04/06/2026
သီဆိုလှုပ်ရှား ကလေးကဗျာလေးများ
#တီချယ်မေမေ
personal blog
04/06/2026
သီဆိုလှုပ်ရှား ကလေးကဗျာလေးများ
#တီချယ်မေမေ
🌸 ဒီနှစ် Summer Holidays မှာ 6 နှစ်သမီးကြီးကို Gymnastics Class ပို့ဖြစ်ခဲ့ပါတယ် 🤸♀️💖
ကျောင်းပိတ်ရက်တွေမှာ အိမ်ထဲမှာပဲ ဖုန်းကြည့်တာ၊ TV ကြည့်တာ များမသွားစေချင်လို့ ကိုယ်လက်လှုပ်ရှားမှု ရှိတဲ့ Activity တစ်ခု ရှာပေးဖြစ်ခဲ့တာပါ။
Gymnastics က ကလေးတွေအတွက်...
✨ ခန္ဓာကိုယ် လိုက်လျောညီထွေ လှုပ်ရှားနိုင်စေတယ်
✨ Balance နဲ့ Coordination ကောင်းလာစေတယ်
✨ ကြွက်သားအားကောင်းစေတယ်
✨ စည်းကမ်းလိုက်နာတတ်စေတယ်
✨ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာစေတယ်
✨ မိတ်ဆွေအသစ်တွေ ရစေတယ်
အစပိုင်းမှာ နည်းနည်းရှက်ပြီး မဝံ့ရဲသေးပေမယ့်
နောက်တော့ Class သွားရမယ့်နေ့ဆို စိတ်လှုပ်ရှားပြီး ပျော်နေတာ 🥰
မေမေတစ်ယောက်အနေနဲ့ ဆုတံဆိပ်ရဖို့ထက် ကျန်းမာပျော်ရွှင်ပြီး စိတ်ဓာတ်ကြံ့ခိုင်လာတာကိုပဲ ပိုဝမ်းသာမိပါတယ် ❤️
Summer Holidays အတွင်း ကလေးတွေကို ဖိအားမပေးဘဲ သူတို့စိတ်ဝင်စားတဲ့ Sport တစ်ခုခု၊ Hobby တစ်ခုခု လေ့လာခွင့်ပေးတာက အမှတ်တရကောင်းလေးတွေ ဖန်တီးပေးနိုင်ပါတယ် 🌈
မေမေတို့ရော Summer Holidays မှာ သားသားမီးမီးတွေကို ဘာ Activities တွေ လုပ်ပေးဖြစ်ကြလဲ? 🥰👇
🤸♀️💕 #တီချယ်မေမေ
29/05/2026
ဘေဘီလေးတွေကို ပြပြီး အကြောင်းနဲ့ အကျိုး ပြောပြလို့ရမယ့် ပုံလေးတွေ မျှဝေလိုက်ပါတယ်ရှင့်
ကျိုးကြောင်းဆက်စပ်ပြီးပြောပြရင်းနဲ့
ဖေဖေမေမေနဲ့ ဘေဘီလေးတွေ အတွက်
Bond time လဲ တိုးစေပါမယ်။
ကျွန်မ KG Teacher ဖြစ်ခဲ့တုန်းက ဆိုရင်
Vinyl ထုတ်ပြီး စာသင်ခန်းထဲမှာ ကပ်ပေးခဲ့တယ်
ရှင်းပြ ပြောပြပေးခဲ့တယ် အမြင်စွဲလေးနဲ့
တပည့်လေးတွေ သိတတ်နားလည်စေဖို့ပေါ့ရှင်
#တီချယ်မေမေ
Credit photo
Thanks 🙂
25/05/2026
“စကားများတဲ့ ကလေး” ဆိုတာ
မကောင်းတာ မဟုတ်ပါဘူး 🤍
တချို့ကလေးတွေက
တစ်နေ့လုံး မေးခွန်းတွေမေးတယ်
စကားတွေပြောတယ်
ကိုယ်မြင်သမျှ အရာအားလုံးကို ပြောပြချင်ကြတယ် 🌱
“အမေ… ဘာလို့?”
“ဒါက ဘာလဲ?”
“နားထောင်ပါဦး…” ဆိုပြီး
မရပ်မနား ပြောနေတတ်ကြတယ် 😅
တကယ်တော့
ဒါဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးနေတဲ့ လက္ခဏာတစ်ခုပါ ✨
✔️ စူးစမ်းချင်စိတ်ရှိတယ်
✔️ ကိုယ့်အတွေးကို ဖော်ပြတတ်လာတယ်
✔️ Language skill တိုးတက်နေတယ်
✔️ ယုံကြည်မှုရှိလာတယ်
ဒါကြောင့်
“တိတ်တိတ်နေစမ်း” ဆိုတာထက်
“ဟုတ်လား… ဆက်ပြောပါဦး” ဆိုတဲ့ တုံ့ပြန်မှုက
ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုအားဖြစ်စေပါတယ် 🤍
မေမေတွေလည်း ပင်ပန်းမယ်ဆိုတာ သိပါတယ်
တစ်ခါတလေ နားငြီးပြီး စိတ်မရှည်နိုင်ဘူး 😭
ဒါပေမယ့်…
ဒီနေ့ စကားများနေတဲ့ ကလေးက
နောက်တစ်နေ့မှာ ကိုယ့်ခံစားချက်ကို ရဲရဲပြောတတ်တဲ့ လူကြီးတစ်ယောက် ဖြစ်လာနိုင်ပါတယ် 🌷
စိတ်ရှည်ပေးခြင်းက
ကလေးကို “ငါပြောတာကို နားထောင်ပေးတဲ့သူရှိတယ်” ဆိုတဲ့ လုံခြုံမှုကို ပေးနိုင်ပါတယ် 🤍
မေတ္တာဖြင့်
#တီချယ်မေမေ
#ကလေးပြုစုပျိုးထောင်ရေး
23/05/2026
KG ပြီးဆုံးတဲ့ကျောင်းသားတစ်ယောက်မှာ ဒါတွေကျွမ်းကျင်ပြီးမြောက်ပြီးသားဖြစ်ရပါမယ်…
1. အရောင်တွေကို သိရပါမယ်
2. ဘယ်ဖက်လက်၊ ညာဖက်လက်ကို သိရပါမယ်
3. မိမိအိမ်လိပ်စာကို ပြောပြတတ်ရပါမယ်
4. ဖခင်အမည်၊ မိခင်အမည် ပြောပြတတ်ရပါမယ်
5. ရက်သတ္တပတ်နေ့ရက်တွေကို ပြောပြတတ်ရပါမယ်
6. နွေ၊ မိုး၊ ဆောင်း ရာသီဥတုတွေကို ပြောပြတတ်ရပါမယ်
7. ခု၊ ဆယ်၊ ရာ၊ ထောင် ငွေကြေးအသုံးကို ပြောပြတတ်ရပါမယ် (ခု နဲ့ ဆယ်ကတော့ မသုံးသလောက်ဖြစ်၍ အနည်းငယ်အခက်အခဲတွေ့နိုင်)
8. မိမိနာမည်ကို ဖတ်တတ်ရပါမယ်
9. မိမိနာမည်ထဲက ပထမအမည်စာလုံးကို ရေးတတ်ရပါမယ်
10. ကိန်းဂဏန်း ၂၀ အထိ ရေတွက်နိုင်ရပါမယ်
11. စာအုပ်ကို အတည့်အတိုင်း ကိုင်တွယ်နိုင်ရပါမယ်
12. ပုံပြင်ဖတ်ပြတာကို ကောင်းကောင်း နားထောင်တတ်ရပါမယ်
13. ကာရံစကားလုံး (rhymes) များကို သတိထားတတ်ရပါမယ်
14. KG သီချင်းများ သီဆိုတတ်ရပါမယ်
15. သီချင်းထဲက စာသားအတိုင်း လိုက်လုပ်တတ်ရပါမယ်
16. ရွှံ့၊ ရွှံ့တု စသည်တို့ဖြင့် ကစားတတ်ရပါမယ်
17. ပုံဆွဲ၊ ရောင်စုံခြယ်တတ်ရပါမယ်
18. ပန်းချီဆေးဖြင့် ပုံဆွဲတတ်ရပါမယ်
