23/06/2026
🏆 𝐀𝐓𝐁𝐂 𝐈𝐧𝐭'𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 | 𝟔𝐭𝐡 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 🏆
"ဘွဲ့နှင်းသဘင်လျှောက်လွှာ ခေါ်ယူခြင်း" 🎓🎉
---------------------
🧑🎓 ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၆ ရက် (တနင်္ဂနွေနေ့) တွင်ပြုလုပ်မည့်
"𝐀𝐓𝐁𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞" ၏
ဘွဲ့နှင်းသဘင်တက်ရောက်ရန်အတွက်
လျှောက်လွှာ ခေါ်ယူခြင်း ဖြစ်ပါသည်။
📌 ၂၀၂၅၊ ၂၀၂၆ ခုနှစ်များအတွင်း
𝐀𝐓𝐁𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 တွင်
𝐃𝐢𝐩𝐥𝐨𝐦𝐚 သင်တန်းများ တက်ရောက်အောင်မြင်ခဲ့ကြသည့်
သင်တန်းသား သင်တန်းသူများအားလုံး၊
ဒီပလိုမာ လက်မှတ်ရထားပြီး ဘွဲ့နှင်းသဘင် မတက်ရောက်ရသေးသောသူများ၊ ယခုဘွဲ့နှင်းသဘင်တက်ရောက်ခွင့် လျှောက်ထားနိုင်ပါသည်။
🏆 ယခု ဘွဲ့နှင်းသဘင်ကျင်းပခြင်းသည် သင်တန်းသား သင်တန်းသူများ၏ အောင်မြင်မှုကို ဂုဏ်ပြုပေးခြင်းနှင့် မိမိတို့၏ ဘဝအတွက် ဂုဏ်အယူရဆုံး အမှတ်တရကို ဖန်းတီးခြင်း ဖြစ်တာကြောင့် အားလုံးပါဝင်တက်ရောက်ပေးကြပါရန် ချစ်ခင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
👉 ဘွဲ့ဝတ်စုံအရောင်နှင့်တိုက်ပြီး အဝတ်အစား ကြိုတင်ချုပ်လိုသူများအတွက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
💛 EDBM, DBA (အဝါ+ အပြာကွပ်)
💛 EDBE (အဝါ+ အဖြူကွပ်)
❤️ DEM (အနီ+ အဖြူကွပ်)
❤️ EDSM (အနီ+ အပြာကွပ်)
💙 EDHRM (အပြာနုရောင်+ အဝါကွပ်)
💚 EDFM (အစိမ်း+ အဝါကွပ်)
💚 EDAC (အစိမ်း+ အပြာကွပ်)
🖤 EDBF (ခဲအရင့်+ အပြာကွပ်)
💜 EDAP (ခရမ်းရောင်)
💜 EDEP (ခရမ်း+ အဖြူကွပ်)
💜 EDIO (ခရမ်း+ အဝါကွပ်)
💜 ADCP (အဖြူ+ ခရမ်းကွပ်)
💙 EDDM (အပြာရင့်ရောင်)
❤️ EDGD (အပြာ+ အနီကွပ်)
🖤 Mini MBA and MBA Foundation (အဝါရောင်) များ ဖြစ်ပါသည်။
🔰 အမျိူးသားဖြစ်ပါက - မြန်မာဝတ်စုံ စတစ်ကော်လာ၊ ပုဆိုး (သို့) အနောက်တိုင်းဝတ်စုံ ကုတ်အကျီ၊ ဘောင်းဘီ အပြည့်အစုံပါရမည်။ (ဂျင်းဘောင်းဘီ၊ ကွင်းထိုးဖိနပ်များ ဝတ်ဆင်ခွင့်မပြုပါ။)
🔰 အမျိုးသမီးဖြစ်ပါက - မြန်မာဝတ်စုံ ရင်ဖုံး/ရင်စေ့၊ ထဘီ အပြည့်အစုံ (သို့) အနောက်တိုင်းဝတ်စုံ စကပ်တို၊ ဘောင်းဘီ စတိုင်ပင် ဝတ်ဆင်နိုင်သည်။
📌 အမျိုးသား/ အမျိုးသမီး အားလုံး အမြင့်မတင့်တယ်သော ဝတ်စားဆင်ယဉ်မှုပုံစံဖြင့် ခန်းမအတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🎓 "𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲'' (အခမ်းအနား အစီအစဉ်) 🎓
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🔹ရက်စွဲ - ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ (တနင်္ဂနွေနေ့)
🔹အချိန် - နံနက် (၁၀) နာရီ မှ နေ့လည် (၁၂) နာရီအထိ
🔹နေရာ - Sky Star Hotel Yangon (No.51/B, 1 E Horse Race Course Rd, Yangon)
: ဘွဲ့နှင်းသဘင်နှင့်ပတ်သက်ပြီး အသေးစိတ်ကို သက်ဆိုင်ရာ Group ထဲတွင် ပြောပေးပါမည်။
📌 ဘွဲ့နှင်းသဘင်တက်ရောက်ရန် ယနေ့မှစတင်ပြီး June လကုန်အထိ လက်ခံပေးပါမည်။ Page Message, Telegram, Viber စသည်များမှ ဆက်သွယ်ပြီး လျှောက်ထားနိုင်ပါသည်။
======================
"သင်တန်းကြေး အသက်သာဆုံးနှင့် သင်ကြားမှုအကောင်းဆုံး သင်တန်းကျောင်း 𝐀𝐓𝐁𝐂"
➖➖➖➖➖➖➖➖➖➖
𝐀𝐓𝐁𝐂 𝐈𝐍𝐓𝐄𝐑𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐂𝐎𝐋𝐋𝐄𝐆𝐄
🏫 အမှတ် ၆၆(က)၊ ၉ ရပ်ကွက်၊ သူရလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (သစ္စာလမ်းမကြီး၊ ပုဏ္ဏမီ ကားမှတ်တိုင်အနီး)
☎️ 09 789 299 485, 09 760 300 881, 09 760 300 883
📧 [email protected]
🌐 https://atbc.edu.mm/
✨"ATBC နဲ့အတူ သင့်ရဲ့အနာဂတ်ကို စတင်လိုက်ပါ"
"𝐁𝐞𝐠𝐢𝐧 𝐘𝐨𝐮𝐫 𝐅𝐮𝐭𝐮𝐫𝐞 𝐰𝐢𝐭𝐡 𝐀𝐓𝐁𝐂" ✨
22/06/2026
📌𝐎𝐮𝐫 𝐨𝐟𝐟𝐢𝐜𝐞 𝐢𝐬 𝐜𝐥𝐨𝐬𝐞𝐝 𝐞𝐯𝐞𝐫𝐲 𝐌𝐨𝐧𝐝𝐚𝐲.
အပါတ်စဉ် "တနင်္လာနေ့တိုင်း" သင်တန်းကျောင်း ပိတ်ပါသည်...
21/06/2026
🧠 စိတ်ပညာအခြေခံတန်းမှာ လေ့လာရမယ့် အဓိက Module (4) ခု
ဒီနေ့ခေတ်မှာ လူတွေရဲ့ အတွေးအခေါ်၊ စိတ်ခံစားချက်နဲ့ အပြုအမူတွေကို နားလည်နိုင်ခြင်းဟာ ပညာရေး၊ လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ Skill တစ်ခု ဖြစ်လာပါတယ်။
👉 Introduction to General Psychology သင်တန်းမှာတော့ စိတ်ပညာ၏ အခြေခံသဘောတရားများကို အောက်ပါ Module (4) ခုမှတစ်ဆင့် စနစ်တကျ လေ့လာသွားရမှာ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━
📖 Module 1: Introduction to Psychology
Psychology ဆိုတာဘာလဲ၊ စိတ်ပညာ၏ သမိုင်းကြောင်း၊ အခြေခံသဘောတရားများနှင့် လူသားတို့၏ အတွေး၊ စိတ်ခံစားမှုနှင့် အပြုအမူများကို သိပ္ပံနည်းကျ ဘယ်လိုလေ့လာရမလဲ ဆိုတာကို စတင်သင်ကြားရမှာ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━
📖 Module 2: Branches of Psychology & Mental Health Awareness
Psychology နယ်ပယ်အတွင်းရှိ မတူညီတဲ့ ဘာသာရပ်ခွဲများကို မိတ်ဆက်သင်ကြားပေးမည်ဖြစ်ပြီး ယနေ့ခေတ်တွင် ပိုမိုအရေးပါလာတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကိုသိရှိနိုင်မည့် လက္ခဏာများ၊ ဖြစ်ပွားရတဲ့အကြောင်းအရင်းများနှင့် စိတ်ကျန်းမာရေး၏ အရေးပါပုံများကိုလည်း လေ့လာရမှာဖြစ်ပါတယ်။
━━━━━━━━━━━━━━━
📖 Module 3: Understanding Human Behavior
လူသားတွေရဲ့ အပြုအမူများကို လွှမ်းမိုးစေသည့် မိသားစုနှင့် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံများစတဲ့အကြောင်းအရာတွေကို ထဲထဲဝင်ဝင်လေ့လာပြီး လူ့အပြုအမူများကို ပိုမိုနားလည်နိုင်စေမှာဖြစ်ပါသည်။
━━━━━━━━━━━━━━━
📖 Module 4: Explore Psychological Disorders & Treatment
စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ (Psychological Disorders) ကို အခြေခံအဆင့်မှ လေ့လာရမည်ဖြစ်ပြီး Anxiety, Depression နှင့် အခြားသော စိတ်ကျန်းမာရေးပြဿနာများ၏ လက္ခဏာများ၊ ကုသမှုနည်းလမ်းများနှင့် အထောက်အကူပြုနိုင်သော Psychological Approaches များကို လေ့လာရမှာဖြစ်ပါတယ်။
━━━━━━━━━━━━━━━
🎯 သင်တန်းပြီးဆုံးပါက -
✅ စိတ်ပညာ၏ အခြေခံသဘောတရားများကို နားလည်လာမည်။
✅ လူတို့၏ အပြုအမူနှင့် စိတ်ခံစားမှုများကို ပိုမိုသဘောပေါက်လာမည်။
✅ မိမိကိုယ်ကိုယ်နှင့် ပတ်ဝန်းကျင်ရှိ လူများကို ပိုမိုနားလည်နိုင်မည်။
✅ Mental Health Awareness ပိုမိုမြင့်မားလာမည်။
✅ ATBC ရဲ့ Psychology Diploma နှင့် Advanced Diploma Program များသို့ ဆက်လက်တက်ရောက်နိုင်ရန် အခြေခံကောင်းတစ်ခု ရရှိသွားမည်ဖြစ်ပါသည်။
📩 Psychology ကို စိတ်ဝင်စားသူတိုင်းအတွက် စတင်သင့်သော အခြေခံသင်တန်းတစ်ခုဖြစ်ပါသည်။
📌 သင်တန်းနဲ့ပတ်သတ်ပြီးအသေးစိတ်ကို Page Messenger ဒါမှမဟုတ် 09 789 299 485, 09 760 300 881, 09 760 300 883 ကနေလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
━━━━━━━━━━━━━━━━━━
📩 Contact ATBC International College:
📱 Phone: 09 789 299 485, 09 760 300 881, 09 760 300 883
💬 Messenger: m.me/atbcinternationalcollege2019
🌐 Website: https://atbc.edu.mm/
🏫 အမှတ် ၆၆(က)၊ ၉ ရပ်ကွက်၊ သူရ(၁)လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (သစ္စာလမ်းမကြီး၊ ပုဏ္ဏမီ ကားမှတ်တိုင်အနီး)
✨"ATBC နဲ့အတူ သင့်ရဲ့အနာဂတ်ကို စတင်လိုက်ပါ"
"𝐁𝐞𝐠𝐢𝐧 𝐘𝐨𝐮𝐫 𝐅𝐮𝐭𝐮𝐫𝐞 𝐰𝐢𝐭𝐡 𝐀𝐓𝐁𝐂" ✨
20/06/2026
🎉🤝 OFFICIAL COLLABORATION ANNOUNCEMENT 🤝🎉
✅ ATBC International College × MIGT Official Partnership ✅
ATBC International College နှင့် MIGT (Myanmar Institute of Graphic Training) တို့အကြား Graphic Design Education နှင့် Creative Industry Development ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ယနေ့တွင် တရားဝင် လက်မှတ်ရေးထိုး၍ စတင်ခဲ့ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ 🎊
ဤပူးပေါင်းဆောင်ရွက်မှုအရ ATBC International College ၏ Graphic Design Diploma Program တွင် MIGT Founder မှ Main Instructor အဖြစ် ပါဝင်သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းသား/သူများအနေဖြင့် Industry-Oriented Design Knowledge, Creative Thinking Skills နှင့် Professional Design Workflow များကို လက်တွေ့ကျကျ သင်ယူခွင့်ရရှိမည်ဖြစ်ပါသည်။ ✨
━━━━━━━━━━━━━━━
🎁 Exclusive Student Benefits 🎁
✅ ATBC International College ကျောင်းသား/သူများ MIGT ၏ Graphic Design Online Courses များ တက်ရောက်ပါက 💰 100,000 MMK Discount ရရှိမည် ဖြစ်ပါသည်။
✅ MIGT ကျောင်းသား/သူများ ATBC International College ၏ Graphic Design Diploma သင်တန်း တက်ရောက်ပါက 💰 100,000 MMK Discount ရရှိမည် ဖြစ်ပါသည်။
━━━━━━━━━━━━━━━
ဤ Collaboration သည် Institution နှစ်ခုကြား Partnership တစ်ခုသာမက ကျောင်းသား/သူများအတွက် ပိုမိုကောင်းမွန်သော Learning Pathways များ၊ Career Development Opportunities များနှင့် Creative Industry ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးမည့် Strategic Collaboration တစ်ခုလည်း ဖြစ်ပါသည်။
ATBC International College အနေဖြင့် လုပ်ငန်းခွင်အသုံးချနိုင်သော Practical Skills များ၊ Industry-Relevant Knowledge များနှင့် International Education Standards များကို ပေါင်းစပ်ပေးနိုင်ရန် အမြဲတမ်း ကြိုးပမ်းလျက်ရှိပြီး ယခု MIGT နှင့် ပူးပေါင်းမှုသည် ကျောင်းသား/သူများအတွက် ပိုမိုကောင်းမွန်သော ပညာရေးနှင့် Career Development အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါသည်။
ATBC International College နှင့် MIGT ကို အစဉ်တစိုက် ယုံကြည်အားပေးကြသော ကျောင်းသား/သူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ❤️
Begin Your Future with ATBC.
Together, We Create Future Professionals.
ATBC International College × MIGT
🎨 From Creative Learning
🚀 To Professional Success
19/06/2026
အောင်မြင်နေတဲ့ Brand တိုင်း အသုံးပြုလေ့ရှိတဲ့ Emotional Marketing💙
ယနေ့ခေတ် နိုင်ငံတကာစီးပွားရေးလောကရဲ့ အောင်မြင်နေတဲ့ Brand တိုင်းမှာတူညီတဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့ Customer တွေရဲ့ စိတ်နှလုံးကို ဖမ်းစားပြီး Marketing လုပ်ဆောင်တဲ့ Emotional Marketing ပဲဖြစ်ပါတယ်။
Emotional Marketing ဆိုတာ လူတွေရဲ့ စိတ်ခံစားချက်တွေဖြစ်တဲ့ Aspiration(အောင်မြင်လိုစိတ်)၊ Fear(နောက်ကျကျန်ရစ်မှာစိုးရိမ်တဲ့စိတ်)၊ Trust(ယုံကြည်မှု)၊ Belonging(အဖွဲ့အစည်းတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ချင်တဲ့စိတ်)၊ Happiness(ပျော်ရွှင်မှု)၊ Dream(အိပ်မက်) စတွေကို နားလည်ပြီး Marketing Message တွေဖန်တီးရတာဖြစ်ပါတယ်။ ရိုးရိုးကုန်ပစ္စည်းတစ်ခုအကြောင်း ကြော်ငြာတာထက် ပိုမိုလေးနက်ပြီးတော့ Customer နဲ့ Brand ကြားမှာ ခိုင်မာတဲ့ ဆက်သွယ်မှု (Emotional Connection) တစ်ခုကို တည်ဆောက်ပေးတဲ့ Marketing တစ်မျိူးပဲဖြစ်ပါတယ်။
လူတွေက Product ကို ဝယ်တယ်ဆိုတာထက် သူတို့ရဲ့စိတ်နဲ့ ခံစားချက်ချင်းနီးစပ်တဲ့ Brand ကိုရွေးချယ်ဝယ်ယူလေ့ရှိကြပါတယ်။
ဉပမာ - Apple Company ကသူတို့ရဲ့ product တွေရောင်းတဲ့အခါမှာ Product ကိုအသားပေးတာထက် Luxury lifestyle တစ်ခုကို ရောင်းချတာဖြစ်ပါတယ်။ Coca-Cola Company ဟာဆိုရင်လည်း Product ကြော်ငြာတဲ့နေရာမှာ မိသားစု သူငယ်ချင်းတွေနဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေ၊ ပျော်ရွှင်မှုအခိုက်အတန့်တွေကိုအမြဲကြော်ငြာပြီး ပျော်ရွှင်တဲ့ Feeling ကိုပဲရောင်းချလေ့ရှိပါတယ်။ ဒါကြောင့်အောင်မြင်တဲ့လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ Customer နဲ့ မိမိBrand ကြားမှာ ခိုင်မှာတဲ့ Emotional Connection တစ်ခုကိုတည်ဆောက်ထားဖို့လိုအပ်ပါတယ်။
ဒီလိုမျိုး Sales & Marketing နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ATBC ရဲ့ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐒𝐚𝐥𝐞𝐬 & 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 (𝐄𝐃𝐒𝐌) အတန်းမှာတက်ရောက်လေ့လာနိုင်ပါတယ်။
For more details - https://www.facebook.com/share/p/18wHHAgkvs/
📚 ခုဖော်ပြပါ အကြောင်းအရာလေးကတော့ အောင်မြင်နေတဲ့ Brand တိုင်း အသုံးပြုလေ့ရှိတဲ့ Emotional Marketing အကြောင်းအရာလေးတွေကို ပြောပြပေးသွားတာပဲဖြစ်ပါတယ်၊ အခုလိုမျိုးစီးပွားရေးနဲ့ ဆိုင်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာဖြစ်တာမလို့ ATBC International College Page လေးကို Like & Follow လေးလုပ်ထားပေးဖို့ကိုလည်း တောင်းဆိုအပ်ပါတယ်ရှင်...
✅ အားလုံးမင်္ဂလာရှိသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ...
━━━━━━━━━━━━━━━━━━
📩 Contact ATBC International College:
📱 Phone: 09 789 299 485, 09 760 300 881, 09 760 300 883
💬 Messenger: m.me/atbcinternationalcollege2019
🌐 Website: https://atbc.edu.mm/
🏫 အမှတ် ၆၆(က)၊ ၉ ရပ်ကွက်၊ သူရ(၁)လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (သစ္စာလမ်းမကြီး၊ ပုဏ္ဏမီ ကားမှတ်တိုင်အနီး)
✨"ATBC နဲ့အတူ သင့်ရဲ့အနာဂတ်ကို စတင်လိုက်ပါ"
"𝐁𝐞𝐠𝐢𝐧 𝐘𝐨𝐮𝐫 𝐅𝐮𝐭𝐮𝐫𝐞 𝐰𝐢𝐭𝐡 𝐀𝐓𝐁𝐂" ✨
18/06/2026
🎓 UK University Bachelor Degree ကို အချိန်တိုအတွင်း စနစ်တကျ ရယူနိုင်မယ့် အခွင့်အရေး 🇬🇧
Grade 12 အောင်မြင်ထားသူများ၊ GED သို့မဟုတ် IGCSE ဖြေဆိုအောင်မြင်ထားပြီး အသက် (18) နှစ်မှ (30) နှစ်အတွင်းရှိသူများအတွက် UK Bachelor Degree လမ်းကြောင်းကို တိုက်ရိုက် စတင်နိုင်မယ့် International Qualification Program တစ်ခုကို ATBC International College မှ ဖွင့်လှစ်ထားပါသည်။
တက္ကသိုလ်ပထမနှစ်ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာမလိုဘဲ UK Ofqual Regulated Qualification ဖြစ်သော OTHM Level 4 Diploma in Business Management ကို တိုက်ရိုက်တက်ရောက်နိုင်ပြီး UK University Bachelor Degree Year 2 သို့ ဆက်လက်တက်ရောက်နိုင်မည့် Academic Progression Pathway ကို ရရှိနိုင်ပါသည်။
━━━━━━━━━━━━━━━
💼 International Business Career ကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား?
ယနေ့ခေတ် ပြိုင်ဆိုင်မှုမြင့်မားလာသော စီးပွားရေးလောကတွင် နိုင်ငံတကာအဆင့်မီ Qualification နှင့် လက်တွေ့အသုံးချနိုင်သော Business Skills များကို ပိုင်ဆိုင်ထားခြင်းသည် Career Growth အတွက် အရေးကြီးသော အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။
📚 Program Modules
✅ Academic Writing & Research Skills
✅ Business Operations
✅ Communication in Business
✅ Finance & Accounting
✅ Leading & Managing Teams
✅ Operating in a Global Business Environment
━━━━━━━━━━━━━━━
🌟 ဘာကြောင့် OTHM Level 4 ကို ရွေးချယ်သင့်သလဲ?
✔ UK Ofqual Regulated Qualification
✔ UK University Bachelor Degree Year 2 သို့ Progression Pathway
✔ International Standard Curriculum
✔ Academic & Professional Development ကို တစ်ပြိုင်နက်တည်း ရရှိနိုင်ခြင်း
✔ Business, Management နှင့် Leadership Skills များကို လက်တွေ့အသုံးချနိုင်ခြင်း
✔ အချိန်နှင့် ကုန်ကျစရိတ်ကို ထိရောက်စွာ လျှော့ချနိုင်ခြင်း
━━━━━━━━━━━━━━━
📅 2026 Intake
June Intake
August Intake
October Intake
📍 Learning Mode
Blended Learning (Online/Campus)
📍 Campus Location
အမှတ် (66/က)၊ သူရ (1) လမ်း၊ (9) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
━━━━━━━━━━━━━━━
🚀 UK Bachelor Degree ရရှိရန် သင့်ရဲ့ ပထမဆုံးခြေလှမ်းကို ယနေ့ပဲ စတင်လိုက်ပါ။
အသေးစိတ် Program Information၊ Entry Requirements နှင့် Tuition Fees များကို Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📞 09 9455 63500
📞 09 455 200 650
🌐 www.atbc.edu.mm
ATBC International College, "Begin Your Future with ATBC"