18/06/2026
ဆန်းဆေးကြီး ဂျပန်ရောက်နေတုန်းမှာ … ဆန်းဆေးကြီးနဲ့ ဂျပန်စာ သင်ဖူးခဲ့ပြီး .. မိမိဘာသာ Selfstudy လုပ် N1 အောင်ထားတဲ့ ကလေးတွေကို .. ဆန်းဆေးကြီး “လက်ရေးနဲ့ရေးထားတဲ့ အမှတ်တရဆုလေးတွေ” ပေးဖို့ စီစဉ်ထားပါတယ်။
ဆန်းဆေးကြီးရဲ့ တပည့်အဖြစ်ခံယူထားသူ ဂျပန်ရောက် N1 အောင် ကလေးတွေ သင်တန်း Batch Number ၊ အောင်တဲ့ ခုနှစ် နဲ့ နာမည်လေးတွေ ရေးခဲ့ပေးပါနော် …
#モ一先生
15/06/2026
ဆန်းဆေးကြီး မျက်နှာလေး ဖြတ်ညှပ်ကပ်လိုက်ရမလား … 🫣
😁😁😁
Photo Crd: Original Uploader
03/06/2026
ကလေးတစ်ယောက် ဂျပန် ရောက်ပြီး ၂ လအတိမှာ ဘဝကို စွန့်လွှတ်သွားတယ်လို့ ဖတ်မိလို့ .. ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ နောင် ဂျပန်လာဖို့ ပြင်နေတဲ့ ကလေးတွေ ဆောင်ရန် ရှောင်ရန် သိထားရအောင်ပါ။ သိခဲ့ ကြုံခဲ့ သမျှ - အထူးသဖြင့် Language School ကလေးတွေပါ။
တကယ်တမ်းကျ ဂျပန်ကို လာစရာ နည်းလမ်းမရှိလို့သာ Language School နဲ့ လာလိုက်ကြတဲ့ ကလေးက ၉၀% အထက်ရှိပါတယ်။ တကယ် ပညာသင်ဖို့ မိဘက ပြည့်စုံလို့ ကျောင်းဆက်တက်ဖို့ လာတဲ့ ကလေးက ၁၀% မပြည့်ပါဘူး။ အဲ့ဒိ ၉၀% အထက်ကလေးတွေထဲမှာမှ မိဘက ရှိတာ ရောင်းချ ချေးငှါး ပေါင်နှံပြီး ပေးလိုက်ရတဲ့ ကလေးတွေကလဲ အများကြီးပါ။
ဆိုလိုချင်တာက ကလေးက လာကတည်းက သူ့မှာ အကြွေးဆိုတဲ့ စိတ်ဖိဆီးမှုက ပါလာပြီ။ တချို့မိဘတွေက ဒုက္ခတွေနဲ့ ကျန်ခဲ့ရတယ်။ ဒီရောက်တော့လဲ လက်ထဲပါလာတဲ့ ပိုက်ဆံနဲ့ အလုပ်မရခင် စပ်ကြား လောက်အောင်သုံးရ ၊ ဘာသာစကားကလဲ မပေါက်မြောက်လို့ အချိန်ပိုင်းအလုပ်က မရ ၊ ရပြန်တော့လဲ အလုပ်ထဲမှာ manner နားမလည်လို့ အစဉ်မပြေ အနိုင်ကျင့်ခံရ ၊ အစားအသောက် ခြိုးခြံရ ၊ အလုပ်ပင်ပန်း စိတ်ပင်ပန်းမို့ အစဉ်မပြေမှုတွေ အများကြီး တွေ့နိုင်တာမို့ ….. အိမ်မှာ မိဘက ဘာမှ မခိုင်း ၊ ဘဝ အခက်အခဲဆိုတာ မသိခဲ့ ၊ ဘာကိုမှ လေးလေးနက်နက် မလုပ်ခဲ့ဖူးတဲ့ ၊ စိတ်ပျော့တဲ့ ကလေးဟာ …. ဂျပန်မှာ သူများထက်ပိုပြီး အခက်အခဲ ရင်ဆိုင်ရတတ်ပါတယ်။ အများထဲက အနည်းပေါ့လေ … (ချွင်းချက် အနေနဲ့ မိဘက ပြည့်စုံသော်လည်းပဲ … ထောက်ပံ့ပေးနိုင်သော်လည်းပဲ .. ငါ့ခြေထောက်ပေါ် ငါကြိုးစားပြီးရပ်တည်မယ် ဆိုတဲ့ ကလေးတွေလဲ ရှိပါတယ်။)
ရာသီဉတုဒဏ် ၊ ညဉ့်နက်သန်းခေါင် အလုပ်လုပ်ရ ၊ အထီးကျန်ဆန် ၊ နေ့စဉ်ဘဝကို တစ်ယောက်တည်းရုန်းကန်ရတာ ထင်သလောက်လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အမျိုးမျိုးသော အခက်အခဲတွေ အများကြီးပါ။
ဒါကြောင့် ကလေးတွေ အနေနဲ့ ဂျပန်ဆိုတာကို သွားချင်တာ တစ်ခုတည်းကြောင့် မဟုတ်ပဲ ၊ မိဘကလဲ နည်းလမ်းမရှိလို့ အတင်းတွန်းသွားခိုင်းတာမျိုးမဟုတ်ပဲ ၊ သေချာ ချင့်ချိန် စဉ်းစားပြီးမှ လာဖို့ ဆုံးဖြတ်ကြစေချင်ပါတယ်။
📌📌📌 ဒါ့အပြင် အဓိက-အဓိက အကြောင်းအရာကတော့ … ကလေးတွေ (ကာယကံရှင်တွေ) ရဲ့ စိတ်ဓါတ် နဲ့ အတွေးအခေါ် ပြင်ဖို့လိုပါတယ်။ ဒီခေတ် ဒီအခါ ဒီအခြေအနေတွေနဲ့ ကိုယ့်မှာ ရွေးချယ်စရာ မရှိတော့လို့ ဒီလမ်းကြောင်းကို ရွေးချယ်ပြီးပြီဆိုရင် … ကိုယ့်စိတ်ကို ကိုယ်ပြင်ဆင်ပါ။ ငါ တစ်ယောက်တည်းရင်ဆိုင်ရတဲ့ ဒုက္ခ မဟုတ်ဘူး။ အများနဲ့ အတူ ငါရှင်သန် ရုန်းကန်ရအုန်းမယ် ၊ ငါရွေးချယ်ပြီးတဲ့ လမ်း .. ငါ သေချာ ဆက်လျှောက်မယ် ၊ အခက်အခဲဆိုတာ တစ်နေ့တော့ ပြီးသွားမှာပါပဲ ၊ ကြိုးစားနေသူအတွက် လမ်းဆိုတာ အမြဲရှိပါတယ် လို့ တွေးပါ။ မိတ်ဆွေ အပေါင်းအသင်းထားပါ။ တိုင်ပင်ပါ။ သူလဲ ငါ့လို ခက်ခဲနေတာပဲ ဆိုပေမယ့် .. သူ့စကားတစ်ခွန်းကို ငါယူတတ်ရင် .. သူရုန်းကန်နေသလို ငါလဲ ရုန်းကန်ကြိုးစားနိုင်ရင် ကျော်ဖြတ်နိုင်တယ် လို့ တွေးပါ။ တကယ်ကြိုးစားနေတဲ့ ကလေးတွေ အများကြီး ရှိပါတယ်။ မြင်တွေ့ချီးကျူးနေရတဲ့ ကလေးတွေ တကယ်ရှိပါတယ်။
ဂျပန်ဆိုတာလဲ တကယ်ကြိုးစားနိုင်သူတွေ အတွက် … ကိုယ့်ကိုယ့်ကို ပြုပြင် ကျင့်ကြံနိုင်သူတွေအတွက် လမ်းတွေရှိပါတယ်။ ဘယ်ဘဝ တွေကမှအလွယ်တကူ ဖြစ်တည်လာတာ မဟုတ်ပါဘူး။ လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ပါနဲ့လေ။
🤜🤛
01/06/2026
6月1日
ဂျပန်ရဲ့ ၆လပိုင်း (June) လ ဟာ ရာသီဉတု အပြောင်းအလဲ ၊ သဘာဝအလှတွေနဲ့ ထူးခြားတဲ့လတစ်လပါ။
🌧️ ၁။ မိုးရာသီ – 梅雨 (つゆ / Tsuyu)
၆လပိုင်း ဆိုတာနဲ့ အရင်ဆုံးသတိရတာက梅雨 (မိုးရာသီ) ပါပဲ။ မေလနောက်ပိုင်းမှ စပြီး ၆လမှာ မိုးတောက်လျှောက် ရွာတတ်ပြီး အေးဆေးတိတ်ဆိတ်တဲ့ ခံစားချက်ကို ရရှိစေပါတယ်။ 傘 ထီး မပါဘဲ အပြင် မထွက်ကြတဲ့ ရာသီလို့လဲ ပြောလို့ရပါမယ်။
💡 ဂျပန်ကို အသစ်ရောက်လာသူတွေအတွက် အိမ်ကို ပိုလွမ်းစေတဲ့ ရာသီ ဖြစ်မှာပါ။
🌸 ၂။ 紫陽花 (あじさい / Ajisai) – Hydrangea ပန်း
紫陽花 က ၆လရဲ့ သင်္ကေတပန်းပါ။ အရောင်စုံရှိတဲ့ 紫陽花 ပန်းလေးတွေဟာ မိုးနဲ့အတူ အရမ်းလှပါတယ်။ အပြာ၊ ပန်းရောင်၊ ခရမ်းရောင် အရောင်ပြောင်းတတ်ပြီး ဘုရားကျောင်းတွေမှာလဲ အများစု စိုက်ပျိုးထားတတ်ကြပါတယ်။ အဖြူရောင် အစိမ်းဖန့်ဖန့်ရောင်လေးတွေလဲ အရမ်းလှပါတယ်။
🎎 ၃။ 端午の節句 (たんごのせっく) – Boys’ Day (May end / June vibe)
こどもの日 နဲ့ ဆက်စပ်တဲ့ tradition တစ်ခုဖြစ်တဲ့ 🎏 Koinobori (ငါးပုံအလံ) ကို တင်ထားကြတတ်တယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ အောင်မြင်မှု ဆုတောင်းကြတယ်။ (တကယ်တော့ မေလ ဖြစ်ပေမယ့် ၆လအစမှာလည်း တချို့နေရာတွေမှာ တွေ့ရတတ်ပါတယ်)
🍃 ၄။ 衣替え (ころもがえ) – အဝတ်အစားပြောင်းချိန်
ဇွန်လ ၁ ရက်ကစပြီး မိုးနဲ့ အတူ အပူချိန်ကလဲ မြင့်လာတာမို့ ဆောင်းအဝတ်တွေသိမ်းဆည်းပြီး နွေရာသီအဝတ်တွေ အသုံးပြုကြရပါတော့တယ်။ ဝန်ထမ်းတွေ ၊ ကျောင်းသားတွေ uniform ပြောင်းတတ်ကြပါတယ်။
🐌 ၅။ သဘာဝ & အသက်ရှင်မှု
တချို့ နယ်ဘက်တွေမှာ ၆လမှာတွေ့ရမယ့် သဘာဝအရာတွေ 🐌 ခရု (snails) ၊ 🐸 ဖားအော်သံ ၊ 🌾 စပါးခင်းစိမ်းစိုတွေနဲ့ ၊ တချို့နေရာတွေမှာ ပိုးစုန်းကြူးလို့ ခေါ်တဲ့ fireflies (蛍 / ほたる) တွေ တွေ့ရတတ်ပြီး蛍 လေးတွေက ညဘက်မှာ အရမ်းလှကြပါတယ်။
ဂျပန်ရဲ့ ၆လပိုင်း ဆိုတာ
* 🌧️ မိုးရာသီ (梅雨)
* 🌸 Ajisai ပန်းအလှ
* 👕 အဝတ်ဒီဇိုင်း ပြောင်းလဲချိန်
* 🍃 သဘာဝစိမ်းလန်းမှု
စသဖြင့် “တိတ်ဆိတ်၊ အေးအေး၊ အလွမ်းစိတ်ပိုစေတဲ့လ” လို့ပြောလို့ရပါတယ်။
မီနစံတို့လဲ Ajisai ပန်း လေးတွေနဲ့အတူ ခဏလေးပဲဖြစ်ဖြစ် လှပ အေးချမ်းမှုကို မြင်တွေ့ ခံစားနိုင်ကြပါစေ။
24/05/2026
JLPT - N4 - い-けようし\ な-けようし သီးသန့်ပါ ...
အခုမှ N4 လေ့လာနေတဲ့ သူတွေ အလွယ်တကူ ကျက်မှတ်နိုင်အောင်ပါ။
သေချာလေ့လာ ကျက်မှတ်နိုင်ကြပါစေ။
Japanese Language Academy
📍သင်တန်းကျောင်းလိပ်စာ - အမှတ် ၅၄၆၊
ကမ်းနားလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
Regency Petrol Station ရှေ့၊ ရန်ကုန်မြို့။
📞 09945543274
19/05/2026
NESSHIN မှ 2026 December လ JLPT Exam ဖြေဆိုနိုင်ရန် N5-4 အတန်းဖွင့်ပါမည်။
JLPT N5-4 Course
📑 သင်ကြားမည့် အတန်း ပုံစံ - In Class
🗓️ သင်တန်းစမည့် ရက် - ၂၀၂၆ ဇွန်လ ၁၅ရက်
🕛 သင်တန်း ကြာမြင့်ချိန် - ၂၅ ပတ်
📆 သင်တန်း နေ့ရက် - တင်္နလာ မှ သောကြာနေ့ထိ
⏱️ သင်တန်း အချိန် - နေ့လည် ၁:၀၀ မှ ညနေ ၄:၃၀ ထိ
💴 သင်တန်းကြေး - ၅၀၀,၀၀၀/-
(စာအုပ်ဖိုး နှင့် Exam Practice Tests များ ပါပြီး။)
🧍♂️လူဦးရေ (၂၀) ဦးသာ လက်ခံပါမည်။
📖 ကျောင်းအပ်လက်ခံပါပြီ။
☎️ 09945543274 (သို့) 💌 Page Messenger မှလဲ အပ်နှံနိုင်ပါသည်။
⛔️ တီဘီပိုးရှိသူ ၊ အသည်းရောင်အသားဝါဘီပိုးရှိသူ ၊ ကာလသားရောဂါပိုးရှိသူများအား ဂျပန်နိုင်ငံဘက်မှလည်း လက်မခံပါသဖြင့် စာသင်ကျောင်းတွင်း သင်ကြားမှု အတန်းများ၌လည်း လက်ခံမည် မဟုတ်ပါ။ လိုအပ်ပါက ကြိုတင်ဆေးစစ်မှု ခံယူပါမည်။ ⛔️
NESSHIN Japanese Language Academy
📍သင်တန်းကျောင်းလိပ်စာ
အမှတ် ၅၄၆၊ ကမ်းနားလမ်း၊
ကြည့်မြင်တိုင်မြို့နယ်။
Regency Petrol Station ရှေ့၊ ရန်ကုန်မြို့။
📞 09945543274
19/05/2026
Kaigo Scholarship (Sponsor) Program ဆိုသည်မှာ …
Nesshin Kaigo Academy
12/05/2026
NESSHIN က စီစဉ်ပေးတဲ့
• Japan Kaigo Scholarship Program ၊
• ၆လပြတ် N5-4-3 အတန်း ၊
• ဂျပန်စာ အခမဲ့ သင်ကြားခွင့်ရမယ့် NESSHIN Scholarship ...
စတဲ့ အတန်းတွေအတွက် စာရင်းပေးသွင်းခြင်းအား သောကြာနေ့ ၁၅.၅.၂၀၂၆ ထိသာ ပေးသွင်းနိုင်ရန် ဖြစ်ပါသဖြင့် ၊ စိတ်ပါဝင်စား တက်ရောက်လိုသူများ အောက်ပါ Link များကို ဖတ်ရှုလေ့လာပြီး Page Messenger မှ စာရင်းပေးသွင်းနိုင်ပါပြီ။
• Japan Kaigo Scholarship Program
https://www.facebook.com/share/1CqHX3mMKx/
• ၆လပြတ် N5-4-3 အတန်း
https://www.facebook.com/share/p/1ASD1tuDYw/
• ဂျပန်စာ အခမဲ့ သင်ကြားခွင့်ရမယ့် NESSHIN Scholarship
https://www.facebook.com/share/p/1B4X5MgbaE/
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်
+95 994 554 3274
📍သင်တန်းကျောင်းလိပ်စာ
အမှတ် ၅၄၆၊ ကမ်းနားလမ်း၊
ကြည့်မြင်တိုင်မြို့နယ်၊
Regency Petrol Station ရှေ့၊
ရန်ကုန်မြို့။
09/05/2026
JLPT - N4 - Verb သီးသန့်ပါ ...
ဂျပန်စာ စလေ့လာနေတဲ့ ခန်းဂျီး မဖတ်တတ်သေးတဲ့သူတွေပါ အလွယ်တကူ ကျက်မှတ်နိုင်အောင်ပါ။
သေချာလေ့လာ ကျက်မှတ်နိုင်ကြပါစေ။
Japanese Language Academy
📍သင်တန်းကျောင်းလိပ်စာ - အမှတ် ၅၄၆၊
ကမ်းနားလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
Regency Petrol Station ရှေ့၊ ရန်ကုန်မြို့။
📞 09945543274 See less
09/05/2026
လျှောက်ထားလိုသူများ Messenger မှာ လျှောက်လွှာပုံစံတောင်းပြီး ၁၅.၅.၂၀၂၆ မတိုင်ခင် လျှောက်ထားပေးစေလိုပါတယ်။ အတန်းက ၁၈.၅.၂၀၂၆ စဖွင့်ပါမယ်။ ၆လသင်တန်းပါ။ ၂၀၂၅ ဒီဇင်ဘာမှာ N3 ဖြေရပါမယ်။ ...
Scholarship 🏆
ဂျပန်စာသင်တန်းတက်ရောက်ရန် အမှန်တကယ် အစဉ်မပြေသော အခက်အခဲရှိသော ပြင်ပမှ ကလေးများအတွက် … ဒုတိယအကြိမ်မြောက် .. “သင်တန်းကြေး စာအုပ်ဖိုး အလုံးစုံ - ပညာဒါန - NESSHIN ” အဖြစ် စီစဉ်ပေးပါမည်။
ကန့်သတ် လူဦးရေ (၃) ဦး
လိုအပ်ချက်များ -
- အမှန်တကယ်ဂျပန်စာ သင်ကြားလိုသော ဆန္ဒရှိသူ ဖြစ်ရပါမည်။
- ဂျပန်စာသင်ကြားနိူင်ရန် သင့်တော်သော ပညာအရည်အချင်းရှိရပါမည်။
- ဆန်းဆေးကြီးနှင့် လူကိုယ်တိုင်လာရောက်တွေဆုံပြီး ဆွေးနွေးရပါမည်။ (Personal Interview)
- မိဘမှ ခွင့်ပြုပေးသူ ဖြစ်ရပါမည်။
- ရန်ကုန်တွင် မိမိအစီအစဉ်ဖြင့် နေထိုင်နိုင်သူ ဖြစ်ရပါမည်။ (ချွင်းချက်)
- သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရပါမည်။
📌နောက်ဆုံးလျှောက်ထားရမည့် ရက် .. ၁၅.၅.၂၀၂၆ (သောကြာနေ့)
📌လျှောက်ထားသူသည် သတ်မှတ်အရေအတွက်ထက်များနေပါက အင်တာဗျူး ၂ ကြိမ်ဖြေဆိုရပါမည်။
📌လျှောက်ထားလိုသူများသည် မည်သည့်အတွက်ကြောင့်လျှောက်ထားရကြောင်း မိမိလက်ရေးဖြင့်ရေးသားပြီး ဓါတ်ပုံရိုက်ကာ Messenger သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ (လျှောက်လွှာ နမူနာအား Messenger မှ တောင်းယူနိုင်ပါသည်။)
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်
+95 994 554 3274
📍ကျောင်းလိပ်စာ - အမှတ် ၅၄၆၊ ကမ်းနားလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ Regency Petrol Station ရှေ့၊ ရန်ကုန်မြို့။ See less