Supreme Broadway Institute - SBI

Supreme Broadway Institute - SBI

Share

Media Broadway Institute

Those who like to become actors, actress and supporting actors...

Its the door to your dream of first Oscar Night!!

14/06/2026

လူအများအမြင်မှာတော့ "သရုပ်ဆောင်တယ်" ဆိုတာ ဒါရိုက်တာ ခိုင်းတဲ့အတိုင်း ငိုပြ၊ ရယ်ပြ၊ စိတ်ဆိုးပြရုံပဲလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ့် Professional Actor တစ်ယောက် ဖြစ်ဖို့ဆိုရင် အပေါ်ယံ အမူအရာတွေထက် ပိုမိုနက်ရှိုင်းတဲ့ အရည်အချင်း (၃) ခု ရှိဖို့ လိုအပ်ပါတယ်။

ဒီနေ့မှာတော့ SBI ကနေပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကို မျှဝေပေးသွားပါမယ်။ 👇

၁။ Listening Skill (တကယ် နားထောင်ခြင်း)
သရုပ်ဆောင်ကောင်းတွေဟာ ကိုယ့် Script (ဇာတ်ညွှန်း) ကိုပဲ အာရုံစိုက်နေတာမဟုတ်ဘဲ မျက်နှာချင်းဆိုင်က တွဲဖက်သရုပ်ဆောင်ရဲ့ အသံ၊ လေယူလေသိမ်းနဲ့ ခံစားချက်တွေကို တကယ် အာရုံစိုက် နားထောင်ကြပါတယ်။ ဒါမှသာ အပြန်အလှန် ပေးလိုက်၊ ပြန်ရလိုက်နဲ့ သဘာဝကျတဲ့ အမူအရာ (Natural Reaction) ထွက်လာမှာ ဖြစ်ပါတယ်။

၂။ Body Language (ခန္ဓာကိုယ်လှုပ်ရှားမှုဖြင့် စကားပြောခြင်း)
တစ်ခါတလေမှာ စကားတစ်လုံးမှ မပြောဘဲနဲ့ မျက်မှောင်ကြုတ်လိုက်တာ၊ လက်ချောင်းလေးတွေ တုန်ခါသွားတာ၊ လမ်းလျှောက်တဲ့ ပုံစံပြောင်းသွားတာမျိုးတွေက ဇာတ်ကောင်ရဲ့ ခံစားချက်ကို ပရိသတ်ဆီ ပိုရောက်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို စနစ်တကျ ထိန်းချုပ်ပြီး သရုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

၃။ Empathy (ဇာတ်ကောင်ရဲ့ နေရာမှာ ဝင်ခံစားခြင်း)
ကိုယ့်ရဲ့ ကိုယ်ပိုင် Ego (အတ္တ) တွေကို ခဏဘေးဖယ်ထားပြီး "ငါသာ ဒီဇာတ်ကောင်နေရာမှာဆိုရင်..." ဆိုတဲ့ စိတ်နဲ့ သူ့ရဲ့ နောက်ခံသမိုင်း၊ သူ့ရဲ့ နာကျင်မှုတွေကို ရင်ဘတ်ထဲကနေ တကယ် နားလည်ပေးနိုင်ရပါမယ်။ ဒါမှသာ ပရိသတ် ရင်ထဲကို ငိုရင်လည်း တကယ်ငိုအောင်၊ ရယ်ရင်လည်း တကယ်ရယ်အောင် ဆွဲခေါ်နိုင်မှာပါ။
"သရုပ်ဆောင်ခြင်းဆိုတာ ဟန်ဆောင်တာမဟုတ်ပါဘူး။ တခြားလူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်ရောက်ပြီး အမှန်တရားကို ပုံဖော်ပေးတာ ဖြစ်ပါတယ်။"

သရုပ်ဆောင်ပညာဆိုတာလွယ်မလိုနဲ့ခက်သလို နည်းပေးလမ်းပြသာရှိရင် ခက်မလိုနဲ့ လွယ်တဲ့ ပညာရပ်ကြီးတစ်ခုပါပဲ။ ဒီလိုပညာရပ်တွေကို နှစ်ပေါင်းများစွာ ကိုယ်တိုင်လေ့လာကျင့်သုံးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး အန်တီဒေါ်မြင့်မြင့်ခိုင်က ပညာအစုံ အိတ်သွန်ဖာမှောက် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်ယူလိုစိတ်ရှိတဲ့ ဝါသနာရှင်တိုင်းအတွက် SBI ရဲ့ "Professional Acting Master Class"က ကူညီပံ့ပိုးပေးဖို့ အမြဲအသင့်ရှိနေပါတယ်နော်။✨

📩 သင်တန်းအသေးစိတ်ကို Messenger (သို့) 09786666602, 09786666605 ကနေ တစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

#အနုပညာသင်တန်းကျောင်း #မြင့်မြင့်ခိုင်

09/06/2026

သရုပ်ဆောင်ခြင်း အနုပညာဆိုတာ ဘာလဲ...?💛

သရုပ်ဆောင်ခြင်းအနုပညာဆိုတာ ကိုယ်က လူတစ်ယောက်ရဲ့နေရာကို အစားဝင်ခံစားပေးလိုက်ခြင်းပါပဲ။ ၁၀၀ရာခိုင်နှုန်း ကိုယ်ချင်းစာပေးနိုင်မှပဲ စစ်မှန်တဲ့ သရုပ်ဆောင်မှုက ထွက်ပေါ်လာမှာပါ။ သရုပ်ဆောင်တစ်ယောက်အတွက် အခြားလူတစ်ယောက်အနေနဲ့သရုပ်ဆောင်ရတဲ့အခါ ကာရိုက်တာတစ်ခုကို ကိုယ်တိုင်က နစ်မြောနိုင်မှပဲ ပရိသတ်ကလည်းလိုက်ပါနစ်မြောနိုင်မှာပဲဖြစ်ပါတယ်။ 💯💯

လူငယ်တွေတော်တော်များများမှာတွေ့နေရတာက “လုပ်”ပြီး သရုပ်ဆောင်ခြင်းပါပဲ။ ဒေါသထွက်ပြတာ၊ ချစ်ပြတာ၊ ငိုပြတာ၊ ကိုယ်တိုင်ကဇာတ်ကောင်နဲ့ တစ်သားတည်းမကျတဲ့အခါ ကိုယ့်ရဲ့သရုပ်ဆောင်မှုတွေမှာ ပရိသတ်တွေက လိုက်ပါမစီးမြောနိုင်တော့ဘဲ Over Acting ကြီးတစ်ခုဖြစ်လာပါတော့တယ်။

ဒါတွေမဖြစ်ရအောင် ဘယ်တွေလိုအပ်နေတာလဲ... ❓
ဘာတွေလေ့ကျင့်ဖို့လိုနေတာလဲ... ❓
ပုံမှန်လေ့ကျင့်နေပေမယ့် ဒီအတိုင်းပဲဖြစ်နေတာ ဘာကြောင့်လဲ... ❓

ဒီမေးခွန်းတွေအတွက် SBI မှာ သေချာတဲ့အဖြေနဲ့ တိကျတဲ့ ပံ့ပိုးမှုနည်းလမ်းတွေ ရှိနေပါတယ်။ ဒါကြောင့် SBI ရဲ့ "Professional Acting Master Class" ကို အခုပဲ စာရင်းသွင်းလိုက်ပါ။

SBI မှာ သင်ကြားပေးမယ့် ပညာရှင်တွေကတော့…🌟🌟

အကယ်ဒမီများရှင် အန်တီဒေါ်မြင့်မြင့်ခိုင်ဦးစီးပြီး၊ စားရေးဆရာမတက္ကသိုလ်ယဉ်ယဉ်လဲ့၊ မင်းသားမင်းတော်ဝင် အပြင် အခြားဝါရင့်သမ္ဘာရင့် အနုပညာရှင် များကလည်း Guest Lecturer အနေဖြင့် ပါဝင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📩 သင်တန်းအသေးစိတ်ကို Messenger (သို့) 09786666602, 09786666605 ကနေ တစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

#အနုပညာသင်တန်းကျောင်း #မြင့်မြင့်ခိုင်

08/06/2026

"နေဝင်ချိန် ဆိုတာ ရှောင်လွှဲလို့မရတဲ့ လောကရဲ့ နိယာမတစ်ခုပဲ..."

ငယ်ရွယ်နုပျိုမှု၊ အောင်မြင်မှုနဲ့ နာကျင်မှုတွေကို လောကကြီးထဲ ချန်ထားရစ်ပြီး ဘဝရဲ့ နေဝင်ချိန်နေ့ရက်တွေကို ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေရတဲ့ အသက် ၈၀ နီးပါးအရွယ် အမျိုးသမီးကြီး နှစ်ဦး...။ သူတို့ရဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေဟာ အိုမင်းခြင်းရဲ့ ပြယုဂ်သက်သက်မဟုတ်ဘဲ ချစ်ခြင်း၊ မုန်းခြင်း၊ နာကျင်ခြင်း၊ ပျော်ရွှင်ခြင်းတွေပါတဲ့ ဘဝခရီးကို ဖြတ်သန်းခဲ့ရတဲ့ သမိုင်းစာမျက်နှာတွေ ဖြစ်နေတဲ့အခါ... 📖

နေဝင်ချိန်ကို အလှဆုံးပြုံးထားမယ် ဇာတ်ကားကြီးကို လူငယ်ဒါရိုက်တာ မင်းဆက်သစ်က တစ်ခေတ်တစ်ခါက ပရိသတ်တွေချစ်ရတဲ့ လေးစားဂုဏ်ယူရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးတွေဖြစ်သလို အခုထိလည်း ပရိသတ်ရင်ထဲချစ်နေရတုန်းဖြစ်တဲ့ အကယ်ဒမီများရှင် အန်တီ မြင့်မြင့်ခိုင်၊ အကယ်ဒမီများရှင် အန်တီချိုပြုံးတို့နဲ့အတူ ဖန်တီးတင်ဆက်သွားမှာဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ နောက်ဆုံး နေဝင်ချိန်တွေကို ပညာရည်ပြည့်ဝလွန်းတဲ့ ဒီအကယ်ဒမီများရှင်အမျိုးသမီးကြီးတွေက ပရိသတ်ရင်ဘတ်ထဲရောက်အောင် အနုပညာရသအစစ်ကို ဘယ်လိုထုတ်ဖော်ပြသသွားမလဲဆိုတာကိုတော့ မကြာခင်မြင်ကြရတော့မှာပါ။ ချစ်ရတဲ့ အကယ်ဒမီများရှင်တွေရဲ့ Come Back ကြီးကို အားလုံးပဲ စောင့်မျှော်အားပေးကြပါဦးနော်။

#နေဝင်ချိန်မှာအလှဆုံးပြုံးထားမယ် #ရုပ်ရှင်ဇာတ်ကားသစ်ကြီး

31/05/2026
Photos from Supreme Broadway Institute - SBI's post 31/05/2026

ကျွန်မတို့ SBI ရဲ့ Founder အကယ်ဒမီးများရှင် အန်တီမြင့်မြင့်ခိုင်ဆိုတာ အနုပညာအလုပ်ကို အရမ်းချစ်မြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။ အန်တီကိုယ်တိုင်က ကိုယ့်ရဲ့ ဝါသနာတွေကို ဖြစ်ထွန်းစေချင်တဲ့ စိတ်စေတနာတွေထည့်ပြီး ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေး၊ လေ့ကျင့်ပေးရင်း ကိုယ်ပျိုးတဲ့ပန်းတွေဘယ်လောက်ထိ အစွမ်းကုန်ပွင့်လန်းနိုင်မလဲဆိုတာစောင့်ကြည့်ရင်း ပီတိဖြစ်တဲ့သူပါ။ ❤️❤️

ဒါကြောင့် အနှစ်နှစ်အလလက ရရှိလာခဲ့တဲ့ အတွေ့အကြုံတွေကို ပညာအမွေပေးရင်း အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နိုင်အောင် လမ်းညွှန်ပေးဖို့ SBI ရှိနေပါပြီ။ ကိုယ်တိုင်ရော အနုပညာရှင်ဖြစ်ချင်တာသေချာပြီလား...🔥🔥

သေချာပြီဆိုရင်တော့ အနုပညာအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခုပဲ SBI အနုပညာသင်တန်းကျောင်းမှာ စုံစမ်းစာရင်းပေးသွင်းလိုက်ပါနော်။

📩 အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်း 09785051066, 09786666602 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Photos from Supreme Broadway Institute - SBI's post 30/05/2026

SBI ရဲ့ ပျော်ပျော်ပါးပါး သရုပ်ဆောင်အတန်းအသစ်လေး Day (1) ❤️❤️

သင်တန်းဆိုတာထက် ပညာအမွေလက်ဆင့်ကမ်းပေးချင်တဲ့ စိတ်စေတနာကိုအဓိကထားပြီး ဖွင့်လှစ်ထားတဲ့ ဒီ SBI က Star တွေကိုမွေးထုတ်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီနော်။

အနုပညာအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခုပဲ SBI အနုပညာသင်တန်းကျောင်းမှာ စုံစမ်းစာရင်းပေးသွင်းလိုက်ပါ။

📩 အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်း 09785051066, 09786666602 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

23/05/2026

အနုပညာ Star တွေကိုမွေးထုတ်ပေးနေတဲ့ SBI ရဲ့ သင်တန်းဆင်း ပရိသတ်အချစ်တော် မင်းသားတွေက ဘယ်သူတွေလဲ….?

ဓမ္မဝိလာပဇာတ်ကားကြီးနဲ့ ပထမဆုံးပွဲဦးထွက်ခဲ့ပြီး ဇာတ်လမ်းတွဲတွေနဲ့ဇာတ်ကားတွေမှာ ပရိသတ်ချစ်ခင်မှုရခဲ့တဲ့ မင်းသား မင်းတော်ဝင်၊
MRTV 4 ဇာတ်လမ်းတွဲတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မင်းသား သာထက်ဉာဏ်ဇော် တို့အပြင် နှစ်စဉ် ရွှေကြိုပါဝင်နိုင်ခဲ့သူတွေ၊ အခြားတက်သစ်စ သရုပ်ဆောင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်မတို့ SBI အနုပညာသင်တန်းကျောင်းမှ အရမ်းကို ဂုဏ်ယူပီတိဖြစ်ရပါတယ်ရှင်။

သင့်ရဲ့ အနုပညာအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခုပဲ SBI အနုပညာသင်တန်းကျောင်းမှာ စုံစမ်းစာရင်းပေးသွင်းလိုက်ပါ။

📩 အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်း 09785051066, 09786666602 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

20/05/2026

Skynet ကစီစဉ်တင်ဆက်ခဲ့သော ဇာတ်ကားကောင်း ဇာတ်ကားဟောင်းတစ်ကားဖြစ်တဲ့ "ဓမ္မဝိလာသ" ဇာတ်ကားကြီးမှာ ကျွန်မတို့ SBI ရဲ့ သင်တန်းသားများက ပါဝင်အားဖြည့်ပေးထားပါတယ်ရှင်။ အမှတ်တရအဖြစ် "ဓမ္မဝိလာသ" ဇာတ်ကား ထဲက SBI သင်တန်းသားတွေရဲ့ မှတ်မှတ်ရရ အခန်းလေးတွေကို အမှတ်တရအဖြစ် တင်လိုက်ရပါတယ်နော်။ ❤️❤️

သင့်ရဲ့ အနုပညာအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခုပဲ SBI အနုပညာသင်တန်းကျောင်းမှာ စုံစမ်းစာရင်းပေးသွင်းလိုက်ပါ။

📩 အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် ဖုန်း 09786666605, 09786666602 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

15/05/2026

အကယ်ဒမီများရှင် မြင့်မြင့်ခိုင် နှင့်အတူ သရုပ်ဆောင်လောကထဲကို ခြေလှမ်းစလိုက်ရအောင်! 🌟

မောင်လေး၊ ညီမလေးတွေအနေနဲ့ အနုပညာကို ဝါသနာပါပြီး သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ အခွင့်အရေးကို စောင့်မျှော်နေပါတယ်ဆိုရင်တော့ SBI ကပေးတဲ့ ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချဖို့လိုနေပါပြီ။

အန်တီမြင့်မြင့်ခိုင်နှင့်အတူ ဝါရင့်အနုပညာရှင်ကြီးများကိုယ်တိုင် အနီးကပ်သင်ကြားပြသပေးမယ့်"Professional Acting Master Class" မှာ ကျောင်းအပ်ပြီး အတော်ဆုံးအနုပညာရှင်ဖြစ်ဖို့ စတင်လိုက်ပါ။

ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲ?

• 🎭 Acting Techniques - ပီပြင်တဲ့ သရုပ်ဆောင်မှု နည်းစနစ်များ

• 🎙️ Voice & Speech - အသံနေအသံထားနှင့် စကားပြောလေ့ကျင့်ခန်းများ

• 📸 Camera Performance - ကင်မရာရှေ့မှာ ယုံကြည်မှုရှိရှိ သရုပ်ဆောင်နည်း

• 👥 One-on-One Mentorship - တစ်ဦးချင်း အနီးကပ် လမ်းညွှန်မှုများ

• 🎬 Industry Insights - အနုပညာလောကရဲ့ အတွေ့အကြုံကောင်းများ

🔥 Special Offer!
မေလအတွင်း စာရင်းသွင်းသူများအတွက် 20% Discount အထူးပရိုမိုးရှင်း ရှိတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ မမေ့နဲ့ဦးနော်!

📩 သင်တန်းအသေးစိတ်ကို Messenger (သို့)
09786666602, 09786666605 ကနေ တစ်ဆင့်
စုံစမ်းနိုင်ပါတယ်ရှင်။

Disclaimer: No Copyright infringement intended. For display purposes only. I do not own the pictures nor the products. All rights and credits go to rightful owner.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon