Win Education Myanmar

Win Education Myanmar

Share

$$ Canada Education Visa and Consultancy Service

05/06/2026

မင်္ဂလာပါရှင်

Win Education မှ ဒီနေ့ Sharing လုပ်ပေးချင်တဲ့ သတင်းကောင်းလေးကတော့ Canada Study Permit Approved ဖြစ်သွားတဲ့ ကျောင်းသူလေး Chu အတွက် မိသားစုနှင့်အတူ ဂုဏ်ယူဝမ်းသာမိပါတယ်ရှင်။

ကျောင်းသူလေးကတော့ Langara College တွင် တက်ရောက်နိုင်ရန်အတွက် Study Permit ကို အောင်မြင်စွာ ရရှိခဲ့ခြင်းဖြစ်ပါတယ်ရှင်။

မဉ္ဇူတို့ Win Education ကို ယုံကြည်စွာ အပ်နှံပေးခဲ့သည့် ကျောင်းသူလေးနှင့် မိဘများအားလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

ကျောင်းသူလေးလည်း မိမိရည်မှန်းထားသော အနာဂတ်ကို အကောင်းဆုံးတည်ဆောက်နိုင်ပါစေကြောင်း Win Education မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

Canada ပညာရေး နှင့်ပတ်သက်ပြီး Free Consultation ရယူလိုပါက
Win Education Page မှတစ်ဆင့် မက်ဆေ့ချ်ပို့ရန်မလိုဘဲ အောက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ရှင်။

Yangon Office: +959 976 766 429
Viber: +959 401913007
Canada Office (Viber): +1 778 751 1885






#ကနေဒါပညာရေး

01/06/2026

မင်္ဂလာပါရှင်

Win Education မှ ဒီနေ့ Sharing လုပ်ပေးချင်တဲ့ သတင်းကောင်းလေးကတော့ Canada Study Permit Approved ဖြစ်သွားတဲ့ ကျောင်းသားလေး Zaw အတွက်မိသားစုနှင့်ထပ်တူ ဂုဏ်ယူဝမ်းသာပါတယ်ရှင်။🥳🥳

🇨🇦ကျောင်းသား‌လေးကတော့ University of British Columbia တွင်Engineering Majorကို ဆက်လက်တက်ရောက်ဖို့အတွက် Study Permit ကိုရရှိသွားတာပဲဖြစ်ပါတယ်ရှင်။🇨🇦

🥰မဉ္ဇူတို့ Win Education ယုံကြည်စွာအပ်နှံတဲ့ ကျောင်းသားလေးဖွားဖွားနှင့်မိသားစုကိုလဲကျေးဇူးတင်ပါတယ်ရှင်🥰

ကျောင်းသားလေးလည်း UBC မှာ Bachelor ဘွဲ့ရရှိပြီး ဖြစ်ချင်တဲ့အနာဂတ်ကို အကောင်းဆုံးအကောင်ထည်ဖော်နိုင်ပါစေလို့ Win Education မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

🇨🇦Canada ပညာ‌ရေး နှင့် ပတ်သက်ပြီး Free Consultation ရယူလိုပါက
Win Education ရဲ့ Page မှာ မက်ဆေ့ချ်မပို့ပဲ အောက်ပါနံပါတ်များကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ရှင်။ 🇨🇦

Yangon Office: +959 976 766 429
Viber: +959 401913007
Canada Office (Viber): +1 778 751 1885






#ကနေဒါပညာရေး

Photos from Win Education Myanmar's post 26/05/2026

မဂ်လာပါရှင်။

IGCSE O Level ကို Jan 2026 မှာ အောင်မြင်ထားပြီး 2026 May Intake အတွက်Fraser International Collage (FIC)တွင်သွားရောက်တက်ရောက်မယ့် ကျောင်းသားလေး Hphone Canada Visa Approved ဖြစ်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဂုဏ်ယူဝမ်းသာပါတယ်ရှင်။🥳🥰

ကျောင်းသားလေး Hpone ကတော့ရန်ကုန်မြို့မှ ဖြစ်ပြီး
ကနေဒါနိုင်ငံ BC ပြည်နယ် Fraser International College UTP satge I Engineering foundation pathway မှတစ်ဆင့်SFU (Simon Fraser University) ၏ 2nd year Engineering Major ကိုတက်ရောက်မှာဖြစ်ပါတယ်ရှင်။🥰

🇨🇦SFU University ကတော့ Canada ၏
#1 Compresenhive University in Canada
#1 Innovative University in Canada တို့တွင်နံမည်ကြီးပြီး ကျောင်းလခကလည်း အတော်အသင့်ရှိတဲ့ ကျောင်းသားအများစုရွေးချယ်ကြတဲ့ နံမည်ကြီး University ထဲက တစ်ခုဖြစ်ပါတယ်။🇨🇦

🇨🇦SFU ကိုတတ်ချင်တယ်ဆိုရင်တော့ IGCSE O level ပြီးတာနဲ့ FIC ကနေတန်း join လိုရတဲ့ pathway လမ်းကြောင်းလည်းရှိတဲ့အတွက် အချိန်လည်းsave ဖြစ်သလို Grade 12မပြီးသေးလည်း IGCSE Olevel ပြီးတာနှင့် SFU ကိုဘယ်လို pathway လမ်းနဲ့သွားလိုရလဲဆိုတာကိုလည်းဇယားလေးဖော်ပြပေးထားပါတယ်ရှင်။🇨🇦

လိုအပ်တဲ့ data တွေ ပံပိုးပေးတဲ့ Hphone ရဲ့ အဒေါ် နဲ့မိဘများကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

🇨🇦Canada Educationနှင့်ပတ်သက်ပြီး Free Consultation ရယူလိုပါက Win Education ရဲ့ Page မှာ မက်ဆေ့ချ်မပို့ဘဲ အောက်ပါနံပါတ်များကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ရှင်။ 🇨🇦

Yangon Office
+959976766429

Canada Office
Viber no +17787511885
Viber no +16722003696

Admin
Mz

TikTok · Win Education Yangon 25/05/2026

ကနေဒါ High School diploma ဘယ်နှစ်မျိူးရှိပါသလဲ

OSSD ကရော ဘယ်လို ဟာလဲ ။ ကနေဒါ တနိုင်ငံလုံး ကိုယ်စားပြု Canada High school diploma လား ဒါမှမဟုတ် ကနေဒါရဲ့ ပြည်နည် တခုရဲ့ ကိုယ်စားပြု High school diploma လား

ကနေဒါမှာ High School diploma ဘယ်နှစ်မျိူးရှိလဲ ။ Montreal ဘက်မှာဆို Grade 11 နဲ့ High School diploma ရနိုင်ပါတယ်။

TikTok · Win Education Yangon Check out Win Education Yangon’s video.

22/05/2026

Malaysia - Sunway College - OSSD

https://www.facebook.com/share/p/17f3BgrrZn/?mibextid=wwXIfr

O-Level ပြီးရင် ဘယ်လမ်းကြောင်းကို ရွေးသင့်လဲ?

🎓 A-Level, IB Diploma, American Grade 12, Foundation, Canadian Grade 12 နဲ့ အခြား university preparation pathways တွေကို ရွေးချယ်နိုင်ပါတယ်။

🎓 အဲ့ဒီအထဲကမှ မြန်မာနိုင်ငံမှာ အခုလူတကာသိကြတဲ့ Canada နဲ့ပတ်သက်တဲ့ Highschool Diploma Certificate အကြောင်းကိုပြောပြချင်ပါတယ်။

🇨🇦Canada High School diploma လို့ပြောရင် တော်တော်များများက OSSD ကိုပဲ ပြေးတွေ့ကြတာပါ။ ဒါလဲ မမှားပါဘူး။ Marketing အရ ကြော်ငြာ အားကောင်းတဲ့ Certificate ဖြစ်တဲ့အတွက် OSSD = Canada High School diploma certificate လို့ ပဲသိကြတာပါ။

🇨🇦အမှန်တော့ OSSD တခုတည်းက ကနေဒါတနိုင်ငံလုံး represents လုပ်တဲ့ High School Diploma မဟုတ်ပါဘူး။ ကနေဒါ Ontario ပြည်နယ် က ပေးတဲ့ certificate ပါ။ အဲ ကိုယ်က Ontario မှာ Highschool မတက်ပဲ British Columbia ပြည်နယ်မှာ လာတက်မယ်ဆို Dogwoods High School Diploma Certificate ရမှာဖြစ်ပြီး Alberta ပြည်နယ်မှာတော့ Alberta High School Diploma ပါ။

🇨🇦OSSD ကိုပဲ လူသိများကြပြီး ကနေဒါရဲ့ တခြားပြည်နယ် တွေရဲ့ High School Diploma ကို လူသိပ်မသိကြတာက OSSD တခုထဲ သာ ကနေဒါအပြင်မှာ အဝေးသင် အနေနဲ့ သင်ခွင့်ရှိပြီး ကျန်တဲ့ ပြည်နယ် ရဲ့ Canada high school Certificate တွေကတော့ ကနေဒါ မှာပဲ ကျောင်းသား ကိုယ်တိုင် လာသင်ကြရတာ ဖြစ်လို့ လူသိပ်မသိကြတာပဲ ဖြစ်ပါတယ်။

🇨🇦ဆိုတော့ ကနေဒါဘက် High School လာတက်မယ်ဆိုရင်တော့ ဘယ်ပြညိနယ်က ဘယ် High School diploma ဆိုပြီးကိုယ်ကြိုက်တာ ကိုယ်ရွေး ဆက်လို့ရပေမဲ့ ကနေဒါ အပြင်ဘက်ကနေ တက်မယ်ဆို ရင်တော့ OSSD ပဲ အလွယ်တကူ ရှိပါတယ်။

🇨🇦Ontario ပြည်နယ် အသိအမှတ်ပြုထားတဲ့ ကနေဒါ အပြင်ဘက်မှာ သင်လို့ရတဲ့ OSSD ကျောင်းက ၁၉ ကျောင်း ရှိပြီး Malaysia Sunway College က ၁၉ ကျောင်းထဲက တကျောင်း အပါအဝင်ပါ။

🇨🇦ဒါကြောင့် Sunway College - CMIP OSSD က ပြီးတဲ့ ကျောင်းသားတွေရဲ့ OSSD transcripts တွေမှာ Official ကျောင်းနာမည် Sunway College ဆိုပြီးပါပါတယ်။

🇨🇦ကိုယ်ရတဲ့ OSSD transcripts မှာ ကိုယ်တက်တဲ့ကျောင်းနာမည်မပါပဲ တခြားကျောင်းနာမည် တွေနံ့ transcripts/ certificates တွေထွက်လာမည်ဆိုရင်တော့ ကိုယ်တက်တဲ့ OSSD ကျောင်းဟာ ကနေဒါက အသိအမှတ်ပြုထားတဲ့ ကျောင်းမဟုတ်ပဲ အသိအမှတ်ပြုထားတဲ့ ကျောင်းတွေ နဲ့ စာချုပ်ချုပ်ထားတဲ့ Partner ကျောင်းပဲဖြစ်ပါတယ်။

🇨🇦ဒီနေ့ရဲ့ Highlights က တော့ Solid Foundation ပါ။

🇨🇦O-Level ပြီး ပေမဲ့လည်း အသက်ငယ်သေးလို့ ၊ အိမ်က စိတ်မချသေးလို့ ကနေဒါဘက် အထက်တန်းကျောင်း လာတက်ဖို့ ready မဖြစ်သေးပေမဲ့ ကနေဒါ နိုင်ငံ Ontario ဘက်က တရားဝင်အသိအမှတ်ပြုထားတဲ့ OSSD ကျောင်းကို မှ တက်ချင်ပါတယ်ဆိုရင်တော့ Malaysia Sunway college က CMIP ကို ညွန်းပါရစေ။

🇨🇦Sunway - CMIP- OSSD ဟာ ကျောင်းသားများ ကို စာတကယ်သင်ပြီး ကနေဒါဘက်က University တွေအတွက်လဲ သေသေချာချာပြင်ဆင်ပေးလို့

🇨🇦ကလေးတွေက ကနေဒါဘက် ရောက်တဲ့အခါ အခက်အခဲ အများကြီး မရှိလာတက်ကြတာ မိုးတို့ တွေလက်တွေ့ပါ။

🇨🇦ကျောင်း သား တယောက်ရဲ့ Dream ဟာ လိုချင်တဲ့ University ရောက်ရုံနဲ့ မပြီးသေးပါဘူး။ High school မှာ Foundation ကောင်းကောင်းကောင်း တည်ဆောက်နိုင်မှ သာ ကိုယ်ဝင်ချင်တဲ့ University က ကိုယ်
လိုချင်တဲ့ ဘွဲ့တခု ကို အေးအေးဆေးဆေး နဲ့ ပြီးမြောက်​အောင် ယူနိုင်မှာပါ။ လမ်းတဝက်မှာ ခါးမပြတ်ရလေအောင် solid Foundation ဟာ အရမ်းအရေးကြီးပါတယ်ရှင်။

🇨🇦ဒါ​ကြောင့် Foundation ကောင်း​အောင်သင်ကြား​ပေးတဲ့ Ontario အသိအမှတ်ပြု OSSD ကျောင်း ၁၉ ကျောင်းထဲက တ​ကျောင်းဖြစ်တဲ့ Sunway ရဲ့ OSSD Program အကြောင်းကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ Win Education ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။🇨🇦

Yangon Office: +959 976 766 429
Viber: +959 401913007
Canada Office (Viber): +1 778 751 1885






#ကနေဒါပညာရေး

18/05/2026

မင်္ဂလာပါရှင်

Win Education မှ ဒီနေ့ Sharing လုပ်ပေးချင်တဲ့ သတင်းကောင်းလေးကတော့ Canada Study Permit Approved ဖြစ်သွားတဲ့ ကျောင်းသားလေး Si Thu အတွက်မိသားစုနှင်ထပ်တူ ဂုဏ်ယူဝမ်းသာပါတယ်ရှင်။🥳🥳

🇨🇦ကျောင်းသား‌လေးကတော့ University of British Columbia တွင် ဆက်လက်တက်ရောက်ဖို့အတွက် Study Permit ကိုရရှိသွားတာပဲဖြစ်ပါတယ်ရှင်။🇨🇦

🥰မဉ္ဇူတို့ Win Education ယုံကြည်စွာအပ်နှံတဲ့ ကျောင်းသားလေးနှင့်မိဘများကိုလဲကျေးဇူးတင်ပါတယ်ရှင်🥰

ကျောင်းသားလေးလည်း UBC မှာ Bachelor ဘွဲ့ရရှိပြီး ဖြစ်ချင်တဲ့အနာဂတ်ကို အကောင်းဆုံးအကောင်ထည်ဖော်နိုင်ပါစေလို့ Win Education မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

🇨🇦Canada ပညာ‌ရေး နှင့် ပတ်သက်ပြီး Free Consultation ရယူလိုပါက
Win Education ရဲ့ Page မှာ မက်ဆေ့ချ်မပို့ပဲ အောက်ပါနံပါတ်များကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ရှင်။ 🇨🇦

Yangon Office: +959 976 766 429
Viber: +959 401913007
Canada Office (Viber): +1 778 751 1885






#ကနေဒါပညာရေး

16/05/2026

https://www.facebook.com/share/1CdkzSQk3K/?mibextid=wwXIfr

GED vs IGCSE OLevel

“GED က မြန်တယ်၊ IGCSE/O-Level က အချိန်ကုန်တယ်” ဆိုတာ တကယ်မှန်လား?

အဲ့လိုမေးခွန်းတွေ လာမေးကြရင် မိုးက အရင်ဆုံး ပြန်မေးပါတယ်။

ဒီကလေးက ပုံမှန်ပညာသင်ရတဲ့ အသက်အရွယ်ထဲမှာ ရှိသေးလား။

Science major တွေ - Medicine, Engineering, IT, Biomedical Science, Pharmacy စတဲ့ လမ်းကြောင်းတွေ သွားချင်တာလား။

အိမ်နီးနားချင်းနိုင်ငံ Thailand လောက်ပဲ ဦးတည်တာလား၊ ဒါမှမဟုတ် Singapore, Australia, Canada, UK တို့လို academic requirement ပိုကြည့်တဲ့နိုင်ငံတွေကို သွားချင်တာလား။

ဒီမေးခွန်း ၃ ခုရဲ့ အဖြေပေါ်မူတည်ပြီး GED သင့်မသင့်၊ IGCSE/O-Level ဆက်တက်သင့်မသင့် ဆုံးဖြတ်ရပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင်
GED က မြန်တယ်။ ဒါပေမယ့် မြန်တာနဲ့ ရေရှည်အတွက် ပိုကောင်းတာ မတူပါဘူး။

GED ရဲ့ အားသာချက်က အသက် ၁၆ နှစ်ကျော်ရင် ဘာသာရပ် ၄ ခုပဲ ဖြေပြီး အချိန်တိုအတွင်း High School Equivalency Certificate ရနိုင်တာပါ။

ဘယ်သူ​တွေအတွက်​ကောင်းလဲ ? ကျောင်းမှတ်တမ်းမပြည့်စုံသူ၊ နိုင်ငံရေး/မိသားစုအခြေအနေကြောင့် ပုံမှန်ကျောင်းမတက်နိုင်ခဲ့သူ၊ အသက်အရွယ်အရ အချိန်ကျပ်နေသူတွေအတွက် GED က အသုံးဝင်နိုင်ပါတယ်။

ဒါပေမယ့် GED က က​လေးအတွက် အ​ခြေခံ​ကောင်း​စေမဲ့ academic pathway တစ်ခုမဟုတ်ပါဘူး။ High School Equivalency Exam ပဲဖြစ်ပါတယ်။ ဆိုလိုတာက GED က ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ academic foundation၊ subject background နဲ့ study skills တွေကို O-Level လို စနစ်တကျ မတည်ဆောက်ပေးနိုင်ပါဘူး။

GED က ဘာပေးနိုင်လဲဆိုရင်
GED လက်ခံတဲ့ နိုင်ငံတွေ၊ ကျောင်းတွေမှာ ဆက်လက်လျှောက်ထားနိုင်ဖို့ အထက်တန်းညီမျှကြောင်း ပြနိုင်တဲ့ စာရွက်တစ်ရွက် ပေးနိုင်တာပါ။

ဒီနေရာမှာ မိဘတော်တော်များများကို ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ စိတ်မဆိုးပါနဲ့။ မိဘအများစုက “ကလေးကို နိုင်ငံကြီးတစ်နိုင်ငံက University တစ်ခုရောက်အောင်” လောက်အထိပဲ စဉ်းစားမိတတ်ပါတယ်။

ဒါပေမယ့် တကယ်အရေးကြီးတာက University ဝင်နိုင်သလား မဟုတ်ပါဘူး။
ဝင်ပြီးနောက် ဒီ Degree ကို အဆုံးထိ တက်နိုင်သလား၊ subject တွေကို လိုက်နိုင်သလား၊ assignment, exam, research, presentation တွေကို ခံနိုင်သလား ဆိုတာပါ။

စာရွက်ပေါ်မှာ အမှတ်ကောင်းတဲ့ certificate တစ်ခု ကိုင်ပြီး နိုင်ငံကြီးတစ်နိုင်ငံကို ရောက်သွားတာနဲ့ ပညာရေးအောင်မြင်ပြီလို့ မဆိုနိုင်ပါဘူး။

Foundation မခိုင်ရင် နောက်ပိုင်း University မှာ subject တွေလိုက်ရခက်နိုင်တယ်၊ pressure မခံနိုင်နိုင်တယ်၊ major ပြောင်းရနိုင်တယ်၊ course fail ဖြစ်နိုင်တယ်၊ အဆိုးဆုံးကျတော့ ကျောင်းဆက်မတက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

IGCSE/O-Level ကတော့ နိုင်ငံတကာအသိအမှတ်ပြုမှု ခိုင်မာတဲ့ academic record ဖြစ်ပါတယ်။ ကျောင်းသားက ဘယ် subject တွေကို ဘယ်အဆင့်နဲ့ သင်ခဲ့တယ်ဆိုတာကို စနစ်တကျပြနိုင်ပါတယ်။

O-Level ပြီးလို့ Foundation သို့မဟုတ် A-Level ဆက်တက်ရတာဟာ အချိန်ဖြုန်းတာမဟုတ်ပါဘူး။ University အတွက် academic foundation ကို ခိုင်မာအောင် တည်ဆောက်တာပါ။

Medicine, Engineering, IT, Business, Science လို major တွေသွားချင်ရင် O-Level subject background က နောက်ပိုင်း university pathway အတွက် အရမ်းအရေးကြီးပါတယ်။

ကျွန်မအမြင်ကတော့
ကလေးက ပုံမှန်အသက်အရွယ်ထဲမှာ ရှိနေသေးတယ်၊ Science/Engineering/Medicine/IT လို major တွေသွားချင်တယ်၊ Singapore, Australia, Canada, UK လိုနိုင်ငံတွေကို ဦးတည်ထားတယ်ဆိုရင် GED ထက် IGCSE/O-Level လမ်းကြောင်းကို ပိုအားပေးပါတယ်။

အတိုချုပ်ပြောရရင်
ကိုယ့်က​လေးကို University ဝင်ရုံပဲလိုချင်တာလား

ဒါမှမဟုတ် University ဝင်ရုံ သာမက အဲ့ University မှာလဲ ကိုယ်လိုချင်တဲ့ Degree / program ကောင်း​ကောင်းတခုကို ပြီးဆုံးတဲ့အထိ တက်​စေချင်တယ် ရ​စေချငိတယ်ဆိုရင်

ရေရှည်အောင်မြင်မှုကို စဉ်းစားမယ်ဆိုရင် IGCSE/O-Level က ကိုယ့်က​လေး အ​ခြေခံကို ခိုင်မှာ​စေပါတယ်။

O level ပြီးရင် A level / ၁၂ တန်းစသဖြင့် တကယ်တတ်တဲ့ ပညာ​ရေးများကို ဆက်လက်သင်ကြား​ပေးမှ က​လေး​တွေက University dropouts တွေမဖြစ်မှာပါ။

University တက်နေတဲ့ လမ်းတဝက်မှာ တင်ခါးမပြတ်ရ​လေ​အောင်

တင် မိုးက​တော့ O level - Alevel - Grade 12 - University pathway များသာ အား​ပေးပါတယ်။
ပိုခိုင်မာတဲ့လမ်းကြောင်းပါ။

12/05/2026

မင်္ဂလာပါရှင်
Win Education မှ ဒီနေ့ မျှဝေပေးချင်တဲ့ သတင်းကောင်းလေးကတော့ Canada Study Permit Approved ဖြစ်သွားတဲ့ ကျောင်းသားလေး Thaw အတွက် မိသားစုနှင့်အတူ အထူးဂုဏ်ယူဝမ်းသာပါတယ်ရှင်။

ကျောင်းသားလေးသည် BCIT တွင် Undergraduate Program ဆက်လက်
တက်ရောက်နိုင်ရန် Canada Study Permit ကို အောင်မြင်စွာ ရရှိခဲ့တာဖြစ်ပါတယ်ရှင်။

Win Education နှင့်ယုံကြည်စွာ ကျောင်း service များ အပ်နှံပေးခဲ့သည့် ကျောင်းသား လေးနှင့် မိဘများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

ကျောင်းသားလေးလည်း Graduate
အောင်မြင်စွာ ပြီးမြောက်ပြီး မိမိရည်မှန်းထားသော အနာဂတ်ကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ပါစေလို့ Win Education မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

Canada ပညာ​ရေး
နှင့်ပတ်သက်ပြီး Free Consultation ရယူလိုပါက Win Education ရဲ့ Page မှာ မက်ဆေ့ချ်မပို့ဘဲ အောက်ပါနံပါတ်များကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ရှင်။

Yangon Office: +959 976 766 429
Viber: +959 401913007
Canada Office (Viber): +1 778 751 1885






#ကနေဒါပညာရေး

08/05/2026

မင်္ဂလာပါရှင် 🇨🇦

Win Education မှ ဒီနေ့ Sharing လုပ်ပေးချင်တဲ့ သတင်းကောင်းလေးကတော့ Simon Fraser University အတွက် Bachelor ဆက်လက်တက်ရောက်နိုင်ရန် Inside Canada Study Permit ကိုapproved ရရှိသွားတဲ့ ကျောင်းသူလေးဖြိုးအတွက်မိသားစုနဲ့ထပ်တူဂုဏ်ယူပါတယ်ရှင်။ 🥳

ကျောင်းသူလေးဖြိုးလည်း SFU တွင် Bachelor ဘွဲ့အောင်မြင်စွာရရှိပြီး မိမိရည်မှန်းထားသော အနာဂတ်ကို အကောင်းဆုံးတည်ဆောက်နိုင်ပါစေကြောင်း Win Education မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ ✨

Canada အတွက် Free Consultation ရယူလိုပါကWin Education Page မှတစ်ဆင့် မက်ဆေ့ချ်ပို့ရန်မလိုဘဲ အောက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ရှင်။

Yangon Office: +959 976 766 429
Viber: +959 401913007
Canada Office (Viber): +1 778 751 1885






#ကနေဒါပညာရေး

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00