အရင်က မြန်မာစာ သင်ရမယ်ဆို အမြဲအိပ်ငိုက်တတ်တဲ့ ကလေးလေးဖြစ်ခဲ့တာ 😴
Myanmarsar Classroom မှာတက်ပြီးမှ အခုဆိုရင်တော့ မြန်မာစာ သင်ရမယ်ဆိုရင် အမြဲတက်ကြွတဲ့ ကလေးလေးအဖြစ်ပြောင်းလဲလာခဲ့ပြီပေါ့ 👍🏻
ြန်မာစာ
MyanmarSar Classroom
The new challenge for MyanmarSar teaching and learning. "We encourage. We Help."
☎️ 09 899929972, 09 799538496
13/06/2026
ကလေးကို များများတွေးပါစေ🧐 ဒါမှ များများရေးတတ်မှာပါ ✍🏻
စာတွေတော့ ဖတ်နိုင်ပါရဲ့။ စာရဲ့ ဆိုလိုရင်း၊ ပေးချင်တဲ့ အကြောင်းအရာကို နားလည်နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်။ မေးခွန်းကို ဖတ်ပြီး နားလည်မှသာ ဘာမေးလဲဆိုတာကို သေချာပြန်ဖြေနိုင်မှာဆိုတော့
မြန်မာစာမှာ ပုံပြင်တွေ ကဗျာတွေဖတ်ပြီး
ဆရာမပြောပြတဲ့ အဖြေတွေ ပြန်ကူးရေးတဲ့နည်းတွေနဲ့ သင်ယူနေရင်တော့ အမြဲတမ်းအလွတ်ကျက်ရတဲ့ ဒုက္ခက ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ပါဘူး။
စာပေလေ့လာသင်ယူမှုလမ်းခရီးမှာ အလွတ်ကျက်တယ်ဆိုတာက ခေတ်နောက်ပြန်ဆွဲနေတဲ့ သင်ယူနည်းပါ။
ကိုယ်ပိုင်စဥ်းစားတွေးခေါ်နိုင်စွမ်းရည် Critical thinking ကိုလည်း ကျဆင်းစေသလို ဖွံ့ဖြိုးနေတဲ့ ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေကိုလည်း အသေသတ်လိုက်တာနဲ့ အတူတူပါပဲ ။
MMSC မှာတော့ မြန်မာစာဟာ ကျက်စာမဟုတ်ပါဘူး။ ကိုယ်တိုင်ခံစားနားလည်ပြီး သိရှိလာတဲ့ ကိုယ်ပိုင်အတွေးတွေကို စာရွက်ပေါ်မှာ ချရေးလာနိုင်တဲ့အထိကို လေ့ကျင့်သင်ကြားပေးပါတယ်။
ြန်မာစာ
" လျှင် " နဲ့ " လျင် " ဘယ်လိုမျိုးကွာခြားသလဲ 🧐
ြန်မာစာ
အိမ်က သားသားမီးမီးတွေက မြန်မာစာကို ကြိုက်တာလား 😍
မြန်မာစာကို ကြောက်နေတာလား 😔
မြန်မာစာ ကြိုက်တဲ့ သားသားမီးမီးလေးတွေဖြစ်စေဖို့အတွက် MyanmarSar Classroom က ကူညီပေးပါရစေ 🤝🏼
ြန်မာစာ
သားသားမီးမီးတို့အတွက် မြန်မာစာရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဗျည်းအက္ခရာတွေရဲ့ ရေးဆွဲနည်းနဲ့ အသံတွေကို ပျော်ရွှင်တက်ကြွစွာနဲ့ သင်ယူလေ့လာနိုင်စေဖို့ MMSC မှ တာဝန်ယူပါရစေ 👍🏻
15/05/2026
Happy birthday our Tr May Oo 🥳🎉🎂
အမြဲလိုလို ရောထွေးတတ်တဲ့ သတ်ပုံအမှားတွေက ကလေးတွေအတွက် မြန်မာစာ သင်ယူရာမှာ အခက်အခဲတစ်ခု ဖြစ်နေတယ်ဆိုရင်တော့
ြန်မာစာ
03/05/2026
📣 "Myanmarsar Classroom နှင့် လက်တွဲ လုပ်ကိုင်ရန် မြန်မာစာဆရာမများ
ဖိတ်ခေါ်အပ်ပါသည်"
📌မူလတန်း မြန်မာစာ သင်ကြားရန် ( female teacher ) - ၄ ဦး
Work Days – Monday to Sun ( One weekday & some public holidays off )
Time – 2:00 PM to 7:30 PM ( Weekday )
9:00 to 5:30 pm ( Sat, Sun )
Salary - Basic Pay + monthly bonus - ၅ သိန်း မှ ၇ သိန်းကြား ( အတွေ့အကြုံပေါ်မူတည်၍ )
🚨 Requirements
• မြန်မာစာ သင်ကြားရေး အတွေ့ အကြုံ ရှိသူဖြစ်ရမည်။ တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ 🚨🚨 B.A.(Myanmar) ဘွဲ့ရရှိပြီးသူများ၊ သင်ယူနေသူများ အထူးဦးစားပေးပါမည်။
• အသက် 20 နှင့် 35 ကြား ရေရှည်လုပ်ကိုင်နိုင်သောသူ ( အနည်းဆုံး ၁နှစ် ) ဖြစ်ရပါမည်။
• ကလေးချစ်တတ်ပြီး စိတ်ရှည်သူ၊ စကားပြောပြေပြစ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူဖြစ်ရမည်။
• အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်တတ်ရမည်။ ချမှတ်ထားသော စည်းကမ်းများကို လေးစားလိုက်နာနိုင်ရမည်။
• English basic skills ရှိရမည်။
* မြန်မာစာ နားလည်၊ တတ်ကျွမ်းပြီး စိတ်အားထက်သန်သူဖြစ်ရမည်။
• Computer basic skill ရှိရမည်။
• ECCD Certificate ရှိသူဦးစားပေးမည်။
🚨 Work from Home မဟုတ်ပါ။
ကျောင်းသို့ လာရောက် သင်ကြားရပါမည်။
📌 Junior Admin & Accountant - ၁ ဦး
Work Days – Monday to Sun ( One weekday & some public holidays off )
Time – 10:00 AM to 7:30 PM
Salary - 3.5 သိန်းမှ 4 သိန်းကြား ( အရည်အချင်းပေါ်မူတည်၍ )
🚨Responsibility
🖊️ ရုံးနှင့်သက်ဆိုင်သော အထွေထွေစီမံခန့်ခွဲမှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်ရမည်။
🖊️ နေ့စဉ် ရငွေ/ပေးငွေ စာရင်းများကို တိကျစွာ မှတ်တမ်းတင် ထိန်းသိမ်းနိုင်ရမည်။
🖊️ ကျောင်းသား/သူများ၏ အချက်အလက်များနှင့် သင်တန်းအပ်နှံမှု မှတ်တမ်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည်။
🖊️ စကားပြောပြစ်ပြီး ချိုသာစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
🖊️ လစဉ် ငွေစာရင်း အစီရင်ခံစာများ (Monthly Financial Reports) ပြင်ဆင်ရာတွင် ကူညီနိုင်ရမည်။
🚨Requirements
♦️ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) နောက်ဆုံးနှစ် ကျောင်းသား/သူ ဖြစ်ရမည်။
♦️ LCCI Level (2) သို့မဟုတ် (3) အောင်မြင်ထားသူ (သို့မဟုတ်) စာရင်းကိုင် အတွေ့အကြုံ အနည်းငယ်ရှိသူ ဦးစားပေးမည်။
♦️ Microsoft Office (Word, Excel) နှင့် Internet/Email အသုံးပြုရာတွင် ကျွမ်းကျင်မှုရှိရမည်။
♦️ အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ၊ ရိုးသားကြိုးစားပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်။
♦️ ဆက်ဆံရေးပြေပြစ်ပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
🚨 မှတ်ချက် - မရမ်းကုန်း၊ အင်းစိန်၊ သမိုင်း အနီးတဝိုက်နေထိုင်သူ ဦးစားပေးမည်။
‼️ မျှော်မှန်းလစာ နှင့်တကွ Viber No: 09 799538496 သို့ ကိုယ်ရေးအချက်အလက် အပြည့်အစုံပါသော CV ပေးပို့ကာ စုံစမ်းမေးမြန်း လျှောက်ထားနိုင်ပါသည်။
အသက် 7 နှစ် အရွယ်မှာ မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစာကို ပိုင်ပိုင်နိုင်နိုင် ရေးတတ်၊ ဖတ်တတ်ပြီလား ?
သတ်ပုံတွေကို အလွတ်ကျက်တယ်ဆိုတာက အချိန်တိုင်းတာတစ်ခုအထိတော့ မှတ်မိစေပါတယ် 🤔
စကားလုံးတွေရဲ့ အဓိပ္ပာယ်နဲ့ ကို အသုံးပြုတဲ့နေရာတွေကို တိတိကျကျသိရှိထားတယ် ဆိုရင်တော့သတ်ပုံဆိုတာ ဘယ်အရွယ်မှာပဲဖြစ်ဖြစ် ဘယ်တော့မှပြန်မမေ့တော့ပါဘူး 😉
📣 အသံကိုနားထောင်ပြီး စာလုံးတွေကိုအလွတ် ရေးတတ်စေဖို့အတွက် အသံတွေပေါင်းဖတ်တဲ့ ( Phonetic ) နည်းလမ်းနဲ့ မြန်မာစာကို အခြေခံကစတင်ပြီး လေ့လာသင်ယူမယ် ဆိုရင်တော့စာလုံးပေါင်းတွေအကုန်လုံးကို အလွတ်ကျက်စရာမလိုအပ်တော့သလို စာအရေး၊အဖတ် စွမ်းရည်တွေလည်း ပိုပြီးတော့မြန်မြန်ဆန်ဆန် တိုးတက်လာစေမှာပါ ✔️
စာအရေး၊အဖတ် စွမ်းရည်တိုးတက်လာပြီဆိုရင်တော့ ဝါကျထဲမှာပါတဲ့ စကားလုံးတွေရဲ့အထားအသိုနဲ့ စာကြောင်းရဲ့အဓိပ္ပာယ်ကိုလည်း ပိုပြီးတော့ တိတိကျကျနဲ့ နားလည်ပြီး ရေးသားနိုင်လာမှာဖြစ်ပါတယ် 👍🏼
မေမေတို့ရေ 🤗
အသံပေါင်းဖတ်ခြင်းနည်းလမ်း ( Phonetic ) နဲ့ မြန်မာစာကို အခြေခံမှ စတင်ပြီး ပိုင်ပိုင်နိုင်နိုင် သင်ယူ တတ်မြောက်စေဖို့အတွက် တိကျသေချာပြီး ခိုင်မာတဲ့ ကိုယ်ပိုင်သင်ရိုးနဲ့ ကလေးတွေအတွက် မြန်မာစာဟာ ပျော်စရာကောင်းပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် သင်ကြားပြသပေးနိုင်တဲ့ MMSC ရှိတယ်နော်
#အသံပေါင်းဖတ်နည်းနှင့်မြန်မာစာ ြန်မာစာ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
No. 941, Kyikewine Pagoda Road, Mayangone Township
Yangon
11812