23/06/2026
ဂျပန်သွားခါနီး ခွဲခွာနီးအချိန်မှာတောင်
Star Bright ဆရာ၊ဆရာမများနဲ့ ရုံးဝန်ထမ်း
တွေအတွက်ဆိုပြီးသတိတရနဲ့လာရောက်
ကန်တော့ကြတဲ့ ချစ်တပည့်လေးတွေ😍🥰
စိတ်ထဲမှာ ဝမ်းသာကြည်နူးမှုနဲ့အတူပျော်ရွှင်
ရတဲ့ဒီနေ့လေး🤍
ခုကစပြီးကိုယ့်အိပ်မက်တွေကို ကိုယ်တိုင်
ဖန်တီးပုံဖော်ရတော့မှာမလို့✈🇯🇵
အခက်အခဲတွေရှိရင်လည်းအားမလျှော့ဘဲ
ပြုံးပြုံးလေးနဲ့ရင်ဆိုင်နိုင်ကြပါစေနော်🌸💪
🏡 No . 36, ရန်ကြီးအောင်လမ်း , စမ်းချောင်းမြို့နယ် ၊ ရန်ကုန် ။
☎️ 09 - 752366030 , 09 - 752366031
☎️ 09 - 409044477 , 09 - 409044499
22/06/2026
TikTok Video တွေဖန်တီးရိုက်ကူးဖို့အတွက် Star Bright Japanese Language School ကိုဝင် Join လို့ရပြီနော်။
Japan စာအကြောင်းနဲ့ Japan နိုင်ငံအကြောင်း စိတ်ဝင်စားစရာ Content Video တွေကို TikTok Platform အတွက်အဓိကထားဖန်တီးရမယ့် Video Creator တာဝန်ကိုလုပ်ကိုင်ရမှာဖြစ်ပါတယ်။
လိုအပ်ချက်အနေနဲ့ကတော့ Social Media ပေါ်က Trend တွေကိုအမှီလိုက်နိုင်တဲ့လူ၊ Creative Idea ကောင်းမွန်တဲ့ဘယ်သူမဆို Experience မရှိရင်တောင်မှ Video Creator အနေနဲ့လာရောက်လျှောက်ထားလို့ရပါတယ်။
အလုပ်လျှောက်ထားချင်တဲ့လူတွေအနေနဲ့ မျှော်မှန်းလစာနဲ့တူတူ Page Chat Box (သို့) Viber No. 09752366030 ကို 6 လပိုင်း 30 ရက်နေ့နောက်ဆုံးထားပြီးပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်။
☎️ 09 - 752366030 , 09 - 752366031
☎️ 09 - 409044477 , 09 - 409044499
🏡 No . 36, ရန်ကြီးအောင်လမ်း , စမ်းချောင်းမြို့နယ် ၊ ရန်ကုန် ။
#ဂျပန်စာသင်တန်းကျောင်း #ဂျပန်စာ #အလုပ်ခေါ်စာ
14/06/2026
Sensei Hninရဲ့N3(1-3)တန်းလေးကလည်း
ထပ်မံ၍ပြီးဆုံးသွားပါပြီရှင့်🥰💗
N3တန်းလေးပြီးဆုံးတဲ့အချိန်ထိ ဇွဲမလျှော့ဘဲ
အဆုံးထိတက်ရောက်ကြတဲ့တပည့်ချောလေးများကို ကျေးဇူးတင်ပါတယ်နော်🙆🏼♀️💟
ရှေ့လျှောက်လည်းဘာအခက်အခဲတွေရှိရှိ
ဇွဲမလျှော့ဘဲ စိတ်ဓာတ်မကျဘဲနဲ့ တပည့်လေးတို့
ပန်းတိုင်ဖြစ်တဲ့ဂျပန်နိုင်ငံကို အရောက်သွားနိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်နော် 💪🏼🇯🇵✨
Ps. အတန်းဆင်းပွဲတခြားအတန်းတွေလိုလူအများကြီးမရှိပေမဲ့ သုံးယောက်တည်းနဲ့တင် အူတက်နေရတာတော့အမှတ်တရပါပဲရှင်🤣
#ဂျပန်စာသင်တန်းကျောင်း
#အတန်းဆင်းပွဲ
09/06/2026
🎂🎈 Happy Birthday ဂျာကြီး 🎈🎂
SBJLS ရဲ့ အားကိုးရတဲ့ ဂျာကြီးရေ…
ဒီနှစ်မွေးနေ့ကစပြီး ငွေတွေဝင်၊ အလုပ်တွေတိုး၊
ကျန်းမာရေးကောင်းပြီး Stress တွေလည်း လျော့ပါစေ 😁
SBJLS Team မှ အချစ်များစွာဖြင့် 💙
07/06/2026
ဥက္ကံမြို့၊ ရွှေကန်သာ ခန်းမမှာ ဒီနေ့ကျင်းပပြုလုပ်ခဲ့တဲ့ “ ဂျပန်နိုင်ငံကိုအရောက်သွားဖို့ “ ဆိုတဲ့ Seminar ပွဲကို တက်ရောက်ပေးခဲ့ကြတဲ့ အယောက်စီတိုင်းကိူ ကျေးဇူးအထူးတင်ရှိပါတယ်။
ပထမဆုံးစီစဉ်ခဲ့တဲ့ Seminar ပွဲဖြစ်လို့ လိုအပ်ချက်တွေရှိသွားခဲ့ရင်လည်း နားလည်ပေးကြဖို့အတွက် ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။
Seminar ပွဲအတွင်းမှာတင် ယုံယုံကြည်ကြည်စာရင်းသွင်းခဲ့တဲ့လူများစွာရှိခဲ့လို့လည်း အတိုင်းမသိဂုဏ်ယူဝမ်းသာဖြစ်မိပါတယ်။
“ ဂျပန်နိုင်ငံကိုအရောက်သွားဖို့ “ ဆိုတဲ့ Seminar ပွဲက အမှတ်တရပုံရိပ်တွေကို အတူတူခံစားလိုက်ကြရအောင်နော်…🌸
#ဂျပန်စာသင်တန်းကျောင်း #ဂျပန်စာ
05/06/2026
🎓🌸 Sensei Zar Li ရဲ့ N5 (8-10) သင်တန်းလေး
ကတော့အောင်မြင်စွာ ပြီးဆုံးသွားပါပြီ 🌸🎓
N5 သင်တန်းကာလတစ်လျှောက် စာကို
စိတ်အားထက်သန်စွာ ကြိုးစားသင်ယူခဲ့ကြတဲ့
ချစ်ရတဲ့ いちご🍓လေးတွေရော၊ အချိန်ပိုခေါ်တိုင်း
စျေးဆစ်ပေမယ့်လည်း အမြဲရောက်အောင် လာတက်
ပေးခဲ့ကြတဲ့ ぶどう🍇လေးတွေရော အားလုံးကို
Sensei က အရမ်းချစ်ပါတယ် 🥰❤️
သင်တန်းကာလအတွင်း ဖြေဆိုခဲ့သမျှ စာမေးပွဲတိုင်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ကြတာကလည်း ကြိုးစားမှုရဲ့ ရလဒ်ကောင်းလေးပါပဲ ✨👏
ရှေ့ဆက် N4 မှာလည်း ဒီထက်ပိုပြီး ကြိုးစားသင်ယူကြရအောင်နော် 💪📚
အားလုံး ရည်မှန်းထားတဲ့ ဂျပန်နိုင်ငံ 🇯🇵 ကိုလည်း
အမြန်ဆုံး ရောက်ရှိပြီး ကိုယ့်အိပ်မက်တွေ အကောင်အထည်
ဖော်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ် 🌈✨
Sensei တို့နဲ့အတူ ရှေ့ဆက်ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ကြရအောင်နော် 🫶❤️
📍P.S.
“ဒီတံတားဆုံးရင် ရောက်ပြီ” 🌉😆
ဒီစကားလေးကတော့ N5 (8-10) အတန်းရဲ့ အမှတ်တရ စကားလေးအဖြစ် အမြဲကျန်ရှိနေမှာပါ 🥰🫶
🇯🇵
03/06/2026
🎓🌸 N4 သင်တန်းဆင်းပွဲ အမှတ်တရ 🌸🎓
N4 သင်တန်းကာလတစ်လျှောက် စိတ်ရှည်လက်ရှည်နဲ့ ကြိုးစားသင်ယူခဲ့ကြတဲ့ တပည့်လေးများအားလုံးကို
ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုလိုက်ပါတယ်ရှင့်။ 💐
အတန်းမှန်ဆုများ ရရှိခဲ့ကြသလို စာသင်ချိန်တိုင်း
တက်ကြွစွာ ပါဝင်လေ့လာခဲ့ကြပြီး စာမေးပွဲများကိုလည်း ကြိုးစားဖြေဆိုခဲ့ကြတဲ့ အတန်းလေးဖြစ်ပါတယ်။ 📚✨
သင်ယူရင်း ပျော်ရွှင်စရာ အမှတ်တရများစွာ ဖန်တီးနိုင်ခဲ့ကြသလို သူငယ်ချင်းအချင်းချင်း ကူညီရိုင်းပင်းမှု၊ စည်းကမ်းလိုက်နာမှုများကလည်း Sensei အတွက် အလွန်ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။ ❤️
N4 အောင်မြင်စွာ ပြီးဆုံးသွားပြီဆိုပေမယ့် ဒါဟာ အဆုံးသတ်မဟုတ်ပါဘူး။ N3၊ N2 နှင့် မိမိတို့ရဲ့ ရည်မှန်းချက်အိပ်မက်များဆီသို့ ဆက်လက်လျှောက်လှမ်းရမယ့် အစပြုခြေလှမ်းတစ်ခုသာ ဖြစ်ပါတယ်။ 🌱
🌟「努力は必ず報われる」🌟
“ကြိုးစားမှုတိုင်းသည် တစ်နေ့နေ့တွင် သေချာပေါက်
အကျိုးရလဒ် ပြန်လည်ရရှိစေပါသည်။”
Sensei အနေနဲ့ တပည့်လေးတွေရဲ့ ကြိုးစားမှု၊ တိုးတက်မှုနဲ့ အောင်မြင်မှုများကို အမြဲဂုဏ်ယူနေမှာပါရှင့်။ 💖
ထို့အပြင် တပည့်လေးများက ချစ်ခြင်းမေတ္တာဖြင့်
ကန်တော့ပေးခဲ့သော လက်ဆောင်အိတ်လေးကိုလည်း အမှတ်တရအဖြစ် တန်ဖိုးထားပြီး အသုံးပြုသွားပါမယ်ရှင့်။ 🩷🎁
N4 Batch လေးအားလုံးရဲ့ ရှေ့ဆက်မယ့် လမ်းခရီးတိုင်း အောင်မြင်မှုတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🌸✨
#努力は必ず報われる
03/06/2026
7 လပိုင်း JLPT ကိုSBJLS ကျောင်းကနေ
တင်ပေးသောTest Voucher တွေကို ရုံးချိန်
မနက်၈နာရီကနေညနေ၅နာရီအတွင်းအဆင်ပြေ
တဲ့အချိန်လာထုတ်လို့ရပါ့ပြီရှင့်
စာတွေလည်းကြိုးစားထားကြတော့နော်
ကလေးတွေရေ 💪💪