19. ကတ်ကြေးအသုံးပြု၍ စာရွက် ဖြတ်/ညှပ်တတ်ရပါမယ်
20. ဘလော့တုံးလေးများ တည်ဆောက်ဆော့ကစားတတ်ရပါမယ်
21. သဲကန်အတွင်း သဲများဖြင့် အဆင်ပြေစွာ ဆော့ကစားတတ်ရပါမယ်
22. သစ်စေ့လေးများဖြင့် အပင်လေးတွေစိုက်တတ်ရပါမယ်
23. အစားအစာတစ်မျိုးမျိုး ချက်ပြုတ်ပြင်ဆင်တဲ့အတွေ့အကြုံတစ်ခုခု ရှိထားရပါမယ်
24. အပ်နှင့် အပ်ချည် အသုံးပြုတတ်ရပါမယ်
25. တကိုယ်ရည်သန့်ရှင်းမှု ဂရုပြုတတ်ရပါမယ်
26. ခြေသည်းလက်သည်း သန့်ရှင်းနေစေရန် ဂရုပြုတတ်ရပါမယ်
27. ထမင်းစားစဉ် လက်ကိုင်ပုဝါအား ကောင်းစွာ အသုံးပြုတတ်ရပါမယ်
28. စည်းကမ်းရှိရှိ စားသောက်တတ်ရပါမယ်
29. မိမိကိုယ်တိုင် ဖိနပ်စီး/ခြေနင်းကြိုးချည် လုပ်ဆောင်တတ်ရပါမယ်
30. ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်ရပါမယ်
31. တဖက်သားအပေါ် ကြင်နာတတ်သလို ကူညီပေးတတ်ရပါမယ်
32. အများနဲ့ဆောင်ရွက်စဉ် လုမလုပ်ပဲ မိမိအလှည့်ရောက်ရန် စောင့်နေတတ်ရပါမယ်
33. ကစားစရာနှင့် အခြားအများပိုင်ပစ္စည်းများအား အသုံးပြုပြီး နေရာတကျ ပြန်ထားတတ်ရပါမယ်
34. မိမိနေရာမှာ ငြိမ်ငြိမ်ထိုင်ပြီး တစ်ခုခုပြောစရာရှိလျင် လက်မြှောက်ပြပြီး အခွင့်တောင်းတတ်ရပါမယ်
35. မိမိ၏ စာသင်စားပွဲခုံအား စာရေးကိရိယာများဖြင့် ရှုပ်ပွမနေအောင် ထားတတ်ရပါမယ်
36. ကျောင်းမှ အိမ်အပြန် မိမိ၏ပစ္စည်းပစ္စယများအား သေချာစစ်ဆေးတတ်ရပါမယ်
Crd
❤️👶 3 လကျော်ကတည်းက Toy လေးတွေ ပြပေးဖြစ်တဲ့ အကြောင်း ပြောပြမယ်ရှင့် ✨
3 လကျော် 4 လအရွယ်မှာ toy ဆိုတာ
“ကစားဖို့” တင်မဟုတ်ဘဲ baby development အတွက် learning tool လေးတစ်ခုလည်း ဖြစ်ပါတယ် 💛
ဒီအရွယ် baby လေးတွေက
ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ် အရမ်းများလာတဲ့ အချိန်ပါ 🥰
ဒီမေမေက rolling ball toyလေးတွေ rattle လေးတွေ ပြပေးခြင်းအားဖြင့် ကလေးလေးက
🌈 အရောင်စုံတွေကြည့်ရင်း မျက်စိအာရုံ ဖွံ့ဖြိုးစေတယ်
👀 လှုပ်ရှားနေတဲ့ ball လေးတွေလိုက်ကြည့်ရင်း eye tracking skill ကောင်းလာတယ်
✋ လက်လှမ်းဖမ်းချင်လာပြီး hand-eye coordination တိုးတက်လာတယ်
🧠 အကြောင်းအရင်း-အကျိုးဆက် (cause & effect) ကို စတင်နားလည်လာတယ်
😊 တစ်ယောက်တည်း ခဏလောက် စိတ်ဝင်စားပြီး ကစားတတ်လာတယ်
ခူကောင်သံပတ်ရုပ်လေးပြရင်း မေမေ့အသံလေးနဲ့
“လာပြီနော် လွှတ်ပြီနော်” လို့ ပြောပေးရင်း
bonding time လေးလည်း ရစေတယ် 🥰🦸♀️
သာယာသံလေးရော ကြွပ်ကြွပ်အသံရော သွားယားကိုက်လေးရော ပါတဲ့ Hanging rattle လေးကလဲ မွေးစကတည်းက ပြပေးခဲ့တာ ကလေးရော မေမေပါကြိုက်သော အသုံးဝင်သောလေးပါ 🪇
Baby girl ကတော့ ball လေးတွေ လှိမ့်ဆင်းတာကိုလည်း ကြည့်တတ်/ ခူကောင်လေးလည်း လိုက်ကြည့်/ hanging rattle လေးကိုလည်း စိုက်ကြည့်နေတာ အရမ်းချစ်ဖို့ကောင်း 💕
#တီချယ်မေမေ
Thanks 🥰😍
09/05/2026
Hantavirus Infection (ဟန်တာဗိုင်းရပ်စ်) က ကြွက်နှင့် ကြွက်အညစ်အကြေးတွေကနေ ကူးစက်နိုင်တဲ့ virus ရောဂါတစ်မျိုးပါ။
အထူးသဖြင့်
ကြွက်အီး
ကြွက်ဆီး
ကြွက်သေရုပ် ခြောက်သွားပြီး ဖုန်အဖြစ် လေထဲပျံလာတာကို ရှူမိတဲ့အခါ ကူးစက်နိုင်ပါတယ်။
လူကနေ လူကို ကူးတာက အလွန်ရှားပါတယ်
ဖြစ်နိုင်တဲ့ လက္ခဏာတွေ
အစပိုင်းမှာ flu လိုမျိုး ဖြစ်တတ်ပါတယ်။
ဖျားခြင်း
ကိုယ်လက်ကိုက်ခဲခြင်း
ခေါင်းကိုက်
အန်ခြင်း
ဝမ်းလျှော
အားနည်းခြင်း ဖြစ်နိုင်ပါတယ်
နောက်ပိုင်း ပြင်းလာရင်
အသက်ရှူခက်
ရင်ကြပ်
အဆုတ်ထဲ ရေဝင်သလို ဖြစ်
Oxygen ကျ ဖြစ်နိုင်ပါတယ်။
ပြင်းထန်တဲ့အမျိုးအစားကို
Hantavirus Pulmonary Syndrome လို့ခေါ်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။
ကုသဖို့ ဆေးရှိလား
လက်ရှိမှာ hantavirus ကို တိုက်ရိုက်ပျောက်စေတဲ့ antiviral ဆေး သေချာထိရောက်တာ မရှိသေးပါဘူး။
ဒါကြောင့် ကုသမှုက supportive treatment အဓိကဖြစ်ပါတယ်။
ဆေးရုံမှာ
oxygen ပေးခြင်း
အသက်ရှူစက်သုံးခြင်း
IV fluid
သွေးပေါင်ထိန်းခြင်းတွေ လုပ်ပေးရပါတယ်။
အစောပိုင်း ဆေးရုံရောက်ရင် အသက်ရှင်နိုင်ချေ ပိုကောင်းပါတယ်။
ဘယ်လိုကူးစက်လဲ
အများဆုံးက —
ကြွက်ရှိတဲ့ အိမ်ဟောင်း
ဂိုဒေါင်
စပါးကျီ
ဖုန်များတဲ့နေရာ
သန့်ရှင်းရေးလုပ်တဲ့အခါ ကူးတတ်ပါတယ်။
ကာကွယ်နည်းများ
၁။ ကြွက်မဝင်အောင်လုပ်ပါ
အစားအစာအဖုံးပိတ်ထားပါ
အမှိုက်မစုပုံစေပါနဲ့
အပေါက်တွေ ပိတ်ပါ
