20/06/2026
"တကယ်လို့ အချိန်တွေကို ကိုယ်တိုင် စိတ်ကြိုက် ရပ်တန့်ပစ်လို့ရမယ်ဆိုရင် ဘာတွေလုပ်မိမလဲ?
အတိတ်က နောင်တရစရာ အခိုက်အတန့်တွေကို သွားပြင်မလား၊ ဒါမှမဟုတ် အပျော်ဆုံးအချိန်လေးတွေမှာပဲ ရပ်တန့်ထားမလား?" ⏳✨
လာမယ့် တနင်္ဂနွေနေ့မှာ ကိုယ့်ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေကို အင်္ဂလိပ်လို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဆွေးနွေးရင်း 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 မြှင့်တင်နိုင်မယ့် 𝐀𝐄𝐋𝐂 𝐒𝐮𝐧𝐝𝐚𝐲 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐮𝐛 အစီအစဉ်လေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။
ဒီအပတ်ရဲ့ စိတ်လှုပ်ရှားစရာ 𝐓𝐨𝐩𝐢𝐜 ကတော့ "𝐈𝐟 𝐓𝐢𝐦𝐞 𝐂𝐨𝐮𝐥𝐝 𝐒𝐭𝐨𝐩" (တကယ်လို့ အချိန်တွေ ရပ်တန့်သွားခဲ့ရင်) ပဲ ဖြစ်ပါတယ်။
ကိုယ်တိုင် ပါဝင်ဆွေးနွေးပြီး ဘယ်လို စိတ်ဝင်စားစရာ ဝေါဟာရတွေနဲ့ 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐏𝐚𝐭𝐭𝐞𝐫𝐧𝐬 တွေကို လေ့လာသွားရမလဲဆိုတာ တူတူ ရင်ခုန်လိုက်ရအောင်နော်။ 👇
🧠 ဒီအပတ်မှာ ဘာတွေဆွေးနွေးပြီး ဘာတွေလေ့လာရမလဲ?
၁။ "ဘယ်အရာတွေကို လုပ်ဖြစ်မလဲ" အပြန်အလှန် ဆွေးနွေးခြင်း:
အချိန်သာ ရပ်ထားလို့ရရင် ကိုယ်တိုင် လုပ်ချင်တဲ့အရာတွေ၊ ကမ္ဘာကြီးမှာ ပြောင်းလဲပစ်ချင်တဲ့ အချက်တွေကို အဖွဲ့ဝင်အချင်းချင်း ပေါ့ပေါ့ပါးပါးနဲ့ အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
၂။ 𝐔𝐬𝐞𝐟𝐮𝐥 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 & 𝐈𝐝𝐢𝐨𝐦𝐬
၃။ 𝐌𝐮𝐬𝐭-𝐊𝐧𝐨𝐰 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐏𝐚𝐭𝐭𝐞𝐫𝐧
ဒီလို စိတ်ကူးယဉ် ဖြစ်နိုင်ခြေမရှိတဲ့ အခြေအနေတွေကို ပြောတဲ့အခါ သုံးရမယ့် 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐏𝐚𝐭𝐭𝐞𝐫𝐧 ကိုပါ လက်တွေ့ အသုံးချလေ့ကျင့်သွားမှာပါ။
🚀 ဘာကြောင့် မဖြစ်မနေ တက်ရောက်သင့်တာလဲ?
✅ အမှားပါမှာ မကြောက်ဘဲ လွတ်လပ်စွာ ပြောဆိုနိုင်မယ့် 𝐒𝐚𝐟𝐞 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 ရှိခြင်း
✅ တူညီတဲ့ ပန်းတိုင်ရှိတဲ့ အဖွဲ့ဝင်တွေနဲ့အတူ 𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐯𝐞 ဖြစ်ဖြစ် လေ့ကျင့်နိုင်ခြင်း
✅ စနစ်ကျတဲ့ 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤 နဲ့ လမ်းညွှန်မှုတွေကို ရရှိနိုင်ခြင်း တို့ကြောင့်
(၂) ပတ်လျှင် တစ်ကြိမ်သာ ပြုလုပ်ပေးတဲ့ 𝐀𝐄𝐋𝐂 𝐒𝐮𝐧𝐝𝐚𝐲 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐮𝐛 ကို လုံးဝ (လုံးဝ) မလွတ်တမ်း တက်ရောက်ဖို့ တိုက်တွန်းပါရစေနော်။
ပါဝင်ဆွေးနွေးဖို့အတွက် အခကြေးငွေ လုံးဝပေးရန်မလိုဘဲ အောက်ပါ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် အမြန်ဆုံး စာရင်းပေးသွင်းပြီး အခုပဲ 𝐉𝐨𝐢𝐧 ထားလိုက်တော့နော်။ 👇
🔗 Join Our Community Now: https://t.me/AELCSundayConversationClub
20/06/2026
အင်္ဂလိပ်လို အရမ်း ပြောချင်တယ် ... ဒါပေမယ့်
သိတော့ သိတယ် ပြောမထွက်ဘူး ဖြစ်နေတယ်ဆိုရင် ..
AELC က ကြိုဆိုလိုက်ပါတယ် ...
အင်္ဂလိပ်လို တကယ် ပြောချင်တဲ့သူတွေ
အပြောပိုင်းကိုပဲ အဓိကထားပြီး
သွက်ချင်တဲ့သူတွေ အတွက်
#ဇူလိုင်လ တန်းခွဲသစ်များ ကျောင်းအပ်လက်ခံနေပါပြီ ....
🔹ဇွန်လ (၂၅) ရက်နေ့မတိုင်ခင် ကျောင်းအပ်နှံပြီး
10% Discount ရယူလိုက်ပါ။
A1 (Beginner)
Mon/ Tue – 5:00 to 6:30 PM
Starting Date – 6.7.2026
📅 သင်တန်းကာလ - (၄) လ
💵 သင်တန်းကြေး = 200000 ကျပ်
📘စာအုပ်ဖိုး = ၄၀၀၀၀ ကျပ်
A2 (Elementary)
Fri/ Sat/ Sun - 7:00 to 8:30 PM
Starting Date – 10.7.2026
📅 သင်တန်းကာလ - (၄) လ
💵 သင်တန်းကြေး = 200000 ကျပ်
📘စာအုပ်ဖိုး = ၄၀၀၀၀ ကျပ်
B1 (Pre-Intermediate)
Thur/ Fri - 7:00 to 9:00 PM
Starting Date – 8.7.2026
📅 သင်တန်းကာလ - (၄) လ
💵 သင်တန်းကြေး = 240000 ကျပ်
📘စာအုပ်ဖိုး = ၄၀၀၀၀ ကျပ်
✅ လုံးဝ အစက လေ့လာချင်တယ်ဆိုရင်
A1 က တက်သင့်ပါတယ်
✅ အခြေခံအသင့်အတင့်ရှိမယ် သင်တန်းတစ်ခုခုမှာ ဖြစ်စေ၊
ပုံမှန် Self Study ဖြစ်စေ (၆) လ ဝန်းကျင် လုပ်ထားဖူးရင်
A2 က စတက်သင့်ပါတယ်။
✅B1က စတက်ချင်ရင် Placement Test ဖြေဆိုရမှာ ဖြစ်ပြီး
Test Fee - ၁၀၀၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။
🔹ကျောင်းသားဟောင်းများအနေနဲ့ 10% Discount ရရှိမှာ ဖြစ်ပါတယ်။
📌 Zoom ဖြင့် သင်ကြားသော အွန်လိုင်း သင်တန်းဖြစ်ပါတယ်၊
Recorded Video လုံးဝ မရှိပါ
📌 4 Skills ကို သင်ကြားပေမယ့်
Listening & Speaking ကို အဓိက အားပြုပြီးသင်ကြားပါတယ်
📌 A1, A2 အတန်းတွေက 70-80% လောက်
E to E သင်ပြီးတော့ B1 အတန်းကစပြီးတော့
90-100% E to E သင်ကြားပါတယ်
📌 Attendance 80 % ပြည့်မီအောင်
တက်ရောက်ရမှာ ဖြစ်ပါတယ်
📌 Attendance ပြည့်မီပြီး၊
စာမေးပွဲ ဖြေဆိုပြီးမှ သက်ဆိုင်ရာ
Level အလိုက် Certificate ကို ရရှိမှာ ဖြစ်ပါတယ်။
📌 စာရင်းပိတ်ရက် သတ်မှတ်ထားခြင်း မရှိဘဲ
အတန်းတစ်တန်းကို သတ်မှတ်လူဦးရေ ပြည့်တာနဲ့
စာရင်းပိတ်တာဖြစ်လို့
လူမပြည့်မီ အမြန်ဆုံး ကျောင်းအပ်နှံနိုင်ပါပြီ...
ထပ်မံပြီး အသေးစိတ် သိချင်တာများရှိရင်
https://www.facebook.com/aelc.mm/posts/601865418797190 မှာလည်း ဖတ်ရှုနိုင်သလို
Message Box http://m.me/aelc.mm ကို နှိပ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ။
18/06/2026
အင်္ဂလိပ်စာကို အခြေခံအဆင့် 𝐏𝐫𝐞-𝐢𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 ကနေ 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐋𝐞𝐯𝐞𝐥 ကို တက်လှမ်းဖို့ ဒီစကားလုံးတွေကို သိထားဖို့ လိုပါတယ်။ 🚀✨
ကိုယ့်ရဲ့ လက်ရှိ 𝐋𝐞𝐯𝐞𝐥 ကနေ 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐋𝐞𝐯𝐞𝐥 ကို ဆက်ပြီး တက်လှမ်းသွားချင်တယ်ဆိုရင်တော့ '𝐆𝐨𝐨𝐝' '𝐁𝐚𝐝' '𝐕𝐞𝐫𝐲' စတဲ့ အခြေခံစကားလုံးတွေအပြင် စိတ်ကူးစိတ်သန်း၊ ခံစားချက်နဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း ဖော်ပြနိုင်မယ့် ဝေါဟာရတွေ လိုအပ်လာပါပြီ။
ဒါကြောင့် ဒီနေ့မှာတော့ 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐋𝐞𝐯𝐞𝐥 တက်ချင်တဲ့ လေ့လာသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 (၁၅) လုံး ကို ရွေးချယ်မျှဝေပေးလိုက်ပါတယ်။ 👇
🧠 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐋𝐞𝐯𝐞𝐥 𝐕𝐨𝐜𝐚𝐛𝐬 (၁၅) လုံး
၁။ 𝐀𝐧𝐚𝐥𝐲𝐳𝐞 (𝐕𝐞𝐫𝐛)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐓𝐨 𝐞𝐱𝐚𝐦𝐢𝐧𝐞 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐜𝐚𝐫𝐞𝐟𝐮𝐥𝐥𝐲.
၂။ 𝐂𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐭 (𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐀𝐜𝐭𝐢𝐧𝐠 𝐨𝐫 𝐝𝐨𝐧𝐞 𝐢𝐧 𝐭𝐡𝐞 𝐬𝐚𝐦𝐞 𝐰𝐚𝐲 𝐨𝐯𝐞𝐫 𝐭𝐢𝐦𝐞.
၃။ 𝐅𝐥𝐞𝐱𝐢𝐛𝐥𝐞 (𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐀𝐛𝐥𝐞 𝐭𝐨 𝐜𝐡𝐚𝐧𝐠𝐞 𝐨𝐫 𝐛𝐞 𝐜𝐡𝐚𝐧𝐠𝐞𝐝 𝐞𝐚𝐬𝐢𝐥𝐲.
၄။ 𝐈𝐦𝐩𝐥𝐞𝐦𝐞𝐧𝐭 (𝐕𝐞𝐫𝐛)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐓𝐨 𝐬𝐭𝐚𝐫𝐭 𝐮𝐬𝐢𝐧𝐠 𝐚 𝐩𝐥𝐚𝐧 𝐨𝐫 𝐬𝐲𝐬𝐭𝐞𝐦.
၅။ 𝐈𝐝𝐞𝐧𝐭𝐢𝐟𝐲 (𝐕𝐞𝐫𝐛)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐓𝐨 𝐫𝐞𝐜𝐨𝐠𝐧𝐢𝐳𝐞 𝐬𝐨𝐦𝐞𝐨𝐧𝐞 𝐨𝐫 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠.
၆။ 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 (𝐍𝐨𝐮𝐧)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐀 𝐝𝐞𝐭𝐚𝐢𝐥𝐞𝐝 𝐩𝐥𝐚𝐧 𝐟𝐨𝐫 𝐚𝐜𝐡𝐢𝐞𝐯𝐢𝐧𝐠 𝐬𝐮𝐜𝐜𝐞𝐬𝐬.
၇။ 𝐒𝐮𝐟𝐟𝐢𝐜𝐢𝐞𝐧𝐭 (𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐄𝐧𝐨𝐮𝐠𝐡 𝐟𝐨𝐫 𝐚 𝐩𝐚𝐫𝐭𝐢𝐜𝐮𝐥𝐚𝐫 𝐩𝐮𝐫𝐩𝐨𝐬𝐞.
၈။ 𝐂𝐨𝐧𝐭𝐫𝐢𝐛𝐮𝐭𝐞 (𝐕𝐞𝐫𝐛)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐓𝐨 𝐠𝐢𝐯𝐞 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐭𝐨 𝐡𝐞𝐥𝐩 𝐚𝐜𝐡𝐢𝐞𝐯𝐞 𝐨𝐫 𝐩𝐫𝐨𝐯𝐢𝐝𝐞 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠.
၉။ 𝐀𝐥𝐭𝐞𝐫𝐧𝐚𝐭𝐢𝐯𝐞 (𝐍𝐨𝐮𝐧 / 𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐀𝐧𝐨𝐭𝐡𝐞𝐫 𝐜𝐡𝐨𝐢𝐜𝐞 𝐨𝐫 𝐨𝐩𝐭𝐢𝐨𝐧.
၁၀။ 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐞 (𝐕𝐞𝐫𝐛)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐓𝐨 𝐣𝐮𝐝𝐠𝐞 𝐭𝐡𝐞 𝐪𝐮𝐚𝐥𝐢𝐭𝐲 𝐨𝐫 𝐯𝐚𝐥𝐮𝐞 𝐨𝐟 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠.
၁၁။ 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 (𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐂𝐨𝐫𝐫𝐞𝐜𝐭, 𝐞𝐱𝐚𝐜𝐭, 𝐚𝐧𝐝 𝐰𝐢𝐭𝐡𝐨𝐮𝐭 𝐚𝐧𝐲 𝐦𝐢𝐬𝐭𝐚𝐤𝐞𝐬.
၁၂။ 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 (𝐍𝐨𝐮𝐧 / 𝐕𝐞𝐫𝐛)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐀 𝐝𝐢𝐟𝐟𝐢𝐜𝐮𝐥𝐭 𝐭𝐚𝐬𝐤 𝐨𝐫 𝐩𝐫𝐨𝐛𝐥𝐞𝐦.
၁၃။ 𝐒𝐢𝐠𝐧𝐢𝐟𝐢𝐜𝐚𝐧𝐭 (𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐨𝐫 𝐧𝐨𝐭𝐢𝐜𝐞𝐚𝐛𝐥𝐞.
၁၄။ 𝐄𝐟𝐟𝐢𝐜𝐢𝐞𝐧𝐭 (𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐰𝐞𝐥𝐥 𝐰𝐢𝐭𝐡𝐨𝐮𝐭 𝐰𝐚𝐬𝐭𝐢𝐧𝐠 𝐭𝐢𝐦𝐞 𝐨𝐫 𝐞𝐧𝐞𝐫𝐠𝐲.
၁၅။ 𝐏𝐞𝐫𝐬𝐩𝐞𝐜𝐭𝐢𝐯𝐞 (𝐍𝐨𝐮𝐧)
𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧: 𝐀 𝐩𝐚𝐫𝐭𝐢𝐜𝐮𝐥𝐚𝐫 𝐰𝐚𝐲 𝐨𝐟 𝐜𝐨𝐧𝐬𝐢𝐝𝐞𝐫𝐢𝐧𝐠 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠.
🔥 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐋𝐞𝐯𝐞𝐥 ရဲ့ လျှို့ဝှက်ချက်က စကားလုံးတွေကို အလွတ်ကျက်ရုံတင်မဟုတ်ဘဲ 𝐂𝐨𝐧𝐭𝐞𝐱𝐭 (အသုံးအနှုန်းအခြေအနေ) လိုက်ပြီး ကိုယ်တိုင် စာကြောင်းဖွဲ့ကြည့်တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ ဒီ ၁၅ လုံးထဲကကို မှတ်သားပြီးတော့ ကိုယ့်ရဲ့ 𝐋𝐞𝐯𝐞𝐥 ကို မြှင့်တင်နိုင်ဖို့ ပြင်ဆင်လိုက်ရအောင်နော်။
🚀ဒါမှမဟုတ်ပဲ ကိုယ့်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို အခြေခံကနေ 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 အဆင့်အထိ ယုံကြည်မှုရှိရှိနဲ့ စနစ်တကျ တက်လှမ်းချင်တယ်ဆိုရင်တော့ 𝐀𝐄𝐋𝐂 ကနေ အတန်းလေးတွေ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။
✅ စကားပြောရာမှာ 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 အဆန်းတွေကို သဘာဝကျကျ ထည့်သွင်းအသုံးပြုနည်းများ
✅ 𝐆𝐫𝐚𝐦𝐦𝐚𝐫 အခြေခံမှသည် လုပ်ငန်းခွင်သုံး စာကြောင်းတည်ဆောက်ပုံများအထိ လေ့ကျင့်ပေးခြင်း
✅ 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 အပြည့်နဲ့ ပြောဆိုဆက်သွယ်နိုင်မယ့် အတန်းပတ်ဝန်းကျင် တွေနဲ့ အတူ စနစ်တကျတိုးတက်ချင်ရင်တော့
🔗𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေ တစ်ဆင့် အခုပဲ စုံစမ်းလိုက်ပါ။
17/06/2026
သဘာဝတရားကြီးကို စိမ်းလန်းစိုပြေစေပြီး စိတ်ကိုကြည်နူးစေတဲ့ 𝐏𝐥𝐚𝐧𝐭 𝐋𝐢𝐟𝐞 🌿🌻
ဒီတစ်ပတ်ရဲ့ 𝐖𝐨𝐫𝐝 𝐒𝐞𝐚𝐫𝐜𝐡 မှာတော့ အပင်နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို လေ့လာလိုက်ရအောင်နော်။
ဒီဇယားထဲကနေ ပထမဆုံး တွေ့လိုက်ရတဲ့ အပင်နဲ့ ပက်သက်တဲ့ ထူးခြားတဲ့ စကားလုံး (၂) ခု က ဘာတွေလဲ?
𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မန့်ခဲ့ပေးဦးနော်။ 👇💬
10/06/2026
"အိမ်တစ်အိမ်ရဲ့ အစိတ်အပိုင်းတွေနဲ့ အိမ်တွင်းရှိ အခန်းတွေကို တူတူရှာဖွေကြည့်ရအောင်" 🏠✨
ဒီတစ်ပတ်ရဲ့ 𝐖𝐨𝐫𝐝 𝐒𝐞𝐚𝐫𝐜𝐡 မှာတော့ နေ့စဉ်အသုံးအများဆုံးဖြစ်တဲ့ အိမ်က အခန်းတွေနဲ့ သက်ဆိုင်တဲ့ ဝေါဟာရတွေကို ရှာဖွေရင်း စာလုံးအသစ်တွေကို မှတ်သားလိုက်ရအောင်ရအောင်နော်။👇
08/06/2026
ကြက်နဲ့ ဥ ဘယ်ဟာ အရင်စလဲဆိုတာထက် ပိုခေါင်းစားရတာ... အင်္ဂလိပ်စာမှာ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 အရင်လုပ်ရမလဲ၊ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 အရင်ကျင့်ရမလဲ ဆိုတာပါပဲ!" 🎧🗣️
အင်္ဂလိပ်စာ လေ့လာတဲ့အခါ ဘယ်လမ်းကြောင်းကနေ စရမှန်းမသိဘဲ လမ်းပျောက်နေတတ်တာ သဘာဝပါပဲ။
ဒါကြောင့် လမ်းပျောက်နေတယ်ဆိုရင်တော့ စွမ်းရည်နှစ်ခုလုံးရဲ့ အရေးပါပုံနဲ့အတူ
ထိရောက်မြန်ဆန်စွာ တိုးတက်ဖို့အတွက် ဘယ်အရာကို အရင်ဦးစားပေးရမလဲဆိုတဲ့ အဖြေမှန်ကို မျှဝေပေးသွားပါမယ်နော်။
🧠 အဖြေမှန်ကတော့ - 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 ကို အရင်ဦးစားပေးရပါမယ်။
ဘာကြောင့် 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 က အရင်ဆုံး ဖြစ်သင့်တာလဲ?
𝟏️⃣ 𝐓𝐡𝐞 𝐈𝐧𝐩𝐮𝐭 𝐚𝐧𝐝 𝐎𝐮𝐭𝐩𝐮𝐭 𝐂𝐨𝐧𝐜𝐞𝐩𝐭
ဘာသာစကားတစ်ခုမှာ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 က 𝐈𝐧𝐩𝐮𝐭 (ဦးနှောက်ထဲ အချက်အလက်ထည့်ခြင်း) ဖြစ်ပြီး 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 က 𝐎𝐮𝐭𝐩𝐮𝐭 (ပြန်လည်ထုတ်ဖော်ခြင်း) ဖြစ်ပါတယ်။ ကိုယ့်ခေါင်းထဲမှာ နားထောင်ထားတဲ့ အချက်အလက် (𝐈𝐧𝐩𝐮𝐭) လုံလုံလောက်လောက် မရှိရင် ပြန်ပြောဖို့ (𝐎𝐮𝐭𝐩𝐮𝐭) ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
𝟐️⃣ 𝐀𝐜𝐭𝐢𝐯𝐞 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠
အင်္ဂလိပ်စာ သို့မဟုတ် ဘာသာစကားတစ်ခုခုကို အာရုံစိုက်ပြီး နားထောင်နေတဲ့အခါ ဦးနှောက်က နားထောင်ရုံတင် မဟုတ်ဘဲ "ငါသာဆိုရင် ဒါကို ဘယ်လို ပြန်ပြောမလဲ" ဆိုပြီး စကားပြောဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အပိုင်းကိုပါ တပါတည်း 𝐀𝐜𝐭𝐢𝐯𝐞 ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် များများ နားထောင်တာကလည်း ဦးနှောက်အတွက် လေ့ကျင့်ခန်းတစ်ခုလိုဖြစ်စေမှာအသေအချာပါပဲ။
𝟑️⃣ 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐬 𝐀𝐜𝐜𝐞𝐧𝐭 & 𝐏𝐫𝐨𝐧𝐮𝐧𝐜𝐢𝐚𝐭𝐢𝐨𝐧
အသံထွက် မှန်မှန်ကန်ကန်နဲ့ 𝐍𝐚𝐭𝐮𝐫𝐚𝐥 ဖြစ်ဖြစ် ပြောနိုင်ဖို့ဆိုတာ မှန်ကန်တဲ့ အသံတွေကို အများကြီး နားထောင်ဖူးမှသာ အလိုအလျောက် တုပပြောဆိုနိုင်မှာ ဖြစ်ပါတယ်။
💡 ဒါဆို 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 ကို လုံးဝမလုပ်ရသေးဘူးလား?
အဲလိုတော့ မဟုတ်ပါဘူးနော်။ အကောင်းဆုံး လေ့လာမှုပုံစံကတော့ "𝐋𝐢𝐬𝐭𝐞𝐧 & 𝐈𝐦𝐢𝐭𝐚𝐭𝐞" (နားထောင်ပြီး လိုက်တုပခြင်း) နည်းလမ်းပဲ ဖြစ်ပါတယ်။
အဆင့် (၁): ကိုယ့် 𝐋𝐞𝐯𝐞𝐥 နဲ့ ကိုက်ညီမယ့် 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐏𝐨𝐝𝐜𝐚𝐬𝐭 သို့မဟုတ် ရုပ်ရှင်တိုလေးတွေကို သေချာ အာရုံစိုက် နားထောင်ပါ။
အဆင့် (၂): သူတို့ပြောသွားတဲ့ အသုံးအနှုန်း၊ လေယူလေသိမ်းကို လိုက်လံ အသံထွက်ဆိုကြည့်ပါ။ (ဒါကို 𝐒𝐡𝐚𝐝𝐨𝐰𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞 လို့ ခေါ်ပါတယ်)။
ဒါကြောင့် အင်္ဂလိပ်စာဆိုတာ ဆက်သွယ်ပြောဆိုဖို့ဖြစ်တဲ့အတွက် နားထောင်ရုံတင်မကဘဲ ရဲရဲဝံ့ဝံ့ ပြန်ပြောကြည့်ဖို့လည်း လိုပါတယ်။
ဒါပေမဲ့ အရင်ဆုံးတော့ နားထောင်ခြင်းအလေ့အထ (𝐆𝐨𝐨𝐝 𝐋𝐢𝐬𝐭𝐞𝐧𝐞𝐫) ဖြစ်အောင် အရင်ပျိုးထောင်ဖို့ကလည်း အခြေခံကျလှပါတယ်။
🚀ဒါကြောင့် 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 နဲ့ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 ကို တစ်ပြိုင်နက် မြှင့်တင်ချင်တယ်ဆိုရင်တော့ 𝐀𝐄𝐋𝐂 တစ်ခုတည်းနဲ့ လုံလောက်စွာ တိုးတက်နိုင်ပါပြီ။
𝐀𝐄𝐋𝐂 ရဲ့ တက်ကြွပြီး ပျော်စရာကောင်းတဲ့ အတန်းတွေနဲ့အတူ
✅ နိုင်ငံတကာအဆင့်မီ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 အလေ့အကျင့်ကောင်းများ
✅ တစ်ဦးချင်းစီအလိုက် 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 တက်လာစေမယ့် 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭
✅ အပြန်အလှန် ဆွေးနွေးနိုင်မယ့် 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐮𝐛 များ နဲ့ လေ့လာလိုက်ရအောင်နော်။ 💬
05/06/2026
"𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐛𝐚𝐜𝐤 𝐭𝐨 𝐀𝐄𝐋𝐂 𝐆𝐞𝐧 𝐙 𝐒𝐥𝐚𝐧𝐠 𝐒𝐡𝐚𝐫𝐢𝐧𝐠 ပါနော်။
သောကြာနေ့တိုင်းမှာ ခေတ်နဲ့အညီ အင်္ဂလိပ်စာ တိုးတက်ဖို့ စိတ်လှုပ်ရှားစရာ 𝐒𝐥𝐚𝐧𝐠 အသစ်တွေကို မျှဝေပေးနေကြဆိုတော့ အသစ်တွေ လေ့လာရဖို့ စိတ်လှုပ်ရှားနေပြီလား? ✨🚀
"ကိုယ်ကြိုးစားပြီး ဝယ်ထားတဲ့ ဖုန်းအသစ်စက်စက်လေးကိုပဲ ဖြစ်ဖြစ်၊ 𝐆𝐲𝐦 မှာ သေချာဆော့လို့ ထွက်လာတဲ့ ကြွက်သားတွေကိုပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်ကလူတွေ မြင်အောင် အထာကျကျ ထုတ်ပြဖူးပါသလား?
ဒါမျိုးကို 𝐄𝐧𝐠𝐥𝐢𝐬𝐡 လိုဆို ဘယ်လိုပြောကြမလဲ?
ပုံမှန်ကတော့ ဒါကို '𝐒𝐡𝐨𝐰 𝐨𝐟𝐟' လို့ သုံးကြပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ် 𝐆𝐞𝐧 𝐙 တွေကတော့ ပိုပြီး 𝐕𝐢𝐛𝐞 မိတဲ့ စကားလုံးတစ်လုံးနဲ့ ပြောင်းပြောကြပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ လူမှုကွန်ရက်ပေါ်မှာရော နေ့စဉ်ဘဝမှာပါ အမြဲကြားနေရတဲ့ "𝐅𝐥𝐞𝐱" ဆိုတဲ့ 𝐒𝐥𝐚𝐧𝐠 အကြောင်းကို 𝐀𝐄𝐋𝐂 နဲ့အတူ တိုတိုနဲ့ လိုရင်း လေ့လာကြည့်ရအောင်နော်။ 👇
🤔 𝐅𝐥𝐞𝐱 ဆိုတာ ဘာလဲ?
𝐅𝐥𝐞𝐱 (𝐕𝐞𝐫𝐛/𝐍𝐨𝐮𝐧) ရဲ့ မူရင်းအဓိပ္ပာယ်ကတော့ "ကြွက်သားကို ကွေးပြသည်/ တင်းပြသည်" လို့ အဓိပ္ပာယ်ရပါတယ်။
ဒါပေမဲ့ 𝐒𝐥𝐚𝐧𝐠 အနေနဲ့ သုံးတဲ့အခါမှာတော့ လုံးဝကို အထာကျတဲ့ အဓိပ္ပာယ် ပြောင်းသွားပါတယ်။
အဓိပ္ပာယ်ကတော့ မိမိမှာရှိတဲ့ အရာတွေ
(ဥပမာ - အောင်မြင်မှု၊ အဝတ်အစား၊ ပစ္စည်း သို့မဟုတ် အရည်အချင်း) ကို အခြားသူတွေ အထင်ကြီး အားကျအောင် "ကြွားလုံးထုတ်ပြသခြင်း" (𝐒𝐡𝐨𝐰 𝐨𝐟𝐟) သို့မဟုတ် "ဂုဏ်ဖော်ပြသခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။
🔥 𝐅𝐥𝐞𝐱 ကို ဘယ်လိုနေရာတွေမှာ သုံးမလဲ?
✅တစ်ယောက်ယောက်က သူ့ပစ္စည်းတွေကို လာကြွားတဲ့အခါ:
"𝐇𝐞’𝐬 𝐣𝐮𝐬𝐭 𝐭𝐫𝐲𝐢𝐧𝐠 𝐭𝐨 𝐟𝐥𝐞𝐱 𝐡𝐢𝐬 𝐧𝐞𝐰 𝐰𝐚𝐭𝐜𝐡."
(သူက သူ့ရဲ့ နာရီအသစ်ကြီးကို လာပြီး ကြွားချင်နေတာ (𝐅𝐥𝐞𝐱 နေတာ) ပါ။)
အွန်လိုင်းပေါ်မှာ "𝐖𝐞𝐢𝐫𝐝 𝐟𝐥𝐞𝐱, 𝐛𝐮𝐭 𝐨𝐤𝐚𝐲" ဆိုတဲ့ 𝐏𝐡𝐫𝐚𝐬𝐞 လေးကိုလည်း အသုံးများကြပါတယ်။ အဓိပ္ပာယ်ကတော့ "ကြွားစရာ မဟုတ်တာကြီးကို လာကြွားနေတယ်၊ ဒါပေမဲ့လည်း အဆင်ပြေပါတယ် (ထားလိုက်ပါတော့)" လို့ ခပ်နောက်နောက် ပြန်ပြောတဲ့နေရာမှာ သုံးတာဖြစ်ပါတယ်၊ 💡😉
ကဲ ဒီလောက်ဆိုရင်တော့ ဒီတစ်ပတ်အတွက် 𝐅𝐥𝐞𝐱 ဆိုတဲ့ လူငယ်တွေ ကြားတဲ့ အသုံးများတဲ့ 𝐒𝐥𝐚𝐧𝐠 အသစ်တစ်ခုကို သင်ယူလိုက်ရမယ်လို့ ယုံကြည်ပါတယ်။
အပတ်တိုင်း အသစ်အသစ်တွေကို မျှဝေသွားဦးမှာဆိုတော့ စောင့်ကြည့်ပြီး တစ်ပတ်တစ်လုံးနဲ့ မပျက်မကွက် လေ့လာသွားဖို့ မမေ့နဲ့ဦးနော်။
03/06/2026
"ကမ္ဘာပေါ်မှာ အကောင်ရေအများဆုံးနဲ့ သဘာဝတရားကြီးကို ဟန်ချက်ညီအောင် ထိန်းညှိပေးထားတဲ့ 𝐈𝐧𝐬𝐞𝐜𝐭𝐬 (အင်းဆက်ပိုးမွှားများ) အကြောင်း အင်္ဂလိပ်လို ပေါ့ပေါ့ပါးပါးလေး လေ့လာကြည့်ရအောင်။"
ဒီတစ်ပတ်ရဲ့ 𝐖𝐨𝐫𝐝 𝐒𝐞𝐚𝐫𝐜𝐡 မှာတော့ မြင်တွေ့ရလေ့ရှိတဲ့ အင်းဆက်ဝေါဟာရ တွေကို ရှာဖွေမှတ်သားလိုက်ရအောင်ရအောင်လားနော်။👇
30/05/2026
"ဘာကြောင့် အင်္ဂလိပ်လို မတတ်သေးတာလဲ"
📢 FREE WEBINAR
ကျွန်တော်တို့
သူငယ်တန်းကနေ ဆယ်တန်းအထိ
အင်္ဂလိပ်စာကို သင်ယူခဲ့ကြပေမယ့်
အင်္ဂလိပ်လိုပြောမယ်ဆိုရင်
ရဲရဲပြောမထွက်ဘူး
အင်္ဂလိပ်လိုရေးမယ်ဆိုတော့လည်း
သေသေချာချာ မရေးနိုင်ဘူး
ဒီလိုဖြစ်နေတာတွေက
တချို့က Vocabulary မသိလို့ လို့ထင်တယ်
တချို့က Grammar မရလို့ လို့ထင်တယ်
တကယ်တော့ ပြဿနာက
အဲဒါတွေ သက်သက်မဟုတ်ပါဘူး
ကျွန်တော်တို့ လေ့လာခဲ့တဲ့ နည်းလမ်းတွေမှာ
လွဲနေတာတွေ ရှိနေလို့ပါ။
ဒီ FREE Webinar မှာ
✅ ကျွန်တော်တို့ ဘာတွေ မှားခဲ့၊ မှားနေကြတာလဲ
✅ Speaking နဲ့ Writing ဘာကြောင့် အားနည်းနေတာလဲ
✅ အင်္ဂလိပ်စာကို ထိထိရောက်ရောက် ဘယ်လိုလေ့လာမလဲ
စတာတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
📅 Date - 31.5.2026 (Sunday)
⏰ Time - 7:00 PM
💻 Platform - Zoom Meeting
💯 Free Webinar
အင်္ဂလိပ်စာကို လေ့လာနေပေမယ့်
တိုးတက်မှု မရဘူးလို့ ခံစားနေရရင်
ဒီ Webinar ကို လုံးဝ လက်မလွှတ်သင့်ပါဘူး
Webinar တက်ရောက်လိုသူတွေအနေနဲ့
AELC ပညာဒါန Telegram Group ကို အရင် Join ထားပေးပါဗျ။
Join Link 👇
https://t.me/+DAkh3rs0Izo4OWM9
အားလုံးပဲ Webinar မှာ တွေ့ကြပါမယ်