Akafuji Vocational Training Center

Akafuji Vocational Training Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Akafuji Vocational Training Center, Language school, Room No (906), Yuzana Tower, Bahan Township, Yangon.

Photos from Akafuji Vocational Training Center's post 12/06/2026

The Japan Foundation, Yangon မှ သင်ကြားရေးတာဝန်ခံ ဆရာမများ သင်တန်းကျောင်းသို့ လာရောက်လေ့လာခြင်း။

ဆရာဦးအောင်မိုးရှိန်သည် The Japan Foundation မှ ဂျပန်စာသင်ကြားပြသသော ဆရာ ဆရာမများအတွက် ဖွင့်လှစ်သော “ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားမှုနည်းစနစ်သင်တန်း”ကိုတက်ရောက် ပြီးစီးခဲ့သော ဆရာဖြစ်တဲ့အတွက် အခြေခံကို စနစ်တကျနဲ့ စာသင်သားတွေအတွက် အကျိုးရှိသော သင်ကြားရေးပုံစံဖြင့် သင်ကြားပေးပါတယ်။

ဆရာ့ရဲ့ Marugoto A1(katsudo) ဖတ်စာအုပ်ကို အသုံးပြုသည့် ဂျပန်စာအခြေခံသင်တန်း သင်ကြားရေး ပုံစံကို The Japan Foundation, Yangon မှ သင်ကြားရေး တာဝန်ခံဆရာမများမှ လာရောက်လေ့လာ ကြည့်ရှု့ပြီး၊ သင်ကြားရေးနှင့် ပါတ်သက်သည့် ကောင်းမွန် အားသာသောအချက်များနှင့် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်သော အကြံပေးမှု့များကို ပြုလုပ်ခဲ့ကြပါတယ်။ ဆရာ့အနေနဲ့လည်း နောက်သင်တန်းများမှာ ဆရာမများပေးသော အကြုံပြုချက်များကို ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်။



ဆရာဦးအောင်မိုးရှိန်နဲ့ Marugoto A1 အတန်းကမှ စာသင်သားတွေရဲ့ Feedback လေးတွေကိုလည်း ဝေမျှခွင့်ပြုပါနော်။ ကျောင်းသား ဗဟိုပြု သင်ကြားရေး ပုံစံကို အဓိကထားပြီး သင်ကြားသွားတဲ့အတွက်ကြောင့်လည်း အခုလို ကောင်းမွန်တဲ့ Feedback တွေ ရရှိတာပဲ ဖြစ်ပါတယ်။

စာတွေချည်းပဲမဟုတ်ပဲ စကားပြောပါ တတ်မြောက်လိုတယ်ဆိုရင်တော့ Akafuji Vocational Training Center မှာ ဂျပန်စာကို အခြေခံကနေစပြီး လာရောက် လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။

Photos from Akafuji Vocational Training Center's post 09/06/2026

(၂၀၂၆)ခုနှစ်၊ ဇူလိုင်လ၊ (၅)ရက်နေ့မှာ ပြုလုပ်ကျင်းပမည့် JLPT စာမေးပွဲကို အခုမှ စတင် ဖြေဆိုမည့် ညီအကို မောင်နှမများ သတိပြုမိရန်။

စာမေးပွဲ အဖြေလွှာမှာ ဖြည့်ရမည့် အမည်၊ ခုံနံပါတ်၊ မွေးသက္ကရာဇ်နှင့် အဖြေရေးဖြည့်နည်းကို နမူနာ ပြထားတာဖြစ်ပါတယ်။ မသိမရှိရလေအောင် တစ်ချက် အစ အဆုံး ဖတ်ကြည့် လေ့လာထားပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

အဖြေစာရွက်မှာ အမည်၊ ခုံအမှတ်၊ မွေးသက္ကရာဇ်၊ အဖြေ အစရှိသည်တို့ကို ရေးဖြည့် ရွေးချယ်ရန် သတ်မှတ်ပေးထားသော နေရာတွင်သာ ရေးဖြည့် ရွေးချယ်ပေးရပါမယ်။

စာမေးပွဲသို့ HB သို့မဟုတ် No.2 ခဲတံကိုသာ ယူသွားပါရန်။
{ခဲဆံဘောပင် လုံးဝ(လုံးဝ) မရပါဘူးနော်။}

အဖြေစာရွက်ကို စက်ဖြင့် ဖတ်မည် ဖြစ်သောကြောင့် ညစ်ပေအောင် ဖြေဆိုခြင်း၊ ခေါက်ချိုး ချိုးခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရပါ။

08/06/2026

🇯🇵✨ Marugoto A1, Online တန်းမှ သင်တန်းသား၏ စကားပြောစွမ်းရည် ✨🇯🇵

မတ်လ၊ (၁၆)ရက်နေ့က ဖွင့်လှစ်ခဲ့သော Marugoto A1(katsudo)ဖတ်စာအုပ်ကို အသုံးပြုပြီး လေ့လာသင်ယူခဲ့သည့် ဂျပန်စာ အခြေခံစကားပြောသင်တန်းမှ ဆယ်ကျော်သက်အရွယ် သင်တန်းသားတစ်ဦးရဲ့ စကားပြောစွမ်းရည် ဖြစ်ပါတယ်။ ဒီသင်တန်းသားဟာ နေ့ခင်းဘက်ဘှာ အတန်းပညာရေးကိုလည်း လေ့လာရင်း၊ ညဘက်မှာ ကျနော်များ Akafuji မှ ဖွင့်လှစ်မည့် A2(1) အတန်းတွင်လည်း ဆက်လက် လေ့လာသွားမှာ ဖြစ်ပါတယ်။

Marugoto ဖတ်စာအုပ်မှာ ပါဝင်သည့် အသံဖိုင်များကို အပြည့်အဝ အသုံးပြုပြီး၊ နားထောင်ခြင်း ⇔ လိုက်ပြောခြင်း (💿 ⇔ 👂 ⇔ 🗣) ပုံစံဖြင့် လေ့လာသင်ယူလာခဲ့တာဖြစ်ပါတယ်။

လူနည်းစုဖြင့် လေ့လာ သင်ယူခဲ့တာမို့ စာသင်သားတစ်ယောက်ချင်းစီတိုင်း စာသင်ခန်းထဲမှာ စကားမဖြစ်မနေ ပြောရတဲ့ သင်ကြားရေး ပုံစံဖြင့် သင်ကြားခဲ့တဲ့ အတန်းပါ။

ဒီ အတန်း Marugoto A1(katsudo) စာသင်သားတွေရဲ့ ကြိုးစားမှု့ အခြေအနေလေးတွေကို အောက်ပါ Link ကနေ လေ့လာနိုင်ပါတယ်။
https://www.facebook.com/share/v/1HFVPVsdQF/
https://www.facebook.com/share/v/1HFVPVsdQF/
https://www.facebook.com/share/v/18oeGrw86F/

✍️ ဆက်သွယ်စာရင်းပေးရန်
* ☎️ Viber ဖုန်းနံပါတ်: 09-40200-1617
* 🗺 သင်တန်းနေရာ: အခန်း (၉၀၆)၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်မှတ်တိုင် အနီး၊ ဗဟန်းမြို့နယ်။

31/05/2026

သင်တန်းမှာ Aircon မအေးဘူး ပူတယ် အိုက်တယ်လို့ Complaint တက်တဲ့ စာသင်သားတွေအတွက် ပန်ကာ တပ်ထားလိုက်ပါပြီနော်။
😅😅😅

JLPT စာမေးပွဲဖြေဖို့ တစ်လ လောက်ပဲ ကျန်တော့တာမို့လို့ အခွီလေးတင်တာပါ။ စိတ်မဆိုးရဘူးနော်။



29/05/2026

🇯🇵✨ဂျပန်ဘာသာစကား A2(1) စကားပြောတန်း၊ ရုံးချိန်လွတ် Online တန်းခွဲဖွင့်လှစ်ခြင်း ✨🇯🇵

ဒီသင်တန်းကတော့ hiragana နဲ့ katakana ရေးနိုင် ဖတ်နိုင်ပြီးတော့ ဂျပန်ဘာသာစကား စကားပြောကို ဦးစားပေး လေ့လာလိုသူများအတွက် အထူးသင့်တော်တဲ့ အတန်း ဖြစ်ပါတယ်။

✅ Japan Foundation မှ ထုတ်ဝေသော Marugoto A2(1) (Activities) ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်
✅ နားထောင်ခြင်း ⇔ လိုက်ပြောခြင်း (💿 ⇔ 👂 ⇔ 🗣) ပုံစံဖြင့် Audio File များကို အပြည့်အဝ အသုံးပြုကာ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။
✅ စာအုပ်ကို ဖတ်ရုံသာမက၊ စကားပြောနှင့် အသံထွက်ကိုပါ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နိုင်သော အတန်းဖြစ်ပါတယ်။

🎯 ဒီသင်တန်း ဘယ်သူတွေအတွက်လဲ -
✅ ဂျပန်စာလုံး Hiragana / Katakana ကို ကောင်းမွန်စွာ ရေးတတ် ဖတ်တတ်သူများ။
✅ အခြေခံကျသော နေ့စဥ်စကားပြောမျကို လေယူလေသိမ်း မှန်ကန်စွာနဲ့ ပြောဆို တတ်လိုသူများ။
✅ N5 N4 လေ့လာပြီးသော်လည်း စကားမပြောရဲသောသူများ။
✅ ဂျပန်နိုင်ငံသို့ သွားရောက်ရန်ရည်ရွယ်ပြီး ဘာသာစကားကျွမ်းကျင်အောင် လေ့ကျင့်လိုသူများ။

Marugoto စာအုပ်သည် ရုပ်ပုံ/ဓာတ်ပုံများဖြင့် အရောင်အသွေးစုံလင်စွာ ထုတ်ဝေထားသောကြောင့် သင်ကြားမှု ထိရောက်စေရန် မူရင်း (သို့) ကာလာမိတ္တူ ကို အသုံးပြုရန် အကြံပြုအပ်ပါသည်။

📚 သင်တန်း 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 လေးတွေကတော့ -
📅 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐃𝐚𝐭𝐞 – ၀၈.၀၆.၂၀၂၆ (တနင်္လါ)
🗓 𝐃𝐚𝐭𝐞 – တနင်္လာမှ ကြာသအထိ။
(အစိုးရ ရုံးပိတ်ရက်များမပါ။)
⏰ 𝐓𝐢𝐦𝐞 – ည (၇)နာရီခွဲမှ ည(၉)နာရီအထိ။
⏳ 𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 – (၄)လခန့်။
👥 သင်တန်းသားဦးရေအကန့်အသတ် - (၂၀) ယောက်။
💴 သင်တန်းကြေး - ၂၅၀,၀၀၀/-
🗂 အတန်းတက်ရောက်သည့်ရာခိုင်နှုန်း ၈၀% အထက် ရှိမှသာလျှင် သင်တန်းဆင်းလက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။

✍️ ဆက်သွယ်စာရင်းပေးရန်
* ☎️ Viber ဖုန်းနံပါတ်: 09-40200-1617
* 🗺 သင်တန်းနေရာ: အခန်း (၉၀၆)၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်မှတ်တိုင် အနီး၊ ဗဟန်းမြို့နယ်။

A1 စာသင်သားတွေရဲ့ ကြိုးစားမှု့ အခြေအနေလေးတွေကို အောက်ပါ Link ကနေ လေ့လာနိုင်ပါတယ်။
https://www.facebook.com/share/v/1HFVPVsdQF/
https://www.facebook.com/share/v/1HFVPVsdQF/
https://www.facebook.com/share/v/18oeGrw86F/

#ဂျပန်စာသင်တန်း #ပညာဒါနသင်တန်း

18/05/2026

ဇန်နဝါရီလ လလယ်လောက်ကဖွင့်လှစ်ခဲ့တဲ့ တပါတ်လေးရက်၊ တစ်ရက် တစ်နာရီခွဲ၊ Marugoto A1 Katsudo ဖတ်စာအုပ် တစ်မျိုးထဲကို အသုံးပြုပြီး လေ့လာသင်ယူနေတဲ့ ဂျပန်စာ အခြေခံအတန်းလေးပါ။

ကျနော်တို့ Akafuji VTC ရဲ့ ဂျပန်စာ သင်တန်းတွေဟာ ကာလတိုနဲ့ သင်ရိုးပြီးအောင် သင်တဲ့ သင်ကြားရေး ပုံစံထက်၊ ဖတ်စာအုပ် တစ်ခုကို လေ့လာသင်ယူဖို့အတွက် လိုအပ်တဲ့ အနည်းဆုံး စာသင်ချိန်ကို ပြည့်မှီအောင် အချိန်သေသေချာချာယူပြီး သင်ကြားပြတဲ့ သင်ကြားရေးပုံစံကို ဦးစားပေးပါတယ်။

စာသင်သားဘက်က စာသာ သေချာလိုက်လုပ်ပေးဖို့ပဲ အာမခံပေးပါ။
ဂျပန်စာတတ်မြောက်ဖို့အတွက် ကျနော်တို့ Akafuji VTC ပညာရေးမိသားစုက တာဝန်ယူပါရစေ။

သင်တန်းသားများရဲ့ Privacy အရ သင်တန်းသားများကို ဤ Video အား အသုံးပြုမည်ဖြစ်ကြောင်း အသိပေးပြီးမှ ကျနော်တို့ Page တွင် တင်ပါတယ်။




Photos from Akafuji Vocational Training Center's post 12/05/2026

Association of Myanmar Japan Socio-Economic Development Cooperation အသင်းမှ ကြီးမှူးဖွင့်လှစ်သည့် -
"ဂျပန်စာအခြေခံ +N5" ပညာဒါနသင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်ခြင်းအခမ်းအနားနှင့် ပညာဒါနသင်တန်း အမှတ်စဉ်(၁) N5 သင်တန်းပြီးဆုံးကြောင်း စာမေးပွဲ (၃)ကြိမ်လုံးမှာ စာမေးပွဲရလဒ်ကောင်းတွေ ရခဲ့သော ထူးချွန်သောသင်တန်းသားများအား N4 သင်တန်း ပညာသင်ဆုပေးအပ်ခြင်း အခမ်းအနားကို မနေ့က သင်တန်းကျောင်းမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

အခုလို ကျနော်တို့ သင်တန်းကျောင်းကိုယုံကြည်စွာနဲ့ သင်တန်းအပ်နှံပေးပါသော

မြန်မာ-ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်း(AMJSEDC)အသင်းကြီးကိုလည်း ကျနော်တို့ Akafuji Vocational Training Center ပညာရေးမိသားစုမှလည်း အထူးကျေးဇူးတင်ရှိပါတယ်။
ထူးချွန်ထက်မြက်တဲ့ စာသင်သားများကို ပြုစုပျိုးထောင်နိုင်အောင်နှင့် စာသင်သားအကျိုးပြု သင်ကြားရေးဖြစ်စေရန်၊ သင်ကြားရေးပုံစံများကို ပိုမိုလေ့လာ ကျင့်သုံးသွားပါ့မယ် ခင်ဗျာ။





08/05/2026

‎​🌸 N4 မှာလည်း အောင်မြင်မှု ကို အတူတူ ဆက်ယူကြမယ်! 🌸
‎​N5 အတန်းမှာ ရလဒ်ကောင်း (Results) အမြောက်အမြား ထွက်ပေါ်ခဲ့တာဟာ Akafuji ရဲ့ စနစ်ကျတဲ့ သင်ကြားမှုနဲ့ ကျောင်းသား/သူတွေရဲ့ ကြိုးစားမှုအတွက် အကောင်းဆုံး သက်သေပါပဲ။ အခုလည်း ဒီထက်ပိုမိုမြင့်မားတဲ့ ဂျပန်စာအဆင့်တစ်ခုကို တက်လှမ်းဖို့ N4 Course ကို အဆင့်သင့် ပြင်ဆင်ပြီးပါပြီ။

‎​📚 သင်တန်းတွင် အသုံးပြုမည့် Standard ဖတ်စာအုပ်များ
‎​ထိရောက်တဲ့ လေ့လာမှုဖြစ်စေဖို့ Minna No Nihongo Shokyuu II Series ကို အဓိကထားပြီး အောက်ပါအတိုင်း သင်ကြားပေးသွားမှာပါ -
‎✅ Honsatsu (ပင်မဖတ်စာအုပ်)
‎✅ Shokyuu de Yomeru Topikku 25 (Reading စွမ်းရည်အတွက်)
‎✅ Choukai Tasuku 25 (နားထောင်မှု စွမ်းရည်အတွက်)
‎✅ Nihongo Challenge N4 Kanji (Kanji သီးသန့် လေ့လာရန်)

‎​🗓️ သင်တန်းအချက်အလက်
‎​စတင်မည့်ရက်: 25.05.2026 (တနင်္လာနေ့)
‎​အချိန်: တနင်္လာ ~ သောကြာ | နံနက် 10:00 ~ 12:00
‎​သင်တန်းကာလ: 4 လ
‎​သင်တန်းကြေး: 500,000 ကျပ် (ဖတ်စာအုပ်ဖိုးပါဝင်ပြီး)
‎​လူဦးရေ: 18 ဦးသာ (သင်ကြားမှု ထိရောက်စေရန် နေရာကန့်သတ်ထားပါသည်)


‎​🌟 ဘာကြောင့် Akafuji ကို ရွေးချယ်သင့်တာလဲ?
‎​Akafuji VTC သင်တန်းများဟာ သင်ရိုးညွှန်းတမ်းအတိုင်း တိကျရုံသာမက ဘာသာစကားကို စနစ်တကျနဲ့ လက်တွေ့အသုံးချနိုင်အောင် ထိထိရောက်ရောက် သင်ကြားပေးနေတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။

‎​🚨 လူဦးရေ အကန့်အသတ်ရှိတာမို့ အခုပဲ စာရင်းပေးသွင်းလိုက်ရအောင်!

‎​📩 စုံစမ်းမေးမြန်းရန်: Inbox (သို့မဟုတ်)
‎📞 Viber: 09-40200-1617


‎​👩‍🏫 သင်ကြားမည့် ဆရာ
‎​Walar Sensei (မို့) ကိုယ်တိုင် စနစ်တကျ သင်ကြားပေးသွားမှာဖြစ်လို့ သင်ကြားပုံနမူနာများကို အောက်ပါ Link များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
‎🔹 အခြေခံမှ စတင်လေ့လာခြင်း:
https://www.facebook.com/share/p/XxDvPxaVck97fhdw/
‎🔹 N5 သင်ခန်းစာ (၁) လေ့လာခြင်း:
https://www.facebook.com/share/p/Ur9JwGth8C56tpDb/

‎​ #မြန်မာဂျပန်စာ

05/05/2026

Marugoto A1 ညဘက် Online အတန်း။
ဒီအတန်းက အလုပ်လုပ်ရင်းနဲ့ ဂျပန်စာ လေ့လာလိုတဲ့ ညီကိုမောင်နှမများအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တဲ့ အတန်းပါ။

