Practical English Club

Practical English Club

Share

PEC is a youth led organization that believes in facilitation and community contribution.

Photos from Practical English Club's post 25/06/2026

မေလက ပြုလုပ်ခဲ့တဲ့ Experiential Learning Club လေးမှာ လူငယ်တွေ ပျော်နေကြတာ 🎉

Group Activities တွေမှာ သူ့ထက်ငါ ပြိုင်ဆိုင်ရင်းနဲ့ အနိုင်ရအောင်ကြိုးစားရင်း ဒီအတွေ့အကြုံကနေပြန်လည် လေ့လာသင်ယူရတာဟာ ဘယ်လောက်တောင် မိုက်လိုက်လဲ 😍

🌱Game တွေဆော့
🌱သီချင်းတွေဆို
🌱တွေးလည်းတွေး
🌱ပြောလည်းပြော
🌱ဘိုစကားလည်း လေ့ကျင့်ဖြစ်တဲ့ ထူးခြားတဲ့ PEC မှာပဲ ရှိတဲ့ ELC လေးကို ပြုလုပ်ပေးနိုင်တာ PEC က တကယ်ကို ဂုဏ်ယူရပါတယ်။

▪️လာရောက်ပါဝင်ကြတဲ့လူငယ်တွေနဲ့ အတူ
▪️အခန်းနေရာလေးအတွက် ကူညီပေးတဲ့ YSSW Team ရယ်၊
▪️ရှေ့ထွက်ပြီး ဦးဆောင်တာကအစ နောက်ကွယ်ကနေ အသေးစိတ် စီစဉ်ပေးကြတဲ့ PEC
Team က Volunteers လူငယ်တွေ အကုန်လုံးကို ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။

💌နောက်တစ်ပတ် July ၃ ရက်နေ့ သောကြာနေ့မှာလည်း ELC ကို ဒီနေရာလေးမှာ ပြုလုပ်သွားမှာမို့လို့ အားလုံးကို ပါဝင်ပြီး တူတူ Grow ဖို့ ဖိတ်ခေါ်ပါတယ်။

သီချင်းဆိုခဲ့တဲ့ အမှတ်တရလေးကို ဒီ Post မှာ ပြန်လည်ခံစားကြည့်ရှုကြပါဦး

https://www.facebook.com/share/v/1ET5PJ6dkF/?mibextid=wwXIfr








Photos from Practical English Club's post 25/06/2026

✨ ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီးပြီး ကိုယ့်အရောင်နဲ့ကိုယ် လှပခဲ့ကြတဲ့ စနေနေ့လေး 🌸🎨

Practical English Club ရဲ့ Week 302 မှာတော့ "ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီး" ဆိုတဲ့အတိုင်း လူတိုင်းမှာ မတူညီတဲ့ အရောင်အသွေးတွေ၊ Authenticity နဲ့ Uniqueness တွေ ရှိကြတယ်ဆိုတာကို ရှာဖွေရင်း ပေါ့ပေါ့ပါးပါး အင်္ဂလိပ်လို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

ဒီတစ်ပတ်ရဲ့ Facilitator Team ဖြစ်တဲ့ Team Potato နဲ့အတူ ကိုယ့်ရဲ့ ထူးခြားမှုတွေကို Self-love၊ Self-worth တွေနဲ့ ဘယ်လိုအရောင်တင်မလဲဆိုတာကို နှလုံးသားချင်းနီးနီး အလှဆင်ခဲ့ကြသလို၊ လက်တွေ့ဘဝမှာ Self-love ဖြစ်ဖို့ ဘယ်လိုအရာတွေက တားဆီးနေလဲဆိုတာကိုပါ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖြစ်ခဲ့ကြတဲ့ အဓိပ္ပာယ်ရှိတဲ့ အချိန်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်စကားကို Basic လောက်ပဲ ပြောတတ်ပေမယ့်လည်း ဘာမှကြောက်မနေဘဲ အရဲစွန့်ပြီး ပထမခြေလှမ်းကို သတ္တိရှိရှိ လှမ်းခဲ့ကြတဲ့ PECers အားလုံးကို တကယ့်ကို ဂုဏ်ယူမိပါတယ်။ သူငယ်ချင်းအသစ်တွေလည်းရ၊ အပြန်အလှန် လေးစားချစ်ခင်မှုတွေနဲ့အတူ ကိုယ့်ရဲ့ကိုယ်ပိုင်အရောင်လေးတွေကို ပိုပြီးတန်ဖိုးထားတတ်လာစေခဲ့တဲ့ ခွန်အားဖြည့် စနေနေ့ နေ့လည်ခင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

နောက်လာမယ့်အပတ်တွေမှာလည်း ဒီထက်မက ကောင်းမွန်တဲ့ ခေါင်းစဉ်တွေနဲ့ ပြန်ဆုံကြမယ်နော်။ 🎉🌟




25/06/2026

Intermediate Class လေးကို ဇွန်လ ၁၅ ရက်နေ့ ည ၈နာရီ မှာ အောင်မြင်စွာနဲ့ စတင်လိုက်ပါပြီ

Intermediate အတန်းက အမြဲတမ်းလူနည်းပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက Basic ဖြည့်ပြီးရင် ဆက်မလုပ်နိုင်ကြပဲ ပစ်ထားတတ်တာမို့ Pre-inter မှာပဲ တစ်နေကြလို့ပါ။ ဒါပေမယ့် PEC ကိုရောက်လာတဲ့ လူငယ်တွေထဲ Intermediate Level မှာရှိနေတဲ့ သူ ၇ ဉီးကတော့ Upper-inter ကိုရောက်ဖို့ရာ အတွက် သိပ်ကြာမယ်မထင်တော့ပါဘူး။

E4F Program လေးမှာ English Speaking အတွက် Foundation ကို အထိရောက်ဆုံးနဲ့ အပျော်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို သုံးပြီးတော့ PEC က ဖြည့်ဆည်းပေးနေပါတယ်။

နောက်ကျတဲ့သူတွေ နောက် Batch ကို တက်ဖို့ Telegram မှာ Pre-registration Form ဖြည့်ပြီး ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။ သင်တန်းနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းအချက်အလက်တွေကို Channel မှာ အချိန်နဲ့ တစ်ပြေးညီ ဖတ်ရှုလေ့လာနိုင်ပါတယ်။

✅Telegram Channel Link
📍https://t.me/englishforfoundation
——————-







23/06/2026

Pre-intermediate Class လေးကို ဇွန်လ ၁၃ ရက်နေ့ ည ၇နာရီ မှာ အောင်မြင်စွာနဲ့ စတင်လိုက်ပါပြီ

အခြေခံကို ကျော်ပြီးသားဖြစ်သော်လည်း Next Level ရောက်ဖို့ လိုအပ်တဲ့အပိုင်းတွေကို PEC မှာ ဖြည့်ပြီးတော့ Intermediate Level ကို တက်ဖို့ရာ ပြင်ဆင်နေကြပါပြီ။ သငတန်းပြီးတဲ့အချိန် အောက်တိုဘာလထဲမှာ အားလုံးတူတူ ကြိုးစားအားထုတ်မှုတွေကြောင့် Intermediate Level ကိုရောက်ကြတော့မယ်ဆိုတာ ယုံကြည်တယ်

E4F Program လေးမှာ English Speaking အတွက် Foundation ကို အထိရောက်ဆုံးနဲ့ အပျော်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို သုံးပြီးတော့ PEC က ဖြည့်ဆည်းပေးနေပါတယ်။
နောက်ကျတဲ့သူတွေ နောက် Batch ကို တက်ဖို့ Telegram မှာ Pre-registration Form ဖြည့်ပြီး ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။ သင်တန်းနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းအချက်အလက်တွေကို Channel မှာ အချိန်နဲ့ တစ်ပြေးညီ ဖတ်ရှုလေ့လာနိုင်ပါတယ်။

✅Telegram Channel Link
📍https://t.me/englishforfoundation
——————-






22/06/2026

ဒီနှစ်မိုးနဲ့အ​တူ ​PEC မှာ အ​ရောင်စုံတဲ့ အရည်အချင်း​တွေ ပွင့်လန်းရ​အောင် 💌

🌱 မိုးတွင်းအခါမှာ ပန်းပွင့်​လေး​တွေ သစ်ပင်​လေး​တွေ ပွင့်လန်းကြတယ်

🌱တစ်နှစ်တာ ​ခြောက်​သွေ့​နေလို့ အရွက်​တောင်မရှိတဲ့အပင်​တွေ​တောင် ပြန်လည် ရှင်သန်ကြတယ်

🌱တို့လူငယ်​တွေ​ရော အပင်​လေး​တွေလို မိုးလို ချစ်ခြင်း​မေတ္တာကို ပက်ဖျန်းရင်းနဲ့ ပုန်းကွယ်​နေတဲ့ အရည်အချင်း​တွေကို ထုတ်​ဖော်လို့ မရဘူးလား

🌱ရတာ​ပေါ့.....အဲ့လိုမျိုး ကိုယ့်အ​ရောင်နဲ့ကိုယ်ပွင့်လန်းဖို့အတွက် PEC ဆိုတဲ့ ​နေရာ​လေးက ချစ်ခြင်း​မေတ္တာဆိုတဲ့ Free Club ​လေးကို ဖွင့်​ပေး​နေတယ်

🌱ဒီ​နေရာ​လေးကို လာခဲ့ပြီး​တော့ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ အချစ်စစ်မိုး​ရေ​တွေပက်ဖြန်းဖို့အတွက် Ready ဖြစ်တယ်ဆိုရင်

🤩Facilitator Team Potarto က ကိုယ့်ကိုယ်တိုင် ချစ်တတ်လာဖို့ အတွက် လိုအပ်တဲ့အချိန်​လေးတစ်ခုကို Speaking ​လေ့ကျင့်ရင်းနဲ့ ​ပေးသွားဖို့ ပြင်ထားပါတယ်။

🥰English စကား​ပြော​လေ့ကျင့်ရင်းနဲ့ အချစ်ခံရမှာ ဘယ်​လောက်​တောင် ​ကောင်းလိုက်လဲ​နော်

🩵English Skill ဆိုတာ အမြဲ​​လေကျင့်​နေမှရတာ။ ​လေ့ကျင့်​လေ​လေ ပိုမွတ်​လေမို့လို့ မလာတာထက် လာတာပိုအကျိုးရှိတယ်​နော်။

✅Fluency တွေ၊ Confidence တွေတက်လာဖို့ လေ့ကျင့်ရဦးမယ်တွေးရင် PEC ကိုလာခဲ့ပါ။

🩵ဘယ်သူ့ကို ချန်မထားခဲ့ဘူး။ အကုန်တူတူ Grow ဖို့ရာ PEC ရှိပါတယ်။ PEC နဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် အခုပဲ Conversation Club လေးကနေ စလိုက်ပါ။

▶️English Skills မှာ Basic ​​လောက်ပဲ ​ပြောနိုင်တယ်ဆိုရင်လည်းလာခဲ့​နော်။ ​မ​ပြောရဲ​သေးဘူးဆိုရင်လည်း ပြောထွက်​အောင် ကူညီ​ပေးမှာမို့

▶️ PEC ဆိုတာရောက်အောင်လာရင် မလာတာထက် ပိုပိုပြီးတော့ အကျိုးရှိမယ်ဆိုတာ ယုံကြည်တယ်ဆိုရင် အခုပဲ Register လုပ်လိုက်တော့✌️

------------------------

⏰Time - 7:00 - 9:00 PM
🗓 Date - 24 June 2026 (Wed)
💰 Fees - 0 ks
💻 Platform - Zoom
👥 Participants- 100
-----------------------------------------------

📍ဘယ်သူတွေ Join နိုင်သလဲ ?

✔အသက် ၁၆ နှစ်ပြည့်ပြီး English Level Basic - Advanced ရှိသူတိုင်း

-----------------------------------------------

📍Join ဖို့ ဘာတွေ လိုအပ်သလဲ ?

✔ Zoom သုံးတတ်ရပါမယ် (Zoom သုံးနည်းလည်း ပြောပြပေးမှာပါ)
✔ အစအဆုံး Join နိုင်ရမယ်
✔ Registration Form ဖြည့်ရမယ်

-----------------------------------------------

📍 ဘယ်လို Register လုပ်ရမလဲ?

✔ အောက်မှာပေးထားတဲ့ Form linkကိုဖြည့်ပါ။

✔Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။

✔ Form ဖြည့်ပြီးရင် Submit/ပေးပို့ရန် ခလုတ်ကိုနှိပ်ပြီး နောက်ဆုံးပေါ်လာတဲ့ စာမျက်နှာကို Screenshot ရိုက်ပါ (သို့) Copy လုပ်ပြီး တစ်နေရာမှာ Paste လုပ်ပြီး သိမ်းထားပါ။

✔ ပြီးရင် ဒီဖိတ်စာအောက်မှာ "Done" လို့ မန့်သွားပါ။

------------------------------------------------

Rerun Club Registration Form
📌 https://forms.gle/dMvPDhKe6LPwFZUx6

⚠️Rerun Form ဖြည့်ပြီးရင် နောက်ဆုံးစာမျက်နှာကို Screenshot ရိုက်ယူထားဖို့ မမေ့ပါနဲ့။ Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။⚠️

💌 PEC Member ဖြစ်ပြီးသူတွေ နောက်ကျလို့ Form မမီရင် Page ရဲ့ Chatbox မှာ Member Code မြန်မြန်သွားပို့ပြီး Zoom Link တောင်းလို့ရပါတယ်။

----------------------------------------------





22/06/2026

Elementary Class လေးကို ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲမှာ အောင်မြင်စွာနဲ့ စတင်လိုက်ပါပြီ

အခြေခံကို တစ်ဝက်ပါလာပြီးသား တွေမို့ ကျန်တဲ့အပိုင်းကို PEC ကို ဖြည့်ပြီးတော့ Pre-intermediate Level ကို တက်ဖို့ရာ ပြင်ဆင်နေကြပါပြီ။ သငတန်းပြီးတဲ့အချိန် အောက်တိုဘာလထဲမှာ သူတို့က Pre-intermediate Level ကိုရောက်ကြတော့မယ်ဆိုတာ ယုံကြည်တယ်

E4F Program လေးမှာ English Speaking အတွက် Foundation ကို အထိရောက်ဆုံးနဲ့ အပျော်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို သုံးပြီးတော့ PEC က ဖြည့်ဆည်းပေးနေပါတယ်။

နောက်ကျတဲ့သူတွေ နောက် Batch ကို တက်ဖို့ Telegram မှာ Pre-registration Form ဖြည့်ပြီး ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။ သင်တန်းနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖတ်ရှုနိုင်ပါတယ်။

✅Telegram Channel Link
📍https://t.me/englishforfoundation
——————-







21/06/2026

Starter Class လေးကို ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီမှာ အောင်မြင်စွာနဲ့ စတင်လိုက်ပါပြီ

Speaking ပြောတဲ့အခါ သိရမယ့် Grammar အပါအဝင် အခြေခံပြောနည်းတွေကို အစကနေ ၃ လအတွင်းဖြည့်နေကြတာ ဖြစ်ပြီးတော့ သင်တန်းပြီးတဲ့အချိန် အောက်တိုဘာလထဲမှာ သူတို့က Elementary Level ကိုရောက်ကြတော့မယ်ဆိုတာ ယုံကြည်တယ်

E4F Program လေးမှာ English Speaking အတွက် Foundation ကို အထိရောက်ဆုံးနဲ့ အပျော်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို သုံးပြီးတော့ PEC က ဖြည့်ဆည်းပေးနေပါတယ်။

နောက်ကျတဲ့သူတွေ နောက် Batch ကို တက်ဖို့ Telegram မှာ Pre-registration Form ဖြည့်ပြီး ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။ သင်တန်းနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖတ်ရှုနိုင်ပါတယ်။

✅Telegram Channel Link
📍https://t.me/englishforfoundation
——————-






20/06/2026

Pure-beginner Class လေးကို ဇွန်လ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ အောင်မြင်စွာနဲ့ စတင်လိုက်ပါပြီ

ဟိုးအစကနေ ပြန်လည်သင်ယူကြမယ့်သူတွေအတွက် အထူးပြင်ဆင်ထားတဲ့ Pure-beginner Class လေးမှာ လူငယ် ၆ ယောက်ဟာ Foundation ကို ၃ လအတွင်းဖြည့်နေကြတာ ဖြစ်ပြီးတော့ အောက်တိုဘာလထဲမှာ သူတို့က Starter Level ကိုရောက်ကြတော့မယ်ဆိုတာ ယုံကြည်တယ်

E4F Program လေးမှာ English Speaking အတွက် Foundation ကို အထိရောက်ဆုံးနဲ့ အပျော်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို သုံးပြီးတော့ PEC က ဖြည့်ဆည်းပေးနေပါတယ်။

နောက်ကျတဲ့သူတွေ နောက် Batch ကို တက်ဖို့ Telegram မှာ Pre-registration Form ဖြည့်ပြီး ကြိုတင်စာရင်းပေးထားနိုင်ပါတယ်

သင်တန်းပြန်စရင် သိအောင်လို့ Telegram Channel ကို Join ထားနော်

✅Telegram Channel Link
📍https://t.me/englishforfoundation
——————-








19/06/2026

81🙏

19/06/2026

ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီး 🌻🌹🤭💌

ဒီတစ်ပတ်တော့ ပွင့်ကြမယ်…အဲဟုတ်ပါဘူး အရောင်စုံ ခြယ်ကြမယ်😅

Team Potarto ကတော့ ဒီတစ်ပတ်ကို နှလုံးသား အလှဆင်ပေးမယ်တဲ့ …….။

ကိုယ့်မှာသာ အရောင်လေးတွေပါခဲ့ရင် ဘာရောင်လေးဖြစ်မလဲစဉ်းစားကြည့်ဖူးလား❓

🌸မတူညီတဲ့ အရောင်အသွေးတွေ၊ authenticity နဲ့ uniqueness တွေကို ရှာဖွေကြမယ်

🌺ပြီးရင် ဒီထူးခြားမှုတွေကို Self-love တွေနဲ့ အရောင်တင်မယ်

🌼Self-worthတွေ Self Loveတွေအကြောင်း ခနခနပြောကြကြားနေကြပေမယ့် လက်တွေ့မှာ မလုပ်နိုင်နေတာတွေရှိတာတွေ ဆွေးနွေးကြမယ်။

ပေါ့ပေါ့ပါးပါး English လိုလေ့ကျင့်မယ့် PEC ရဲ့ English Conversation Club လေးကို လာခဲ့ပါ။

▪️English စကားကို Basic လောက်ပဲ ပြောတတ်မယ်ဆိုလည်း အိုခေတယ်။

▪️Facilitator Team က ပြောထွက်အောင် ကရုစိုက်ကူညီပေးမှာမို့ ဘာမှ ကြောက်မနေဘဲ အရဲစွန့်ပြီးသာ ရောက်အောင်လာခဲ့ပါ။

▪️English စကား​ပြော​လေ့ကျင့်ရင်းနဲ့ သူငယ်ချင်းတွေလည်းရပြီး သတ္တိရှိတဲ့ ပထမခြေလှမ်းကို လှမ်းခဲ့ဖို့ဖိတ်​ခေါ်ပါတယ်။

⏰Time - 1:00 - 3:00 PM
🗓 Date - 20 June (Saturday)
💰 Registration Fees - 0 ks
💻 Platform - Zoom
👥 Participants- 100 (Maximum)
-----------------------------------------------
📍ဘယ်သူတွေ Join နိုင်သလဲ ?

✔️အသက် ၁၆ နှစ်ပြည့်ပြီး English Level Basic - Advanced ရှိသူတိုင်း

-----------------------------------------------

📍Join ဖို့ ဘာတွေ လိုအပ်သလဲ ?

✔️ Zoom သုံးတတ်ရပါမယ် (Zoom သုံးနည်းကို YouTube ကနေ ရှာလေ့လာထားလို့ရပါတယ်)
✔️ အစအဆုံး Join နိုင်ရမယ်။
✔️ Registration Form ဖြည့်ရမယ်။

-----------------------------------------------
📍 ဘယ်လို Register လုပ်ရမလဲ?

✔️ အောက်မှာပေးထားတဲ့ Form linkကိုဖြည့်ပါ။

✔️Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။

✔️ Form ဖြည့်ပြီးရင် Submit/ပေးပို့ရန် ခလုတ်ကိုနှိပ်ပြီး နောက်ဆုံးပေါ်လာတဲ့ စာမျက်နှာကို Screenshot ရိုက်ပါ (သို့) Copy လုပ်ပြီး တစ်နေရာမှာ Paste လုပ်ပြီး သိမ်းထားပါ။

✔️ ပြီးရင် ဒီဖိတ်စာPost အောက်မှာ "Done" လို့ မန့်သွားပေးပါ။

------------------------------------------------
▪️Saturday Club Registration Form
📌https://forms.gle/4fixMA9vqvfmswvj6

⚠️Saturday Form ဖြည့်ပြီးရင်နောက်ဆုံးစာမျက်နှာကို Screenshot ရိုက်ယူထားဖို့ မမေ့ပါနဲ့။ Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။⚠️

💌 PEC Member ဖြစ်ပြီးသူတွေ နောက်ကျလို့ Form မမီရင် Page ရဲ့ Chatbox မှာ Member Code မြန်မြန်သွားပို့ပြီး Zoom Link တောင်းလို့ရပါတယ်။






Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon