2nd Officer Knowledge for all
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 2nd Officer Knowledge for all, Education Website, အမှတ် (599) မြေညီ, ကျောင်းလမ်း, ၄(တောင်ရပ်ကွက်, သာကေတ, Yangon.
How to Get NAVAREA Warnings Along Your Route for FREE!
🔹 Stay safe, plan smart, and never miss a critical MSI (Maritime Safety Information) update again!
👉 Watch the full video to see how it's done. Don't forget to Like, Share, and Tag your fellow crew members! 🚢💨
29/05/2026
မသင်ဘူးလားလို့မေးတဲ့ဆရာတွေအတွက် ကျွန်တော်ဖြေပေးချင်ပါတယ်၊
👍သင်မှာပါ၊
လောလောဆယ် Onboard မှာလဲ New COC 3rd Officer တယောက်ကိုကျွန်တော် သင်ပေးနေပါတယ်။
သင်ပေးတယ်လို့ ပြောတာထက်စာရင် ကျွန်တော်ကသူ့ဆီက သင်ယူနေတာ ဆိုရင်ပိုမှန်မယ်ထင်ပါတယ်။
ဘာတွေသင်ယူနေလဲဆိုရင် သူမသိတဲ့ အချက်တွေကို သူ့ကိုသင်ပေးဖို့သင်ယူနေတာပါ၊
စာတွေ့တွေမေးရင်သူ တော်တော်လေး ဖြေနိုင်ပေမယ့် အဲ့စာတွေကိုလက်တွေ့အံဝင်အောင်အသုံးချတတ်မှု မှာ လိုအပ်ချက်တွေရှိနေတာတော့မထမဆုံးသူ့ဆီက သင်ယူ ခဲ့ရပါတယ်။
ကျွန်တော့်အနေနဲ့ သူစာတွေရနေတော့ တချို့ကိစ္စတွေ လက်တွေ့မှာအဆင်ပြေမယ်လို့မျှော်လင့်ထားပြီးမေးခွန်းမေးတဲ့အခါ အတော်လေးလွဲချော်တာတွေရှိပါတယ်။ (ခုတော့ တော်တော်တည့်နေပါပြီ)
3rd Officer ဖြစ်ဖို့ဘာကအရေးကြီးဆုံးလဲ လို့မေးကြည့်တော့သူ့အဖြေက ( LSA&FFE တဲ့)
ကျွန်တော်ထင်တာမမှားဘူးဆိုရင်တော့ 3rd Officer တယောက်အတွက် Navigation Watch ကို တယောက်တည်း ဦးဆောင်မှုမလုပ်နိုင်ရင်တော့ OOW လုပ်လို့ရမယ် မထင်ပါဘူး( နို့မို့ဆိုရင် Master 8-12 Duty ယူရမှာ)
LSA&FFE အရေးမကြီးဘူးလို့မဆိုလိုပါဘူး၊ဒါပေမယ့် Safety Officer ဆိုတဲ့ Chief Officer တယောက်လုံးသူ့ကို ထိန်းကြောင်းပေးဖို့ရှိနေမှာ ဖြစ်လို့ပါ။
Paper work , Port Paper ဆိုတာကလဲ စာတွေ့သိပြီးသားတွေဖြစ်ပါတယ်။ ဘယ် Convention ,အောက်ကလာတယ်ဆိုတာတွေတောင်သူတို့ ရွတ်ပြ ဆိုပြနိုင်ပါတယ်။ ( ဥပမာ Singapore ဆို epan တို့ တချို့သောနိုင်ငံတွေမှာ ကွန့်မြူးထားတဲ့ port paper တွေ ဆိုတာကလဲ အရာရှိတယောက်အတွက် မပြောပလောက်တဲ့ခက်ခဲမှုလေးတွေပါ)
ဒါကြောင့် ကျွန်တော် 3rd Officer Onjobs လဲသင်ပါမယ်လို့ အသိပေးအပ်ပါတယ်ခင်ဗျာ။
29/05/2026
ကဲ အတွက်လဲ ရနေပြီပြောပါတယ်။
29/05/2026
🔆Unique ဖြစ်ခြင်းက အောင်မြင်ခြင်းရဲ့ ပထမဆုံးသော သော့ချက်ပဲ🔆
💫သူများလုပ်လို့ လိုက်လုပ်တာက ရလဒ်တစ်ခုပဲ ထွက်ပါလိမ့်မယ်။
ကိုယ်တိုင်တွေးတောပြီး ဆန်းသစ်တီထွင်လိုက်တာကတော့ အောင်မြင်မှုအသစ်ကို ဖန်တီးပေးပါလိမ့်မယ်။
အတုခိုးတာထက် အသစ်ဖန်တီးနိုင်စွမ်းရှိတဲ့ ကိုယ်ပိုင် Idea သမားတွေဟာ ဘယ်ခေတ်၊ ဘယ်နယ်ပယ်မှာမဆို ဘယ်တော့မှ မရိုးသွားဘဲ အမြဲတမ်း နေရာတစ်နေရာ ရှိနေတတ်ပါတယ်။
စဥ်ဆက်မပြတ် လေ့လာသင်ယူနေဖို့တော့လိုပါတယ်။
27/05/2026
Onboard မှာ တင်ထားတဲ့ Bulk Cargo ရဲ့ Actual SF ကို Owner က တွက်ခိုင်းတယ်ဆိုပါဆို့( နောက်ခေါက်လဲ ဒီ Cargo ပဲ ပိုတင်ချင်လို့တွက်ခိုင်းတတ်ပါတယ်)
အလွယ်ကူဆုံးနည်းလမ်းလေးရှယ်ပေးချင်ပါတယ် (သိပြီးသားဆရာများအတွက်မရည်ရွယ်ပါဘူး)
အလွယ်ဆုံးရနိုင်တဲ့ ဆေးပုံး Empty ကိုသုံးပြီးတွက်နိုင်ပါတယ်။
ဆေးပုံး Weight ကိုအရင်ချိန်ပါ ။ ပြီးရင် အမြင့် H နဲ့ Radius တိုင်းပါ။(ပုံး အတွင်းသားကိုပဲတိုင်ပါ)
ပြီးရင် Cargo ကိုထည့်ပါ။ ထည့်တဲ့အခါ ဖွဖွလေး မထည့်ပါနဲ့ ၊အရမ်းကြီးလဲဖိသိပ်မထည့်ပါနဲ့ ။ Hold ထဲကို Cargo ထည့်သလောက်တော့ သိပ်သည်းအောင်ထည့်ရပါမယ်။
ပြီးတဲ့အခါ Weight ပြန်ချိန်ပြီး
Vol ကို Weight နဲ့စားလိုက်ပါ။
Vol တွက်ဖို့ အောက်က App လေးသုံးလို့ရပါတယ်။
27/05/2026
Route အသစ် အတွက် New ENC မှာတဲ့အခါ Base DVD Run ပေးဖို့လိုလား?
မလိုဘူးဆိုရင် ဘာကြောင့်မလိုတာလဲ?
လိုတယ်ဆိုရင်ကော ဘာ့ကြောင့်လိုတာလဲ ဆိုတာ တွေကို 2nd Officer တယောက် အနေနဲ့ မသိသေးဘူးဆိုရင်တော့ သိတဲ့သူကမေးလာခဲ့ ရင် ဘယ်လိုဖြေရမလဲ?။
လိုတယ်ဆိုရင်ကော အဲ့ဒါကို ဘယ်လို အလွယ်တကူရနိုင်မလဲ?
ဘာ့ကြောင့် ဒီ Topic ကိုရေးရလဲဆိုရင်တော့ အများအားဖြင့် ENC Permit နဲ့ ENC ( လိုင်စင်နဲ့ Chart ရတာ) ကို သေချာ ကွဲပြာအောင်မသိသေးတဲ့ဆရာတွေရှိနေလို့ပါ(သိပြီးသားဆရာကြီးများကိုမရည်ရွယ်ပါဘူးခင်ဗျာ)
အရင် Batch တွေကလဲ ဒါတွေကိုရှင်းပြပေးခဲ့ပေမယ့် ခုလာမယ့် Batchတွေ မှာတော့ သေချာလေး Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ (လက်တွေ့ Permit file တွေနဲ့ Sharing လုပ်ပေးသွားမှာပါ။ )
26/05/2026
ကိုယ့်သင်္ဘောမှာ သုံးနေတဲ့
ECDIS Software Version ဟာ
IMO Standard နဲ့ အညီရှိရဲ့လားဆိုတာ သိနိုင်ဖို့
ECDIS Procedure Guide 2024-2025 Ed နဲ့ တိုက်စစ်ကြည့်နိုင်ပါတယ်။
26/05/2026
Onboard မှာ ကျွန်တော်တို့ အရင်တုန်းကဆိုရင် ကိုယ်လုပ်ရမယ့် အလုပ်တခုကို လုပ်ထားလိုက်ပြီ လုပ်ထားတာကို ပြလိုက်နိုင်ရင် ပြီးသွားပေမယ့်၊ ခုနောက်ပိုင်းမှာ အဲလိုလုပ်လိုက်ရင် ဘာတွေ ပြေင်းလဲသွားလဲဆိုတဲ့ Result ကိုပါ
အနေနဲ့ထပ်မေးတတ်ပါတယ်။
( အနေနဲ့ Weekly Update လုပ်ထားတယ်၊ နောက်ဆုံး Week လဲ ဖြစ်တယ်ဆိုပေမယ့် SIRE တို့ RightShip Inspection တို့ လို မှာတော့ အဲ့လို Weekly Update လုပ်လိုက်လို့ ENC ထဲမှာပြောင်းလဲသွားတဲ့ OBJECTS တွေ AtoNs ကို ပြခိုင်းတတ်တာ တွေ ကြုံတွေ့လာရပါတယ်။)
ECDIS Maker တွေမတူတဲ့အတွက် ကြည့်လို့ရတဲ့ Setting တွေကွဲပြားတာကြောင့် ကိုယ်သုံးနေတဲ့ ECDIS မှာ သိအောင်လုပ်ထားဖို့လိုပါတယ်။
ကျွန်တော်လက်လှမ်းမှီသလောက် ရှယ်ပေးပါမယ်။
eGlobeG2
---------------
Chart Loader - Inventory - ENC NO ရွေး - Right Click - Review Updates
မှာ Auto ကော Manual Update ပါ ပြန်ကြည့်လို့ရပါတယ်။
Sperry Marine
--------------‐-------
Show Menu - Charts - Chart Tools - Object Update Report - [From Date -To Date လိုအပ်ရင်ရွေးလို့ရ] - Generate Report
လုပ်ပြီး ကိုယ်ကြည့်ချင်တဲ့ ENC NO ကို ရှာကြည့်လို့ရပါတယ်။ (Note Pad အနေနဲ့ Export လုပ်လို့လဲရပါတယ်)
Onboard မှာရှိတဲ့ဆရာတွေအနေနဲ့လဲ ကိုယ်သုံးနေတဲ့ ECDIS မှာ ဘယ်လိုကြည့်လို့ရလဲဆိုတာလေးကို မှာ လုပ်ပေးသွားရင် အားလုံးအတွက် ပိုအကျိုးရှိမယ်လို့ ထင်ပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
အမှတ် (599) မြေညီ, ကျောင်းလမ်း, ၄(တောင်ရပ်ကွက်, သာကေတ
Yangon
23456
Opening Hours
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |