။
https://app.powerbi.com/view?r=eyJrIjoiM2EwNWUzNGItNTE5NC00NTFiLWFmZTktZWYwYmU2MzI4ZmJkIiwidCI6ImEyMGQ5YzhhLTIzNDMtNDdhZi05Y2FhLWQwZDQ1MDhlZGRlMSIsImMiOjEwfQ%3D%3D
Onyx Data Challenge
https://www.linkedin.com/posts/onyxdata_onyx-data-datadna-challenge-june-2026-activity-7467122336178114560-X3vN?utm_source=share&utm_medium=member_desktop&rcm=ACoAABYuVuYBhe4wVAaQQa3a-12L2kCpURC7m4Q
25/05/2026
BI Assistant Manager / Manager
MO
Credit
https://www.linkedin.com/jobs/view/4417852600/
08/05/2026
သင်က Power BI Developer တစ်ယောက်အနေနဲ့ TMDL ကို သင်သိပါသလား 🤔
TMDL ကို အသုံးပြုပြီး Data Analyst တွေအတွက် ဘာတွေ လုပ်နိုင်မလဲဆိုတာကို ဒီစာလေးကို ဖတ်ပြီး video လေးတွေကို ကြည့်ဖို့ အကြံပြုချင်ပါတယ် 📊🎥
TMDL ဆိုတာ Tabular Model Definition Language လို့ခေါ်ပြီး တစ်နည်းအားဖြင့် Power BI ရဲ့ အရေးကြီးတဲ့ semantic model ကို readable ဖြစ်အောင် လုပ်လို့ရတဲ့အပြင် edit လုပ်လည်းရတဲ့အတွက် အလွန် powerful ဖြစ်ပါတယ် 💡
အဲဒါအပြင် Semantic Model ကိုလည်း version control လိုမျိုး changing လုပ်နိုင်ပါသေးတယ် 🔄
အဲဒါကြောင့် TMDL က ဘာတွေ လုပ်နိုင်လဲဆိုရင် Report တစ်ခုကနေ နောက်တစ်ခုကို copy and paste လုပ်လိုက်တာနဲ့ original report မှာ ရေးထားတဲ့ DAX, Data Modeling, Power Query တွေကိုပါ ချက်ချင်း ကူးယူနိုင်ပါတယ် 📁
အဲဒီအတွက် Report တစ်ခုကို အချိန်တိုအတွင်းမှာ ပိုမိုမြန်ဆန်စွာ ပြုလုပ်နိုင်ပါတယ် ⚡
အဲဒါအပြင် script tab တွေ ခွဲပြီးတော့ version control လိုမျိုးလည်း လုပ်နိုင်ပါသေးတယ် 🧩
နောက်တစ်ခုကတော့ DAX နဲ့ဆိုင်တဲ့နေရာတွေမှာလည်း TMDL ထဲမှာ Find and Replace လုပ်ပြီး ပြောင်းလဲနိုင်ပါတယ် 🔍
ဥပမာ ကိုယ့်ရဲ့ Measure Name က Total Sales, Total Costs, Total Profits ဆိုရင်
အဲဒီနေရာမှာ “Total” ဆိုတဲ့စာလုံးကို ဖြုတ်ပြီး အလွယ်တကူ Sales, Costs, Profits ဆိုပြီး ပြောင်းနိုင်ပါတယ် ✏️
Measure တွေ အများကြီးရှိရင် ဒါက တော်တော်လေး အသုံးဝင်ပါတယ် 🚀
အဲဒါအပြင် DAX formulas တွေကိုလည်း Find and Replace နဲ့ ပြင်ဆင်နိုင်ပါတယ် 🧠
ဒီထက်အသုံးဝင်တာတွေ အများကြီးရှိပါသေးတယ်။
TMDL ရဲ့ video အပြည့်အစုံကို Databuzz KP ရဲ့ trainer မှ create လုပ်ထားပါတယ်။ အသေးစိတ်ကို အောက်ပါလင့်ခ်ကနေ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ် 👇
https://www.linkedin.com/posts/activity-7458562593918472192-PDDj?utm_source=share&utm_medium=member_desktop&rcm=ACoAABYuVuYBhe4wVAaQQa3a-12L2kCpURC7m4Q
ကျွန်တော်ကတော့ စမ်းသပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်ဗျာ 🙌
06/05/2026
I am humbled and honored to be part of the event 🙌
03/05/2026
Additive Measure, Semi-Additive Measure and Non-Additive Measure ဘယ်လို ကွာခြားလဲ
✅ Additive Measure ကတော့ Values တွေကို ဘယ်လို Dimension ကပဲ ပေါင်းပေါင်း အဓိပ္ပာယ် ရှိတဲ့အရာမျိုးပါ။
ဥပမာ Region အလိုက်၊ လအလိုက်၊ နှစ်အလိုက်၊ Product အလိုက် ဘယ်ဖက်က ပေါင်းပေါင်း ရလဒ်က အဓိပ္ပာယ်ရှိနေပါတယ်။
✅ Semi-Additive Measure ကတော့ Values တွေကို တစ်ချို့ Dimensions တွေကနေပဲ ပေါင်းလို့ရပြီး ရက်အလိုက် ပေါင်းလို့မရနိုင်တဲ့ အရာမျိုး ဖြစ်ပါတယ်။
ဥပမာ Inventory လို Account Receivables လို၊ Account Payables လို Calculation တွေမှာ Date အလိုက် အားလုံးကို ပေါင်းချတာမျိုး လုပ်လို့မရဘဲ နောက်ဆုံး Date ရဲ့ Amount ကိုပဲ ယူရတာမျိူးပါ။
✅ Non-Additive Measure ကတော့ Values တွေကို ဘယ်လို Dimensions ကမှ ပေါင်းလို့ မရတာမျိုးပါ။
ဥပမာ Average of Average ဆိုပြီး ထပ်ရှာတာမျိုး မဟုတ်ဘဲ Base Value ပေါ်မှာ Average ထပ်ရှာရတာမျိုး ဖြစ်ပါတယ်။
အသေးစိတ် နမူနာကို အောက်ပါပုံမှာ လေ့လာနိုင်ပါတယ်
21/04/2026
𝐀𝐧𝐚𝐥𝐲𝐳𝐢𝐧𝐠 𝐃𝐚𝐭𝐚 𝐰𝐢𝐭𝐡 𝐒𝐐𝐋 𝐚𝐧𝐝 𝐏𝐨𝐰𝐞𝐫 𝐁𝐈 𝐂𝐥𝐚𝐬𝐬
မိမိရဲ့ Data Analysis Skill ကို မြှင့်တင်ရုံသာမက လစာကောင်းပြီး နိုင်ငံတကာမှာ Demand များတဲ့ Career တစ်ခုဆီကို လျှောက်လှမ်းဖို့ ပြင်ဆင်နေပြီလား
Data Analytics Career ဟာ နိုင်ငံတကာ Job Market မှာ Demand များလာတာနဲ့ အညီ အလုပ်ရနိုင်ဖို့အတွက် ကျွမ်းကျင်မှုကလည်း လိုအပ်လာပါတယ်။
ဒီအတွက် လိုအပ်တဲ့ Techanical ကျွမ်းကျင်မှုတွေနဲ့ လက်တွေ့သင်ခန်းစာတွေကို စ-လယ်-ဆုံး သင်ကြားပေးသွားမဲ့ “𝐀𝐧𝐚𝐥𝐲𝐳𝐢𝐧𝐠 𝐃𝐚𝐭𝐚 𝐰𝐢𝐭𝐡 𝐒𝐐𝐋 𝐚𝐧𝐝 𝐏𝐨𝐰𝐞𝐫 𝐁𝐈 𝐂𝐥𝐚𝐬𝐬” အတန်းကို Databuzz KP မှ ဖွင့်လှစ်လိုက်ပါပြီ။
✅ Trainer Profile
Trainer Pa Pa
Microsoft Certified Trainer
Microsoft Certified: Fabric Data Engineer Associate
Microsoft Certified: Fabric Data Analyst Associate
Microsoft Certified: Power BI Data Analyst Associate
LinkedIN Profile - https://www.linkedin.com/in/pa-pa/
✅ ဘာတွေသင်ကြားပေးသွားမှာလဲ။
ကျွန်တော်တို့ရဲ့ သင်တန်းဟာ Concept တွေအပြင် Project တွေကို ပါလက်တွေ့လုပ်ဆောင်စေလို့ ပြည်စုံတဲ့ Project Portfolio တစ်ခုကိုတည်ဆောက်နိုင်တဲ့အထိ လက်တွေ့ကျကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
✅ သင်ကြားပေးသွားမယ့် သင်ခန်းစာတွေကတော့
𝐒𝐐𝐋 𝐁𝐚𝐬𝐢𝐜 𝐭𝐨 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝
1. SQL Intro and Setup
2. Filtering and Sorting Your Data
3. Creating and Transforming Data with SQL Functions
4. Combining Data from Different Tables
5. Summarizing Your Data with Aggregate Queries
6. Advanced Analysis with Window Functions
7. Subqueries
8. Common Table Expressions (CTEs)
9. Temp Tables
10. Final Project
𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐏𝐨𝐰𝐞𝐫 𝐁𝐈
1: Introducing Power BI Desktop
2: Connecting & Shaping Data
3: Data Modelling
4: Data Analysis Expression (DAX)
5: Data Visualization
6: Power BI Service
7: Power BI Capstone Project
ဒေတာဟာ အသက်လိုဖြစ်လာတဲ့ခေတ်ကြီးထဲမှာ SQL and Power BI Course ကိုတက်ရောက်ချင်တယ်ဆိုရင်တော့…
𝐀𝐧𝐚𝐥𝐲𝐳𝐢𝐧𝐠 𝐃𝐚𝐭𝐚 𝐰𝐢𝐭𝐡 𝐒𝐐𝐋 𝐚𝐧𝐝 𝐏𝐨𝐰𝐞𝐫 𝐁𝐈 𝐂𝐥𝐚𝐬𝐬
📆 Starting Date: May 17, 2026
⏰ Time : 3 PM to 6 PM (Sunday Only)
🛣️ Duration : 45 Hours (3 Months)
👩💻 Teaching platform: Zoom Class
💳 Training Fees: 350,000 Ks
သင်တန်းကြေး ၃၅၀,၀၀၀ ကျပ်ဖြစ်ပြီး
မေလ ၁၀ ရက်နေ့ နောက်ဆုံးထားအပ်နှံပါက သင်တန်းကြေး ၂၀,၀၀၀ ကျပ် သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။
ကျောင်းသားဟောင်းများအတွက်ကတော့ အထူး Discount ၄၀,၀၀၀ ကျပ် ရရှိမှာ ဖြစ်ပါတယ်။
အခြားသော Benefits တွေ အနေနဲ့ကတော့
🔶 Power BI သင်ကြားစဉ် သင်တန်းကာလမှာ အသုံးပြုနိုင်မဲ့ Power BI License
🔶 Microsoft SQL Server Installation အတွက် Free IT Support ( MacBook အတွက်တော့ မရနိုင်ပါဘူး )
🔶 Classroom Access ရရှိမှာ ဖြစ်ပါတယ်
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
📌 Messenger - m.me/databuzzkp
📌 Viber - +95 9 976 142998
📌 Email - [email protected]
📌 Post Comment မှလည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
21/04/2026
Automation နဲ့ AI Agents တွေက လက်တွေ့လုပ်ငန်းတွေမှာ အခုဆို တကယ်အသုံးဝင်လာပြီလား? 🤖⚙️
ဒီနေ့မှာ ကျွန်တော် သင်တန်းအတွက် အသုံးပြုနေတဲ့ Automation Flow လေးတစ်ခုကို မျှဝေချင်ပါတယ်။
Power Automate ကို အသုံးပြုပြီး Payment Receipt (PDF version) ကို auto generate လုပ်ပေးတဲ့ Flow လေး ဖြစ်ပါတယ်။ Receipt ထဲမှာ —
• သင်တန်းကြေး
• Discount
• Old Student Discount
တို့ကို auto calculation လုပ်ပေးပြီး Email ထဲမှာ attachment အဖြစ် ထည့်သွင်းကာ သင်တန်းသားတွေထံ တိုက်ရိုက် ပို့ပေးနိုင်ပါတယ်။
အရင်တုန်းကတော့ Payment Receipt တစ်ခုလုပ်ဖို့ Manual အနေနဲ့ အချိန်တစ်ခုပေးပြီး လုပ်ရပါတယ်။ အခုတော့ ဒီ Automation Flow ကို အသုံးပြုပြီး မိနစ်အနည်းငယ်အတွင်း Receipt ကို generate လုပ်ပြီး ပို့ပေးနိုင်ပါတယ်။
Manual အနေနဲ့ လုပ်ရတာကတော့ Microsoft Forms ထဲမှာ data ကို input လုပ်ပေးရတာပဲ ဖြစ်ပါတယ်။
Automation နဲ့ AI Agents တွေဟာ ကျွန်တော်တို့ မသိလိုက်တဲ့အချိန်အတွင်းမှာပဲ လုပ်ငန်းခွင်ထဲကို တဖြည်းဖြည်း ဝင်ရောက်လာနေပါပြီ။
Small automation တစ်ခုကတောင် အချိန်တွေကို save လုပ်ပေးနိုင်ပြီး workflow ကို ပိုပြီး efficient ဖြစ်စေပါတယ်။** 🚀