၂။ ကြွက်အီးတွေကို မခြောက်ခင် သန့်ရှင်းပါ
အရေးကြီးတာက — “မလှည်းပါနဲ့၊ vacuum မလုပ်ပါနဲ့”
အဲ့လိုလုပ်ရင် virus ပါတဲ့ဖုန် လေထဲပျံတတ်ပါတယ်။
အဲဒီအစား bleach ရေဖျော်ပြီး ဖျန်းပါ
5–10 မိနစ်ထားပါ
လက်အိတ်ဝတ်ပြီး tissue နဲ့သုတ်ပါ
၃။ Mask နဲ့ လက်အိတ်သုံးပါ
ကြွက်ရှိနိုင်တဲ့နေရာရှင်းရင် mask, gloves
သုံးတာ ပိုကောင်းပါတယ်။
မေတ္တာဖြင့်
#တီချယ်မေမေ
ကလေးနှစ်ယောက်
Page နှစ်ခု နဲ့ မအားပေမဲ့
ဝါသနာက ဒါမျိုး
Trend ဆို join ချင်တာ
#တီချယ်မေမေ
😍🙂
08/05/2026
ကျွန်မကလေး အမြဲ နို့အန်တယ် စိုးရိမ်ရလား။
မွေးကင်းစမှ ၁ နှစ်ထိ အဖြစ်များတဲ့ ပြဿနာလေးပါ။ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး ၃ မျိုးခွဲရှင်းပြပါမယ်။ပြဿနာ ၁ က အဖြစ်များပါတယ်။ ပြဿနာ ၂ နဲ့ ၃ က ရှားပါတယ်။
👼🏼 ပြဿနာ ၁ - သူတို့လေးတွေရဲ့ အစာအိမ် အဝင်တံခါးက မလုံသေးတာကြောင့် နို့ရည်က အပေါ်ကို အလွယ်တကူ ပြန်လျှံတက်နိုင်ပါတယ်။ ပုံမှန်ကြီးထွားပြီး ကလေး ပျော်ရွှင်နေသရွေ့ မစိုးရိမ်ပါနှင့်။
ဖြည့်စွက်စာ စကျွေးပြီး အသက် ၆ လ ၇ လ အရွယ်ကျ တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်။
သို့မဟုတ် အဝင်တံခါးလေး လုံသွားတဲ့အချိန် အသက် ၁ နှစ်လောက်ကျ အန်တာ ရပ်သွားပါမယ်။
မအန်အောင် ဘာလုပ်ပေးနိုင်လဲ?
နို့တိုက်ပြီးတိုင်း မိနစ် ၃၀ လောက် မတ်တပ်ချီပေးထားပါ
ပုခက်ကို ခေါင်းပိုင်း မြှင့်ထားပေးပါ
ကလေးကို မိနစ် ၃၀ ချီထားဖို့ မလွဲမရှောင်သာ အခြားအလုပ်များနေပါက ပက်လက်မဟုတ်ဘဲ ဘယ်ဘက်စောင်းပြီး လှဲပေးပါ
👼🏼 ပြဿနာ ၂ - အစာအိမ်ရဲ့ ထွက်ပေါက်တံခါးလေး ကျဉ်းလို့ ဖြစ်တာပါ။ ခွဲစိတ်ဖို့လိုတတ်ပေမယ့် အသေးစား ခွဲစိတ်မှုလေး ဖြစ်ပါတယ်။
👼🏼 ပြဿနာ ၃ - ပြဿနာ ၁ ရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။ အစာအိမ်အပေါ်ဘက်ရှိတဲ့ အစာပြွန် က အစာအိမ်ထဲက လျှံတက်လာတဲ့ အစာချေရည်တွေကြောင့် ရောင်ရမ်းနိုင်ပါတယ်။ ဆေးတိုက်ရင် ပျောက်ပါတယ်။
၁ နဲ့ ၂၊ ၃ ကို ဘယ်လိုခွဲမလဲဆိုတော့ —
🔹 ၁ ကြောင့်ဖြစ်ရင်
ကလေး ကြီးထွားမှု ပုံမှန်ပဲ ဖြစ်ပါတယ်။
🔹 ၂ ဖြစ်ရင်
အန်တာ အားပြင်းပြင်း ထိုးထိုးအန်တတ်ပါတယ်။
ကလေး ကိုယ်အလေးချိန် ကျလာနိုင်ပါတယ်။
👉 ကလေး ခွဲစိတ်ဆရာဝန် နဲ့ ပြသင့်ပါတယ်။
🔹 ၃ ဖြစ်ရင်
နို့တိုက်ပြီးတိုင်း ကလေး ရင်ပူသလို ဖြစ်ပြီး အကြာကြီး အော်ငိုတတ်ပါတယ်။
ကော်ဖီရောင် / အစိမ်းရောင် အန်တတ်ပါတယ်။
နို့တိုက်ရင် မသောက်ချင်ဘဲ ငြင်းတတ်ပါတယ်။
ကိုယ်အလေးချိန်လည်း ကျလာနိုင်ပါတယ်။
👉 ကလေးဆရာဝန် နဲ့ ပြသင့်ပါတယ်။
Credit with respect - နေနေမိုးဆွေ
#တီချယ်မေမေ
#ဗဟုသုတ မျှဝေပါသည်။
02/05/2026
"အငယ်လေးမွေးလာရင် အကြီးကို ပိုချစ်ပေးပါ"တဲ့
🌟
ဒီစကားကို သမီးငယ်လေး မမွေးခင်က လူကြီး သူမတွေက ပြောကြတယ်။သမီးကြီးကို ပိုချစ်ပေးဖို့ပေါ့
အဲ့ဒါကို ကျွန်မလည်း အပြည့်အဝ လက်ခံပါတယ်။
🌟ကျွန်မနဲ့ ကျွန်မညီမလေးတုန်းက အသက် ၂ နှစ်ပဲကွာတယ်။ ဖေဖေနဲ့ မေမေက ညီတူညီမျှချစ်ပေးကြပါတယ်။ ဒါပေမဲ့ မသိမသာရော သိသိသာသာရော
ဖေဖေက ကျွန်မကို ပိုချစ်ပေးသလို ခံစားခဲ့ရတဲ့အတွက် ညီမငယ်လေး ရှိခြင်းဟာ ကျွန်မ အချစ်မခံရတော့ဘူးဆိုတဲ့ ခံစားချက်တစ်ခါမှ မရခဲ့ဖူးပါဘူး။
🌟အခုတော့ ကျွန်မက မိဘနေရာပေါ့နော်
လသား သမီးငယ်လေးကို ပိုအချိန်ပေးနေရတာ မိခင်တစ်ယောက်အနေနဲ့ သမီးကြီးရဲ့ အခုလို တစ်ယောက်တည်း ကစားရတာ၊ ကိုယ်က အငယ်လေးကို သိပ်နေလို့ အမေကို ဖက်အိပ်ချင်ပေမဲ့ မဖက်ရတဲ့အခါ စာလေးရေးပေးပြီး အိပ်သွားတာတွေကို တွေးမိရင် ငါ မကစားပေးနိုင်လို့၊ ငါ မဖက်အိပ်ပေးနိုင်လို့ ဆိုပြီး guilty ဖြစ်ချင်တဲ့ စိတ်ကလဲ ဝင်ချင်မိသေးတာ၊
🌟🌟🌟ဒါပေမဲ့ ကောင်းတဲ့ဘက်က
သူ pretend play ကစားတာပဲ creative ဖြစ်တာပေါ့
သူက အမေ မသိပ်ပဲ အိပ်တတ်တာက သူ့အသက်နဲ့
ကိုက်ညီတဲ့ milestone ကို ရနေတာပဲလို့ တွေးလိုက်မှ စိတ်သက်သာရာ ရတယ်။ ကိုယ်စိတ်သက်သာရာရသလို သူလဲ စိတ်အားမငယ်အောင် အများကြီးလဲ ပိုဂရုစိုက်ပြီး ချစ်ပေးရဦးမယ်။ သမီးနှစ်ယောက်အတွက် အချိန်ပေးတာ balance ဖြစ်ဖို့ အများကြီး
ကြိုးစားရဦးမယ်။
👩👶သားသမီးဇော အများကြီးမောပါတယ်ကွယ်
သူတို့အိပ်လဲ ကိုယ်မအိပ်နိုင်သေး အတွေးပေါင်း
များစွာနဲ့ သမီးနှစ်ယောက် မေမေ 👩👶
#တီချယ်မေမေ
Thanks 😍🙂
| 09:00 - 17:00 |