🎶🌿 Rain on the Green Grass… Let’s Sing & Move Together! 🌧️🎵
သားသားမီးမီးလေးများအတွက် သီချင်းဆိုခြင်းက ပျော်ရွှင်စရာ အချိန်လေးတစ်ခုသာမက
အသံ၊ လှုပ်ရှားမှုနဲ့ ခံစားချက်များကို ချိတ်ဆက်ပြီး သင်ယူနိုင်တဲ့ အရေးကြီးတဲ့ Activity တစ်ခုလည်း ဖြစ်ပါတယ် 💚
ဒီနေ့ ELSE မှာတော့
🎵 “Rain on the Green Grass” Finger Song လေးကို
တီချယ်နဲ့အတူ သီဆိုရင်း
🤲 Finger Movement
🕺 Body Movement
🎶 Rhythm & Coordination
✨ Listening & Memory Skills
တွေကို ပျော်ရွှင်စွာ လေ့ကျင့်ခဲ့ကြပါတယ်။
သီချင်းသံလေးတွေနဲ့အတူ
ကလေးလေးတွေရဲ့ အပြုံးလေးတွေ၊ ယုံကြည်မှုလေးတွေ တဖြည်းဖြည်း ပိုမိုတိုးတက်လာစေဖို့ ELSE မှာ အမြဲဖန်တီးပေးနေပါတယ် 💕
ELSE-Edison Light Special Education Training
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ELSE-Edison Light Special Education Training, School, အမှတ် ၁၆၊ မာလာမြိုင် (၄)လမ်း၊ ၁၆ ရပ်ကွက်၊ လှိုင်မြို့နယ်။, Yangon.
14/06/2026
🌧️🦟 ကလေးငယ်များ ELSE တွင်
ကျန်းမာလုံခြုံစေရန် မိုးရာသီကာလကြိုတင်ကာကွယ်ခြင်း 🦟🌧️
မိုးရာသီကာလတွင် မိုးရေများခြင်း၊ စိုစွတ်သောပတ်ဝန်းကျင်များကြောင့် ခြင်များ ပိုမိုပေါက်ဖွားလာနိုင်ပြီး ခြင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားနိုင်ခြေများလာနိုင်ပါသည်။
👩🏫👧🏻👦🏻 ကလေးငယ်များအတွက် သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်စေရန်အတွက်—
✅ စာသင်ခန်းများ၊ ကစားခန်းများနှင့် ပတ်ဝန်းကျင်နေရာများကို သန့်ရှင်းရေးပြုလုပ်ခြင်း
✅ ခြင်ပေါက်ဖွားနိုင်သော နေရာများကို စစ်ဆေးရှင်းလင်းခြင်း
✅ မိုးရာသီတွင် ဖြစ်ပွားနိုင်သော ခြင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများကို ကြိုတင်ကာကွယ်ရန် ခြင်ဆေးဖြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။
ELSE တွင် သားသားမီးမီးလေးများ
ပျော်ရွှင်စွာ သင်ယူနိုင်ရန်အတွက်
ကျန်းမာရေးကောင်းမွန်သော၊ လုံခြုံသန့်ရှင်းသော Learning Environment တစ်ခု ဖန်တီးပေးရန် အမြဲဂရုစိုက်လျက်ရှိပါသည် 💙✨
10/06/2026
🧩✨Learning Through Play at ELSE! ✨🧩
ELSE မှ သားသားမီးမီးလေးများသည် ပျော်ရွှင်စွာ ကစားရင်း သင်ယူနိုင်စေရန် ရည်ရွယ်သော Activity များတွင်
တက်ကြွစွာ ပါဝင်လေ့ကျင့်လျက်ရှိပါတယ်💙
ယနေ့ Activity တွင်
ရောင်စုံ Beads လေးများကို
ကြိုးသီခြင်းနှင့် အရောင်အလိုက် ခွဲခြားစီစဉ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး—
🔹 Concentration
(အာရုံစူးစိုက်နိုင်စွမ်း)
🔹 Eye-Hand Coordination
(မျက်စိနှင့် လက်
လှုပ်ရှားမှုညှိနှိုင်းနိုင်စွမ်း)
🔹 Fine Motor Skills
(လက်ချောင်းသေးသေးလေးများ၏
လှုပ်ရှားမှုစွမ်းရည်)
🔹 Cognitive Skills
(စဉ်းစားတွေးခေါ်မှုနှင့်
ပြဿနာဖြေရှင်းနိုင်စွမ်း)
🔹 Colour Sorting Skills
(အရောင်ခွဲခြားမှတ်သားနိုင်စွမ်း)
တို့ကို တိုးတက်စေရန်
အထောက်အကူပြုခဲ့ပါသည်။ 🌈🧠
ကလေးများအတွက် “ကစားခြင်း” သည် ပျော်ရွှင်မှုသာမက ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်ပေးသော အရေးကြီးသည့်
သင်ယူမှုတစ်ခုလည်း ဖြစ်ပါသည်။ 💕🌱
Learning, Growing & Having Fun — Every Day at ELSE! 🏫✨
💙🧩🌈
08/06/2026
🥛🍞 ADL Skill Activity –
ပေါင်မုန့်နို့ဆမ်း ပြုလုပ်ခြင်း 🍞🥛
💙💙💙🤍💙💙💙🤍💙💙💙🤍
ELSE အလုံကျောင်းခွဲမှ သားသားမီးမီးများသည် ADL (Activities of Daily Living) Skill Activity အဖြစ်
ပေါင်မုန့်နို့ဆမ်း ပြုလုပ်ခြင်း လှုပ်ရှားမှုကို ပျော်ရွှင်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်✨
ယခု Activity မှတဆင့် ကလေးများသည်—
👐 လက်ချောင်းငယ်များ၏ လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသော Fine Motor Skills
🥄 ဇွန်းအသုံးပြု၍ ရောမွှေခြင်း၊ ထည့်ခြင်းများမှ Hand-Eye Coordination
📋 လုပ်ငန်းစဉ်အဆင့်ဆင့်ကို လိုက်နာဆောင်ရွက်နိုင်သော Following Instructions Skills
🤝 မိမိကိုယ်တိုင် ပြုလုပ်နိုင်မှုနှင့် Independence Skills
😊 စောင့်ဆိုင်းခြင်း၊ မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ Social Skills များကို လေ့ကျင့်ခွင့်ရရှိခဲ့ပါသည်။
ကလေးများကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်စေခြင်းသည် အစားအစာတစ်မျိုး ပြုလုပ်တတ်လာရုံသာမက နေ့စဉ်ဘဝတွင် လိုအပ်သော အခြေခံဘဝကျွမ်းကျင်မှုများကို တဖြည်းဖြည်း ဖွံ့ဖြိုးလာစေပါသည်။ 💙
ပေါင်မုန့်ကို ကိုယ်တိုင်လှီးခြင်း၊ နို့ထည့်ခြင်း၊ ရောမွှေခြင်းနှင့် အတူတကွ ပျော်ရွှင်စွာ သင်ယူခဲ့ကြသော ကလေးငယ်များ၏ အပြုံးများက ADL Activity ၏ အောင်မြင်မှုကို ပြသနေပါသည်။ 🌟
“Learning by Doing” ဆိုသည့်အတိုင်း လက်တွေ့ပါဝင်လုပ်ဆောင်ရင်း သင်ယူခြင်းက ကလေးများ၏ ယုံကြည်မှုနှင့်
ဘဝကျွမ်းကျင်မှုများကို
ပိုမိုတိုးတက်စေပါသည်။ ❤️
🥛🍞✨
15/05/2026
🎒💙𝗕𝗔𝗖𝗞 𝗧𝗢 𝗦𝗖𝗛𝗢𝗢𝗟 𝗣𝗥𝗢𝗠𝗢𝗧𝗜𝗢𝗡 💙🎒
သားသားမီးမီးတို့ရဲ့ ပညာရေးခရီးစဉ်ကို
𝗘𝗟𝐒𝐄 နဲ့ အကောင်းဆုံး စတင်လိုက်ပါ 💛
📅 𝐌𝐚𝐲 𝟏𝟓 မှ 𝐌𝐚𝐲 𝟑𝟎 အတွင်း
အစောဆုံး ကျောင်းအပ်နှံသော
👉 ကျောင်းအပ်သူ (၁၀) ဦးကို
🎁 Registration Fee 𝗙𝗢𝗖
🎁 PE Uniform (၁) စုံ FREE
အထူးလက်ဆောင်များ
ပေးသွားမှာဖြစ်ပါတယ် ✨
အရေအတွက် ကန့်သတ်ထားသောကြောင့်
အမြန်ဆုံးလာရောက်အပ်နှံဖို့
𝐄𝐋𝐒𝐄 မှ ဖိတ်ခေါ်လိုက်ပါတယ်နော် 💫
📚 Learning Today, Leading Tomorrow.
13/05/2026
🎂 ♥️ Happy 4th Birthday
To Our Lovely Boy “Bhone Min Khant” 🎉♥️
သားလေး ဘုန်းမင်းခန့်၏
(၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် 🎈
တီချယ်များအတွက်
ကြက်ဆီထမင်း 🍱
သူငယ်ချင်းများအတွက်
ပေါင်မုန့်နှင့် နို့ 🥛🍞 တို့ကို
ချစ်ခြင်းမေတ္တာများဖြင့်
ကျွေးမွေးပေးခဲ့ပါသည် 💖
သားသား ဘုန်းမင်းခန့်
အသက်ရှည်ကျန်းမာ၍
ပညာတော်ပြီးအမြဲပျော်ရွှင်သော
ကလေးလေးဖြစ်ပါစေကြောင်း
ELSE မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🌟
30/04/2026
🌕 ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ 🙏
ယနေ့လို အဓိပ္ပါယ်ပြည့်ဝသော
ကဆုန်လပြည့်နေ့မှာ
ဘုရားရှင်၏
ဉာဏ်အလင်းတရားတော်များကို
သတိရစေပြီး
လူငယ်များ၏ အနာဂတ်လမ်းကြောင်းများလည်း
အလင်းရောင် ပြည့်ဝစေပါစေ ✨
📚 ပညာရေးလမ်းကြောင်းတွင်
စိတ်တည်ငြိမ်မှု၊ ဇွဲလုံ့လ၊ နှင့်
ကောင်းမြတ်သော စိတ်ဓာတ်များဖြင့်
အောင်မြင်မှုများ
ဆက်လက်ရရှိနိုင်ကြပါစေ
🤍 စိတ်ချမ်းသာ ကိုယ်ကျန်းမာ
🤍 ပညာတိုးတက်ပြီး အနာဂတ်လှပကြပါစေ
𝐄𝐋𝐒𝐄 မှ
မေတ္တာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်
24/04/2026
🌿 နှစ်ဆန်းတစ်ရက်နေ့၏
မင်္ဂလာအခါသမယတွင်
ELSE အလုံကျောင်း၌
သံဃာတော်များအား ပင့်ဖိတ်ကာ
အန္တရာယ်ကင်း ပရိတ်တရားတော်များကို
ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
🙏 ကောင်းမှုကုသိုလ်များဖြင့်
စတင်သည့်နှစ်သစ်
ကျောင်းသားကျောင်းသူများနှင့်
မိသားစုဝင်အားလုံးအတွက်
ကျန်းမာချမ်းသာ၍ စိတ်ချမ်းမြေ့သော နှစ်သစ်တစ်နှစ်ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🌿 နှစ်သစ်အစ—စိတ်ချမ်းသာစေဖို့
🌿 နှစ်သစ်အစ—ကောင်းမှုများနဲ့
ပြည့်နှက်စေဖို့
🌿 နှစ်သစ်အစ—ကလေးများအနာဂတ်
ပိုမိုတောက်ပစေဖို့
ELSE မှာ
ပညာရေးတစ်ခုတည်းသာမက
မြန်မာ့ယဉ်ကျေးမှုနှင့် ကောင်းမြတ်သော စိတ်ဓာတ်များကိုပါ
ကလေးများထံ လက်ဆင့်ကမ်းပေးလျက်ရှိပါတယ် 💙
✨ မြန်မာ့ရိုးရာယဉ်ကျေးမှုတန်ဖိုးများကို
ထိန်းသိမ်းရင်း ကလေးများအတွက်
သင်ယူမှုနှင့် စိတ်ဓာတ်ကောင်းမွန်မှုတို့ကို
တစ်ပြိုင်နက်တည်း ပံ့ပိုးပေးလျက်ရှိပါသည်။
17/04/2026
🌼🙏 မင်္ဂလာရှိသော မြန်မာနှစ်သစ်နေ့ 🙏🌼
နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍
သားသားမီးမီးလေးများအားလုံး ဘဝ၏
ပညာရေးလမ်းကြောင်းတွင်
တိုးတက်အောင်မြင်ပြီး
စိတ်ချမ်းသာမှု၊ ကျန်းမာသန်စွမ်းမှုများနှင့်အတူ
အနာဂတ်တောက်ပသော လူရည်ချွန်လူကောင်းများ ဖြစ်ထွန်းလာကြပါစေကြောင်း
𝐄𝐋𝐄𝐂 မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
✨ New Year, New Learning Journey
✨ Grow with Knowledge,
Shine with Wisdom
ဒီနှစ်သစ်မှာ
ကလေးများ၏ အိပ်မက်များ တစ်ခုချင်းစီ
အကောင်အထည်ဖော်နိုင်ပြီး
ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ပါစေ 💛💬
မိဘများအနေဖြင့်
ဒီနှစ်သစ်မှာ သားသားမီးမီးတို့အတွက်
ဘာမျှော်လင့်ချက်ရှိလဲ?
Comment မှာ မျှဝေခဲ့ပါနော် 👇
:::
13/04/2026
💦🌼 တန်ခူးလ အတာပျော်စရာ သင်္ကြန်အခါ 🌼💦
ရေစိုစိုနဲ့ ရယ်မောသံတွေ…
ကလေးငယ်တွေ၏ ပျော်ရွှင်မှုတွေ…
မိဘ၊ ဆရာများ၏ နွေးထွေးတဲ့ မေတ္တာတွေ… 💛
ဒီနှစ်သင်္ကြန်မှာ
ELEC & ELSE မိသားစုကြီး တစ်စုတစ်စည်းတည်း
ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့
အမှတ်တရ အခိုက်အတန့်လေးတွေကို
မျှဝေလိုက်ပါတယ် 📸✨
🌿 ရေကစားသံတွေအောက်မှာ
ပျော်ရွှင်မှုတွေ တိုးပွားခဲ့တယ်
🌿 စည်းလုံးမှုတွေ ပိုမိုခိုင်မာလာခဲ့တယ်
🌿 ချစ်ခင်မှုတွေ ပိုပြီးနီးကပ်လာခဲ့တယ်
🙏 နှစ်သစ်မှာ
ကျောင်းသားများအားလုံး
ပညာတိုးတက်ကြပါစေ
မိဘများနှင့် ဆရာများအားလုံး ကျန်းမာချမ်းသာကြပါစေ
💬 ဒီပုံများထဲက ဖေဖေမေမေတို့၏
သားသားသမီးတို့ကိုတွေ့ရင် comment မှာ mention လုပ်ပြီး share ပေးပါနော်
❤️ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို မိတ်ဆွေများနဲ့လည်း ပြန်လည်မျှဝေလိုက်ရအောင်
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
အမှတ် ၁၆၊ မာလာမြိုင် (၄)လမ်း၊ ၁၆ ရပ်ကွက်၊ လှိုင်မြို့နယ်။
Yangon