28/04/2026
ကျောင်းနဲ့ပတ်သက်ပြီး မကြာခဏ မေးလေ့ရှိတဲ့ သင်ကြားရေးစနစ်၊ Facilities ပိုင်းနဲ့ ကျောင်းတွင်း လုံခြုံရေးဆိုင်ရာ မေးခွန်းလေးတွေကို အားလုံး သိရှိသွားအောင် ဖြေကြားပေးလိုက်ပါတယ်။ မိဘတို့ သိချင်နေတဲ့ အချက်လေးတွေ ဒီထဲမှာ ပါဝင်မလားဆိုတာ အတူတူ ကြည့်လိုက်ရအောင်ရှင်။
ထပ်မံသိရှိလိုတဲ့ အချက်အလက်များ ရှိပါကလည်း Messenger မှတစ်ဆင့် မေးမြန်းနိုင်သလို၊ ကျောင်းသို့လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ✨
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
#အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း
#ကိုယ်ပိုင်အထက်တန်းကျောင်း
25/04/2026
မြို့ထဲနီးနီးနားနားမှာတင် ကျောင်းထားချင်တဲ့ ဖေဖေမေမေတို့အတွက် စမ်းချောင်းမြို့နယ်ထဲမှာတင် တည်ရှိတဲ့ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်းက အမြဲစောင့်ကြိုလျက်ရှိပါတယ်။
မူလတန်းမှစပြီး အထက်တန်းအထိ သားသားမီးမီးလေးတို့ရဲ့ ပညာရေးအနာဂတ်ကောင်းမွန်စေဖို့ အကောင်းဆုံးပညာရေးဝန်ဆောင်မှုတွေနဲ့အတူ သင်ကြားရေးအတွေ့အကြုံရင့် ဆရာ၊ ဆရာမများမှ ကြီးကြပ်သင်ကြားပေးသွားမယ့်အပြင် …
✨ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်တဲ့ ကျောင်းဝန်းနေရာ
✨အဆင့်မြင့်ဆုံး သင်ကြားရေး Facilities များနဲ့အတူ
✨(၂၄) နာရီ လျှပ်စစ်မီးရရှိစေမယ့် Solar Panels များ၊ Inverter များလည်းတပ်ဆင်ပေးထားတာမို့ အခက်အခဲမရှိ ပညာသင်ကြားနိုင်စေမှာ ဖြစ်ပါတယ်။
သင်ကြားရေးပိုင်းမှာဆိုရင်လည်း…
✨စာသင်ခန်းတိုင်းတွင် သင်ကြားရေးလွယ်ကူစေရန် Whiteboard၊ TV၊ Speaker များထားရှိပေးခြင်း
✨ဘက်စုံထူးချွန်သူများဖြစ်စေရန် ပန်းချီ/ကာယ/ဂီတ/အားကစား ပညာရပ်များပါ ထပ်ဆောင်းသင်ကြားပေးခြင်း၊ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ထူးချွန်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခြင်း
✨ကွန်ပျူတာခန်း၊ သိပ္ပံခန်း၊ အားကစားခန်း၊ အနုပညာခန်း၊ စာကြည့်တိုက်၊ ကျောင်းတွင်းဆေးပေးခန်း၊ အစည်းအဝေးခန်းမများထားရှိပေးခြင်း
✨စာသင်ချိန်တိုင်းအတွက် အဓိကသင်ကြားပေးသွားမယ့် Main Teacher တစ်ယောက်အပြင် Assistant Teacher တစ်ယောက်ပါ ထပ်မံကြီးကြပ်သင်ကြားပေးခြင်းစတဲ့ အားသာချက်များစွာလည်းရှိနေတာဖြစ်ပါတယ်။
သားသားမီးမီးလေးတို့ရဲ့ ပညာရေးအနာဂတ်အတွက် အကောင်းဆုံးရလဒ်ကောင်းတွေပေးစွမ်းနိုင်ပြီး စိတ်ချလုံခြုံရတဲ့ ရပ်ဝန်းတစ်ခုရှာဖွေနေတယ်ဆိုရင်တော့ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်းကိုသာ လှမ်းလာလိုက်တော့နော်…
“အရှေ့တိုင်းမှသည် ခိုင်မာလှပသော ပညာရေးရပ်ဝန်းဆီ”
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
#အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း
#ကိုယ်ပိုင်အထက်တန်းကျောင်း
23/04/2026
စာသင်နှစ်အသစ်မှာ ကျောင်းသား၊ ကျောင်းသူလေးတွေ ပိုမိုပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့အတွက် အရှေ့တိုင်းကျောင်းတော်ကြီးရဲ့ ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်မွမ်းမံနေပါတယ်။ ကျောင်းသား၊ ကျောင်းသူလေးတွေ ပညာသင်ကြားတဲ့အခါ စိတ်ကြည်လင်လန်းဆန်းပြီး ပျော်ရွှင်စေဖို့အတွက် အဆောက်အဦးပိုင်းကစလို့ စာသင်ခန်းတွင်း အထိ အားတက်သရော ပြန်လည်ပြင်ဆင်ထားပါတယ်။
သန့်ရှင်းသပ်ရပ်ပြီး လှပသစ်လွင်တဲ့ စာသင်ခန်းတွေထဲမှာ ပြန်ဆုံကြမယ်နော်။ 🏫💖
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
#အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း
22/04/2026
✨အရှေ့တိုင်းကျောင်းရဲ့ Summer Class လေးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။
သင်တန်းကာလတစ်လျှောက် အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ အနုပညာ၊ ပေသီးသင်္ချာ၊ ကွန်ပျူတာစတဲ့ ပညာရပ်များကိုလည်း စနစ်တကျ လေ့လာသင်ယူပြီး နွေရာသီကျောင်းပိတ်ရက်ကာလလေးကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဒီလို အမှတ်တရကောင်းများစွာနဲ့ ပြည့်နှက်နေတဲ့ Summer Class သင်တန်းဆင်းပွဲပုံရိပ်လေးတွေကို မှတ်တမ်းကောင်းတစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ချင်ပါတယ်။🤩
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
17/04/2026
မြန်မာ့နှစ်သစ်အခါနှစ်ဆန်း (၁) ရက်နေ့မှစတင်ပြီး စိတ်သစ်၊ လူသစ်ဖြင့် ကောင်းမှုမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။🙏
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
#အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း
10/04/2026
💦အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း၏ သင်္ကြန်ကာလပိတ်ရက်များကို ဧပြီလ (၁၁) ရက်နေ့မှ ဧပြီလ (၁၉) ရက်နေ့ထိ သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သို့ဖြစ်ပါ၍ သင်္ကြန်ပိတ်ရက်ကာလအတွင်း ဖုန်းလက်ခံဖြေကြားခြင်း၊ ကျောင်းစုံစမ်းခြင်းစသည့်လုပ်ငန်းရပ်များကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ရိုသေစွာပန်ကြားအပ်ပါသည်။
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
06/04/2026
💦အတာရေရယ်၊ သနပ်ခါးရယ်၊ မုန့်လုံးရေပေါ်ရယ်... အရှေ့တိုင်းကျောင်းမိသားစုရဲ့ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်အကြိုအမှတ်တရ!
သနပ်ခါးလေးတွေနဲ့ အတာရေ ပက်ဖြန်းရင်း၊ ယိမ်းအကအလှတွေနဲ့ ဖျော်ဖြေခဲ့ကြတာကတော့ တကယ့်ကို အမှတ်တရပါပဲ။ မုန့်လုံးရေပေါ်လေးတွေ ဝိုင်းလုံးရင်း မုန့်လုံးရေပေါ်နဲ့အတူ ရွှေရင်အေး အေးအေးလေးတွေလည်း အတူသုံးဆောင်ခဲ့ကြပါတယ်။ ကျောင်းသူလေးတွေနဲ့ ဆရာမများရဲ့ မြူးကြွတဲ့ သင်္ကြန်ယိမ်းအကအလှတွေကလည်း တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပါပဲ။
အရှေ့တိုင်းကျောင်းရဲ့ မိသားစုသင်္ကြန်ပွဲနေ့ မှ ပျော်စရာကောင်းလှတဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
#အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း
04/04/2026
🏀သားသားမီးမီးလေးတို့အတွက် ဉာဏအားအင်ဖွံ့ဖြိုးဖို့ လိုအပ်သလို ကာယအားအင်ဖွံ့ဖြိုးဖို့ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။
ကျောင်းစာသင်ချိန်တွေမှာ Physical Education(PE) အချိန်တွေကို ထည့်သွင်းပေးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေရုံသာမက အာရုံစူးစိုက်မှုကောင်းမွန်စေခြင်း၊ လူမှုဆက်ဆံမှုကောင်းမွန်စေခြင်း၊ ဖန်တီးနိုင်စွမ်းမြင့်မားစေခြင်းစတဲ့ အကျိုးကျေးဇူးတွေပါ ရရှိစေမှာဖြစ်ပါတယ်။
အရှေ့တိုင်းရဲ့ Summer Class အတန်းတွေမှာတော့ ကာယ၊ ဉာဏဖွံ့ဖြိုးစေဖို့အတွက် PE အချိန်တွေမှာ ပန်းချီ၊ အက၊ အားကစားစသည်ဖြင့် ထားရှိပေးကာ သေချာဂရုတစိုက်လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။✨
အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက...
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
#အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း
30/03/2026
အရှေ့တိုင်းရဲ့ ကျောင်းသားတစ်ယောက်ဖြစ်ဖို့ အခုချိန်ကြိုတင်စာရင်းပေးထားကြရအောင်…
အကောင်းမွန်ဆုံး ပညာရေးဝန်ဆောင်မှုများ ပေးစွမ်းနိုင်ဖို့အတွက် အတန်းတွေကို ကျောင်းသားဦးရေ အကန့်အသတ်ဖြင့်သာ ထားရှိသင်ကြားတာမို့ …
ဖေဖေမေမေတို့အနေနဲ့ အရှေ့တိုင်းကျောင်းမှာ ကျောင်းထားဖို့ စိတ်ဝင်စားတယ်ဆို ခုတည်းက လာရောက် စုံစမ်းပြီး ကြိုတင်စာရင်းပေးထားနိုင်ပါကြောင်း အကြံပြုပါရစေ..
ကျောင်းစုံစမ်းလိုသူ မိဘမိတ်ဆွေများအတွက် ကျောင်းဖုန်းနံပါတ်များသို့ ဆက်သွယ်၍ဖြစ်စေ၊ Facebook Messenger မှဖြစ်စေဆက်သွယ်နိုင်သလို လူကိုယ်တိုင် လာရောက်စုံစမ်းလိုသူများအနေနှင့်လည်း နေ့စဥ် မနက် (၉) နာရီ မှ ညနေ (၃) နာရီခွဲအချိန်အတွင်း ကျောင်းသို့လာရောက်မေးမြန်းနိုင်ပါတယ်။
အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ..
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
Secure your child’s place at Eastern today by registering early…
To ensure we deliver the highest quality education and personalized attention, each class is kept to a limited number of students.
Therefore, parents who are interested in enrolling their children at Eastern are strongly encouraged to visit us and complete the pre-registration in advance.
For inquiries, you may contact us via our school phone numbers or reach out through Facebook Messenger. Alternatively, parents who prefer to visit in person are warmly welcome to come to the school daily between 9:00 AM and 3:30 PM for more information.
For more details, please contact:
🏫 Address: No. 34, Khahtar Street, Sanchaung Township, Yangon.
📞 Phone – 09 688680688
🌐 Website – elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
#အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း
26/03/2026
🌞နွေရာသီကျောင်းပိတ်ရက်ဟာ ကလေးတွေအတွက် စာသင်ခန်းပြင်ပဗဟုသုတနဲ့ ကျွမ်းကျင်မှုအသစ်တွေကို စိတ်အေးလက်အေး လေ့လာဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။
မိဘတွေအနေနဲ့ မိမိတို့ကလေးရဲ့ ဝါသနာနဲ့ အသက်အရွယ်အလိုက် ရွေးချယ်သင်ကြားပေးနိုင်ဖို့ နွေရာသီမှာ လေ့လာသင့်တဲ့ ပညာရပ်တွေကို အကြံပြုပေးလိုက်ပါတယ်။🙌
၁။ ဘာသာစကားအသစ်များ (Language Learning)
အခုခေတ်မှာ ဘာသာစကားတစ်ခုထက်မက တတ်မြောက်ထားတာဟာ ကလေးရဲ့ အနာဂတ်အတွက် အလားအလာအများကြီးရှိစေပါတယ်။ ကလေးတွေ စိတ်ဝင်စားတတ်တဲ့ ယဉ်ကျေးမှုနဲ့အတူ တွဲဖက်လေ့လာခြင်းက သင်ယူမှုကို ပိုလို့အထောက်အကူဖြစ်စေပါတယ်။
၂။ နည်းပညာနဲ့ ကွန်ပျူတာကျွမ်းကျင်မှု (Digital Literacy)
ဒီဂျစ်တယ်ခေတ်မှာ နည်းပညာကို စနစ်တကျ အသုံးချတတ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်အခြေခံ Coding သင်တန်းတွေ ၊ Digital Platform များအသုံးပြု ပုံဆွဲခြင်း၊ ဗီဒီယိုတိုလေးများ ဖန်တီးတည်းဖြတ်ခြင်း စတဲ့အတတ်ပညာရပ်များက ကလေးငယ်တွေရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။
၃။ အနုပညာနဲ့ တီထွင်ဖန်တီးမှု (Art & Creativity)
ကလေးရဲ့ စိတ်ကူးစိတ်သန်းကို မြှင့်တင်ပေးဖို့ အနုပညာဟာ အရေးပါပါတယ်။ ပန်းချီဆွဲခြင်း၊ တူရိယာတီးခတ်ခြင်းနှင့် လက်မှုပညာ (DIY) လုပ်ငန်းများက ကလေးငယ်များကို အာရုံစူးစိုက်မှုကောင်းမွန်စေပြီး စိတ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်။
၄။ ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစား (Physical Activities)
အားကစားလုပ်ခြင်းဟာဆိုရင် ကျန်းမာသန်စွမ်းပြီး အဖွဲ့အစည်းနဲ့ လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ရစေပါတယ်။ သားသားမီးမီးလေးတွေ စိတ်ဝင်စားတဲ့ အားကစားတစ်မျိုးမျိုး၊ ဒါမှမဟုတ် ရေကူး၊ ကရာတေး၊ တိုက်ကွန်ဒို စတဲ့ကိုယ်ခံပညာရပ်တွေကိုလည်း သင်ကြားပေးတာက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
၅။ ဘဝတွက်တာ ကျွမ်းကျင်မှုများ (Life Skills)
စာအုပ်ထဲက ပညာရပ်တွေအပြင် လက်တွေ့ဘဝမှာ အသုံးဝင်မယ့် အရာတွေကိုလည်းမေ့ထားလို့မရပါဘူး။ ဒါကြောင့် သိထားသင့်တဲ့ ပညာရပ်တွေအနေနဲ့ ချက်ပြုတ်ခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်း၊ အပင်စိုက်ခြင်းစတာတွေကို သင်ကြားပေးလို့ရပါတယ်။
အကြံပြုချက်အနေနဲ့ နွေရာသီမှာ ကလေးတွေကို ပညာရပ်တွေ သင်ပေးတဲ့အခါ "စာသင်နေရတယ်" ဆိုတဲ့ ဖိအားမျိုးမဖြစ်စေဘဲ "ပျော်ရွှင်စွာ သင်ယူခြင်း (Fun Learning)" ဖြစ်စေဖို့က အရေးကြီးဆုံးပါပဲနော်။
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C
#အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း
23/03/2026
🧮သင်္ချာတွက်တာထက် ပိုတဲ့ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းရည်တွေကိုပေးစွမ်းမည့် ပေသီးသင်္ချာ
Abacus (ပေသီး) ကိုသုံးပြီး သင်္ချာတွက်တာဟာ ရိုးရိုးတွက်နည်းတွေထက် ဘာကြောင့် ပိုထူးခြားတာလဲ? 🧠✨
Visualization (ပုံဖော်နိုင်စွမ်း): ကလေးတွေဟာ စာရွက်ပေါ်မှာ တွက်ရုံတင်မဟုတ်ဘဲ Abacus ရဲ့ ပုတီးစေ့လေးတွေကို မျက်စိထဲပုံဖော်ပြီး မြန်မြန်ဆန်ဆန် တွက်ချက်လာနိုင်ပါတယ်။
Speed & Accuracy (မြန်နှုန်းနှင့် တိကျမှု): Calculator မလိုဘဲ စက္ကန့်ပိုင်းအတွင်းမှာ ပေါင်း၊ နှုတ်၊ မြှောက်၊ စား တွေကို တိတိကျကျ ဖြေဆိုနိုင်စွမ်း ရှိလာမှာပါ။
Brain Balance: လက်ချောင်းလေးတွေကို အသုံးပြုပြီး Abacus ပုတီးစေ့လေးတွေကို ရွှေ့ရတဲ့အတွက် ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းကို တစ်ပြိုင်နက် ဖွံ့ဖြိုးစေပါတယ်။
Abacus ဆိုတာ နည်းစနစ်မှန်ဖို့နဲ့ အခြေခံခိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ အမြန်တွက်နိုင်ဖို့ထက် အမှန်တွက်နိုင်ဖို့က အဓိကဖြစ်တာကြောင့် အခြေခံအုတ်မြစ်ကို စနစ်တကျ တည်ဆောက်ဖို့ကလည်း အထူးလိုအပ်တာဖြစ်ပါတယ်။
ဒါကြောင့် ဖေဖေမေမေတို့လည်း ပေသီးလေ့လာသင်ယူမှုရဲ့ အနှစ်သာရနဲ့ အကျိုးကျေးဇူးများကို သိရှိပြီး လေ့လာသင်ယူနိုင်စဖေို့ မျှဝေပေးလိုက်ပါတယ်နော်….
“အရှေ့တိုင်းမှသည် ခိုင်မာလှပသော ပညာရေးရပ်ဝန်းဆီ”
အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ..
🏫 လိပ်စာ - အမှတ် ၃၄၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ် - 09 688680688
🌐 website - elbcmyanmar.education
🎵 TikTok -
https://www.tiktok.com/.l.b.c24?_t=ZS-8uh06gkoVX6&_r=1
🎥YouTube -
https://www.youtube.com/.L.B.C