Myanmar Tourism Human Resources Development Association

Myanmar Tourism Human Resources Development Association

Share

MTHRDA Leading Association for National Skills Framework & ASEAN Tourism Professional Recognition System on MRA-TP

Photos from Myanmar Tourism Human Resources Development Association's post 08/06/2026

🇹🇭ထိုင်းနိုင်ငံ Bangkok မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် The Future Culinary of ASEAN ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ်ဖိတ်ကြားခံခဲ့ရသော ဆရာဦးခိုင်ဝင်း (Chef Lu Lu) ၏ ခရီးစဥ်မှတ်တမ်း📷

Ministry of Hotels, Tourism and Culture (MOHTC) စီစဥ်ပေးမှုနှင့် Myanmar Tourism Human Resources Development Association (MTHRDA) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ Bangkok မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Future Cuisine of ASEAN ပွဲသို့ အသင်းဝင်ကျောင်းတစ်ကျောင်း ဖြစ်သည့် AIE College မှ ဆရာဦးခိုင်ဝင်း (Chef Lu Lu) က မြန်မာနိုင်ငံကိုယ်စားပြု Chef အဖြစ် တက်ရောက်ခဲ့ပါသည်။ 👩‍🍳

အဆိုပါပွဲကို မေလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ASEAN နိုင်ငံအသီးသီးမှ ရွေးချယ်ဖိတ်ကြားထားသည့် Chef များနှင့်အတူ အစားအသောက်နှင့် အချက်အပြုတ်ကဏ္ဍဆိုင်ရာ နောက်ဆုံးပေါ် နည်းပညာများနှင့် အတွေ့အကြုံများကို ဖလှယ်လေ့လာခြင်း၊ Farm to Table Concept အပေါ် အခြေခံ၍ ဒေသထွက်ကုန်ကြမ်းများ (Localized Ingredients) ကို အသုံးပြုကာ ဆန်းသစ်သော ဟင်းလျာများ ဖန်တီးခြင်း၊ Gastronomy Workshop များ တက်ရောက်ခြင်း၊ နိုင်ငံတကာ Chef များနှင့် အသိပညာဖလှယ်ခြင်း၊ Culinary Demonstration များလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

Chef Lu Lu အနေဖြင့်လည်း မြန်မာနိုင်ငံကိုယ်စားပြု Chef တစ်ဦးအဖြစ် မြန်မာ့ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များ နှင့် ရိုးရာအစားအစာ ယဉ်ကျေးမှုများကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး Local Herbs များကို အသုံးပြုထားသည့် ဟင်းလျာများအား လက်တွေ့ချက်ပြုတ်သရုပ်ပြကာ မြန်မာ့အစားအစာ၏ ထူးခြားမှုနှင့် အလားအလာများကို ASEAN Chef များထံ မျှဝေတင်ဆက်နိုင်ခဲ့ပါသည်။

MTHRDA အနေဖြင့်လည်း ယခုကဲ့သို့ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့သည့် Chef Lu Lu အား လေးစားဂုဏ်ပြုအပ်ပါကြောင်းနှင့် အနာဂတ်တွင်လည်း နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ပါသည်။

လေးစားစွာဖြင့်🙏

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
Myanmar Tourism Human Resource Development Association (MTHRDA)

☎️ 09 785711615
📍 No. 4, Corner of Merchant Rd. & Sandaku Rd., 3 Ward, Botahtaung Tsp., Yangon

Photos from Myanmar Tourism Human Resources Development Association's post 22/05/2026

🍴🌟 MTHRDA နှင့် Silver Sea Company Limited ပူးပေါင်းဆောင်ရွက်မှု – Food & Beverage / HORECA Myanmar 2026 Exhibition 🇲🇲

မြန်မာနိုင်ငံ ခရီးသွားနှင့် ဟိုတယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MTHRDA) သည် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ Yangon Convention Center, Inya Lake Hotel တွင် ကျင်းပမည့် Food & Beverage / HORECA Myanmar 2026 Exhibition အတွက် Silver Sea Company Limited နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အဆိုပါ Exhibition အား နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ပြီး၊ MTHRDA နှင့် Silver Sea Company Limited တို့ ပူးပေါင်း၍ အောက်ပါအစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည် –
✅Hospitality Industry Program များ – Hospitality ဆိုင်ရာ ပြပွဲပြိုင်ပွဲများ, Talk Show များ, Job Opportunity Interview Program များ, Job & Education Consultancy Program များကို ထည့်သွင်းကျင်းပခြင်း
✅ပြပွဲနှင့် လက်တွေ့ပြသမှုများ – Food & Beverage, Restaurant, Café, Catering နယ်ပယ်များအတွက် နိုင်ငံတွင်း နောက်ဆုံးပေါ်နည်းပညာများ, အရည်အသွေးမြင့် စားသောက်ကုန်များ, စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာများကို ပြသခြင်း
✅ပညာပေးအစီအစဉ်များ – Hospitality Industry နှင့် သက်ဆိုင်သော လေ့ကျင့်မှုများ၊ နည်းပညာအသုံးချမှုများနှင့် သင်တန်းကျောင်းများအတွက် လေ့လာမှုအတွေ့အကြုံများ

ဤပွဲအတွက် MTHRDA အဖွဲ့ဝင်များအနေဖြင့် နယ်ပယ်ဆိုင်ရာ နောက်ဆုံးပေါ်နည်းပညာ, အတွေ့အကြုံ မျှဝေမှုနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်မှု အထူးအခွင့်အလမ်းများ ကို ရရှိနိုင်မည်ဖြစ်ပြီး၊ နိုင်ငံအတွင်းအဆင့်မြင့် Hospitality & Food & Beverage စက်မှုနယ်ပယ်များအတွက် အသစ်များနှင့် လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

📌 Event Details:

နေ့စွဲ – ဇွန် ၂၆–၂၈၊ ၂၀၂၆
အချိန် – 9:00 AM – 5:00 PM
နေရာ – Yangon Convention Center, Inya Lake Hotel

“🍽️ Hospitality ဆိုင်ရာ အခွင့်အလမ်းတွေကို လက်လွှတ်မခံဖို့ HoReCa 2026 ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🏨✨”

Photos from Myanmar Tourism Human Resources Development Association's post 19/05/2026

🇳🇮✨ 𝗡𝗶𝗰𝗮𝗿𝗮𝗴𝘂𝗮 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗮𝘆 & 𝗖𝘂𝗹𝘁𝘂𝗿𝗲 𝗦𝗲𝗺𝗶𝗻𝗮𝗿 𝟮𝟬𝟮𝟲 ✨🇳🇮

📅 ၂၀၂၆ ခုနှစ် မေ ၁၈ ရက်နေ့တွင် Nicaragua National Day & Culture Seminar ကို Shwe Hinthar Condo တွင် ကျင်းပခဲ့ပြီး Nicaragua သံအမတ် Mr. Segundo Martin Calero Escorcia မှ Mr. Sandino အား National Hero အနေနဲ့ မွေးနေ့ကိုဂုဏ်ပြုခြင်း၊ နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် အထင်ကရအကျင့်များကို MTHRDA အဖွဲ့ဝင် နှင့် အသင်းဝင်ကျောင်းများမှ နည်းပြများနှင့် ကျောင်းသားကျောင်းသူများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

Seminar အတွင်း ပါဝင်သူများသည် Nicaragua ၏ အမျိုးသားရေး၊ ယဉ်ကျေးမှု၊ သမိုင်းအကျင့်များအကြောင်းကို လေ့လာနိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံများ ရရှိခဲ့ပါသည်။

👏MTHRDA အနေဖြင့် Mr. Segundo Martin Calero Escorcia အား အချိန်၊ အသိပညာနှင့် Insight များကို မျှဝေခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။ ထို့အပြင် Seminar တွင် တက်ရောက်ပါဝင်ခဲ့ကြသူများအားလုံးကိုလည်း ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်ရှင်။ ✨

လေးစားစွာဖြင့်🙏

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
Myanmar Tourism Human Resource Development Association (MTHRDA)

☎️ 09 785711615
📍 No. 4, Corner of Merchant Rd. & Sandaku Rd., 3 Ward, Botahtaung Tsp., Yangon

Photos from Myanmar Tourism Human Resources Development Association's post 16/05/2026

🌎 𝐌𝐓𝐇𝐑𝐃𝐀 နှင့် 𝐍𝐢𝐜𝐚𝐫𝐚𝐠𝐮𝐚 သံအမတ် တွေ့ဆုံပွဲ 🇳🇮✨

May 14, 2026 🌿 Monsoon Restaurant တွင် MTHRDA meet Nicaragua Ambassador အစည်းအဝေး အောင်မြင်စွာ ကျင်းပခဲ့ပြီး အဖွဲ့ဝင်များအတွက် အောက်ပါအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည် –

၁။ သံအမတ်ကြီးမှ Nicaragua နိုင်ငံအကြောင်းမိတ်ဆက်နှင့် MTHRDA နှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှုများ ရှင်းလင်းပြောကြားခြင်း
၂။ MTHRDA မှ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သောအခွင့်အလမ်းများ ရှင်းလင်းတင်ပြခြင်း
၃။ Myanmar Tourism HR Development အတွက် အကျိုးရှိနိုင်မည့် အကြောင်းအရာများ အမြင်များကို ဆွေးနွေးတင်ပြဖလှယ်ခြင်းများကို ပြုလုပ်ပေးခဲ့ပါသည်။

သံအမတ်ကြီးမှလည်း အသင်းဝင်ကျောင်းများမှ ကျောင်းသားကျောင်းသူများကို အောက်ဖော််််ါ ပြပပCulture Exchange အစီအစဥ်တစ်ခု ကျင်းပစီစဥ်‌ ဖိတ်ခေါ် ခဲ့ပါသည်။

Culture Exchange and National Hero Event

1️⃣ သံအမတ်၏ ဖွင့်ပွဲနှင့် မိန့်ခွန်း
2️⃣ Nicaragua ၏ အတိုချုပ်သမိုင်း၊ Sandino (National Hero) နှင့် သူ၏ မွေးနေ့ (May 18) အကြောင်း
3️⃣ ပြည်တွင်းလွတ်လပ်ရေးတော်လှန်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ
4️⃣ နိုင်ငံ၏ သဘာဝအလှ၊ မြို့ပြ၊ ယဉ်ကျေးမှုဗီဒီယိုပြသခြင်း
5️⃣ ယဉ်ကျေးမှု၊ ရိုးရာစွမ်းရည်နှင့် ခရီးသွားရာများ မျှဝေခြင်း
6️⃣ ရိုးရာအစားအသောက် စမ်းသပ်ခြင်းနှင့် သံအမတ်နှင့် မေးမြန်း-ဖြေကြားခြင်း
7️⃣ ပွဲအပြီး နိဂုံးချုပ်ခြင်း

💡 Special Info
📅 May 18, 2026 တွင် Nicaragua National Day & Culture Seminar ကို Shwe Hinthar Hotel တွင် ကျင်းပမည်ဖြစ်ပြီး Sandino အား National Hero အနေနဲ့ ဂုဏ်ပြုခြင်း၊ နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းအကျင့်များကို MTHRDA အသင်းဝင်ကျောင်းများနှင့် ကျောင်းသား/သူများ တက်ရောက်လေ့လာနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်။

📌 Students & Schools, don’t miss this unique cultural experience!

Photos from Myanmar Tourism Human Resources Development Association's post 14/05/2026

✨MTHRDA အသင်းဝင်ကျောင်းများထံ Campus Visit အစီအစဉ်မှတဆင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ခြင်း ✨

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MTHRDA) မှ President, Vice-President များနှင့် CEC ၊ EC အဖွဲ့ဝင်များသည် အသင်းဝင်ကျောင်းများဖြစ်သော
🏩 Lotus School of Hospitality
🏩YGE Company Limited - Total Hospitality Solution
🏩 MHTI - M Hospitality & Tourism Institute
🏩 International Five Star Hospitality Management Institute
🏩 Star International College
🏩 MAHA - Maritime & Hospitality Academy
တို့သို့ Campus Visit အစီအစဉ်များဖြင့် သွားရောက်လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အဆိုပါ Campus Visit များတွင် သင်ကြားရေးပတ်ဝန်းကျင်များ၊ Practical Training Facilities များ၊ Classroom များနှင့် Hospitality Training ဆိုင်ရာ လက်တွေ့သင်ကြားမှုအစီအစဉ်များအား လေ့လာကြည့်ရှုခဲ့ကြပြီး ကျောင်းများ၏ သင်ကြားမှုအရည်အသွေးမြှင့်တင်ရေး၊ Industry Standard နှင့်ကိုက်ညီသော Training Program များ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အကြံပြုမှာကြားမှုများ ပြုလုပ်ခဲ့ကြပါသည်။

ထို့အပြင် MTHRDA အသင်းဝင်အဖြစ် အသိအမှတ်ပြု Certificate များကိုလည်း တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ပြီး Hospitality & Tourism Sector အတွက် ကျွမ်းကျင်လူငယ်များ ပိုမိုမွေးထုတ်နိုင်ရေး၊ Industry Collaboration များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ASEAN Standard များနှင့်အညီ Training Program များ ဆက်လက်ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

MTHRDA အနေဖြင့် အသင်းဝင်ကျောင်းများနှင့် ပူးပေါင်းကာ Hospitality & Tourism ဆိုင်ရာ သင်တန်းများ၏ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်အားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး Industry Needs နှင့်ကိုက်ညီသော Skilled Workforce များ ဖွံ့ဖြိုးလာစေရေးအတွက် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လေးစားစွာဖြင့်🙏

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
Myanmar Tourism Human Resource Development Association (MTHRDA)

☎️ 09 785711615
📍 No. 4, Corner of Merchant Rd. & Sandaku Rd., 3 Ward, Botahtaung Tsp., Yangon

11/04/2026
Photos from Myanmar Tourism Human Resources Development Association's post 12/03/2026

📢 MOU Signing Ceremony Announcement of MTHRDA & Silver Sea Company Limited ✍️

၂၀၂၆ ခုနှစ် ဇွန်လ (၂၆) ရက်မှ (၂၈) ရက်နေ့အထိ Yangon Convention Center တွင် ကျင်းပမည့် Food & Beverage / HORECA Myanmar 2026 Exhibition အတွက် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် MOU Signing Ceremony ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။

Myanmar Tourism Human Resource Development Association (MTHRDA) နှင့် Silver Sea Company Limited တို့သည် Food & Beverage / HORECA Myanmar 2026 Event ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် Hospitality Industry ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းမြှင့်တင်ရန် အတွက် Memorandum of Understanding (MOU) ကို လက်မှတ်ရေးထိုးခြင်းဖြစ်ပါသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုသည်
🍽️ Hospitality Industry မှ
🍷 Food & Beverage Sector နှင့်
🏨 Hotel, Restaurant & Catering (HORECA) Industry
တို့အတွက် အရေးပါသော networking platform တစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားပြီး နိုင်ငံတွင်းနှင့် နိုင်ငံတကာ လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းအသစ်များ အတူတကွဖန်တီးနိုင်ရေး ဖြစ်ပါသည်။

📍 Venue – Yangon Convention Center
📅 Date – 26 – 28 June 2026

ပြပွဲသို့ Hospitality Industry ၏ Food & Beverage လုပ်ငန်းများ မှ စီးပွါးရေးလုပ်ငန်းရှင်များနှင့် Hospitality နှင့်ပတ်သတ်သော ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရယူလိုသော လူငယ်များအားလုံးပါဝင်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။





10/02/2026

MRTV News
Myanmar Tourism and Hospitality Summit 2026

Photos from Myanmar Tourism Human Resources Development Association's post 10/02/2026

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လူမှုစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အသင်း (MTHRDA) နှင့် AMITY Global Institute၊ ABE UK၊ မြန်မာပုဂ္ဂလိက အသက်မွေးပညာအသင်း (MPTA-TVET)၊ HT Education တို့အကြား MOU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်ရှင်။
အဆိုပါ MOU လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် Summit Park View Hotel ရှိ ပင်းယခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အခုလို လက်မှတ်ရေးထိုးခြင်း၏ ရွယ်ရွယ်ချက်သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် အသက်မွေးပညာကဏ္ဍများအတွက် လူ့စွမ်းအားအရင်းအမြစ်များကို ပိုမိုတိုးတက်ကောင်းမွန်စေရန်၊ နိုင်ငံတကာအဆင့်မီ ပညာရေးနှင့် လေ့ကျင့်ရေး အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လူမှုစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အသင်း (MTHRDA) နှင့် MOU လက်မှတ်ရေးထိုးပွဲကို တက်ရောက်ပါဝင်ပေးပါသော အဖွဲအစည်း (၄) ခု ကတော့
• AMITY Global Institute
• ABE UK
• MPTA-TVET (မြန်မာပုဂ္ဂလိက အသက်မွေးပညာအသင်း)
• HT Education တို့ပဲ ဖြစ်ပါတယ်ရှင်။
အခမ်းအနားသို့ အချိန်ပေးတက်ရောက်၍ လက်မှတ်ရေးထိုးပေးခဲ့ကြသော အဖွဲ့အစည်းများ၏ တာဝန်ရှိသူများ၊ အသိသက်သေများအားလုံးကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လူမှုစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အသင်း (MTHRDA) မှ အထူးလေးစားစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

Photos from Myanmar Tourism Human Resources Development Association's post 10/02/2026

Myanmar Hospitality & Tourism Summit 2026 ပွဲကို Summit Park View Hotel တွင် February 8 ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ကြောင်းလေးစားစွာ အသိပေးအပ်ပါတယ်ရှင်။ 🎊👏🏻

ဤပွဲတော်ကို သိုက်သိုက်မြိုက်မြိုက်စည်ကားအောင်မြင်စွာကျင်းပနိုင်အောင် အတူတကွပူးပေါင်းကြီးမှူးကျင်းပပေးပါသော Myanma Event Hub၊ ကြွရောက်ချီးမြှင့်ပေးပါသောဌာနဆိုင်ရာအကြီးအကဲများ၊ ပံ့ပိုးကူညီအားဖြည့်ပေးပါသော Main Sponsor နှင့် Sponsor Organization များ၊ ပါဝင်အားဖြည့်ပေးခဲ့ပါသော ပြခန်းအဖွဲ့အစည်းများနှင့်ပွဲတက်ရောက်ခဲ့ပါသော ဧည့်သည်တော်များအားလုံးကို Myanmar Tourism Human Resource Development Association (MTHRDA) မှ အထူးပင်ကျေးဇူးတင်မှတ်တမ်းတင်အပ်ပါတယ်ရှင်။ 😇

ပွဲအစီအစဉ်အတွင်း
• ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအစီအစဉ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၏အဖွင့်မိန့်ခွန်းများ
• Model Show Round များမှ တစ်ဆင့် Product နှင့် Brand များကို မိတ်ဆက်ပြသခြင်း
• Hospitality Industry ဝါရင့်ဆရာကြီး ဆရာမကြီးဆွေးနွေးဟောပြောပေးပါသော Panel Discussion
• လူငယ်များအတွက် Job Readiness နှင့် Career Development ဆိုင်ရာ Seminar များ
• Smart Phone၊ Electronic Gadgets၊ Power Bank၊ Blind Box နှင့် ငွေသားဆုများအပါအဝင် ပြခန်းတစ်ခုဆီမှပေးအပ်သည့် Scholarship နှင့် ဆုလက်ဆောင်များပါဝင်သည့် Lucky Draw အစီအစဉ်များ
ကို အစီအစဉ်အတိုင်း စနစ်တကျ ကျင်းပနိုင်ခဲ့ပါတယ်ရှင်။

ဤအစီအစဉ်များမှတစ်ဆင့်
Hospitality နှင့်ပတ်သတ်သော ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခြင်း၊လုပ်ငန်းအတွေ့အကြုံများ မျှဝေခြင်း၊
လုပ်ငန်းကဏ္ဍအတွင်း Network ချိတ်ဆက်မှုများကို တိုးတက်စေခြင်းတို့ကို
အကျိုးရှိစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း
Myanmar Tourism Human Resource Development Association အသင်း အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။

Myanmar Tourism Human Resource Development Association (MTHRDA) အသင်းအနေဖြင့် နောင်အနာဂတ်တွင်လည်း
မြန်မာနိုင်ငံ၏ Hospitality နှင့် Tourism ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလားတူ အကျိုးရှိသော အစီအစဉ်များ မကြာခဏ ထပ်မံဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင့်။

လေးစားစွာဖြင့်

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
Myanmar Tourism Human Resource Development Association (MTHRDA)
☎️ 09 785711615
📍 No. 4, Corner of Merchant Rd. & Sandaku Rd., 3 Ward, Botahtaung Tsp., Yangon

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 4, Corner Of Merchant Rd. , & Sandaku Road, Botahtaung Township
Yangon
11111

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00