Thein Kha Zaw Lab

Thein Kha Zaw Lab

Share

Hi everyone, I've been a professional artist since 2009 and my aim is to help Myanmar youth's dreams come true. Thanks for visiting. Professional Artist

19/06/2026

ဆရာသိင်္ခဇော်ပန်းချီကျောင်းက မိထက်သဒ္ဒါရဲရင့်ရဲ့ အနုပညာလက်စွမ်းကိုတင်ဆက်လိုက်ပါတယ် 🍒

19/06/2026

🏆ချန်ပီယံလေးများမွေးဖွားရာ သိခ်ဇော်အနုပညာကမ္ဘာ🏆

အပြင်လူတွေ့အတန်းရဲ့သင်တန်းချိန်များဖြစ်ပါတယ်။
🟦 တနလာ် + အဂ်ါ > 4:00-5:00PM
🟦 ဗုဒ္ဓဟူး + ကြာသပတေး > 4:00-5:00PM
🟥 စနေ + တနဂ်နွေ
Section(1) 8:00 - 9:00AM
Section(2) 10:00 - 11:00AM
Section(3) 4:00 - 5:00PM
တစ်တန်းကို(၁၅)ဦးပဲလက်ခံသင်ကြားပါတယ်။

ကျောင်းသားအသစ်များကိုအစကပြန်သင်ကြားပေးပါတယ်။

သင်တန်းကြေး - တလ ၈၀၀၀၀ကျပ်

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက:

Thein Kha Zaw (Professional Artist)

📍 ခြံအမှတ်(၁၀၆)၊လုံးသွယ်လမ်း ၊(၄၁)ရပ်ကွက်၊မြောက်ဒဂုံ၊ရန်ကုန်။
(မဟာမြိုင်အနီး ၊ ဦးဝိစာရလမ်းမကြီးပေါ်က Capital Market နောက်ကျောကပ်လမ်း)

📞09795605029 , 09421080825

18/06/2026

ထာဝရသူငယ်ချင်း ☘️
အသက်အရွယ်တူ ၊ဝါသနာတူ ၊ကြိုးစားမှုလည်းတူကြတဲ့ကျနော့်ရဲ့တပည့်လေးနှစ်ယောက် 🥰 2050 မှာ သိပ္ပံပညာရှင်၊နည်းပညာရှင်ဖြစ်သွားလည်း
ပန်းချီအတူတူရေးဆွဲကြတဲ့ထာဝရသူငယ်ချင်းပဲနော် ဆရာ့တပည့်တို့⭐️

18/06/2026

🎨 သင့်ကလေးကို ပန်းချီတော်စေချင်ရင် ဒီအချက် (၅) ချက်ကိုသိထားပါ

မိဘတော်တော်များများက "ကျမကလေးက ပန်းချီမတော်ဘူး" လို့ ပြောတတ်ကြပါတယ်။

တကယ်တော့ ပန်းချီတော်တဲ့ကလေးတွေဟာ မွေးရာပါ ပါရမီတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ မှန်ကန်တဲ့ လေ့ကျင့်မှုနဲ့ ပတ်ဝန်းကျင်ကောင်းတွေကြောင့် ဖြစ်လာတာပါ။

✅ ၁။ ရလဒ်ထက် လုပ်ငန်းစဉ်ကို ချီးကျူးပါ
"ပုံလှလိုက်တာ"လို့ပြောတာထက် "အရောင်တွေရွေးတာကောင်းတယ်"၊ "စိတ်ရှည်ရှည်ဆွဲထားတာကို သဘောကျတယ်" လို့ ပြောပေးပါ။

✅ ၂။ လွတ်လပ်စွာ ဖန်တီးခွင့်ပေးပါ
ကလေးကနေလုံးကို အပြာရောင်ဆွဲရင်တောင် အမှားမဟုတ်ပါဘူး။ လွတ်လပ်စွာဖန်တီးနိုင်စွမ်းရှိဖို့ အဓိကဖြစ်ပါတယ်။

✅ ၃။ ပုံမှန်လေ့ကျင့်မှု ရှိပါစေ
တစ်နေ့ (၁၅) မိနစ်ပဲဖြစ်ဖြစ် လေ့ကျင့်ရေးဆွဲနေတဲ့ကလေးက တစ်ပတ်တစ်ခါ ဆွဲတဲ့ကလေးထက် လက်ရာပိုပြီးတိုးတက်ပါတယ်။များများလေ့ကျင့်လေ မြန်မြန်တတ်လေပါပဲ။

✅ ၄။ ကြည့်ရှုလေ့လာမှုကို အားပေးပါ
သစ်ပင်၊ တိရစ္ဆာန်၊ လူတွေ၊ အဆောက်အဦးတွေကို သေချာကြည့်ရှုခံစားတတ်တဲ့ကလေးက သဘာဝတရားရဲ့အလှအပကိုပိုပြီးချစ်မြတ်နိုးစေပါတယ်။

✅ ၅။ ဆရာကောင်းနဲ့ သင်ယူခွင့်ရပါစေ
နည်းစနစ်မှန်ကန်စွာ သင်ကြားပေးနိုင်တဲ့ ဆရာကောင်းတစ်ယောက်က ကလေးရဲ့ တိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။စိတ်ဓါတ်ကောင်းရှိတဲ့ဆရာဖြစ်ဖို့အရေးကြီးပါတယ်။

🌟 ပန်းချီဆိုတာ ပုံလှလှလေးဆွဲတတ်ဖို့တင် မဟုတ်ပါဘူး။
ဖန်တီးနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း၊ ယုံကြည်မှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုပါ တိုးတက်စေပါတယ်။

သင့်ကလေးရဲ့ အနာဂတ်ဖန်တီးနိုင်စွမ်းကို ဒီနေ့ကစပြီး ပျိုးထောင်ပေးလိုက်ပါ⭐️

Thein Kha Zaw (Professional Artist)

17/06/2026

ဆရာသိင်္ခဇော်ပန်းချီကျောင်းက မောင်ဇွဲဘုန်းမြတ်ဦးရဲ့အနုပညာလက်စွမ်းကိုတင်ဆက်လိုက်ပါတယ်🎨

16/06/2026

ဆရာသိင်္ခဇော်ပန်းချီကျောင်းက မောင်သော်ဇင်လင်းရဲ့အနုပညာလက်စွမ်းကိုတင်ဆက်လိုက်ပါတယ်🎨

16/06/2026

ဆယ်ကျော်သက်တွေနဲ့အပြိုင်ကြဲနေတဲ့ ကျနော်🥰
ဆရာမင်းသားလုပ်ရင်အကယ်ဒမီရအောင်အားပေးကြနော် ချစ်တပည့်တို့😎

15/06/2026

ပန်းချီသင်တန်းတက်တဲ့အခါ ကလေးတွေဟာ
စိတ်ဖိစီးမှုတွေလျှော့ကျပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ်
လွတ်လပ်စွာဖန်တီးနိုင်လာပါတယ်⭐️🎨

ဆရာသိင်္ခဇော်ပန်းချီကျောင်းက မောင်ညဏ်ဘုန်းထက်ရဲ့အနုပညာလက်စွမ်းကိုတင်ဆက်လိုက်ပါတယ်။

Photos from Thein Kha Zaw Lab's post 14/06/2026

ဘုန်းမာန်ဇွဲတို့မောင်နှမရဲ့ အနုပညာလက်စွမ်းကိုကြည့်ရှုခံစားလိုက်ပါဦးပရိသတ်ကြီး။2050ခုနှစ်မှာတောက်ပတဲ့ကြယ်ပွင့်လေးတွေအဖြစ် ဆရာမြင်တွေ့ရဦးမှာပါ ✨⭐️

Photos from Thein Kha Zaw Lab's post 13/06/2026

Live with Art ❤️☘️

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


(106), Lone Thwel Street , (41) Ward, North Dagon
Yangon