Lily - Digital Marketing Specialist

Lily - Digital Marketing Specialist

Share

Digital Marketing နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ Trends တွေကို ပေါ့ပေါ့ပါးပါးနဲ့ အမြဲ မျှဝေပေးသွားမှာမို့လို့ Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ✨

The best store in Yangon

01/06/2026

ကိုယ်တိုင် Boost လုပ်ရင်း Error တက်လို့ စိတ်ညစ်နေရတဲ့ လုပ်ငန်းရှင်များအတွက် ၁ နာရီအတွင်း အပြတ်ရှင်းပေးမယ့် Hourly Service 🛠️

🔒 အဓိကအချက်က - သင့်ရဲ့ အရေးကြီးတဲ့ Email, Phone Number, Password စတဲ့ အကောင့် Personal Data ဘာတစ်ခုမှ ပေးစရာမလိုဘဲ စိတ်ချလက်ချ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

Facebook Ads နဲ့ ပတ်သက်တဲ့ အောက်ပါ ခေါင်းခဲစရာ ပြဿနာအားလုံးကို Online Call (သို့) လူကိုယ်တိုင်တွေ့ပြီး သေချာ Fix ပေးနေပါပြီ။

❌ VPN ကြောင့် Account ခဏခဏ Lock ကျတာ
❌ Card ပေးချေမှု အဆင်မပြေတာ (Card Declines / Payment Loops)
❌ Account Restricted ပြာကြီးတက်ပြီး ကြော်ငြာပိတ်ခံရတာ
❌ CPA တွေတက်ပြီး မက်ဆေ့ခ်ျဖိုးတွေ ဈေးကြီးနေတာ

💰 Service Fees: ၁ နာရီ - ၂၀,၀၀၀ MMK ပဲ ဖြစ်ပါတယ်။

ဘယ်လိုပြသလို့ရလဲ?
🌐 Online Call: မိမိအဆင်ပြေမယ့် App ( Viber / Telegram) ကနေတစ်ဆင့် Screen Share ပြီး သေချာကြည့်ရှု ဖြေရှင်းပေးပါတယ်။
📍 လူကိုယ်တိုင် လာပြချင်ရင်: My Condo (တာမွေ SuperOne Mall နောက်ကျော) ကို လာရောက်ပြသနိုင်ပါတယ်။
🚖 အိမ်/ဆိုင်အထိ အရောက်လာစေချင်ရင်: ရန်ကုန်မြို့တွင်းဆို သွားပေးလို့ရပါတယ် (Taxi ခ/ခရီးစရိတ်လေးတော့ အသွားအပြန် ထပ်ဆောင်းပေးရပါမယ်နော်)။

တစ်ယောက်ချင်းစီကို သေချာအချိန်ပေးပြီး အမြန်ဆုံးအဆင်ပြေစေချင်လို့ တစ်ရက်ကို ၅ ယောက် (5 Slots) ပဲ ကန့်သတ်လက်ခံပါတယ်။

ဒီညနဲ့ မနက်ဖြန်အတွက် Slot အနည်းငယ်ပဲ ကျန်တော့တာမို့ ခေါင်းကိုက်နေရတဲ့ ပြဿနာတွေကို ချက်ချင်းရှင်းပစ်ဖို့ အခုပဲ Telegram မှာ Screenshot လေးနဲ့တကွ လှမ်းပြောပြီး Booking ယူလိုက်တော့နော်👇

✈️ Telegram Link:

10/04/2026

Boost ခလုတ်ကို နှိပ်ရုံနဲ့ ရောင်းရမယ်လို့ ထင်နေရင်... အဲ့ဒါ တကယ့် အမှားကြီးနော် ... လုပ်ငန်းရှင်တွေ ပိုက်ဆံတွေပဲ ကုန်ပြီး Message တစ်စောင်မှ မဝင်ဘူးဆိုပြီး ပို့စ်တိုင်းလိုလို မြင်နေရလို့ သိသင့်တာလေးတွေ ဝေမျှပေးလိုက်တာပါ 🤗

​Ads မ run ခင် ကိုယ့်ရဲ့
၁) Strategyက မှန်ရဲ့လား
၂) Content က ကောင်းရဲ့လား ဆိုတာ အရင်ပြန်စစ်ပါ။

သေချာ တိုင်ပင်ချင်ရင် Video အောက်မှာ "Facebook Boosting" လို့ မန့်ခဲ့ပါ ..

ပထမဆုံး ၂၁ ဦးအတွက် FOC run ပေးပါမယ်

📱09 897061841

05/04/2026

Messenger ရဲ့ Transcribe Feature အသစ် .. အသံကို စာနဲ့ ပြန်ရေးပေးတာ

29/03/2026

🗞️ Meta နဲ့ YouTube တရားစွဲဆို ခံရမှုအကြောင်း အတိုချုပ် ❗

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်မှာ
အမေရိကန် (Los Angeles) တရားရုံးကနေ
"Meta (Facebook/Instagram) နဲ့ YouTube platform ၂ ခုရဲ့ Algorithm က လူငယ်တွေကို Social Media အား စွဲလမ်းမှုဖြစ်အောင် ဖန်တီး‌‌ Design လုပ်ထားပြီး ကလေးများနဲ့ လူငယ် စိတ်ကျန်းမာရေး အလွန် ထိခိုက်စေတယ်"ဆိုတဲ့အချက်နဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

ဒါကြောင့် ရှေ့လျှောက် Algorithm က ပြောင်းလဲသွားနိုင်ခြေ အများကြီး ရှိနေတာမို့

Alternative Platforms အနေနဲ့ ဘယ်ကို ခြေလှမ်းစထားကြမလဲ? ❕

1. TikTok (မဖြစ်မနေ လုပ်ရမယ်): အခု မြန်မာပြည်မှာ Reach အကောင်းဆုံးက TikTok ပါ။ Facebook မှာ ပိုက်ဆံ အကုန်ခံ Boost တာ Ads run တာထက် TikTok မှာ Content ကောင်းကောင်းလေးတစ်ပုဒ် ဖန်တီးတာက ပိုထိရောက်ပါတယ်။ Organic မြန်မြန်တက်ချင်ရင် TikTok ကို ဦးစားပေးသုံးပါ။

2. Viber (Sale အတွက် အကောင်းဆုံး):
မြန်မာ audience က Messenger ထက်စာရင် Viber ကို ပိုယုံကြတယ်။ အရောင်းအဝယ်လုပ်ဖို့နဲ့ Customer care ပေးဖို့ဆိုရင် Viber Group ဒါမှမဟုတ် Channel က အထိရောက်ဆုံးပါ။

3. Telegram (Data/Info/News/Updates)
Algorithm ရဲ့ လွှမ်းမိုးမှုကို သိပ်မခံချင်ဘူး၊ ကိုယ်တင်သမျှ အချက်အလက်တွေကို audience က ၁၀၀% မြင်ရတာမို့ အေးအေးဆေးဆေး သတင်းပေးချင်ရင် ဒါကိုသုံးပါ။

4. LinkedIn (Professional သမားများအတွက်)
ကိုယ်က B2B လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီကြီးတွေကို Target ထားတာဆိုရင် LinkedIn မှာ Content စရေးပါ။

----

Honest Advice 🍀✨

အခုအချိန်မှာ Facebook တစ်ခုတည်းကိုပဲ မှီခိုပြီး လုပ်ငန်း run နေတာက နည်းနည်းတော့ စွန့်စားရာကြပါတယ်။

ဒါကြောင့် အနည်းဆုံး TikTok နဲ့ Viber/Telegram ကိုပါ တွဲပြီး အားစိုက်ထားဖို့ အကြံပေးပါရစေရှင်။

ဒီ Platform အသစ်တွေအတွက် Content Strategy လိုအပ်တယ်။ Hook အလန်းစားလေးတွေ သိချင်တယ်ဆို Comment မှာ လို့ ရေးပေးခဲ့ဦးနော်။ 😉

05/02/2026

၂၀၂၆ မှာ Reach ကျနေတဲ့ page တွေကို ပြန်ကယ်တင်နည်း (Step-by-Step Tutorial)

၂၀၂၆ မှာ page Reach တွေ တအားကျနေလို့ စိတ်ညစ်နေပါသလား?
အရင်လို Like ရဖို့ထက် ရောင်းအားတက်ဖို့အတွက် Meta Algorithm က ဘာတွေပြောင်းလဲသွားပြီလဲ?

ဒီဗီဒီယိုမှာ Lily က Marketing Manager တစ်ယောက်အနေနဲ့ရော၊ Content Writer တစ်ယောက်အနေနဲ့ပါ အတွေ့အကြုံတွေကို အခြေခံပြီး ၂၀၂၆ Facebook Algorithm အသစ်အကြောင်းနဲ့ Reach ပြန်တက်စေမယ့် နည်းလမ်းကောင်း (၃) ခုကို အသေးစိတ် ရှင်းပြပေးသွားမှာပါ။ အထူးသဖြင့် Online Seller တွေနဲ့ လုပ်ငန်းရှင်တွေ လုံးဝကြည့်သင့်တဲ့ ဗီဒီယိုဖြစ်ပါတယ်။

✅ ၂၀၂၆ Facebook Algorithm က ဘယ်လိုအလုပ်လုပ်တာလဲ?
✅ "Conversion to Conversation" ဆိုတာ ဘာလဲ? (Like ထက် အရေးကြီးတဲ့အရာ) ✅ Multi-format Strategy နဲ့ Reach ပြန်ပွင့်အောင်လုပ်နည်း
✅ Facebook Story ကို သုံးပြီး Feed Reach ဆွဲတင်နည်း
✅ Looping Engagement: Comment ကနေ အရောင်းပိတ်နည်း
✅ Facebook Shadow Ban မဖြစ်အောင် ဘာတွေကို ရှောင်ရမလဲ?

Digital Marketing ဗျူဟာတွေနဲ့ နည်းပညာအသစ်တွေကို အမြဲလေ့လာချင်တယ်ဆိုရင် Lily ရဲ့ Channel ကို Subscribe လုပ်ထားဖို့ မမေ့နဲ့နော်။ 🔔

02/02/2026

Meta ရဲ့ Andromeda ဆိုတဲ့ Update အသစ်ကို လူတော်တော်များများက "ခလုတ်တွေ၊ Setting တွေ" ပြောင်းသွားတာလို့ ထင်နေကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။

အဓိက ပြောင်းလဲသွားတာက "စာသားနဲ့ ပုံ (Creative)" ပါ။

အရင်လို Audience တွေ လိုက်ရွေးနေတာ၊ Setting တွေ Budget တွေ ခဏခဏ နှိပ်ပြီး ပြင်နေတာထက်... အခု AI စနစ်က တစ်ခုပဲ ကြည့်တော့တယ် -

"မင်းရေးထားတဲ့စာက လူတွေအတွက် တကယ်ရော အဓိပ္ပာယ်ရှိရဲ့လား?"

အခုခေတ်မှာ Ads တစ်ခု အောင်မြင်ဖို့ဆိုရင် -
❌ Setting တွေ အလွန်အကျွံ လိုက်ပြင်နေစရာ မလိုတော့ဘူး။
✅ ကိုယ့်စာသားက ဘာကိုဆိုလိုတာလဲဆိုတာ ရှင်းလင်းနေဖို့ ပဲ လိုတော့တယ်။

ကိုယ့်ရဲ့ ရေးထားတဲ့ စာသားတွေက ဝိုးတဝါးဖြစ်နေရင်၊ ဘာရောင်းမှန်း သေချာမပေါ်လွင်ရင် ဒါမှမဟုတ် ကိုယ့် Brand က ဘာလဲဆိုတာ သေချာမသိရင် System က မင်းရဲ့ Ads ကို တွန်းမပို့ပေးတော့ပါဘူး။

Andromeda က အရင်ထက် ပိုတော်လာတာထက် "အရင်လို လျော့ပေါ့ပြီး Ads တွေ ပေးမလုပ်တော့တာ" လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

အခုချိန်မှာ အောင်မြင်တဲ့ Marketer တွေက Ads Setting တွေ Target Audience တွေကို ထိုင်ပြင်မနေတော့ပါဘူး။

ဝယ်သူတွေ တကယ်ဘာဖြစ်ချင်တာလဲဆိုတာကို နားလည်အောင်လုပ်ပြီး "ပိုကောင်းတဲ့ စာသားနဲ့ ပုံတွေ" ကိုပဲ အချိန်ပေး ဖန်တီးနေကြပါပြီ။

အနှစ်ချုပ်ပြောရရင်... အခုခေတ်မှာ
"ဘာရောင်းရောင်း ရှင်းရှင်းလင်းလင်းနဲ့ လူသားဆန်ဆန် ပြောနိုင်တဲ့သူ" ကပဲ နိုင်မှာပါ။ ✨

02/02/2026

🎉Facebook Boosting ပညာဒါန သင်တန်း 🎉

🤵SME လုပ်ငန်းရှင်များ
📝Content Writer များ
💡Digital Marketing သမားများ
📲 Social Media နှင့် ပတ်သတ်ပြီး လုပ်ကိုင်နေသူများအတွက် သီးသန့်ဖွင့်တာ​ဖြစ်လို့
Facebook Boosting အဓိက လိုအပ်တဲ့ အချက် များ Boosting လုပ်နည်းနှင့် သီအိုရီများကို လိုရင်း တိုရှင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Computer အခြေခံရှိသူ မည်သူမဆိုတက်ရောက်နိုင်ပါတယ်။

လူဦးအကန့်အသတ်နဲ့ လူနည်းစုဖြင့်သာသင်ကြားပေးမှာ ဖြစ်လို့ အခုပဲစာရင်းပေးလိုက်တော့နော်📜

📞09 8970 61841 (Phone/Viber)
📞09 9540 44908
💬



01/02/2026

ဒီရက်ပိုင်း Facebook နဲ့ Instagram မှာ ကြော်ငြာ (Ads) တင်ရတာ အရင်လိုမဟုတ်တော့ဘဲ တစ်မျိုးကြီး ထူးဆန်းနေတယ်လို့ ခံစားနေရတယ်မလား? 🧐

​အဲ့ဒါ တခြားကြောင့်မဟုတ်ပါဘူး။ Meta ရဲ့ အသစ်ထွက်လာတဲ့ "Andromeda" Update ကြောင့်ပါ။

​အခုနောက်ပိုင်း Andromeda AI စနစ်က အရင်လို Audience တွေကို ကိုယ်တိုင်လိုက်ရွေးနေရတဲ့ (Manual Targeting) ခေတ်ကို အဆုံးသတ်လိုက်ပါပြီ။ အခုက ကိုယ်သုံးတဲ့ Creative (ပုံ၊ ဗီဒီယို၊ စာသား) ပေါ်မူတည်ပြီး Algorithm က ဘယ်သူ့ကို ပြရမလဲဆိုတာကို အဓိက ဆုံးဖြတ်သွားတာပါ။

​ဒါက Marketer တွေအတွက် ဘာကို ဆိုလိုတာလဲ? 👇
​✅ Creative က Targeting ပဲ: ကိုယ်သုံးတဲ့ Ad Caption တွေနဲ့ Keyword တွေကပဲ ဘယ်သူ့ကို Ads ပြရမလဲဆိုတာကို သတ်မှတ်ပေးသွားမှာပါ။
✅ ပုံစံအမျိုးမျိုး စမ်းဖို့လိုမယ်: အိုင်ဒီယာအသစ်တွေ အများကြီးထုတ်ဖို့ လိုလာပြီ။ Campaign တစ်ခုထဲမှာတင် Variation ပေါင်း ၅၀ ကနေ ၈၀ အထိတောင် ရှိသင့်တယ်လို့ ဆိုကြတယ်။
✅ Broad က ပိုကောင်းတယ်: Audience ကို အသေးစိတ် လိုက်ကန့်သတ်နေတာထက် Broad ထားတာက ပိုပြီး ထိရောက်လာပါတယ်။
✅ နည်းလမ်းဟောင်းတွေက ပိုက်ဆံဖြုန်းတာပဲ: အရင်က သုံးနေကျ Strategy ဟောင်းတွေကိုပဲ ဆုပ်ကိုင်ထားရင် အလုပ်မဖြစ်တော့ဘဲ Budget တွေပဲ အိတ်စိုက်ရုံ ရှိတော့မှာပါ။

​အပြောင်းအလဲမြန်တဲ့ Digital လောကမှာ ဒီ Update ကို သိထားမှ ကိုယ့် Ads တွေက Reach ကောင်းကောင်းနဲ့ Target ဆီ ရောက်မှာပါ! 🚀

​📞 Digital marketing နဲ့ Social media ဆိုင်ရာ အကြံဉာဏ်ယူချင်တာပဲဖြစ်ဖြစ်၊ အလုပ်အတူတူ လုပ်ချင်တာပဲဖြစ်ဖြစ် Lily ဆီ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Digital Marketing Serviceအကူအညီလိုသူများ on Viber 01/02/2026

Join "Digital Marketing Service အကူအညီလိုသူများ" on Viber.

Digital Marketing Serviceအကူအညီလိုသူများ on Viber Digital Marketing အခက်အခဲတွေအတွက် ✅ Solution တွေ ရှာပေးမယ် ✅ အခက်အခဲတွေ မေးမယ် ✅ Experience တွေ မျှဝေမယ် ✅ Platform Update တွေ၊ Trendsတွေ Share ကြမယ်။ 💚...

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon