[ဂျပန်တွင် နိုင်ငံခြားကျောင်းသား ခေါ်ယူမှု ဆက်လက်
မြင့်တက်နေ]
ဂျပန်နိုင်ငံသည် လူဦးရေကျဆင်းမှုနှင့် မွေးဖွားနှုန်းနိမ့်ကျ
မှုများကြောင့် နိုင်ငံခြားကျောင်းသားများကို ပိုမိုခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေကြောင်း သိရသည်။
ဂျပန်ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ 2025-2026 ပညာသင်နှစ်အတွင်း နိုင်ငံခြားကျောင်းသား
ဦးရေသည် COVID-19 ကာလမတိုင်မီ အဆင့်များသို့ ပြန်
လည်ရောက်ရှိလာပြီး ဆက်လက်တိုးတက်နေကြောင်း ဖော်
ပြထားသည်။
လက်ရှိတွင် ဗီယက်နမ်၊ တရုတ်၊ နီပေါ၊ မြန်မာနှင့် သီရိ
လင်္ကာနိုင်ငံများမှ ကျောင်းသားများသည် ဂျပန်နိုင်ငံသို့
ပိုမိုလာရောက် ပညာသင်ကြားလျက်ရှိကြသည်။
ကျောင်းသားဦးရေ လျော့နည်းလာခြင်းကြောင့် Language School များ၊ Vocational College (Senmon Gakko)
များနှင့် တက္ကသိုလ်များသည် နိုင်ငံခြားကျောင်းသားများကို
ပိုမိုအားထားလာကြပြီး Scholarship ပေးခြင်း၊ Dormitory စီစဉ်ပေးခြင်း၊ Part-time Job မိတ်ဆက်ပေးခြင်းနှင့်
Tuition Fee လျှော့ပေးခြင်းများကို ဆောင်ရွက်လာကြ
သည်။
ထို့အပြင် ဂျပန်အစိုးရသည် "ပညာသင်ကြားရန် လာရောက် >
ဘွဲ့ရ >ဂျပန်တွင် အလုပ်လုပ်" ဆိုသည့်လမ်း ကြောင်းကို အား
ပေးလျက်ရှိပြီး IT, Engineering, Hotel & Tourism,
Nursing Care နှင့် Manufacturing ကဏ္ဍများတွင် လူ
အင်အား လိုအပ်ချက် မြင့်မားနေဆဲ ဖြစ်သည်။
ထို့ကြောင့် ဂျပန်တွင် ပညာသင်ကြားလိုသူများအတွက် ယခုကာလသည် အခွင့်အလမ်းကောင်းများ ရှိနေသေးသည့် အချိန်တစ်ခုဖြစ်ပြီး ဂျပန်ဘာသာစကား လေ့လာခြင်းနှင့် လိုအပ်
သော စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပညာရေးကျွမ်းကျင်သူများက အကြံပြုထားကြသည်။
Source: JASSO, MEXT Japan, Study in Japan Official Portal
YA YA YA Japanese Language Academy & Education Centre
YA YA YA Japanese Language Academy & Education Centre
No.225, 3rd Floor, Kyitekasan Rd, Tarmwe Tsp, Yangon, Myanmar. (Nearly Kyauk Myaung
Market Bus Stop).
ဂျပန်နိုင်ငံသို့ တရားဝင် ကျောင်းတက်ရောက် ပညာသင်ကြား
ရန် အတွက် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ၊ ကောလိပ်များ၊ ဂျပန်ဘာသာရပ်သင်ကျောင်းများ ( Language School ) များနှင့်တိုက်ရိုက် ချိတ်ဆက်၍ ကျောင်းလျှောက်ထားပေးခြင်း ဆောင်ရွက်ပေးနေပါသည်။
21/06/2026
ယနေ့ထပ်မံ ပြုလုပ်ပေးခဲ့တဲ့ Interview Training လေး
ဖြစ်ပါတယ်ခင်ဗျာ 😊
YA YA YA Japanese Language Academy & Education Centre
21/06/2026
[ မီးတိုင်၊ ရေငှက်နဲ့ ငါးဖမ်းတဲ့ ဂျပန်ရဲ့ နှစ် ၁,၃၀၀ ကျော် သက်တမ်းရှိ ရိုးရာပွဲ ]
ဂျပန်နိုင်ငံ ဂိဖုစီရင်စု (Gifu Prefecture) ရှိ နာဂရာမြစ်
(Nagara River) ပေါ်တွင် နှစ်ပေါင်း ၁,၃၀၀ ကျော်ကြာ ဆက်လက်ထိန်းသိမ်းလာခဲ့သော ရိုးရာငါးဖမ်းနည်းတစ်ခု
ရှိပါတယ်။
၎င်းကို "Ukai" (ရေငှက်ဖြင့် ငါးဖမ်းခြင်း) ဟု ခေါ်ကြပြီး
နှစ်စဉ် မေလ ၁၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ
ကျင်းပလေ့ရှိပါတယ်။
ညအချိန်ရောက်လာသည်နှင့် ငါးဖမ်းလှေများ၏ ရှေ့ပိုင်းတွင် မီးတိုင်ကြီးများ ထွန်းညှိကာ Cormorant ဟုခေါ်သော ရေငှက်များ၏ အကူအညီဖြင့် Ayu (Sweetfish) ငါးများကို ဖမ်းဆီး
ကြပါတယ်။ မီးရောင်တောက်ပနေသော မြစ်ပြင်ပေါ်တွင်
ရေငှက်များ ငါးလိုက်ဖမ်းနေသည့် မြင်ကွင်းသည် ရာစုနှစ်
များစွာက ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသလို ခံစား
ရစေပါတယ်။
ထူးခြားသည့်အချက်မှာ နာဂရာမြစ်၏ သမိုင်း၀င်ငါးဖမ်းနည်း Ukai သည် ဂျပန်ဧကရာဇ်အိမ်တော် (Imperial Household Agency) ၏ တိုက်ရိုက်အသိအမှတ်ပြုမှုကို ရရှိထားသည့်
တစ်ခုတည်းသော ရိုးရာငါးဖမ်းပွဲဖြစ်ပြီး ဖမ်းမိသည့် Ayu ငါး
များကိုလည်း ယနေ့တိုင် ဧကရာဇ်အိမ်တော်သို့ ဆက်သလျက်ရှိကြပါတယ်။
ပွဲ၏ အလှပဆုံးအချိန်မှာ "Sōgarami" ဟုခေါ်သော နောက်
ဆုံးအစီအစဉ်ဖြစ်ပြီး ငါးဖမ်းလှေများစွာ မြစ်ပြင်တစ်လျှောက် အတန်းလိုက် စီတန်းကာ ငါးများကို တစ်ပြိုင်နက် မောင်းနှင်ဖမ်းဆီးကြသည့် မြင်ကွင်းသည် ကြည့်ရှုသူများကို ရင်သပ်
ရှုမောစေပါတယ်။
နှစ်ပေါင်း ၁,၃၀၀ ကျော် သက်တမ်းရှိသော်လည်း ယနေ့တိုင် အသက်ဝင်နေဆဲဖြစ်သော Ukai ရိုးရာသည် ဂျပန်လူမျိုးများ
၏ ယဉ်ကျေးမှုအမွေအနှစ်ကို မျိုးဆက်သစ်များထံ ဆက်
လက်လက်ဆင့်ကမ်းပေးနေသည့်အဖိုး တန် ရိုးရာတစ်ခု ဖြစ်
ပါတယ်။
ပွဲတော်ကို Nagara River, Gifu Prefecture မှာ နှစ်စဥ်
May 11 – October 15 ထိ ကျင်းပပြုလုပ်လေ့ရှိပါတယ်။
Ref & Photo Credit : discovergifu.com, agrinews.sakura.ne.jp
YA YA YA Japanese Language Academy & Education Centre
21/06/2026
[ ဂျပန်ဗီဇာကြေး ၅ ဆအထိ တိုးမြှင့်မည် ]
ဂျပန်အစိုးရသည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ
စတင်၍ နိုင်ငံခြားသားများအတွက် ဗီဇာကြေးနှုန်းထား
အသစ်များကို အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်
မည်ဖြစ်ကြောင်း သိရသည်။
💴 Single Entry Visa အတွက်
3,000 ယန်း > 15,000 ယန်း
💴 Multiple Entry Visa အတွက်
6,000 ယန်း > 30,000 ယန်း
ဖြစ်ပါတယ်။
ယခုကြေးနှုန်း ပြင်ဆင်မှုသည် ၁၉၇၈ ခုနှစ်နောက်ပိုင်း
ပထမဆုံးအကြိမ် ပြောင်းလဲခြင်းဖြစ်ပြီး ငွေဖောင်းပွမှု၊
ယန်းငွေတန်ဖိုး ကျဆင်းမှုနှင့် စီမံခန့်ခွဲမှုကုန်ကျစရိတ်
မြင့်တက်လာမှုတို့ကြောင့် ပြင်ဆင်ရခြင်းဖြစ်ကြောင်း
သိရသည်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက် မတိုင်မီ လျှောက်ထားသော
ဗီဇာလျှောက်လွှာများကို လက်ရှိကြေးနှုန်းထားအတိုင်း ဆက်လက်သတ်မှတ်မည်ဖြစ်သည်။
ဂျပန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်နေသူများအနေဖြင့်
ဗီဇာလျှောက်ထားမည့် အချိန်နှင့် ကုန်ကျစရိတ်များကို
ကြိုတင်တွက်ချက် စီစဉ်ထားရန် လိုအပ်မည်ဖြစ်သည်။
Source : Japan Times
Photo : traveltradejournal.com
YA YA YA Japanese Language Academy & Education Centre
20/06/2026
2027 Apr Intake အတွက် Interview Training တွေ
လုပ်ပေးနေပါပြီနော်။ ကျောင်းလျှောက်ဖို့ စဥ်းစားနေတဲ့သူ
တွေ နောက်မကျရအောင် အမြန်ဆုံး စာရင်းပေးသွင်းနိုင်
ပါပြီခင်ဗျာ 😊
YA YA YA Japanese Language Academy & Education Centre
[ ဂျပန်မှာ ဆန်ဈေးတွေ စတင်ကျဆင်းလာ ]
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဆန်ရှားပါးမှုကြောင့်
ဆန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ပေမယ့် ယခု
၂၀၂၆ ခုနှစ်အတွင်းတော့ ဈေးနှုန်းတွေ တဖြည်းဖြည်း
ကျဆင်းလာနေပါတယ်။
ဂျပန် စိုက်ပျိုးရေးဝန်ကြီးဌာန (MAFF) ရဲ့အချက်အလက်
များအရ စူပါမားကတ်များတွင် ရောင်းချနေသော ဆန် ၅ ကီလိုဂရမ်၏ ပျမ်းမျှဈေးနှုန်းမှာ ယန်း ၃,၉၃၅ ဝန်းကျင်
အထိ ကျဆင်းလာခဲ့ပြီး ၇ ပတ်ဆက်တိုက် ဈေးကျဆင်းမှု
ဖြစ်ပေါ်ခဲ့ပါတယ်။
အစိုးရသိုလှောင်ဆန်များကို ဈေးကွက်ထဲ ထုတ်ရောင်း
ပေးခြင်း၊ ပုဂ္ဂလိက ဆန်လက်ကျန်ပမာဏ မြင့်တက်လာ
ခြင်း၊ ဆန်ထုတ်လုပ်မှု တိုးလာခြင်းကြောင့် ဈေးကွက်
အတွင်း ဆန်ပမာဏ ပိုမိုများပြားလာခြင်းကြောင့် ဆန်
စျေးကျလာတယ်လို့ ဆိုပါတယ်။
ကျွမ်းကျင်သူများကလည်း ၂၀၂၆ ခုနှစ်အတွင်း ဆန်လက်
ကျန်များ ဆက်လက်များပြားနေပါက ဆန်ဈေးနှုန်းများ
ထပ်မံကျဆင်းနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
သို့သော် လယ်သမားအချို့ကတော့ ဆန်ဈေး အလွန်အကျွံ
ကျဆင်းသွားမည်ကို စိုးရိမ်နေကြပြီး ထုတ်လုပ်မှုကုန်ကျ
စရိတ်များ မြင့်တက်နေဆဲ ဖြစ်သောကြောင့် သင့်တော်
သော ဈေးနှုန်းတစ်ခု ထိန်းသိမ်းထားရန် လိုအပ်ကြောင်း
ပြောဆိုနေကြပါတယ်။
Source : Japan Times
YA YA YA Japanese Language Academy & Education Centre
20/06/2026
" သမိုင်းတလျှောက် World Cup ၁,၀၀၀ မြောက် ပွဲစဉ် "
မနက်ဖြန် Jun 21 ရက်နေ့မှာ ကစားမယ့် ဂျပန်နှင့် တူနီးရှား
ပွဲစဉ်ဟာ FIFA World Cup သမိုင်းတလျှောက် ၁,၀၀၀
မြောက် ပွဲစဉ် အဖြစ် မှတ်တမ်းဝင်မယ့် အထူးပွဲတစ်ပွဲ ဖြစ်
လာပါတယ်။
ဂျပန်အသင်းဟာ ပထမပွဲမှာ နယ်သာလန်ကို ၂-၂ သရေ
ကစားထားပြီး အုပ်စုကနေ တက်ရောက်ဖို့အတွက် တူနီးရှား
ကို အနိုင်ယူဖို့ အရေးကြီးနေပါတယ်။
ဂျပန်နည်းပြ Hajime Moriyasu က "တူနီးရှားအသင်းဟာ
ပိုမိုပြင်းထန်တဲ့ ဖိအားပေးကစားပုံနဲ့ လာမယ်လို့ မျှော်လင့်ထား
ပါတယ်။ ကျွန်တော်တို့လည်း အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်"
ဟု ပြောကြားထားပါတယ်။
ဒီပွဲမှာ အနိုင်ရခဲ့ရင် ဂျပန်အသင်းဟာ Group F ထိပ်
ပိုင်းကို တက်လာနိုင်ပြီး ရှုံးထွက် ၃၂ သင်းအဆင့် တက်
ရောက်ဖို့ အခွင့်အရေး အလွန်ကောင်းလာမှာ ဖြစ်ပါတယ်။
FIFA World Cup ပထမဆုံးပွဲစဉ်ကို ၁၉၃၀ ခုနှစ် ဇူလိုင်
၁၃ ရက်နေ့မှာ ပြင်သစ် - မက္ကဆီကို တို့ ယှဥ်ပြိုင်ကစားခဲ့ပြီး၊
ယခု ဂျပန် - တူနီးရှား ပွဲစဉ်က သမိုင်းဝင် ၁,၀၀၀ မြောက်
World Cup ပွဲ အဖြစ် မှတ်တမ်းတင်ခံရမှာ ဖြစ်ပါတယ်။
Source : reuters
YA YA YA Japanese Language Academy & Education Centre
Class - 1 ကျောင်းရဲ့ Campus ၃ ခုကနေ လူ (၆၀)
ဦး လက်ခံပါမယ်။
Tokyo - Shinjuku, Takadanobaba, နဲ့ Osaka
Campus တွေအတွက်ပါ။
👉🏻 တက္ကသိုလ်၀င်တန်း / GED အောင်
👉🏻 ဂျပန်စာ N5 အောင်
👉🏻 အသက် ၃၀ နှစ်အောက် လက်ခံပါတယ်။
ဇူလိုင်လကုန် အင်တာဗျူးပါမယ်။
အမြန်ဆုံး ဆက်သွယ်လျှောက်ထားနိုင်ပါပြီ။
YA YA YA Japanese Language Academy & Education Centre
💴 ဂျပန်ယန်းတန်ဖိုး နှစ် ၄၀ အတွင်း အနိမ့်ဆုံးအဆင့်နီးပါး ရောက်ရှိ 💴
ဂျပန်ယန်းငွေတန်ဖိုးဟာ ယနေ့ (19 June 2026) မှာ အမေရိ
ကန်ဒေါ်လာ ၁ ဒေါ်လာကို ၁၆၁ ယန်း ကျော်အထိ လဲလှယ်ရတဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။
ဒါဟာ ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်း ယန်းတန်ဖိုး အားအနည်းဆုံးအဆင့်နီးပါး ဖြစ်ပြီး ကမ္ဘာ့ငွေကြေးဈေးကွက်
မှာ အထူးစောင့်ကြည့်ခံနေရတဲ့ သတင်းတစ်ပုဒ် ဖြစ်လာပါ
တယ်။
အရင်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ယန်း ၁၁၀ ဝန်း
ကျင်သာ ရခဲ့ပေမယ့် ယခုအခါ ၁၆၁ ယန်းကျော် ရရှိနေပါ
တယ်။
ဆိုလိုတာက နိုင်ငံခြားငွေ (USD) ကို ကိုင်ထားသူတွေ
အတွက် ယန်းပိုရလာပြီး ဂျပန်မှာ သုံးစွဲနိုင်တဲ့ ငွေပမာဏ
ပိုများလာတာ ဖြစ်ပါတယ်။
ယန်းတန်ဖိုး ကျဆင်းရတဲ့ အကြောင်းအရင်းတချို့ကတော့ -
✅ အမေရိကန်နိုင်ငံရဲ့ အတိုးနှုန်း မြင့်မားနေသေးတာ
ကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာကို ပိုဝယ်ယူနေ
ကြပါတယ်။
✅ ဂျပန်ဗဟိုဘဏ် (BOJ) က အတိုးနှုန်း တိုးထားပေ
မယ့် အမေရိကန်နဲ့ နှိုင်းယှဉ်ရင် နည်းနေသေးပါတယ်။
✅ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် ရင်းနှီးမြှုပ်
နှံသူတွေက ပိုလုံခြုံတယ်လို့ ယူဆတဲ့ ဒေါ်လာဘက်ကို ရွှေ့
ပြောင်းနေကြပါတယ်။
ဒီလို ယန်းစျေးကျတာကြောင့် ဂျပန်သွားမယ့် ကျောင်းသား
တွေအတွက် အကျိုးရှိတာကတော့ ကျောင်းလခ ပေးတဲ့အခါ
ယန်းပိုရနိုင်ပါတယ်။ အဆောင်လခနဲ့ နေထိုင်စရိတ်အတွက်
ယန်းပိုသုံးနိုင်ပါတယ်။ မိသားစုက နိုင်ငံခြားငွေနဲ့ ထောက်ပံ့
ပေးရင် အရင်ထက် ယန်းပိုရနိုင်ပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံအတွင်း ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်
တက်လာနိုင်တာကြောင့် နေထိုင်စရိတ်တချို့လည်း တက်
လာနိုင်ပါတယ်။
Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ ယန်းတန်ဖိုးဟာ
2024 ခုနှစ်ရဲ့ 161.96 Yen စံချိန်နိမ့်အဆင့်ကို ပြန်လည်
နီးကပ်လာနေပါတယ်။
Source: Reuters
YA YA YA Japanese Language Academy & Education Centre
19/06/2026
" မကြာခင် အသစ်ဖွင့်လှစ်မည့် ဂျပန်ဘာသာတန်းခွဲများ "
စုံစမ်းဆက်သွယ်ရန် -
👉 Yangon 👈
🏫 No.225, 3rd Fl, Kyitekasan Rd,
Kyaukmyaung, Tarmwe Tsp, Yangon.
📲 09 45 9090 633 📲 09 45 9090 655
📲 09 9630 66 000 📲 09 420 9690 36
[ဖုန်း + Viber များဖြင့် ဆက်သွယ်နိုင်ပါတယ်]
👉 Mandalay 👈
🏫 No.89/14, 39A St, 78 x 79 Rds,
Mahaaungmyae Tsp, Mandalay.
📲 09 790 354 731 📲 09 791 99999 5
📲 09 792 99999 5 📲 09 793 99999 5
[ဖုန်း + Viber များဖြင့် ဆက်သွယ်နိုင်ပါတယ်]
YA YA YA Japanese Language Academy & Education Centre
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |