NetLab Computer

NetLab Computer

Share

Computer Sale / Service / Accessories and Training

24/04/2026

Types of Computer Memory!



11/04/2026

What does CTRL + P do?



11/04/2026

Which IP address class is used for Large networks and provides the most host addresses?


11/04/2026

With National Cyber City – I just got recognised as one of their top fans! 🎉

10/04/2026

What is a computer virus?
See the answer it first command.




07/04/2026

Essential Windows run Commands များကို လေ့လာသင့်ပါတယ်။



Photos from National Cyber City's post 03/04/2026

ခနလေး လေ့လာကြည်ပါ။


03/04/2026

The Parts of a computer mouse

28/05/2025

𝘽𝙡𝙪𝙚 𝙎𝙘𝙧𝙚𝙚𝙣 𝙤𝙛 𝘿𝙚𝙖𝙩𝙝 (𝘽𝙎𝙊𝘿) ဆိုတာဘာလည်း?

BSOD ဆိုတာ Microsoft Windows Operation ရဲ့ Error တွေကိုပြသပေးတဲ့ Message ဖြစ်ပါတယ်။ အဲ့ Message တွေမှာ သက်ဆိုင်တဲ့ Error တွေကို Code နံပါတ်တွေနဲ့ ဖော်ပြပေးထားပါတယ်။
Blue screen လိုခေါ်ရတဲ့အကြောင်းကတော့ အဲသည်လိုမျိုး Error တွေတက်လာတဲ့အခြေအနေမှာ Error message တွေကို အပြာရောင် Screen မျက်နှာပြင်နဲ့ ပြသပေးလိုပဲဖြစ်ပါတယ်။ ပြီးတော့ Blue Screen ဆိုတာ Computer နဲ့ System
ပျက်စီးတာတွေကို နောက်ထပ်တိုးပြီးမဖြစ်ပွားအောင် ကာကွယ်ဖို သတိပေးချက်တစ်ခုဖြစ်တဲ့အတွက် Blue screen တက်ပြီဆိုရင် Blue Screen က Windows ကိုလုံးဝဆက်သုံးလိုမရအောင် ရပ်တန့်လိုက်ပါတယ်။
ပြန်ပြီးဆက်သုံးမယ်ဆိုရင်တော့ Computer ကို Reboot ပြန်လုပ်ပေးရပါတယ်။ တခါတလေကြရင်တော့ Reboot ချလည်း ဒီ Error ကိုပဲ ပြန်ပြန်ပြနေတက်ပါတယ်။

ဒါဆိုဒီ BSOD ကဘာကြောင့်ဖြစ်တာလည်းဆိုတာ ဆက်ကြည့်လိုက်ရအောင်......

1) 𝙎𝙤𝙛𝙩𝙬𝙖𝙧𝙚 𝙀𝙧𝙧𝙤𝙧
𝙑𝙞𝙧𝙪𝙨
မိမိစက်ထဲမှာ Virus ဝင်ထားမယ်ဆိုရင် အဲ့ဝင်နေတဲ့ Virus က Computer ထဲက System File တွေ၊ Registry တွေ၊ Computer မှာ run နေတဲ့ Process တွေ ကို ဖျက်ဆီးပြစ်လိူက်ရင်လည်း ဖြစ်တက်ပါတယ်။
𝗗𝗿𝗶𝘃𝗲𝗿
Computer မှာ ကိုယ် Run လိုက်တဲ့ Driver က ကိုယ့် စက်ရဲ့ Hardware နဲ့ကိုက်ညီမှုမရှိရင်လည်း ဖြစ်တက်ပါတယ်။
𝙏𝙝𝙞𝙧𝙙-𝙋𝙖𝙧𝙩𝙮 𝙎𝙤𝙛𝙩𝙬𝙖𝙧𝙚𝙨
ကိုယ်အသစ် Install လုပ်လိုက်တဲ့ Software က Computer ရဲ့ စက်ပိုင်းဆိုင်ရာ ဒါမှမဟုတ် Driver တွေနဲ့ ကိုက်ညီမှုမရှိခဲ့ရင်လည်း ဖြစ်တက်ပါတယ်။

2) 𝙃𝙖𝙧𝙙𝙬𝙖𝙧𝙚 𝙀𝙧𝙧𝙤𝙧

𝙍𝘼𝙈
ကိုယ့် Computer မှာစိုက်ထားတဲ့ RAM က ပျက်နေမယ်၊ RAM ကြေးသွားတွေက ချေးတက်နေမယ်၊ Slot လွတ်နေမယ် ဒါမှမဟုတ် Motherboard ပေါ်က RAM Slot က ပျက်နေမယ်ဆိုရင် ဖြစ်တက်ပါတယ်။
𝙃𝘿𝘿
စက်ထဲမှာသုံးနေတဲ့ HDD မှာ မကောင်းတဲ့ Bad sectors တွေရှိနေပီ။ အဲ့ Bad sector အပေါ်မှာမှ Windows ရဲ့ System file တစ်ခုခု Storage လုပ်မိရင်လည်းဖြစ်တက်ပါတယ်။
𝙈𝙤𝙩𝙝𝙚𝙧𝙗𝙤𝙖𝙧𝙙
motherboard ပေါ်က Component တခုခုပျက်စီးတာ၊ ဆားပေါက်တာ၊ Circuit လမ်းကြောင်းလေးတွေ ပျက်စီးနေရင်လည်းဖြစ်တက်ပါတယ်။
𝘾𝙋𝙐&𝙂𝙋𝙐
CPU မကောင်းလို BOSD ဖြစ်တယ်ဆိုတာရှားတော့ရှားပါတယ်။ CPU Overclocking လုပ်တဲ့ချိန်တွေမှာဖြစ်တက်ပါတယ်။GPU&CPU မှာရှိတဲ့ Cooling Fan တွေ မကောင်း CPU GPU မှာရှိတဲ့ Compound တွေခြောက်နေရင်လည်း ဖြစ်တက်ပါတယ်။
𝙀𝙭𝙩𝙚𝙧𝙣𝙖𝙡 𝘿𝙚𝙫𝙞𝙘𝙚𝙨
Computer မှာချိတ်ဆက်အသုံးပြုနေတဲ့ Accessories တွေဖြစ်တဲ့ Keyboard, Mouse Stick, External Hard Drive, Scanner, Printer တွေမှာ Error ရှိရင်လည်း ဖြစ်တတ်ပါတယ်။

ဒီ Blue Screen of Death error ဖြစ်ရင် ဘယ်လိုစစ်ဆေးရမလဲ?

အရင်ဆုံးဖြစ်ပီဆိုတာနဲ့ Software ကိုအရင်စစ်ရပါမယ်၊ Software ပိုင်း Error ကစိတ်ချရပီဆိုမှ Hardware Error ကိုစစ်ဆေးရပါမယ်။



02/05/2025

Computer ဝယ်ချင်လို့ ဘာတွေစစ်ရလဲမေးတဲ့သူအတွက်

✅ Computer ဝယ်မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ ?

Computer ဝယ်မယ်ဆိုရင် ရွေးချယ်စရာတွေက အများကြီးပါ.. အပြင်မှာ ကြိုတင်လေ့လာမထားပဲ ဝယ်ရင် ဆိုင်ရောက်တဲ့အခါ ခေါင်းကိုက်သွားလိမ့်မယ်..

ဝယ်မယ်ဆို.. ဘာတွေစဉ်းစားရမလဲ.. Second hand လား Brand New လား.. ကိုယ့်ရဲ့ ငွေကြေးပေါ်ကြည့်ပြီး စဉ်းစားပါ..

ခုမှ လေ့လာဖို့ ၊ အကြမ်းသုံးဖို့၊ အိမ်က ခလေးအတွက် ဆိုရင်

Second ထဲက သန့်သန့်လေးတွေကို နားလည်သူခေါ်ပြီး ရှာဝယ်ပါ.. သူများအကျမသုံးနိုင်ဘူး.. ငွေလည်းနိုင်တယ်.. New မှ New ဆိုသူတွေအတွက်ကတော့ Brand New ဝယ်ပေါ့..

ပြီးတော့ Brand အမျိုးအစားပါ.. အရမ်းအရေးကြီးပါတယ်.. ဘယ် Brand ကောင်းလဲ မေးရင် သူ့ဟာနဲ့သူ Model အလိုက် တန်ဖိုးကြီး Model နဲ့ တန်ဖိုးသင့် Model တွေ ထုတ်ကြတဲ့
အတွက် အတိအကျဖြေဖို့ မလွယ်ပါဘူး..

ဒီနေရာမှာ ကျနော်ကိုယ်တိုင် ကွန်ပျူတာဝယ်မယ်ဆိုရင် စဉ်းစားတာက ပြန်ရောင်းလို့ လွယ်မယ့် အမျိုးအစား BRAND ကို ဝယ်ပါတယ်.. ကျနော့်အမြင်နဲ့ပြောရရင်.. ဈေးကွက်ထဲမှာ

APPLE, ACER,ASUS,DELL,MSI, HP,စတဲ့ Brand တွေက နေရာယူထားကြပြီး.. LENOVO,SAMSUNG,SONY,FUJITSU တို့ကတော့ သုံးစွဲသူ နည်းတဲ့ BRAND တွေပဲဖြစ်ကြပါတယ်..

=======================

နောက်ထပ် စဉ်းစား သင့်သည် မှာ အဲဒီ ကွန်ပြူတာ ကို ဘယ်လို အသုံးပြုမလဲ ဆိုတာပဲဖြစ်ပါတယ်၊

စာစီ စာရိုက်အတွက် အသုံးပြုမှာလား၊

MS Office လောက် ပဲ အသုံးပြုမှာ လား၊

Photo Editing၊ Video Editing အတွက် ကော ပါသေးလား၊

internet ကို ပဲ အဓိက အသုံးပြုမှာ လား၊ Game ဆော့မှာလား၊ တန်ဖိုး ဘယ်လောက်တန် လောက် ကို ဝယ်မယ်စိတ်ကူးလဲ၊

ပေါ့ပါး ပါးလွှာ တဲ့ ကွန်ပြူတာ မျိုးလား၊ အလွယ်တကူ သယ်ဆောင်သွားချင်တာ လား၊ မြန်ဆန်တဲ့ ကွန်ပြူတာ မျိုး ကို ဝယ်ချင်တာ လား

အစရှိသည် တို့ ကို စဉ်းစား ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ.. Laptop, Desktop, All in one စသည်ဖြင့် အကြမ်းနည်းခွဲပြမယ်..

အကယ်၍ သင်သည် အင်တာနက် ကို ပဲ အဓိက ထား အသုံးပြုတယ်၊ အကယ်၍ သင်သည် မကြာခဏ ခရီး ထွက်သူ ဖြစ်သည် ဆိုပါက၊ ပေါ့ပါး ပြီး၊ အသုံးပြုနေစဉ် ဘက်ထရီ သက်တမ်း
ကြာရှည် အသုံးပြုနိုင်သော Laptop ကိုရွေးပါ..

========================

Adobe Photoshop လိုမျိုး CPU, Memory intensive software မျိုးကို run မယ် ဆိုရင် တော့ Desktop Computer မျိုးနဲ့အဆင်ပြေပါတယ်.. နောက်ပိုင်းမှာ လိုအပ်ရင် လိုအပ်သလို..

CPU,GPU, Ram Memory, SSD, HDD စတာတွေကို ကြိုက်သလို တစ်ခုချင်း ပြောင်းလည်းပေးလို့ရတာပါပဲ..

All in one ကတော့ တနည်းအားဖြင့် System ပုံးမပါတဲ့ Desktop တစ်လုံး
ပါပဲ..

သူလည်း သယ်သွားလို့မဆင်မပြေတဲ့အတွက် အထိုင်သုံးဖို့အတွက်သာ သင့်တော်ပါတယ်.. သူ့ရဲ့အားနည်းချက်က CPU GPU စတာတွေ Upgrade မြင့်လို့ခက်ခဲခြင်းပဲဖြစ်ပါတယ်..

ကျနော် personally အကြံပေးချင်တာကတော့ 3rd generation processor သုံးထားတဲ့ laptop လောက် အနိမ့်ဆုံးဝယ်စေချင်ပါတယ်။

3rd gen processors တွေက 2012 ဝန်းကျင်က
ထွက်ထားတာဆိုတော့ သူ့ကို သုံးထားတဲ့ laptop model တွေတောင် 5နှစ် 6နှစ် ဝန်းကျင် သက်တမ်းရှိပါပြီခင်ဗျာ။

အဲ့ဒီထက် နိမ့်တဲ့ model တွေဆို သက်တမ်း 7နှစ်ကနေ 10နှစ် ဝန်းကျင်ဆိုတော့ တော်တော် ဟောင်းပြီပေါ့ဗျာ။ ယေဘူယျ ပြောတာပါ။

သုံးလို့မရတော့ဘူးလားဆိုရင်တော့ ရတော့ရသေးတာပေါ့လို့ပဲ ပြောရမှာပါ။ ဒါပေမယ့် IT ပစ္စည်းတွေက model သိပ်နိမ့်သွားရင် သုံးရတာ အဆင်မပြေနိုင်ဘူးဆိုတာ အထွေအထူး ရှင်းပြစရာမလိုလောက်ပါဘူး။

သက်တမ်းကြာနေတဲ့ ပစ္စည်းတွေဟာ ပျက်ဖို့ အကြောင်းတရားတွေပိုများနေတယ်
ဆိုတာလည်း ဆင်ခြင်ရမယ့် သင်္ခါရသဘောပါ။

i3 8rd gen လောက် အနိမ့်ဆုံးသုံးစေချင်ပါတယ်၊ နည်းနည်း ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်ရှိတာပေါ့ဗျာ။ ယောက်ျားလေးတွေ
အတွက်တော့ i5 8rd gen လောက် သုံးစေချင်ပါတယ်။

========================

အထက်ပါရွေးထားတဲ့ ကွန်ပျူတာတွေမှာ မပါဖြစ်က CPU, Ram, HDD & Gpu စတဲ့အရာတွေကိုလည်း အသေးစိတ် ရွေးချယ်ရမှာဖြစ်ပါတယ်.. ကွန်ပြူတာ တလုံး တွင် ပါရှိ သော
ပစ္စည်း များ ကို ထပ်မံ ဖေါ်ပြ ပါမယ်။

CPU Central Processing Unit လို့ ခေါ်တဲ့ CPU သည် ကွန်ပြူတာ တလုံး ၏ အသဲ နှလုံး ဟု ဆိုလျှင် မမှား ပေ၊ ကွန်ပြူတာ တလုံး ဘယ်လောက်
မြန်တယ် ဆိုတာ CPU အပေါ်တွင် လည်း အများကြီး မူတည် နေပါတယ်၊

အရင်တုန်း က တော့ CPU တခု ဘယ်လောက် မြန်သလဲ ဆိုတာ ကို သူ့ရဲ့ clock speed ပေါ် မူတည် ပြီး
ဆုံးဖြတ် ပါတယ်၊ ယခု နောက်ပိုင်း မှာတော့ အဲဒီလို မဟုတ်တော့ပါဘူး၊ multithreading, multi-core, larger cache အစ ရှိ သည် တို့သည် CPU ၏ မြန်ဆန် မှု ကို အသုံးပြုသော
စံ များ ဖြစ်လာပေသည်၊

အကြံ ပြုလိုသည် မှာ ကွန်ပြူတာ တလုံး ကို မဝယ်ခင် ၎င်း တွင် အသုံးပြုမည့် CPU ၏ benchmark ကို သက်ဆိုင်ရာ website များ မှ တဆင့် ဖတ်ရှု
လေ့လာသင့်ပေသည်။

Memory Memory ဆိုတာ ကတော့ ကွန်ပြူတာ တလုံးတွင် data ကို ခဏတာ သိမ်းဆည်း တဲ့ နေရာ ပဲ ဖြစ်ပါတယ်၊ ကွန်ပြူတာ မီးပိတ်တဲ့ အခါမှာ memory တွင်
သိမ်းဆည်း ထား တဲ့ data အကုန်လည်း ပျောက်ပါတယ်၊ အသုံးပြုသည့် ကွန်ပြူတာ တွင် memory များလေ၊ အသုံးပြု ရာတွင် လျှင်မြန်လေ ဟု ယျေဘူယျ သတ်မှတ်ချက် ရှိပါတယ်၊

သတိချပ်သင့် တာက တော့ 32 bit OS သည် 4GB ထက်ပိုသော memory ကို အင်စတော လုပ် အသုံးပြုရန် မဖြစ်နိုင်ပေ၊ 4 GB ထက် ပိုသော memory ကို အသုံးပြုရန် အတွက် 64 bit OS
ကို အသုံးပြု ရမည် ဖြစ်သည်၊

ဒါ့အပြင် ကွန်ပြူတာ ဝယ် သည့် အခါ နောင်တချိန် တွင် memory ထပ်တိုး ပါက၊ ဖြစ် နိုင် မဖြစ် နိုင် အစ ရှိ သည် တို့ ကို ထည့်သွင်း စဉ်းစား ရန်
လိုအပ်ပေသည်။

Hard disk Hard disk ဆိုတာ ကတော့ သင်၏ data များ ကွန်ပြူတာ တွင် သိမ်းဆည်းရာ နေရာ ဖြစ်ပါတယ်၊ data ကို hard disk မှာ သိမ်းဆည်း ထားမယ်
ဆိုရင်တော့၊ ကွန်ပြူတာ မီးပိတ် ပြီး ပြန်ဖွင့် လည်း data သည် hard disk ထဲ တွင် ရှိ နေဦးမည် ဖြစ်ပါတယ်၊ အကယ်၍ သင်သည် video, music, photo အစ ရှိသည့် သိမ်းဆည်း စရာ
data များစွာ ရှိနေပါက၊ hard disk ပမာဏ များများ လိုအပ်မည် ဖြစ်သည်၊ ယခု အခါ ကွန်ပြူတာ များ တွင် 1 TB, 2 TB hard disk များ ကို တပ်ဆင် အသုံးပြုလာ ပြီ ဖြစ်သည်၊

hard disk များ သည် သူ၏ cache size အပြင် RPM (revolution per minute, hard disk ပလက်တာ တခု၏ လည်ပတ်နှုန်း), I/O speed ပေါ် မူတည် ကာ သူ၏ မြန်နှုန်း ကို တိုင်းတာ
နိုင်ပေသည်၊ ကွန်ပြူတာ ဝယ်ယူသည့် အခါ အတူပါရှိ လာမည့် hard disk ၏ speed ကို အထက်ပါ အချက် များ အပေါ် အခြေခံ ကာ စစ်ဆေးသင့်ပေသည်၊

သတိပြုရန် မှာ ယခု
နောက်ပိုင်း တွင် SSD (solid state drive) များ ကို hard disk အစား အသုံးပြုလာ ကြပြီဖြစ်သည်၊ SSD တွင် မလှုပ်ရှား နိုင်သော အပိုင်း များ ပါဝင်ပြီး၊ သူ၏ speed မြန်ဆန်မှု ပေါ့ပါးမှု
တို့ ကြောင့် တဖြည်းဖြည်း အသုံးပြုသူ များပြား လာပြီ ဖြစ်သည်။

LCD display Display ကို ရွှေးချယ် ရာ တွင် အဓိက အား ဖြင့် အသုံးပြုလိုသော resolution ပေါ် မူတည်ကာ
ရွှေးချယ်သင့်ပေသည်။ Video Output ယခုနောက် ပိုင်း အသုံးပြုတဲ့ laptop ကွန်ပြူတာ အများစု သည် 15 pin VGA Female နှင့် အတူ၊ HDMI output ပါ ပါရှိပါတယ်၊

တချို့ desktop
computer တွေ မှာ တော့ DVI port တွေ ရှိ နိုင်ပါတယ်။ USB အခုနောက်ပိုင်း ကွန်ပြူတာ များ တွင် USB 3 port များဖြင့် ရရှိနိုင်ပြီ ဖြစ်သည်၊ USB 3 port သည် တခြား USB 2 device
များ နှင့် backward compatibility ရှိ သည် ကို သတိချပ်သင့်ပေသည်။

Bluetooth ယခုနောက် ပိုင်း ကွန်ပြူတာ များ သည် bluetooth ပါ ဝင်လာပေသည်၊ မည်သည့် version ဖြစ်သည်
ကို စစ်ဆေးသင့် ပါသည်။ Input Devices Input device တွင် keyboard, mouse, joystick အစရှိသည် တို့ ပါဝင်ပါသည်၊ မိမိ အသုံးပြုပုံ ပေါ် မူတည်၍ သင့်လျှော်သော input device
များ ကို ထားရှိနိုင်ပါသည်။

DVD များသော အားဖြင့်တော့ DVD drive သည် ကွန်ပြူတာ နှင့် အတူ ပါလာ ကြပါတယ်၊ မပါ ရင်လည်း၊ USB interface သုံး external USB drive ကို
ဝယ်ယူ အသုံးပြုနိုင် ပါသည်၊ ပုံမှန် DVD တချပ်သည် 5 GB data ကို ထည့်သွင်း အသုံးပြုနိုင်ပြီး၊ Blue-ray လို disk မျိုးသည်၊ 50 GB data ကို ထည့်သွင်း အသုံးပြုနိုင်ပေသည်။

Networking ကွန်ပြူတာ သည် Wi-Fi (802.11 b/g/n) ကို အသုံးပြု နိုင်ပြီး၊ Ethernet (10/100/1000 Mbps) ကိုလည်း အသုံးပြုနိုင် ရပေမည်၊ Desktop Computer များ တွင် wireless
Wi-Fi (802.11 b/g/n) မပါတတ်ပေ၊ ထိုသို့ ဆိုလျှင် USB Wi-Fi (802.11 b/g/n) များ ကို တတ်ဆင် အသုံးပြုနိုင်ပေသည်။

Others Laptop, tablet များ တွင် များ သော အားဖြင့်
built-in microphone, built-in we**am, built-in speaker, built-in memory card reader များ ပါရှိကြပါတယ်။ Reviews ကွန်ပြူတာ တလုံး မဝယ် ခင် သူ နှင့် ပတ်သက်သော
review များ ကို ယုံကြည်စိတ်ချ ရသော website များ မှ ဖတ်ရှု လေ့လာ ပြီးမှ ဝယ်သင့် သည်ဟု အကြံပြုလိုပါသည်။


ပြန်လည်မျှ​ဝေခြင်းဖြစ်သည်။





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Kama Street Thingangyun
Yangon
1121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00