16/06/2026
သင်ထောက်ကူတွေ ပိုသုံးပြီး
စာသင်ကြမယ်✅
いっしょに伸びましょう。
16/06/2026
သင်ထောက်ကူတွေ ပိုသုံးပြီး
စာသင်ကြမယ်✅
14/06/2026
ကလေးတွေကို
ဝိုင်းခြုံမကောက်ညှင်းပေါင်းနဲ့ အကြော်စုံနဲ့
ကျွေးမွေးဧည့်ခံပေါ့ရှင် 😍😍😍😚😚😚
14/06/2026
မွေးနေ့မှာ ချစ်ရတဲ့ကလေးတွေနဲ့ ဘုရားတက်😍💛
12/06/2026
သင်တန်းမှာ ခဏခေါ်ထားရမလား 😌
07/06/2026
ဂျပန်စကားလုံး "さすが (Sasuga)" ရဲ့ စိတ်ဝင်စားစရာ ခန်းဂျိဗဟုသုတ 💡🇯🇵✨
ဂျပန်စကားပြောတဲ့အခါ "တော်လိုက်တာ၊ တကယ်ကို မျှော်လင့်ထားတဲ့အတိုင်းပဲ" ဆိုပြီး ချီးကျူးတဲ့အနေနဲ့ 「さすが!」ဆိုတဲ့ စကားလုံးလေးကို မကြာခဏ သုံးလေ့ရှိကြပါတယ် 😊👏
ဒါပေမဲ့ ဒီစကားလုံးကို ခန်းဂျိ(漢字) နဲ့ ဘယ်လိုရေးလဲ၊ ဘာကြောင့် အဲ့ဒီလို ရေးရလဲဆိုတဲ့ နောက်ခံသမိုင်းကြောင်းကို ဒီနေ့မှာတော့ ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်နော်။ 👇
流石 さすがဆိုတာက (流 = စီးဆင်းသည် / 石 = ကျောက်တုံး) လို့ အဓိပ္ပာယ်ရပြီး၊ စိတ်ဝင်စားစရာ တရုတ်ပုံပြင် သမိုင်းကြောင်းတစ်ခုကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
ရှေးခေတ်တရုတ်နိုင်ငံက ပညာရှိတစ်ယောက်ဟာ သူ့ရဲ့သူငယ်ချင်းကို "ငါကတော့ တောထဲတောင်ထဲမှာပဲ ကျောက်တုံးကို ခေါင်းအုံးအိပ်ပြီး၊ စီးဆင်းနေတဲ့ ရေစီးကြောင်းလေးနဲ့ ပလုတ်ကျင်းပြီး အေးအေးဆေးဆေး နေချင်တော့တယ်" လို့ ပြောချင်ခဲ့တာပါ။
ဒါပေမဲ့ သူက စကားမှားပြီး "ငါကတော့ စီးဆင်းနေတဲ့ရေကို ခေါင်းအုံးအိပ်ပြီး၊ ကျောက်တုံးနဲ့ ပလုတ်ကျင်းမယ်"ဆိုပြီး ပြောင်းပြန်ကြီး ပြောမိသွားပါသတဲ့။ 🤦♂️😂
သူငယ်ချင်းဖြစ်သူက "ဟာ... ရေကိုဘယ်လို ခေါင်းအုံးမလဲ၊ ကျောက်တုံးနဲ့ကော ဘယ်လို ပလုတ်ကျင်းမှာလဲ" လို့ ရယ်ပြီး ထောက်ပြတဲ့အခါ... အဲ့ဒီပညာရှိက ရှက်ရှက်နဲ့ပဲ ချက်ချင်း ဉာဏ်ဆင်ပြီး -
"ရေကို ခေါင်းအုံးမယ်ဆိုတာ ငါ့နားတွေကို ဆေးကြောချင်လို့ကွ။ ကျောက်တုံးနဲ့ ပလုတ်ကျင်းမယ်ဆိုတာကတော့ ငါ့သွားတွေကို တိုက်ချင်လို့ပြောတာ"
ဆိုပြီး ဇွတ်မှိတ်ပြီး အပိုင်အနိုင် ဆင်ခြေပေးလိုက်ပါတော့တယ်။
အဲ့ဒီအခါ သူငယ်ချင်းဖြစ်သူက "အော်... မင်းကတော့ တကယ့်ကို ဆင်ခြေပေးတာ (အမှားကို အမှန်ဖြစ်အောင် ပြောတာ) ဆရာကျလှချည်လား (တကယ့်ကို 流石 さすが ပဲ)" ဆိုပြီး ချီးကျူး (ရွဲ့) ခဲ့ရာကနေ...
"စီးဆင်းသောရေ (流)" နဲ့ "ကျောက်တုံး (石)" ကို တွဲပြီး 「流石 (さすが)」 လို့ ရေးရင် "မျှော်လင့်ထားတဲ့အတိုင်း တကယ့်ကို ဆရာကျတယ်/ တော်တယ်" ဆိုတဲ့ အဓိပ္ပာယ်အဖြစ် ဂျပန်စာမှာ သတ်မှတ်အသုံးပြုလာခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျာ။ 🧠✨
ဂျပန်စာမှာ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ ခန်းဂျိတွေ အများကြီး ရှိပါသေးတယ်။ ဒါလေးတွေကို သိထားရင် ခန်းဂျိကျက်မှတ်ရတာ ပိုပြီး ပျော်စရာကောင်းလာမှာ သေချာပါတယ်နော်။ 😊
အားလုံး ဂျပန်စာလေ့လာရာမှာ ပျော်ရွှင်ပြီး အောင်မြင်ကြပါစေ ခင်ဗျာ။ 💪❤️
01/06/2026
ဟလို ကလေးတို့ရေ
ဒီလက အရမ်းအရေးကြီးတဲ့လ ဆိုတာ မမေ့နဲ့နော်😍
ဘာလို့လဲဆို
Sensei မွေးနေ့ရှိတဲ့ လမို့ ✨👀😝
27/05/2026
တန်းခွဲသစ်စောင့်နေသူများအတွက်
6 လပိုင်းအတွက် တန်းခွဲသစ်လေးလာပါပြီ💦💦💦
လူနည်းစုနဲ့သာ တက်ချင်သူများအတွက် ✨
💞N5 Special Class💞
🗓သင်တန်းစမည့်ရက် 🗓- 1.6.2026 (Monday)
⏰သင်တန်းအချိန် ⏰ - 4:30 - 6:30(pm)
🍀သင်တန်းနေ့ရက် 🍀 -Monday,Tuesday,Thursday
သင်တန်းကြေး 💰 - 400000 ကျပ်
သင်တန်းကြာချိန် ⏳- (4) လ
✨သင်တန်းကြေးများတွင် စာအုပ်စာတမ်းကြေးမပါဝင်ပါ✨
ကျောင်းသားတွေဘက်ကသာ
စာလုပ်ချင်စိတ်လေးသာ သယ်လာပေးပါ
စာကိုတက်အောင် နားလည်အောင် သင်ပေးဖို့က
Sensei တို့တာဝန်ပါ 👩🏫👩🏫👩🏫
☔️☔️☔️☔️☔️☔️☔️☔️☔️☔️
သင်ခန်းစာများကို တစ်ခန်းချင်း
Grammar Note လေးတွေနဲ့ မှတ်ရလွယ်အောင်
သင်ကြားပေးပြီး ⭐️⭐️
Meaning Test,Grammar Test,Kanji Test တွေနဲ့
စာမေးပွဲကို မကြောက်အောင်
စာမေးပွဲနဲ့ ရင်းနှီးနေအောင် အပါတ်တိုင်း
စာမေးပွဲလေးတွေ စစ်ပေးပါတယ် ⭐️⭐️⭐️
JLPT ,J-Test,N-Test စတဲ့ ဂျပန်စာအရည်အချင်းစစ်တွေ
ဖြေဆိုနိုင်တဲ့အထိ
Old Question
Listening များကိုလဲ တန်းခွဲတိုင်းမှာ
သေချာလေ့ကျင့်ပေးမှာ
ဖြစ်တဲ့အတွက်ကြောင့် ⭐️⭐️⭐️⭐️⭐️
ဂျပန်ကို ကျောင်းနဲ့သွားချင်လို့ဘဲဖြစ်ဖြစ်👩🎓👨🎓
အလုပ်လုပ်ဖို့ သွားချင်လို့ဘဲဖြစ်ဖြစ်👷♀️👨🍳👨🏻💻
ဂျပန်စာကနေ တဆင့် မိမိရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တာဘဲဖြစ်ဖြစ်
🌸🌸🌸🌸🌸
💯ဂျပန်စာကိုသေချာစနစ်တကျ သေသေချာချာ လေ့လာချင်တယ်ဆိုရင်တော့💯
❤️CHAN Japanese Language Teacher ❤️မှ နွေးထွေးစွာ
ကြိုဆိုပါတယ်ရှင့်
🌸🌸🌸🌸🌸
ဂျပန်ကိုကျောင်းနဲ့သွားချင်တဲ့ ကျောင်းသူ ကျောင်းသားများအတွက်လဲ အထူးဆွေးနွေးတိုင်ပင်ပေးခြင်း
စိတ်ချယုံကြည်ရသော အေဂျင်စီများနဲ့လဲ တခါတည်းမိတ်ဆက်ပေးပါတယ်ရှင့်
🌸🌸🌸🌸🌸
သင်တန်းစုံစမ်းရန် -Page messenger
(Or)📲📲📲
Ph-09783763565
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်🥰🥰🥰
သင်တန်းလိပ်စာ- 📪📪📪
အမှတ် (၃၇) မြေညီထပ် ၊မင်္ဂလာသိဒ္ဓိလမ်း၊(မင်းလမ်းမှတ်တိုင် အနီး)
ဆရာစံတောင် စံပြ ရပ်ကွက်၊ဗဟန်းမြို့နယ် ၊ရန်ကုန်မြို့။
#ဂျပန်စာဆိုchanကိုရွေးပါ
ျပန်စာသင်တန်းကျောင်း
#ဗဟန်းမြို့နယ်
#ဂျပန်စာ
25/05/2026
Hello 👋
📌မနက်ဖြန်ကစပြီး သင်တန်းတွေ
ပြန်ဖွင့်ပါပြီ📌
📌Hello ကလေးတို့ရေ 📌
Sensei အမေ ဆေးရုံတက်ရဖို့ဖြစ်လို့
နက်ဖြန်ရော သန်ဘက်ခါရော သင်တန်းပိတ်ပါမယ်နော်
ကြာသပတေး သောကြာက အခြေနေကြည့်ပြီး ဖွင့်မဖွင့်ပြန်ပြောပါမယ်နော်
စာတွေလုပ်ထားကြပါ
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |