23/06/2026
မိသားစုဝင်တွေ အကြောင်း ပြောကြားရင်း
"Home Sweet Home "
လေး လုပ်ကြရအောင်🤵🧑🦱👰
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teacher Phyo - Pre School, School, maharmyaing, Yangon.
23/06/2026
မိသားစုဝင်တွေ အကြောင်း ပြောကြားရင်း
"Home Sweet Home "
လေး လုပ်ကြရအောင်🤵🧑🦱👰
19/06/2026
19.6.2025 နေ့တွင် ကျရောက်သော သားသားလေး မောင်အောင်ကိုငြိမ်း၏ (4)နှစ်ပြည့်၌ Trphyo preschool မှ သားသားမီးမီးလေးတို့အား Vito ပဲနို့နှင့် Amiko cake မုန့်များအား ကျွေးမွှေး လှူဒါန်းခဲ့ပါသည်။
ယခုလို ကျွေးမွေးလှူဒါန်းပါသော သားသားလေးအောင်ကိုငြိမ်းနှင့် ဖေဖေမေမေတို့အား Trphyo preschool မှဆရာမများကအထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ သားသားလေးလဲ မွေးမွေးနေ့မှစပြီး စိတ်၏ကျန်းမာခြင်းက်၏ကျမ်းမာခြင်းနှင့်လဲပြည့်စုံပါစေ။ဖေဖေမေမေတို့အပေါ်လဲသိတတ်လိမ္မာပြီး။ ဘဝရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေလဲ ပြည့်စုံပါစေလို့ Trphyo preschool မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။
Happy birthday pr 🎉🥳🥳🥳သားသားလေးအောင်ကိုငြိမ်း။
Today's Activity: Rainy Season Games ☔
Tr phyo preschool မှသားသားမီးမီးလေးတို့ မိုးရာသီအကြောင်းကို ဂိမ်းလေးများဖြင့် ပျော်ရွှင်စွာ သင်ယူခဲ့ကြပါတယ်ရှင့်။
ကစားနေချိန်တိုင်းမှာ ကလေးများ၏ အာရုံစူးစိုက်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်စွမ်းများကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်ရှင့်။
"ကစားခြင်းသည် ကလေးများ၏ အကောင်းဆုံး သင်ယူနည်းတစ်ခုဖြစ်ပါသည်။" 💙
ပျော်ရွှင်စွာ ကစားရင်း အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးပွားလာသော သားသားမီးမီးတို့၏ အမှတ်တရအချိန်လေးများ ဖြစ်ပါတယ်ရှင်🌟
15/06/2026
15.6.2026 ရက်နေ့တွင် ကျရောက်သော သားသားလေး မောင်ဈာန်လင်းခန့်ကိုကို၏...(၄) နှစ်ပြည့်မွေးနေ့၌ သားသားမီးမီးများအား VeVe နို့ဒိန်ချဉ်နှင့် ပေါင်မုန့်များ ကျွေးမွေးလှူဒါန်းပြီး မွေးနေ့ရှင်သားသားမှ သူငယ်ချင်းများအတွက် အမှတ်တရလက်ဆောင်များ ပေးခဲ့ပါတယ်ရှင့်....။🎉
ယခုလိုကျွေးမွေးလှူဒါန်းပါသော သားသားနှင့် ဖေဖေမေမေတို့အား အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်။🎊
မွေးနေ့ရှင် သားသားလေး ဈာန်လင်းခန့်ကိုကို မွေးနေ့မှစတင်ပြီး ဖေဖေမေမေဖိုးဖိုးဖွားဖွားတို့ အပေါ်သိတတ်လိမ္မာပြီး ဉာဏ်ရည်ထက်မြတ်တဲ့သားကောင်းရတနာလေးဖြစ်ပါစေ။ လောကအကျိုးသယ်ပိုးနိုင်ပြီး ဘဝရဲ့ ရည်းမှန်းချက်လိုအင်ဟူသမျှ ကိုလဲ အမြဲ ပြည့်ပါစေ လို့ Teacher Phyo(Pre School)မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။😍
Happy birthday ပါ သားသားလေး ဈာန်လင်းခန့်ကိုကို🌟🎊🎂🎂
12/06/2026
လက်ချောင်းကလေးတွေ သန်မာအောင် ဆေးရောင်လှလှခြယ်ရအောင်💌💁
Teacher Phyo ( Pre School ) တွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါ်ကြည်ကြည်မိုး (Teacher မိုး) သည် 9.6.2026 နေ့မှစတင်၍ကျောင်းတွင် ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပါ။
ထို့ကြောင့်နောက်နောင်တွင် Teacher မိုး နှင့်ပတ်သက်သော အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကျောင်းမှ လုံးဝတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
04/06/2026
Today......... TR Phyo preschool မှသားသားမီးမီးတို့လေးတို့၏ Fine Motor skills တိုးတက်စေရန် လက်ချောင်းကလေးများအား အသုံးပြု အားစိုက်ရသော Activities လေးများအား ပြုလုပ်ခဲ့ပါတယ်ရှင့်။
02/06/2026
အရောင်ခွဲခြားခြင်း၊ လက်-မျက်စိ ညှိနှိုင်းလုပ်ဆောင်နိုင်မှုနှင့် အာရုံစူးစိုက်မှုစွမ်းရည်များကို Hand Matching Game လေးများဖြင့် Teacher Phyo - Pre School မှ သားသားမီးမီးလေးတို့အားလေ့ကျင့်ပေးနေသော ပုံရိပ်လေးများဖြစ်ပါတယ်ရှင့်။
02/06/2026
1️⃣-6️⃣-2️⃣0️⃣2️⃣6️⃣
သားသားမီးမီး အသစ်လေးများ၏ ချစ်စရာပုံရိပ်လေးများ🥰
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |