08/06/2026
Founder တစ်ယောက်အနေနဲ့ မေ အမြဲတွေးမိတဲ့ အရာတစ်ခုရှိပါတယ်။
လုပ်ငန်းတစ်ခုကို တည်ဆောက်ရတာ အရမ်းခက်ခဲပေမယ့် ပျက်စီးသွားဖို့ကတော့ အချိန်တိုတိုလေးပဲ လိုပါတယ်။
ဒါကြောင့် ဘယ်စီးပွားရေးလုပ်ငန်းကိုမှ မပျက်စီးစေချင်ပါဘူး။ အထူးသဖြင့် ကလေးတွေရဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ပိုပြီး စာနာမိပါတယ်။
ကျောင်းလာစုံစမ်းတဲ့ မိဘတချို့ဟာ အရင်က ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ စိတ်ပျက်မှုတွေ၊ စိုးရိမ်မှုတွေကို ယူဆောင်လာတတ်ကြပါတယ်။ အဲဒီခံစားချက်တွေကို မေ တို့ နားလည်ပါတယ်။
ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်မယ့်အချိန်မှာတော့ School Information အပြည့်အစုံကို အဆုံးထိ နားထောင်ပေးဖို့ မျှော်လင့်မိပါတယ်။
May's Second Home ဟာ ကလေးထိန်းပေးတဲ့ နေရာတစ်ခုသာ မဟုတ်ပါဘူး။
ကလေးတစ်ယောက်ရဲ့ အနာဂတ် သင်ယူနိုင်စွမ်းကို အခြေခံကောင်းကောင်း တည်ဆောက်ပေးနေတဲ့ Development Center တစ်ခုဖြစ်ပါတယ်။
Play-Based Learning၊ Developmentally Appropriate Practices၊ Social-Emotional Development၊ Language Development နဲ့ School Readiness Skills တွေကို အခြေခံပြီး ကလေးတွေ ဖွံ့ဖြိုးကြီးထွားလာနိုင်ဖို့ နေ့စဉ် ကြိုးစားဆောင်ရွက်နေပါတယ်။
တစ်ရက်တာ ကုန်ကျစရိတ်ကို တွက်ကြည့်မယ်ဆိုရင် မုန့်တစ်ခုနဲ့ ကော်ဖီတစ်ခွက်စာတောင် မရှိတဲ့ ပမာဏလေးနဲ့ မိဘတွေ စိတ်ချလက်ချ အလုပ်လုပ်နိုင်ဖို့၊ ကလေးတွေ လုံခြုံစွာ သင်ယူကြီးထွားနိုင်ဖို့ စီစဉ်ပေးနေတဲ့ နေရာလေးပါ။
ဒါကြောင့် "စျေးကြီးတယ်" ဆိုတဲ့ စကားထက်
"ဒီနေရာက ငါ့ကလေးအတွက် ဘာတွေ ဖန်တီးပေးနိုင်မလဲ" ဆိုတဲ့ မေးခွန်းကို ပိုပြီး အလေးထားစေချင်မိပါတယ်။
တကယ်တမ်း အခက်အခဲရှိပြီး မတတ်နိုင်တဲ့ မိသားစုတွေကိုလည်း တတ်နိုင်သမျှ ညှိနှိုင်းကူညီပေးထားတဲ့ ကလေးတွေ မေတို့ကျောင်းမှာ အများကြီးရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ မေ့ ရဲ့ အဓိကရည်ရွယ်ချက်က Fees Collect လုပ်ဖို့ထက် ကလေးတစ်ယောက်အတွက် ကောင်းမွန်တဲ့ အစပြုခွင့်တစ်ခု ဖန်တီးပေးနိုင်ဖို့ ဖြစ်လို့ပါ။
ဒီနေ့ ကျွန်မတို့ စိတ်မကောင်းဖြစ်မိတာက လူကြီးတွေရဲ့ နားလည်မှုလွဲမှားခြင်းတွေကြားမှာ ကလေးတွေရနိုင်တဲ့ အခွင့်အရေးတချို့ ဆုံးရှုံးသွားမှာကိုပါ။
ကလေးတိုင်းဟာ ကောင်းမွန်တဲ့ အစပြုခွင့်နဲ့ ထိုက်တန်ပါတယ်။ 🤍
ဒါကြောင့် May's Second Home က မိဘတိုင်းကို အမြဲပြောချင်တာက—
ဆုံးဖြတ်ချက်တစ်ခု မချခင် Information အပြည့်အစုံကို နားထောင်ပါ။ မရှင်းတာရှိရင် တိုက်ရိုက်မေးပါ။
ကျွန်မတို့ ရှင်းပြနေတာ Fees တစ်ခုတည်း မဟုတ်ပါဘူး။
ကလေးတစ်ယောက် ဘယ်လိုသင်ယူမလဲ၊ ဘယ်လိုလုံခြုံမှုရမလဲ၊ ဘယ်လိုဖွံ့ဖြိုးတိုးတက်မလဲဆိုတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကိုပါ ရှင်းပြနေတာပါ။
တကယ်လို့ ကျွန်မတို့ကျောင်းက သင့်မိသားစုနဲ့ မကိုက်ညီဘူးဆိုရင် အဲဒီဆုံးဖြတ်ချက်ကို လေးစားပါတယ်။
ဒါပေမယ့် မပြည့်စုံတဲ့ Information တွေကို အခြေခံပြီး အခြားသူတွေဆီ မျှဝေခြင်းကတော့ ကျောင်းတစ်ကျောင်းကိုသာမက ကလေးတွေရဲ့ အခွင့်အရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကျွန်မတို့က အမြဲပွင့်လင်းစွာ ရှင်းပြပေးဖို့ အသင့်ရှိပါတယ်။ 🤍
07/06/2026
🌱 Screen တွေရဲ့ အဝေးမှာ "ကစားရင်းသင်ယူ၊ သင်ယူရင်းကြီးထွား" ဖို့ 𝑴𝒂𝒚'𝒔 𝑺𝒆𝒄𝒐𝒏𝒅 𝑯𝒐𝒎𝒆 မှ ကြိုဆိုပါတယ်ရှင် 🌱
ဖေဖေ၊ မေမေတို့ရဲ့ အလုပ်တာဝန်တွေကြားထဲမှာ ရင်သွေးငယ်လေးတွေကို စိတ်ချလက်ချ အပ်နှံနိုင်မယ့် နွေးထွေးလုံခြုံတဲ့ ဒုတိယအိမ်လေးတစ်ခုကို ရှာဖွေနေတယ်ဆိုရင် 𝑴𝒂𝒚'𝒔 𝑺𝒆𝒄𝒐𝒏𝒅 𝑯𝒐𝒎𝒆 ကျောင်းလေးကို အလည်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်၊၊
☀️ ဇွန်လအတွင်း ကျောင်းအပ်နှံမည့် သားသားမီးမီးတို့အတွက် Annual Fees (50%) Discount အစီအစဉ်ကို စီစဉ်ပေးထားပါတယ်။ ☀️
𝑴𝒂𝒚'𝒔 𝑺𝒆𝒄𝒐𝒏𝒅 𝑯𝒐𝒎𝒆 ဟာ Regular Care Center တစ်ခုထက်ပိုပြီး ကလေးတစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးမှုအလားအလာတွေကို ဖော်ထုတ်ပေးနေတဲ့ Early Childhood Development Center တစ်ခု ဖြစ်ပါတယ်။
🌱 ကျွန်မတို့ ယုံကြည်ထားတာက ကလေးတစ်ယောက်ရဲ့ ပညာသင်ကြားရေးခရီးစဉ်ကို ABC နဲ့ 123 ကနေ စတင်တာမဟုတ်ဘဲ Learning Foundation ကနေ စတင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ကလေးငယ်များရဲ့
✨ Communication Skills
✨ Listening Skills
✨ Confidence & Independence
✨ Concentration & Attention
✨ Problem Solving Skills
✨ Social & Emotional Development
စတဲ့ အခြေခံစွမ်းရည်များကို Play-Based Learning Activities များမှတစ်ဆင့် ပျိုးထောင်ပေးလျက်ရှိပါတယ်။
ထို့အပြင်
✨ Play-Based Learning
✨ Daily English Exposure
✨ Holistic Development Activities
✨ Mindfulness Activities
✨ Healthy & Happy Routine
များကိုလည်း နေ့စဉ်ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
🥗 ကလေးတို့ရဲ့ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် လိုအပ်သော အာဟာရဓာတ်များ မျှတစွာ ရရှိစေရန် စနစ်တကျ ရေးဆွဲထားသော Meal Plans များကိုလည်း လိုအပ်သော မိဘများအတွက် စီစဉ်ပေးထားပါတယ်။
🤍 Early Childhood Educator Founder ကိုယ်တိုင် ဦးဆောင်ကြီးကြပ်ပေးနေသည့်အပြင်
မေတ္တာအပြည့်ဖြင့် ပြုစုစောင့်ရှောက်ပေးမည့် Well-trained Teachers များလည်း ရှိနေသောကြောင့် ဖေဖေ၊ မေမေတို့အနေဖြင့် စိတ်ချလက်ချ အပ်နှံနိုင်ပါသည်။
ဇွန်လကုန်အထိ ရရှိမည့် Annual Fees (50%) Discount အခွင့်အရေးကို လက်မလွတ်ဘဲ 𝑴𝒂𝒚'𝒔 𝑺𝒆𝒄𝒐𝒏𝒅 𝑯𝒐𝒎𝒆 သို့ ဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါပြီရှင်။ 🥰
"𝐒𝐭𝐫𝐨𝐧𝐠 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧𝐬 𝐓𝐨𝐝𝐚𝐲, 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰." 🌱🤍
-------------------------------
𝐌𝐚𝐲'𝐬 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐨𝐦𝐞 - 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐜𝐚𝐫𝐞 & 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
𝟎𝟗 𝟕𝟖𝟕𝟑𝟏𝟖𝟔𝟔𝟏
𝟎𝟗 𝟕𝟓𝟐 𝟗𝟏𝟑 𝟑𝟕𝟕
အမှတ် ၆၁၁၊ ဝရုဏာ(၅)လမ်း(အောက်) ၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာ မြို့နယ်၊ ရန်ကုန်မြို့။
02/06/2026
"Annual Fees ဆိုတာ ဘာလဲ?" 🤍
မိဘအချို့က Annual Fees နဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ ရှိလို့ မျှဝေပေးလိုက်ပါတယ်ရှင်။
Annual Fees ဆိုတာ ကလေးတစ်ဦးရဲ့ လစဉ်တက်ရောက်ခ (School Fees) မဟုတ်ပါဘူး။
ကျောင်းတစ်ကျောင်းကို တစ်နှစ်ပတ်လုံး လုံခြုံသန့်ရှင်းစွာ လည်ပတ်နိုင်ဖို့၊ ကလေးတွေအတွက် သင်ယူမှုပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးထားနိုင်ဖို့ အသုံးပြုရတဲ့ နှစ်စဉ်ကြေး ဖြစ်ပါတယ်။
ဥပမာအားဖြင့်
🌱 Classroom materials နှင့် Learning Resources များ
🌱 Toys နှင့် Educational Equipment များ ပြုပြင်ထိန်းသိမ်းခြင်း
🌱 Safety Measures နှင့် Facility Maintenance
🌱 School Events နှင့် Special Activities များ
🌱 Staff Training နှင့် Curriculum Development
စသည့် ကဏ္ဍများတွင် အသုံးပြုပါသည်။
အမှန်တကယ်တော့ Annual Fees ဆိုတာ ကလေးတစ်ယောက်အတွက် တစ်နှစ်ပတ်လုံး ပိုမိုကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်တစ်ခု ရရှိစေရန် ရင်းနှီးမြှုပ်နှံပေးခြင်းတစ်ခုလည်း ဖြစ်ပါတယ်။
May's Second Home အနေဖြင့် ကောက်ခံရရှိသော Fees များကို ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဘေးကင်းလုံခြုံမှုနှင့် သင်ယူမှုပတ်ဝန်းကျင် အရည်အသွေး မြှင့်တင်ရေးအတွက်သာ အသုံးပြုလျက်ရှိပါသည်။
🤍
ကျောင်းတစ်ကျောင်းကို ရွေးချယ်ရာမှာ Fees တစ်ခုတည်းကိုသာ မကြည့်ဘဲ၊ ကလေးရရှိမယ့် Care, Safety, Learning Environment နဲ့ Quality ကိုပါ ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်ရှင်၊၊ 🌷
30/05/2026
မင်္ဂလာပါ မိဘအုပ်ထိန်းသူများရှင် 🤍
မေတို့ရဲ့
May's Second Home ကျောင်းလေးကို ဆက်သွယ်စုံစမ်းလာသော မိဘများ၊ အမေးများတဲ့ မေးခွန်းတွေထဲက တစ်ခုဖြစ်တဲ့
ကျောင်းချိန်အတွင်းမှာ CCTV live ကြည့်ခွင့်ရမလား? ဘယ်လိုဆောင်ရွက်ထားရှိလဲဆိုတဲ့ အချက်လေးတွေကို ရှင်းပြထားပါတယ်၊၊
📌 Incident Management System
May’s Second Home တွင် ကလေးနှင့်ပတ်သက်သော မည်သည့် ဖြစ်စဉ်မဆို အောက်ပါစနစ်ဖြင့် စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ပါသည် —
1. Incident Report Form
Date / Time
Description of incident
Location & circumstances
2. Action Taken
Immediate response
Safety measures applied
Staff intervention record
3. Follow-up Procedure
Child condition monitoring
Parent notification
Required support / advice
4. Responsibility & Review
Responsible staff identification
Internal review process
Preventive measures update.
5. Parent Communication
Parents will be informed promptly when necessary
Parent meeting will be arranged within 24–48 hours depending on the nature of the incident
Clear explanation of situation and actions taken will be provided
👉 Parent meeting within 24–48 hours.
ဤစနစ်ကို အသုံးပြုခြင်းသည်
transparency နှင့် child safeguarding ကို အာမခံနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
အထက်ပါအချက်များသည် မည်သည့်အဖွဲ့အစည်း သို့မဟုတ် ကျောင်းကိုမျှ ရည်ရွယ်ပုတ်ခတ်ခြင်းမရှိဘဲ May’s Second Home ၏ policy နှင့် safeguarding approach ကို ရှင်းလင်းတင်ပြခြင်းသာ ဖြစ်ပါသည်။
👶🏻 ကလေးငယ်တစ်ယောက်သည် ယုံကြည်မှု၊ လုံခြုံမှုနှင့် လေးစားမှုရှိသော ပတ်ဝန်းကျင်တွင်သာ အကောင်းဆုံးဖွံ့ဖြိုးနိုင်မယ်လို့ မေတို့ ယုံကြည်ပါသည်။
မိဘအုပ်ထိန်းသူများ၏ ယုံကြည်မှုနှင့် အားပေးမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။ 🤍
✨ May’s Second Home Team အနေဖြင့် ကလေးငယ်တိုင်းအတွက် လုံခြုံပြီး ပျော်ရွှင်စွာ သင်ယူကြီးပြင်းနိုင်မည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို အတူတကွ ဆက်လက်ဖော်ဆောင်သွားပါမည်။
𝐌𝐚𝐲’𝐬 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐨𝐦𝐞 - Early Childcare & Preschool Development Training Center
📞 09 787 318 661 | 09 752 913 377
📍 အမှတ် ၆၁၁၊ ဝရုဏာ(၅)လမ်း(အောက်)၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့