Cooking by Saw

Cooking by Saw

Share

I love cooking 🧑‍🍳

08/06/2026

အသားဟင်း ၁ခွက်ရယ်
ဟင်းချို ၁ခွက်ရယ်
အသီးအရွက်ကြော် ၁ခွက်ရယ်

အိမ်ရှင်မတစ်ဦးရဲ့ စီမံမှူ 🤍

Photos from Cooking by Saw's post 08/06/2026

ကော်ဖီမှုန့်ဖျော်မလား
လက်ဖက်ရည်အချိုခြောက်နဲ့ဖျော်မလား

အသုံးဝင်သော အိုးလေး 🤍

ကျိုက္ကဆံ super one မှာဝယ်ခဲ့တာပါ ✨

29/05/2026

✨ဟင်းနုနွယ်ရွက်သုပ်✨

သတ်သတ်လွတ်အစားအစာလဲဖြစ်
ဝိတ်ချတဲ့အနေနဲ့လဲ စားလို့ရပါတယ်
ဟင်းချိုကတော့ အိမ်မှာရှိတာလေးချက်လိုက်တာပါ 🤍

27/05/2026

✨ကြက်ဂွေးတောက်ဟင်း✨

ကြက်သားဝယ်ရင် အရိုးနဲ့အသားခွဲပြီး ၂မျိုးချက်စားလို့ရပါတယ် 🤍

23/05/2026

✨ကန်စွန်းရွက်ကြော်✨

ကန်စွန်းရွက်ကြော်နည်အမျိုးမျိုးထဲမှာမှ ဒါကတော့ ဆီးချိုရှိတဲ့အမေလဲစားလို့ရအောင် အချိုတွေမထည့်ပဲ ပုံမှန်ပဲကြော်စားတာပါ 🤍

23/05/2026

✨ရှောက်သီးသုပ်✨

မိုးအေးအေးနဲ့ လိုက်ဖက်သောပါပဲ
ဟင်းခါးလေးပါရင် ပိုကောင်းပါတယ် 🤍

20/05/2026

✨မြေပဲဆံကြော်✨

ရေဆေးပြီး ရေစစ်ပါတယ်
အမှုန်တွေ​ကပ်နေတတ်တော့
သန့်သွားအောင်ရေဆေးကြော်ပါတယ် 🤍

20/05/2026

✨ငါးဇင်ရိုင်းဟင်း✨

မိုးရာသီ ငါးပေါချိန် ချက်စားကြည့်ပါနော် 😋

အချိုမှုန့်မသုံးပါ
အညာပဲဆီ သုံးထားပါတယ်

17/05/2026

✨ကောက်ညှင်းပေါင်း✨

အမေပြောတဲ့ ကောင်းခြင်းပေါင်း😁

စော ပြောထားသလိုလေး လုပ်စားကြည့်ပါ စားလို့ကောင်းပါတယ် 😋

မနက်စာအတွက် သင့်တော်ပါတယ်

Cooking by Saw 🙋🏻‍♀️

17/04/2024

မြန်မာနှစ်သစ်မှာ English 4 skills သင်တန်းစဖွင့်ပါမယ် ☘️☘️☘️

✨ဘာတွေသင်ပေးမှာလဲ ?
လုပ်ငန်းခွင်မှာတကယ်အသုံးလိုမဲ့ vocabulary, grammar patterns တွေကိုသုံးပီး
4 skills အတွက် သူများပြောတာနားလည် ၊ ကိုယ်တိုင်ပြောရဲဆိုရဲ ၊ ရေးရဲ ဖြစ်အောင် သင်ပေးမယ် ၊ guide လုပ်ပေးမယ် ။ လုပ်ငန်းသုံး Email ရေးတာတွေပါ လက်တွေ့ပြပေးမယ် ။

✨ဘယ်သူတွေတက်လို့ရလဲ ?
၁၀ တန်းအောင်ပြီးသူကနေ ဘွဲ့ရပီးတဲ့သူတွေ အကုန်လာတက်လို့ရပါတယ် ။

✨Level ဘယ်လိုခွဲလဲ ?
လူဆိုတာ မိမိအကြောင်းမိမိအသိဆုံးပါပဲ ။
ကိုယ်က အင်္ဂလိပ်စာအခြေခံရှိပီးသားဆိုရင်
၃လ ပဲတက်လို့ရပါတယ် ။ လုပ်ငန်းခွင်
အတွက်လိုတာတွေ အဓိကထားပီး သင်ပေးမှာပါ ၊ အခြေခံတွေအထိ မသင်ပေးပါဘူး ။
ကိုယ်ကအခြေခံအားနည်းတယ်ထင်ရင်တော့
၆လ အတန်းကိုလာတက်ပါ ။ သေချာအားထည့်ပီး တွဲခေါ်ပါ့မယ် ။

✨သင်တန်းကြေး ဘယ်လောက်လဲ ?
၃လပဲတက်မယ်ဆို သင်တန်းကြေး ၁သိန်းပါ
၆လတက်မယ်ဆို သင်တန်းကြေး ၂သိန်းပါ

✨ဘယ်လိုသင်ပေးမှာလဲ ?
Zoom meeting ကနေသင်ပေးမှာပါ
Facebook private group & messenger group ကနေ စာတွေအတူလုပ်ကြပါမယ် ။
Date - Sat & Sunday
Time- 9AM to 11AM
သင်တန်းပျက်ခဲ့ရင် recording video ကြည့်ပီးစာပြန်လုပ်ပေးရပါမယ် ။

✨ဘယ်သူသင်ပေးမှာလဲ ?
Saw Kalayar Tun
BE-Civil , Dip in English (YUFL)
မြန်မာပြည်တွင် foreigners တွေနှင့်အတူတွဲဖက်အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံ ၊
လက်ရှိ စလုံးတွင်လုပ်ရသော အတွေ့အကြုံများနှင့် ကိုယ်တိုင် self study လုပ်ခဲ့သော အတွေ့အကြုံများကို အခြေခံပီး သင်ပေးမှာပါ ။

🙋🏻‍♀️သင်တန်းအပ်မယ်ဆို လာအပ်လို့ရပါပီ
သင်တန်းသား ၅ယောက်ရရင်
20 April သင်တန်းစသင်ပါမယ်ရှင်
ကြိုးစားချင်တဲ့စိတ်လေးတော့ ယူလာပေးပါ၊
ကျန်တာ ဆရာမကိုအားကိုးလို့ရပါတယ် 😬

မိမိရဲ့ မောင်လေး ၊ ညီမလေးများ ၊ သူငယ်ချင်းများလဲ လိုအပ်ရင်တက်လို့ရအောင်
Post ကို ပြန်လည် မျှဝေပေးနိုင်ပါတယ် ☘️

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon