Sakura Sisters Japanese Language Centre

Sakura Sisters Japanese Language Centre

Share

ဂျပန်လူမျိုးများနှင့် ဂျပန်တွင်လက်ရှိနေထိုင်သူများဦးစီးသည့် ဂျပန်စာသင်တန်းနှင့် အလုပ်အကိုင်ရှာဖွေရေးစင်တာ။

10/06/2026

ဂျပန်အလုပ်အင်တာဗျူး မဖြေခင် ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ?
ဂျပန်နိုင်ငံမှာ သွားရောက်လုပ်ကိုင်ဖို့အတွက် အင်တာဗျူးဖြေဆိုတော့မယ်ဆိုရင် အရည်အချင်းအပြင် "စည်းကမ်းနဲ့ သတ်မှတ်ချက်" တွေကလည်း အလွန်အရေးကြီးပါတယ်။
ဒါကြောင့်မို့လို့ Sakura Sisters မှာ မနေ့က အလုပ်အင်တာဗျူးအတွက် သေချာစိစစ်ထားတဲ့ CV Form စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သလို၊ ဂျပန်လုပ်ငန်းခွင်တွေရဲ့ အဓိကသတ်မှတ်ချက်တစ်ခုဖြစ်တဲ့ ခန္ဓာကိုယ်မှာ တက်တူး (Tattoo) ရှိ/မရှိ စစ်ဆေးခြင်းတွေကိုပါ တိတိကျကျ ဆောင်ရွက်ခဲ့ပါတယ်။
ဂျပန်အလုပ်အင်တာဗျူးတွေအတွက် အစစအရာရာ စနစ်တကျ ရှိနေစေဖို့ Sakura Sisters က အမြဲ အနီးကပ် ရှိနေပေးမှာပါ ခင်ဗျာ။ 💪🌸

09/06/2026

窓(まど)ガラスを流(なが)れる雨(あめ)のせいで、
မှန်ပြတင်းပေါက်ပေါ် စီးကျနေတဲ့ မိုးရေစက်တွေကြောင့်
外(そと)の景色(けしき)がぼやけて見える。
အပြင်က မြင်ကွင်းတွေက ဝါးတားတားကြီး ဖြစ်နေတယ်။
まるで、私(わたし)の記憶(きおく)の中(なか)の君(きみ)みたいに。
တစ်ကယ့်ကိုမှ ငါ့အမှတ်တရထဲက နင့်ပုံရိပ်တွေလိုမျိုးပေါ့။
あの頃(ころ)は、
အဲ့တုန်းကတော့
相合傘(あいあいがさ)で近(ちか)すぎるくらいの距離(きょり)だったのに、
ထီးတစ်ချောင်းတည်း အတူဆောင်းပြီး ပုခုံးချင်းထိလုနီးပါး ရင်ခုန်ခဲ့ရတဲ့ အကွာအဝေးမှာ ရှိခဲ့ကြတာ...
今(いま)は
အခုတော့လည်း
もう、ストーリーの足跡(あしあと)すらつかない他人(たにん)。
Story တောင် ဝင်မကြည့် (ခြေရာတောင် မချန်) တော့တဲ့ သူစိမ်းသက်သက်ကြီး ဖြစ်သွားခဲ့ပြီ။
雨(あめ)が洗(あら)い流(なが)してくれたらいいのに。
ဒီမိုးတွေက အကုန်လုံးကို ဆေးကြောပေးသွားရင် သိပ်ကောင်းမှာပဲ ....
君(きみ)の匂(にお)いも、優(やさ)しさも、全部(ぜんぶ)さぁ ...
နင့်ဆီကရတဲ့ အနံ့အသက်တွေ၊ နင့်ရဲ့ ကြင်နာမှုတွေ... အကုန်လုံးကိုပေါ့ဟာ...

(ဒါနဲ့နေပါဦး... အဲ့တုန်းက နင့်ဆီကရတဲ့အနံ့က ရေမချိုးလို့ ထွက်တဲ့အနံ့လား၊ ရေမွှေးနံ့လားတော့ အခုထိ သဲသဲကွဲကွဲ မသိသေးဘူး 笑 )

💡 စာသားထဲက စိတ်ဝင်စားစရာ ဂျပန်အသုံးအနှုန်းလေးများ
相合傘 (Aiaigasa): ထီးတစ်ချောင်းတည်းကို နှစ်ယောက်တူတူ ဆောင်းတာကို ခေါ်တာပါ။ ဂျပန်မှာတော့ ဒါဟာ ချစ်သူတွေ၊ ဒါမှမဟုတ် တစ်ယောက်ခွင့်ပြုချက်နဲ့ တစ်ယောက် အနီးကပ်ရှိနေတဲ့ အရမ်းရိုမန်တစ်ဆန်တဲ့ အခိုက်အတန့်ကို ကိုယ်စားပြုပါတယ်။

ストーリーの足跡 (Sutōrī no ashiato): တိုက်ရိုက်ပြန်ရင် "Story ရဲ့ ခြေရာ" လို အဓိပ္ပာယ်ရပြီး၊ တကယ်တော့ Instagram သိုမဟုတ် Facebook ရဲ့ "Story View List" ကို ဆိုလိုတာပါ။ Gen Z လူငယ်တွေကြားမှာ အသုံးများတဲ့ အသုံးအနှုန်းလေး ဖြစ်ပါတယ်။


#‌မိုးအေးအေးလေးနဲ့ဂျပန်လိုရည်းစားဟောင်းကိုလွမ်းကြမယ်

09/06/2026

စာတွေ့တင်မက ဘာသာစကားအသုံးချမှုကိုပါ တိုးတက်စေမယ့် Group Study စနစ် 📖✏️

Sakura Sisters ဂျပန်စာသင်တန်းကျောင်းမှာတော့ ကျောင်းသား/သူတွေကို စာအုပ်ထဲက စာတွေကို အလွတ်ကျက်ခိုင်းရုံတင် မဟုတ်ဘဲ အချင်းချင်း အဖွဲ့လိုက် ပြန်လည်ဆွေးနွေးပြီး Active Learning ဖြစ်စေမယ့် သင်ကြားမှုပုံစံကိုပါ ပျိုးထောင်ပေးနေပါတယ်။
အခုလို အဖွဲ့လေးတွေခွဲပြီး စာလုပ်ခြင်းအားဖြင့် -
Teamwork: တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းတတ်တဲ့ စိတ်ဓာတ်ကို ရရှိစေတယ်။
Confidence: ဂျပန်စာ ပြောဆို ဆွေးနွေးရဲတဲ့ သတ္တိနဲ့ ယုံကြည်မှုကို တိုးတက်စေတယ်။
Deep Learning: ဆရာပေးတဲ့ သင်ခန်းစာတွေကို ပိုမို နက်နက်နဲနဲ နားလည်သဘောပေါက်စေတယ်။

ပျော်ပျော်ရွှင်ရွှင်နဲ့ ထိထိရောက်ရောက် ဂျပန်စာလေ့လာချင်တယ်ဆိုရင်တော့ Sakura Sisters မှာ အမြန်ဆုံး အပ်နှံလိုက်တော့နော်။ 😉🎒

Photos from Sakura Sisters Japanese Language Centre's post 09/06/2026

N3 Kanji Quiz - Part (3)

N3 ဖြေကြမယ့် ကျောင်းသား/သူလေးတို့အတွက် JLPT လဲနီးလာပြီဆိုတော့ Kanji Quiz လေးကို အပတ်စဉ် တင်ပေးသွားမယ်နော် 😍

ဒီ Card လေးတွေထဲက Kanji လေး ၅ လုံးကို comment မှာထပ်ပြီးဖြေကြည့်ခဲ့ကြပါဦးနော်

Part - (1) Link 👇🏻
https://www.facebook.com/share/p/18sNEaqb6E/

Part - (2) Link 👇🏻
https://www.facebook.com/share/p/1KsT1TXczk/

08/06/2026

"အိမ်ထဲဝင်ရင် ဖိနပ်ချွတ်ရုံနဲ့ မပြီးသေးဘူး? ဂျပန်တွေ ဖိနပ်ချွတ်ရခြင်းရဲ့ တကယ့် အကြောင်းရင်း" 👀👟

ဂျပန်ဇာတ်ကားတွေ၊ အန်နီမေးတွေကြည့်ရင် ဂျပန်လူမျိုးတွေ အိမ်ထဲဝင်ခါနီး "Tadaima!" (ပြန်ရောက်ပါပြီ) လို့ အော်ပြီး Genkan (အိမ်ရှေ့ တံခါးဝ) မှာ ဖိနပ်လေးတွေ သေသပ်စွာ ချွတ်ခဲ့ကြတာကို အားလုံး မြင်ဖူးကြမှာပါနော်။ 😉
"အော်... သူတို့က သန့်ရှင်းရေး ကြိုက်လို့ နေမှာပေါ့" လို့ပဲ အလွယ်တွေးမိရင်တော့ သင် မှားသွားပါလိမ့်မယ်!
တကယ်တော့ ဂျပန်နိုင်ငံမှာ ဖိနပ်ချွတ်တဲ့ ယဉ်ကျေးမှုဟာ ကျန်းမာရေးနဲ့ သန့်ရှင်းရေးအပြင် "နက်ရှိုင်းတဲ့ ရှေးဟောင်း ယုံကြည်မှုတွေ" ပါ ရောနှောနေလို့ပါ။ ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်။ 👇

၁။ အိမ်ပြင်က "နိမိတ်ဆိုး" တွေ သယ်မလာဖို့ ⛩
ဂျပန်လူမျိုးတို့ရဲ့ ရိုးရာ Shinto (ရှင်တို) ဘာသာအယူအဆအရ "အိမ်" ဆိုတာ သန့်ရှင်းစင်ကြယ်တဲ့ နယ်မြေ ဖြစ်ပြီး၊ "အိမ်ပြင်" ဆိုတာကတော့ မသန့်ရှင်းတဲ့အရာတွေ၊ ရောဂါဘယတွေနဲ့ "နိမိတ်ဆိုး" (Kegare) တွေ ရှိတဲ့နေရာလို့ သတ်မှတ်ပါတယ်။
ဒါကြောင့် အပြင်က ပြန်လာတဲ့အခါ ဖိနပ်ကို ချွတ်လိုက်ခြင်းက အပြင်က ကပ်ပါလာနိုင်တဲ့ အညစ်အကြေးနဲ့ နိမိတ်ဆိုးတွေကို အိမ်ထဲကို သယ်မလာမိအောင် ဖြတ်တောက်လိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

၂။ Tatami ဖျာတွေ ပျက်စီးမှာ စိုးလို့ 🌾
ဂျပန်ရိုးရာ အိမ်တွေမှာ ကြမ်းပြင်ကို ကောက်ရိုးနဲ့ ပြုလုပ်ထားတဲ့ "Tatami" (တာတာမီ) ဖျာတွေ ခင်းထားလေ့ ရှိပါတယ်။ ဒီဖျာတွေက အရမ်း နူးညံ့ပြီး လေဝင်လေထွက် ကောင်းသလို၊ အစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။ ဒါပေမဲ့ ဖိနပ်စီးပြီး နင်းရင်တော့ ချက်ချင်း စုတ်ပြတ် ပျက်စီးသွားနိုင်လို့ "ဖိနပ် လုံးဝ စီးခွင့်မရှိတဲ့ နေရာ" အဖြစ် သတ်မှတ်ထားတာပါ။

၃။ ကြမ်းပြင်ပေါ်မှာပဲ အိပ်၊ ကြမ်းပြင်ပေါ်မှာပဲ စားလို့ 🍱
ဂျပန်တွေက ရှေးကတည်းက ကြမ်းပြင်ပေါ်မှာပဲ အစားစားတယ် (Chabudai စားပွဲဝိုင်းတိုလေးတွေနဲ့)၊ ကြမ်းပြင်ပေါ်မှာပဲ Futon (မွေ့ရာ) ခင်းပြီး အိပ်ကြတာပါ။ ကြမ်းပြင်ဟာ ကျွန်တော်တို့ အိပ်ရာလိုမျိုး အမြဲ သန့်ရှင်းနေဖို့ လိုအပ်တဲ့အတွက် ဖိနပ်ချွတ်ရခြင်း ဖြစ်ပါတယ်။

💡 အိမ်တင်မကဘဲ ဘယ်နေရာတွေမှာပါ ဖိနပ်ချွတ်ရသေးလဲ?
ဂျပန်မှာ အိမ်တင်မဟုတ်ဘဲ အောက်ပါ နေရာတွေ ရောက်ရင်လည်း ဖိနပ် (သို့မဟုတ်) ခြေအိတ်တွေကို သတိထား ချွတ်ရပါမယ်။
စာသင်ကျောင်းများ
ကျောင်းပေါက်ဝမှာ သီးသန့် ဖိနပ်အကန့် (Uwabaki Locker) တွေ ရှိပြီး အပြင်စီးဖိနပ်ကို ချွတ်၊ ကျောင်းတွင်းစီး ဖိနပ်အပါး (Uwabaki) လေးတွေ ပြောင်းစီးရပါတယ်။

ရိုးရာ စားသောက်ဆိုင်များ (Izakaya/Ryokan)
ဖျာခင်းထားတဲ့ အခန်းတွေထဲ ဝင်ရင် ဖိနပ်ချွတ်ပြီး ဆိုင်ကပေးတဲ့ ဖိနပ် အိမ်တွင်းစီး သီးသန့် ပြောင်းစီးရလေ့ ရှိပါတယ်။

ဘုရားကျောင်းများနှင့် ပြတိုက်အချို့
သမိုင်းဝင် အဆောက်အအုံတွေရဲ့ ကြမ်းပြင်ကို ထိန်းသိမ်းဖို့အတွက် ဖိနပ်ချွတ်ပြီး ပလတ်စတစ်အိတ်ထဲ ထည့်သယ်သွားရတဲ့ နေရာမျိုးတွေ ရှိပါတယ်။

ဂျပန်အိမ်တွေမှာ "အိမ်သာ" ထဲ ဝင်ရင် သုံးဖို့ Toilet Slippers ဆိုပြီး သီးသန့် ဖိနပ် ရှိပါသေးတယ်။ အိမ်သာထဲက မသန့်ရှင်းမှုကို အိမ်ခန်းထဲ ပြန်မသယ်လာအောင် ခွဲခြားထားတာပါ။ (သတိမထားမိဘဲ အဲ့ဒီ အိမ်သာစီး ဖိနပ်ကြီး စီးပြီး ဧည့်ခန်းထဲ ပြန်ထွက်လာရင်တော့ အိမ်ရှင်က လန့်သွားလိမ့်မယ်နော် 🤣)

ကဲ... ဂျပန်ရဲ့ စည်းကမ်းသေဝပ်မှုနောက်ကွယ်က ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ ယဉ်ကျေးမှုကို သူငယ်ချင်းတွေ သိအောင် Share ပေးလိုက်ပါဦးနော်။ 🇯🇵✨

06/06/2026

Sensei Ayeyar နှင့် N5အတန်းက တပည့်ကျော်အကဲလေးများရဲ့ နှာခေါင်းပိတ်အက🤭🫰🏻

06/06/2026

N4 တက်ဖို့ N5 Grammar တွေ အလွတ်ရနေစရာ မလိုဘူးဆိုတာ သိလား? အခြေခံတွေ အကုန်မေ့နေလည်း ဘာလို့ စိတ်ပူစရာမလိုလဲဆိုတော့... 👇✨

N5 သင်ပြီးတာလည်း ကြာပြီ၊ အခု N4 တက်ရင် ဆန်းဆေးသင်တာတွေ နားလည်ပါ့မလား ဆိုပြီး N4 ဆက်တက်ဖို့ကို တွေဝေနေကြတာလား 🫠

အဲ့တာဆိုရင်တော့စိတ်မပူပါနော်! အဲ့ဒီ စိတ်ပူပန်မှုတွေကို အမှိုက်ပုံးထဲသာ လွှင့်ပစ်လိုက်တော့။ 🗑💥

ကျွန်တော်တို့ရဲ့ N4 Offline Class (အပြင်တန်း) မှာ N4 သင်ခန်းစာတွေကို ဇွတ်အတင်းကြီး သင်ပေးသွားမှာ မဟုတ်ပါဘူး။
မေ့လုနီးနီး ဖြစ်နေတဲ့ N5 က Grammar တွေ၊ မရှိမဖြစ် သိထားရမယ့် အခြေခံတွေကို သေသေချာချာ ပြန်နွှေး ပေးပြီးမှ N4 ကို စနစ်တကျ သွားမှာမို့လို့ လုံးဝ "လိုက်နိုင်ပါ့မလား" ဆိုပြီး ရင်တုန်နေစရာ မလိုတော့ဘူးနော်။
အခြေခံကို ခိုင်အောင် ပြန်လုပ်ပေးမှာမို့ ယုံကြည်ချက်အပြည့်နဲ့သာ လှမ်းခဲ့လိုက်ပါ! 😎💯

အတန်းထဲမှာ သူငယ်ချင်းအသစ်တွေနဲ့ ပြိုင်တူအော်၊ စာတွေတူတူလုပ်ရင်း ကျောင်းရဲ့ ပတ်ဝန်းကျင်ကလည်း မီနစံတို့ကြိုက်တဲ့ Vibes မျိုးဆိုတော့ ကျောင်းလာရတာကိုက ပျော်စရာကြီး ဖြစ်နေစေရမယ်။
ဆန်းဆေးတွေကလည်း မောင်နှမလို/သူငယ်ချင်းလို ( Friendly ဖြစ်ဖြစ် ) စိတ်ရှည်လက်ရှည် သင်ပေးမှာမို့လို့ လုံးဝ နောက်ကျကျန်ခဲ့မှာ မဟုတ်ဘူးနော်။ 😉🎒

📅 (Start Date): 15.6.2026
🗓 (Class Days): Mon, Tue, Wed, Thurs (တနင်္လာ မှ ကြာသပတေးအထိ ... သောကြာ၊ စနေ၊ တနင်္ဂနွေကိုတော့ တစ်ပတ်စာ စာပြန်နွှေး၊ ဒါမှမဟုတ် အပြင်ထွက်လည်ရအောင် ပိတ်ပေးထားတယ်)
⏰ (Class Time): မနက် 9:00 AM မှ နေ့လည် 11:00 AM အထိ (မနက်ခင်း လန်းလန်းဆန်းဆန်းအချိန် စာသင်ပြီးရင် တစ်နေ့တာလုံး အားပြီ!)
💰 (Class Fees): 240,000 ကျပ်

240,000 ကျပ်ထဲနဲ့... စာအုပ် (Book Package) ရော၊ ကျောင်းဝတ်စုံ (Uniform) လေးပါ... အပြီးအစီး (All-inclusive) တစ်ခါတည်း ပါဝင်ပြီးသားမို့ ထပ်စိုက်ရမှာ တစ်ကျပ်မှ မရှိဘူး။ ကျောင်းဖွင့်ရင် Uniform လေး ဝတ်၊ စာအုပ်လေး ပိုက်ပြီး အတန်းကို ယုံကြည်ချက်အပြည့်နဲ့ တက်လာခဲ့ရုံပဲ။ လုံးဝ ရှယ်တန်! 😎👌

🚀အပြင်တန်းဖြစ်လို့ ဆန်းဆေးတွေက ကျောင်းသားတစ်ယောက်ချင်းစီကို သေသေချာချာ Focus လုပ်ပြီး N5 ပါ ပြန်နွှေးပေးမှာမို့လို့ လူဦးရေ ကန့်သတ်ထားပါတယ်! ( သတ်မှတ်လူဉီးရေကလဲပြည့်တော့မယ်နော် ) 🤫📢
အမြန်ဆုံး နေရာဦးချင်တယ်ဆိုရင်တော့... အခုပဲ Page Messenger မှာ အတန်းလာအပ်လိုက်တော့နော် Let's goooo! 🏃‍♂️💨💨

05/06/2026

📢 အသိပေးကြေညာချက်

မနက်ဖြန် လှည်းတန်းရုံးခွဲ ကို နေ့တစ်ဝက်ပိတ်ထားမည်ဖြစ်ပါသည်။

🕐 နေ့လည် ၁:၀၀ နာရီမှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးတင်ရှိပါသည်။ 🌸

05/06/2026

N4 ကို ကြောက်မနေပါနဲ့! ဂျပန်စာကို ပေါ့ပေါ့ပါးပါးနဲ့ အောင်မြင်ချင်ရင် ဒီ ဗီဒီယိုလေးကို အဆုံးထိကြည့်လိုက်ပါ။ 😉

Sakura Sisters ရဲ့ N4 အတန်းသစ် (ဇွန် ၁၅) မှာ သင်ယူရမယ့် ထူးခြားတဲ့ သင်ကြားမှုနည်းလမ်းတွေနဲ့ဆိုရင် N4 က သင့်အတွက် စိတ်ကူးသက်သက် မဟုတ်တော့ပါဘူး။ 🇯🇵✨

📅 15.Jun.2026
⏰ 9:00AM~11:00AM
🗓️ Monday, Tuesday, Wednesday, Thursday
🏢Room No.303,DNH Tower 3rd Floor, Pyay Road, Myaynigone, Sanchaung Township, Yangon

📩 စာရင်းသွင်းရန်နှင့် အသေးစိတ်သိလိုပါက -
🏠 Myaynigone Head Office Address
No.59 , 4th Floor , Corner Of Myaynigone Zay Street & Dhamayone Street , Myaynigone South Ward , Sanchaung Township , Yangon

🏠 Hledan Branch Office Address
No.18 , 3rd Floor , U Tun Lin Chan Street , 1 Ward , Kamayut Township , Yangon

☎️ Phone Contact
09942002213 , 09750110178

05/06/2026

ဂျပန် Anime, Drama, YouTube တွေကြည့်တဲ့အခါ စာအုပ်ထဲက ဂျပန်စကားလုံးတွေထက် လူငယ်တွေ တကယ်အသုံးများတဲ့ Slang တွေကို ကြားရတတ်ပါတယ် 👀

ဒီ Video လေးမှာ YukiHo Sensei က ဂျပန်လူမျိုးတွေကြား နေ့စဉ်အသုံးများတဲ့ Japan Slang လေး 5 လုံးကို ပြောပြပေးထားပါတယ် 🇯🇵✨



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 59 Corner Of Myaynigone Zay Street And Damaryone Street , Sanchaung (Myaynigone) Yangon. , Ph…09942002213
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00