Deli

Deli

Share

Deli has grown to become the leading office supplies and stationery brand Beauty World Co., Ltd. has executive distributor of Myanmar. Let's work together!

Show Room Address:
No. S-B/5, Aung Zeya Housing Complex, Corner of Ahlone Street and Strand Road, AhloneTownship, Yangon.

14/06/2026

အတန်းထဲမှာ စာရေးကိရိယာအစုံကိုင်နိုင်တဲ့သူက လိုတရမီးခွက်စောင့်ကြီးလိုပဲနော်။

ဘာပဲလိုလို သူ့ဆီမှာ ငှားလိုက်ရုံပဲ။ ဒီလိုလူတွေမှာလည်း ငှားပြီးတာနဲ့ တစ်ခါတည်း “တာ့တာ" လုပ်လိုက်ရတဲ့ အဖြစ်မျိုးက အနည်းနဲ့အများ ရှိဖူးကြတယ်နော်။

ဒီလိုအဖြစ်မျိုးမှာ ကိုယ်ဘယ်ဘက်က ပါနေလဲဖြေခဲ့ပေးပါဦး။

ကျောင်းတုန်းက စာရေးကိရိယာ လိုက်ငှားတဲ့အဖွဲ့ကလား? ငှားပေးတဲ့အဖွဲ့ကလား?

တစ်ခါတည်း ငှားပြီးတာနဲ့ အပိုင်သိမ်းတတ်တဲ့ သူငယ်ချင်းရှိတယ်ဆိုရင်လည်း မန်းရှင်းခဲ့လိုက်ရအောင်။

"စမတ်ကျစေမည် Deli”

#ချွန်စက်

13/06/2026

Meeting Notes တွေ ပြန်ကြည့်တိုင်း မင်တွေမှိန်သွားလို့ ဘာရေးထားမှန်းမသိတော့ဘူးဆိုရင် Deli Xtream ဘောပင်သုံးကြည့်လိုက်ပါ။

Meeting Notes တွေမပြတ်လိုက်မှတ်ရတဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဒီ Deli Xtream ဘောပင်လေးကို
🖊️ စာရေးတဲ့အခါ စာလုံးအထူအပါး မျှတပြီး အားစိုက်ရသက်သာစေမဲ့ 𝟎.𝟕𝐦𝐦 𝐁𝐮𝐥𝐥𝐞𝐭 𝐭𝐢𝐩
🖊️အလျင်တလိုရေးရမဲ့အခါတိုင်းမှာ အဖုံးဖွင့်နေစရာမလိုတဲ နှိပ်ခလုပ်
🖊️𝐍𝐨𝐭𝐞𝐬 တွေအများကြီးလိုက်မှတ်ရလည်း လက်နာကျင်တာတွေ မဖြစ်စေတဲ့ ဒီဇိုင်းအပြင်
🖊️အရေးအကြီးဆုံးဖြစ်တဲ့ မင်ကွက်တာ၊ စာလုံးဝါးသွားတာမျိုးမဖြစ်အောင် 𝐋𝐨𝐰-𝐕𝐢𝐬𝐜𝐨𝐬𝐢𝐭𝐲 𝐈𝐧𝐤 ကို သုံးထားပေးတဲ့အတွက် ရေးသမျှတိုင်းက သပ်ရပ်ထင်ရှားနေမှာ အသေအချာပဲပေါ့။

Deli Xtream ဘောပင်သာရှိနေရင် meeting တက်တိုင်းမှာ အမြန်လိုက်မှတ်နိုင်သလို၊ မှတ်သမျှတိုင်းကလည်း ဘယ်တော့မှလည်း ပျောက်ပျယ်သွားတော့မှာ မဟုတ်တော့ဘူး။

Deli Xtream ဘောပင်ကို နီးစပ်ရာ စာရေးကိရိယာဆိုင်တွေမှာ ဝယ်ယူလို့ရနေပါပြီ။

"စမတ်ကျစေမည် Deli”

12/06/2026

ဘောပင်ခွက်ထဲမှာ ဘောပင်ကို ဘယ်လိုထားလေ့ရှိကြလဲ?

ဘောပင်ထိပ်ကို အောက်စိုက်ပြီးထားတာလား? ဒါမှမဟုတ် အပေါ်ထောင်ပြီး ထားတတ်တာလား?

တကယ့်နည်းလမ်းအမှန်က ဘောပင်ကို အောက်စိုက်ပြီးထည့်ထားတာက အမှန်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ဘောပင်ကို အောက်စိုက်ထားရင် ကမ္ဘာမြေဆွဲအားကြောင့် မင်တွေက ဘောပင်ထိပ်ဖျား (Tip) ဆီကို အမြဲစီးဆင်းနေတဲ့အတွက် ချောမွေ့စွာ ရေးနိုင်ပါတယ်။ အပေါ်ကို ထောင်ထားမယ်ဆိုရင် မင်တွေက အနောက်ဘက်ကို ပြန်စီးသွားပြီး ထိပ်ဖျားမှာ လေခိုသွားတတ်ပါတယ်။ ဒါဆိုရင်ပြန်ရေးတဲ့အခါ မင်ထစ်တာ၊ စာရေးလို့မထွက်တာမျိုးတွေ ကြုံရတတ်ပါတယ်။
ဒါ့ကြောင့် ဘောပင်တွေကို ဘောပင်ခွက်ထဲမှာ ထားမယ်ဆို ဘောပင်ထိပ်ကို အောက်စိုက်ထားဖို့ Deli က အကြံပြုလိုက်ရပါတယ်။

"စမတ်ကျစေမည် Deli”

10/06/2026

အသစ်အဆန်းလေးတွေကြောင့် Deli ကိုချစ်ကြတဲ့သူတွေအတွက် ပစ္စည်းအသစ်အဆန်းလေးတစ်ခု ယူဆောင်လာခဲ့ပါပြီ။

ဒါကတော့ ခုံပေါ်မှာ ဘယ်လိုပဲထားထား လဲမသွားမဲ့ Deli ချွန်စက်လေးပါ။ ယုန်ကလေးတစ်ကောင်လို ချစ်စရာအသွင်အပြင်နဲ့ ချွန်စက်ကလေးက စာကြည့်စားပွဲပေါ်မှာ အမြဲတမ်းထောင်နေမှာဖြစ်ပြီး စာကြည့်ရလို့ ပင်ပန်းလာတဲ့အခါ ဒီချွန်စက်လေးနဲ့ ဆော့ကစားပြီး Stress တွေဖြေလို့ရပါသေးတယ်။

ခဲချွန်လို့ထွက်လာတဲ့အမှုန်အမွှားတွေ လုံးဝထွက်မသွားဖို့ သေချာထိန်းသိမ်းပေးထားတဲ့အပြင် အမှုန်အမွှားတွေကို ပစ်ချင်ရင်တော့ ကိုယ်ထည်လေးကို လှည့်ဖွင့်လိုက်ရုံပဲဆိုတော့ အဆင်ပြေမှပြေပဲ။

စိတ်ဖိစီးမှုတွေကို လျှော့ချချင်တယ်၊ ပစ္စည်းအသစ်ဆန်းလေးကို လိုချင်တဲ့သူတွေပေါနေတော့ ဒီပစ္စည်းလေးကို နီးရာ စာရေးကိရိယာတွေမှာ အမြန်ဝယ်ထားမှ စိတ်ချရမယ်နော်။

"စမတ်ကျစေမည် Deli"

#ချွန်စက်

08/06/2026

အလုပ်စားပွဲက ရှုပ်ပွနေတာမဟုတ်ပါဘူး။ သေချာမစီထားလို့ပါ။

ဖြစ်ဖူးကြလား?

စားပွဲရှုပ်နေလို့ မလိုတာတွေ ရှင်းမယ်ဆိုတော့မှ အကုန်လုံးကို လိုအပ်နေတာမျိုး။

ဒီလိုဆို စားပွဲလေးသပ်သပ်ရပ်ရပ်လေးဖြစ်သွားဖို့ လိုနေတာက 𝐃𝐞𝐥𝐢 𝐅𝐢𝐥𝐞 𝐇𝐨𝐥𝐝𝐞𝐫 တွေပါ။ စားပွဲပေါ်မှာနေရာယူနေတဲ့ စာရွက်စာတမ်းတွေကို 𝐜𝐚𝐭𝐞𝐠𝐨𝐫𝐲 အလိုက် ခွဲပြီးသိမ်းထားဖို့ အရောင် (၄) မျိုးရွေးလို့ရတဲ့အပြင် ပျက်ဆီးမှုမရှိအောင်လည်း ကာကွယ်ပေးထားနိုင်တဲ့ 𝐃𝐞𝐥𝐢 𝐅𝐢𝐥𝐞 𝐇𝐨𝐥𝐝𝐞𝐫 တွေက လုပ်ငန်းစားပွဲကို သန့်ရှင်းသပ်ရပ်နေစေမှာပါ။

သင့်လုပ်ငန်းစားပွဲကနေတစ်ဆင့် 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ဆန်မှုကိုလည်း ပြသဖို့ 𝐃𝐞𝐥𝐢 𝐅𝐢𝐥𝐞 𝐇𝐨𝐥𝐝𝐞𝐫 တွေကို စာရေးကိရိယာဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။

"စမတ်ကျစေမည် 𝐃𝐞𝐥𝐢"

#𝐝𝐞𝐥𝐢𝐬𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲𝐦𝐦 #𝐝𝐞𝐥𝐢𝐬𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 #𝐃𝐞𝐥𝐢 #𝐬𝐭𝐚𝐭𝐢𝐨𝐧𝐞𝐫𝐲 #𝐅𝐢𝐥𝐞𝐇𝐨𝐥𝐝𝐞𝐫

07/06/2026

“Brand ကောင်းတာဆို ဈေးကြီးမယ်၊ ဈေးသက်သာတာဆိုရင် အရည်အသွေးမကောင်းဘူး" ဆိုပြီး တွေးနေတုန်းလား?

ဒါဆိုရင် Deli ကို မေ့ထားနေလို့ပါ။

Deli ဆိုတာ ကမ္ဘာတစ်ဝှမ်းက ရုံးခန်းတွေ၊ ကျောင်းတွေနဲ့ အိမ်တွေမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနေကြတဲ့ Worldwide Brand တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မီ စက်ရုံကြီးတွေကနေ စနစ်တကျ ထုတ်လုပ်ထားလို့
✅Quality မှာ စိတ်ချရတယ်
✅ဒီဇိုင်းအသွင်အပြင်ကလည်း aesthetic သိပ်ဆန်လို့ moti ဖြစ်စေတယ်
✅အကြမ်းခံလို့ ပျက်စီးမှာလည်း လုံးဝမပူရတော့ဘူး

ဒါ့အပြင် Deli ရဲ့ အဓိက အားသာချက်ကတော့ ဒီလို Worldwide Brand ရဲ့ စံချိန်စံညွှန်းတွေပြည့်မီတဲ့ Deli ကို ဈေးအသင့်အတင့်နဲ့ ဝယ်ယူရရှိနိုင်တာ ဖြစ်ပါတယ်။

"အရည်အသွေးလည်း စိတ်ချရမယ်၊ ငွေကုန်ကြေးကျလည်း အသင့်အတင့်ပဲ" ဆိုတော့ လုပ်ငန်းခွင်အတွက်ရော၊ စာသင်နေရတဲ့ကျောင်းသားတွေအတွက် တွက်ခြေပိုကိုက်တာပေါ့။
ကမ္ဘာ့အဆင့်မီ အရည်အသွေးကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပိုင်ဆိုင်နိုင်ဖို့ အခုပဲ သင့်အနီးနားက Deli Stationery ဆိုင်တွေမှာ ရွေးချယ်ဝယ်ယူလိုက်ပါ။

"စမတ်ကျစေမည် Deli”

#ဘောပင်

28/05/2026

အဖုံးနဲ့ကြိုက်? ခလုတ်နှိပ်တာကြိုက်?

ဒါကတော့ Stationery ချစ်သူတွေကြားထဲက အမြဲတမ်း ငြင်းမကုန်နိုင်တဲ့ "Great Debate" တစ်ခုပါပဲ! 🖋️

✅ "အဖုံးဖွင့်လိုက်မှ အလုပ်စလုပ်ဖို့ Ready ဖြစ်သွားသလို ခံစားရတာပါဆိုတဲ့ Team အဖုံးနဲ့
✅ "Click ဆိုတဲ့ အသံလေးကြားမှ အားရတာ။ လက်တစ်ဖက်တည်းနဲ့ သုံးရတာ ပိုလွယ်တယ်၊ အဖုံးပျောက်မှာလည်း ပူစရာမလိုဘူးဆိုတဲ့ Team ခလုတ်နှိပ် နှစ်ဖွဲ့ပေါ့။

ဘယ်လိုပုံစံပဲ ကြိုက်ကြိုက် Deli မှာတော့ ရေးရတာ Smooth ဖြစ်ပြီး မှင်အရည်အသွေးကောင်းမွန်ပြီး ကိုင်တွယ်လို့လည်း သက်သောင့်သက်သာဖြစ်သလို ကြည့်ရတာလည်း လှနေတဲ့ ဘောပင်ဒီဇိုင်းမျိုးစုံ ရှိနေတာမို့ စိတ်ကြိုက်ရွေးချယ်လိုက်ရုံပါပဲ။

ကဲ... သင်ကရော ဘယ်အဖွဲ့ကလဲ? Comment မှာ Vote ပေးခဲ့ဦးနော်! 👇

26/05/2026

ရုံးသုံးပစ္စည်းဆိုတာ ခဏခဏဝယ်နေရရင် ဘယ်လိုလုပ် တွက်ချေကိုက်ပါတော့မလဲ။ ဈေးတန်တယ်ဆိုပြီး ဝယ်လိုက်ပေမဲ့ Quality မကောင်းတဲ့ ပစ္စည်းတွေကြောင့် လိုအပ်ချိန်မှာ အဆင်သင့်မဖြစ်လို့ အလုပ်မှာ စိတ်အနှောင့်အယှက် ဖြစ်ရပေါင်းလည်း နည်းကိုမနည်းတော့ဘူး 😖

Deli ရဲ့ ရုံးသုံးပစ္စည်းတွေကတော့ အရည်အသွေးနဲ့ ကြာရှည်ခံမှုကို အဓိကထား ထုတ်လုပ်ထးတာ ဖြစ်လို့ ခဏခဏ အသစ်လဲစရာမလိုဘဲ ကိုယ့်အလုပ်ကို အရှိန်မပျက် လုပ်ဆောင်နိုင်မှာပါ။

အသုံးခံတဲ့အတွက် ရုံးစရိတ် (Monthly Expense) ကို သိသိသာသာ လျှော့ချပေးနိုင်သလို၊ ခိုင်မာဆန်းသစ်တဲ့ Design တွေကြောင့် Smart ကျတဲ့ လုပ်ငန်းခွင်ကို ဖြတ်သန်းနိုင်မှာ သေချာပါတယ်။

"ကုန်ကျစရိတ်သက်သာ … ခိုင်ခံတာရှည်ခံတာ 𝐃𝐞𝐥𝐢 ပါ"

24/05/2026

Highlighter ဆိုတာ အရေးကြီးတဲ့ Keyword တွေကို မြင်သာအောင် လုပ်ပေးပြီး စာကျက်တဲ့နေရာမှာ ပိုလွယ်ကူစေပါတယ်။ ဒါပေမဲ့ Highlighter ကို အလွန်အကြူးသုံးမယ်/ မြင်သမျှကို highlight လုပ်နေမယ် ဆိုရင်

❌Keyword ကို ချက်ချင်းရှာမတွေ့နိုင်တော့တာ
❌စာရွက်ပေါက်သွားနိုင်တာ
❌Highlighter အရောင်များလွန်းလို့ မျက်လုံးကိုက်လာတာ
❌ကြည့်ရပိုရှုပ်လာတာ
❌Highlighter အကုန်မြန်တာ

စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် Highlighter ကို အရေးကြီးတဲ့ စာလုံးတွေ၊ notes တွေကလွဲပြီး မြင်သမျှကို highlight လုပ်စရာမလိုပါဘူးနော်။

ကြာရှည်အသုံးခံပြီး အရောင်စိုတဲ့ Highlighter လေးတွေလိုချင်ရင်တော့ Deli အမှတ်တံဆိပ် Highlighter တွေကိုပဲ ရွေးချယ်လိုက်ပါတော့။

"စမတ်ကျစေမည် Deli”

23/05/2026

စာအများကြီးလိုက်ရေးရတဲ့ ကျောင်းသား/သူလေးတွေရဲ့ လက်ကလေးတွေ မနာကျင်စေဖို့ဆိုရင် 𝐃𝐞𝐥𝐢 ရဲ့ 𝐒𝐜𝐫𝐢𝐛𝐞 ခဲတံရှိတယ်နော်။

✅ ခဲသားအရည်အသွေး ကောင်းမွန်လွန်းလို့ အားအများကြီး စိုက်စရာမလိုဘဲ ချောချောမွေ့မွေ့ ရေးလို့ရနိုင်တယ်

✅ကိုင်တွယ်ရ အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားလို့ စာဘယ်လောက်ရေးရေး လက်နာတာမျိုး မဖြစ်စေတော့ဘူး

✅ဒါ့အပြင် ခဲသားကျိုးလွယ်တာမျိုး မရှိလို့ ခဏခဏ ခဲတံချွန်နေရတဲ့ အလုပ်ကိုလည်း သက်သာစေပါတယ်

✅ခဲတံနောက်မှာ PVC Free ဖြစ်တဲ့ ခဲဖျက်ကိုသုံးထားလို့ ခဲဖျက်ကို ကိုက်မိသွားတယ်ဆိုရင်လည်း အန္တရာယ်ဖြစ်မှာ လုံးဝမပူရတော့ဘူး။

ကလေးတွေကို Deli Scribe ခဲတံသာသုံးခိုင်းမယ်ဆိုရင် လက်နာလို့ စာတွေလိုက်မရေးတာဆိုတဲ့ အကြောင်းပြချက်တွေလည်း ကြားရတော့မှာ မဟုတ်ဘူးနော်။ 𝐃𝐞𝐥𝐢 𝐒𝐜𝐫𝐢𝐛𝐞 ခဲတံကို နီးစပ်ရာစာရေးကိရိယာဆိုင်တွေမှာ ဝယ်ယူလို့ရပါပြီ။

"စမတ်ကျစေမည် Deli”

#ခဲတံ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. B-8, Mya Yadanar Road, Mya Sein Yaung Industrial Zone, Hlaing Thar Yar Township
Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00