Yangon Buddhist University - Shwe Pyi Thar

Yangon Buddhist University - Shwe Pyi Thar

Share

တက္ကသိုလ်၏ လုပ်ဆောင်ချက်များ၊ ထုတ်ပြန်‌ကြေညာချက်များ၊ သတင်းများ

23/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)၏ ကျောင်းသား/ကျောင်းသူများအား ဘက်စုံ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်မူအရ သာသနာပြုခြင်း၏ အနှစ်သာရနှင့် လက်တွေ့ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပမည့် အထူးဟောပြောပွဲကို ဒေါက်တာ ဘဒ္ဒန္တနန္ဒက အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ် (နေပြည်တော်) ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ဓမ္မစကူးလ်ဗဟို နာယက၊ ရန်ကုန်တိုင်း ဥက္ကဋ္ဌဆရာတော်မှ "သာသနာ ဘယ်လိုပြုကြမလဲ" ခေါင်းစဉ်ဖြင့် ဟောပြော ပို့ချပေးမည်ဖြစ်ပါ၍ အတန်းအသီးသီးမှ ကျောင်းသား/ကျောင်းသူများ မပျက်မကွက် တက်ရောက်ကြပါရန် အသိပေး ကြေညာအပ်ပါသည်။

ဟောပြောမည့်ခေါင်းစဉ်။ ။ သာသနာ ဘယ်လိုပြုကြမလဲ
ဟောပြောပို့ချမည့်ရက်။ ။ ၁၃၈၈ ခု၊ ပထမ ဝါဆိုလဆုတ်(၁) ရက်၊
30.6.2026(အင်္ဂါနေ့)
အချိန်။ ။ နေ့လယ် (၁)နာရီ
နေရာ။ ။ ဗုဒ္ဓတက္ကသိုလ်စာသင်ကျောင်းဆောင် အပေါ်ထပ်၊

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

17/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

17.6.2026 ရက်‌နေ့တွင် စည်းဝေးသော ပညာရေးဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ B.A.(Final) စာမေးပွဲ အောင်မြင်ပြီး ကျမ်းပြုစုရေးသားနေဆဲ ကျောင်းသား/ကျောင်းသူများ အားလုံးတို့သည် မိမိတို့၏ ကျမ်းပြုစုရေးသားမှု လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သောလမ်းညွှန်မှုများ ရယူနိုင်ရေးအတွက် မိမိတို့၏ ကျမ်းကြီးကြပ်သူ ဆရာတော်များနှင့် ဆက်သွယ်၍ တွေ့ဆုံဆွေးနွေးကြရန်နှင့် ကျမ်းရေးသားမှု၊ တိုးတက်မှု အခြေအ‌နေများကိုလည်း ပုံမှန်တင်ပြပြီး ကြီးကြပ်သူများ၏ အကြံကြုချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ကြပါရန်နှင့် သတ်မှတ်ထားသောကာလအတွင်း မိမိ၏ကျမ်းကို အပြီးသတ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည်။

တွေ့ဆုံရမည့်အစီအစဉ်
--------------------

နေ့ရက်။ ။28.6.2026(တနင်္ဂနွေနေ့)
အချိန်။ ။နေ့လည် (၁းဝဝ)နာရီ
နေရာ။ ။စာသင်ခန်း(၁)၊ (၂)

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Photos from Yangon Buddhist University - Shwe Pyi Thar's post 17/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)၏ ပါမောက္ခချုပ်ဆရာတော်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဆရာတော်များ၊ သင်ကြားစီမံ ကထိကဆရာတော်များသည် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို ၁၃၈၈ ခု၊ ပထမဝါဆိုလဆန်း (၃) ရက်၊ (17.6.2026) ဗုဒ္ဓဟူးနေ့၊ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Photos from Yangon Buddhist University - Shwe Pyi Thar's post 14/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

၂၀၂၆-၂၇ ပညာသင်နှစ်အတွက်
(14.6.2026) တနင်္ဂနွေနေ့တွင်

ဒုတိယပါမောက္ခချုပ် ဆရာကြီးဦးမြသိန်းက
M.A (Final) တန်းအတွက်
Asoka's Edict ဘာသာရပ်ကို
သင်ကြားပို့ချပေးခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Photos from Yangon Buddhist University - Shwe Pyi Thar's post 12/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

၂၀၂၆-၂၇ ပညာသင်နှစ်အတွက်
ယနေ့ (12.6.2026)နေ့တွင်

ပါမောက္ခချုပ်ဆရာတော်က
Book review ကို၎င်း

ဆရာတော်ဦးဇနိတက
P S.E(1) တန်းအတွက်
Sanskrit ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးဇ၀နက
B.A (Final) တန်းအတွက်
Prakrit ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးမာနိတက
P S.E (2) တန်အတွက်
Philology ဘာသာရပ်ကို၎င်း၊

ဦးသေဋ္ဌိလက
P.A.B.E တန်းအတွက်
English ဘာသာရပ်ကို၎င်း
သင်ကြားပို့ချပေးကြပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Photos from Yangon Buddhist University - Shwe Pyi Thar's post 11/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

၂၀၂၆-၂၇ ပညာသင်နှစ်အတွက်
(7.6.2026) တနင်္ဂနွေနေ့တွင်

ဒုတိယပါမောက္ခချုပ် ဆရာကြီးဦးမြသိန်းက
M.A (Final) တန်းအတွက်
Asoka's Edict ဘာသာရပ်ကို
သင်ကြားပို့ချပေးခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Photos from Yangon Buddhist University - Shwe Pyi Thar's post 11/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

၂၀၂၆-၂၇ ပညာသင်နှစ်အတွက်
ယနေ့ (11.6.2026)နေ့တွင်

ဆရာတော်ဒေါက်တာအင်္ကုရက
M.A (Part-1) တန်းအတွက်
Dhammapada ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးဉာဏိဿရက
B.A (Final) တန်းအတွက်
Vinaya ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးတေဇက
P.S.E (1) တန်းအတွက်
English ဘာသာရပ်ကို၎င်း
သင်ကြားပို့ချပေးကြပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Photos from Yangon Buddhist University - Shwe Pyi Thar's post 10/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

၂၀၂၆-၂၇ ပညာသင်နှစ်အတွက်
ယနေ့ (10.6.2026)နေ့တွင်

ပါမောက္ခချုပ်ဆရာတော်က
M.A (Final) တန်းအတွက်
Meditation ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးသုမင်္ဂလက
M.A (Part-1) တန်းအတွက်
Visuddhimagga ဘာသာရပ်ကို၎င်း၊

ဆရာတော်ဒေါက်တာအင်္ကုရက
B.A. (Final) တန်းအတွက်
Dhammapada ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးရေ၀တက
P.A.B.E တန်းအတွက်
Abhidhamma ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးဇောတိပါလက
B.A (Third) တန်းအတွက်
Essay on Buddhism ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးရာဇဓမ္မက
P.S.E (2) တန်းအတွက်
English ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးတေဇက
P.S.E (1) တန်းအတွက်
English ဘာသာရပ်ကို၎င်း
သင်ကြားပို့ချပေးကြပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Photos from Yangon Buddhist University - Shwe Pyi Thar's post 09/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

၂၀၂၆-၂၇ ပညာသင်နှစ်အတွက်
ယနေ့ (9.6.2026)နေ့တွင်

ပါမောက္ခချုပ်ဆရာတော်က
M.A (Final) တန်းအတွက်
Meditation ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးသုမင်္ဂလက
P S.E(2) တန်းအတွက်
Sanskrit & Hitopadesa ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးတေဇက
M.A. (Part -1) တန်းအတွက်
B.H.S ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦး‌ဇောတိကက
B.A (Final) တန်းအတွက်
Essay on Buddhism ဘာသာရပ်ကို၎င်း၊

ဆရာတော်ဦးမာနိတက
P.S.E (1) တန်းအတွက်
Philology ဘာသာရပ်ကို၎င်း

ဆရာဦးနေလအောင်က
P.A.B.E တန်းအတွက်
Buddhism ဘာသာရပ်ကို၎င်း
သင်ကြားပို့ချပေးကြပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Photos from Yangon Buddhist University - Shwe Pyi Thar's post 08/06/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

၂၀၂၆-၂၇ ပညာသင်နှစ်အတွက်
ယနေ့ (8.6.2026)နေ့တွင်

ပါမောက္ခချုပ်ဆရာတော်က
M.A (Final) တန်းအတွက်
Pātimokkha ဘာသာရပ်ကို၎င်း၊

ဆရာတော် ဦးဇောတိကက
B.A. (Final) တန်းအတွက်
Essay on Buddhism ဘာသာရပ်ကို၎င်း
သင်ကြားပို့ချပေးကြပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Btw Corner Of Nawarat Market & U Uttama Street, 8 Quarter, Shwepyitha Tsp
Yangon

Opening Hours

Monday 12:00 - 17:00
Tuesday 12:00 - 17:00
Wednesday 12:00 - 17:00
Thursday 12:00 - 17:00
Friday 12:00 - 17:00