Pyinnyar Phyo Pre School

Pyinnyar Phyo Pre School

Share

Play🤼‍♂️ Learn👨‍🏫 Enjoy🥳

27/05/2026

Understanding & Encouragement

💛 “ကလေးကို နားလည်ပေးခြင်းက learning ရဲ့အစပါ”
တချို့ကလေးတွေက စကားပြောဖို့ အချိန်ပိုလိုအပ်နိုင်ပါတယ်။

တချို့က attention ပိုတိုနိုင်ပါတယ်။
တချို့က change ဖြစ်တာကို ခက်ခဲနိုင်ပါတယ်။

ဒါပေမယ့် — patience
understanding
consistent support
နဲ့ positive environment
ရရှိလာတဲ့အခါ ကလေးတွေဟာ သူတို့ရဲ့ pace အတိုင်း တဖြည်းဖြည်းတိုးတက်လာနိုင်ပါတယ် 🌱

Special Needs support ဆိုတာ
“force လုပ်ခြင်း” မဟုတ်ဘဲ
ကလေးရဲ့လိုအပ်ချက်ကို နားလည်ပြီး
သင့်တော်တဲ့ support ပေးနိုင်ဖို့ ဖြစ်ပါတယ် 💛

✨ Eye contact တစ်ချက်
✨ Instruction လိုက်နိုင်လာခြင်း
✨ Communication ပိုလုပ်လာခြင်း
✨ Calm behavior ပိုရှိလာခြင်း

ဒီလိုသေးငယ်တဲ့ progress တွေကလည်း အရေးကြီးတဲ့အောင်မြင်မှုတွေပါ 🌈

Every child deserves patience, support and the opportunity to grow.

Photos from Pyinnyar Phyo Pre School's post 25/05/2026

Happy Birthday 🎂 🥳 🎉 🎈 🎁 🎊 🎂 🥳 🎉 🎈 🎁 သမီးလေး သွန်းရတီဖူး ၏

ယနေ့ကျရောက်သော (၂ )နှစ်ပြည့်မွေးနေ့မှစ၍ ချစ်ရတဲ့ဖေဖေမေမေ ဖိုးဖိုးဖွားဖွားတို့နှင့်အတူ ဘဝတစ် လျှောက်လုံးကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။
ဥာဏ်ရည်မြင့်မားပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်တဲ့အသိပညာဗဟုသုတနှင့်ပြည့်စုံပါစေ။
မိသားစုအပေါ်တတ်သိ လိမ္မာသော သမီး ကောင်းရတနာလေးဖြစ်ပါစေ။


18/05/2026

💙 Weekend Special Needs Program 💙

ကလေးတစ်ယောက်ချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်သင်ယူနိုင်စွမ်းနဲ့ ဖွံ့ဖြိုးတိုးတက်နိုင်မှုတွေ ရှိပါတယ်။ 🌱

ထိုစွမ်းရည်များကို နားလည်လက်ခံပြီးစိတ်ရှည်စွာ လမ်းညွှန်ပေးနိုင်ရန်အတွက် Pyinnyar Phyo Preschool တွင်
စနေ / တနင်္ဂနွေ Special Needs Class များကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

✨ Individualized Learning Support

✨ One-on-One / Small Group Teaching

✨ Communication & Social Skill Training

✨ Fine Motor & Sensory Activities

✨ Learning Through Play

✨ Parent Feedback & Guidance

ကလေးများ၏ လက်ရှိဖွံ့ဖြိုးမှုအခြေအနေကို အခြေခံကာ
တစ်ဦးချင်းစီအလိုက် သင်ကြားပေးသွားမည်ဖြစ်ပြီး
ကလေးများ ပိုမိုယုံကြည်မှုရှိလာစေရန်၊ လူမှုဆက်ဆံရေး နှင့် သင်ယူမှုစွမ်းရည်များ တိုးတက်လာစေရန် နွေးထွေးလုံခြုံသော learning environment ဖြင့် ပံ့ပိုးပေးသွားပါမည်။💙

📅 Class Days – Saturday & Sunday

📍 Location – Pyinnyar Phyo Preschool

📞 Contact – 09 441818887, 09 4477 42252

“Every child deserves understanding, patience, and the chance to shine.” ✨

18/05/2026

🎒 2026 – 2027 ပညာသင်နှစ်အတွက်
✨ KG တန်း ကျောင်းအပ်လက်ခံနေပါပြီ ✨

👩‍🏫 ကလေးတို့၏ ပထမဆုံးသင်ယူမှုခရီးကို
ပျော်ရွှင်စရာ learning environment နှင့်အတူ
ယုံကြည်စိတ်ချစွာ စတင်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 💖

📚 သင်ကြားပေးမည့် Program များ
✔ English & Maths အခြေခံ
✔ Language Development
✔ Social Skills & Communication
✔ Creativity & Motor Skills
✔ Learning Through Play Activities

🌈 Limited Seats Available

📌 ယခုအချိန်မှစ၍ ကျောင်းအပ်နှံနိုင်ပါပြီ။

🏫 Pyinnyar Phyo Preschool
📍 အမှတ် (၇၀၈)၊ ဘုရင့်နောင်လမ်း၊ (၅၀) ရပ်ကွက်၊ မြောက်ဒဂုံ၊ ကြိုးတံတားအနီး။
📞 09 441818887

💫 “Every Child Learns in Their Own Way.”

Photos from Pyinnyar Phyo Pre School's post 30/04/2026

နေ့မြတ်ကဆုန်
ကဆုန်လပြည့်နေ့ နှင့်
ကဆုန်ညောင်ရေသွန်းပွဲ အကြောင်းကိုမှတ်သားဖွယ်ရာပြောပြပြီး သားသားမီးမီးများက ကဆုန်ညောင်ရေသွန်းလောင်းကြပုံကို လက်တွေ့ပြုလုပ်ခဲ့ကြပါတယ်


#ကဆုန်ညောင်ရေသွန်းပွဲ

16/04/2026

နှစ်သစ်အခါသမယတွင် ချစ်ခင်ရတဲ့ သားသားမီးမီးများနဲ့ ဖေဖေမေမေများ ၊ အုပ်ထိန်းသူများအားလုံး နှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီးဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

အခက်အခဲများကို ခံနိုင်ရည်ရှိစွာ ကျော်လွှားနိုင်ပြီး
မျှော်လင့်ချက်အသစ်များနှင့်အတူပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ယုံကြည်ချက်အပြည့်ဖြင့် လှမ်းလျှောက်နိုင်ကြပါစေ။

တစ်ဦးနှင့်တစ်ဦး မေတ္တာထားကာနားလည်မှုများ တိုးပွားပြီး
ငြိမ်းချမ်းသာယာသော နေ့ရက်များအမြန်ဆုံး ပြန်လည်ရရှိလာပါစေ။

နှစ်သစ်မှာပျော်ရွှင်မှုများ၊ အောင်မြင်မှုများသည် ယနေ့မှစ၍ တစ်နှစ်ပတ်လုံး တိုးပွား ပါစေကြောင်းဆုတောင်းအပ်ပါသည်။


Photos from Pyinnyar Phyo Pre School's post 13/04/2026

🌼💦 ကျောင်းသင်္ကြန် ရေကစားပွဲမှ ပျော်ရွှင်ဖွယ်အမှတ်တရများ 💦🌼
Pyinnyar Phyo Preschool တွင် ကျင်းပပြုလုပ်ခဲ့သော
သင်္ကြန်ရေကစားပွဲလေး မှ ကလေးများ၏ ပျော်ရွှင်နေသောပုံရိပ်လေးများကိုမိဘများကို မျှဝေပေးလိုက်ပါတယ်ရှင်။ 📸✨

ရေစိုစိုနဲ့ အပြုံးပန်းတွေ ပွင့်လန်းနေတဲ့
ကလေးလေးများကို မြင်တွေ့ရတာဟာ
အမှတ်တရကောင်းတစ်ခုဖြစ်ခဲ့ပါတယ် 💖

🎉 ဒီအစီအစဉ်ကို
ကလေးများ ပျော်ရွှင်စေရန်သူငယ်ချင်းများနှင့် အတူတကွ ဆက်ဆံရေးတိုးတက်စေရန်မြန်မာ့ရိုးရာ သင်္ကြန်ယဉ်ကျေးမှုကို ခံစားနိုင်စေရန်ရည်ရွယ်ပြီး စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

🙏 မိဘများ၏ ပူးပေါင်းကူညီမှုကြောင့်အစီအစဉ်အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
အထူးကျေးဇူးတင်ရှိပါသည်။

📢 ကြေညာချက်
သင်္ကြန်ကာလအတွင်း ကျောင်းအား (13-4-2026 မှ 19-4-2026 နေ့အထိ) ပိတ်ထားမည်ဖြစ်ပြီး
ပြန်လည်ဖွင့်လှစ်မည့်ရက်မှာ (20-4-2026) တနင်းလာနေ့ဖြစ်ပါသည်။
🌸 ကလေးများနှင့် မိဘများအားလုံး
ပျော်ရွှင်ချမ်းမြေ့သော သင်္ကြန်ပွဲတော်ကို ဆင်နွှဲနိုင်ကြပါစေရှင် 🌸



12/04/2026

ဦးရွှေရိုးနဲ့ဒေါ်မိုး

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 897/A, Nguwar Street, 50 Yard, North Dagon
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00