သင်ခန်းစာ (၁၀)ထိ သင်ယူပြီးသား စကားပြောတွေကို စာသင်သားကိုယ်တိုင် ပြောနိုင်ပြီလားဆိုတာကို စစ်ကြည့်တဲ့ mini Test လေးပါ။ ဒီတစ်ခေါက်ကတော့ အသွားအပြန် အပြန်အလှန် ပြောတာမျိုးမဟုတ်ပဲ၊ နည်းပြက မေးတဲ့ မေးခွန်းတွေကို ဖြေနိုင်လားဆိုတာကိုပဲ အဓိက ထားပြီး ကြည့်သွားတာပါ။

ဒီအတန်းရဲ့ အငယ်ဆုံး စာသင်သားက (၁၁)နှစ်၊ ဆယ်ကျော်သက်လေးတွေ (၃)ယောက်။ ဒီကလေးတွေက အတန်းထဲမှာ စာကို ဖြေနိုင်ကြတဲ့ ကလေးတွေ အမေးအဖြေလည်း လုပ်ရော စိတ်လှုပ်ရှားသွားကြလို့လား မသိ နည်းနည်းလေး နှေးတာလေးတွေ တွေလိုက်ရပါတယ်။ ဒါပေမဲ့ တော်ကြပါတယ်နော်။

ဆယ်ကျော်သက် ကလေးတွေကို -
ပြောရဲဆိုရဲ ရပ်ကွက်ထဲရောက်အောင်ရယ်၊
အသံထွက် မှန်မှန်ကန်ကန် ပြောနိုင်အောင် သင်ဖို့ ဆိုတာက တကယ့်ကို ဖန်တီးမှု့အနုပညာတစ်ခုလို့ ခံစားမိပါတယ်။

စိတ်ရှည် လက်ရှည်နဲ့ သင်ကြားပေးပါသော 𝓦𝓪𝓵𝓪𝓻 𝓈𝑒𝓃𝓃𝓈𝑒𝒾 ကိုလည်း ကျေးဇူးတင်ပါတယ်။
သင်တန်းကာလ ကြာမြင့်တာကိုလည်း ဂရုမစိုက်ပဲ တစ်နေ့စာ တစ်နေ့ လိုက်ပြီး လေ့လာသင်ယူကြပါသော စာသင်သားများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
သင်တန်းကာလ ပြီးဆုံးတဲ့အထိ ကြိုးစားပြီး လေ့လာသွားကြရအောင်နော်။

သင်တန်းသားများရဲ့ Privacy အရ သင်တန်းသားများရဲ့ ခွင့်ပြုချက်ကို ရယူပြီးမှ တင်ပါတယ်။




09/04/2026

မင်္ဂလာပါ။
မတ်လမှာဖွင့်ထားတဲ့ ညဘက် Online အတန်းလေးရဲ့ သင်ကြားမှုပုံစံလေးပါ။
Akafuji VTC သင်တန်းမှာ သင်တန်းကြာမြင့်ချိန် အရမ်းကြာတာ ဘာကြောင့်လဲ ဆိုတာကို မိတ်ဆက်ပေးခြင်လို့ပါ။ ကျွန်တော်တို့ သင်တန်းကျောင်းရဲ့ သင်ကြားရေး ပုံံစံကတော့ - ဖတ်စာအုပ်မှာပါတဲ့ အသံဖိုင်တွေကို အကြိမ်ကြိမ်နားထောင်ပြီး၊ လိုက်ပြောရတဲ့သင်ကြားရေးပုံစံကို အခြေခံပါတယ်။

သင်တန်းသားများရဲ့ Privacy အရ သင်တန်းသားများရဲ့ ခွင့် ပြုချက်ကို ရယူပြီးမှ တင်ပါတယ်။
သင်ခန်းစာ(၆)အထိ သင်ယူပြီးသား အခြေအနေလေးပါခင်ဗျာ။




#ပညာဒါန

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Room No (906), Yuzana Tower, Bahan Township
Yangon

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30