23/06/2026
GYS မှာ တရုတ်စာသင်တန်းတက်ရောက်သွားတဲ့
ကျောင်းသူတစ်ယောက်ရဲ့ ပုံလေးပါဗျ
Certificate နဲ့ရိုက်ထားတဲ့ပုံလေးတွေရှိရင်လည်း
comment ပေးခဲ့ကြပါဦးဗျ👇🏻
သင်တန်းအပ်ချင်တယ်ဆိုရင်တေ့
" Chinese " လို့ ကောမန့်ရေးခဲ့ပြီး
Messenger ကနေ Chinese Classes လို့
ပို့ပေးပါ။
☎️Phone - 09 255 483 028 (Viber)
22/06/2026
တရုတ်စာ သင်ဖူးသူတိုင်း သိမှာပါ...
Pinyin လေး ဖတ်တတ်လာတဲ့ အစပိုင်းက
ကိုယ့်ကိုယ်ကို တရုတ်လို ပြောတတ်တော့မယ်ထင်ပြီး
အရမ်းစိတ်အားထက်သန်ခဲ့တဲ့
အချိန်တွေရှိတယ်မဟုတ်လား?📖
တကယ်တမ်း Tone ၄ မျိုးကို စရောလာတဲ့ အချိန်
z,c,s,zh,ch,sh အသံတွေ လေ့ကျင့်ရတဲ့အချိန်တွေမှာတော့
စိတ်ဓာတ်ကျချင်သလိုလို စိုးရိမ်သလိုလိုဖြစ်တတ်တယ်...
"ထင်ထားတာထက် ခက်တာပဲ"
"ဒီလောက်နဲ့ လုံလောက်ပြီလား" ဆိုတဲ့
အတွေးတွေလည်း ဝင်လာလောက်တယ်
ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြန်သတိပေးရမှာက
"အခုမှ လမ်းတစ်ဝက်ပဲ ရှိသေးတာလေ" ဆိုတာမျိုး
စလေ့လာတဲ့ အချိန်ကာလမှာတော့
တရုတ်စာလုံးတိုင်းကို အလုံးစေ့ ဘယ်သူမှ
ကျွမ်းကျွမ်းကျင်ကျင် မဖတ်တတ်ပါဘူး
တစ်ဖက်လူပြောတဲ့ တရုတ်စကားကိုလည်း
သေချာပေါက် နားလည်နေမှာမဟုတ်ပါဘူး
GYS အတန်းတွေရဲ့ သင်ခန်းစာမှာ ပါတဲ့ စာလုံး အသုံးအနူန်းတွေကို
သေချာလေ့လာသွားမယ် ဝေါဟာရအသစ်တွေကို
များများချရေးကျက်ပြီး နေ့စဥ်အသုံးပြုတဲ့နေရာတွေမှာ
ပြန်အသုံးချရမယ်ပေ့ါနော် စကားပြောဆိုရင်လည်း
မှားမှားမှန်မှန် ပြောရဲအောင် လေ့ကျင့်ရပါမယ်
အဲ့ဒါမှ ကိုယ့်ရဲ့ တိုးတက်မူဆိုတာကို
သိသိသာသာ ခံစားလာမိမှာပါ
အဲဒီလိုနဲ့ Level 2 လောက် ရောက်လာတဲ့အချိန်မှာ
Pinyin ဖတ်တတ်သွားတဲ့အပြင် တရုတ်စာလုံးတွေကိုပါ
ကိုယ်ထင်ထားတာထက် အများကြီး ဖတ်တတ်သွားပါလိမ့်မယ် ✨
အလုပ်တစ်ဖက်နဲ့ သင်နေရတာဆိုတော့
သင်ခန်းစာတွေနဲ့ အဆက်ပြတ်သွားမှာလည်း မဖြစ်စေချင်ဘူး
ဒီနေရာမှာ တီချယ်တွေက အိမ်စာတွေ နေ့စဥ် စစ်ဆေးပေးပါတယ်
အမှားရှိရင် ဘာကြောင့်မှားလဲဆိုတာ သေချာရှင်းပြပေးတယ်
နားမလည်သေးရင်လည်း စိတ်ရှည်ရှည်နဲ့ ထပ်ရှင်းပြပေးသလို
အသံထွက်မှားတာတွေဆိုရင်လည်း အသံဖိုင်နဲ့ ပြန်ပြင်ပေးတာမို့လို့
ကိုယ့်ရဲ့ တိုးတက်မူက စဥ်ဆက်မပြတ်ရှိနေမှာပါ
သင်ခန်းစာ video တွေကို အချိန်မရွေး
ပြန်ကြည့်လို့ရတာကလည်း တကယ်တော့
လေ့လာသူတွေအတွက် အရမ်းအသုံးဝင်စေတယ်ပေ့ါနော်
ဘာလို့ဆို လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ
ကျောင်းတစ်ဖက် တက်နေရတဲ့သူတွေအတွက်က
အလုပ်ပိတ်တဲ့အချိန်လေး၊ ညဘက်အားတဲ့အချိန်လေးမှာ
ပြန်ကြည့်ပြီး အေးဆေး လေ့လာရုံပဲ
စကားပြောလေ့ကျင့်ဖို့ပဲ ဖြစ်ဖြစ် ကိုယ်လေ့လာထားတဲ့
သင်ခန်းစာတွေ ပြန်နွှေးဖို့အတွက်ဖြစ်ဖြစ် အပတ်စဥ်
Weekly Zoom ကနေ ဆရာနဲ့ တိုက်ရိုက် ဆွေးနွေးလို့ရတာလည်း
နောက်ထပ် အားသာချက်တစ်ခုလို့ပြောရပါမယ်
သင်ခန်းစာလေ့လာရတာ များသွားလို့
ပျင်းလောက်ပြီထင်ရင် Quiz တွေဖြေကြည့်လို့ရအောင်
စီစဥ်ပေးထားသလို ပြင်ပဗဟုသုတွေလေ့လာလို့ရအောင်
Telegram Channel တွေကနေ အခမဲ့ မျှဝေပေးနေတာတွေလဲရှိပါတယ်
တရုတ်စာ တရုတ်စာလုံးက တကယ်တော့ ခက်နေတာမဟုတ်ပါဘူး
စနစ်တကျ သေချာသာလေ့လာသွားရင်
ကျွမ်းကျင်ပိုင်နိုင်တဲ့ အဆင့်အထိရောက်ဖို့
ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက်က
သိပ်မခက်ခဲတော့ပါဘူး
သင်တန်းအပ်ဖို့စိတ်ဝင်စားရင်
ကောမန့်မှာ "Chinese" လို့မန့်ခဲ့လို့ရသလို
Page Messenger မှာလည်း စာပို့ခဲ့ပေးနိုင်ပါတယ်
အတန်းမအပ်ချင်သေးဘူး အရင်ဆုံး
အခမဲ့ မျှဝေပေးနေတာတွေကို
လေ့လာကြည့်ချင်သေးတယ်ဆိုရင်တော့
ကောမန့်မှာ ချပေးထားတဲ့ Telegram Channel ကို
Join ထားနိုင်ပါတယ်
22/06/2026
ဘာသာစကားသင်ကြားရာမှာ Grammar ကို First Priority မထားလဲရလား?
Grammar rules တွေကို ရည်းစားနာမည်ထက် ပိုရနေပီး
တကယ်ပြောရမယ့်အချိန်ကျ ပါးစပ်က "အ" သွားတဲ့ ပြဿနာ သင့်မှာ ဖြစ်နေပီလား 🤣
စာမေးပွဲမှာ အမှတ်ပြည့်ရပေမဲ့
အပြင်မှာ နိုင်ငံခြားသားနဲ့တွေ့တော့ စကားမပြောထွက်တာက
Grammar အကုန်ရမှ ပြောမယ်ဆိုတဲ့ အလွဲကြီးကြောင့်ပါ...
မြန်မာစကားပြောရင်တောင် ကိုယ်တွေက
သဒ္ဒါမှန်အောင် အမြဲတမ်း မပြောကြသလိုပဲ
Speaking မှာ Grammar က First Priority မဟုတ်ပါဘူး
ဒါကြောင့် အဲ့ဒီအဖုအထစ်ကို ကျော်ဖြတ်ဖို့
လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေ မျှဝေပေးမယ်နော် 💡
၁။ စကားလုံးတွေ ဆက်မနေနဲ့ Phrase လိုက်ကျက်ပါ
စကားပြောခါနီး Subject, Verb, Object ဆိုပီး
ခေါင်းထဲမှာ အသေအချာ တွက်နေရင် အချိန်မမီတော့ပါဘူး.
ကော်ဖီမှာမယ်ဆို "I would like to have..." ဆိုတဲ့
အစုံလိုက်လေးကိုပဲ အလွတ်ကျက်ပီး တန်းပြောချလိုက်ပါ
၂။ ၃ စက္ကန့် Rule ကို သုံးကြည့်ပါ
စကားပြောနေရင်း Grammar မှန်မမှန် စဉ်းစားဖို့
၃ စက္ကန့်ထက် ပိုကြာသွားပီဆိုရင်
မှားချင်မှားပါစေ ပါးစပ်ကနေ အရင်ဆုံး ထုတ်ပြောလိုက်ပါ...
ဘာသာစကားဆိုတာ တစ်ဖက်လူ နားလည်ဖို့က အဓိကပါ 💯
၃။ ကိုယ့်ဘာသာ အော်ပြောတဲ့ အကျင့်လုပ်ပါ
စာအုပ်ထဲက စာတွေကို မျက်စိနဲ့ ဖတ်နေမယ့်အစား
နားကြပ်တပ်ပီး ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေကို နောက်ကနေ အော်ပြောကြည့်ပါ.
အသံထွက် မှားမှာကို လုံးဝ မကြောက်ပါနဲ့
ဒီအချက်လေးတွေကို နေ့တိုင်း အကျင့်လုပ်သွားရင်
Grammar အကုန်မရသေးရင်တောင်
ယုံကြည်မှုရှိရှိ စကားပြောထွက်လာမှာ သေချာပါတယ် ....
21/06/2026
အိမ်စာပုံမှန် လုပ်ဖြစ်ကြလားဗျ
တရုတ်စာအရေးပိုင်း
တိုးတက်ချင်တယ်ဆိုရင် အိမ်စာပုံမှန်လုပ်ပြီး
လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်ဗျ 📝