Authentic Person ဆိုတာ ဘယ်လိုမျိုးလဲ?
ကိုယ့်ရဲ့ အစစ်အမှန်အတိုင်းပဲ ရှင်သန်နေထိုင်တဲ့သူက authentic person ပါပဲ။
ဟန်ဆောင်မှု ဖုံးကွယ်မှုတွေမရှိဘဲ ကိုယ့်တန်ဖိုးအစစ်အမှန်အတိုင်းပဲနေထိုင်တာ၊ ကိုယ့်အတွေးအခေါ်အစစ်အမှန်အတိုင်းပဲ ဖော်ပြရဲတာ ကိုယ့်ခံစားချက်အမှန်ကို ထုတ်ဖော်ရဲတာ ဒါတွေက Authentic ဖြစ်ခြင်းရဲ့ လက္ခဏာတွေပါပဲ။
ကိုယ့်ကို ဘယ်လိုလူလို့ထင်စေချင်လို့ ဘာတွေလုပ်ပြနေရင် ဒါဟာ authentic မဟုတ်တော့ဘူးပေါ့။
ကိုယ့်မှာရှိနေတဲ့ အရှိတရားထဲမှာ လူတွေက အားနည်းချက်လို့ထင်နေတာတွေလည်းရှိနိုင်သလို အားသာချက်လို့သတ်မှတ်ထားတာတွေလည်း ရှိနေနိုင်တာပဲ။ အားနည်းချက်လို့သတ်မှတ်ထားတာတွေကို မမြင်ရအောင်အတင်းဖုံးကွယ်ပြီး နေရရင်လည်း ဒါဟာ authentic မဖြစ်တော့ပါဘူး။
ကိုယ့်အားနည်းချက်ကိုလည်း အရှိအတိုင်းဖော်ပြရဲပြီး ပွင့်ပွင့်လင်းလင်းနေထိုင်ပြောဆိုရဲတာဟာ authentic ဖြစ်တာပါပဲ။
Authentic ဖြစ်ခြင်းထဲမှာ ကိုယ့်ကိုယ်ကိုယ်သိခြင်း နဲ့ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ခြင်း တို့လည်း ပါဝင်ပါတယ်။
ကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေကို ကိုယ်တိုင်သိပြီး ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံနေထိုင်ခြင်းပါပဲ။
တခြားသူရဲ့ မျှော်လင့်ချက်နဲ့ကိုက်ညီဖို့အတွက် လုပ်ယူထားတာမျိုး၊ဟန်ဆောင်ထားတာမျိုးဆိုရင် authentic မဖြစ်တော့ပါဘူး။
ဒီလိုပြောလို့ ကိုယ့်ရဲ့မကောင်းတဲ့အမူအကျင့်တွေ စိတ်နေသဘောထားတွေ အားနည်းချက်တွေကို မပြုပြင်ဘဲနေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲ အဆင်ပြေသလိုနေပြီး တခြားသူကို မတွေးပေးတာ မငဲ့ကွက်တာမျိုးကိုလည်း ဆိုလိုတာမဟုတ်ပါဘူး။ Authentic ဖြစ်ခြင်းဆိုတာ သူတစ်ပါးအတွက်လည်းတွေးပေးပြီး ကိုယ်ချင်းစာစိတ်ရှိဖို့လည်းလိုအပ်ပါသေးတယ်။ ဟန်ဆောင်တာ၊ မျက်နှာဖုံးတပ်တာ၊ ဖုံးကွယ်တာတွေကိုသာ မလုပ်သင့်တာပါ။
Authentic ဖြစ်ခြင်းရဲ့ ကောင်းကျိုးကတော့ ကိုယ့်ရဲ့အရှိအတိုင်းကို လက်ခံနိုင်တဲ့သူတွေကိုပဲ တွေ့ဆုံရခြင်းပါပဲ။
ကိုယ်က လူတွေအထင်ကြီးမယ့်သူမျိုး၊ လူတွေသဘောကျစေနိုင်တဲ့သူမျိုးအဖြစ် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီးနေထိုင်နေမယ်ဆိုရင် ကိုယ့်ရဲ့အစစ်အမှန်ကိုမသိဘဲ ကိုယ့်ဘေးရောက်လာတဲ့သူတွေဟာ ကိုယ်နဲ့အမှန်တကယ် ကိုက်ညီတဲ့သူ ဘယ်ဖြစ်နိုင်ပါတော့မလဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့မလွယ်တော့ဘူးပေါ့။ ကိုယ်ကသာ Authentic Person ဖြစ်နေမယ်ဆိုရင် ရောက်လာတဲ့သူတွေကလည်းကိုယ့်အစစ်အမှန်နဲ့ကိုက်ညီတဲ့သူတွေပဲ လာနိုင်တာပေါ့။
ကြုံဖူးတဲ့လူတစ်ချို့ရှိတယ်၊ Supermarket မှာစျေးဝယ်တော့ စျေးခြင်းလှည်းမှာ ပစ္စည်းအများကြီးမဝယ်နိုင်တာကိုရှက်လို့
တစ်ရှူးလိပ်တွေအများကြီးဝယ်ပြီး တခြားပစ္စည်းတွေအောက်ကထည့်လာသတဲ့၊ ဘေးလူတွေက သူ့ကိုပစ္စည်းအများကြီးမဝယ်နိုင်တဲ့သူလို့ အထင်သေးမှာစိုးလို့ပါတဲ့။
အိမ်ကိုဧည့်သည်လာရင် သူ့ကိုစာဖတ်တဲ့သူလို့ထင်အောင် တစ်ခါမှကောက်မကိုင်ဖူးတဲ့ အပတ်စဥ်ဂျာနယ်တွေနဲ့ စာအုပ်တွေဝယ်ပြီး လူမြင်သာတဲ့နေရာမှာ ထားထားတာမျိုး၊ တကယ်တော့ ဒီလိုလုပ်ရပ်မျိုးတွေက အစစ်အမှန်ကိုဖုံးကွယ်ပြီး ကိုယ့်ရဲ့အမှန်မဟုတ်တဲ့ပုံစံကို လုပ်ယူနေတာဖြစ်လို့ သိပ်စိတ်ပင်ပန်းရပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့အစစ်အမှန်ကို သိရှိလက်ခံပြီး ကိုယ့်တန်ဖိုးအတိုင်း ရှင်သန်နေထိုင်ရင်း ဘဝကိုအရိုးသားဆုံးဖြတ်သန်းဖို့ လိုအပ်ပါတယ်။
Win Pa Pa Thu
English & Soft Skills Trainer
Win Pa Pa Thu - English & Soft Skills Trainer
Corporate Training Services
20/05/2026
English Speaking Class (Zoom Class) (Pre-intermediate Level)
3rd Batch ကို ဖွင့်လှစ်လိုက်ပါပြီ။
📌အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုအနေနဲ့ ပြောတတ်ချင်တယ်...
📌သူများတွေပြောရင်တော့ နားလည်သလိုရှိတယ် ကိုယ်တိုင်တော့ မပြောတတ်ဘူး.....
📌အင်္ဂလိပ်လို နည်းနည်းပါးပါးတော့ ရေးတတ်ပါတယ် ပြောဖို့ကျ မဝံ့ရဲဘူးဖြစ်နေတယ် ....
ဒါဆိုရင်တော့ English Speaking Pattern တွေနဲ့ အခြေအနေပေါ်လိုက်ပြီး ပြောဆိုရမယ့် Situational English တို့ သင်ပေးမယ့် အတန်းပဲဖြစ်တဲ့
English Speaking Class ကို Join ဖြစ်အောင်သာ Join လိုက်ပါ။
ရုံးချိန်လွတ်အတန်းဖြစ်ပြီး ရှက်စရာကြောက်စရာမလိုဘဲ ကိုယ်သိချင်တာတွေကို စိတ်တိုင်းကျမေးမြန်းနိုင်တဲ့အတန်းကို ရှာနေရင်တော့ ဒီအတန်းက ကွက်တိပါပဲ။
❗ပြောတတ်နေပြီးသားသူတွေအတွက် ဖွင့်တဲ့အတန်းမဟုတ်ဘဲ အင်္ဂလိပ်စကားပြောကို အခြေခံကစတင်လေ့လာချင်တဲ့သူတွေ Level တစ်ခုအထိ တိုးတက်သွားချင်တဲ့သူတွေအတွက် ရည်ရွယ်တဲ့အတန်းပဲ ဖြစ်ပါတယ်။
ပုံမှန်သင်တန်းကြေး - ၇၅၀၀၀ ကျပ်တည်းကိုမှ
အစောဆုံးအပ်တဲ့သူ (၁၀) ဦးအတွက် - ၅၅၀၀၀ ကျပ်ပဲ ပေးသွင်းနိုင်ပါတယ်။
လူဦးရေကန့်သတ်ထားတာဖြစ်လို့ စောစောအပ်မှ စိတ်ချရမယ်နော် ........
Win Pa Pa Thu
English & Soft Skills Trainer
Introvert တွေမှာ ဘယ်လိုအားသာချက်တွေရှိနေလဲ?
+++++++++++++++++++++++++++++++++++++++
လူတွေရဲ့ Personality ကိုလိုက်ပြီး Introvert နဲ့ Extrovert ဆိုပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲနိုင်ပါတယ်။
နားအေးပါးအေးနဲ့ သီးသန့်နေရတာကို ပိုကြိုက်တဲ့၊ ကိုယ်ဝါသနာပါရာကို လုပ်ရင်း တစ်ယောက်တည်းအချိန်ကုန်ရတာသဘောကျတတ်တဲ့၊ လူအများနဲ့ ဆူညံပျော်ပါးရတာကို သိပ်သဘောမကျတတ်တဲ့သူမျိုးကို ယေဘုယျအားဖြင့် Introvert လို့ သတ်မှတ်ကြတာပဲဖြစ်ပါတယ်။
Introvert တွေဟာ လူအများနဲ့ ဆူဆူညံညံနေရတာကို မကြိုက်ပေမယ့် စကားမပြောဘဲနေတဲ့သူတွေတော့လည်း မဟုတ်ပါဘူး။ ကိုယ်သဘောကျခင်မင်တဲ့သူတွေနဲ့ဆို အဓိပ္ပါယ်ရှိတဲ့ခေါင်းစဥ်မျိုးတွေနဲ့ စကားလက်ဆုံကြရတာကို သဘောကျတတ်တဲ့သူတွေပါ။
ဒီတစ်ခါမှာတော့ introvert တွေရဲ့ အားသာချက်တွေကို မျှဝေသွားမှာဖြစ်ပါတယ်။
၁။ လေးလေးနက်နက်တွေးတတ်ခြင်း။
Introvert တွေဟာ ကိုယ့်ဘာသာအတွေးနဲ့နေရတာကို သဘောကျတဲ့သူတွေဖြစ်သလို လေးလေးနက်နက်တွေးခေါ်တတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။
ဒါကြောင့် သူတို့ဟာ ကိုယ့်ခံစားချက်ကိုယ့်အတွေးအခေါ် ကိုယ့်စိတ်ကို နားလည်တဲ့သူတွေဖြစ်ပါတယ်။ Self-awareness အားကောင်းတဲ့သူတွေပဲဖြစ်ကြပါတယ်။
၂။ နားထောင်ပေးတတ်ခြင်း။
Introvert တွေက နားထောင်ရတာကို သဘောကျတတ်တဲ့သူတွေဖြစ်ပါတယ်။ တဖက်လူရဲ့စကားကို အလေးအနက်ထားပြီးနားထောင်ပေးတတ်ကြပါတယ်။ ဒါကြောင့် communication ကောင်းတယ်လို့ပြောနိုင်ပါတယ်။
၃။ ဖန်တီးမှုအားကောင်းခြင်း။
ကိုယ့်ဘာသာအေးအေးဆေးဆေးနေတတ်ပြီး အတွေးအခေါ်အားကောင်းတဲ့ introvert တွေဟာ ဖန်တီးမှု တီထွင်ဆန်းသစ်မှုလည်း အားကောင်းတတ်ကြပါတယ်။ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်လည်း အတွေးအခေါ်အသစ်တွေနဲ့ အကြံကောင်းတွေ ထွက်တတ်ပါတယ်။
၄။ အသေးစိတ်အာရုံစိုက်နိုင်ခြင်း။
Introvert တွေက အသေးစိတ်အာရုံစိုက်မှုအားကောင်းကြပါတယ်။ ဒါကြောင့်ပဲ တခြားသူတွေ မမြင်တဲ့ အမှားတွေ လစ်ဟာမှုတွေကို မြင်တတ်ကြပါတယ်။ ဒီအချက်ဟာ အလုပ်မှာပဲဖြစ်ဖြစ် လေ့လာသင်ယူရာမှာပဲဖြစ်ဖြစ် အလွန်အသုံးဝင်တဲ့ အချက်ပဲဖြစ်ပါတယ်။
၅။ အမှီအခိုနည်းခြင်း။
တစ်ယောက်တည်းနေရတာ တစ်ယောက်တည်းအလုပ်လုပ်ရတာသဘောကျတတ်တဲ့ Introvert တွေဟာ မှီခိုလိုစိတ်လည်း နည်းကြပါတယ်။ တခြားသူတွေနဲ့ပူးပေါင်းလုပ်ရတာထက် တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် အလုပ်လုပ်ရတာရာမှာ ပိုတော်ကြပြီး အလုပ်ပိုပြီးကြပါတယ်။
ကဲ ... ကိုယ်တိုင်ကရော Introvert လား Extrovert လား ပြောခဲ့အုံးနော်
Win Pa Pa Pa
English & Soft Skills Trainer
ကောင်းမွန်တဲ့ ဘဝနေနည်းက ရိုးရှင်းပါတယ်
+++++++++++++++++++++++++++++
၁။ ဘယ်သူ့ဆီကမှ မမျှော်လင့်ပါနဲ့။
ကိုယ့်ကို ချစ်ခင်လို့ ဘယ်သူက ဘာပေးရင်ကောင်းမှာပဲဆိုတာမျိုး၊ ကိုယ့်ကို သနားလို့ ဘယ်သူက ကူညီရင် ကောင်းမှာပဲ ဆိုတာမျိုး၊ ကိုယ့်တာဝန်တွေကို တခြားသူက ထမ်းပေးစေချင်တာမျိုး စသဖြင့် မျှော်လင့်ချက်တွေ မထားပါနဲ့။ ဒီလိုမျှော်လင့်တတ်တာက ပိုပြီးစိတ်ပင်ပန်းရပါတယ်။
၂။ ကြိုးစားပါ။
ကြားရလွန်းလို့ ရိုးနေတဲ့စကားဖြစ်ပေမယ့် အမှန်တရားတစ်ခုပါပဲ။ ဘာပဲလုပ်လုပ် ကြိုးကြိုးစားစားလုပ်ပါ။
ဝတ္တရားကျေမလုပ်ပါနဲ့။ အလုပ်တစ်ခုလုပ်နေတာပဲ တော်ပြီ၊ သင်တန်းပုံမှန်တက်နေတာပဲ ရပြီ ဆိုတာမျိုး မတွေးဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ ကြိုးကြိုးစားစား အလုပ်လုပ်တတ်တဲ့သူကို ကံတရားက မျက်နှာသာပေးတတ်သလို လူတွေကလည်း လေးစားကြပါတယ်။
၃။ အကျယ်မချဲ့ပါနဲ့။
ငွေကုန်ကြေးကျနည်းနည်းနဲ့ ပြီးရမယ့်ကိစ္စကို များများမသုံးရအောင်၊ လူနည်းနည်းနဲ့ ပြီးမယ့်ကိစ္စကို လူအများမပါရအောင်၊ ကိုယ့်မှာရှိထားတဲ့အရာနဲ့ ဖြစ်တဲ့ကိစ္စကို အသစ်ထပ်မဝယ်ရအောင် စသဖြင့် အရာရာတိုင်းကို အကျယ်မချဲ့ဘဲ ကိစ္စနည်းနိုင်သမျှနည်းအောင် ကြိုးစားဖို့လိုပါတယ်။
ငွေသုံးသိန်းနဲ့ အောင်မြင်ပြီးမြောက်အောင်လုပ်လို့ရတာကို ငွေငါးသိန်းကုန်သွားတာမျိုး၊ ရှိပြီးသား အဝတ်အစားနဲ့သွားလို့ရတဲ့ပွဲကို အသစ်ထပ်ဝယ်ပြီးသွားတာမျိုး၊ ချက်ထားပြီးသားဟင်းနဲ့စားလို့ရတာကို ထပ်ဝယ်မိတာမျိုး စသဖြင့် နေ့တဓူဝ ကိစ္စရပ်လေးတွေ မှာလည်း အတတ်နိုင်ဆုံး ကျစ်ကျစ်လစ်လစ်နေထိုင်လုပ်ကိုင်မယ်ဆိုရင် အပူပင်နည်းမှာပါပဲ။
ဘဝက တိုတောင်းပါတယ်။ အကောင်းဆုံးနေထိုင်နည်းနဲ့ ဖြတ်သန်းသွားဖို့ အရေးကြီးပါတယ်။ အဓိကက စိတ်ချမ်းသာဖို့လိုတယ်မဟုတ်လား။ ဒါကြောင့် အရိုးရှင်းဆုံးသာနေထိုင်ကြရအောင်ပါ။
Win Pa Pa Thu
English & Soft Skills Trainer
ကိုယ့်ရဲ့ Energy ကို ဘယ်လိုစီမံကြမလဲ?
++++++++++++++++++++++++++++++
ဒီနေ့ခေတ်မှာ လူတိုင်းနီးပါးပြောနေကြတဲ့စကားက အချိန်ကိုစီမံခန့်ခွဲဖို့ (time management) အကြောင်းပဲဖြစ်ပါတယ်။
ကိုယ်လုပ်ရမယ့်အလုပ်တွေ လုပ်ချင်တဲ့အလုပ်တွေ ကောင်းကောင်းမွန်မွန်ပြီးမြောက်သွားဖို့ဆိုရင် အချိန်ကို အကျိုးရှိစွာ စီမံခန့်ခွဲဖို့လိုတာပေါ့။
ဒါဟာ တကယ်ပဲမှန်ကန်ရဲ့လား?
အလုပ်လုပ်ဖို့အချိန်ရသေးတယ် ဒါပေမယ့် ကိုယ့်စိတ်နဲ့ခန္ဓာကိုယ်က လုပ်ချင်စိတ်မရှိတော့ဘူး၊ လုပ်နိုင်စွမ်းမရှိတော့ဘူး။
လူတိုင်း ဒီလိုအခြေအနေကိုကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ အချိန်ကိုစီမံခန့်ခွဲမှုအားနည်းနေလို့လား?
မဟုတ်ပါဘူး။
အချိန်ကို စီမံခန့်ခွဲတာထက် ကိုယ့်ရဲ့စွမ်းအင်ကို စီမံခန့်ခွဲဖို့ လိုအပ်နေသေးလို့ပဲဖြစ်ပါတယ်။
လူတိုင်းအတွက် အချိန်က တစ်ရက်ကို ၂၄ နာရီဆိုပြီး ပုံသေရပါတယ်။ ဒါပေမယ့် စွမ်းအင်ကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။
လူတစ်ယောက်မှာ
(1) Physical Energy
(2) Emotional Engergy
(3) Mental Engergy
(4) Spiritual Energy
ဆိုပြီး စွမ်းအင် ၄ မျိုးရှိပါတယ်။ ကိုယ့်ရဲ့ နေထိုင်ပုံ အမူအကျင့် ကိုယ့်အကြိုက်တွေပေါ်မှာမူတည်ပြီး Energy Level တွေ ကွာခြားသွားနိင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့စွမ်းအင်ကို စီမံခန့်ခွဲမှုမလုပ်ခင်မှာ သိထားရမယ့်အချက်လေးတွေရှိပါတယ်။
- ကိုယ်က ဘယ်အချိန်မှာ စွမ်းအင်ပိုပြည့်တတ်လဲ?
- ဘယ်အရာတွေက ကိုယ့်ရဲ့စွမ်းအင်တွေကို စုပ်ယူသွားတတ်ပြီး ဘယ်အရာတွေက ကိုယ့်ကို စွမ်းအင်တွေပေးတတ်သလဲ?
- ကိုယ့်ရဲ့ စားသောက်မှု၊ အိပ်စက်ချိန်၊ နေထိုင်မှုပုံစံတွေမှာ စွမ်းအင်ပြည့်နေအောင် ဘယ်လိုနေထိုင်ရမလဲ?
- ဘယ်သူတွေက ကိုယ့်ရဲ့စွမ်းအင်တွေကို စုပ်ယူတတ်သလဲ?
စတဲ့အချက်တွေကို သိထားရပါမယ်။ ဒါတွေသိထားမှသာ ကိုယ့်ရဲ့စွမ်းအင်ကို မဖြုန်းတီးမိအောင် စီမံနိုင်မှာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ Energy ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
1. ကိုယ့်ရဲ့ Energy ကိုစုပ်ယူတတ်တဲ့အရာတွေကို "No"ပြောနိုင်ပါစေ။
ပြိုင်ဆိုင်လိုစိတ်များပြီး မနာလိုတတ်တဲ့သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းတစ်ကော၊ စိတ်ဆင်းရဲစရာတွေကိုပဲပြောလေ့ရှိတဲ့ မိသားစုဝင် တစ်ယောက်ယောက်၊ အပြစ်ရှာပြောလေ့ရှိတဲ့ ဆွေမျိုး စတာတွေက ကိုယ့်ရဲ့ energy ကို စုပ်ယူသွားတတ်ပါတယ်။
ဒီလိုအရာတွေက physical energy ကို အားလျော့သွားစေတာမဟုတ်ပေမယ့် emotional energy နဲ့
mental energy တွေကိုတော့ အားပျက်သွားစေတာ အမှန်ပါပဲ။
ဒါကြောင့် အဲဒီအရာတွေကို ဝေးနိုင်သမျှဝေးဝေးနေဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့်မှာ အရေးကြီးလုပ်စရာကိစ္စတွေရှိနေတဲ့အခါမျိုးမှာ
သူတို့တွေကို ရှောင်ဖြစ်အောင်ရှောင်ပါ။
2. အလုပ်ကို အစီအစဥ်ချတတ်ပါစေ။
တစ်နေ့တာအတွက်ပဲဖြစ်ဖြစ် တစ်လစာပဲဖြစ်ဖြစ် အလုပ်တွေ အစီအစဥ်ဆွဲတဲ့အခါ အချိန်ကိုပဲ ထည့်တွက်ပြီးအစီအစဥ်ဆွဲတာမျိုး မလုပ်ပါနဲ့။
ကိုယ့်စွမ်းအင်ကိုပါ ထည့်တွက်ရမှာဖြစ်ပါတယ်။ ဦးနှောက်များများသုံးရမယ့်အလုပ်၊ ခွန်အားသုံးရမယ့်အလုပ် စသဖြင့်ခွဲခြားပြီး ဘယ်အလုပ်ကို ဘယ်အချိန်မှာလုပ်ရင် ကိုယ့်ရဲ့စွမ်းအင်ကို ထိန်းသိန်းနိုင်မလဲဆိုပြီး တွက်ချက်ဖို့လိုပါတယ်။
ကျောင်းသားဘဝကလိုပဲပေါ့။ တွက်ရမယ့်စာ၊ ကျက်ရမယ့်စာ၊ စဥ်းစားတွေးခေါ်ရမယ့် စာကို မျှတအောင်လေ့လာရသလိုပဲ အလုပ်တွေကိုလည်း အဲဒီလို အစီအစဥ်ဆွဲဖို့ လိုအပ်ပါတယ်။
3. ကိုယ့်ကိုယ်ကိုယ် အားပြန်ဖြည့်ဖို့ အချိန်တစ်ခုပေးပါ။
ကိုယ့်ကို အားအင်ပြည့်စေတဲ့အရာတွေက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ တချို့က မိသားစုနဲ့ အချိန်ကုန်ဆုံးလိုက်ရရင်
အားပြည့်လာတတ်သလို တချို့က တစ်ယောက်တည်း အေးအေးဆေးဆေးနေလိုက်ရရင် အားအင်ပြည့်တာမျိုးလည်းရှိတတ်ပါတယ်။
တချို့သော ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေဆိုရင် တစ်ရက်တာရဲ့ အချိန်ဇယားထဲမှာ ဘာမှမလုပ်ဘဲ ဘယ်သူနဲ့မှ မတွေ့ဘဲ
တစ်ယောက်တည်းထိုင်ပြီး ကိုယ့်တွေးချင်တာလေးတွေ တွေးဖို့ အချိန်သီးသန့်ဖယ်ထားတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်
စွမ်းအင်ပြန်ပြည့်လာတာကိုလည်း တွေ့ရပါတယ်။
ကိုယ့်ရဲ့အချိန်ကိုသာ စီမံခန့်ခွဲရမှာမဟုတ်ဘဲ ကိုယ့်ရဲ့ Energy ကိုပါ စီမံခန့်ခွဲပြီး ပိုမိုကောင်းမွန်အကျိုးရှိတဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
Win Pa Pa Thu
English & Soft Skills Trainer
22/04/2026
"Competence is Built in Silence, but Revealed in Moments"
ဒီနေ့ခေတ်လုပ်ငန်းခွင်မှာ မြင်သာထင်ရှားတဲ့စွမ်းဆောင်ရည်တွေကို ပိုမိုအလေးထားတတ်ကြတာကိုတွေ့ရပါတယ်။ ဥပမာ - Presentation ကောင်းကောင်းလုပ်နိုင်တာ၊ Result ကောင်းတွေရရှိအောင်ဆောင်ရွက်နိုင်တာ၊ achievement တွေ ပြသနိုင်တာ မျိုးတွေပေါ့။ ဒါတွေဟာ ကောင်းမွန်တဲ့ အချက်တွေဖြစ်လို့ အလေးထားတာ မမှားပါဘူး။
ဒါပေမယ့် True Competency ကို ဘယ်နေရာတွေမှာတည်ဆောက်ထားတတ်လဲ ဆိုတာလည်း မြင်ဖို့လိုပါတယ်။
ဥပမာ
ပြဿနာတစ်ခုကို မတုံ့ပြန်မီ အရင်ဆုံး နားလည်ဖို့ ကြိုးစားတဲ့အချိန်
လတ်တလောလိုအပ်နေတာထက်ပိုပြီး ကိုယ်တိုင် လေ့လာသင်ယူနေတဲ့အချိန်
ဆုံးဖြတ်ချက်မချမီ ကိုယ်တိုင် ပြန်လည်တွေးတော သုံးသပ်တဲ့အချိန် တွေပေါ့။
အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ strategy နဲ့ system တွေအပေါ်မှာပဲ မူတည်နေတတ်တာ မဟုတ်ပါဘူး။ အဓိကကတော့ ဘယ်သူမှမမြင် ဘယ်သူမှ ချီးမြှောက်တာမျိုးမရှိဘဲနဲ့တောင် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲ ကြိုးစားနေတဲ့ လူတွေကြောင့်ပဲ အဖွဲ့အစည်းက ဆက်လက်တိုးတက်နေတာဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ခေတ်မှာဆိုရင် အဖွဲ့အစည်းတွေအတွက် စိန်ခေါ်မှုကတော့ ဝန်ထမ်းတွေကို သင်တန်းပေးရုံတင်မဟုတ်ဘဲ သင်ယူမှုဆိုတာကို ဖိအားကြောင့်လုပ်နေရတာမျိုးမဟုတ်ဘဲ အလျိုအလျောက်ကို ရှိနေရမယ့်အရာလို့ သိရှိလက်ခံထားတဲ့ ပတ်ဝန်းကျင်မျိုးဖြစ်အောင် ဖန်တီးပေးဖို့ ဖြစ်လာပါတယ်။
Excellence ဆိုတာ တစ်ခါတည်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။
တိတ်တဆိတ် တည်ဆောက်ထားတဲ့ အလေ့အကျင့်တစ်ခုသာ ဖြစ်ပြီး၊ အရေးကြီးတဲ့အချိန်မှာ ထင်ရှားလာတာပါ။
Win Pa Pa Thu
English & Soft Skills Trainer
13/03/2026
English Speaking Class (Zoom Class)
2nd Batch ကို အမြန်ဖွင့်ပေးဖို့ တောင်းဆိုကြလို့ ဖွင့်လှစ်လိုက်ပါပြီ။
အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုအနေနဲ့ ပြောတတ်ချင်တယ်...
သူများတွေပြောရင်တော့ နားလည်သလိုရှိတယ် ကိုယ်တိုင်တော့ မပြောတတ်ဘူး..... ဆိုသူတွေအတွက် ရည်ရွယ်ပါတယ်။
အင်္ဂလိပ်လို နည်းနည်းပါးပါးတော့ ရေးတတ်ပါတယ် ပြောဖို့ကျ မဝံ့ရဲဘူးဖြစ်နေတယ် ....
ဒါဆိုရင်တော့ English Speaking Pattern တွေနဲ့ အခြေအနေပေါ်လိုက်ပြီး ပြောဆိုရမယ့် Situational English တို့ သင်ပေးမယ့် အတန်းပဲဖြစ်တဲ့
English Speaking Class ကို Join ဖြစ်အောင်သာ Join လိုက်ပါ။
ရုံးချိန်လွတ်အတန်းဖြစ်ပြီး ရှက်စရာကြောက်စရာမလိုဘဲ ကိုယ်သိချင်တာတွေကို စိတ်တိုင်းကျမေးမြန်းနိုင်တဲ့အတန်းကို ရှာနေရင်တော့ ဒီအတန်းက ကွက်တိပါပဲ။
ပြောတတ်နေပြီးသားသူတွေအတွက် ဖွင့်တဲ့အတန်းမဟုတ်ဘဲ အင်္ဂလိပ်စကားပြောကို အခြေခံကစတင်လေ့လာချင်တဲ့သူတွေ Level တစ်ခုအထိ တိုးတက်သွားချင်တဲ့သူတွေအတွက် ရည်ရွယ်တဲ့အတန်းပဲ ဖြစ်ပါတယ်။
ပုံမှန်သင်တန်းကြေး - ၇၅၀၀၀ ကျပ်တည်းကိုမှ
အစောဆုံးအပ်တဲ့သူ (၁၀) ဦးအတွက် - ၅၅၀၀၀ ကျပ်ပဲ ပေးသွင်းနိုင်ပါတယ်။
လူဦးရေကန့်သတ်ထားတာဖြစ်လို့ စောစောအပ်မှ စိတ်ချရမယ်နော် ........
06/03/2026
Impressive Email Writing Class (Zoom Class)
++++++++++++++++++++++++++++++++++++++ သင်တန်းသားပေါင်း (၁၂၀၀) ကျော် တက်ရောက်ပြီးခဲ့သော Impressive Email Writing ကို Professional Writing Styles တွေ အများကြီး ထပ်ဖြည့်ထားတဲ့ Updated Course ကို Zoom Class အနေနဲ့ ဖွင့်လှစ်သွားမှာ ဖြစ်ပါရှင်။
သင်တန်းရက်များ - 24th, 25th, 26 March 2026
သင်တန်းအချိန် - 8:00 PM to 9:30 PM
သင်တန်းကြေး - ၅၀,၀၀၀ ကျပ် (သင်တန်းကြေး Discount ရနိုင်တာမို့ အဆုံးထိ ဖတ်ကြည့်ပေးနော်)
📌(၁) ဘယ်လိုလူတွေ သင်တန်းတက်သင့်သလဲ?
သင်ဟာ Email အမြဲပို့နေရတဲ့ လုပ်ငန်းခွင်မှာအလုပ်လုပ်နေရတဲ့သူ
ဒါမှမဟုတ်
Email နဲ့ဆက်သွယ်နေရတဲ့ စီးပွါးရေးလုပ်ငန်းရှင် တစ်ယောက်
ဒါမှမဟုတ်
လုပ်ငန်းခွင်ဝင်ဖို့အတွက် လိုအပ်တဲ့ skill တွေ ဖြည့်နေတဲ့သူတစ်ယောက် ဆိုရင်လည်း ဒီသင်တန်းက သင့်အတွက်ပါပဲ။
📌(၂) တက်သင့်မတက်သင့် ဘယ်လိုဆုံးဖြတ်ရမလဲ?
Email ရေးတဲ့အခါ ကိုယ်ရေးလိုက်တဲ့ Email ကို တဖက်လူ နားလည်မှုလွဲသွားမှာ စိုးရိမ်နေရလား?
ကိုယ့်အရေးအသားကြည့်ပြီး Professional ဆန်ဖို့ လိုနေသေးတယ်လို့ ခံစားနေရလား?
ဒီထက်အဆင်ပြေချောမွေ့တဲ့ လုပ်ငန်းသုံး Email အရေးအသားရေးတတ်ဖို့ ဆန္ဒရှိပါသလား?
ဒီမေးခွန်းတွေထဲက တစ်ခုခုကို Yes လို့ဖြေမိရင်တော့ ဒီသင်တန်းကို တက်ဖို့ အကြံပေးချင်ပါတယ်။
📌(၃) ဒီသင်တန်းမှာ ဘာတွေ သင်မှာလဲ?
❗Essential Grammar Patterns for Business Email
❗Professional Email Format
❗Dos and Don'ts in Business Email Writing
❗Different Writing Styles for Different Emails
❗Professional Writing Styles
❗Sample Emails စတဲ့ခေါင်းစဥ်တွေနဲ့အတူ
လက်တွေ့ရေးသားရမယ့်အပိုင်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
📌(၄) ဘယ်သူသင်မှာလဲ?
Adult Learners များကို Communicative English နဲ့ Business English သင်ကြားပေးခဲ့တဲ့ အတွေ့အကြုံ (၉) နှစ်ရှိပြီး ကုမ္ပဏီဝန်ထမ်းများကို Corporate Training ပေးခဲ့တဲ့ အတွေ့အကြုံ (၁၁)နှစ်ရှိတဲ့ Trainer ကိုယ်တိုင်သင်ကြားပေးမှာပဲဖြစ်ပါတယ်။
📌(၅) သင်တန်းက ဘယ်လိုသင်မှာလဲ?
ရုံးချိန်လွတ်ဖြစ်ပြီး လက်တွေ့ချက်ချင်းမေးလို့ရနိုင်ဖို့အတွက် Zoom Class အနေနဲ့ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
📌(၆) သင်တန်းကြေးက Discount ရောရှိလား? ပထမဆုံးအပ်နှံသူ (၁၀) ဦးအတွက် Early Bird Discount ရမှာဖြစ်ပြီး ၄၀၀၀၀ ကျပ် သာ ပေးသွင်းရမှာ ဖြစ်ပါတယ်။
လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ စောစောအပ်မှ စိတ်ချရမယ်နော် .......
Daw Win Pa Pa Thu
M.A (English)
Diploma in Business Management English & Soft Skill Trainer
27/02/2026
Impressive Email Writing Class (Video Class)
++++++++++++++++++++++++++++++++++++++
သင်တန်းသားပေါင်း (၁၂၀၀) ကျော် တက်ရောက်ပြီးခဲ့သော Impressive Email Writing ကို Professional Writing Styles တွေ အများကြီး ထပ်ဖြည့်ထားတဲ့ Updated Course နဲ့အတူ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်ရှင်။
သင်တန်းစတင်မည့်နေ့ - 11th March 2026
သင်တန်းကာလ - 2 weeks
သင်တန်းကြေး - ၄၅,၀၀၀ ကျပ်
(သင်တန်းကြေး Discount ရနိုင်တာမို့ အဆုံးထိ ဖတ်ကြည့်ပေးနော်)
📌(၁) ဘယ်လိုလူတွေ သင်တန်းတက်သင့်သလဲ?
သင်ဟာ Email အမြဲပို့နေရတဲ့ လုပ်ငန်းခွင်မှာအလုပ်လုပ်နေရတဲ့သူ
ဒါမှမဟုတ်
Email နဲ့ဆက်သွယ်နေရတဲ့ စီးပွါးရေးလုပ်ငန်းရှင် တစ်ယောက်
ဒါမှမဟုတ်
လုပ်ငန်းခွင်ဝင်ဖို့အတွက် လိုအပ်တဲ့ skill တွေ ဖြည့်နေတဲ့သူတစ်ယောက် ဆိုရင်လည်း ဒီသင်တန်းက သင့်အတွက်ပါပဲ။
📌(၂) တက်သင့်မတက်သင့် ဘယ်လိုဆုံးဖြတ်ရမလဲ?
Email ရေးတဲ့အခါ ကိုယ်ရေးလိုက်တဲ့ Email ကို တဖက်လူ နားလည်မှုလွဲသွားမှာ စိုးရိမ်နေရလား?
ကိုယ့်အရေးအသားကြည့်ပြီး Professional ဆန်ဖို့ လိုနေသေးတယ်လို့ ခံစားနေရလား?
ဒီထက်အဆင်ပြေချောမွေ့တဲ့ လုပ်ငန်းသုံး Email အရေးအသားရေးတတ်ဖို့ ဆန္ဒရှိပါသလား?
ဒီမေးခွန်းတွေထဲက တစ်ခုခုကို Yes လို့ဖြေမိရင်တော့ ဒီသင်တန်းကို တက်ဖို့ အကြံပေးချင်ပါတယ်။
📌(၃) ဒီသင်တန်းမှာ ဘာတွေ သင်မှာလဲ?
❗Essential Grammar Patterns for Business Email
❗Professional Email Format
❗Dos and Don'ts in Business Email Writing
❗Different Writing Styles for Different Emails
❗Professional Writing Styles
❗Sample Emails
စတဲ့ခေါင်းစဥ်တွေနဲ့အတူ လက်တွေ့ရေးသားရမယ့်အပိုင်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
📌(၄) ဘယ်သူသင်မှာလဲ?
Adult Learners များကို Communicative English နဲ့ Business English သင်ကြားပေးခဲ့တဲ့ အတွေ့အကြုံ (၉) နှစ်ရှိပြီး ကုမ္ပဏီဝန်ထမ်းများကို Corporate Training ပေးခဲ့တဲ့ အတွေ့အကြုံ (၁၀)နှစ်ရှိတဲ့ Trainer ကိုယ်တိုင်သင်ကြားပေးမှာပဲဖြစ်ပါတယ်။
📌(၅) သင်တန်းက ဘယ်လိုသင်မှာလဲ? အလုပ်တဖက်နဲ့မို့ တက်ရတာအဆင်ပြေပါ့မလား?
အလုပ်ခွင်မှာ လက်တွေ့လုပ်နေတဲ့သူတွေကို အဓိကစဥ်းစားပေးထားတဲ့သင်တန်းဖြစ်တာကြောင့် page မှာ Private Group ဖွဲ့ပြီး Lecture Video တွေ တင်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိအဆင်ပြေတဲ့အချိန်မှာ လေ့လာလို့ရပါတယ်။
📌(၆) လက်တွေ့လုပ်ရတာရောပါလား? လက်တွေ့ရေးထားတာတွေကို ဆရာမက ဘယ်လိုစစ်ပေးမှာလဲ?
ပေးထားတဲ့ Homework တွေကို တစ်ယောက်ချင်း chat box ကနေ ပေးပို့ထားနိုင်ပါတယ်။ တစ်ယောက်ချင်းကို စစ်ပေးမှာဖြစ်ပါတယ်။
📌(၇) သင်တန်းကြေးက Discount ရောရှိလား?
ပထမဆုံးအပ်နှံသူ (၂၀) ဦးအတွက် Early Bird Discount ရမှာဖြစ်ပြီး ၃၅၀၀၀ ကျပ် သာ ပေးသွင်းရမှာ ဖြစ်ပါတယ်။
Daw Win Pa Pa Thu
M.A (English)
Diploma in Business Management
English & Soft Skill Trainer
12/02/2026
လူပြည့်သွားပါပြီရှင်။
English Speaking Class (Zoom Class)
အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုအနေနဲ့ ပြောတတ်ချင်တယ်...
သူများတွေပြောရင်တော့ နားလည်သလိုရှိတယ် ကိုယ်တိုင်တော့ မပြောတတ်ဘူး.....
အင်္ဂလိပ်လို နည်းနည်းပါးပါးတော့ ရေးတတ်ပါတယ် ပြောဖို့ကျ မဝံ့ရဲဘူးဖြစ်နေတယ် ....
ဒါဆိုရင်တော့ English Speaking Pattern တွေနဲ့ အခြေအနေပေါ်လိုက်ပြီး ပြောဆိုရမယ့် Situational English တို့ သင်ပေးမယ့် အတန်းပဲဖြစ်တဲ့
English Speaking Class ကို Join ဖြစ်အောင်သာ Join လိုက်ပါ။
ရုံးချိန်လွတ်အတန်းဖြစ်ပြီး ရှက်စရာကြောက်စရာမလိုဘဲ ကိုယ်သိချင်တာတွေကို စိတ်တိုင်းကျမေးမြန်းနိုင်တဲ့အတန်းကို ရှာနေရင်တော့ ဒီအတန်းက ကွက်တိပါပဲ။
ပြောတတ်နေပြီးသားသူတွေအတွက် ဖွင့်တဲ့အတန်းမဟုတ်ဘဲ အင်္ဂလိပ်စကားပြောကို အခြေခံကစတင်လေ့လာချင်တဲ့သူတွေ Level တစ်ခုအထိ တိုးတက်သွားချင်တဲ့သူတွေအတွက် ရည်ရွယ်တဲ့အတန်းပဲ ဖြစ်ပါတယ်။
ပုံမှန်သင်တန်းကြေး - ၇၅၀၀၀ ကျပ်တည်းကိုမှ
အစောဆုံးအပ်တဲ့သူ (၁၀) ဦးအတွက် - ၅၅၀၀၀ ကျပ်ပဲ ပေးသွင်းနိုင်ပါတယ်။
လူဦးရေကန့်သတ်ထားတာဖြစ်လို့ စောစောအပ်မှ စိတ်ချရမယ်နော် ........
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Yangon