Every Child is Special - MEI

Every Child is Special - MEI

Share

We believe Every Child is Special.

Photos from Every Child is Special - MEI's post 08/06/2026

**🎉 Every Child is Special သင်တန်း
(Batch - 26) အောင်မြင်စွာ မနေ့ကပြီးဆုံးခဲ့ပါပြီ! 🎉**

ကျွန်တော်တို့ရဲ့ **"Every Child is Special"**
သင်တန်းတွင် ပါဝင်လေ့လာသင်ယူခဲ့ကြတဲ့
သားသားမီးမီးများနှင့် မိဘများ အားလုံးကို
ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ...

ECS သင်တန်းအောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ကာ
**ကလေးတိုင်းရဲ့ ထူးခြားမှု၊ စွမ်းရည်နှင့်
ဖွံ့ဖြိုးမှုကို မြှင့်တင်နည်းများ** ကို မျှဝေပေးနိုင်ခဲ့ပါတယ်...

ဒါ့အပြင်...

သားသား၊ မီးမီးတို့အတွက်
✅ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေ
ရရှိနိုင်မည့် နည်းလမ်းများ
✅ အလွယ်တကူ စာမှတ်မိနိုင်မည့်နည်းလမ်းများ
✅ Speed Reading နဲ့ပတ်သက်တဲ့ နည်းလမ်းများ
✅ Mind Maps ရေးဆွဲနည်းများ
✅ Team Work
✅ NLP Basic
✅ Left Brain & Right Brain အကြောင်း
✅ Group Sharing Session များ
✅ Game Activities များ
✅ မိဘများနှင့် သားသမီးများအကြား
ဆက်ဆံရေးစသည့် အကြောင်းအရာများကို
သင်ကြားမျှဝေပေးနိုင်ခဲ့ပါတယ်....

ပြီးခဲ့တဲ့ (6 & 7. 6. 2026))
စနေ၊ တနင်္ဂနွေနေ့များတွင်
26 ကြိမ်မြောက်အဖြစ် "Every Child is Special"
သင်တန်းကို ရန်ကုန်မြို့မှာ
ကျင်းပပြုလုပ်ပြီးခဲ့တာဖြစ်ပြီး
ဒီသင်တန်းဟာ သားသားမီးမီးလေးတို့ရဲ့
ထူးခြားတဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပြီး
ပိုမိုတောက်ပလာစေဖို့ ရည်ရွယ်ထားတဲ့
သင်တန်းဖြစ်ပါတယ်...

သားသားမီးမီးလေးတို့ရဲ့ ကြိုးစားမှုတွေကို
မြင်ရတဲ့အတွက် ကျွန်တော်တို့ အားလုံး
အရမ်းလည်းဂုဏ်ယူမိပါတယ်...

သားသားမီးမီးလေး တစ်ယောက်ချင်းစီဟာ
အထူးခြားဆုံးသော လက်ဆောင်တွေနဲ့
မွေးဖွားလာကြတာပါ...

ဒီသင်တန်းကနေ ရရှိလာတဲ့ ဗဟုသုတတွေ၊
အတွေ့အကြုံတွေကို အသုံးချပြီး
အနာဂတ်မှာ ပိုမိုလှပတဲ့ ဘဝကို
တည်ဆောက်နိုင်ကြပါစေလို့လည်း
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...

အရည်အချင်းကိုယ်စီရှိကြတဲ့
သားသားမီးမီးလေးများကို
လေ့ကျင့်သင်ကြားပေးခွင့်ရတဲ့အတွက်
ကလေး မိဘများနှင့် သားသားမီးမီး အားလုံးကိုလည်း
ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ...

ယနေ့မှာတော့ ဆရာ ကိုမင်းခန့်ကျော်
မှ သင်ကြားပေးနေတဲ့ ပုံရိပ်လေးတွေကို
မျှဝေပေးလိုက်ပါတယ်။

**ဂုဏ်ယူပါတယ်၊ သားသားမီးမီးလေးတို့ရေ!**

**"ကလေးတိုင်းမှာ ထူးခြားတဲ့ အရည်အသွေးတွေ
ရှိပါတယ်။ သူတို့ကို မှန်ကန်စွာ ပံ့ပိုးပေးကြပါစို့!"**

ချစ်ခြင်းအားဖြင့်

❤️Every Child Is Special❤️
MEI Team


#အနာဂတ်၏ကြယ်ပွင့်များ

03/06/2026

ကိုယ့် သား ၊ သမီးတွေကို
ဘယ်လိုလူမျိုး အဖြစ် အနာဂတ်မှာ မြင်ချင်လဲ ?




Video အဆုံးထိ ကြည့်ပြီး ဆုံးဖြတ်ချက် ချလိုက်ပါ !




Every Child is SPECIAL သင်တန်း
================
📆Date : 6 & 7 June 2026 (Sat & Sun)
⏰Time : မနက် (၉:oo) မှ ညနေ (၆:၀၀) အထိ
🏡Place: Physical Training


သင်တန်းအကြောင်း အသေးစိတ် သိရှိရန် 👉
https://www.facebook.com/share/p/1BStpJWnQm/


❝We believe Every Child is Special❞
❝ကလေးတိုင်းဟာ ထူးချွန်သူတွေပါ❞


ချစ်ခြင်းအားဖြင့်
MEI TEAM

Photos from Every Child is Special - MEI's post 02/06/2026

ဒီနေ့မှာတော့ " Parenting For Modern Kids " ဆိုတဲ့
ခေါင်စဥ်နဲ့ Free Webinar လေး ပြုလုပ်ပေးဖြစ်ခဲ့ပါတယ်....

Webinar လေးမှာ တက်ရောက်လာကြတဲ့
မိဘများနှင့် သားသားမီးမီးလေးများ အတွက်
အကျိုးရှိမည့် သင်ခန်းစာတွေ ရရှိသွားကြမယ်လို့
ယုံကြည်ပါတယ်....

လာမည့် 6 လပိုင်း 6 & 7 ရက်နေ့မှာ ဖွင့်မည့်
ECS သင်တန်းမှာ ပြန်ဆုံကြပါမယ် ခင်ဗျာ....

ချစ်ခြင်းအားဖြင့်

Min Khant Kyaw
NLP Trainer, Life & Business Coach.

30/05/2026

🎓 FREE LIVE WEBINAR FOR PARENTS

Parenting For Modern Kids

“ဒီဘက်ခေတ် သားသားမီးမီးလေးတွေကို နားလည်ပြီး ထိရောက်စွာ ဦးဆောင်နည်း”

မိဘတစ်ယောက်အနေနဲ့…

❝ဘာလို့ ငါ့ကလေးက ဖုန်းပဲ ကြည့်ချင်နေတာလဲ?❞

❝ဘာလို့ စာကျက်ခိုင်းရင် စိတ်ဆိုးနေတာလဲ?❞

❝ဘာလို့ ပြောရဆိုရ ပိုခက်လာတာလဲ?❞

❝ဘာလို့ Confidence မရှိဘဲ ဖြစ်နေတာလဲ?❞

ဆိုတဲ့ မေးခွန်းတွေကို စဉ်းစားဖူးပါသလား?

⸝

ဒီဘက်ခေတ် ကလေးတွေဟာ…

📱 Social Media

🎮 Online Games

⚡ Instant Gratification

😔 Emotional Pressure

🧠 Information Overload

တွေကြားမှာ ကြီးပြင်းလာနေကြပါတယ်။

ဒါကြောင့်…

ကျွန်တော်တို့ မိဘတွေ ငယ်ငယ်က ကြုံခဲ့ရတဲ့ အခြေအနေနဲ့ မတူတော့ပါဘူး။

“ပိုဆူရင် ပိုတော်မယ်”

“ပိုဖိအားပေးရင် ပိုကြိုးစားမယ်”

ဆိုတဲ့ နည်းလမ်းတွေက ဒီနေ့ခေတ်မှာ အမြဲတမ်း အလုပ်မဖြစ်တော့ပါဘူး။

⸝

ဒီ FREE Webinar မှာ ဘာတွေ မျှဝေပေးမလဲ?

✅ ကလေးတွေ Phone & Game စွဲနေရတဲ့ အကြောင်းရင်း

✅ ဆယ်ကျော်သက်အရွယ် ကလေးတွေ ဘာလို့ ပြောရဆိုရ ခက်လာတာလဲ?

✅ မိဘနဲ့ သားသမီးကြား ဆက်ဆံရေး ပိုကောင်းအောင် ဘယ်လို တည်ဆောက်မလဲ?

✅ Confidence ရှိတဲ့ ကလေးတွေ ဖြစ်လာအောင် ဘယ်လို ပျိုးထောင်မလဲ?

✅ စာပဲတော်တဲ့ ကလေးမဟုတ်ဘဲ ဘဝမှာ အောင်မြင်နိုင်တဲ့ ကလေးဖြစ်အောင် ဘာတွေ သင်ပေးသင့်လဲ?

✅ ဒီဘက်ခေတ် မိဘတိုင်း သိထားသင့်တဲ့ Parenting Skills များ

⸝

Webinar Details

📅 Date : 2.6.2026 (TUE)

🕗 Time : 8:00 PM – 9:30 PM

💻 Platform : Zoom Meeting

⸝

ဒီ Webinar က ဘယ်သူတွေအတွက်လဲ?

👨‍👩‍👧 အသက် (10) နှစ် မှ (14) နှစ်အတွင်း သားသားမီးမီးများရှိသော မိဘများ

👨‍👩‍👧 ကလေးကို နားလည်ပြီး ပိုကောင်းတဲ့ Relationship တည်ဆောက်ချင်သူများ

👨‍👩‍👧 ကလေးရဲ့ Confidence, Thinking Skill နှင့် Emotional Strength ကို တိုးတက်စေချင်သူများ

⸝

❤️ ကလေးတိုင်းမှာ ထူးချွန်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်…

တစ်ခါတစ်ရံ…

ပြောင်းလဲဖို့ လိုအပ်နေတာက ကလေးမဟုတ်ဘဲ…

“Parenting Method” ပဲ ဖြစ်နိုင်ပါတယ်။

🎯 အခုပဲ Comment မှာ “PARENTING” လို့ ရေးခဲ့ပါ။

Zoom Link နှင့် Webinar Details ကို ပို့ပေးပါမယ်။

Parenting For Modern Kids

Because Every Child Deserves Understanding, Not Just Instructions. ❤️

ချစ်ခြင်းအားဖြင့်

Min Khant Kyaw
NLP Trainer | Life & Business Coach
Every_Child_Is_Special

29/05/2026

သားသမီးတွေကို Life Skill + Study Skill
တိုးတက်ချင်တဲ့ မိဘများအတွက် 👧🧑‍🧑‍🧒‍🧒














Every Child is SPECIAL သင်တန်း
================
📆Date : 6 & 7 June 2026 (Sat & Sun)
⏰Time : မနက် (၉:oo) မှ ညနေ (၆:၀၀) အထိ
🏡Place: Physical Training



သင်တန်းအကြောင်း အသေးစိတ် သိရှိရန် 👉
https://www.facebook.com/share/p/1BStpJWnQm/



❝We believe Every Child is Special❞
❝ကလေးတိုင်းဟာ ထူးချွန်သူတွေပါ❞


ချစ်ခြင်းအားဖြင့်
MEI TEAM

21/05/2026

၂၀၂၆ မှာ ကျောင်းနေအရွယ်
သားသားမီးမီးတွေရဲ့ မိဘတိုင်း သိသင့်တဲ့ သင်တန်း
‎
‎


‎
ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို
ထူးချွန်ထက်မြက်စေချင်တာ မိဘတိုင်းရဲ့ အိပ်မက်ပါ
‎
ဒါပေမယ့်
‎
❝ကလေးက စာကိုလည်းစိတ်မဝင်စားဘူး❞

❝ကလေးက စာကျက်တာတော့ကျက်နေတယ် အမှတ်လဲမကောင်းဘူး❞

❝ကလေးဉာဏ်ရည်နဲ့ဆို ဒီထက်ကောင်းတဲ့အဆင့်ရနိုင်တာကို ဘာလို့အဆင့်က နည်းနေတာလဲ❞

❝ကလေးကို ဘယ်လောက်ပဲစာသင်ပေးပေး ခေါင်းထဲမဝင်ဘဲဖြစ်နေတယ်❞
‎
‎‍‍‍‍‍‍ ‍‍
ဒီစကားတွေကို ပတ်ဝန်းကျင်မှာ ဘယ်နှစ်ခေါက်လောက် ကြားပြီးပြီလဲ❓
‎‍‍‍‍‍‍ ‍‍
✅အားလုံးသိကြတဲ့အတိုင်းပဲ ကိုယ့်ရဲ့ကလေးဆိုတာ ကိုယ်အချစ်ရဆုံးနဲ့ တန်ဖိုးအထားရဆုံးရတနာလေးတွေပါ။ကိုယ့်ရဲ့အချစ်ရဆုံးလေးတွေကို ဖြစ်စေချင် ၊ ကောင်းစေချင်တော့ တစ်ခါတစ်လေကိုယ်ဖြစ်စေချင်သလိုဖြစ်မလာလို့ ဒေါသတွေထွက်မိတာ မဆန်းတော့ပါဘူး။
‎‍‍‍‍‍‍ ‍‍
✅ကျွန်တော်တို့ငယ်ငယ်ကမိဘတွေအမြဲတမ်းလိုလိုပြောနေတာတစ်ခုရှိပါတယ်။❝စာကျက်၊စာကျက်❞ တဲ့။ တစ်ချိန်လုံးစာကျက်ဖို့ပဲပြောနေကြပါတယ်။စာကျက်ခိုင်းတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဘယ်သူကမှ စာကျက်နည်းလည်းလာမပြောကြပါဘူး။
‎
‎‍‍‍‍‍‍ ‍‍
✅တစ်ချို့ကပြောကြတယ်။ ကျောင်းမှာ အဆင့်နည်းတယ်၊ အမှတ်နည်းတယ်ဆိုရင်အဲ့တာက စာကျက်နည်းလို့ဖြစ်တာတဲ့။ ကျွန်တော်လည်း တစ်ခုစဉ်းစားမိတယ်ဗျ။
‎
‎‍‍‍‍‍‍ ‍‍
တစ်ဘာသာကို ပျမ်းမျှ အမှတ်(၅၀)ရဖို့ တစ်နေ့ကို စာ(၈)နာရီကျက်တယ်။
ဒါဆိုရင် တစ်ဘာသာကို ပျှမ်းမျှအမှတ်(100) ရဖို့ တစ်နေ့ကို (၁၆)နာရီ စာကျက်ရမှာလား?😅😅
‎
‎‍‍‍‍‍‍ ‍‍
🔸အဲလိုလဲမဟုတ်သေးဘူးလေ။

ဒါဆိုရင်အိပ်ချိန်(၈)နာရီနှုတ်လိုက်ရင် ကျန်တဲ့အချိန်တွေမှာ တခြားအလုပ်လုပ်စရာတောင်ရှိမှာမဟုတ်တော့ဘူး။ ပြန်စဉ်းစားကြည့်မယ်ဆိုရင်Top Students တွေလည်းအားလုံးလိုပဲတစ်နေ့ကို (၂၄) နာရီအချိန်ရကြတယ်။

ဒါပေမယ့် သူတို့လည်းအဆင့် (၁) ရဖို့ တစ်နေ့ (၁၆) နာရီ စာကျက်နေရတာလည်း မဟုတ်ပါဘူး။
‎‎‍‍‍‍‍‍ ‍‍
🔸ဒါဆိုရင်သေချာတဲ့အဖြေကတော့ စာပိုရဖို့ပိုကျက်ရမယ်ဆိုတာကတော့မဖြစ်နိုင်လောက်ပါဘူး။ဒီထက်ကောင်းတဲ့အဖြေတစ်ခုတော့ ရှိရပါလိမ့်မယ်။
‎‍‍‍‍‍‍ ‍‍
🔸လွန်ခဲ့တဲ့ (၁၄) နှစ်လောက်ကစပြီး Neuro Linguistic Programming (NLP) ဆိုတဲ့ ပညာရပ်ကို စပြီးလေ့လာကြည့်တဲ့အခါ ကျွန်တော် လူ့ဦးနှောက်ရဲ့အလုပ်လုပ်ပုံ ၊ တွေးပုံခေါ်ပုံ စတာတွေကို လေးလေးနက်နက် လေ့လာဖြစ်ခဲ့တယ်။
‎
‎‍‍‍‍‍‍ ‍‍
🔸လေ့လာတဲ့အချိန်မှာသိလိုက်ရတာတစ်ခုကတော့ကျွန်တော်တို့ရဲ့ဦးနှောက်ကြီးကအင်မတန်မှဆန်းကြယ်ပါတယ်။ဒီဦးနှောက်ကြီးထဲကိုကြိုက်တဲ့ Information ကိုကြိုက်သလောက်ထည့်လို့ရသလို၊ လိုတဲ့အချိန်မှာ ကြိုက်သလိုဆွဲထုတ်လို့ရပါတယ်။ပြောချင်တာက စာဆိုတာကို ကျက်ချင်ရင် ချက်ချင်း ကျက်လို့ရသလို၊ မှတ်ထားတဲ့စာတွေကိုလဲ လိုတဲ့အချိန်မှာပြန်ထုတ်လို့ရပါတယ်။
‎‍‍‍‍‍‍ ‍‍
ဒါက အသက်ကြီးကြီး ၊ ငယ်ငယ် ဘယ်သူမဆိုလုပ်လို့ရတာပါ။
‍‍‍‍‍‍ ‍‍
ဒါဆို မိတ်ဆွေလည်း အခုစဉ်းစားနေပါပြီ။

❝ကိုယ့်ရဲ့ကလေးကိုဒီလိုစာကောင်းကောင်းကျက်နိုင်ဖို့ဘယ်လိုလုပ်ကြမလဲ❞ အဖြေကတော့ ❝ခေါင်းထဲကိုသေချာရောက်စေတဲ့စာလေ့လာနည်းပါ❞
‎‍‍‍‍‍‍ ‍‍
ဘာတွေလဲဆိုတာ စိတ်ဝင်စားနေပြီ ဟုတ်❗️
ခေါင်းထဲကိုတစ်ခါတည်းရောက်တဲ့စာကျက်နည်း(၆)မျိုးရှိပါတယ်
‎
‎‍‍‍‍‍‍ ‍‍
🔰Speed Reading
➖➖➖➖
Speed Reading ဆိုတာကတော့စာကိုအချိန်တိုတိုနဲ့ ဖတ်နိုင်တာဖြစ်ပါတယ်။
လူတော်တော်များများက Speed reading(စာမြန်မြန်ဖတ်)လိုက်တာနဲ့ စာမရတော့ဘူးဆိုပြီး ထင်တတ်ကြပါတယ်။

တစ်ကယ်က အဲလိုမဟုတ်ပါဘူး။ Speed Reading ဆိုတာက စာနားလည်တာကိုလုံးဝမလျော့ကျဘဲ အချိန်တိုအတွင်း မှာအာရုံစိုက်ပြီးစာဖတ်တာပဲဖြစ်ပါတယ်။
‎
‎‍‍‍‍‍‍ ‍‍
ကိုယ်ကလေးကစာတွေကိုအချိန်တိုအတွင်းမှာဖတ်လာနိုင်တော့ဘာဖြစ်လာမလဲ?
ဥပမာ-တခြားကလေးတွေကစာတစ်ခန်းကို၂နာရီလောက်နားလည်အောင်ဖတ်ရတဲ့အချိန်မှာ ကိုယ့်ရဲ့ကလေးက၁နာရီကျော်ကျော်လေးနဲ့ဖတ်လို့ပြီးမယ်။ ပြောရရင်ကလေးတခြားလုပ်ချင်တာ လေးတွေလုပ်ဖို့ပိုအချိန်ရတာပေါ့။
‎
‎‍‍‍‍‍‍ ‍‍
🔰Critical/Creative Thinking
➖➖➖➖
‍‍‍‍‍‍Critical Thinkingဆိုတာကတော့ပြဿနာတွေကို လက်တွေ့ကျကျနဲ့ ရင်ဆိုင်ဖြေရှင်းဖို့စဉ်စားတတ်တာ ဖြစ်ပါတယ်။

ကိုယ့်ကလေးရဲ့ ကျောင်းသားဘဝတင်မကဘူး၊ အလုပ်ဝင်တဲ့အခါမှာလည်းအောင်မြင်ဖို့အတွက် Critical thinkingကောင်းကောင်းရှိဖို့လိုပါတယ်။

ဝေဖန်တွေးတောနိုင်တဲ့သူတွေဟာဆုံးဖြတ်ချက်တွေကောင်းကောင်းချတတ်လာပါလိမ့်မယ်။

အလိုလိုက်ခံရတဲ့ကလေးတွေဟာပြဿနာတစ်ခုခုနဲ့ကြုံရရင် မိဘတွေဆီကို ငိုပြီးသွားလေ့ရှိကြပါတယ်။

အဲဒီကလေးတွေ အသက်ကြီးလာတဲ့အခါမှာလဲ ပြသနာတစ်ခုခုကြုံလာရင် အားကိုးဖို့ပဲရှာကြရပါတယ် ကိုယ်တိုင်မဖြေရှင်းနိုင်ကြပါဘူး။

Critical thinking ကောင်းကောင်းရှိတဲ့ကလေးတစ်ယောက်က ဘယ်တော့မှ အဲလိုဖြစ်မလာပါဘူး။
‎
‎‍‍‍‍‍‍ ‍‍
🔰V.A.K Learning
➖➖➖➖
‍‍‍‍‍‍V.A.K Learning ဆိုတာကတော့ Visual, Auditory, Kinesthetic (အမြင်၊အကြား၊အထိအတွေ့)ဆိုတဲ့ အခြေခံသင်ကြားနည်း ၃ မျိုးဖြစ်ပါတယ်။

လူတွေမှာကိုယ်အားသန်တဲ့လေ့လာသင်ကြားမှုပုံစံအမျိုးမျိုးရှိတယ်ဆိုတာ တော်တော်များများ သတိမထားမိကြပါဘူး။

‍‍‍‍တစ်ချို့ကလေးတွေကအမြင်အာရုံကိုအဓိကထားပြီးသင်ရတာကို သဘောကျတတ်ကြပါတယ်။
ဥပမာ - ကာတွန်းပုံတွေ၊ပန်းချီကားတွေ၊အရုပ်လေးတွေကို ကြည့်ပြီးသင်ရတာကို အရမ်းသဘောကျလေ့ရှိပါတယ်။

တချို့ကလေးတွေက အကြားအာရုံကို အဓိကထားပြီး သင်ရတာကို သဘောကျတတ်ကြပါတယ်။
ဥပမာ - သီချင်းနားထောင်ရင်းသင်ရတာတို့၊ပုံပြင်နားထောင်ရင်းသင်ရတာတို့၊ စတဲ့အသံနားထောင်ပြီး သင်ရတာကို သဘောကျလေ့ရှိကြပါတယ်။

‍‍‍‍‍‍တစ်ချို့ကလေးတွေဆို သူများစာကျက်တာနားထောင်ရင်းနဲ့တောင် စာရသွားတတ်ကြပါတယ်။

အထိအတွေ့ကို အဓိကထားပြီးသင်တတ်တဲ့ကလေးတွေဟာ ကိုယ်တိုင်လိုက်ပြီးလုပ်ရမှပိုမှတ်မိပြီးပိုလွယ်ကူသွားတတ်ကြပါတယ်။

ရှေ့မှာ လုပ်ပြသွားတာတွေကို နောက်ကနေလိုက်လုပ်ရမှ၊ကိုယ်တိုင်လုပ်ကြည့်လိုက်ရမှ ပိုပြီး လွယ်လွယ်ကူကူမှတ်မိတဲ့ကလေးတွေဖြစ်ပါတယ်။

‎‍‍‍‍‍ကျွန်တော်တို့က အဲဒီကလေးတွေကို သူ့ပုံစံနဲ့သူမဟုတ်ဘဲ သွားသင်လိုက်ရင် ဘာပဲသင်သင် အရာမရောက်ဘဲဖြစ်လေ့ရှိပါတယ်။

ကိုယ်သင်သလောက်၊တတ်စေချင်သလောက် သူတို့မရနိုင်ဘဲဖြစ်တာပေါ့။
‎
‎‍‍‍‍ဥပမာ - အမြင်အာရုံကိုအဓိကထားပြီးသင်ရတာကြိုက်တဲ့ကလေးတွေကို သီချင်းတွေပုံပြင်တွေနဲ့ တွဲပြီးသင်ပေးနေမိတာမျိုး၊နောက်ကနေ လိုက်လုပ်လိုက်ရမှ နားလည်လွယ်တဲ့ကလေးကို ပုံတွေ၊အရုပ်တွေပဲပြပြီး သင်ပေးနေမိတာမျိုးတွေပေါ့။
‎
‎‍‍‍‍‍ကျွန်တော်တို့က အဲဒီအတွက် ကလေးတွေဘယ်လို သင်ယူကြလဲဆိုတာကို အရင်လေ့လာပြီးမှ သင်ကြရပါတယ်။
‎
‎‍‍‍‍‍‍ ‍‍‍‍‍‍‍‍ ‍‍
🔰 Mind Mapping
➖➖➖➖
Mind Mapping ဆိုတာ စကားလုံးတွေ၊အရောင်တွေ၊ပုံတွေနဲ့ အကိုင်းအခက်တွေကို သုံးပြီး သတင်းအချက်အလက်တွေကို မြေပုံတစ်ခုလိုမျိုးဆွဲလိုက်တာဖြစ်ပါတယ်။ဒါတွေကကလေးတွေ သင်ထားရတဲ့သင်ခန်းစာတွေ၊အခန်းတစ်ခုလုံးကိုဖြစ်ဖြစ်အလွယ်တကူပြန်မှတ်မိစေပါတယ်။
‎
‎‍‍‍‍‍Mind Mapping လုပ်ခြင်းက မှတ်ဉာဏ်တွေပေါ်လာစေရုံတင်မဟုတ်ပဲ၊စွဲမြဲနေရစ်စေပါတယ်။

ဒါတင်မဟုတ်သေးပါဘူး။ Mind mapping ကနည်းစနစ်တကျတီတွင်ကြံဆဉာဏ်နဲ့စဉ်းစားဉာဏ်ကိုကောင်းစေတဲ့အတွက် စာသင်နေတဲ့ ကလေးတိုင်း သိထားသင့်တဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။
‎
‎‍‍‍‍‍‍ ‍‍
🔰Memory Games
➖➖➖➖
ဒါလေးဖြစ်ဘူးလား?
စာတစ်ခန်းကျက်တယ်..
Okay တယ်.
နောက်တစ်ခန်းကျက်တယ်.
Okay တယ်. ဒါပေမယ့် ပထမတစ်ခန်းမေ့သွားတယ်.
အဲ့ဒါနဲ့ပထမတစ်ခန်း ပြန်ကျက်တယ်.
ဒုတိယအခန်းပြန်မေ့တယ်.ဒါနဲ့အဲ့နှစ်ခန်းကနေမတက်တော့ဘူး။😅
‎
‎‍‍‍‍‍‍ ‍‍
ကိုယ့်ရဲ့ကလေးအဲ့လိုဖြစ်နေမယ်ဆိုရင် Memory Game ရှိပါတယ်။
Memory Games တွေက ကလေးတွေရဲ့ ဦးနှောက်ကို အာရုံစိုက်နိုင်စွမ်း တိုးတက်လာစေနိုင်ပါတယ်။

ဦးနှောက်အတွက်အကောင်းဆုံးလေ့ကျင့်ခန်းလုပ်နည်းလို့လဲပြောလို့ရပါတယ်။
ဒီလို ဂိမ်းလေးတွေဆော့ပေးလိုက်တာနဲ့ သူတို့ရဲ့ အာရုံစူးစိုက်မှုတွေ မြင့်တက်လာမယ်၊သိမြင်လာမှုတွေ မြင့်မားလာမယ်၊ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို အထောက်အကူကောင်းကောင်းပြုမယ်။
‎
‎‍‍‍Memory games နဲ့ ကျွန်တော်ခုနကပြောခဲ့သလို စာမေ့တာတွေ မဖြစ်နိုင်တာကြောင့် ကလေးငယ်တွေ မဖြစ်မနေဆော့ကြည့်သင့်တဲ့ Game လေးတစ်ခုပါ။
‎‎‍‍‍‍‍‍ ‍‍

🔰Whole Brain Note-Taking Technique
➖➖➖➖
ကျွန်တော်တို့မှာ ဘယ်ဘက်ဦးနှောက် နဲ့ ညာဘက်ဦးနှောက်ရှိပါတယ်။
ဘယ်ဖက်အခြမ်းကို အချက်နဲ့အလက်နဲ့ အလုပ်မှာ မှန်မှန်ကန်ကန်လုပ်ရမယ့် ကိစ္စတွေမှာသုံးဖြစ်ပြီးတော့ ညာဖက်အခြမ်းကိုတော့ တီထွင်ကြံဆတာဖြစ်ဖြစ်၊အနုပညာရပ်မှာဖြစ်ဖြစ်သုံးကြပါတယ်။
‍‍‍‍‍‍ ‍‍
ကျောင်းသားတွေအနေနဲ့ဆရာ၊ဆရာမတွေစာသင်တဲ့အခါအနောက်ကနေ မှတ်စုလိုက်မှတ်တဲ့အခါ အကောင်းဆုံးနည်းလမ်းကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်နှစ်ဖက်လုံး ကိုသုံးပြီးမှတ်တာကအကောင်းဆုံးဖြစ်ပါတယ်။
မှတ်စုမှတ်တယ်ဆိုရင်ကလေးတော်တော်များများက ဆရာမစာသင်တာကိုအကုန်ကိုလိုက်မှတ်ကြပါတယ်.
‍‍‍‍‍‍ ‍‍‎
‎
တကယ့်မှတ်စုမှတ်နည်းကဒီလိုမဟုတ်ပါဘူး။
ဆရာမစာသင်တဲ့ထဲကအရေးကြီးတဲ့အချက်ကိုပဲလိုက်မှတ်ရမှာပါ။
ဆရာမသင်တာကကျွန်တော်တို့ရေးနိုင်တာထက်မြန်တဲ့အတွက်ကြောင့် မိအောင်ရေးနိုင်ရင်တောင်ခေါင်းထဲထည့်ဖို့အချိန်မရပါဘူး။
ကျွန်တော်တို့ဦးနှောက်နှစ်ဖက်လုံးကိုသုံးတဲ့မှတ်စုမှတ်နည်းကိုသုံးမယ်ဆိုရင် (Whole Brain Note Taking Technique) ကိုယ့်ရဲ့ကလေးကဆရာမစာသင်တာတွေထဲကအရေးကြီးဆုံးအချက်ကိုမှတ်နိုင်ရုံသာမကပဲမှတ်ထားတာတွေကခေါင်းထဲကိုချက်ချင်းရောက်သွားမှာပါ။
‍‍‍‍‍‍ ‍‍‎
‎
ဒီအထိသေချာစာကိုဖတ်လာပြီဆိုထဲက ကိုယ့်ရဲ့ကလေးကို ဒီနည်းလေးတွေသင်ပေးချင်နေပြီ လို့ယုံကြည်ပါတယ်။
‎
‎‍‍‍‍‍‍ ‍‍ ‍‍‍‍‍‍ ‍‍
🔻 ဒီနည်းတွေဘယ်မှာလေ့လာလို့ရလဲ ပြောပြမယ်ဆိုရင် စိတ်ဝင်စားမယ်?ဟုတ်❗️
➖➖➖➖➖➖➖➖➖➖➖
၂၀၂၆ June လထဲမှာ (၂) ရက်ကြာ MEI က ဦးစီးကျင်းပမယ့် မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံး Every Child Is Special-ECS သင်တန်းရှိပါတယ်။

ECS သင်တန်းကို သင်ကြားခဲ့တာ နှစ်ပေါင်း (၁၀) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သလို သင်တန်းပေါင်း (၇၅) ခုကျော် နှင့် သင်တန်းသားပေါင်း (၃၅,၀၀၀) ကျော် တက်ရောက်ပြီးပါပြီ။

ဒီ Programမှာ စောစောကကျွန်တော်ပြောခဲ့တဲ့ခေါင်းထဲကိုတစ်ခါထဲရောက်တဲ့ စာကျက်နည်း(၆)မျိုးလုံးကိုသင်ပေးသွားမှာဖြစ်ပါတယ်။

အဲ့ဒါအပြင် Programလေးထဲမှာကိုယ့်ရဲ့ကလေးအတွက်လိုအပ်တဲ့ပေါင်းသင်းဆက်ဆံပုံ၊အမူအကျင့်နဲ့စိတ်နေစိတ်ထားစတာတွေကိုလည်းတိုးတက်အောင်ပြောင်းလဲပေးသွားမှာပါ။

‍‍‍‍‍‍အသက် (၁၀) နှစ် ကနေ (၁၄)နှစ်အောက်အတွင်း ဘယ်သူမဆိုလာတက်ရောက် လို့ရပါတယ်။
‎
‎
🔻Every Child is Special Program လေးပြီးသွားရင်ကိုယ့်ရဲ့ကလေးဘာတွေဖြစ်လာမလဲ?
➖➖➖➖➖➖➖➖➖➖➖
▪️အရင်ကထက်စာရင်ပိုပြီး စာကျက်တာအများကြီးမြန်လာမယ်။
▪️စာကျက်တာမြန်တဲ့အတွက်အချိန်ပိုရလာပြီးကလေးလုပ်ချင်တဲ့အရာတွေကို လုပ်နိုင်လာမယ်။
▪️မှတ်ဉာဏ်ပိုကောင်းလာပြီး စာတွေပိုမှတ်မိလာမယ်။
▪️အာရုံစူးစိုက်မူပိုကောင်းလာမယ်။
▪️ပြဿနာတွေကိုစနစ်တကျပိုပြီး စဉ်းစားဖြေရှင်းတတ်လာမယ်။
▪️ကိုယ့်ကလေးက သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊လူကြီးတွေနဲ့ဖြစ်ဖြစ် ပိုပြီးပေါင်းသင်းဆက်ဆံတတ်မယ်။
▪️စာတွေပိုရလာပြီးပိုတော်လာတဲ့အတွက် ကလေးက ကိုယ့်ကိုကိုယ် ယုံကြည့်ချက်ပိုရှိလာမယ်။
▪️မကောင်းတဲ့အကျင့်တွေပျောက်ပြီး အကျင့်ကောင်းတွေရလာမယ်။
▪️နောက်ဆုံးအရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်ကလေးစိတ်က ထိလွယ်ရှလွယ် မဟုတ်ပဲ စိတ်ဓာတ်တွေပိုသန်မာစေမှာဖြစ်ပါတယ်။
‍‍‍‍‍‍ ‍‍
‎
🔻လာတက်ပြီးလို့မကြိုက်ခဲ့ရင်ကော?
➖➖➖➖➖➖➖➖➖➖➖
ဒါအတွက်လုံးဝစိတ်ပူစရာမလိုပါဘူး။

သင်တန်းကိုလာခဲ့လိုက်ပါ ပထမတစ်ရက်နေ့လည်အထိလေ့လာလို့ပထမရက်မှာကိုယ့်ရဲ့ကလေးမပျော်ဘူး စိတ်ဝင်စားစရာမရှိဘူး၊ သဘောမကျဘူးဆိုရင်
သင်တန်းကြေးကို ရာနှုန်းပြည့် ပြန်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒါဆိုရင် အခု Program လေးကို ကိုယ်ရဲ့ကလေးအတွက်စိတ်ဝင်စားနေပြီမလား?
‎‎
‎‍‍‍‍‍‍ ‍‍
🔻သင်တန်းအသေးစိတ်
➖➖➖➖➖➖➖➖
📆Date : 6 & 7 June 2026 (Sat & Sun)
⏰Time : မနက် (၉:oo) မှ ညနေ (၆:၀၀) အထိ
🏡Place: Physical Training
(နေရာအတိအကျကို သင်တန်းအပ်နှံပြီးရင် ပြန်အကြောင်းကြားပေးမှာဖြစ်ပါတယ်)
‎
June 7 ရက်နေ့တွင် လူကြီးမိဘများသည် သားငယ်၊သမီးငယ်များနှင့် အတူ Parenting session ကို ညနေ (၄)နာရီခွဲ မှ (၆)နာရီ အထိတက်ရောက်ရပါမည်။


🔻ဒါဆိုရင် ဘယ်သူသင်ပြီး ဈေးနှုန်းကရော ဘယ်လောက်လဲ?
➖➖➖➖➖➖➖➖➖➖➖
ဆရာဦးပြေခိုင်ရဲ့ အနီးကပ် သင်ကြားပို့ချထားသော ဆရာ ဦးမင်းခန့်ကျော်(NLP Trainer from American Board of NLP) ကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်။
‎
‎
💰Normal price : (၁၀ )သိန်းကျပ်
💰Early Bird Promotion (ပထမဆုံးအယောက် ၂၀အတွက်) : (၆)သိန်း (၅)သောင်း ကျပ်

♦️ကော်ဖီ၊ မုန့်၊ နေ့လည်စာ၊ Workbook စသည်ဖြင့် အပြည့်အစုံ ပါဝင်မည်ဖြစ်ပါသည်။
‎
‎
‍‍‍‍ကလေးများ အကောင်းဆုံးလေ့လာနိုင်ရန်နဲ့ လုံခြုံရေးအတွက် ကလေး ၁၀ ဦးလျှင် ဆရာ/ဆရာမ (၁) ဦးစီ စီစဉ်ထားရှိပေးသွားမှဖြစ်ပါတယ်။
‍‍‍‍‍‍ ‍‍
ဒါကြောင့် ကိုယ့်ရဲ့ကလေးကို အချိန်တွေကုန်ပြီးပင်ပန်းနေမယ့်အစား အခုထက်ပိုပြီးမြ င့်တဲ့တစ်နေရာရောက်နိုင်ဖို့ ထပ်ပြီးမစောင့်ပါနဲ့တော့။

အခုပဲ Page ရဲ့ Message Box မှာ ❝ECS❞ လို့ ပို့ပြီး သင်တန်း အပ်နှံနိုင်ပါပြီ။
‍‍‍‍‍‍ ‍‍
❝We believe Every Child is Special❞
❝ကလေးတိုင်းဟာ ထူးချွန်သူတွေပါ❞


ချစ်ခြင်းအားဖြင့်
MEI TEAM

Photos from Every Child is Special - MEI's post 19/05/2026

သားသားမီးမီးလေးတွေကို
SMART KIDS လေးတွေဖြစ်လာအောင်
ဘယ်လို လေ့ကျင့်ပျိုးထောင်ပေးရမလဲ
ဆိုတဲ့ ခေါင်းစဥ်နဲ့ Free Webinar လေး
ပြုလုပ်ပေးဖြစ်ခဲ့ပါတယ်...

မိဘများ နှင့်အတူ သားသားမီးမီး
စုစုပေါင်း တက်ရောက်သူ ၁ဝဝ ဝန်းကျင်ကို
အကောင်းဆုံမျှဝေမှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်....

အကျိုးရလဒ်တွေလည်း ရရှိသွားကြမယ်လို့
ယုံကြည်ပါတယ်....

နောက်ထပ် Seminar တွေ၊ Webinar တွေ၊
သင်တန်းတွေမှာလည်း ပြန်ဆုံကြပါမယ် ခင်ဗျာ....

ချစ်ခြင်းအားဖြင့်

Min Khant Kyaw
NLP Trainer, Life & Business Coach.

17/05/2026

“Confidence ရှိတဲ့ ကလေး” တစ်ယောက်ဆိုတာ
မတော်တဆ ဖြစ်လာတာ မဟုတ်ပါဘူး...

ဒီဘက်ခေတ်မှာ
တချို့ကလေးတွေကို ကြည့်လိုက်ရင်…

❝လူရှေ့မထွက်ရဲဘူး❞
❝မှားမှာ ကြောက်တယ်❞
❝တခြားကလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်
နှိုင်းယှဉ်နေတယ်❞
❝ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး❞
❝အမြဲလိုလို “ငါမလုပ်နိုင်ဘူး” လို့ ပြောတတ်တယ်❞

ဒီလိုဖြစ်လာတာက
ကလေးက Weak ဖြစ်လို့ မဟုတ်ပါဘူး…

တကယ်တော့....
သူ့ရဲ့စိတ်ထဲမှာ
“ငါမကောင်းဘူး/ငါမတော်ဘူး” ဆိုတဲ့
Feeling လေးတွေ တဖြည်းဖြည်း
စုလာတာကြောင့်ပါ....

တချို့မိဘတွေက
ကလေးကို တိုးတက်စေချင်လို့…

❝သူများသားသမီးတွေလို လုပ်ပါ❞
❝ဘာလို့ ဒီလောက်တောင် မတော်ရတာလဲ❞
❝ဒီလောက်လေးတောင် မလုပ်နိုင်ဘူးလား❞

ဆိုပြီး ပြောမိတတ်ကြပါတယ်…

ဒါပေမယ့်…

ကလေးတစ်ယောက်ရဲ့ Confidence ဆိုတာ
“ဝေဖန်ခံရမှု” ကြားမှာ မကြီးထွားနိုင်ပါဘူး....

“နားလည်ခံရမှု” ကြားမှာပဲ ကြီးထွားနိုင်တာပါ။

⸝

Confidence ရှိတဲ့ ကလေးတွေမှာ
ဘာတွေ ကွာသွားလဲ? ဆိုတော့.....

✅ လူအများရှေ့မှာ စကားပြောရဲလာတယ်
✅ ပြဿနာတွေကို မကြောက်တော့ဘူး
✅ အသစ်တွေကို စမ်းရဲလာတယ်
✅ လဲသွားရင်တောင် ပြန်ထနိုင်လာတယ်
✅ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး
ကောင်းလာတယ်
✅ ကိုယ့်အတွေးတွေကို ပြောရဲလာတယ်

အရေးကြီးဆုံးက…

သူတို့ရဲ့စိတ်ထဲမှာ
❝ငါလည်း လုပ်နိုင်တယ်❞ ဆိုတဲ့
Inner Voice ပေါ်လာတာပဲ ဖြစ်ပါတယ်.....

⸝

မိဘတွေအနေနဲ့ Confidence ရှိတဲ့
သားသားမီးမီးလေးတွေ ဖြစ်လာအောင်
ဘာလုပ်ပေးသင့်လဲ?

1️⃣ နှိုင်းယှဉ်တာ လျှော့ပါ

ကလေးတိုင်းရဲ့ Talent တွေက မတူကြပါဘူး....

တချို့က စာတော်တယ်
တချို့က Creative ဖြစ်တယ်
တချို့က Leadership ကောင်းတယ်

နှိုင်းယှဉ်မှုများလာလေ
Confidence ကျလာလေပဲ...

⸝

2️⃣ Result ထက် Effort ကို ချီးကျူးပါ

❌ “အဆင့် ၁ ရမှ ကောင်းတယ်” ဆိုတာထက်

✅ “ကြိုးစားထားတာ ကောင်းတယ်”
ဆိုတာက ကလေးကို ပိုအားဖြစ်စေပါတယ်....

⸝

3️⃣ မှားခွင့်ပေးပါ

Confidence ရှိတဲ့ ကလေးတွေက
မမှားဖူးတဲ့ ကလေးတွေ မဟုတ်ပါဘူး…

မှားပြီးလည်း ပြန်ထနိုင်တဲ့ ကလေးတွေပါ။

⸝

4️⃣ နားထောင်ပေးပါ

တချို့ကလေးတွေက Advice မလိုချင်ဘူး…

သူတို့ကို နားလည်ပေးမယ့်သူပဲ လိုတာပါ။

⸝

5️⃣ “ယုံကြည်တယ်” ဆိုတာ ပြောပေးပါ

ကလေးတစ်ယောက်အတွက်
မိဘရဲ့ စကားတစ်ခွန်းက
သူ့ဘဝတစ်ခုလုံးကို ပြောင်းနိုင်ပါတယ်။

❝မင်းလုပ်နိုင်တယ်❞
❝မင်းကို မေမေ ယုံတယ်❞
❝မင်းကို ဖေဖေ ယုံတယ်❞

ဒီစကားတွေက
ကလေးရဲ့ စိတ်ထဲမှာ
တစ်သက်လုံး စွဲကျန်နေတတ်ပါတယ်…

⸝

ကလေးတိုင်းမှာ
တောက်ပမယ့် အလင်းရှိပါတယ်…

မိဘတွေအနေနဲ့ အဲ့ဒီအလင်းကို ပိတ်မထားဘဲ
တောက်ပလာအောင် ကူညီပေးဖို့ပဲ လိုပါတယ် ❤️

ချစ်ခြင်းအားဖြင့်

Min Khant Kyaw
NLP Trainer, Life & Business Coach

16/05/2026

ဆယ်ကျော်သက်အရွယ် သားသားမီးမီးလေးတွေကို
“ပြောရဆိုရ ခက်လာတယ်…” ဆိုပြီး
စိတ်ပင်ပန်းနေတဲ့ မိဘတွေ ရှိလား…?

အရင်တုန်းက…

❤️ “မေမေ” အနား အမြဲကပ်နေတဲ့ကလေး
❤️ ဖေဖေပြောတာ နားထောင်တဲ့ကလေး
❤️ ဘာလုပ်လုပ် ပြောပြတတ်တဲ့ကလေး

အခုကျတော့…

📱 အခန်းထဲပဲနေတာများလာတယ်
😐 စကားပြန်မပြောချင်တော့ဘူး
😠 ပြောရင် စိတ်တိုတယ်
🙄 “သိပါတယ်” ဆိုတာပဲ ပြန်ပြောတယ်
🚪 တံခါးပိတ်ပြီး နေချင်လာတယ်…

ဒီလိုတွေဖြစ်လာတဲ့အခါ
မိဘတွေက…

❝ငါ့ကလေး ပြောင်းလဲသွားပြီ❞
❝ငါတို့ကို မချစ်တော့ဘူးလား❓❞
❝ဘာလို့ ဒီလောက် ခေါင်းမာလာတာလဲ❓❞

ဆိုပြီး စိတ်မကောင်းဖြစ်လာကြပါတယ်…

ဒါပေမယ့်…

တကယ်တော့
ဆယ်ကျော်သက်အရွယ်ဆိုတာ
“ကလေးကနေ လူကြီးဖြစ်ဖို့”
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲနေတဲ့အချိန်ပါ…

သူတို့မှာ…

🧠 ကိုယ်ပိုင်အတွေးတွေ ရှိလာတယ်
❤️ ကိုယ်ပိုင်ခံစားချက် ပြင်းထန်လာတယ်
⚡ လွတ်လပ်ချင်လာတယ်
😔 နားလည်ပေးမယ့်သူကို လိုချင်လာတယ်…

အဲ့ဒါကြောင့်
အရင်လို “အမိန့်ပေးတဲ့ပုံစံ” က
အလုပ်မဖြစ်တော့တာပါ…

ဥပမာ…

❌ “ငါပြောတာ နားထောင်!”
❌ “ဖုန်းချထား!”
❌ “နင်က ဘာမှ မသိသေးဘူး!”

ဆိုတာတွေထက်…

✅ “ဘာဖြစ်လို့ အဲ့လိုခံစားနေရတာလဲ?”
✅ “မေမေ နားထောင်ပေးမယ်…”
✅ “အတူဖြေရှင်းကြမယ်…”

ဆိုတဲ့ Communication က ပိုအရေးကြီးလာပါတယ်…

တစ်ချို့မိဘတွေက
ကလေးကို “ထိန်းချုပ်” ဖို့ ကြိုးစားကြတယ်…

ဒါပေမယ့်
ဆယ်ကျော်သက်ကလေးတွေ လိုချင်တာက

“ထိန်းချုပ်မှု” မဟုတ်ဘူး…
“နားလည်ပေးမှု” ပါ…

❤️ သူတို့ စကားကို အဆုံးထိ နားထောင်ပေးပါ
❤️ သူတို့ Feeling ကို လျှော့မတွက်ပါနဲ့
❤️ လူကြီးတစ်ယောက်လို Respect ပေးပြီး ပြောပါ

ဘာလို့လဲဆိုတော့…

ဒီအရွယ်မှာ
မိဘနဲ့ Relationship ကောင်းတဲ့ကလေးတွေဟာ

✅ Confidence ပိုကောင်းတယ်
✅ Emotional Control ပိုကောင်းတယ်
✅ ဘဝမှာ လမ်းမပျောက်လွယ်ဘူး

ကလေးကို
ကြောက်အောင် ထိန်းတာထက်
ယုံကြည်မှုရှိအောင် တည်ဆောက်ပေးဖို့က
ပိုအရေးကြီးပါတယ်…

တစ်နေ့နေ့မှာ…

သူတို့ မိဘစကား နားထောင်လို့ မဟုတ်ဘဲ
မိဘကို လေးစားလို့
လမ်းမှန်ကို ရွေးချယ်လာပါလိမ့်မယ်…

ဆယ်ကျော်သက်ကလေးတွေက
“ပြဿနာ” မဟုတ်ပါဘူး…

သူတို့ကို နားလည်ပေးမယ့်
မိဘတစ်ယောက်ကိုပဲ လိုအပ်နေတာပါ…

ချစ်ခြင်းအားဖြင့်

Min Khant Kyaw
NLP Trainer, Life & Business Coach

15/05/2026

မိဘတော်တော်များများ အခုခေတ်မှာ
ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုရှိပါတယ်…

တချို့မိဘတွေလည်း ကျွန်တော်ဆီ
လာမေးကြတယ်...

ကလေးက…

📱 ဖုန်းပဲကြည့်နေတယ်
🎮 Game ပဲဆော့ချင်တယ်
📚 စာဖတ်ဖို့ပြောရင် စိတ်မဝင်စားဘူး
😠 ဖုန်းပိတ်ခိုင်းရင် စိတ်တိုတယ်
😴 ညနက်တဲ့အထိ Online ပေါ်မှာပဲရှိနေတယ်…

ဒီလိုဖြစ်လာတဲ့အခါ
မိဘတွေက…

❝ဒီကလေး ပျက်စီးတော့မှာလား❓❞
❝Game စွဲသွားပြီထင်တယ်❞
❝ဘာပြောပြောနားမထောင်တော့ဘူး❞

ဆိုပြီး စိတ်ပူလာကြပါတယ်…

ဒါပေမယ့်…

ကလေးကို
အော်ဟစ်ပြီးတားတာ
ဖုန်းကို အတင်းသိမ်းတာ
Game ကို လုံးဝပိတ်ပင်တာ…

အဲ့ဒါတွေက အမြဲတမ်း အဖြေမဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့…

ဒီဘက်ခေတ်က App တွေ၊ Game တွေ၊ Short Video တွေဟာ
ကလေးဦးနှောက်ရဲ့ Attention ကို ဖမ်းဖို့
တကယ်ကို Design လုပ်ထားတာဖြစ်ပါတယ်…

ကလေးက Weak ဖြစ်လို့မဟုတ်ဘူး။
သူ့ဦးနှောက်က
⚡ Instant Fun
⚡ Fast Reward
⚡ Continuous Stimulation
တွေကို အကျင့်ပါသွားတာပါ…

ဒါကြောင့်
“မသုံးနဲ့” လို့ပြောတာထက်
“ဘယ်လိုမှန်မှန်ကန်ကန်သုံးမလဲ” ကို
သင်ပေးဖို့ လိုလာပါတယ်…

ဥပမာ…

🔹 ဖုန်းကို ၃ နာရီပိတ်ခိုင်းတာထက်
၁ နာရီ Focus Study + ၁၅ မိနစ် Break System လုပ်ပေးတာ ပိုထိရောက်တယ်။

🔹 Game လုံးဝမဆော့ခိုင်းတာထက်
Reward System နဲ့ Control လုပ်ပေးတာ
ပိုကောင်းတယ်။

🔹 “စာကျက်” လို့ပဲ ဖိအားပေးတာထက်
Learning ကို Fun ဖြစ်အောင်လုပ်ပေးတာ
ပိုအရေးကြီးတယ်။

တစ်ချို့ကလေးတွေက
Game ထဲမှာ Strategy ကောင်းတယ်…

တစ်ချို့က
Video Editing လေ့လာနေတယ်…

တစ်ချို့က
Technology ကို အရမ်းစိတ်ဝင်စားတယ်…

အရေးကြီးတာက…

📌 သူ့စိတ်ဝင်စားမှုကို နားလည်ဖို့
📌 Screen Time ကို Balance လုပ်ပေးဖို့
📌 Brain Focus Training လုပ်ပေးဖို့
📌 Real Life Confidence တိုးလာအောင် ကူညီဖို့ပါ…

မိဘတစ်ယောက်အနေနဲ့
ကလေးကို ကြောက်အောင်ထိန်းတာထက်
နားလည်ပြီး လမ်းညွှန်ပေးနိုင်တာက
ပိုအရေးကြီးပါတယ်…

ဘာလို့လဲဆိုတော့…

ဒီဘက်ခေတ်မှာ
Technology ကို ရှောင်လို့မရတော့ပါဘူး။

ဒါပေမယ့်…

Technology ကို
“ကလေးရဲ့ အနာဂတ်ကို ဖျက်မယ့်အရာ”
မဖြစ်စေဘဲ
“ကလေးရဲ့ Talent ကို ဖော်ထုတ်ပေးမယ့် Tool” ဖြစ်အောင် သင်ပေးလို့ရပါတယ်…

❤️ ကလေးကို ဖုန်းနဲ့ဝေးအောင်ပဲ မကြိုးစားပါနဲ့…

❤️ သူ့ဘဝ Goal နဲ့ ပိုနီးအောင် ကူညီပေးပါ…

ကလေးတိုင်းမှာ Talent ရှိပါတယ်။
မှန်ကန်တဲ့ Guideline နဲ့သာ
သူတို့ရဲ့ အကောင်းဆုံး Version ကို
ဖော်ထုတ်နိုင်ပါတယ်…

ချစ်ခြင်းအားဖြင့်

Min Khant Kyaw
NLP Trainer, Life & Business Coach
_is_Special

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00