23/06/2026
၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ဇွန် ၂၇ ရက် နံနက် ၄ နာရီတွင် ထုတ်ပြန်မည်
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန်လ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောင်စာရင်းထုတ်ပြန်မည့်အချိန်တွင် result.dme.gov.mm ဝက်ဘ်ဆိုက်သို ဝင်ရောက်ကာ မိမိတို၏ ခုံအမှတ်များကို ရိုက်ထည့်၍ အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် အောင်စာရင်းများကို အဆိုပါ တရားဝင်ဝက်ဘ်ဆိုက်မှသာ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် မည်သည့် Application ကိုမျှ ထုတ်ဝေထားခြင်း မရှိကြောင်း သတိပေးထားသည်။
ထိုကြောင့် အောင်စာရင်းစစ်ဆေးလိုသူများအနေဖြင့် တရားဝင်ဝက်ဘ်ဆိုက်မှသာ ဝင်ရောက်ကြည့်ရှုကြရန်နှင့် အတုအယောင် Application များ၊ Link များအား သတိပြုကြရန် စာစစ်ဦးစီးဌာနက တိုက်တွန်းထားသည်။
16/06/2026
ပညာရေးဂရုမှာအချင်းချင်းရန်ဖြစ်နေကြပါတယ်။ မဖြစ်ကြပါနဲ့ခင်ဗျာ။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အခြေခံပညာကဏ္ဍမှာ စုပေါင်းလုပ်စားနေကြတဲ့ပညာရေးကျားဖြန့်တွေပါပဲ။ဘယ်သူမှစေတနာ နဲ့ စာသင်နေကြတာမဟုတ်ပါဘူး။စီးပွားရေးလုပ်ငန်းတခုအနေနဲ့ကျောင်းထောင်ကြ၊ စားဝတ်နေရေးအတွက် စာဝင်သင်နေကြတာပါပဲ။ အမှန်တွေပြောရင်တော့ မုန်းကြမယ်ထင်ပါတယ်။ ဆရာဝန်တွေ၊အင်္ဂျင်နီယာတွေ၊ရှေ့နေတွေ၊Ph.Dတွေ၊Master တွေ၊လုပ်ငန်းရှင်ကြီးတွေ ၊ဆရာ့ဆရာကြီးတွေက အခြေခံပညာကဏ္ဍမှာ ဝင်ပြီးလုပ်စားနေကြသလို၊ ပညာရေးဘွဲ့ရတွေ၊ဆရာဖြစ်သင်တန်းဆင်းတွေ ကလည်းအတန်းပိုင်လု၊ဘာသာရပ်လု၊ကလေးလု လုပ်ပြီး မတရားဝင်ငွေရှာကြတာက ရှက်စရာပါဗျာ။ နှစ်ဘယ်လောက်ကြာပြီလဲဒီလိုလုပ်နေခဲ့ကြတာ။ ပညာရေးအဆင့်အတန်းဘာတခုတိုးတက်ခဲ့ပါသလဲ။ ပညာရေးအမည်ခံ ပြီး ကလေးတွေကိုညာစားနေကြတာ အစိုးရဝန်ထမ်းတွေရော၊ပုဂ္ဂလိကကျောင်းတွေရော၊ဘာသာရပ်သင်ကျူရှင်တွေရော အားလုံးအတူတူပါပဲ။ငွေနောက်လိုက်ပြီးစားခွက်လုနေကြတာ မရှက်ကြဘူးလားဗျာ။ ဒါတွေလားဗျ ပညာတတ်တွေ၊ပညာရှင်တွေဆိုတာ။ အရှက်မရှိကြတဲ့သူတွေကိုပညာတတ်လို့ခေါ်သလားဗျ။
Crd
14/06/2026
၂၀၂၆ ခုနှစ် Grade 12 အောင်စာရင်း
ကြေညာရန် လုပ်ငန်းစဥ်အားလုံးပြီးစီး သော်လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ပြန်လည် စီစစ်နေခြင်းကြောင့် အောင်စာရင်းထုတ်ပြန်ကြေညာရန် ရက်အနည်းငယ် နောက်ကျနိုင်။
စနစ်ဟောင်း နဝမတန်းအောင် ၊ စနစ်ဟောင်းဒသမတန်း ရှုံး ၊ စနစ်သစ် ဧကဒသမတန်းအောင်မြင်သည့် ကျောင်းသား / ကျောင်းသူများကို Grade 12 ဝင်ရောက်ဖြေဆိုခွင့်ပြုခဲ့သော်လည်း
🔹စနစ်ဟောင်း နဝမတန်း အမှန်တကယ်အောင်မြင်ခြင်း ဟုတ် / မဟုတ်
🔹 စနစ်ဟောင်းဒသမတန်း အမှန်တကယ်ရှုံးခြင်း ဟုတ် / မဟုတ်
🔹စနစ်သစ် Grade 11 အမှန်တကယ် အောင်မြင်ခြင်း ဟုတ် / မဟုတ်
စီစစ်နေဆဲ ဖြစ်ကြောင်း။
12/06/2026
၂၀၂၇ ပညာသင်နှစ်အတွက်
(၅-၁-၂၀၂၇)ရက်နေ့တွင် ဖွင့်လှစ်မည့်
သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့်
ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်းသို့
တက်ရောက်ရန်
အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ
လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
11/06/2026
၂၅ နှစ်အောက် ၂၀၂၆ မတိုင်မီ
တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက်
သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းနဲ့
ဘက်စုံ သားဖွားဒီပလိုမာ(၂)နှစ်သင်တန်း ခေါ်စာပါ။
Crd TWO
10/06/2026
မြန်မာပြည်ရဲ့ လက်ရှိအခြေအနေက ကလေးတွေနဲ့ ကလေးကြီးတွေကို လူကြီးမပါဘဲ လွှတ်ထားလို့ လုံးဝ မသင့်လျော်ပါဘူးနော် ။ မရပါဘူး။
ဟိုနား ဒီနားလည်း မရပါဘူး။ နီးနီးနားနားလည်း မရပါဘူး။ လမ်းထိပ်တင်ပဲဆိုလည်း မရပါဘူး။ ရပ်ကွက်ထဲပဲဆိုလည်း မရပါဘူး။ အသိနဲ့ လွှတ်တာပဲဆိုလည်း မရပါဘူး။ စိတ်မချရပါဘူး။ ဖြစ်ပြီးမှဆို ဘာမှ မတတ်နိုင်တော့ပါဘူး။ လုံးဝ မပေါ့ဘဲ မျက်စိဒေါက်ထောက် ကြည့်ပြီး ကလေးတွေကို ထားမှ တန်ခါကျနေတဲ့ ခေတ်ကာလ အချိန်အခါကြီး ရောက်နေတာပါ။
အခု ဖြစ်သွားတဲ့ မြောက်ဒဂုံက ၁၃နှစ် သားလေး ကိစ္စဆိုလည်း ကလေးက ညနေ ၄နာရီခွဲ ကျောင်းကနေ အိမ်ပြန်ရောက်တယ်။ ပြီးတော့ လမ်းထိပ်ဆိုပြီး ပြန်ထွက်တယ်။ သတင်းလိုက်တော့ လမ်းထိပ် သူငယ်ချင်းအိမ်ကနေ ညနေ ၅နာရီလောက်မှာ ပြန်ထွက်သွားတယ်လို့ တွေ့တယ်။ လိုက်မကြည့်အားသေးလို့ ကိုယ်တွေ့ထားသလောက်က သည်လောက်ပဲ။
DB အဖြစ်နဲ့ ပြန်တွေ့တော့လည်း ရပ်ကွက်ထဲက ရေကန်မှာလို့ပဲ တွေ့တယ်။ ဘယ်မှ ဝေးဝေးလံလံ မဟုတ်သလို၊ ဘယ်လောက်မှလည်း မကြာတဲ့ အချိန်အတွင်း ဖြစ်သွားတာ။ ကလေး အမေကလည်း နိုင်ငံခြားမှာလို့ တွေ့တယ်။ ဒါက ကလေးနဲ့ အတူနေရတဲ့ အဒေါ်ကို အပြစ်ပြောတာလည်း မဟုတ်ဘူး။ ဖြစ်တတ်ကြတယ် ၊ လွတ်တတ်ကြတယ်။ ဒါကြောင့် ဘယ်လောက်နေနေ မပေါ့ကြဖို့ ပြောနေတာ။
ကိုယ်တွေလည်း သားသမီး ရှိတာပဲ။ ခုချိန်ထိ ကိုယ်မပါတဲ့ ဘယ်လောက် နီးနီး နေရာကိုမှ ဘယ်သူနဲ့မှ မလွှတ်ဘူး။ ကိုယ့်လောက် ဘယ်သူမှ ကလေးအပေါ် ထောင့်စေ့နိုင်မယ်၊ အန္တရာယ် နဲ့ ဟာကွက်တွေကို ကြိုမြင်နိုင်မယ် မထင်လို့။
ကလေး ကျောင်းက ပြန်လာတာနဲ့ အထုပ်ချပြီး ပထမဆုံး ပြောတာ စာရ မရ ကိစ္စ မဟုတ်ဘူး။ ကျောင်းမှာ ဖြစ်ခဲ့သမျှ အကုန် စကားထိုင်ပြောကြတယ်။ မူကြိုကတည်းကနေ ခုအရွယ်ထိ အမြဲပြောကြတယ်။ သိချင်လို့၊ ကိုယ်မရှိတဲ့ ကာလနောက်ကွယ်မှာ ကလေးက ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ၊ ပေါင်းနေတာ ဘယ်လို လူတွေလဲ၊ ဘာကိစ္စတွေ ဖြစ်ခဲ့လဲ အမြဲ သိနေချင်လို့။ အဲလိုအကြောင်းတွေကို နေ့တိုင်း အချိန် တစ်ခုထားပြီး ရအောင် ပြောကြတယ်။ ကိုယ်ရည်သွေးတာလည်း မဟုတ်ဘူးနော်။ ဘေးကင်းလုံခြုံဖို့က ပထမဦးစားပေးမို့။
အခုဆို ရန်ကုန်မှာက အရင်နဲ့လည်း လုံးဝ မတူတော့ဘူး။ လူအရမ်းစုံတယ်၊ လူအဝင်အထွက် အရမ်းများတယ်။ ဝင်လာကြတာကလည်း မြန်မာပြည် ဒေသအစုံက လူတွေ။ တိုင်းပြည်ကလည်း အလွန်ကြပ်တည်းနေတယ်။ ကိုယ်က မှားမှား မှန်မှန် စကားတွေလည်း မှားလို့မရဘူး၊ ရန်မများအောင် ကြည့်နေ ကြည့်စားနေကြရတယ်။ အဘက်ဘက်ကပဲ။ ကိုယ့်လုံခြုံရေး၊ ကိုယ့်ကလေးတွေ လုံခြုံရေးထက် အရေးကြီးတာ ခုကာလ ဘာမှ မရှိဘူး။ ပညာရေးတောင် လုံခြုံဘေးကင်းရေးနောက်မှ ကပ်လိုက်လာတာ။
ကိုယ့်သားကိုဆို တိုင်းပြည်ရဲ့ အနေအထားတွေကို သေသေချာချာ ပြောပြထားတယ်။ လက်ရှိအခင်းအကျင်းရဲ့ ရှုပ်ထွေးနေတဲ့ လူပေါင်းစုံတွေအကြောင်းကို လူတန်းစား အလွှာအလိုက် ပြောပြထားတယ်။ သွားသွား စားစား၊ ပြောပြော နေနေ ဘာလုပ်လုပ် သတိလေးနဲ့ ဆင်ခြင်တတ်အောင်လို့။ နောက်ပြီး ကိုယ် ဘယ်လောက် ခွင့်မပြုပါစေ ကလေးတွေက အချိန်တန်လာရင် သူတို့ဟာသူတို့ သွားချင် လာချင်တတ်တဲ့ အရွယ်က ရောက်လာမှာပဲ။ ငယ်သေးရင် ပထမ အိမ်ရှေ့က လမ်းပေါ် ထွက်ဆော့ချင်မယ်။ နည်းနည်း ကြီးလာရင် တစ်လမ်းလုံး တောက်လျှောက် ဟိုဘက်ထိပ် ဒီဘက်ထိပ်ထိ ခြေဆန့်ချင်လာမယ်။ နောက်တော့ ရပ်ကွက်ကျော်ချင်လာမယ်၊ နောက်တော့ နောက်တော့ တဖြေးဖြေး သူ့ဟာသူ သွားချင်တဲ့ အကွာအဝေးက ဝေးဝေးလာမှာပဲ။ ခုလို ပြောပြထားတော့ ကလေးက အနေအထားတွေ သိနေပြီး Safe မဖြစ်တာကို ကိုယ်မပြောလည်း သူ့ဟာသူ သိလာတယ်။ တော်ရုံ သူ့ဟာသူ ဆင်ခြင် သတိထားတတ်လာတယ်။ ဒီလို ဖြစ်အောင်ကို ကိုယ်ကလည်း လုပ်ပေးထားတာ။
နီးနီးနားနားလည်း မလွှတ်ကြပါနဲ့။
ဖြစ်ရင် ဘာမှ မတတ်နိုင်တော့လို့ပါ။
အရမ်း ရင်နာစရာ ၊ ကြေကွဲ ဝမ်းနည်းစရာ ကောင်းလွန်းပါတယ်။
09/06/2026
အသိပေးကြေညာချက်
အကြောင်းအရာ။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများနှင့်ပတ်သက်၍ မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုများအား သတိပြုရှောင်ကြဉ်နိုင်ပါရန် အသိပေးခြင်း။
၁။ လတ်တလောကာလတွင် အများပြည်သူ၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအပေါ် စိတ်ပါဝင်စားမှု မြင့်မားခြင်းကို အခွင့်ကောင်းယူ၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် "အောင်စာရင်းနှင့် အမှတ်စာရင်းများကို ကြိုတင်ကြည့်ရှုပေးမည်" ဟူသော ဆွဲဆောင်မှုများဖြင့် အခကြေးငွေ လိမ်လည်တောင်းခံနေသည့် မသမာသူများကို တွေ့ရှိရပါသည်။
၂။ ၎င်းမသမာသူများသည် အစပိုင်းတွင် "ပညာဒါနအဖြစ် အခမဲ့ကြည့်ရှုပေးမည်" ဟုဆိုကာ ဆွဲဆောင်ပြီး စာမေးပွဲဖြေဆိုသူများ၏ ခုံအမှတ်များကို ရယူကြပါသည်။ ထို့နောက် ခုံအမှတ်လာရောက်မေးမြန်းသူများအား "စာမေးပွဲကျရှုံးသဖြင့် ငွေပေးပါက အောင်မြင်အောင် ဆောင်ရွက်ပေးမည်" သို့မဟုတ် "ဂုဏ်ထူးရရှိအောင် လိုက်လံဆောင်ရွက်ပေးမည်" ဟုဆိုကာ ငွေကြေးများ လိမ်လည်တောင်းခံလေ့ရှိပါသည်။ ထို့ပြင် ပိုမိုဆိုးရွားသော လိမ်လည်သူများသည် လူမှုကွန်ရက်အကောင့်တု ၃၊ ၄ ခုခန့်ကို စနစ်တကျအသုံးပြုကာ မူရင်းလိမ်လည်မည့်အကောင့်ကို တိုက်ရိုက်မကြော်ငြာဘဲ အခြားအကောင့်တစ်ခုမှ "မိမိအမျိုးအဆွေများ၏ အောင်စာရင်းကို ကြည့်ရှုပေးသည့် ဆရာဖြစ်ကြောင်း" လမ်းညွှန်အယုံသွင်း၍ အဆင့်ဆင့် လိမ်လည်လှည့်ဖြားလျက်ရှိပါသည်။
၃။ ဤကဲ့သို့ အောင်စာရင်းကိုအကြောင်းပြု၍ လိမ်လည်မှုများသည် နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး စာမေးပွဲဖြေဆိုသူများနှင့် မိဘများသည်လည်း နှစ်စဉ်အသစ်ဖြစ်သဖြင့် မသိနားမလည်မှုများကြောင့် အလိမ်ခံရခြင်းမှ ကာကွယ်နိုင်ရန် နှစ်စဉ် သတိပေးနှိုးဆော်ရခြင်းဖြစ်ပါသည်။ "အောင်စာရင်းများကို မြန်မြန်ထုတ်ပြန်ပေးရန်" မှတ်ချက်ပြုတောင်းဆိုမှုများရှိသည်ကိုလည်း မိဘပြည်သူများနည်းတူ ဌာနအနေဖြင့် သိရှိနားလည်ပါသည်။ ဤဌာနအနေဖြင့်လည်း အောင်စာရင်းနှင့်ပတ်သက်သည့် ကြီးလေးသောတာဝန်များကို သယ်ပိုးထားရခြင်းဖြစ်၍ အခြားသူများထက် အောင်စာရင်းကို အမြန်ဆုံး ကြေညာပေးလိုပါသည်။ သို့ရာတွင် စာမေးပွဲအောင်စာရင်းလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တိကျမှန်ကန်စွာ ဆောင်ရွက်ရသဖြင့် လိုအပ်သည့်အချိန်ကို ရယူဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ အောင်စာရင်းထုတ်ပြန်ရန် အသင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် အကြောင်းမဲ့ ထိန်းသိမ်းထားခြင်းမရှိဘဲ နှစ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိပါသည်။
၄။ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်ရေးအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် တရားဝင်ဝက်ဘ်ဆိုက် (Official Website) များကို အသုံးပြု၍သာ ထုတ်ပြန်ကြေညာပေးလျက်ရှိပါသည်။ စာစစ်ဌာနအလိုက် အောင်စာရင်းဖိုင်များကို ဒေါင်းလုဒ်ရယူကြည့်ရှုနိုင်သည့် စနစ်အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစတင်ကာ မိမိတို့၏ ခုံအမှတ်ကို ရိုက်ထည့်၍ တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်သော ဝက်ဘ်ဆိုက်စနစ်သစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ ဤကဲ့သို့ တရားဝင်ဝက်ဘ်ဆိုက်များမှတစ်ဆင့် ကြေညာပေးခြင်းမှအပ ဌာနအနေဖြင့် မည်သည့်အောင်စာရင်းကြည့် Application ကိုမျှ ထုတ်ဝေထားခြင်း မရှိပါ။ လက်ရှိတွင် အောင်စာရင်းကြည့်ရှုနိုင်သည်ဟု ဆိုကာ ပျံ့နှံ့နေသော Application များအားလုံးသည် ပြင်ပမှ အလွတ်သဘောရေးဆွဲထားသော App များသာဖြစ်ပြီး အချက်အလက် တိကျမှန်ကန်စွာ ကြည့်ရှုနိုင်ခြင်း ရှိ/မရှိအတွက် အာမခံချက် လုံးဝမရှိသည့်အပြင် မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုဆိုင်ရာ ဘေးအန္တရာယ်များ ရှိနိုင်သဖြင့် အထူးသတိပြုဆင်ခြင်ကြရန် လိုအပ်ပါသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင်လည်း မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်မည့်စနစ်ကို https://result.dme.gov.mm ဝက်ဘ်ဆိုက်တွင် လွှင့်တင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၅။ အထူးသတိပြုရန်မှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအရ အများပြည်သူသို့ တရားဝင်တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခြင်းမပြုမီ အောင်စာရင်းများ ကြိုတင်ပေါက်ကြားရန် လုံးဝ(လုံးဝ) ဖြစ်နိုင်ခြေမရှိပါ။ သို့ဖြစ်ပါ၍ "အောင်စာရင်း ကြိုတင်ကြည့်ရှုပေးမည်" ဟူသော ပြောဆိုချက်များသည် ရာနှုန်းပြည့် လိမ်လည်လှည့်ဖြားခြင်းသာ ဖြစ်ကြောင်း မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးသတိပြုကြပါရန်နှင့် မိမိတို့၏ အယုံလွယ်မှုကြောင့် မသမာသူများ၏ လိမ်လည်မှုများတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး မိမိကိုယ်တိုင် သတိပြုဆင်ခြင် စောင့်ကြည့်ကြပါရန် လေးနက်စွာ အသိပေးနှိုးဆော်အပ်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
📌၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်းမရှိသေးပါ။
07/06/2026
📢 ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း နှင့် ဆုချီးမြှင့်ပွဲ အစီအစဉ်
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စိုက်စက်မွေး တက္ကသိုလ်ဝင်စာမေးပွဲများ၏ အောင်စာရင်းများ ထုတ်ပြန်ပြီးပါက ရိုးရိုးအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသူများအား ဆုချီးမြှင့်နိုင်ရန် အစီအစဉ်တစ်ရပ်ကို စီစဉ်ထားရှိပါသည်။
အထူးသဖြင့် ပညာရေးဝန်ထမ်းများ၏ သားသမီးများ (လက်ရှိတာဝန်ထမ်းဆောင်ဆဲ၊ သက်ပြည့်အငြိမ်းစားနှင့် ကွယ်လွန်သူများ၏ သားသမီးများ) ကိုလည်း ထည့်သွင်းဂုဏ်ပြုချီးမြှင့်မည် ဖြစ်ပါသည်။
မကြာမီတွင် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။အောင်စာရင်း ထွက်ရှိမည့်ရက် နီးကပ်လာသဖြင့် ကျောင်းသားကျောင်းသူများအကြား ရင်ခုန်စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေပါသည်။
အောင်စာရင်းကို ကြည့်ရှုရန် နည်းလမ်းများကိုလည်း အောက်ပါအတိုင်း သိရှိနိုင်ပါသည်။
မိမိဖြေဆိုခဲ့သော သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ကပ်ထားပေးမည်ဖြစ်ပြီး
ဝေးလံခေါင်ဖျားဒေသများအတွက် ရေဒီယိုမှတဆင့် ထုတ်လွှင့်ပေးမည် ဖြစ်ပါသည်။
အွန်လိုင်းမှ ကြည့်ရှုလိုသူများအတွက်
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website နှင့်
ပညာရေးဝန်ကြီးဌာန Website များမှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ပညာရေးဝန်ကြီးဌာန (Ministry of Education)https://www.moe.gov.mm မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (Department of Myanmar Examinations) https://www.myanmarexam.org
အွန်လိုင်းကြည့်ရှုရာတွင် လူအသုံးများခြင်းကြောင့် ဝင်ရောက်မရခြင်း၊ Error ဖြစ်ခြင်းများ ဖြစ်နိုင်ပါသည်။ ထိုအခါ စိတ်အေးအေးထားပြီး အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။
အင်တာနက်လိုင်းကို ခေတ္တပိတ်ပြီး ပြန်ဖွင့်ပါ
လိုင်းအခြေအနေကို စစ်ဆေးပါVPN များကို ပိတ်ထားပါDirect link မဝင်ပါက Main Website သို့ ဝင်ပါ Menu မှတဆင့် EXAM RESULTS ကို ရွေးပါ
2026 ကို နှိပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်၊ ကျောင်းများကို ရွေးချယ်ပါ
Download ကိုနှိပ်ပြီး ခုံနံပါတ်ဖြင့် ရှာဖွေကြည့်ရှုနိုင်ပါသည်
📌 Telegram Channel မှတဆင့်လည်း အောင်စာရင်းများကို ကြည့်ရှုနိုင်ပါသည်
👉 https://t.me/matriculation_exam2026
Facebook တွင်ကြည့်ရှူရန်အတွက် အောက်ပါ Page ကို Follow လုပ်ထားနိုင်ပါသည်။ Education Palace Community High School
မှတ်ချက်။ ။ ယခု Lucky Omar 4U Page တွင် အောင်စာရင်းမတင်ပါဘူး။
www.moe.gov.mm
02/06/2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်
GRADE-10, GRADE-11 & GRADE-12 အတန်းများ စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ
👨🏫👩🏫 သင်ကြားရေး အတွေ့အကြုံပြည့်၀သော ဝါရင့်ဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် အနီးကပ်သင်ကြားပေးသော ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းဖြစ်ပါသည်။
🏠🏠 နယ်ဝေး ကျောင်းသား၊ ကျောင်းသူများအတွက် ဘော်ဒါဆောင်စီစဉ်ထားရှိပေးပါသည်။
💵 ကျောင်းလ-ခ သင့်တင့်ပြီး လစဉ်သွင်းစနစ်ဖြင့် လက်ခံပေးပါသည်။
🚨🚨 သင်ကြားရေး/သင်ယူမှု ထိရောက်မှုရှိစေရန် ကျောင်းသားဦးရေ ကန့်သတ် လက်ခံပါသဖြင့် အချိန်မီ စာရင်းပေးသွင်းအပ်နှံရန် လိုအပ်ပါသည်။
နေ့တတ်သင်တန်းချိန် (G-12)
နံနက် 9 နာရီ မှ နေ့လည် ၁နာရီထိ တစ်ပတ်(၆)ရက် တက်ရမည်။
၀င်ကြေး - 30000 ကျပ်
သင်တန်းကြေး - 120000 ကျပ်)
အလုပ်တစ်ဖက်ဖြင့် G-12 ဖြေမည့်သူများ
ညနေ့ 6:00 နာရီ မှ 9:00 နာရီထိ တစ်ပတ်(၆)ရက် တက်ရမည်။
၀င်ကြေး - 20000 ကျပ်
သင်တန်းကြေး - 80000 ကျပ်)
သင်တန်းတည်နေရာ
အမှတ်(၆၁၄),သီရိမြိုင်လမ်းမ၊(၁၃)ရပ်ကွက်၊ လှိုင်မြို့နယ်။ရန်ကုန်တိုင်း
နေ့တတ်ဘော်ဒါနှင့် ဘော်ဒါတတ်
ရောက်လိုသူများ သီးသန့်စုံစမ်းပေးပါရန်
စုံစမ်းရန်
ဆရာရဲလေး(i-SEC)
09-453200004/ 09-450581455/
09-730 27593/ 09-695500030
31/05/2026
🚨ထပ်မံ အသိပေးအပ်ပါတယ်...🚨
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမည့် မိဘပြည်သူများအနေဖြင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံမည်ဆိုပါက ပညာရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရရှိထားသော ကိုယ်ပိုင်ကျောင်းများတွင်သာ ကျောင်းအပ်နှံကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်မရှိသော ကျောင်းများနှင့် ဖွင့်လှစ်ရန်လျှောက်ထားဆဲ ကျောင်းများ တွင် ကျောင်းအပ်နှံမိပါက နောင်တစ်ချိန်တွင် စာမေးပွဲဖြေဆိုခွင့်ရရှိခြင်း၊ အတန်းကူးပြောင်းခွင့်ရရှိခြင်း၊စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပါသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများ ပညာသင်ကြားရေး အဆင်ပြေချောမွေ့စေရန်အတွက် တရားဝင်ခွင့်ပြုထားသောကျောင်းများဖြစ်ကြောင်း သေခြာအောင် စိစစ်ပြီးမှသာ
ကျောင်းအပ်နှံကြပါရန်
အလေးအနက် အသိပေးအပ်ပါသည်။