Kaung Su San Private High School

Kaung Su San Private High School

Share

Private High School & Boarding-school Private High School & Border

29/04/2026

အတန်းထိန်းဆရာမ / Assistant Teacher (၅၀) ဦး အလုပ်ခေါ်ယူခြင်း

ကောင်းစုစံ ပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်း
(ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်)

ကျွန်ုပ်တို့ကျောင်းတွင် တက်ကြွနိုးကြားစွာဖြင့် ပူးပေါင်းဆောင်ရွက်မည့် အတန်းထိန်းဆရာမ / Assistant Teacher (၅၀) ဦး အမြန်အလိုရှိပါသည်။

၁။ လိုအပ်သော အရည်အချင်းများ (Requirements)

* ပညာအရည်အချင်း: ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုတွင် ပညာသင်ကြားနေဆဲသူ ဖြစ်ရမည်။ (Computer သုံးတတ်သူကို ဦးစားပေးပါမည်။)

* အသက်: (၂၀) နှစ်မှ (၄၀) နှစ်အတွင်းရှိသူ ဖြစ်ရမည်။

* ကိုယ်ရည်ကိုယ်သွေး: ကလေးငယ်များနှင့် ဆက်ဆံရာတွင် စိတ်ရှည်သည်းခံနိုင်သူ၊ နွေးထွေးပျူငှာသူနှင့် စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။ လူမှုရေးနှင့် ငွေကြေး အရှုတ်အရှင်းကင်းကာစာရိတ္တကောင်းသူဖြစ်ရပါမည်။

* အတွေ့အကြုံ: အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။ (ကျောင်းမှ လိုအပ်သော သင်တန်းများ ပေးသွားမည် ဖြစ်ပါသည်။)

* ကတိကဝတ်: ကျောင်း၏ စည်းကမ်းများကို လိုက်နာပြီး တစ်နှစ်ပတ်လုံး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

၂။ အဓိက တာဝန်ဝတ္တရားများ (Key Responsibilities)

* အဓိကဘာသာရပ်သင် ဆရာများအား သင်ကြားရေးလုပ်ငန်းစဉ်တွင် ကူညီပေးခြင်း။

* အတန်းတွင်းရှိ ကျောင်းသား/သူများ၏ စည်းကမ်းနှင့် ဘေးကင်းလုံခြုံရေးကို အနီးကပ်ကြည့်ရှုစောင့်ရှောက်ခြင်း။

* ကျောင်းသားများ၏ နေ့စဉ်တိုးတက်မှုမှတ်တမ်းများနှင့် အတန်းတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း။

* (မှတ်ချက်: ဘာသာရပ်သင်ကြားရန် မလိုအပ်ပါ။ အတန်းတွင်း စည်းကမ်းထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုကိုသာ အဓိက လုပ်ဆောင်ရမည်။)

၃။ ရရှိမည့် ခံစားခွင့်များ (Benefits)

* အခြေခံလစာ: လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်၍ ထိုက်တန်သော လစာပေးမည်။

* ပိတ်ရက် : စနေနေ့၊ တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များ

၄။ လျှောက်ထားရန် နည်းလမ်း
စိတ်ပါဝင်စားသူများသည် အောက်ပါအထောက်အထားများနှင့်အတူ Viber No: [၀၉-၅၀၃၆၁၃၀] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

* (က) ကိုယ်ရေးရာဇဝင် (CV Form)
* (ခ) မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား မိတ္တူ
* (ဂ) ပညာအရည်အချင်း အထောက်အထား (သို့မဟုတ်) ထောက်ခံစာများ

ဆက်သွယ်ရန်လိပ်စာ:
* ကျောင်းတည်နေရာ: ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်

ရွှေပြည်သာကျောင်း - အမှတ် (၂၉/၅-၈) အမှတ် (၄) လမ်းမကြီး ရွှေပြည်သာကွေ့မှတ်တိုင်
လှိုင်သာယာကျောင်း - အမှတ် (၁၀၃၇) တပင်ရွှေထီးလမ်းမ၊ ညောင်ပင်မှတ်တိုင် ၊ လှိုင်သာယာ

* ဖုန်း: ၀၉-၈၈၀၄၄၁၃၁၂၊ ၀၉-၅၀၃၆၁၃၀ ။

* Google Map:
ရွှေပြည်သာကျောင်း - https://maps.app.goo.gl/Juy6nEc8r6hcJEPt9?g_st=ic
လှိုင်သာယာကျောင်း - https://maps.app.goo.gl/wwnc1hDM8tv2puyt9?g_st=ic

Photos from Kaung Su San Private High School's post 28/04/2026

မူကြိုကောင်းကောင်းထားချင်တဲ့ ဖေဖေမေမေတွေ အတွက်

K Stars International Preschool
******************************
ကျောင်းအပ်လက်ခံနေပါပြီ။
******************************

✨✨လူရည်ချွန်များ၊ ဘာသာစုံဂုဏ်ထူးရှင်များကို နှစ်စဉ်မွေးထုတ်ပေးနေသော ကောင်းစုစံ ပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ တည်ထောင်ဖွင့်လှစ်သော အဆင်မြင့် မူကြိုကျောင်း

✨✨အနာဂတ် ခြေလှမ်းသစ်များ စတင်ရမည့်အချိန်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို မှန်ကန်စွာရရှိပြီး ပညာရေး၏ လိုအပ်ချက်ဖြစ်သော စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတို့ကို အခြေခံကောင်းများရရှိအောင် အနာဂတ်လူ့ဘောင်အတွက် ဘက်စုံပြည့်စုံသော လူသားအရင်းအမြစ်များ ဖြစ်လာစေရန် မိဘများအနေဖြင့် မိမိတို့၏ မူလတန်းကြိုအရွယ်သားသားမီးမီးများကို ***မူကြိုကျောင်းကောင်းကောင်း*** ရွေးချယ်ထားရန် လိုအပ်လာပါသည်။

✨✨လူ့ပတ်ဝန်းကျင်တွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ယုံကြည်ချက်ရှိရှိ ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မူကြိုကျောင်းကောင်းကောင်းကို ရွေးချယ်ထားနိုင်ရန်မှာ ***မိဘတိုင်း၏ဆန္ဒ*** ဖြစ်ပါသည်။

✨✨ကောင်းစုစံ ပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မိဘများ၏ တောင်းဆိုချက်အရ အသက် (၃) နှစ် မှ (၅) နှစ်အရွယ်အထိ သားသား၊မီးမီးလေးများအတွက်

⭐️K Stars International Preschool ⭐️ကို

စတင်ဖွင့်လှစ်ပြီး pre-KG အတန်းများကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်လက်ခံခဲ့ပါသည်။

✨✨K Stars International Preschool ၏ ဆောင်ပုဒ်ဖြစ်သော "Bright Beginnings for Brilliant Future" “တောက်ပရွှန်းလက်သော အနာဂတ်အတွက် လင်းလက်သော စတင်ခြင်းများ"ကို ပေးစွမ်းနိုင်ရန် အကောင်းဆုံးပြင်ဆင်ထားပါသည်။

✨✨နိုင်ငံတကာသင်ရိုး Cambridge UK သင်ရိုးကို ထည့်သွင်းသင်ကြားပေးမည့် International Preschool ဖြစ်သည့်အတွက် သားသားမီးမီးများအတွက် အခြေခံကောင်းများရရှိနိုင်မှာ ဖြစ်ပါသည်။

✨✨K Stars International Preschool မူကြိုကျောင်း၏ facilities & Curriculum

✅ ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်လုံခြုံသော ကျောင်းပရဝုဏ်
✅ အဆင့်မြင့် မူကြိုကျောင်းတစ်ခုတွင် ရှိရမည့် Infrastructure များ
✅ ကျယ်ဝန်းပြီး လေကောင်းလေသန့်နှင့် အလင်းရောင် ကောင်းမွန်စွာရရှိသော လေအေးပေးစက် တပ်ဆင်ထားသည့် စာသင်ခန်းများ
✅ Developmentally appropiate furnitures: Teaching aids သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာစီစဉ်ထားခြင်း
✅ ချစ်စရာ အပြင်အဆင်များဖြင့် ကလေးပျော်ကျောင်း ဖြစ်ရန် စီစဉ်ထားခြင်း
✅ လုံခြုံရေးနှင့် အန္တရာယ်ကင်းစေရန် တစ်ကျောင်းလုံး CCTV များတပ်ဆင်ထားခြင်း
✅ လျှပ်စစ်မီးကို အချိန်ပြည့်ရရှိနိုင်ရန် 100 kVA transformer နှင့် 100 kVA မီးစက်များကိုလည်း တပ်ဆင်ထားခြင်း
✅ သားသားမီးမီးတို့ ပျော်ရွှင်စွာ အန္တရာယ်ကင်းစွာ ဆော့ကစားနိုင်ရန် မိုးလုံလေလုံ ကစားကွင်း
✅ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန်တစ်ဦးမှ အနီးကပ် နေ့စဉ်ကြည့်ရှု စောင့်ရှောက်ပေးခြင်း
✅ Physical Development, Social Development, Langauge Development, IQ, EQ, Moral Development များကို ပြည့်စုံစွာ ရရှိစေရန် သင်ကြားပေးခြင်း
✅ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ECCD လက်မှတ်ရ ဆရာမများကိုယ်တိုင် မိဘသဖွယ် ဂရုတစိုက် သင်ကြားပေးခြင်း
✅ သားသားမီးမီးနှင့် သင်ကြားသူဆရာအချိုး ကျနစွာ သင်ကြားပေးခြင်း
✅ သားသား၊ မီးမီးလေးတို့၏ ကစားချိန်၊ စားချိန်၊ အိပ်ချိန် မှန်ပြီး ကလေးတွေ၏ အသိဉာဏ်များကို ဖွံ့ဖြိုးစေရန် ဖွံ့ဖြိုးမှုနယ်ပယ် ၅ ရပ်နှင့်အညီ လေ့ကျင့်သင်ကြားပေးခြင်း
✅အင်္ဂလိပ်ဘာသာစကားအတွက် နိုင်ငံတကာသင်ရိုး Cambridge UK သင်းရိုးကိုပါ ထည့်သွင်း သင်ကြားခြင်း
✅ လေအေးပေးစက်တပ်ဆင်ထားသော ကျောင်းကြိုပို့ယာဉ်များကို စီစဉ်ထားခြင်း

⭐️⭐️⭐️ကျောင်းအပ်လက်ခံနေပါပြီ။⭐️⭐️⭐️

အသေးစိတ်စုံစမ်းရန်
*******************
၀၉-၈၈၀၄၄၁၃၁၂ call center
၀၉-၈၈ ၁၃၂ ၆၀၆၅ ၊ ၀၉-၈၈ ၁၃၂ ၆၀၄၅ ကို ရုံးချိန်အတွင်း အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Photos from Kaung Su San Private High School's post 12/04/2026

အရည်အသွေးမြင့်မားသော ပညာရေးရလဒ်များ၏ အဓိကမောင်းနှင်အားဖြစ်သည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား သိန်း (၅၀၀) တန်ဖိုးရှိ နှစ်သစ်ကြိုဆိုမှု ဂုဏ်ပြုဆု (New Year Excellence Bonus) ဂုဏ်ပြုခြင်း

**ကောင်းစုစံ ကိုယ်ပိုင်အထက်တန်းကျောင်း**သည် ကျောင်းသား၊ ကျောင်းသူများ၏ ဘက်စုံထူးချွန်မှုအတွက် အဓိကကျောရိုးဖြစ်သော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အလေးပေးဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့ကျောင်းတော်ကြီး၏ ခိုင်မာသော ဝန်ထမ်းရေးရာ မူဝါဒအရ နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလများဖြစ်သည့် (မတ်၊ ဧပြီ၊ မေ) လများတွင် လစာများကို ပုံမှန်ချီးမြှင့်ပေးသည့်အပြင်၊ ယခု ၂၀၂၆ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး အခါသမယတွင်လည်း ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုသောအားဖြင့် **"နှစ်သစ်ကြိုဆိုမှု ဂုဏ်ပြုဆု (New Year Excellence Bonus)"** များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယခုနှစ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းစုစုပေါင်း **(၁၃၅) ဦး** အတွက် တာဝန်ထမ်းဆောင်မှု လုပ်သက်အလိုက် **စုစုပေါင်း ကျပ်သိန်း (၅၀၀) ကျော်** ကို အောက်ပါအတိုင်း စနစ်တကျ ခွဲဝေချီးမြှင့်ခဲ့ပါသည် -

✅ လုပ်သက် (၃) နှစ်မှ (၁) နှး်အတွင်း ဝန်ထမ်းများအား - (၃) သိန်းကျပ်

✅ လုပ်သက် (၄) နှစ်မှ (၁၂) နှစ်အတွင်း ဝန်ထမ်းများအား - တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်အလိုက် (၄) သိန်းကျပ် မှ (၁၂) သိန်းကျပ် အထိ

ဤကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းသည် ဝန်ထမ်းများ၏ လုပ်ငန်းခွင်အပေါ် ထားရှိသော သစ္စာရှိမှုနှင့် စေတနာတို့အား ထိုက်ထိုက်တန်တန် တန်ဖိုးထားခြင်းဖြစ်ပြီး၊ နောင်လာမည့် ပညာသင်နှစ်များတွင်လည်း အရည်အသွေးမြင့်မားသော ပညာရေးဝန်ဆောင်မှုများကို အတူတကွ ပေးအပ်သွားနိုင်ရန် တွန်းအားတစ်ရပ် ဖြစ်စေမည်ဟု ယုံကြည်ပါသည်။

ကောင်းစုစံ မိသားစုဝင် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံး မြန်မာ့နှစ်သစ်တွင် ဘေးကင်းလုံခြုံစွာဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Photos from Kaung Su San Private High School's post 03/04/2026

အာကာသနည်းပညာဆိုင်ရာသင်တန်း ထူးချွန်ဆုရရှိခြင်းနှင့် သင်တန်းဆင်းပွဲ

ကောင်းစုစံ ပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ ဘက်စုံပညာရည် မြင့်မားရေးနှင့် ခေတ်မီသိပ္ပံနည်းပညာရပ်များကို လေ့လာလိုက်စားနိုင်ရန် အစဉ်တစိုက် အားပေးကူညီလျက်ရှိပါသည်။

ယခုအခါ မြန်မာနိုင်ငံ အာကာသအေဂျင်စီနှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် “အခြေခံပညာအဆင့် အာကာသနည်းပညာ (အခြေခံ) နွေရာသီသင်တန်း” သို့ မိမိတို့ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များ အသီးသီးရရှိခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် ဒသမတန်း (Grade 10) မှ ကျောင်းသား မောင်ကျော်ဇေမင်း သည် သင်တန်းကာလအတွင်း သတ်မှတ်ထားသော ဘာသာရပ်ဆိုင်ရာ ပြင်ဆင်မှုများနှင့် စွမ်းဆောင်ရည်စံနှုန်းများကို ထူးချွန်စွာ ပြည့်မီခဲ့သဖြင့် “Perfectly Prepared Award” ကို ဂုဏ်ယူစွာ ဆွတ်ခူးရရှိခဲ့ပါသည်။

ထို့ပြင် ဒသမတန်းမှ မရွှေရည်မင်းမောင်သည်လည်း
သင်တန်းကာလအတွင်း သတ်မှတ်ထားသော ဘာသာရပ်ဆိုင်ရာ ပြင်ဆင်မှုများနှင့် စွမ်းဆောင်ရည်စံနှုန်းများကို ထူးချွန်စွာ ပြည့်မီခဲ့သဖြင့် “Passionate Participant Award” ကို ဂုဏ်ယူစွာ ဆွတ်ခူးရရှိခဲ့ပါသည်။

ခေတ်သစ်သိပ္ပံနှင့် အာကာသဆိုင်ရာ အသိပညာရပ်များကို စိတ်အားထက်သန်စွာ ဆည်းပူးပြီး ကျောင်း၏ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့် မောင်ကျော်ဇေမင်းနှင့်တကွ တက်ရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူအားလုံးကို ကျောင်းစီမံခန့်ခွဲမှုကော်မတီနှင့် ဆရာ၊ ဆရာမများက အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

မိမိတို့ ကောင်းစုစံ ပညာ့ရိပ်မွန်ကျောင်းအနေဖြင့် နောင်အနာဂတ်တွင်လည်း နိုင်ငံတကာအဆင့်မီ နည်းပညာရပ်များနှင့် အခြေခံပညာကဏ္ဍကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်များကို ဆက်လက်ပြုစုပျိုးထောင်သွားမည် ဖြစ်ပါသည်။

Photos from Kaung Su San Private High School's post 31/03/2026

အာကာသနည်းပညာဆိုင်ရာသင်တန်း ထူးချွန်ဆုရရှိခြင်းနှင့် သင်တန်းဆင်းပွဲ

ကောင်းစုစံ ပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ ဘက်စုံပညာရည် မြင့်မားရေးနှင့် ခေတ်မီသိပ္ပံနည်းပညာရပ်များကို လေ့လာလိုက်စားနိုင်ရန် အစဉ်တစိုက် အားပေးကူညီလျက်ရှိပါသည်။

ယခုအခါ မြန်မာနိုင်ငံ အာကာသအေဂျင်စီနှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် “အခြေခံပညာအဆင့် အာကာသနည်းပညာ (အခြေခံ) နွေရာသီသင်တန်း” သို့ မိမိတို့ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များ အသီးသီးရရှိခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် ဒသမတန်း (Grade 10) မှ ကျောင်းသား မောင်ကျော်ဇေမင်း သည် သင်တန်းကာလအတွင်း သတ်မှတ်ထားသော ဘာသာရပ်ဆိုင်ရာ ပြင်ဆင်မှုများနှင့် စွမ်းဆောင်ရည်စံနှုန်းများကို ထူးချွန်စွာ ပြည့်မီခဲ့သဖြင့် “Perfectly Prepared Award” ကို ဂုဏ်ယူစွာ ဆွတ်ခူးရရှိခဲ့ပါသည်။

ခေတ်သစ်သိပ္ပံနှင့် အာကာသဆိုင်ရာ အသိပညာရပ်များကို စိတ်အားထက်သန်စွာ ဆည်းပူးပြီး ကျောင်း၏ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့် မောင်ကျော်ဇေမင်းနှင့်တကွ တက်ရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူအားလုံးကို ကျောင်းစီမံခန့်ခွဲမှုကော်မတီနှင့် ဆရာ၊ ဆရာမများက အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

မိမိတို့ ကောင်းစုစံ ပညာ့ရိပ်မွန်ကျောင်းအနေဖြင့် နောင်အနာဂတ်တွင်လည်း နိုင်ငံတကာအဆင့်မီ နည်းပညာရပ်များနှင့် အခြေခံပညာကဏ္ဍကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်များကို ဆက်လက်ပြုစုပျိုးထောင်သွားမည် ဖြစ်ပါသည်။

Photos from Kaung Su San Private High School's post 28/03/2026

တိုက်ကွမ်ဒိုသင်ကြားပေးခြင်း

22/03/2026

ပညာသင်ဆု လျှောက်လွှာပိတ်ရက်နှင့် ဖြေဆိုရက် ပြောင်းလဲသက်မှတ်ခြင်း

ပညာသင်ဆု လျှောက်လွှာပိတ်ရက်နှင့် ဖြေဆိုရက်များကို အောက်ပါအတိုင်း ပြောင်းလဲသက်မှတ်လိုက်ပါသည်။

လျှောက်လွှာပိတ်မည့်ရက်: ၄.၅.၂၀၂၆ (တနင်္လာနေ့)

ရေးဖြေစာမေးပွဲ စစ်ဆေးမည့်ရက် - ၅.၅.၂၀၂၆

- နံနက် -၉ နာရီမှ ၁၀နာရီ - မြန်မာစာ
- နံနက် ၁၀ နာရီမှ နံနက် ၁၁ နာရီ - အင်္ဂလိပ်စာ
- နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ - သင်္ချာ
- နေ့လည် ၁ နာရီမှ ၁:၃၀ အထိ - အထွေထွေ ဗဟုသုတ

လူတွေ့ စစ်ဆေးခြင်း - ၇.၅.၂၀၂၆

ကာယ စစ်ဆေးခြင်း - ၁၂.၅.၂၀၂၆

Photos from Kaung Su San Private High School's post 20/03/2026

K Stars သားသားမီးမီးများ၏ ကစားရင်း သင်ယူနေကြပုံများ

17/03/2026

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှု မှတ်တမ်း

Photos from Kaung Su San Private High School's post 09/03/2026

ဘင်ခရာအသင်းပြန်လည်ဖွဲ့စည်းခြင်း သင်တန်းဖွင်ပွဲနှင့်

တိုက်ကွမ်ဒို ဘင်ခရာများ သင်ကြားပေးခြင်း

မှတ်တမ်းဓာတ်ပုံများ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No 29/8 Main Road No 4 , Shwe Pyi Thar Gwe , Shwe Pyi Thar
Yangon
1141

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00