U Book Store

U Book Store

Share

Education Solutions Providers

Photos from U Book Store's post 22/06/2026

Fresh Arrival! နိုင်ငံတကာအသိအမှတ်ပြု Authentic ကလေးပုံပြင်စာအုပ်များး 📚✨

ဖေဖေမေမေတို့ရေ… သားသားမီးမီးတို့ရဲ့ စာဖတ်စွမ်းရည်၊ အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးနိုင်ဖို့ U Book Store မှာ အသစ်စက်စက် ရောက်ရှိလာတဲ့ နိုင်ငံတကာအသိအမှတ်ပြု Authentic ကလေးစာအုပ်ကောင်းလေးတွေကို မိတ်ဆက်ပေးပါရစေခင်ဗျာ။ 🥰

ဒီတစ်ခေါက် Fresh Arrival မှာဆိုရင် ကလေးတို့အကြိုက် ကမ္ဘာကျော် စာအုပ်တိုက်ကြီးတွေရဲ့ အရည်အသွေးမြင့် စာအုပ်မျိုးစုံကို အောက်ပါအတိုင်း စုံစုံလင်လင် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

🌟 UK အခြေစိုက် Igloo Books ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်များ
You are Big Brother / Big Sister 👦👧 အိမ်မှာ မောင်လေး၊ ညီမလေးအသစ် ရလာတော့မယ့် သားကြီး/သမီးကြီးလေးတွေအတွက် အစ်ကိုကြီး၊ အစ်မကြီး တာဝန်တွေကို ပျော်ရွှင်စွာ နားလည်လက်ခံတတ်စေဖို့ အေးချမ်းတဲ့ ပုံပြင်လေးတွေနဲ့ ဖော်ပြပေးထားတဲ့ စာအုပ်လေးပါ။

Magical Stories (5-Minute Tales) 🦄✨ တစ်ပတ်တာရဲ့ နေ့ရက်တိုင်းအတွက် (၇) ရက် (၇) ပုဒ် တိတိ ပါဝင်ပြီး၊ ညအိပ်ရာဝင်ခါနီး (၅) မိနစ်အတွင်း ဖတ်ပြရုံနဲ့ ကလေးတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို ပိုမိုဆန်းသစ်စေမယ့် မှော်ဆန်ဆန် ပုံပြင်အလန်းစား ၇ပုဒ်ဖြစ်ပါတယ်။

Look I am Happy💖🤩 ကလေးငယ်တို့ရဲ့ စိတ်လှုပ်ရှားမှု (Emotions) တွေကို ဖော်ပြတတ်စေဖို့ ပညာပေးရုပ်ပြစာအုပ်လေးဖြစ်ပြီး၊ စာအုပ်ထဲမှာ မှန်အစစ်လေး (Safety Mirror) ပါဝင်တာကြောင့် ကလေးငယ်က ပျော်ရွှင်တဲ့မျက်နှာ (Happy)၊ အံ့သြတဲ့မျက်နှာ (Surprised) စတာတွေကို မှန်ထဲကြည့်ပြီး အတူတူလိုက်လုပ်ရင်း အပြန်အလှန် (Interactive) ဆော့ကစားနိုင်မှာပါ။

🦁 Mind to Mind ရဲ့ Animal Series (ရွေးချယ်စရာ စုစုပေါင်း ၁၆ အုပ်)
တိရစ္ဆာန်ကမ္ဘာအကြောင်း စိတ်ဝင်စားတဲ့ သားသားမီးမီးတို့အတွက် ခေါင်းစဉ်စုံလင်လှတဲ့ Animal Series စာအုပ် စုစုပေါင်း (၁၆) အုပ် တောင် ရောက်ရှိလို့လာပါပြီ။
ရောင်စုံရုပ်ပုံလှလှလေးတွေနဲ့အတူ သဘာဝတောတောင်ထဲက သတ္တဝါလေးတွေရဲ့ အကြောင်းကို အင်္ဂလိပ်စာအသုံးအနှုန်း အလွယ်ကူဆုံးနဲ့ ဖတ်ရှုလေ့လာနိုင်မှာမလို့ Vocabularyတိုးတက်ဖို့အတွက် အကောင်းဆုံးပါပဲ။

🏰 Wonder House ရဲ့ Pop-Up Books (ရွေးချယ်စရာ စုစုပေါင်း ၆ အုပ်)
စာမျက်နှာလေးတွေကို လှန်လိုက်တာနဲ့ ရုပ်ပုံလေးတွေက အပြင်မှာ တကယ်ရှိနေသလို အသက်ဝင်လှုပ်ရှားလာမယ့် Pop-Up ရုပ်ကြွစာအုပ်လေးတွေ ကိုလည်း (၆) အုပ် တိတိ စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
စာဖတ်ရုံတင်မကဘဲ လက်ကလေးနဲ့ ကိုင်တွယ်ဆော့ကစားရင်း ပုံပြင်ကမ္ဘာထဲကို စီးမျောသွားစေမှာမလို့ ကလေးတို့ အကြိုက်ဆုံးနဲ့ အသည်းစွဲဖြစ်စေမယ့် စာအုပ်လေးတွေပါ။

💎 U Book Store က ကလေးငယ်တွေအတွက် စိတ်ချရတဲ့ နိုင်ငံခြား Authentic Original Book တွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါတယ်။

✨စာအုပ်လေးတွေ ကိုမှာယူချင်တယ်ဆိုရင်တော့ page messenger နဲ့
☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 – 09977221703 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။

"ကလေးများရဲ့အကောင်းဆုံးရွေးချယ်ရာ 𝑼 𝑩𝒐𝒐𝒌 𝑺𝒕𝒐𝒓𝒆 ပါ " 💡

04/06/2026

ကလေးတို့စိတ်ကြိုက် ပုံဖော်ပေးထားတဲ့ Mind to Mind ရဲ့ "I am a..." Series 🐾

မလေးရှားနိုင်ငံထုတ် နာမည်ကြီး ကလေးစာပေအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Mind to Mind ရဲ့ ကမ္ဘာကျော် "I am a..." Series (၁၆ အုပ်တွဲ) ကို ကျွန်တော်တို့ရဲ့ U Book Store မှာ အစုံအလင် ပြန်လည်ရရှိနေပါပြီခင်ဗျာ။ ✨

ဒီစာအုပ်အတွဲလေးဟာ စာဖတ်စအရွယ် ကလေးငယ်တွေအတွက် အခြေခံအင်္ဂလိပ်စာရော၊ တိရစ္ဆာန်လေးတွေရဲ့ သဘာဝဗဟုသုတကိုပါ တစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်လို့ မိဘတွေ ကြိုက်ကြတဲ့ Series တစ်ခု ဖြစ်ပါတယ်။ ရိုးရိုးမြင်နေကျ စာအုပ်ပုံစံတွေနဲ့မတူဘဲ ကလေးတွေအကြိုက်ဆုံး တိရစ္ဆာန် ၁၆ ကောင်ရဲ့ ခန္ဓာကိုယ် shape အတိုင်း Die-cut (ပုံဖော်) ဖြတ်တောက်ပေးထားလို့ သားသားမီးမီးတို့ လက်ကမချချင်အောင် ဖြစ်နေမှာပါ။ 🥰🥰🥰

ဒီ Series လေးရဲ့ အဓိက အားသာချက်များ
🌟Premium Quality စက္ကူနှင့် ဆေးသား
မလေးရှားနိုင်ငံထုတ် မူရင်းစာအုပ်စစ်စစ် ဖြစ်လို့ အရောင်အသွေး စုံလင်တောက်ပပြီး ကလေးငယ်တွေ ကိုင်တွယ်ဆော့ကစားပြီး ဖတ်တဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် Quality အကောင်းဆုံး စက္ကူသားနဲ့ ဘေးကင်းတဲ့ ဆေးသားကိုသာ သုံးစွဲထားပါတယ်။

🌟Early Readers ကလေးငယ်များအတွက် အဆင်ပြေခြင်း
စကားလုံး ရိုးရိုးရှင်းရှင်းနဲ့ စာလုံးကြီးကြီး ရေးသားထားလို့ အင်္ဂလိပ်စာ စတင်လေ့လာနေတဲ့ ကလေးတွေရဲ့ စကားလုံးမှတ်မိနိုင်စွမ်းကို သိသိသာသာ တိုးတက်စေပါတယ်။

🌟ရင်းနှီးလွယ်သော ပုံပြင်ပြောဟန်
"ငါကတော့ ဆင်ကြီးပါ..." စသဖြင့် တိရစ္ဆာန်လေးတွေက သူတို့အကြောင်းကို ကိုယ်တိုင်မိတ်ဆက်တဲ့ ပထမလူ (First-person) ပုံစံမျိုးနဲ့ ရေးသားထားလို့ ကလေးတွေ နားထောင်ရတာ ပိုပြီး ရင်ဘတ်ထဲ ရောက်စေပါတယ်။

🐾 Series တစ်ခုလုံးမှာ ချစ်စရာတိရစ္ဆာန် ၁၆ ကောင် စုံစုံလင်လင် ပါဝင်ပါတယ် -
🐱 Cat (ကြောင်) | 🐶 Dog (ခွေး) | 🐘 Elephant (ဆင်) | 🐸 Frog (ဖား)
🦛 Hippopotamus (ရေမြင်း) | 🐎 Horse (မြင်း) | 🦁 Lion (ခြင်္သေ့) | 🐒 Monkey (မျောက်)
🐼 Panda (ပန်ဒါ) | 🐧 Penguin (ပင်ဂွင်း) | 🐰 Rabbit (ယုန်) | 🦏 Rhinoceros (ကြံ့)
🐑 Sheep (သိုး) | 🐍 Snake (မြွေ) | 🐯 Tiger (ကျား) | 🐢 Turtle (လိပ်)

တစ်အုပ်ကို စာမျက်နှာ ၁၆ မျက်နှာစီ ပါဝင်ပြီး အရောင်အသွေးစုံလင်လှပတဲ့အတွက် မိဘတွေနဲ့ ကလေးတွေ တူတူဖတ်ရင်း အရည်အသွေးရှိတဲ့ မိသားစုအချိန် (Quality Time) ကို ဖြတ်သန်းနိုင်မှာပါ။ စာအုပ်အတုအပ မဟုတ်ဘဲ Original Series စစ်စစ်ကိုမှ ရှာဖွေနေတဲ့ မိဘများအတွက် U Book Store မှာ အဆင်သင့် ရှိနေပါပြီဗျာ ........

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-977221703 ကို ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါပြီ။

"ကလေးများရဲ့ အကောင်းဆုံး ရွေးချယ်ရာ U Book Store ပါ" 💡📖

28/05/2026

ဘယ်တော့မှ အိပ်မပျော်တဲ့ အလုပ်သမားလေးများ။ 🐜💤

"ပုရွက်ဆိတ်တွေက ဘယ်တော့မှ မအိပ်ဘူး" ဆိုတဲ့ စကားကို သားသားမီးမီးတို့ကြားဖူးကြမှာပါ။ တကယ်တော့ ဒါက အမှန်ကြီး မဟုတ်ပါဘူးနော် သူတို့လည်း အိပ်စက်အနားယူကြပါတယ်၊ ဒါပေမဲ့ လူတွေအိပ်သလိုမျိုး ညဘက်ကြီး အကြာကြီး အိပ်ပစ်လိုက်တာမျိုး မဟုတ်ပါဘူး။

🔍ပုရွက်ဆိတ်လေးတွေရဲ့ ထူးခြားပြီး အံ့သြစရာကောင်းတဲ့ အိပ်စက်ခြင်း ပုံစံလေးတွေကတော့... 👇

🔹 တစ်ရေးနိုး အိပ်စက်ခြင်း (Power Naps): ပုရွက်ဆိတ်အလုပ်သမားတွေဟာ တစ်ခါအိပ်ရင် (၁) မိနစ်ကနေ (၅) မိနစ်လောက်အထိပဲ အချိန်တိုလေး ခဏတာ မှေးစက်လေ့ရှိပါတယ်။ 🕒

🔹 တစ်နေ့ကို အကြိမ်ပေါင်း ရာနဲ့ချီ အိပ်တယ်: အဲဒီလို မိနစ်ပိုင်းအိပ်စက်ခြင်းကို တစ်နေ့ထဲမှာတင် အကြိမ်ပေါင်း (၂၅၀) ကနေ (၃၀၀) ကျော်အထိ ခဏခဏ အိပ်ကြတာပါ။ အားလုံး စုစုပေါင်းလိုက်ရင်တော့ တစ်နေ့ကို (၄) နာရီကနေ (၅) နာရီလောက် အိပ်စက်အနားယူကြပါတယ်။ 😴

🔹 ဘုရင်မကြီးရဲ့ အခွင့်ထူး: အသိုက်ထဲက ပုရွက်ဆိတ်ဘုရင်မကြီးကတော့ အလုပ်သမားတွေထက် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ရပါတယ်။ တစ်ခါအိပ်ရင် (၉) မိနစ်လောက် ကြာတတ်ပြီး တစ်နေ့ကို (၉) နာရီအထိ အိပ်စက်ခွင့်ရှိပါတယ်။ ဒါကြောင့်လည်း ဘုရင်မကြီးတွေက အလုပ်သမားပုရွက်ဆိတ်တွေထက် အသက် ပိုရှည်ကြတာပါ။ 👑

ပုရွက်ဆိတ်လေးတွေဟာ တစ်နေကုန် မနားတမ်း အလုပ်လုပ်နေကြပုံ ပေါက်ပေမဲ့၊ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက် ပြန်လည်လန်းဆန်းဖို့အတွက် အချိန်တို Power Naps လေးတွေ ယူပြီး အနားယူတတ်ကြတာ တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ 🧠✨

ဒီနေရာမှာ ကလေးတို့အတွက် အတုယူစရာ လျှို့ဝှက်ချက်လေး ရှိပါတယ်။ ကမ္ဘာပေါ်မှာ အလုပ်အကြိုးစားဆုံးဆိုတဲ့ ပုရွက်ဆိတ်လေးတွေတောင် ခန္ဓာကိုယ်နဲ့ ဦးနှောက် လန်းဆန်းဖို့အတွက် အနားယူခြင်းကို မဖြစ်မနေ လုပ်ကြတာပါ။ ကလေးတို့လည်း ပုရွက်ဆိတ်လေးတွေထက် ပိုတော်ပြီး ထက်မြက်တဲ့ Super Kids လေးတွေ ဖြစ်ဖို့ဆိုရင် ခန္ဓာကိုယ်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးအောင် အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ ပိုတောင် လိုအပ်ပါတယ်နော်။ 🥰

ကမ္ဘာလောကကြီးရဲ့ ထူးဆန်းအံ့သြဖွယ် သဘာဝသိပ္ပံဗဟုသုတတွေနဲ့ ကလေးတို့ရဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွပေးမယ့် သိပ္ပံနဲ့ ဗဟုသုတစာအုပ်ကောင်းမျိုးစုံကိုလည်း U Book Store မှာ အမြဲ ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ 🌍🔬

💎 U Book Store က ကလေးငယ်တွေအတွက် စိတ်ချရတဲ့ နိုင်ငံခြား Authentic Original Book တွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ၁၀၀% ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါတယ်။

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-977221703 ကို ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါပြီ။

"ကလေးများရဲ့ အကောင်းဆုံး ရွေးချယ်ရာ U Book Store ပါ" 💡📖

27/05/2026

စာအုပ်ဖတ်တဲ့ ကလေးတွေက ဘာလို့ ပိုပြီး ကိုယ်ချင်းစာစိတ် ရှိကြတာလဲ?📖❤️

စာအုပ်ဖတ်ခြင်းက ကလေးတွေကို စာတတ်ရုံတင်မကဘဲ သူတစ်ပါးအပေါ် နားလည်ပေးနိုင်တဲ့ "ကိုယ်ချင်းစာစိတ်" (Empathy) ကိုလည်း အလိုအလျောက် ပျိုးထောင်ပေးပါတယ်။ 🫂 ဒါက အရွယ်ရောက်လာတဲ့အခါ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အရေးကြီးဆုံး စိတ်ဓာတ်တစ်ခုပါ။ ✨

ကလေးတွေ ပုံပြင်စာအုပ်တွေ ဖတ်တဲ့အခါ သူတို့ရဲ့ ဦးနှောက်ထဲမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ 🧠

အခြားသူနေရာမှာ ဝင်ခံစားတတ်လာတယ်💭

ဇာတ်ကောင်လေးတွေ ခံစားရတဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို လိုက်ဖတ်ရင်း "သူ့နေရာမှာ ငါဆိုရင်ကော" ဆိုတဲ့ အတွေးမျိုး တွေးတတ်လာပါတယ်။

ကွဲပြားခြားနားမှုတွေကို နားလည်လာတယ်🤝

မတူညီတဲ့ နောက်ခံအကြောင်းအရင်း၊ မတူညီတဲ့ စရိုက်တွေပါတဲ့ ဇာတ်ကောင်လေးတွေကို တွေ့ရတဲ့အခါ မိမိနဲ့မတူတဲ့ သူတပါးကို လက်ခံပေးနိုင်စွမ်း ရှိလာပါတယ်။

ကူညီဖေးမလိုစိတ် ရှိလာတယ်💕

ပုံပြင်ထဲက ဇာတ်လိုက်လေးတွေ ဒုက္ခရောက်နေသူကို ကူညီတာကို မြင်ရတဲ့အခါ အပြင်လောကမှာလည်း သူငယ်ချင်းတွေအပေါ် ပိုပြီး ကြင်နာတတ်လာပါတယ်။

စာအုပ်ဆိုတာ ကလေးတွေအတွက် တစ်ပါးသူရဲ့ ခံစားချက်ကို နားလည်ဖို့ သင်ယူရတဲ့ အကောင်းဆုံး ပြတင်းပေါက်တစ်ခုပါ။ ကလေးကို တော်ရုံတင်မကဘဲ ကြင်နာတတ်တဲ့ ကလေးတစ်ယောက် ဖြစ်စေချင်ရင် စာအုပ်ကောင်းလေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါ။

ကလေးတို့ရဲ့ စိတ်နှလုံးကို နူးညံ့ပျော့ပျောင်းစေမယ့် ကလေးပုံပြင်စာအုပ်ကောင်းတွေကို U Book Store မှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ 📚✨

💎 U Book Store က ကလေးငယ်တွေအတွက် စိတ်ချရတဲ့ နိုင်ငံခြား Authentic Original Book တွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ၁၀၀% ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါတယ်။

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-977221703 ကို ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါပြီ။

"ကလေးများရဲ့ အကောင်းဆုံး ရွေးချယ်ရာ U Book Store ပါ" 💡📖

22/05/2026

🧠ကလေးတို့ရဲ့ မှတ်ဉာဏ်တိုးစေမယ့် လျှို့ဝှက်ချက် (သို့မဟုတ်) 'နှစ်ခြိုက်စွာ အိပ်စက်ခြင်း' 💤✨

U Book Store ရဲ့ ချစ်ခင်ရတဲ့ သားသားမီးမီးတို့ရေ... တစ်နေ့တာလုံးသင်ယူခဲ့ရတဲ့စာတွေဗဟုသုတတွေနဲ့ ကစားနည်းအသစ်တွေကို ဘယ်တော့မှ မမေ့သွားဘဲ ရေရှည်မှတ်မိနေချင်လား။ ဒါဆိုရင်တော့ ကလေးတို့ဆီမှာ မရှိမဖြစ် ရှိရမယ့် Superpower တစ်ခု ရှိပါတယ်။ အဲဒါကတော့ "နှစ်ခြိုက်စွာ အိပ်စက်ခြင်း" ပဲ ဖြစ်ပါတယ်!

ကလေးတို့ အိပ်ပျော်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကြီးက နားနေပေမဲ့ ဦးနှောက်လေးကတော့ ကလေးတို့ သင်ယူခဲ့သမျှတွေကို ရေရှည်မှတ်ဉာဏ်ထဲ ရောက်သွားအောင် မနားတမ်း အလုပ်လုပ်ပေးနေတာပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းက...

🧠 မှတ်ဉာဏ်စနစ်ကို ကောင်းမွန်စေတယ်

တစ်နေ့တာလုံး သင်ယူထားတဲ့ ဗဟုသုတတွေကို ဦးနှောက်ထဲမှာ စနစ်တကျ ကူးယူသိမ်းဆည်းပေးလို့ နောက်နေ့တွေမှာ ပြန်မှတ်မိနေစေတယ်။

💡 တီထွင်ကြံဆမှုကို တိုးတက်စေတယ်

အိပ်ရေးဝဝ အိပ်စက်ခြင်းက ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပိုမိုဆန်းသစ် လန်းဆန်းစေပါတယ်။

💪 ကြီးထွားမှုကို ကူညီပေးတယ်

ကလေးတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက် ဖွံ့ဖြိုးကြီးထွားဖို့အတွက် အိပ်ပျော်နေတဲ့အချိန်မှာ ကြီးထွားဟော်မုန်းတွေ အပြည့်အဝ ထွက်ရှိစေပါတယ်။

ဒါကြောင့်... တော်လည်းတော်မှတ်ညဏ်လည်း ကောင်းတဲ့ Super Kids လေးတွေ ဖြစ်ဖို့ဆိုရင် ညဘက်မှာ ဖုန်းတွေ၊ iPad တွေ ခဏဘေးဖယ်ပြီး စောစောအိပ်စက်ဖို့ လိုတယ်နော်။🥰

💡 ဖေဖေမေမေတို့အတွက် အကြံပြုချက်: ကလေးငယ်တွေကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ လွယ်လွယ်ကူကူ အိပ်ပျော်သွားစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ "မအိပ်ခင် ပုံပြင်ဖတ်ပြခြင်း (Bedtime Reading Routine)" ပဲ ဖြစ်ပါတယ်။

ညဘက် မအိပ်ခင် ဖုန်းကြည့်မယ့်အစား... စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးပြီး စိတ်အေးချမ်းစေမယ့် ရုပ်ပြပုံပြင်စာအုပ်လေးတွေကို အတူတူဖတ်ရင်း အိပ်စက်ခြင်း အလေ့အထကောင်းကို ပျိုးထောင်ပေးလိုက်ပါ။

💎 U Book Store က ကလေးငယ်တွေအတွက် စိတ်ချရတဲ့ နိုင်ငံခြား Authentic Original Book တွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ၁၀၀% ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါတယ်။

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-977221703 ကို ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါပြီ။

"ကလေးများရဲ့ အကောင်းဆုံး ရွေးချယ်ရာ U Book Store ပါ" 💡📖

Habits

21/05/2026

"သားသားမီးမီးတို့ရဲ့ ပညာရေးအခြေခံကောင်းဖို့ Little Learner Pack နဲ့ စတင်လိုက်ကြရအောင်။ 🌟"

ဖေဖေမေမေတို့ရေ… အသက် (၃) နှစ်ကနေ (၅) နှစ်အရွယ်ဆိုတာ သားသားမီးမီးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး အမြန်ဆုံးနဲ့ အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်တဲ့ "ရွှေရောင်အချိန်ကာလ" ပဲဖြစ်ပါတယ်။

စာကျက်ခိုင်းရင် ပျင်းနေတတ်တဲ့ သားသားမီးမီးတို့ကို ဖုန်းမျက်နှာပြင် (Screen) ရှေ့မှာ အချိန်ကုန်မခံစေဘဲ၊ လက်တွေ့ကိုင်တွယ်ကစားရင်း ဉာဏ်ရည်ထက်မြက်လာစေဖို့ Creative ကထုတ်တဲ့ "Little Learner's Pack (Part 1, 2, 3)" Complete Set လေးကို U Book Store ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ✨

ပုံမှန်စာအုပ်တွေနဲ့မတူဘဲ ဗူးတစ်ဗူးချင်းစီမှာ ကစားနည်းပေါင်း (၅) မျိုးစီ ပါဝင်တဲ့ "5 in One" Educational Activity Pack ဖြစ်ပြီး၊ Early Learning Experts (ကလေးပညာရေးကျွမ်းကျင်သူများ) ကိုယ်တိုင် စနစ်တကျ ဒီဇိုင်းထုတ်ပေးထားတာမို့ ကလေးတို့ရဲ့ အရွယ်အလိုက် ဖွံ့ဖြိုးမှုကို အပြည့်အဝ အထောက်ကူပေးနိုင်မှာပါ။

Part တစ်ခုချင်းစီမှာ ဘာတွေပါဝင်မလဲဆိုရင်တော့ 👇

📦 Part 1: အခြေခံမှတ်သားမှုစွမ်းရည်

ကလေးငယ်များ ပတ်ဝန်းကျင်ကို စတင်မှတ်သားဖို့နဲ့ အမြင်အာရုံ စူးစိုက်မှုအတွက် အခြေခံဂိမ်း (၅) မျိုး။

🔺 Shape Match: ပုံသဏ္ဌာန်များ ခွဲခြားခြင်း။

🧠 Memory Match: မှတ်ဉာဏ်စွမ်းရည်မြှင့်ဂိမ်း။

🌻 Colour Match: အရောင်ချင်း တူရာတွဲစပ်ခြင်း။

🐔 Jigsaw Puzzles: ကလေးတို့အကြိုက် တိရစ္ဆာန်ပုံစံ 4-graded puzzles။

🎒 Goes Together: အခြေခံ ကျိုးကြောင်းဆင်ခြင်မှု။

📦 Part 2: အခြေခံသင်္ချာနှင့် ဝေါဟာရစွမ်းရည်

ဦးနှောက်စွမ်းရည်နဲ့ ဘာသာစကားအခြေခံကို ပိုမိုမြှင့်တင်ပေးမယ့် ဂိမ်း (၅) မျိုး။

🎈 Number Match: လက်တွေ့ရေတွက်ပြီး ဂဏန်းနှင့် တွဲစပ်ခြင်း။

🦁 Memory Match (Shadow): ရုပ်ပုံအစစ်နှင့် အမည်းရောင်အရိပ်ကို တွဲစပ်ခြင်း။

🌱 What's Next?: Logical Thinking (ကျိုးကြောင်းဆင်ခြင်မှု) ကို တိုးတက်စေခြင်း။

🐻 Jigsaw Puzzles: ဝက်ဝံ၊ ကျား အစရှိတဲ့ 5-graded puzzles လေးများ။

🍎 Alphabet Match: အင်္ဂလိပ်အက္ခရာနှင့် ရုပ်ပုံတွဲစပ်ရင်း ဝေါဟာရမှတ်မိစေခြင်း။

📦 Part 3: အဆင့်မြင့်တွေးခေါ်မှုနှင့် စကားပြောစွမ်းရည်

စကားပြောစွမ်းရည်နဲ့ အသေးစိတ်စူးစမ်းလေ့လာနိုင်စွမ်းကို မြှင့်တင်ပေးမယ့် ဂိမ်း (၅) မျိုး။

🦁Animal Families & Homes: တိရစ္ဆာန်မိသားစုနှင့် ၎င်းတို့၏အိမ်ကို တွဲစပ်ခြင်း။

🔍 What's Different?: ရုပ်ပုံနှစ်ခုထဲက ကွဲပြားချက်ကို ရှာဖွေပြီး အာရုံစူးစိုက်မှုမြှင့်ခြင်း။

🏠 Rhyming Words: အသံထွက်ဆင်တူတာလေးတွေ တွဲရင်း Phonics အခြေခံရစေခြင်း။

🐢 Jigsaw Puzzles: လိပ်နှင့် ကြယ်ငါးပုံစံ 5-graded puzzles များ။

📖Story Telling: ပုံပြင်ကတ်ပြားလေးတွေနဲ့ ကလေးကိုယ်တိုင် ပုံပြင်ပြန်ပြောနိုင်စွမ်းကို မြှင့်တင်ပေးခြင်း။

💡 Little Learner's Pack ကနေ သားသားမီးမီးတို့အတွက် ဘာတွေအကျိုးရှိမလဲ။

ဉာဏ်ရည်နှင့် မှတ်ဉာဏ်စွမ်းရည် မြင့်မားခြင်း: အရောင်၊ ပုံသဏ္ဌာန်၊ ဂဏန်းနဲ့ အရိပ်တွေကို တူရာတွဲစပ်ကစားရတာမို့ ကလေးတို့ရဲ့ ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်ပေးပြီး မှတ်ဉာဏ်စွမ်းရည်ကို သိသိသာသာ တိုးတက်စေပါတယ်။

အာရုံစူးစိုက်မှု ပိုကောင်းလာပြီး Jigsaw Puzzles တွေ ညှပ်ခြင်းနဲ့ ပုံတူရှာခြင်း ကစားနည်းတွေက ကလေးကို စိတ်ရှည်ပြီး တစ်ခုခုကို အာရုံစိုက်လုပ်တတ်တဲ့ အလေ့အထကောင်းကို ရရှိစေပါတယ်။

ဘာသာစကားနှင့် Phonics အခြေခံရရှိခြင်း

အင်္ဂလိပ်အက္ခရာ ဝေါဟာရတွေအပြင် Rhyming Words အသံထွက်ဂိမ်းတွေ ပါဝင်လို့ Phonics အခြေခံကို ပျော်ပျော်ရွှင်ရွှင် မှတ်မိသွားစေမှာပါ။

💎 U Book Store က ကလေးငယ်တွေအတွက် စိတ်ချရတဲ့ နိုင်ငံခြား Authentic Original Activity Pack တွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ၁၀၀% ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-977221703 ကို ဆက်သွယ်၍ ဖြစ်စေ အခုပဲ မှာယူနိုင်ပါပြီ။

"ကလေးများရဲ့ အကောင်းဆုံး ရွေးချယ်ရာ U Book Store ပါ" 💡📖

15/05/2026

စိတ်ကူးသစ်တွေကို နှိုးဆွပေးမယ့် Cat Kid Comic Club (Book 1-5) 🎨✨

မိဘတိုင်းက ကိုယ့်ရဲ့ သားသားမီးမီးတို့ကို တီထွင်ဖန်တီးနိုင်စွမ်း (Creativity) အပြည့်ရှိတဲ့ ကလေးငယ်တွေ ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ "ဖန်တီးမှု" ဆိုတာကို ဘယ်ကနေ အစပြုရမလဲဆိုတာ ကလေးတွေအတွက် တစ်ခါတလေ ခက်ခဲနေတတ်ပါတယ်၊၊

💡ဒီအခက်အခဲကို ပျော်ပျော်ပါးပါး ဖြေရှင်းပေးဖို့အတွက် ကမ္ဘာကျော် Dog Man စာရေးဆရာ Dav Pilkey ရဲ့ လက်ရာ Cat Kid Comic Club (Book 1-5) စာအုပ်တွဲလေး ရှိနေပါပြီ! 📚🌟

ဒီစာအုပ်စီးရီးဟာ စာဖတ်ဝါသနာပါရုံတင်မကဘဲ ကိုယ်ပိုင်ဖန်တီးမှုတွေကို ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော်ချင်လာအောင် နှိုးဆွပေးမယ့် အကောင်းဆုံး လက်ဆောင်တစ်ခုပဲ ဖြစ်ပါတယ်။

Cat Kid Comic Club ထဲမှာ ဘာတွေရှိမလဲ? 🤔

ဒီစာအုပ်လေးတွေဟာ ကလေးတွေကို Comic (ရုပ်ပြ) ရေးဆွဲနည်းတွေကို ပျော်စရာကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ သင်ကြားပေးတာပါ။ ဇာတ်လမ်းထဲမှာ Li’l Petey (Cat Kid) နဲ့ သူငယ်ချင်း Molly တို့က စိတ်အားထက်သန်နေတဲ့ ဖားလေး ၂၁ ကောင်ကို ကိုယ်ပိုင် Comic တွေ ဖန်တီးနိုင်အောင် ဦးဆောင်ပေးသွားမှာဖြစ်ပါတယ်။

ဘာကြောင့် ဖတ်သင့်တာလဲ? ✨

ဒီစာအုပ်ရဲ့ အဓိက သတင်းစကားက "ပြီးပြည့်စုံနေဖို့ မလိုဘူး၊ စတင်ဖို့ပဲ လိုတယ်" ဆိုတာပါပဲ။ ကလေးတွေအနေနဲ့ အမှားလုပ်မိမှာကို မကြောက်ဘဲ ကိုယ့်ရဲ့ စိတ်ကူးတွေကို လွတ်လပ်စွာ ပုံဖော်တတ်လာစေမှာ ဖြစ်ပါတယ်။

စာအုပ်တစ်အုပ်ချင်းစီမှာ ဘယ်လို ထူးခြားချက်တွေ ပါဝင်မလဲဆိုတာ ကြည့်လိုက်ရအောင်နော် 🔎🌈

📘 Book 1: Cat Kid Comic Club – Comic Club လေး စတင်ဖြစ်ပေါ်လာပုံနဲ့ ဖားလေးတွေရဲ့ ပထမဆုံး ဖန်တီးမှုတွေ။

📙 Book 2: Perspectives – အရာရာကို ရှုထောင့်ပေါင်းစုံကနေ ကြည့်တတ်ဖို့နဲ့ ကိုယ်ပိုင်ဟန်ကို ရှာဖွေနည်း။

📗 Book 3: On Purpose – အားမလျှော့ဘဲ ရည်မှန်းချက်ရှိရှိ ကြိုးစားခြင်းရဲ့ အကျိုးကျေးဇူးတွေ။

📕 Book 4: Collaborations – အားလုံးစုပေါင်းပြီး ဖန်တီးတဲ့အခါ ထွက်ပေါ်လာမယ့် အံ့မခန်း စွမ်းအင်တွေ။

📒 Book 5: Influencers – ကိုယ့်ရဲ့ ဖန်တီးမှုတွေက တခြားသူတွေအပေါ် ဘယ်လို အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိလဲဆိုတာ။

ဒီစာအုပ် (၅) အုပ်လုံးမှာ Photography, Claymation, Watercolor နဲ့ လက်လှုပ်ရုပ်ပြပုံစံမျိုးစုံ ပါဝင်လို့ ကလေးတွေအတွက် ဖတ်ရတာ ဘယ်တော့မှ ငြီးငွေ့စရာမရှိဘဲ စိတ်ကူးသစ်တွေကို အမြဲပေးစွမ်းနေမှာပါပဲ။ 🎨🖌️✨

💎 U Book Store က နိုင်ငံခြား Authentic Original Book တွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ၁၀၀% ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါတယ်။

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-977221703 ကို ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါပြီ။

"ကလေးများရဲ့ အကောင်းဆုံး ရွေးချယ်ရာ U Book Store ပါ" 💡📖

11/05/2026

"Knowledge Safari: ကစားရင်းသင်ယူမယ့် ကလေးတို့ရဲ့ ဗဟုသုတ ရတနာသိုက် 🧩🌍✨"

အပျင်းပြေဂိမ်းလဲဆော့ချင်တယ် ဗဟုသုတလဲရမယ့် Board Game မျိုးကို ရှာနေပါသလား ❓

ဒါဆိုရင်တော့ U Book Store ကနေပြီး ကစားရင်းနဲ့ သိပ္ပံ၊ ပထဝီနဲ့ General Knowledge တွေကို ပျော်ပျော်ပါးပါး လေ့လာနိုင်မယ့် Knowledge Safari Board Game လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Board Game လေးမှာ အထွေထွေဗဟုသုတတွေကို ကစားနည်းပုံစံနဲ့ ထုတ်ထားတာကြောင့် ကလေးတွေအတွက် ပျင်းရိငြီးငွေ့စရာမလိုဘဲ ဗဟုသုတတွေကို အလိုလိုမှတ်မိသွားစေမှာပါ။ ဒီ Board Game လေးမှာတော့ Part 1 နဲ့ Part 2 ဆိုပြီး အမျိုးအစား(၂)မျိုးရှိပါတယ်။

📍 Knowledge Safari (Part 1) မှာတော့ မေးခွန်းနဲ့ အဖြေပေါင်း (၇၂၀) ပါဝင်ပြီး ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအကြောင်းနဲ့ လူသားတို့ရဲ့ ယဉ်ကျေးမှု၊ တိုးတက်မှု သမိုင်းကြောင်းတွေကို အဓိကထား ဉာဏ်စမ်းရမှာဖြစ်ပါတယ်။

ညဏ်စမ်းရမယ့် အကြောင်းအရာတွေကတော့
🎨 Arts, Movies & Philosophies: အနုပညာ၊ ရုပ်ရှင်နှင့် အတွေးအခေါ်ဆိုင်ရာများ
⚽ Sports: ကမ္ဘာ့အားကစားလောကမှ စိတ်လှုပ်ရှားဖွယ် မှတ်တမ်းများ
💡 Inventions & Explorations: ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သည့် တီထွင်မှုများနှင့် စူးစမ်းရှာဖွေသူများ
⚖️ History & Politics: သမိုင်းဝင် အဖြစ်အပျက်များနှင့် နိုင်ငံရေးဖြစ်စဉ်များပဲဖြစ်ပါတယ်။

📍 Knowledge Safari (Part 2) မှာလည်း မေးခွန်းနဲ့ အဖြေပေါင်း (၇၂၀) ပါဝင်ပြီး ကမ္ဘာ့ပထဝီဝင်နဲ့ သဘာဝတရားရဲ့ အံ့ဖွယ်တွေဆီကို ဦးတည်ပြီး ကလေးတွေကို အိမ်ထဲမှာတင် ထိုင်နေရင်း ကမ္ဘာပတ်ရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ညဏ်စမ်းရမယ့် အကြောင်းအရာတွေကတော့
🌊 Continents and Oceans: တိုက်ကြီးများနှင့် သမုဒ္ဒရာများ၏ ထူးခြားချက်များ
🏙️ Countries and Cities: ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ထင်ရှားသော မြို့ကြီးများ
🗼 Famous Tourist Places: ကမ္ဘာ့အံ့ဖွယ်နေရာများနှင့် ခရီးသွားဆွဲဆောင်မှုရှိသော Landmarks များ
🏔️ Earth’s Extremes: ကမ္ဘာပေါ်ရှိ အမြင့်ဆုံး၊ အနက်ဆုံးနှင့် အထူးခြားဆုံး သဘာဝအံ့ဖွယ်များပဲဖြစ်ပါတယ်။

U Book Store က နိုင်ငံခြား Authentic Original စာအုပ်နဲ့ Origianl Game Boardတွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။

✨ မှာယူလိုပါက: 💬 page Messenger သို့ စာပို့နိုင်သလို
☎️ Phone Number: 09977221703 သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်။

"ကလေးများအတွက် အကောင်းဆုံးရွေးချယ်ရာ - U Book Store ပါ" 💡

06/05/2026

🌟 စာဖတ်ခြင်းက ကလေးတွေအတွက် ပေးစွမ်းတဲ့ ကောင်းကျိုး (၅) ချက်

၁။ ဝေါဟာရကြွယ်ဝပြီး စကားပြောစွမ်းရည် တိုးတက်ခြင်း 🗣️

စာအုပ်များများဖတ်ပေးတဲ့ကလေးဟာ သူများထက် စကားလုံးအသစ်တွေကို ပိုသိလာပါတယ်။ ဒါဟာ ကျောင်းသင်ခန်းစာတွေမှာသာမက တစ်ဖက်လူနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာပါ ယုံကြည်မှုရှိစေပါတယ်။

၂။ စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားလာခြင်း 🎨

ပုံပြင်စာအုပ်တွေထဲက ဇာတ်ကောင်တွေ၊ နေရာဒေသတွေအကြောင်း ဖတ်ရတဲ့အခါ ကလေးတွေရဲ့ ဦးနှောက်ဟာ မြင်ယောင်ကြည့်ရင်း စိတ်ကူးသစ်တွေကို ဖန်တီးတတ်လာပါတယ်။ ဒါဟာ ပြဿနာဖြေရှင်းနိုင်စွမ်းကိုပါ အထောက်အကူပြုပါတယ်။

၃။ အာရုံစူးစိုက်မှု (Concentration) ပိုကောင်းလာခြင်း 🧘‍♂️

စာဖတ်တဲ့အခါ ဇာတ်လမ်းကို နားလည်ဖို့အတွက် ငြိမ်ငြိမ်လေး အာရုံစိုက်ရပါတယ်။ ဒီအလေ့အကျင့်က ကလေးတွေကို အခြားအလုပ်တွေ လုပ်တဲ့အခါမှာလည်း အာရုံစူးစိုက်မှု အားကောင်းလာစေပါတယ်။

၄။ ကိုယ်ချင်းစာစိတ်ရှိပြီး စိတ်နှလုံး နူးညံ့လာခြင်း ❤️

စာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ ခံစားချက်၊ အခက်အခဲတွေကို ဖတ်ရှုရခြင်းက ကလေးတွေကို သူတစ်ပါးအပေါ် ကိုယ်ချင်းစာတတ်ဖို့နဲ့ လောကကြီးကို အမြင်ကျယ်ကျယ် ကြည့်တတ်ဖို့ သင်ကြားပေးပါတယ်။

၅။ မိဘနဲ့ သားသမီးကြား သံယောဇဉ် ပိုမိုခိုင်မြဲစေခြင်း ✨👩‍👦

ညအိပ်ရာဝင် ပုံပြင်ဖတ်ပြတာ ဒါမှမဟုတ် အတူတူ စာဖတ်တာဟာ ကလေးအတွက် လုံခြုံမှုနဲ့ နွေးထွေးမှုကို ပေးပါတယ်။ ဒါဟာ ငွေကြေးနဲ့ ဝယ်လို့မရတဲ့ အဖိုးတန် Quality Time လေးပဲ ဖြစ်ပါတယ်။

"ကလေးများရဲ့အကောင်းဆုံးရွေးချယ်ရာ 𝑼 𝑩𝒐𝒐𝒌 𝑺𝒕𝒐𝒓𝒆 ပါ " 💡

✨စာအုပ်လေးတွေ ကိုမှာယူချင်တယ်ဆိုရင်တော့ page messenger နဲ့

☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 – 09977221703 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။

01/05/2026

"အလုပ်သမားနေ့"

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အား ကြိုဆိုပါသည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 1110, Tower(B), Myaing Hay Wun Condo, 8th Miles Mayangone Township
Yangon
11181

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30