24/06/2026
Learning Beyond Theory
ယခုအပတ် Diploma in Digital Creative Media (DCM) အတန်းမှာ Dr. Htet Wai Yan မှ Strategic Digital Marketing ဘာသာရပ်ကို သင်ကြားပေးလျက်ရှိပြီး Digital Marketing ရဲ့ အခြေခံ Concept များမှ စတင်ကာ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်မယ့် Strategy များအထိ အသေးစိတ် မျှဝေပေးလျက်ရှိပါတယ်။
Learning Journey ကို အပြည့်အဝ focus လုပ်နေကြတဲ့ ကျောင်းသားကျောင်းသူများရဲ့ အမှတ်တရ ပုံရိပ်လေးများကိုလည်း မျှဝေပေးလိုက်ပါတယ်🌟
"Pro တစ်ယောက်ဖြစ်ဖို့ စတင်ရာ AES Myanmar"
အတန်းအပ်နှံရန်နှင့် အသေးစိတ် သိရှိလိုပါက
💬 Page Chat Box
☎️ 09-973 079 408
📍 No.294, 1st North, East Gyo Gone St, Insein Tsp, Yangon, Myanmar
23/06/2026
🎧 သီချင်းတွေကို နားထောင်နေရာကနေ...
တစ်နေ့မှာ ကိုယ်တိုင် ဖန်တီးတဲ့သူ ဖြစ်ချင်ပါသလား?
Studio ထဲမှာ Artist တစ်ယောက်ရဲ့ အသံကို Record လုပ်ပေးနေတဲ့သူ...Hit Song တစ်ပုဒ်ရဲ့ Sound ကို Mixing လုပ်ပေးနေတဲ့သူ...Concert တစ်ခုရဲ့ Audio System ကို ထိန်းချုပ်နေတဲ့သူ...သူတို့အားလုံးရဲ့ အစက "စိတ်ဝင်စားမှု" တစ်ခုကနေ စခဲ့တာပါပဲ။
AES Myanmar ရဲ့ Audio Program မှာတော့
Arts of Music Production (AMP)
Music Production ရဲ့ အခြေခံကနေ Recording, Mixing, Mastering အထိ Professional Workflow တွေကို လေ့လာနိုင်မယ့် အတန်း
📅 Date: June 25, 2026
📅 Thursday & Friday
⏰ 9:00 AM - 12:00 PM
⏳ 2 Months
Fees: 920,000 Ks
Computer Music Production (CMP)
FL Studio, Ableton Live တို့ကို အသုံးပြုပြီး Beat Making, Music Production, Remixing နဲ့ DJ Workshop အထိ လေ့လာနိုင်မယ့် အတန်း
📅 Date: June 25, 2026
📅 Thursday & Friday
⏰ 2:00 PM - 5:00 PM
⏳ 2 Months
Fees: 920,000 Ks
Basic Vocal Techniques (BVT)
အသံကို မှန်ကန်စွာ အသုံးပြုနည်း၊ Vocal Warm-Up, Breathing Techniques, Vocal Range နဲ့ Performance အတွက် လိုအပ်တဲ့ အခြေခံနည်းစနစ်တွေကို သင်ယူနိုင်မယ့် အတန်း
📅 Date: June 29, 2026
📅 Monday & Thursday
⏰ 10:00 AM - 12:00 PM
⏳ 2 Months
Fees: 420,000 Ks ဆိုတဲ့ Course (၃) ခုနဲ့ Audio Industry ထဲကို ဝင်ရောက်ဖို့ လိုအပ်တဲ့ Skills တွေကို လေ့လာနိုင်ပါတယ်။
✨ Audio Program ကို စိတ်ဝင်စားသူတွေကြားမှာ
AES Myanmar ရဲ AMP နဲ့ CMP အတန်းတွေက နာမည်ရှိပြီး
Music Industry ထဲမှ အတွေ့အကြုံရှိ Mentor များမှ သင်ကြားပို့ချပေးနေသော Batch တိုင်း လူပြည့်လေ့ရှိတဲ့ အတန်းတွေ ဖြစ်တာကြောင့် နောက်လာမယ့် AMP နဲ့ CMP Batch တွေမှာ တက်ရောက်ဖို့ စိတ်ဝင်စားသူများအနေနဲ့ Waiting List မှာ စာရင်းပေးထားနိုင်ပါတယ်။ ကြိုတင်စာရင်းပေးသွင်းထားပါမှလည်း နေရာတစ်ခုစာ confirm ဖြစ်နိုင်မှာပါ။
ဒါပေမယ့် အချိန်မဖြုန်းချင်ဘူး၊ Audio Journey ကို အခုပဲ စတင်ချင်တယ်ဆိုရင်တော့
🎤 Basic Vocal Techniques (BVT) Course ကို အရင်တက်ရောက်ထားပြီး AMP နဲ့ CMP အတန်းများ ဖွင့်လှစ်ချိန်မှာ ဆက်လက် Join နိုင်ပါတယ်။
🚀 Audio ကို ဝါသနာအဆင့်ကနေ Professional Skill တစ်ခုအဖြစ် တည်ဆောက်ချင်သူတွေအတွက် AES Myanmar က သင့်ကို အမြဲကြိုဆိုနေပါတယ်။
"Pro တစ်ယောက်ဖြစ်ဖို့ စတင်ရာ AES Myanmar"
အတန်းအပ်နှံရန်နှင့် အသေးစိတ် သိရှိလိုပါက
💬 Page Chat Box
☎️ 09-973 079 408
📍 No.294, 1st North, East Gyo Gone St, Insein Tsp, Yangon, Myanmar
22/06/2026
Ad Spend ရှိတာနဲ့ မလုံလောက်ဘူး။ Strategy ရှိဖို့လည်း လိုတယ်။
page တစ်ခု ရှိတယ်။ Post တစ်ပုဒ် တင်တယ်။
ပြီးတော့ "Boost Post" နှိပ်လိုက်တယ်။ ဒီလိုနဲ့ Digital Marketing လုပ်နေပြီလို့ ထင်နေသူတွေ အများကြီး ရှိပါတယ်။
ဒါပေမယ့်...Boost လုပ်တယ်ဆိုတာ Digital Marketing ရဲ့ အစိတ်အပိုင်းသေးသေးလေး တစ်ခုသာ ဖြစ်ပါတယ်။
တကယ်တော့ Digital Marketing ဆိုတာ "Ad Spend လုပ်တာ" မဟုတ်ဘဲ "မှန်ကန်တဲ့ လူဆီကို မှန်ကန်တဲ့ Message ပို့နိုင်ဖို့" ဖြစ်ပါတယ်။
ဥပမာ...
ဖိနပ်ရောင်းတဲ့ Business တစ်ခု ရှိတယ်ဆိုပါစို့။
Post ကို Boost လုပ်လိုက်တာနဲ့ ရောင်းအားတက်မယ်လို့ မဆိုလိုပါဘူး။
အရင်ဆုံး သိထားရမှာက...
👥 ဘယ်သူ့ကို ရောင်းမလဲ?
📍 ဘယ် Audience ကို Target ထားမလဲ?
💬 ဘယ်လို Message က သူတို့ကို စိတ်ဝင်စားစေမလဲ?
📊 ဘယ် Content က Result ပိုကောင်းလဲ?
ဆိုတာတွေပါ။
Digital Marketing မှာ
Content Strategy ရှိတယ်။
Copywriting ရှိတယ်။
Audience Research ရှိတယ်။
Data Analysis ရှိတယ်။
Advertising Strategy ရှိတယ်။
Boost Button နှိပ်တာကတော့ အဲ့ဒီ Process တွေထဲက နောက်ဆုံးအဆင့်တစ်ခုပဲ ဖြစ်ပါတယ်။
လူတစ်ယောက်က Camera ကိုင်တတ်တာနဲ့ Photographer မဖြစ်နိုင်သလို...
Boost လုပ်တတ်တာနဲ့ Digital Marketer မဖြစ်နိုင်ပါဘူး။
Digital Marketing ကို တကယ်နားလည်တယ်ဆိုတာ
Budget ဘယ်လောက်သုံးခဲ့လဲ ဆိုတာထက်
Result ဘယ်လောက်ရခဲ့လဲ ဆိုတာကို သိပြီး ဆုံးဖြတ်နိုင်တာ ဖြစ်ပါတယ်။
💡 ဒါကြောင့် နောက်တစ်ခါ Boost မလုပ်ခင်...
"ငါ ဘယ်သူ့ကို ပြချင်တာလဲ?"
ဆိုတဲ့ မေးခွန်းကို အရင်မေးကြည့်ပါ။
အဲ့ဒီမေးခွန်းရဲ့ အဖြေက Digital Marketing ရဲ့ အစ ဖြစ်ပါတယ်။
2026 မှာ Digital Marketing နဲ့ပတ်သက်ပြီးတော့ Beginner to Pro Level အဆင့်သို့ တက်လှမ်းချင်တယ်ဆိုရင်တော့ AES Myanmar မှ ဖွင့်လှစ်ထားတဲ့ Diploma in Digital Creative Media Course လေးကို လာရောက် Join ထားသင့်ပါတယ်။
Course Details:
📅 Date: June 12, 2026
📅 Day: Sat & Sun
⏰ Time: 10:00 AM to 3:00 PM
⏳ Duration: 10 months
📍 Venue: AES Myanmar Campus
"Pro တစ်ယောက်ဖြစ်ဖို စတင်ရာ AES Myanmar"
အတန်းအပ်နှံရန်နှင့် အသေးစိတ် သိရှိလိုပါက
💬 Page Chat Box
☎️ 09-973 079 408
📍 No.294, 1st North, East Gyo Gone St, Insein Tsp, Yangon, Myanmar
20/06/2026
Facebook Post တွေ Reach မရတော့တဲ့ အကြောင်းရင်း (3) ခု
"Page Follower က 10,000 ကျော်ရှိတယ်...
ဒါပေမယ့် Post တင်တိုင်း Reach က 200, 300 ပဲ ရတယ်"
ဆိုတဲ့ ပြဿနာကို Page Owner တော်တော်များများ ကြုံဖူးကြမှာပါ။
တကယ်တော့ Facebook Reach ကျတာက Algorithm ကြောင့်ချည်း မဟုတ်ပါဘူး။
ကိုယ်တိုင် မသိလိုက်ဘဲ လုပ်မိနေတဲ့ အမှားတွေလည်း ရှိနိုင်ပါတယ်👇
📌 လူတွေ စိတ်မဝင်စားတဲ့ Content တွေ တင်နေခြင်း
Facebook ရဲ့ Algorithm က အရမ်းရိုးရှင်းပါတယ်။
လူတွေ စိတ်ဝင်စားရင် ပိုပြမယ်။
စိတ်မဝင်စားရင် မပြတော့ဘူး။
ဥပမာ...
"New Batch Opening"
"Registration Open"
"Contact Us"
ဆိုတဲ့ Promotion Post တွေကိုပဲ ဆက်တိုက်တင်နေရင် Audience တွေ စိတ်ဝင်စားမှု လျော့လာနိုင်ပါတယ်။
လူတွေက ကြော်ငြာကို Follow လုပ်တာ မဟုတ်ဘူး။
Value ရတဲ့ Content တွေကို Follow လုပ်တာပါ။
ဒါကြောင့်
📚 Educational Content
🎬 Entertainment Content
💡 Knowledge Sharing Content
တွေကို Promotion Post ထက် ပိုများများ တင်ဖို့ လိုပါတယ်။
📌 Hook မကောင်းခြင်း
Facebook မှာ လူတွေက Scroll မြန်မြန်လုပ်နေကြတာပါ။
Post ကို ဖတ်မလား၊ ကျော်သွားမလား ဆိုတာ ၃ စက္ကန့်အတွင်း ဆုံးဖြတ်လိုက်ကြတယ်။
ဥပမာ...
"Digital Marketing အကြောင်း သိကောင်းစရာ" ထက်
"Facebook Post တွေ Reach မရတော့တာ ဘာကြောင့်လဲ?"
က ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။
လူတစ်ယောက် ရပ်ဖတ်အောင် လုပ်နိုင်တဲ့ Hook က Reach တစ်ဝက်လောက်ကို ဆုံးဖြတ်ပေးပါတယ်။
📌 Comment နဲ့ Share ဖြစ်စေမယ့် Content မရှိခြင်း
Facebook က လူတွေ အပြန်အလှန် ဆက်သွယ်တဲ့ Content တွေကို ပိုသဘောကျတယ်။
Post တစ်ခုကို ဖတ်ပြီး...
💬 Comment ပေးချင်စိတ် ဖြစ်သွားလား?
📤 Share လုပ်ချင်စိတ် ဖြစ်သွားလား?
ဆိုတာ အရေးကြီးတယ်။
ဥပမာ...
"မင်းအတွက် အကြိုက်ဆုံး Movie က ဘာလဲ?"
"ဒီအခြေအနေမျိုး ကြုံဖူးလား?"
လို မေးခွန်းလေးတွေက Audience Participation ကို ပိုတက်စေတယ်။
Reach မရတာက Algorithm ကို အပြစ်တင်ရုံနဲ့ မပြီးပါဘူး။
Audience စိတ်ဝင်စားမယ့် Content ရှိဖို့လိုတယ်။
Hook ကောင်းဖို့လိုတယ်။ Engagement ရဖို့လိုတယ်။
ဒီ 3 ခုကို စတင်ပြောင်းလဲကြည့်လိုက်ရင် Reach လည်း တဖြည်းဖြည်း ပြန်တက်လာနိုင်ပါတယ်။
အခုလို Digital Marketing နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ Skills ကို Upgrade လုပ်ချင်သူတွေအတွက် Diploma in Digital Creative Media အတန်းကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
"Pro တစ်ယောက်ဖြစ်ဖို့ စတင်ရာ AES Myanmar"
အတန်းအပ်နှံရန်နှင့် အသေးစိတ် သိရှိလိုပါက
💬 Page Chat Box
☎️ 09-973 079 408
📍 No.294, 1st North, East Gyo Gone St, Insein Tsp, Yangon, Myanmar
19/06/2026
Train to Busan ကို ဘာလို့ လူတွေ ဒီနေ့အထိ ပြန်ပြန်ကြည့်နေကြတာလဲ?
Zombie Movie ဆိုရင်...
ပြေးတာတွေ ရှိမယ်။
လိုက်ဖမ်းတာတွေ ရှိမယ်။
Action Scene တွေ ရှိမယ်။
Train to Busan မှာလည်း အဲ့ဒါတွေ အကုန်ရှိတယ်။
ဒါပေမယ့် တကယ်တမ်း လူတွေ ပြန်ပြန်ပြောနေတာ Zombie တွေအကြောင်း မဟုတ်ဘူး။
ဖခင်တစ်ယောက်နဲ့ သမီးတစ်ယောက်ရဲ့ အကြောင်းကို ဖြစ်တယ်။
အစပိုင်းမှာ Seok-woo ဟာ အလုပ်ပဲ အာရုံစိုက်ပြီး သမီးအတွက် အချိန်မပေးနိုင်တဲ့ ဖခင်တစ်ယောက်ပါ။
သူ့သမီး Su-an ကတော့ ဖခင်ရဲ့ အာရုံစိုက်မှုကို လိုချင်နေတဲ့ ကလေးတစ်ယောက်။
Zombie Outbreak ဖြစ်လာတဲ့အခါ...
Train ပေါ်မှာ လူတိုင်းက အသက်ရှင်ဖို့ ကြိုးစားနေကြတယ်။
ဒါပေမယ့် ဇာတ်ကားရဲ့ အဓိက Conflict က Zombie တွေနဲ့ လူသားတွေကြားက တိုက်ပွဲမဟုတ်ဘူး။
"ကိုယ်တိုင်ပဲ ကယ်မလား?"
"တခြားသူတွေကိုလည်း ကူညီမလား?"
ဆိုတဲ့ လူသားဆန်မှုနဲ့ ကိုယ်ကျိုးစွန့်မှုကြားက တိုက်ပွဲ ဖြစ်တယ်။
ဇာတ်လမ်းတစ်လျှောက်မှာ Seok-woo ရဲ့ Character ဟာ တဖြည်းဖြည်း ပြောင်းလဲလာတယ်။
ကိုယ့်အတွက်ပဲ စဉ်းစားတဲ့ လူတစ်ယောက်ကနေ...
တခြားသူတွေအတွက် စဉ်းစားတတ်တဲ့ လူတစ်ယောက် ဖြစ်လာတယ်။
Audience တွေ ငိုခဲ့ရတာ Zombie ကြောင့် မဟုတ်ဘူး။
Character Growth ကြောင့် ဖြစ်တယ်။
Audience တွေ ရင်ထဲထိခဲ့ရတာ Action Scene ကြောင့် မဟုတ်ဘူး။
Father-Daughter Relationship ကြောင့် ဖြစ်တယ်။
ဒါဟာ Storytelling ရဲ့ အင်အားပဲ။
📖 Storytelling က Movie တွေအတွက်ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။
Marketing မှာလည်း လိုတယ်။
Business မှာလည်း လိုတယ်။
Content Creation မှာလည်း လိုတယ်။
Career တိုင်းမှာ လိုတယ်။
ဘာလို့လဲဆိုတော့...
လူတွေက Information တွေကို မေ့သွားနိုင်တယ်။
Numbers တွေကို မေ့သွားနိုင်တယ်။
ဒါပေမယ့် သူတို့ကို ခံစားချက်တစ်ခု ပေးခဲ့တဲ့ Story ကိုတော့ အချိန်အကြာကြီး မှတ်မိနေတတ်ကြတယ်။
အဲ့ဒါကြောင့် Storytelling ဆိုတာ Writer တွေအတွက် Skill တစ်ခုတည်း မဟုတ်ဘဲ...
လူတွေနဲ့ Connection တည်ဆောက်နိုင်တဲ့ Skill တစ်ခု ဖြစ်ပါတယ်။ ✨
ဒါကြောင့် Storytelling ကို ၂၀၂၆ မှာ မဖြစ်မနေလေ့လာပါ။
Certificate in Scriptwriting
👤Instructor - Robert Winn Htein
📅 Friday & Saturday
⏰ 3:00 PM - 5:00 PM
🗓 Duration - 2 Months
💵 Fee - 420,000 Ks
"Pro တစ်ယောက်ဖြစ်ဖို့ စတင်ရာ AES Myanmar"
အတန်းအပ်နှံရန်နှင့် အသေးစိတ် သိရှိလိုပါက
💬 Page Chat Box
☎️ 09-973 079 408
📍 No.294, 1st North, East Gyo Gone St, Insein Tsp, Yangon, Myanmar
18/06/2026
Writer's Block ဖြစ်နေတဲ့အခါ ဘာလုပ်မလဲ?
Screen ရှေ့မှာ ထိုင်နေတာ ၁ နာရီကျော်ပြီ...
Idea တွေရှိတယ်။
ဇာတ်လမ်းလည်း စဉ်းစားထားတယ်။
ဒါပေမယ့် စရေးဖို့ တစ်ကြောင်းတောင် ထွက်မလာဘူး။
ဒါမျိုး ကြုံဖူးရင် မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။
Writer's Block ဆိုတာ Writer တိုင်းနီးပါး ကြုံရတဲ့ အခြေအနေတစ်ခုပါ။
ဒါဆို ဘာလုပ်သင့်လဲ?
📌 Perfect ဖြစ်ဖို့ မကြိုးစားနဲ့
"အစကတည်းက ကောင်းနေရမယ်" ဆိုတဲ့ အတွေးကိုဖျောက်ပါ။
ပထမ Draft က မပြည့်စုံလည်း ရပါတယ်။
ရေးဖို့ပဲ အရင်စဉ်းစားပါ။
ပြင်ဖို့ အချိန် အများကြီး ရှိသေးတယ်။
📌 Scene အစဉ်လိုက် မရေးနဲ့
Writer တော်တော်များများက Scene 1 ကနေ စရေးရမယ် ထင်ကြတယ်။
တကယ်တော့ စိတ်ထဲ အရင်ပေါ်လာတဲ့ Scene ကို အရင်ရေးလို့ ရပါတယ်။
နောက်မှ ပြန်စီလို့ ရတယ်။
📌 Relax လုပ်ပါ။
တစ်ခါတလေ Idea တွေက Screen ရှေ့မှာ မဟုတ်ဘဲ
ကော်ဖီသောက်နေတဲ့အချိန်
သီချင်းနားထောင်နေတဲ့အချိန်
လမ်းလျှောက်နေတဲ့အချိန်မှာ ပေါ်လာတတ်ပါတယ်။
📌 များများဖတ်၊ များများကြည့်
Writer တစ်ယောက်ရဲ့ Creativity က Inspiration တွေကနေ လာတာပါ။
Movie ကြည့်ပါ။
စာအုပ်ဖတ်ပါ။
လူတွေရဲ့ စကားပြောပုံတွေကို နားထောင်ပါ။
Story တွေက နေရာတိုင်းမှာ ရှိပါတယ်။
📌 မရေးချင်ရင်တောင် ရေးပါ
Professional Writer တွေက Inspiration လာမှ ရေးတာ မဟုတ်ပါဘူး။
ရေးရမယ့် အချိန်မှာ ထိုင်ရေးတတ်ကြတယ်။
တစ်ကြောင်းပဲ ဖြစ်ဖြစ် ရေးပါ။
အဲ့တစ်ကြောင်းက နောက်ထပ် စာမျက်နှာတစ်ခု ဖြစ်လာနိုင်ပါတယ်။
✨ Writer's Block ဖြစ်ဆိုတာနဲ့ မင်းရဲ့ Creativity က ပျောက်သွားတာ မဟုတ်ဘူး။
ခဏလေး အနားယူနေတဲ့ အခြေအနေတစ်ခုပါပဲ။
သင်ရော Writer's Block ဖြစ်ရင် မင်းက ဘာလုပ်လေ့ရှိလဲ? 👇
Comment မန့်ခဲ့ပေးပါဦး
"Pro တစ်ယောက်ဖြစ်ဖို စတင်ရာ AES Myanmar"
အတန်းအပ်နှံရန်နှင့် အသေးစိတ် သိရှိလိုပါက
💬 Page Chat Box
☎️ 09-973 079 408
📍 No.294, 1st North, East Gyo Gone St, Insein Tsp, Yangon, Myanmar
17/06/2026
🎬 ဇာတ်လမ်းတွေ ရေးချင်ပေမယ့် ဘယ်ကနေ စရမလဲ မသိသေးဘူးလား?
AES Myanmar ရဲ့ Basic Scriptwriting Class (Batch-8) မှာ Scriptwriting ရဲ့ အခြေခံသဘောတရားတွေကနေ စပြီး Film, TVC, Music Video, Documentary နဲ့ PSA Script တွေအထိ လက်တွေ့အသုံးချနိုင်မယ့် ရေးသားနည်းတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
📌 Class မှာ လေ့လာရမယ့် အကြောင်းအရာများ
✍️ Scriptwriting Fundamentals
✍️ Three-Act Structure
✍️ Camera Works, Cuts & Transitions
✍️ Advertising Scriptwriting
✍️ PSA Script Writing
✍️ Music Video Scriptwriting
✍️ Documentary Script Outline
✍️ Film Screenwriting
ဒီအတန်းကိုတော့ Director & Scriptwriter တစ်ဦးဖြစ်ပြီး AES Myanmar Academic Program Manager (Film) အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဆရာ Robert Winn Htein ကိုယ်တိုင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📅 Friday & Saturday
⏰ 3:00 PM - 5:00 PM
🗓 Duration - 2 Months
💵 Fee - 420,000 Ks
Story တစ်ပုဒ်ကို Screen ပေါ်ရောက်အောင် ဖန်တီးချင်သူတွေအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ 🎥✨
"Pro တစ်ယောက်ဖြစ်ဖို့ စတင်ရာ AES Myanmar"
အတန်းအပ်နှံရန်နှင့် အသေးစိတ် သိရှိလိုပါက
💬 Page Chat Box
☎️ 09-973 079 408
📍 No.294, 1st North, East Gyo Gone St, Insein Tsp, Yangon, Myanmar
16/06/2026
🌟 We’re Hiring – Video Content Creator🌟
Are you passionate about video creation and editing?
Do you love turning ideas into engaging, eye-catching videos?
👉 Join AES Myanmar’s Creative Media Institute and grow your skills while working on real projects – events, interviews, and creative videos!
✨ What You’ll Do
✅ Edit and create videos for events, activities, interviews, and social media content
✅ Collaborate with a talented creative team of designers, content creators, and writers
✅ Produce attractive, engaging videos for Facebook, TikTok & YouTube
✅ Learn and level up your video editing and creative media skills
✅ (Bonus) Basic knowledge of motion graphics or visual effects
✨ What We’re Looking For
✔️ Passion for video creation and storytelling
✔️ Basic video editing skills (experience with Premiere Pro, Final Cut, or similar)
✔️ A team player with a creative mindset
✔️ Interest in learning new media skills and growing professionally
📌 At AES Myanmar, you’ll be part of a supportive, innovative team and have the opportunity to learn, practice, and level up your creative media skills.
👉 Ready to turn ideas into amazing videos?
Send your CV & portfolio to [email protected]
💰 Salary : (Nego)
📍 Location : No. 294, 1st Street (North), East Gyogone, Insein Township
🕒 Job Type : (9:00am-5:00pm) Monday to Saturday (Sun & Public Holidays Off)