12/06/2026
‼️IELTS Foundation & Exam Preparation ‼️
ဖြေဖို့ လိုအပ်တဲ့အခါ Target Band Score ရဖို့
ဆရာမနဲ့ တစ်ယောက်ချင်း သီးသန့် သင်တာ
အထိရောက်ဆုံးပါပဲ။
✅ IELTS အတွက် တစ်ခါမှ မတက်ဖူးသေးပေမဲ့
Listening/Reading/Writing/Speaking 4 ခုလုံးကို
မေးခွန်းပုံစံတွေ၊ အမှတ်ပေး စည်းမျဉ်းတွေ သိအောင်
လေ့ကျင့်ပေးတယ်။
✅မေးခွန်းပုံစံ တစ်ခုချင်းစီကို သင့်တော်တဲ့ Strategy နဲ့
ဘယ်လို ဖြေရမလဲ ဆိုတာ သင်ကြားပေးပြီး
ဆရာမနဲ့အတူ တစ်ခါတည်း လေ့ကျင့်စေတယ်။
✅ အတန်း မရှိတဲ့ ရက်တွေမှာ Assignment ပေးပြီး
တစ်ခုချင်းစီ စစ်ပေးကာ feedback ပြောပြပေးတယ်။
✅ အတန်း တက်လိုက်တာနဲ့ Foundation ရော
Exam Preparation အထိပါ လုပ်ပေးတာမို့
ကိုယ့် English Level နဲ့ လိုအပ်တဲ့ Band Score အရ
ကြာချိန် သတ်မှတ်ပြီး တက်ရောက်နိုင်တယ်။
✅ သင်တန်းချိန်ကလဲ ဆရာမနဲ့ သင်တန်းသား
အဆင်ပြေတဲ့ အချိန်ကို ညှိပေးပါတယ်။
✅ တစ်ပတ် နှစ်ရက် တစ်ရက် တစ်နာရီခွဲ
သို့မဟုတ်
တစ်ပတ် သုံးရက် တစ်ရက် တစ်နာရီခွဲ
သို့မဟုတ်
တစ်ပတ် လေးရက် တစ်ရက် တစ်နာရီခွဲ
ကြိုက်နှစ်သက်ရာကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။
16/05/2026
Teacher ရဲ့ အတန်းအားလုံးဟာ
One-on-One Class တွေရယ်
Private Class တွေရယ်ပါပဲ။
June လအထိ အတန်းတွေ ပြည့်နေလို့
July or August အတွက် တက်ချင်ရင်
ကြိုစုံစမ်း ကြိုအပ်နှံနိုင်ပါတယ်နော်။
မိမိတက်ရောက်ချင်တဲ့ အတန်းနဲ့ Level ကို ပြောပြီး
အခမဲ့ ဆွေးနွေးလို့ ရပါတယ်နော်။
သိချင်တာရှိရင် အားမနာတမ်း လာမေးလို့ ရပါတယ်ရှင့်။
Su Myat Chit
05/05/2026
Teacher ရဲ့ အတန်းအားလုံးဟာ
One-on-One Class တွေရယ်
Private Class တွေရယ်ပါပဲ။
June လအတွက် တက်ချင်ရင်
ကြိုစုံစမ်း ကြိုအပ်နှံနိုင်ပါတယ်နော်။
မိမိတက်ရောက်ချင်တဲ့ အတန်းနဲ့ Level ကို ပြောပြီး
အခမဲ့ ဆွေးနွေးလို့ ရပါတယ်နော်။
သိချင်တာရှိရင် အားမနာတမ်း လာမေးလို့ ရပါတယ်ရှင့်။
Su Myat Chit
04/05/2026
English Level B2 လောက် ရှိပြီး
ELT Field ထဲ ဝင်ချင်တဲ့ အစ်မတစ်ယောက်ကို
TEFL Certificate အတွက် Guideline လေးတွေ
ချပေးဖြစ်တာ။
Free ယူလို့ရတဲ့ Certificate တွေ ရှိပေမဲ့
သင်တန်းသူအစ်မက Diploma in TESOL လဲ
ဆက်လုပ်သွားဖို့ရှိလို့ LTTC (UK) မှာပဲ
သွင်း၊ ကိုယ်နဲ့ အတူ စာတွေဖတ်၊ Assignment လုပ်၊
ကိုယ်က ပြန်စစ်ပေးဖြစ်တာ။
LTTC (UK) မှာ သင်တန်း တိုက်ရိုက်အပ်တဲ့အခါ
သူတို့က လေ့လာရမဲ့ စာအုပ်တွေ ပေးပြီး၊
Assignment တွေ ထပ်ဖို့လဲ ပေး၊ သူတို့
Personal tutor က ပြန်စစ်၊ feedback ပေးတယ်။
အားလုံး ထပ်လို့ပြီးသွားတဲ့အခါ Certificate ထုတ်ပေးပါတယ်။
Certificate in TEFL (Level 5) ကတော့
London Teacher Training College (UK) မှာ
£150 ဖြစ်ပြီး Baht 7,000 ဝန်းကျင်
(MMK 900,000) စွန်းစွန်း
ရှိပါတယ်။
စာတော့ တကယ်လုပ်ရ မှတ်ရ ဖတ်ရနဲ့မို့
အခုမှ ELT ထဲ စဝင်ချင်ပြီး
UK အသိအမှတ်ပြု လက်မှတ်ရချင်ရင်တော့
တကယ်ကောင်းတယ်။
Su Myat Chit
01/05/2026
❤️ Basic Speaking Pattern (3) ❤️
✅ It occurred to me that …..
‼️လမ်းလျှောက်နေရင်း ဒါမှမဟုတ်
တစ်ခုခုလုပ်နေရင်းနဲ့မှ "အာ... ငါ ဒါလေး မေ့သွားတာပဲ"
ဆိုပြီး ရုတ်တရက် ခေါင်းထဲ တစ်ခုခု ဖျတ်ခနဲ ပေါ်လာဖူး
လား။ အဲဒီလိုမျိုး တစ်ခုခုကို
ရုတ်တရက် သတိရလိုက်တာ၊ ဒါမှမဟုတ်
အကြံတစ်ခု ရလိုက်တာမျိုးကို အင်္ဂလိပ်လို
ပြောချင်ရင် "It occurred to me that..." ဆိုတဲ့
အသုံးအနှုန်းလေးကို သုံးလို့ ရပါတယ်။
🔺 ဒီစကားစုက ကိုယ့်စိတ်ထဲမှာ
တစ်ခုခု ပေါ်လာတယ်၊ ဒါမှမဟုတ် တစ်ခုခုကို
ရှာဖွေတွေ့ရှိသွားတယ်ဆိုတဲ့
အဓိပ္ပာယ်မျိုး သက်ရောက်တာပါ။
တစ်ဖက်လူကို "ငါ ဒါလေးကို ရုတ်တရက် သတိရသွားတယ်" လို့ ပြောချင်တဲ့အခါ အသုံးဝင်ဆုံးပါပဲ။
🎯 ဥပမာအနေနဲ့ ပြောရရင်
“It occurred to me that I forgot your birthday"
ဆိုရင် "မင်းရဲ့ မွေးနေ့ကို ငါ မေ့သွားတယ်ဆိုတာ
ခုမှ ရုတ်တရက် သတိရလိုက်မိတယ်" လို့ ဆိုလိုတာပါ။
🎯 သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း
“It occurred to me that we both belong to the same gym" လို့ ပြောလိုက်ရင် "ငါတို့နှစ်ယောက်လုံး ဂျင်မ်တစ်ခုတည်းမှာ ကစားနေကြတာပဲလို့ ခုမှ သတိထားမိတယ်" ဆိုတဲ့ အဓိပ္ပာယ်မျိုး ရပါတယ်။
🎯 နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့
ပုံစံတစ်ခုကတော့
“It occurred to me that we enjoy a lot of the same things" ပါ။
ငါတို့နှစ်ယောက် ဝါသနာတွေ တော်တော်တူတာပဲလို့ ရုတ်တရက် သိလိုက်ရတဲ့ ခံစားချက်ကို ဖော်ပြတာ ဖြစ်ပါတယ်။
💎 ဒါပေမဲ့ အဲဒီလို သတိရခဲ့တာက အခုမှ မဟုတ်ဘဲ အတိတ်က တစ်ချိန်ချိန်မှာ ဖြစ်ခဲ့တာဆိုရင်တော့ "had" ဒါမှမဟုတ် "has" ကို ထည့်သုံးပေးရပတယ်။ အတိတ်က အဖြစ်အပျက်တစ်ခုကို ပြန်ပြောပြတဲ့အခါမျိုးမှာပေါ့။ ဥပမာ
🎯 “It had occurred to me that I forgot something at the grocery" ဆိုရင်
“ကုန်စုံဆိုင်မှာ တစ်ခုခု ဝယ်ဖို့ ကျန်ခဲ့တယ်ဆိုတာကို အဲဒီတုန်းက ရုတ်တရက် သတိရလိုက်မိတယ်" လို့ ပြောတာပါ။
🎯 နောက်တစ်ခုက "It had occurred to me I might need to change my email address" ဆိုတာမျိုးပေါ့။
အီးမေးလိပ်စာ ပြောင်းဖို့ လိုကောင်းလိုနိုင်တယ်လို့ အရင်ကတည်းက စိတ်ထဲ တစ်ချက် ပေါ်လာဖူးခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
❤️ ဒီလို အသုံးအနှုန်းလေးတွေကို သိထားရင်
ကိုယ့်ရဲ့ အတွေးတွေကို အင်္ဂလိပ်လို ပြောတဲ့အခါမှာ
ပိုပြီး သဘာဝကျပြီး အသက်ဝင်လာစေမှာ
ဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့ သာဓကလေးတွေကို ကြည့်ပြီး
ကိုယ်တိုင်လည်း စာကြောင်းလေးတွေ
တည်ဆောက်ကြည့်လို့ ရပါတယ်ရှင်။
30/04/2026
❤️ Basic Speaking Pattern (2) ❤️
အခြေခံလေ့လာသူတွေအဖို့ အသုံးဝင်တဲ့
စကားပြောလေးတွေ ဖော်ပြပေးသွားမှာပါ။
✅ “I’m dying to + Verb”
‼️ တစ်ခုခုကို တအားဖြစ်ချင်နေတာမျိုး၊
လုပ်ချင်စိတ်တွေ တားမရအောင် ပြင်းပြနေတာမျိုး
ကြုံဖူးကြမှာပါ။
အင်္ဂလိပ်စကားပြောမှာ "I'm dying to" ဆိုတဲ့
အသုံးအနှုန်းက တစ်ခုခုကို အင်မတန် လိုချင်နေတာ၊
တမ်းတနေတာကို ဆိုလိုတာဖြစ်ပါတယ်။
🔺 ဒါကို နေ့စဉ်ဘဝထဲက အခြေအနေအမျိုးမျိုးမှာ
ဘယ်လိုသုံးရမလဲဆိုတာ အတူတူ လေ့လာ
ကြည့်ရအောင်နော်။
🎯 ပင်ပန်းနွမ်းနယ်နေတဲ့ ရက်တွေမှာဆိုရင် "I'm dying to relax on the beach" လို့ ပြောလို့ရပါတယ်။
ကမ်းခြေမှာ အေးအေးဆေးဆေး
အနားယူချင်လိုက်တာဆိုတဲ့ အဓိပ္ပာယ်ပါ။
🎯 အစားအသောက်နဲ့ ပတ်သက်ရင်လည်း
အချိုပွဲလေးတွေ မြင်တာနဲ့ မနေနိုင်မထိုင်နိုင်
ဖြစ်နေပြီဆိုရင်
“I'm dying to order some desserts" လို့ ပြောပြီး
ကိုယ့်ရဲ့ ပြင်းပြတဲ့ဆန္ဒကို ဖော်ပြလို့ရတာပေါ့။
🎯အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ နေရာတွေမှာလည်း ဒီအသုံးအနှုန်းက တော်တော်လေး အသုံးဝင်ပါတယ်။ အင်တာဗျူး ဖြေထားပြီး ရလဒ်ကို သိချင်လွန်းလို့ ရင်တုန်နေရတဲ့အခါ
“I'm dying to find out if I got the job" လို့ သုံးနှုန်းနိုင်သလို ကိုယ့်ရဲ့ စီးပွားရေးကို ဒီထက်ပိုပြီး ချဲ့ထွင်ချင်တဲ့ ရည်မှန်းချက်ရှိရင်လည်း "I'm dying to expand my business" လို့ ပြောလို့ရပါတယ်။
🎯 လူမှုဆက်ဆံရေးမှာဆိုရင်တော့ တစ်ဖက်လူရဲ့
အကြောင်းကို ပိုပြီး သိချင်တဲ့အခါ
“I'm dying to learn more about you" လို့ သုံးတာက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
💎 ဒီအသုံးအနှုန်းလေးက ကိုယ့်ရဲ့ ခံစားချက်ကို
ပိုပြီး ထိထိမိမိ ပေါ်လွင်စေတာမို့
သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါဖြစ်ဖြစ်၊
အပြင်လောကမှာ အင်္ဂလိပ်လို ပြောဆိုဆက်သွယ်တဲ့အခါမှာဖြစ်ဖြစ် ထည့်သွင်းအသုံးချကြည့်ဖို့
တိုက်တွန်းလိုက်ပါတယ်ရှင်။
Su Myat Chit