Little London English Language Centre

Little London English Language Centre

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Little London English Language Centre, Language school, အမှတ်(၂၄)၊ ပထမထပ်၊ ဓမ္မဝိဟာရလမ်း၊ ကျားကွက်သစ်ရပ်ကွက်၊ တာမွေမြို့။, Yangon.

08/06/2026

We use the last hand gesture all the time when we need a quick break, but do you know what it's actually called in English? 👇

07/06/2026

5 phrases to say "No" politely! 🙅‍♂️

06/06/2026

ကမ္ဘာကျော် ပြဇာတ်ရေးဆရာကြီး William Shakespeare ဟာ အင်္ဂလိပ်စာပေမှာ ပြဇာတ်တွေတင်မကဘဲ နေ့စဉ်သုံး စကားလုံးပေါင်းများစွာကိုလည်း တီထွင်ပေးခဲ့သူပါ။ အရင်က တင်ဆက်ပေးခဲ့တဲ့ စကားလုံးတွေလိုပဲ ကျွန်တော်တို့ နေ့တိုင်းနီးပါး ရင်းရင်းနှီးနှီး သုံးနေကြတဲ့ နောက်ထပ် စကားလုံး (၅) လုံးကို ထပ်မံမျှဝေပေးလိုက်ပါတယ်။

အခုပြောပြပေးမယ့် စကားလုံးတွေကတော့ -

၁။ Swagger (အထာကျကျလမ်းလျှောက်သည် / ယုံကြည်မှုလွန်ကဲစွာ ပြုမူသည်)
"Swagger" ဆိုတဲ့ စကားလုံးကို လူငယ်တွေအကြားမှာ မကြာခဏ သုံးလေ့ရှိပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး အထာကျကျ လမ်းလျှောက်တာမျိုးကို ခေါ်တဲ့ ဒီစကားလုံးကို ၁၅၉၅ ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ A Midsummer Night's Dream ပြဇာတ်ထဲမှာ Shakespeare က ပထမဆုံး စတင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

၂။ Critic (ဝေဖန်ရေးသမား / အကဲဖြတ်သူ)
ရုပ်ရှင်၊ စာအုပ် ဒါမှမဟုတ် အနုပညာလက်ရာ တစ်ခုခုကို အကဲဖြတ် ဝေဖန်ပြောဆိုတတ်သူကို ခေါ်တဲ့ "Critic" ဆိုတဲ့ စကားလုံးဟာလည်း သူပဲ တီထွင်ခဲ့တာပါ။ ၁၅၉၈ ခုနှစ်ဝန်းကျင်က Love's Labour's Lost ပြဇာတ်ထဲမှာ ဒီစကားလုံးကို စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

၃။ Eventful (အဖြစ်အပျက်များ ပြည့်နှက်နေသော)
နေ့စဉ်ဘဝမှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ စိတ်လှုပ်ရှားစရာတွေ အများကြီးကြုံတွေ့ခဲ့ရတဲ့ နေ့တစ်နေ့ကို "Eventful day" လို့ သုံးတတ်ကြပါတယ်။ ဒီစကားလုံးလေးကိုတော့ ၁၅၉၉ ခုနှစ်ဝန်းကျင်မှာ နာမည်ကြီးတဲ့ As You Like It ပြဇာတ်ထဲမှာ ပထမဆုံး စတင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

၄။ Lackluster (တက်ကြွမှုမရှိသော / ညံ့ဖျင်းသော)
တစ်ခုခုက မျှော်လင့်ထားသလောက် မကောင်းဘဲ ပျင်းစရာကောင်းနေတဲ့အခါ ဒါမှမဟုတ် စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့အခါ သုံးလေ့ရှိတဲ့ "Lackluster" ဆိုတဲ့ စကားလုံးကိုလည်း ၁၅၉၉ ခုနှစ်ဝန်းကျင်မှာ As You Like It ပြဇာတ်ကနေတဆင့် စတင်သုံးနှုန်းခဲ့တာပါ။

၅။ Inaudible (အသံမကြားရသော / တိုးလွန်းသော)
အသံတိတ်ဆိတ်လွန်းလို့ ဒါမှမဟုတ် အရမ်းတိုးလွန်းလို့ မကြားရတဲ့အခါ သုံးတဲ့ "Inaudible" ဆိုတဲ့ စကားလုံးကိုလည်း ၁၆၀၄ ခုနှစ်ဝန်းကျင်က ရေးသားခဲ့တဲ့ All's Well That Ends Well ပြဇာတ်မှာ Shakespeare က 'in' ဆိုတဲ့ ရှေ့ဆက် (prefix) ကို အသုံးပြုပြီး အင်္ဂလိပ်စကားလုံးအဖြစ် စတင်ဖန်တီးသုံးစွဲခဲ့တာပါ။

ကဲ... ဒီ (၅) လုံးထဲမှာရော ကိုယ်အသုံးအများဆုံး စကားလုံးက ဘယ်ဟာဖြစ်မလဲ? Comment မှာ ရေးပေးခဲ့ပါဦးနော်!
(Little London ကနေ အခုလို စိတ်ဝင်စားစရာကောင်းတဲ့ အင်္ဂလိပ်စာ ဗဟုသုတတွေကို အမြဲ မျှဝေပေးသွားမှာမို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 😉)

05/06/2026

နေ့စဉ် ရုံးလုပ်ငန်းခွင်မှာ မရှိမဖြစ်လိုအပ်တဲ့ ရုံးသုံးပစ္စည်း လေးတွေကို
အင်္ဂလိပ်လို ဘယ်လိုပြောလဲကြည့်ရအောင်...part (3)

04/06/2026

🌟Best Teacher of the Month – May 🌟
Congratulations to Tr Eaint Hmue for being awarded Best Teacher of the Month at Little London!
Your dedication, passion for teaching, and positive energy continue to inspire both students and fellow teachers.
Thank you for making learning enjoyable and impactful! 👏📚✨

03/06/2026

Can you guess the missing preposition for the last one? Drop your answer in the comments below! 👇

01/06/2026

"Full of yourself" ကိုရော အင်္ဂလိပ်လို တစ်လုံးတည်းနဲ့ ဘယ်လိုပြောလို့ရလဲ? သိတဲ့သူတွေ Comment မှာ ဖြေသွားပေးပါဦး။ 👇👀


30/05/2026

အလုပ်တွေလုပ်ရင်း ပင်ပန်းလာတဲ့အခါ ဖြစ်တတ်တဲ့ အမူအကျင့်လေးတွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ? 🥱💻

29/05/2026

American vs. British English! 🇬🇧🇺🇸 နေ့စဉ်သုံး စကားလုံးလေးတွေကို အမေရိကန်နဲ့ ဗြိတိသျှ အင်္ဂလိပ်စာမှာ ဘယ်လိုကွဲပြားအောင် ခေါ်လဲဆိုတာ လေ့လာကြည့်ရအောင်။
သင်ကော ဘယ်အသုံးအနှုန်းကို ပိုသုံးဖြစ်လဲ? Comment မှာ ရေးခဲ့ပါဦး။ 👇

28/05/2026

"Companion" (အဖော်) ဆိုတဲ့ စကားလုံးက ပေါင်မုန့် (Bread) ကနေ ဆင်းသက်လာတယ်ဆိုတာ သိပါသလား?

ဘဝမှာပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ အမြဲတမ်းလိုလို သုံးလေ့ရှိတဲ့ "Companion" (အဖော် / အပေါင်းအသင်း) ဆိုတဲ့ စကားလုံးရဲ့ မူလအစဟာ လူတွေနဲ့ မဆိုင်ဘဲ စားပွဲပေါ်က "ပေါင်မုန့်" (Bread) ကနေ စတင်ဆင်းသက်လာတာ ဖြစ်ပါတယ်။
ရှေးခေတ် လက်တင်ဘာသာစကားမှာ "Com" ဆိုတာက "အတူတကွ" (With / Together) လို့ အဓိပ္ပာယ်ရပြီး၊ "Panis" ဆိုတာကတော့ "ပေါင်မုန့်" (Bread) လို့ အဓိပ္ပာယ်ရပါတယ်။ ဒီစကားလုံး နှစ်ခုကို ပေါင်းလိုက်တဲ့အခါ "Companion" ဆိုတဲ့ စကားလုံး စတင်ဖြစ်ပေါ်လာတာပါ။
ရှေးခေတ်က လူတွေဟာ ကိုယ်နဲ့ တကယ်ရင်းနှီးတဲ့သူ၊ ယုံကြည်ရတဲ့သူတွေနဲ့မှသာ ထမင်းလက်ဆုံစားလေ့ (သို့မဟုတ်) ပေါင်မုန့်ကို အတူတူ ခွဲဝေစားသောက်လေ့ ရှိကြပါတယ်။ ဒါကြောင့် ကိုယ်နဲ့အတူတူ ပေါင်မုန့်ကို ခွဲဝေစားသောက်တဲ့သူ (Someone you break bread with) ကို လက်တင်စကားနဲ့ ခေါ်ဝေါ်ရာကနေ အချိန်တွေကြာလာတဲ့အခါမှာတော့ အခုလက်ရှိ သုံးနေတဲ့ "Companion" (အပေါင်းအသင်း / အဖော်) ဆိုတဲ့ အင်္ဂလိပ်စကားလုံးအဖြစ် အသွင်ပြောင်းလာခဲ့တာပါ။
ဒါကြောင့် အခုခေတ်မှာ တစ်ယောက်ယောက်ကို ကိုယ့်ရဲ့ "Companion" လို့ ခေါ်လိုက်တာဟာ အရင်ခေတ်က စကားနဲ့ပြောရရင် "ကိုယ့်ရဲ့ ပေါင်မုန့်ကို အတူတူ ခွဲစားမယ့်သူ" လို့ ခေါ်ဆိုလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


အမှတ်(၂၄)၊ ပထမထပ်၊ ဓမ္မဝိဟာရလမ်း၊ ကျားကွက်သစ်ရပ်ကွက်၊ တာမွေမြို့။
Yangon
11211