Joseph Education College - JEC

Joseph Education College - JEC

Share

Joseph Education College (JEC) is the first private flagship of Catholic College in Myanmar.

19/05/2026

မိဘတွေ အများစုမေးကြတဲ့ တူရာမေးခွန်းတွေကို စုပြီး ဒီနေရာမှာပဲ ဖြေပေးလိုက်ပါရစေ။​

မေး(၁)
7 တန်းအောင်ပီး 8 တန်းတက်မဲ့ကလေးကို 8 တန်း မတက်ပဲ pre IG တက်ရင် အဆင်ပြေလား ဆရာ 8 တန်းတက်ပီးမှပဲ pre တက်ရမလား ဆရာ အကြံညာဏ်လေးပေးပါနော်။

ဖြေ(၁)
အရင်ဆုံးပြောချင်တာက GED ဆိုတာ High School Equivalency ဖြစ်တဲ့အတွက် GED ဖြေနေဖို့ တူညီတဲ့ level (သို့မဟုတ်) ဖြေဆိုမယ့် ဘာသာရပ် (ဥပမာ - သင်္ချာ(Mathematical Reasoning) မှာ အထက်တန်းအဆင့် သိသင့်သိထိုက်တာ၊ အခြေခံပါသင့်ပါထိုက်တာမျိုး ပြင်ဆင်ထားပြီးသားဖြစ်ရပါမယ်။ မဟုတ်ရင် အဲဒီအခြေခံရဖို့ တန်းစဉ်လိုက်မတက်ခဲ့ရင်တောင် prepare လုပ်ဖို့လိုပါလိမ့်မယ်။​ ဆိုလိုတာက အတန်းသတ်မှတ်ချက်မဟုတ်ရင်တောင် Grade 10-11 နဲ့ ညီမယ့် Maths, English, Physics, Chemistry လိုမျိုး ကိုယ့်ဘက်က နားလည်တတ်မြောက်ထားရင်, အသက်ကလည်း ၁၆ ပြည့်ပြီးသားဆိုရင် GED ဖြေနိုင်ပါတယ်။

ဒါကြောင့် မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် 8 တန်း ပြီးလို့ပဲ ဖြစ်ဖြစ်, 9 တန်းပြီးလို့ပဲ ဖြစ်ဖြစ် အကောင်းဆုံးက GED ဖြေမယ်ဆိုရင် GED နဲ့ ညီမယ့် ဘာသာရပ်တွေမှာ လိုအပ်တာတွေ ဖြည့်, ကြိုတင်ပြင်ဆင်(Pre-) သင်ယူသင့်ပါတယ် လို့ အကြံပြုပါရစေ။​

တကယ့်တကယ် GED ဖြေသင့်တဲ့သူတွေက - ကျောင်းသေချာမတက်ရဘဲ အတန်းသတ်မှတ်ချက်, အလယ်တန်းပြီးဆုံးကြောင်း၊ အထက်တန်း တက်နေကြောင်း grading report တွေ မရှိတဲ့သူအတွက် အကောင်းဆုံးဖြစ်သလို၊ အသက်အရွယ်ကြောင့်၊ အခြေအနေကြောင့်၊ အချိန်ကုန်မခံချင်ဘဲ၊ ဘွဲ့တစ်ခုရဖို့ အမြန်ရွေးချင်တဲ့သူတွေ ပြေပါလိမ့်မယ်။
-----

မေး(၂)
ဆရာရေ O’level, A’level နဲ့ OSSD ဘာတွေကွာလဲ အားသာချက်အားနည်းချက်လေးသိပါရစေ။

ဖြေ(၂)
O'Level ဆိုတာ IGCSE (Year10-11) နဲ့ ညီပြီး, A Level က Grade 12 (Year 12-13) ဖြစ်ပါတယ်။ O Level (IGCSE), A Level တွေက ဗြိတိန်ပညာရေးစနစ် (British Education System) တွေ ဖြစ်ပြီး, O level ပြီးရင် A level သို့မဟုတ် Pre-university သို့မဟုတ် Sixth Form College တွေ တက်ရောက်နိုင်ပါတယ်။

OSSD က ကနေဒါ နိုင်ငံရဲ့ ပညာရေးစနစ်တစ်ခုဖြစ်ပြီး အရှည်က Ontario Secondary School Diploma ဖြစ်ပါတယ်။​ သူလည်း တက္ကသိုလ် Admission အတွက် တကမ္ဘာလုံးက အသိမှတ်ပြုတဲ့ ပညာရေးဖြစ်လို့ UK ရဲ့ A level နဲ့ ညီတယ်လို့ သတ်မှတ်ကြပါတယ်။

UK system နဲ့ Canada Education System နှစ်ခုကိုအသေးစိတ် နှိုင်းယှဉ် ဖို့ စာရှည်မှာစိုးလို့ နားလည်လွယ်အောင်ပဲ ရှင်းပါရစေ။ မတူတဲ့ ပညာရေးစနစ် ဖြစ်နေတဲ့အတွက် ယူကေ က IGCSE (O'Level) မှာ ဘာသာရပ်စုံ လေ့လာစေပြီး A level ရောက်တဲ့အခါ 3-4 subjects ပဲ အထူးပြုလေ့လာသင်ယူပြီး စာမေးပွဲ ဦးစားပေးစနစ်ဖြစ်ပါတယ်။ A level ပြီးရင် ယူကေ တက္ကသိုလ်တွေက 3 နှစ်တန်း (3-year University) တက်ရပါတယ်။

ကနေဒါမှာတော့ OSSD ကို ကျောင်းသားတစ်ယောက်ဟာ လေးနစ်အတွင်းမှာ 30 credits (18 compulsory and 12 elective) ယူကိုယူရပါတယ်။ မြန်မာပြည်မှာတော့ IG ပြီးတဲ့ကလေးတွေကို A Level အစား, OSSD ဆိုပြီး သင်ကြတယ်။​ OSSD ရဲ့ ပုံစံက Final Grade မှာ 70% က coursework (Assignment, Project, Test) တွေနဲ့ အမှတ်ပေးစေပြီး၊ 30% ကို Final exam အနေနဲ့သတ်မှတ်ပါတယ်။

အကြံဉာဏ်ပေးချင်တာကတော့ IGCSE ပြီးရင် A level ပဲ တိုက်ရိုက်တက်ရင် တက်၊ မဟုတ်ရင် Pre-university program (Level 3/ Sixth Form) တက်ပါလို့ အကြံပြုပါရစေ။ IGCSE O'Level, A level ဖြစ်ဖြစ်၊ OSSD ဖြစ်ဖြစ် ကနေဒါ၊ ယူအက်စ် ကျောင်းတွေက လက်ခံသလို၊ တကမ္ဘာလုံးကလည်း အသိမှတ်ပြုပါတယ်။​

တစ်ခုပြောချင်တာက IGCSE O'level, A Level နဲ့ OSSD အားသာချက်၊ အားနည်းချက်ရယ်လို့ ပြောလို့မရပါဘူး။ မတူတဲ့ပညာရေးကို နှိုင်းယှဉ်ပြောရတာ ခက်ပါတယ်။ A level ဆိုတာ O level (IGCSE) ပြီးမှ တက်ရတာမျိုး ဖြစ်လို့ OSSD နဲ့ အထက်တန်းဆင့်ချင်း အတူတူပါပဲ။ IB Grade 12 ဖြစ်ဖြစ် OSSD ဖြစ်ဖြစ်၊ A Level ပဲ ဖြစ်ဖြစ် အားလုံး အထက်တန်းသတ်မှတ်ချက်တွေ ဖြစ်တဲ့အတွက် ကမ္ဘာမှာ reputation အကောင်းဆုံး အသိမှတ်ပြုမှု အများဆုံး ပညာရေးစနစ်တွေ ဖြစ်လို့ ကိုယ်အားသန်ရာ ရွေးတက်နိုင်ပါတယ်။

တစ်လက်စတည်း ဖြေချင်တာက IGCSE/O'Level နဲ့ ပြည်ပကျောင်းတွေသွားတက်လို့ရသလားလို့မေးရင် အများစု ရပါတယ်လို့အကြမ်းဖျင်း အရင် ဖြေချင်ပါတယ်။ ဥပမာ ယူကေဆိုရင် sixth form college ကို တက်၊ သို့မဟုတ် သူတို့တက္ကသိုလ်တွေမှာ Level 3 Foundation (Pre-university program) ရှိရင် တက်ရုံပါပဲ။ အမေရိကန် နဲ့ တချို့နိုင်ငံတွေကတော့ တက္ကသိုလ် တချို့မှာ IGCSE O'level ကို credits ပေါ်မူတည်ပြီး လက်ခံကြတာရှိတယ်။ အထူးသဖြင့် 4-year university program ဖြစ်တဲ့ နိုင်ငံတွေမှာ လက်ခံလေ့ရှိတယ်။

3-year Degrees (၃ နှစ်တန်းတက်ရတဲ့တက္ကသိုလ်) တွေက UK (စကော့တလန်မပါ) , Europe, Australia, နဲ့ New Zealand နိုင်ငံတွေဖြစ်ပါတယ်။
4-year Degrees (၄ နှစ်တန်းတက်ရတဲ့ တက္ကသိုလ်) တွေက အမေရိကန်၊ ကနေဒါ၊ စကော့တလန်၊​ အာရှ နိုင်ငံတော်တော်များများ ဖြစ်ပါတယ်။

--
ကျန်မေးခွန်းများကို ဆက်ဖြေပေးပါမယ်။

ကျေးဇူးတင်ပါတယ်။

Credit to: Soe Naing

18/05/2026

သူ့သူငယ်ချင်းတချို့က GED ပြောင်းကုန်ကြလို့ရန်ကုန်ကျောင်းတွေက IG ပြီးလည်း foundation ပြန်တက်ရတယ်တဲ့ GED တက်ရင် foundation ပြန်တက်စရာမလိုဘူးတဲ့။ IG တစ်နှစ်ခွဲအချိန်ကုန်တယ်တဲ့။​ အဲဒါ GED ပဲပြောင်းတက်ရမလား၊ IGCSE ပဲ ပြန်ဆက်တက်ရမလား အကြံဉာဏ်လေးပေးပါတဲ့။

ဒီအကြောင်းတွေ ခဏခဏ ဖြေပေးဖူးပေမယ့် ထပ်ပြောဖို့ လိုလာလို့ ပွင့်ပွင့် လင်းလင်းပဲ ပြောပါမယ်။

GED ဆိုတာ ကျောင်းမတက်ခဲ့ရတဲ့ သို့မဟုတ် မနေခဲ့ရတဲ့ ကလေးတွေ အတွက် အထက်တန်းပညာရေး ပြီးကြောင်း လက်မှတ်ယူနိုင်အောင် စီစဉ်ပေးတာမျိုးပါ။​ နိုင်ငံတကာမှာ စစ်မက်တွေကြောင့် ဖြစ်ဖြစ်၊ နိုင်ငံရေးကြောင့် ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ပုံမှန်တက်ရမယ့် အဆင့်လိုက် အတန်းတွေ (ဥပမာ - မူလတန်း-အလယ်တန်း-အထက်တန်း) စနစ်တကျ မတက်ခဲ့ရဘဲ၊ အတန်းတက်ခဲ့တဲ့ မှတ်တမ်း ပြစရာမရှိတဲ့ ကျောင်းသားတွေ အတွက် GED (General Education (Educational) Development) test ဆိုပြီး အမေရိကန်နိုင်ငံကကျင်းပပေးတဲ့ အထက်တန်းအဆင့်အရည်ချင်း (High School Equivalency) စစ်ပေးတဲ့ စာမေးပွဲ ဖြစ်ပါတယ်။

၁။ အယူအဆအလွဲကို ထောက်ပြခြင်း (The Misconception)

မိဘတစ်ယောက်မေးထားသလို "GED က မြန်တယ်၊ IGCSE က အချိန်ကုန်တယ်" ဆိုတဲ့အချက်ကို အဓိကထားပြီး ပြောချင်ပါတယ်။

တကယ့်အမှန်တရားက GED က High School Equivalency (အထက်တန်းအောင်လက်မှတ်နဲ့ ညီမျှခြင်း) ဖြစ်ပြီး၊ IGCSE က Grade 10-11 အဆင့်သာ ဆိုတာ မှန်ပါတယ်။ ဒါကြောင့် IGCSE ပြီးရင် Foundation သို့မဟုတ် A-Level (Grade 12-13) ဆက်တက်ရတာ သဘာဝကျပါတယ်။

၂။ GED ရဲ့ အားသာချက်နဲ့ အကန့်အသတ် (The GED Reality)

အားသာချက်: အသက် ၁၆ နှစ်ကျော်ရင် ဖြေလို့ရတယ်၊ ဘာသာရပ် ၄ ခုပဲ ဖြေရတော့ အချိန်တိုအတွင်း အထက်တန်းအောင်လက်မှတ် ရနိုင်တယ်။

အကန့်အသတ်: GED က US အခြေခံဖြစ်လို့ US, Thailand နဲ့ အချို့သော နိုင်ငံတကာတက္ကသိုလ်တွေမှာပဲ လက်ခံတာ များပါတယ်။ Ranking မြင့်တဲ့ တက္ကသိုလ်ကြီးတွေ (ဥပမာ- UK, Australia, Singapore က ထိပ်တန်းကျောင်းတွေ) က GED ကို တိုက်ရိုက်လက်ခံဖို့ ခဲယဉ်းတတ်ပါတယ်။

၃။ IGCSE (International General Certificate of Secondary Education) ရဲ့ ခိုင်မာမှု (The IGCSE Strength)

IGCSE က ကမ္ဘာတစ်ဝန်းမှာ အသိအမှတ်ပြုမှု အရှိဆုံး အခြေခံပညာရေး စနစ်ပါ။

Foundation တက်ရခြင်း: IGCSE ပြီးရင် Foundation တက်ရတာဟာ အချိန်ဖြုန်းတာမဟုတ်ဘဲ ကိုယ်သွားမယ့် တက္ကသိုလ် ဘာသာရပ်အတွက် အခြေခံ ခိုင်မာအောင် ပြင်ဆင်တာဖြစ်ပါတယ်။ (ဥပမာ- ဆေးကျောင်းသွားမယ့်သူက Science Foundation တက်ရသလိုမျိုး)။

ဆုံးဖြတ်ဖို့ Criteria တွေပေးပါမယ်။

၁)​ ဦးတည်ချက်က ဘာလဲ

နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းကျောင်းတွေမှာ ဘွဲ့ရရုံသက်သက်လား။ ဒါဆို GED ပဲ ရွေးပါ။ နိုင်ငံတကာက Ranking ကောင်းတဲ့ အဆင့်မြင့်ကျောင်းတွေမှာ foundation ကောင်းကောင်းနဲ့ အဆင့်လိုက် qualified ဖြစ်ချင်တယ်ဆိုရင် IGCSE O'level, A Level သေချာတက်ပါ။​

၂) Grade 7,8,9 အထောက်အထား သို့မဟုတ် နိုင်ငံရေးအခြေအနေ

တချို့က ကျောင်းတက်ခဲ့တဲ့ အထောက်အထားကောင်းကောင်းမရှိ၊ အသက်ရွယ်အရလည်း မြန်မြန်သွားချင်တယ်ဆိုရင် GED တက်ပါ။

၃) နိုင်ငံတကာ ကျောင်းကောင်းတွေကို Academic Records ကောင်းကောင်းနဲ့ ပြပြီး ပညာရေးကောင်းကိုပဲ အာရုံစိုက်ချင်သူအတွက် IGCSE, A Level သေချာတက်သွားပါလို့ အကြံပေးပါရစေ။

ခြွင်းချက်အနေနဲ့ ထပ်ပြီးအကြံပေးရရင်
တချို့က IGCSE နဲ့ တင် ပြည်ပသွားချင်သူတွေ အတွက် ဥပမာ UK ဆိုရင် Level 3 (Foundation) အနည်းဆုံး ၆လ/တစ်နှစ် တက်ပြီး တက္ကသိုက်နိုင်သလို၊ Sixth Form College (Grade 12-13) ကိုလည်း တက်ရောက်ပြီးမှ တက္ကသိုလ်ကောင်းကို ထပ်ရွေးချယ်တက်ရောက်နိုင်ပါတယ်။

ဆက်ပါအုံးမယ်..

ကျေးဇူးတင်ပါတယ်

Credit to: Soe Naing

29/04/2026

"အမေရိကားမှာ မြန်မာပြည်က ဆယ်တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်တွေဟာ
အသုံးဝင်တယ်ဆိုရင် မြန်မာပြည်က ဆရာဝန်ဘွဲ့လည်း ပြန်ဖြေစရာမလိုပဲ ဆရာဝန်တန်းဖြစ်မှာပေါ့" တဲ့.... "ဆရာဝန်ဘွဲ့ကိုတောင် အမေရိကားမှာ
အသိအမှတ်မပြုဘူး" ဆိုပြီး လူတစ်ချို့လာပြော၊
လာငြင်းကြပါတယ်ရှင်...

စာရေးသူက ငြင်းခုန်ရတာ ဝါသနာမပါတဲ့အတွက် ဘယ်တော့မှ ပြိုင်မငြင်းသလို ကိုယ်ပြောလည်း
ဘာမှမထူးဘူးဆိုရင် ဆက်ကို
ပြောမနေချင်တော့ပေမယ့် အမှန်တရားဟာ
သူ့ဟာသူရှိပြီးသားပါ...

အမေရိကားမှာ မြန်မာပြည်က ဆရာဝန်ဘွဲ့ကို အသိအမှတ်ပြုပါတယ်... အသိအမှတ်ပြုလို့လည်း USMLE ကိုဖြေပြီးတော့မှ ဆရာဝန်ဖြစ်တာပါ...
မြန်မာပြည်က ဆရာဝန်တင်မဟုတ်၊ လန်ဒန်က ဆရာဝန်ပဲ ဖြစ်ဖြစ်၊ ဘယ်နိုင်ငံက ဆရာဝန်ပဲ ဖြစ်ဖြစ်
အမေရိကားရောက်ရင် စာပြန်ကျက်၊ ပြန်ဖြေမှ
ဒီတိုင်းပြည်မှာ ဆရာဝန်ပြန်လုပ်လို့ရပါတယ်...
ကိုယ့်မြန်မာနိုင်ငံတစ်ခုထဲကို ကွက်ပြီး လုပ်ထားတာမဟုတ်ပါ...

မြန်မာပြည်က အောင်လက်မှတ်၊ ဘွဲ့လက်မှတ်တွေဟာ အမေရိကားမှာ အသုံးဝင်တယ်လို့ရေးတာ
စိတ်ဆိုးစရာလည်းမဟုတ်ပါဘူး... ဒါကို အချို့တွေ စိတ်တွေဆိုးပြီး cb အထိ လာဆဲနေတာ စာရေးသူဖြင့်နားကိုမလည်နိုင်ပါ...

ကိုယ့်တိုင်းပြည်ရဲ့ ပညာရေးကို နိမ့်ကျစေချင်တဲ့ စိတ်ဓာတ်တွေတော့ မထားကြပါနဲ့ရှင်...
အသုံးဝင်တဲ့သူက အသုံးဝင်တယ်၊ ကိုယ်က အရည်အချင်းမပြည့်ဝလို့၊ လိုအပ်ချက်တွေရှိနေလို့
တနည်းပြောရရင် ကိုယ်အသုံးမကျတိုင်း ဘာမှ
မြန်မာပြည်က ဘွဲ့လက်မှတ် နိုင်ငံခြားတိုင်းပြည်တွေမှာ
ကန်တော့ပါရဲ့ "E ကုန်းစက္ကူပဲ လုပ်လို့ရတယ်" လို့
လာမပြောကြပါနဲ့... အဲ့လိုပြောကတည်းကိုက
မိမိကိုယ်တိုင် ဘယ်လောက်ညံ့ဖျင်းနေသလဲဆိုတာကို သွယ်ဝှိက်ပြီး ဖော်ပြနေတာပါ...

စာရေးသူက ကိုယ်ရေးတဲ့ ပို့စ်တိုင်းကို
ကိုယ်တာဝန်ယူပါတယ်... တကယ်ရလို့ ၊
တကယ်အသုံးဝင်လို့ အသုံးဝင်တယ်လို့ ရေးနေတာပါ... စာရေးသူရဲ့ အနီးကပ်ဆုံး ကိုယ့်ညီမလေးလည်း
မြန်မာပြည်ကဘွဲ့နဲ့ပဲ ဒီမှာ Wellsite geologist
လုပ်နေတာ... ဝင်တိုးလို့ရနေတဲ့ မြန်မာတွေ
အများကြီးရှိတယ်...
ကိုယ်က ဝင်တိုးလို့မရတိုင်း ဆဲနေဖို့မလိုပါဘူးရှင်...

မြန်မာပြည်က ရှေ့နေဘွဲ့ကတော့ အမေရိကားမှာ
စလုံးရေ ပြန်စရပါတယ်... ဥပဒေမတူတော့ အစကနေပြန်စရတာပါ...

မြန်မာပြည်က သူနာပြုလည်း အမေရိကားမှာ
ဘာမှ အစကနေပြန်စဖို့မလိုပါ...
NCLEX-RN exam ဖြေပြီးရင် သူနာပြု
ပြန်လုပ်လို့ရပါပြီ...

မြန်မာပြည်က ဘွဲ့တွေ၊ လုပ်ငန်းအတွေ့အကြုံတွေ၊ Recommend letter တွေဟာ အလကားမဟုတ်ပါဘူး... အမေရိကားမှာ အင်မတန်အသုံးဝင်ပါတယ်...

မြန်မာပြည်က Teaching degree ရထားတဲ့ဆရာမ၊ လုပ်ငန်းအတွေ့အကြုံလည်း ရှိ၊ မြန်မာပြည်မှာ လုပ်သက်လည်းရှိ နေပြီဆို
အမေရိကားရဲ့ Private School တွေ၊
ပုဂ္ဂလိက​ကျောင်း​တွေမှာ တန်းပြီး
ဆရာမပြန်လုပ်လို့ရတယ်...
တော်ပြီး အရည်အချင်းရှိဖို့တော့ လိုပါတယ်...
Public schools၊ အစိုးရကျောင်းတွေမှာဆိုရင်တော့ တန်းမရဘူး... လိုင်စင်လိုတယ်... ဒါပါပဲ...

ဘယ်နိုင်ငံက ပညာရေးက နိမ့်တယ်၊ ဘယ်နိုင်ငံရဲ့ ပညာရေးက မြင့်တယ် ဘာညာပြောနေမယ့်အစား
လူပေါ်မှာပဲမူတည်တယ်၊ လူတစ်ယောက်ချင်းစီရဲ့ အရည်အချင်းပေါ်မှာပဲ
သက်ဆိုင်နေပါတယ်ဆိုတာကတော့ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပဲ မဟုတ်ပါလားရှင်...
Yu's - Life in United States

Photos from Joseph Education College - JEC's post 21/04/2026

ကျောင်းကို တစ်ဝက်တစ်ပျက် တက်ရင်း နားထားပြီး Grade 10 လည်း မပြီးတဲ့ကျောင်းသားကျောင်းသူတွေ၊ Grade 12 လည်း မပြီးတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ ပညာရေးကို ဘယ်လို ဆက်ရမလဲဆိုပြီး မှုန်ဝါးနေတဲ့ မိဘများနဲ့ ကျောင်းသားကျောင်းသူတွေကို အကြံပေးချင်တာက

(၁)။ စိတ်ဓါတ်မကျဘဲ ပညာကို ဆက်လက်သင်ယူကြပါ။ ဘယ်မှာပဲ ပညာသင်ယူပါစေ တောမှာ ရွာမှာ လမ်းဘေးမှာ online မှာပဲ သင်သင်၊ အရေးကြီးတာ တတ်ဖို့ပါပဲ။

(၂)။ GED ကို ဖြေနိုင်အောင် GED အတန်းကို ဆက်တက်ပါ။ GED အောင်တယ်ဆိုရင် Joseph Education College ဂျိုးဇက်ပညာရေးကောလိပ်မှာ ကျောင်းလာတက်လို့ရတဲ့အကြောင်း အသိပေးချင်ပါတယ်။




04/04/2026

On 3 April, Meeting with Dr. Hassan from Asia Metropolitan University from Malaysia for possible collaboration in Healthcare management studies

31/03/2026

ပညာရေးမှာ စာမေးပွဲ မရှိဘဲ စာတကယ်တတ်ပ့ါမလား တဲ့။ စာမေးပွဲ မသုံးရင် ကလေးတွေကို ဘယ်လိုမျိုး အရည်ချင်းရှိအောင် စစ်ပါသလဲတဲ့။

နိုင်ငံကြီးတွေ အများစု မှာ စာမေးပွဲ မလိုတဲ့ အတန်းတင် နည်းစနစ်တွေ သုံးနေကြတာ အောင်မြင်နေကြသလို၊​ ကျနော်ကိုယ်တိုင်လည်း IGCSE က လွဲရင် စာမေးပွဲ စနစ်ကို အဓိက မထားဘဲ Project-based Learning နဲ့ အတန်းအားလုံးကို အောင်အောင်မြင်မြင် စစ်ဆေးအကဲဖြတ်ခဲ့ တာ ခုဆိုရင် (၆) နှစ်ထဲတောင် ရောက်လာခဲ့ပါပြီ။​

ပုံမှန်အားဖြင့် မြန်မာကျောင်းတွေမှာ စာမေးပွဲနဲ့ အတန်းတင်ကြတယ်။​ စာမေးပွဲကို တစ်နှစ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်။ အရင်ခေတ်က ဆို ပထမ အစမ်း၊ ဒုတိယအစမ်း​နဲ့ အစိန် (final exam) ဆိုပြီး လုပ်ကြတယ်။ textbook ထဲက စာတွေကို အလွတ်ကျက်၊​ ရေးကျင့်ပြီး ပုံနှိပ်သင်ရိုးထဲက မပါတဲ့ မေးခွန်းကောက်မေးလိုက်တာနဲ့ ကျောင်းသားတွေ အားလုံး ငြီးကြတော့တာပဲ။

မှတ်ဉာဏ်အားကောင်းတဲ့သူ၊ စာကျက်အားကောင်းတဲ့သူက ကျက်ထားတဲ့စာတွေ လည်း ပါခဲ့ရင်၊ အမှတ်ကောင်းကောင်းနဲ့ ထွက်ပေမယ့်၊ မှတ်ဉာဏ်အားနည်းတဲ့သူ စာမလုပ်တဲ့ သူကတော့ စာမေးပွဲ ကျ၊​ အတန်းမတက်နိုင်ဘဲ ကိုယ်တက်ခဲ့တဲ့ အတန်းပြန်ဆင်းသင်ရ တဲ့စနစ်။

ဒီစနစ်တွေနဲ့ ကျင့်သားရနေတော့ ကိုယ်တွေ ပြည်ပ ရောက်ခါစကလို စားနေကျ ဆန်ထမင်းနဲ့စားရမှ မနက်စာ၊ နေ့လည်စာ၊​ညစာ စားပြီးပြီလို့ စိတ်ကထင်ကြသလိုမျိုး။ တခြား ပေါင်မှုန့်၊ ဟန်ဘာဂါ၊ ပီဆာတွေ စားပြီးလို့ ဗိုက်ဝရင်တောင် နေ့ခင်းစာ စားပြီပလား မေးရင် မစားရသေးဘူးပဲ ဖြေမိတာ။​ :)😃

တကယ်က အရည်အချင်းရှိပြီး တကယ်တတ်မြောက်သလား က အရေးကြီးတာပါ။

ဒါဆို ကလေးတွေကို အရည်အချင်းရှိအောင်၊ တကယ်တတ်မြောက်အောင် စာမေးပွဲ မရှိဘဲ ဘယ်လို စစ်ကြသလဲဆိုရင်

၁) နေ့စဉ် အတန်းထဲမှာ စာသင်ရင်း၊ အပြန်အလှန် အမေးအဖြေလုပ်ခိုင်းတယ်။​ ဆရာက မေး၊ တပည့်က ဖြေ၊ တပည့်က မေး၊ ဆရာက ပြန်ဖြေ လိုမျိုးပေါ့။ နေ့စဉ် သင်ထားသမျှ စာတွေ ဘယ်လောက်နားလည်သလဲ၊ ဘယ်လို စဉ်းစားတွေးခေါ်သလဲ၊ ဆိုတာကို group လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ဝင်ဆွေးခိုင်းတယ်။ ဒါတွေက နေ့စဉ် စာသင်ခန်းထဲက ဆရာက ကျောင်းသားတိုင်းကို Assess လုပ်သွားတာ။ တနည်းပြောရရင် အမှတ်ပေးသွားတာ။​

၂)​ လစဉ် ဆိုရင်လည်း monthly report တွေ သက်ဆိုင်ရာ ကျောင်းအုပ် နဲ့ Academic ဆိုရင် admin တွေဆီ တင်ကြရသလို၊​ ကလေးရဲ့ တိုးတက်မှု သို့မဟုတ် အခြေအနေကိုလည်း မိဘတွေနဲ့ လစဉ် Parent Meeting ထိုင်ပြီး ဘာသာရပ်(Subject) ဆိုင်ရာ တစ်ခုချင်းစီ ရှင်းပြ၊ comment တွေပေးကြတယ်။

၃) Project-Based Learning (PBL) နှင့် လက်တွေ့အသုံးချနိုင်မှု (Practical Application)
ကလေးတစ်ယောက်ဟာ သင်ခန်းစာတစ်ခုကို အလွတ်ရရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီသင်ခန်းစာကို သုံးပြီး project တစ်ခုခု ဖန်တီးခိုင်းတာမျိုး၊ ဥပမာ - သိပ္ပံဘာသာရပ်မှာဆိုရင် လက်တွေ့စမ်းသပ်ချက်တစ်ခု လုပ်ခိုင်းတာမျိုးက ကလေးရဲ့ တကယ်တတ်မြောက်မှုကို ပိုပြနိုင်ပါတယ်။ ကျောင်းမှာတော့ PBL ကို အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ လက်တွေ့လုပ်ခိုင်းကြတယ်။​ စာမေးပွဲမှာ အမှတ်ကောင်းဖို့ထက် လက်တွေ့နယ်ပယ်မှာ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာက ပိုအရေးကြီးပါတယ်။

တကယ့်တော့ "စာမေးပွဲဆိုတာ ကလေးကို အဆင့်သတ်မှတ်ဖို့ (Label ကပ်ဖို့) မဟုတ်ဘဲ၊ ကလေး ဘယ်နေရာမှာ အားနည်းနေလဲဆိုတာကို သိပြီး ပြန်ကူညီပေးဖို့အတွက်ပဲ ဖြစ်သင့်ပါတယ်။" (Assessment should be for helping, not just labeling).

Skill-Based Education ခေတ် မှာ အလွတ်ကျက်နိုင်စွမ်းထက် ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) နဲ့ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) က ပိုပြီး တန်ဖိုးရှိပါတယ်။

စာမေးပွဲမရှိရင် အရည်အချင်း မရှိဘူးဆိုတာ အယူအဆအဟောင်းပဲ ဖြစ်သွားပါပြီ။

ဥပမာ - ဖင်လန်နိုင်ငံ (Finland) ဟာ ကမ္ဘာမှာ ပညာရေးအကောင်းဆုံးနိုင်ငံလို့ သတ်မှတ်ခံထားရပေမဲ့ ၁၈ နှစ်မပြည့်မချင်း ဘာစာမေးပွဲမှ မစစ်ပါဘူး။ ဒါပေမဲ့ သူတို့ဆီက ထွက်လာတဲ့ ကလေးတွေက ကမ္ဘာမှာ အရည်အချင်းအရှိဆုံး လို့သတ်မှတ်လာကြတာကို ကြည့်ရင် ထူးခြားပါတယ်။

အရင်က စာမေးပွဲအရမ်းစစ်တဲ့ စင်ကာပူတောင် အခုနောက်ပိုင်းမှာ ကလေးတွေ စိတ်ဖိစီးမှု လျော့ရော့ဖို့နဲ့ တီထွင်ဖန်တီးနိုင်စွမ်း တက်လာဖို့အတွက် တချို့စာမေးပွဲတွေ လျှော့ချဖို့ ကြိုးစားနေတယ်လို့သိရတယ်။​

၄)​ အရည်အချင်းကို အမှတ်နဲ့ မဟုတ်ဘဲ Portfolio နဲ့ တိုင်းတာတဲ့စနစ်

စာမေးပွဲအမှတ် ၈၀၊ ၉၀ ရတာထက် မိဘတွေအနေနဲ့ ကိုယ့်ကလေး ဘာတွေ ဖန်တီးထားလဲဆိုတာကို တန်းမြင်နိုင်တဲ့ Digital Portfolio (လုပ်ဆောင်ချက် မှတ်တမ်း) တွေက ပိုပြီး အားကိုးရပါတယ်။ ကလေးက တစ်နှစ်ပတ်လုံး ဘာတွေ တိုးတက်လာတယ်၊ ဘာတွေ ထူးချွန်တယ်ဆိုတာကို အချက်အလက် (Data) နဲ့တကွ ပြနိုင်လေ အဲဒီကလေးပိုတိုးတက်လေပါပဲ။

ခြုံပြောရရင်..

ပညာရေးမှာ အတန်းတင်စာမေးပွဲ ဆိုတာထက် စံနှုန်းသတ်မှတ်ချက် Standardization တစ်ခုခုတော့ရှိရပါလိမ့်မယ်။ ကလေးကို ဘယ်လို အရည်အချင်း သတ်မှတ်မလဲ၊ ဘယ်လိုစနစ်ကို သုံးစွဲမလဲ ဆိုတာနဲ့ သင်ကြားမှုစနစ်၊ အကဲဖြတ်စနစ် တွေ ခေတ်နဲ့ညီအောင်ပြင်ဆင်နိုင်မှ ပညာရေးကောင်းရမှာဖြစ်သလို၊ Feedback, Goal, Data Source တွေ စနစ်တကျ ကောက်ယူပြီး ကလေးတွေရဲ့ တိုးတက်မှုကို အမြဲမပြတ်စောင့်ကြည့်နိုင်တဲ့စနစ်ကသာ တကယ့်ပညာရေးကောင်းနဲ့ အနာဂတ်ကောင်းကို ဖန်တီးနိုင်ပါလိမ့်မယ်။

ဆက်ပါအုံးမယ်

ကျေးဇူးတင်ပါတယ်
Soe Naing

31/03/2026

Announcement ကြေညာချက်
❤️❤️❤️❤️❤️❤️❤️🙏🏻🙏🏻🙏🏻

မနက်ဖန် April လ ၁ ရက်ကစပြီး JEC ရုံးကဆီ ထုတ်တာ အဆင်ပြေစေရန်အတွက် JEC ဝန်ထမ်းများအနေဖြင့် “မ”ရက်တွင် ရုံးတက်ပြီး “စုံ” ရက်များတွင် work from home ပြောင်းလဲပါမည်။

28/03/2026

ကျောင်းအုပ်တစ်ယောက်ဆိုတာ ကျောင်းတစ်ကျောင်းလုံးရဲ့ ပဲ့ကိုင်ရှင်ဖြစ်သလို ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စံပြပုဂ္ဂိုလ် (Role Model) လည်း ဖြစ်ပါတယ်။ ကျက်သရေရှိပြီး အရည်အချင်းပြည့်ဝတဲ့ ကျောင်းအုပ်တစ်ယောက်မှာ ရှိသင့်တဲ့ အဓိကအရည်အသွေးတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြလိုပါတယ် -

Copy from: IELS Pyay
❤️❤️❤️❤️❤️❤️❤️

၁။ မျှော်မှန်းချက်နှင့် ဦးဆောင်မှု (Visionary Leadership)
ကျောင်းကို ဘယ်လိုပုံစံနဲ့ တိုးတက်အောင် လုပ်မလဲဆိုတဲ့ ခိုင်မာတဲ့ Vision ရှိရပါမယ်။ ထိုမျှော်မှန်းချက်ကို လက်တွေ့ဖြစ်လာအောင် ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို စနစ်တကျ စည်းရုံးလှုံ့ဆော်နိုင်စွမ်း ရှိရပါမယ်။

၂။ ပညာရေးဆိုင်ရာ ကျွမ်းကျင်မှု (Instructional Leadership)
သင်ကြားသင်ယူမှု လုပ်ငန်းစဉ်တွေကို ကောင်းကောင်းနားလည်ရပါမယ်။ ခေတ်မီတဲ့ သင်ကြားရေးစနစ်တွေ (ဥပမာ - Cambridge Curriculum, IELTS Preparation) နဲ့ ကလေးဗဟိုပြု သင်ကြားမှုတွေကို နားလည်ပြီး ဆရာတွေကို လိုအပ်သလို လမ်းညွှန်မှု ပေးနိုင်ရပါမယ်။

၃။ ဆက်ဆံရေးနှင့် ပေါင်းစပ်ညှိနှိုင်းမှု (Communication & Empathy)
• မိဘများနှင့် ဆက်ဆံရေး: မိဘတွေရဲ့ ယုံကြည်မှုကို ရရှိအောင် ပွင့်လင်းမြင်သာစွာ ပြောဆိုဆက်ဆံနိုင်ရပါမယ်။
• နားထောင်ပေးခြင်း: ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေရဲ့ အခက်အခဲကို စာနာနားလည်ပေးပြီး ကူညီဖြေရှင်းပေးနိုင်တဲ့ စိတ်ရှိရပါမယ်။

၄။ စီမံခန့်ခွဲမှုစွမ်းရည် (Administrative Excellence)
ကျောင်းရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ ပွဲလမ်းသဘင်တွေနဲ့ ဘဏ္ဍာရေးပိုင်းတွေကို စနစ်တကျ ရှိစေရပါမယ်။ ပြဿနာတစ်ခုခု ကြုံလာရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် (Decision Making) ကို ချနိုင်ရပါမယ်။

၅။ စံပြဖြစ်မှုနှင့် ကိုယ်ကျင့်တရား (Integrity & Role Model)
ကျောင်းအုပ်ဆိုတာ ကျောင်းရဲ့ ပုံရိပ်ပါ။ ဒါကြောင့် အပြောနဲ့ အလုပ် ညီရပါမယ်။ စည်းကမ်းသေဝပ်မှု၊ ရိုးသားမှုနဲ့ အလုပ်အပေါ် ထားရှိတဲ့ စေတနာတွေက တခြားသူတွေ အတုယူချင်စရာ ဖြစ်နေရပါမယ်။

၆။ အစဉ်အမြဲ လေ့လာသင်ယူနေခြင်း (Continuous Learning)
ပညာရေးလောကက အမြဲပြောင်းလဲနေတာကြောင့် ခေတ်နဲ့အညီ နည်းပညာတွေ၊ သင်ကြားရေး ဗျူဟာသစ်တွေကို အမြဲမပြတ် လေ့လာနေရပါမယ်။

ကျောင်းအုပ်ကောင်းတစ်ယောက်ဆိုတာ "အမိန့်ပေးသူ" ထက် "လမ်းပြပေးသူ (Mentor)" ပိုဖြစ်ဖို့ လိုအပ်ပါတယ်။

ကျောင်းစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ကျောင်းအုပ်တစ်ယောက် အဓိကထား လုပ်ဆောင်ရမယ့် စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ကြီး (၅) ရပ် ကို အသေးစိတ် ထပ်မံ မျှဝေပေးချင်ပါတယ်။
၁။ ပညာရေးအရည်အသွေးကို ထိန်းကျောင်းခြင်း (Academic Management)
ကျောင်းအုပ်တစ်ယောက်ရဲ့ အဓိကတာဝန်က ကလေးတွေ တကယ်ပညာတတ်ဖို့ပါ။
• Curriculum Standard: သင်ရိုးညွှန်းတမ်းတွေ (ဥပမာ - Cambridge English သို့မဟုတ် IELTS) ကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း သင်ကြားနေရဲ့လားဆိုတာ အမြဲ စစ်ဆေးရပါမယ်။
• Teacher Evaluation: ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုပုံစံကို လေ့လာပြီး လိုအပ်တဲ့ Feedback နဲ့ Training တွေ ပံ့ပိုးပေးရပါမယ်။
၂။ ကျောင်းသားရေးရာ စီမံခန့်ခွဲမှု (Student Affairs)
ကျောင်းသားတွေဟာ ကျောင်းရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။
• Discipline & Environment: ကျောင်းသားတွေ စည်းကမ်းရှိဖို့နဲ့ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့ ဖန်တီးပေးရပါမယ်။
• Success Monitoring: ကလေးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကို မှတ်တမ်းတင်ပြီး အားနည်းချက်ရှိသူတွေကို ဘယ်လိုကူညီမလဲဆိုတာ စီစဉ်ရပါမယ်။
၃။ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု (Human Resource Management)
ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေ စိတ်ချမ်းသာမှ ကျောင်းက တိုးတက်မှာပါ။
• Team Building: ဝန်ထမ်းတွေအကြား စည်းလုံးညီညွတ်မှုရှိအောင် ဆောင်ရွက်ရပါမယ်။
• Task Delegation: ဘယ်သူက ဘာလုပ်ရမယ်ဆိုတဲ့ တာဝန်တွေကို တိတိကျကျ ခွဲဝေပေးပြီး လုပ်ပိုင်ခွင့် (Empowerment) ပေးရပါမယ်။
၄။ ပြင်ပဆက်ဆံရေးနှင့် ပုံရိပ်တည်ဆောက်ခြင်း (Public Relations & Branding)
ကျောင်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ရမယ့် တာဝန်ပါ။
• Parent Communication: မိဘတွေနဲ့ ပုံမှန်တွေ့ဆုံတာ၊ ကျောင်းရဲ့ အစီအစဉ်တွေကို ရှင်းပြတာတွေ လုပ်ရပါမယ်။
• Branding: ကျောင်းရဲ့ အောင်မြင်မှုတွေကို လူမှုကွန်ရက် (Facebook) နဲ့ တခြားနေရာတွေမှာ စနစ်တကျ ချပြပြီး ယုံကြည်မှု တည်ဆောက်ရပါမယ်။
၅။ ပွဲလမ်းသဘင်နှင့် အခမ်းအနားများ စီစဉ်ခြင်း (Event Coordination)
ကျောင်းသားတွေအတွက် အမှတ်တရဖြစ်စေမယ့် ပွဲတွေကို ဦးဆောင်ရပါမယ်။
• Excursions & Ceremonies: ကျောင်းပြင်ပ ဗဟုသုတရှာမှီးတဲ့ ခရီးစဉ်တွေ၊ ဆုပေးပွဲတွေနဲ့ သင်တန်းဆင်းပွဲတွေကို အဆင်ပြေချောမွေ့အောင် စီစဉ်ညွှန်ကြားရပါမယ်။
ဒါ့အပြင် ကျောင်းစီမံခန့်ခွဲမှုမှာ လက်တွေ့အသုံးဝင်မယ့် အချက်လေးတွေလည်း ရှိပါသေးတယ် -
• Time Management: အစည်းအဝေးတွေနဲ့ သင်ကြားရေးကိစ္စတွေကို အချိန်ဇယားနဲ့ စနစ်တကျ လုပ်ဆောင်ခြင်း။
• Conflict Resolution: ဆရာ၊ မိဘ သို့မဟုတ် ဝန်ထမ်းတွေကြား နားလည်မှုလွဲတာရှိရင် ကြားနေကနေ ကောင်းမွန်စွာ ဖြေရှင်းပေးခြင်း။

ကျောင်းစီမံခန့်ခွဲမှုမှာ အရေးကြီးတဲ့ ဝန်ထမ်းတွေကို စည်းရုံးလှုံ့ဆော်တဲ့ နည်းလမ်း (Staff Motivation) နဲ့ ကျောင်းရဲ့ ပုံရိပ်ကို မြှင့်တင်တဲ့ Marketing ဗျူဟာ နှစ်ခုလုံးကို အနှစ်ချုပ်ပြီး တင်ပြပေးပါ့မယ်ရှင်။
၁။ ဝန်ထမ်းများကို စည်းရုံးလှုံ့ဆော်ခြင်း (Staff Motivation & Leadership)
ဆရာ၊ ဆရာမတွေ စိတ်ဓာတ်တက်ကြွနေမှ ကျောင်းသားတွေဆီကို အရည်အသွေးရှိတဲ့ သင်ကြားမှုတွေ ရောက်ရှိမှာပါ။
• အသိအမှတ်ပြုခြင်း (Recognition): လစဉ် "အကောင်းဆုံးဆရာမဆု" ပေးတာမျိုး ဒါမှမဟုတ် အစည်းအဝေးတွေမှာ လူပုံအလယ်မှာ ချီးကျူးစကားပြောပေးတာက ငွေကြေးထက် ပိုပြီး စိတ်ခွန်အားဖြစ်စေပါတယ်။
• ပူးပေါင်းပါဝင်ခွင့်ပေးခြင်း (Inclusion): ကျောင်းရဲ့ အစီအစဉ်အသစ်တွေ (ဥပမာ - Summer Course ဆွဲတာမျိုး) မှာ ဆရာမတွေရဲ့ အကြံဉာဏ်ကို တောင်းခံပါ။ သူတို့ကိုယ်သူတို့ ကျောင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ ခံစားရပါလိမ့်မယ်။
• ကျွမ်းကျင်မှု မြှင့်တင်ပေးခြင်း (Professional Development): Cambridge English သင်တန်းတွေ၊ Teaching Methodology Workshop တွေ တက်ရောက်နိုင်အောင် စီစဉ်ပေးခြင်းက ဝန်ထမ်းတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးရုံသာမက ကျောင်းအပေါ် သစ္စာရှိမှုကိုလည်း တိုးစေပါတယ်။
၂။ ကျောင်း၏ ပုံရိပ်နှင့် Marketing ဗျူဟာ (School Branding & Marketing)
ကျောင်းတစ်ကျောင်းရဲ့ ယုံကြည်မှုကို တည်ဆောက်တဲ့နေရာမှာ Branding က အလွန်အရေးကြီးပါတယ်။
• Social Media Presence (Facebook Marketing):
• ကျောင်းသားတွေရဲ့ တက်ကြွတဲ့ သင်ယူမှုပုံရိပ်တွေ၊ ပျော်ရွှင်စရာ Excursion ခရီးစဉ်တွေကို Video ဒါမှမဟုတ် ပုံလှလှလေးတွေနဲ့ ပုံမှန်တင်ပေးပါ။
• Educational Content: သင်ခန်းစာ ဗဟုသုတတွေကို (English & Myanmar) နှစ်ဘာသာနဲ့ မျှဝေပေးခြင်းဖြင့် မိဘတွေရဲ့ ယုံကြည်မှုကို ရယူပါ။
• အောင်မြင်မှုများကို ပြသခြင်း (Success Stories): IELTS သို့မဟုတ် Cambridge Exam တွေမှာ အမှတ်ကောင်းကောင်းရတဲ့ ကျောင်းသားတွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုချပြပါ။ ဒါက ကျောင်းရဲ့ အရည်အသွေးကို သက်သေပြတာပါပဲ။
• Visual Identity: ကျောင်းရဲ့ Logo၊ ကျောင်းဝတ်စုံနဲ့ ကြော်ငြာဒီဇိုင်းတွေမှာ သတ်မှတ်ထားတဲ့ အရောင်နဲ့ Style (Theme) ကို တညီတညွတ်တည်း သုံးစွဲခြင်းက ကျောင်းကို ပိုပြီး Professional ဆန်စေပါတယ်။
၃။ အောင်မြင်သော ကျောင်းအုပ်ကြီး၏ နေ့စဉ် အလေ့အကျင့် (Daily Habits)
• အပြုံးဖြင့် ကြိုဆိုပါ: မနက်ခင်းမှာ ဆရာမတွေနဲ့ ကျောင်းသားတွေကို အပြုံးနဲ့ နှုတ်ဆက်တာက တစ်ကျောင်းလုံးရဲ့ ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ် ဖြစ်စေပါတယ်။
• အတန်းထဲသို့ လှည့်လည်ကြည့်ရှုပါ: ရုံးခန်းထဲမှာပဲ ထိုင်မနေဘဲ အတန်းတွေထဲကို ဝင်ကြည့်ပြီး ကလေးတွေနဲ့ ရင်းနှီးအောင် နေထိုင်ပါ။

22/03/2026

Announcement အသိပေးခြင်း

JEC ဝန်ထမ်းများအနေဖြင့်

စိတ်မနှံ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ်နှင့် အီစေရးဝန်ကြီးချုပ်ဘင်ဂျမင်နေသန်ရာဟူးတို့က အီရန်ကို တဖက်သတ်တိုက်ခိုက်မှုကြောင့်
ဖြစ်ပေါ်လာတဲ့တကမ္ဘာလုံးဆိုင်ရာ ဆီပြသနာကြောင့်
မနက်ဖန် မတ်လ ၂၃ ရက်ကစပြီး JEC ဝန်ထမ်းများအားလုံး Monday, Wednesday Friday တို့ကို
မတ်လကုန်အထိ work from home စလုပ်ကြပါ

Due to unilateral attacks of abnormal USA President Donal Trump and Israel Prime Minister Benjamin Netanyahu on Iran, we are facing oil crisis in the world including Myanmar. Therefore, I announce that all JEC staff start working from home from tomorrow 23 March every Monday, Wednesday and Friday till the end of March 2026.

18/03/2026

Bachelor of Computer Science အတန််းအတွက် အချိန်ပိုင်း Doctorate ရ​သောပါ​မောက္ခတစ်​ယောက်အလိုရှိပါသည်။ CB မှာလာဆက်သွယ်ပါ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 739-741, Quarter No. (123), Bagan Road (3), East Dagon
Yangon
11451

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00